← Chapters

အခန်း ၁၉၅

Vol. 20 Ch. 195

အခန်း ၁၉၅

Vol. 20 Ch. 195

အခန်း ၁၉၅ ကြယ် ၉ ပွင့် ဧကရာဇ် အဆင့်

"မောက်မာလိုက်တာ သေလိုက်စမ်း..."

"သွေးဒေါသ ကောင်းကင် မျိုချ ကျင့်စဉ်..."

ဝိညာဉ်မျိုချသားရဲ က ဒေါသတကြီး ဟိန်းဟောက်လိုက်ရာ သွေးနီရောင် စွမ်းအင်များ ရူးသွပ်စွာ လှုပ်ရှားလာပြီး ကောင်းကင်နှင့် မြေကြီးကို ဖုံးလွှမ်းကာ မီတာ တစ်ရာ အရှည်ရှိသော ပါးစပ်ကြီး တစ်ခု အဖြစ် ပြောင်းလဲသွားလေသည်။

ကျိုးဟန် ရှိနေသော နေရာကို လေဆင်နှာမောင်း ကဲ့သို့ ပြင်းထန်စွာ စုပ်ယူနေလေသည်။ ကောင်းကင် မျိုချ ကျင့်စဉ် ဆိုသည့်အတိုင်း ဤ ကမ္ဘာလောက တစ်ခုလုံးကို မျိုချပစ်ချင်နေသည့် ပုံပေါ်လေသည်။

"ဟင် နတ်ဘုရား အဆင့် အစွမ်းထက်သူ..."

"ကျိုးဟန် နတ်ဘုရား အဆင့် အစွမ်းထက်သူ ရဲ့ တိုက်ခိုက်ခြင်းကို ခံနေရတာလား..."

တိမ်များ ဖုံးလွှမ်းနေသော ကြီးမားလှသည့် နန်းတော်ကြီး တစ်ခု ထဲတွင် စောင်းတီးနေသော ရှီးယောင် သည် စောင်းသံများ ရုတ်တရက် ရပ်တန့်သွားပြီး မျက်မှောင်ကြုတ်ကာ ဒေါသ ထွက်သွားလေသည်။

ကျိုးဟန် နှင့် သူမ၏ ဆက်ဆံရေး က သာမန်မှ မဟုတ်တာ အနုပညာ ကို နားလည်သော မိတ်ဆွေ ဖြစ်ရုံသာမက...

ကျိုးဟန် ကို ဘယ်သူ ထိရဲလဲ ထိုသူသည် သူမ ရှီးယောင် ၏ အကြီးမားဆုံး ရန်သူ ပင်ဖြစ်သည်။ ယခင်က ကျိုးဟန် ၏ ခန္ဓာကိုယ် ထဲတွင် ဝိညာဉ် အမှတ်အသား တစ်ခု ထည့်ထားခဲ့ခြင်းမှာ နောက်ပိုင်းတွင် အလွယ်တကူ ဆင်းသက်လာနိုင်ရန် နှင့် ကျိုးဟန် ၏ လုံခြုံရေး အခြေအနေကို သိရှိနိုင်ရန် ဖြစ်သည်။

ယခု သူမ ခံစားနေရပြီ ဖြစ်သည်။

ဝိညာဉ် အမှတ်အသား မှ တဆင့် အလွန် ကြီးမားသော ခြိမ်းခြောက်မှု လှိုင်းများကို ခံစားနေရပြီး ထိုမှတဆင့် ရန်သူ၏ အဆင့်အတန်းကို ခန့်မှန်းနိုင်လေသည်။ အများကြီး တွေးမနေတော့ဘဲ ရှီးယောင် သည် သူမ၏ လှပသော လက်လေးကို အလျင်အမြန် ဝှေ့ယမ်းလိုက်ရာ သူမ ရှေ့တွင် မှန်ကဲ့သို့သော အရာတစ်ခု ပေါ်လာလေသည်။

မကြာမီ တိုက်ပွဲ မြင်ကွင်း ထွက်ပေါ်လာလေသည်။

"ဝိညာဉ်မျိုချသားရဲ လား..."

"မဟုတ်သေးဘူး ဒါက ဒဏ်ရာ ရနေတဲ့ ဝိညာဉ်မျိုချသားရဲ ပဲ အဆင့်က နတ်ဘုရား အဆင့် ကနေ ကျဆင်းသွားပေမယ့် ကြယ် ၉ ပွင့် ဧကရာဇ် အဆင့် စွမ်းအား တော့ ရှိသေးတယ်..."

"ကျိုးဟန် အတွက်တော့ သိပ် အန္တရာယ် မရှိပါဘူး..."

စဉ်းစားနေရင်း ရှီးယောင် သည် လက်ရှိ အခြေအနေကို အလျင်အမြန် ခွဲခြမ်းစိတ်ဖြာ ပြီးနောက် စိတ်သက်သာရာ ရသွားလေသည်။ ကျိုးဟန် ၏ အစွမ်းထက်မှုကို သူမ ကိုယ်တိုင် ခံစားဖူးသည် မဟုတ်ပါလား။ ဤသို့ တွေးမိသောအခါ ရှီးယောင် ၏ မျက်နှာပေါ်တွင် လွမ်းဆွတ်နေသော အပြုံးတစ်ခု ထွက်ပေါ်လာပြီး တိုက်ပွဲကို စိတ်ဝင်တစား ကြည့်နေလေသည်။ သို့သော် သူမ၏ လှပသော မျက်လုံးများက ကျိုးဟန် ၏ ကိုယ်ပေါ်တွင်သာ ဝဲပျံနေပြီး ဘာတွေ တွေးနေမှန်း မသိပေ။

သူမ၏ မျက်လုံးများထဲရှိ မရည်ရွယ်ဘဲ ပေါ်ထွက်လာသော နူးညံ့မှု များက ဘေးနားရှိ အစေခံ များကို ကြောင်အမ်းသွားစေလေသည်။ အမြဲတမ်း မာနကြီးပြီး အေးစက်နေတတ်သော မင်းသမီးလေး တွင် ဤမျှ နူးညံ့သော ပုံစံမျိုး ရှိနေလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။

"အား..."

"သောက်ကျိုးနည်း..."

"မြန်မြန် ပြေးကြ..."

သွေးရောင် သားရဲကြီး က အဆက်မပြတ် စုပ်ယူနေပြီး ကြီးမားသော စုပ်ယူအား က လေဆင်နှာမောင်း များကို ဖြစ်ပေါ်စေလေသည်။

တစ်ခဏချင်း အတွင်းမှာပင် နဂါးလှံ ဂိုဏ်း မှ တပည့် ဆယ်ယောက်ကျော် သွေးနီရောင် ပါးစပ်ကြီး ထဲသို့ စုပ်ယူခံလိုက်ရပြီး အရိုးပြာ တောင် မကျန်တော့ဘဲ ဝမ်းနည်းဖွယ် အော်ဟစ်သံများ ထွက်ပေါ်လာကာ အခြားသူများလည်း အဝေးသို့ ရူးသွပ်စွာ ထွက်ပြေးကြလေသည်။

မကြာမီ သွေးနီရောင် လေဆင်နှာမောင်း က ကျိုးဟန် ကို လွှမ်းခြုံသွားလေသည်။ အပေါ်ယံတွင် ကျိုးဟန် ကို မထိခိုက်နိုင်သော်လည်း သူ၏ သွေးပမာဏ များ အဆက်မပြတ် လျော့ကျနေသည်ကို သူ ခံစားနေရလေသည်။ စနစ် ၏ သတိပေးချက် များလည်း အဆက်မပြတ် ထွက်ပေါ်လာလေသည်။

"သင်သည် သွေးဒေါသ ကောင်းကင် မျိုချ ကျင့်စဉ် ၏ တိုက်ခိုက်မှုကို ခံနေရပါသည် သင်၏ သွေးပမာဏ ၁၀ ရာခိုင်နှုန်း လျော့ကျသွားပါသည်"

"သင်၏ သန့်ရှင်းသော အလင်းတန်း ဝတ်စုံ မှ အထူး အာနိသင် ကို အသက်သွင်းလိုက်သဖြင့် သင်၏ သွေးပမာဏ ၅ ရာခိုင်နှုန်း ပြန်လည် ပြည့်ဝလာပါသည်"

"သင်သည် သွေးဒေါသ ကောင်းကင် မျိုချ ကျင့်စဉ် ၏ တိုက်ခိုက်မှုကို ခံနေရပါသည် သင်၏ သွေးပမာဏ ၁၀ ရာခိုင်နှုန်း လျော့ကျသွားပါသည်"

"သင်၏ သန့်ရှင်းသော အလင်းတန်း ဝတ်စုံ မှ အထူး အာနိသင် ကို အသက်သွင်းလိုက်သဖြင့် သင်၏ သွေးပမာဏ ၅ ရာခိုင်နှုန်း ပြန်လည် ပြည့်ဝလာပါသည်"

"သင်သည် သွေးဒေါသ ကောင်းကင် မျိုချ ကျင့်စဉ် ၏ တိုက်ခိုက်မှုကို ခံနေရပါသည် သင်၏ သွေးပမာဏ ၁၀ ရာခိုင်နှုန်း လျော့ကျသွားပါသည်"

"သင်၏ သန့်ရှင်းသော အလင်းတန်း ဝတ်စုံ မှ အထူး အာနိသင် ကို အသက်သွင်းလိုက်သဖြင့် သင်၏ သွေးပမာဏ ၅ ရာခိုင်နှုန်း ပြန်လည် ပြည့်ဝလာပါသည်"

"သင်သည် သွေးဒေါသ ကောင်းကင် မျိုချ ကျင့်စဉ် ၏ တိုက်ခိုက်မှုကို ခံနေရပါသည် သင်၏ သွေးပမာဏ ၁၀ ရာခိုင်နှုန်း လျော့ကျသွားပါသည်"

"သင်၏ သန့်ရှင်းသော အလင်းတန်း ဝတ်စုံ မှ အထူး အာနိသင် ကို အသက်သွင်းလိုက်သဖြင့် သင်၏ သွေးပမာဏ ၅ ရာခိုင်နှုန်း ပြန်လည် ပြည့်ဝလာပါသည်"

သွေးပမာဏ ရာခိုင်နှုန်း ကို လျှော့ချပစ်နိုင်သော စွမ်းရည် ဖြစ်ပြီး ဆယ့်ငါး စက္ကန့် တိုင်တိုင် ဆက်တိုက် ၁၀ ရာခိုင်နှုန်း လျှော့ချနိုင်သဖြင့် အလွန် အံ့မခန်း ဖြစ်လေသည်။

ရှေးဟောင်း အရှင်သခင် ၏ စွမ်းအား သည် တကယ်ကို နာမည်နှင့် လိုက်ဖက်လှသည်။ လှုပ်ရှားမှု တစ်ခုတည်း ဖြင့် ဤမျှ အစွမ်းထက်သော အရှိန်အဝါ ကို ပြသနိုင်သဖြင့် လျှော့တွက်၍ မရပေ။ အကယ်၍ သွေးပမာဏ ကို အလျင်အမြန် ပြန်လည် ဖြည့်တင်းနိုင်သော နည်းလမ်း မရှိပါက ဤတိုက်ခိုက်မှု အောက်တွင် သေချာပေါက် ဒုက္ခရောက်မည် ဖြစ်သည်။

သို့သော် ဤအရာများ က ကျိုးဟန် အတွက် အသုံးမဝင်ပေ။ အဆင့်မြှင့်တင် ထားသော သန့်ရှင်းသော အလင်းတန်း ဝတ်စုံ ၏ သွေးပြန်ဖြည့်နိုင်စွမ်း မှာ အလွန် အစွမ်းထက်သဖြင့် သွေးပြန်ဖြည့် ဆေးရည် များ သောက်စရာ မလိုဘဲ အတင်း တောင့်ခံထားနိုင်လေသည်။

ဒဏ်ရာ များကို ခံနိုင်ရည် ရှိနေချိန်တွင် ကျိုးဟန် လည်း အားလပ်မနေပေ။ တိုက်ခိုက်ရန် မဆုံးဖြတ်မီ ဝိညာဉ်မျိုချသားရဲ ၏ တိကျသော အချက်အလက် များကို သေချာ စစ်ဆေးကြည့်လိုက်လေသည်။

ဝိညာဉ်မျိုချသားရဲ

အဆင့် - ၁၀၀

သွေးပမာဏ - ၁၅ ဘီလီယံ

တိုက်ခိုက်မှု - ၃၀ သန်း

အကာအကွယ် - ၁၀၀ သန်း

လက်နက် - နဂါး ပုလဲ

ဝတ်စုံ - အနက်ရောင် ဝိညာဉ် ဝတ်စုံ

မှော်လက်နက် - ထောက်ထျဲ့ တံဆိပ်

စွမ်းရည် - သွေးဒေါသ ကောင်းကင် မျိုချ ကျင့်စဉ်... သွေးရောင် လေဆင်နှာမောင်း... ကြောက်မက်ဖွယ် ဝိညာဉ် မျိုချ တံဆိပ်... ဝိညာဉ် ထိန်းချုပ်ရေး ပညာ... သွေးကြော ရူးသွပ်ခြင်း

သွေးကြော ပင်ကိုစွမ်းရည် - ရက်စက်သော မျိုချခြင်း

လက်ရှိ တိုက်ခိုက်ရေး စွမ်းအား - ကြယ် ၉ ပွင့် ဧကရာဇ် အဆင့်

အခြေအနေ - ဒဏ်ရာ ရနေပြီး အဆင့် ကျဆင်းနေသည်

ကျိုးဟန် သည် ကြိုတင် ပြင်ဆင်ထားသော်လည်း ဝိညာဉ်မျိုချသားရဲ ၏ သွေးပမာဏ ကို မြင်သောအခါ အနည်းငယ် အံ့အားသင့်သွားလေသည်။ ၁၅ ဘီလီယံ အထိ ရောက်ရှိနေပြီး အလွန် ကြောက်စရာ ကောင်းသော ပမာဏ ပင်ဖြစ်သည်။

သို့သော် သူ၏ လက်ရှိ တိုက်ခိုက်ရေး စွမ်းအား သည် ကြယ် ၉ ပွင့် ဧကရာဇ် အဆင့် ဖြစ်ကြောင်း တွေ့လိုက်ရသောအခါ သက်သာရာ ရသွားလေသည်။ ဤမျှ မြင့်မားသော အချက်အလက် များ ရှိနေခြင်းမှာ ပုံမှန် ပင်ဖြစ်သည်။

မကြာမီ ကျိုးဟန် သည် စိတ်ကို ပြန်လည် တည်ငြိမ်အောင် ထားလိုက်လေသည်။ တိုက်ခိုက်ရေး စွမ်းအား များ တိုးတက်လာသည် နှင့်အမျှ နောက်ပိုင်းတွင် ဤကဲ့သို့ အလွန် မြင့်မားသော အချက်အလက် များ ရှိသည့် ရန်သူ များနှင့် မကြာခဏ တွေ့ရမည်မှာ သေချာလှသည်။

မည်သို့ပင်ဖြစ်စေ သူ၏ ထိခိုက်မှု များ သည် အစစ်အမှန် ဖြစ်သဖြင့် သွေးပမာဏ များခြင်း က သူ့ရှေ့တွင် အကြိမ် အနည်းငယ် ပိုခံနိုင်ရုံ သာ ရှိပြီး သိပ်ပြီး ကွာခြားမှု မရှိပေ။

ဤသို့ တွေးမိပြီး ကျိုးဟန် က ဆက်လက် ကြည့်ရှုလိုက်ရာ ဝိညာဉ်မျိုချသားရဲ သည် ယခင်က တွေ့ခဲ့ဖူးသော ရန်သူ များနှင့် မတူဘဲ ကစားသမား များ ကဲ့သို့ သွေးကြော ပင်ကိုစွမ်းရည် ဆိုသည့် အရာ တစ်ခု ထပ်တိုး ပါဝင်နေကြောင်း တွေ့လိုက်ရသည်။

သို့သော် သူ၏ ပင်ကိုစွမ်းရည် သည် အဆင့်ခွဲခြားထားခြင်း မရှိပေ။ သွေးကြော ထဲတွင် မွေးရာပါ ပါဝင်နေခြင်း ဖြစ်ပြီး သွေးကြော အစွမ်းထက်လေ ပင်ကိုစွမ်းရည် ပိုမြင့်လေ ဖြစ်သည်။

"ဟင် ငါ့ရဲ့ တိုက်ခိုက်မှု က အလုပ် မဖြစ်ဘူးလား..."

ဝိညာဉ်မျိုချသားရဲ သည် ကျိုးဟန် ကို တစ်ချက်တည်း ဖြင့် မျိုချ မပစ်နိုင်ခဲ့သဖြင့် အနည်းငယ် မကျေမနပ် ဖြစ်သွားလေသည်။

"မီးလျှံ နယ်မြေ..."

ကျိုးဟန် က ဝိညာဉ် စွမ်းအား များကို အသုံးပြု၍ ပြင်းထန်သော မီးတောက် များကို သူ၏ နောက်ကျော တွင် စုစည်းလိုက်လေသည်။ စကားဆုံးသည် နှင့် မီးတောက် များဖြင့် ဖွဲ့စည်းထားသော နယ်မြေ က ဝိညာဉ်မျိုချသားရဲ ကို လွှမ်းခြုံသွားပြီး သူ၏ ခန္ဓာကိုယ် ကို ရူးသွပ်စွာ လောင်ကျွမ်းစေလေသည်။

- ၃၁၁ သန်း

- ၁၃.၄၄ သန်း

- ၁၃.၁၂ သန်း

- ၁၃.၇၇ သန်း

ကြီးမားလှသော ထိခိုက်မှု တန်ဖိုး များ ထွက်ပေါ်လာပြီး သန်း သုံးရာ ကျော် အထိ ထိခိုက်မှု ကို ဖြစ်ပေါ်စေလေသည်။ ထို့နောက် လောင်ကျွမ်းခြင်း အကျိုးသက်ရောက်မှု ကြောင့် အဆက်မပြတ် ထိခိုက်မှု ကို ဖြစ်ပေါ်စေလေသည်။

"ကောင်လေး မင်း တော်တော် အစွမ်းထက်တာပဲ ငါ့ရဲ့ အကာအကွယ် ဒီလောက် မြင့်တာကို တောင် မင်း က ဒဏ်ရာ ရအောင် လုပ်နိုင်တယ်..."

"ဒါပေမဲ့ နောက်တစ်ခါ ငါ့ကို ယားအောင် ကုတ်ပေးရင် နည်းနည်းလောက် အားထည့်ပေးပါလား..."

ဝိညာဉ်မျိုချသားရဲ က ကိုယ်ပေါ်ရှိ မီးတောက် များကို ခါချလိုက်ပြီး လုံးဝ ဂရုမစိုက်ဘဲ လှောင်ပြောင် ပြောဆိုလိုက်လေသည်။

ဤ ထိခိုက်မှု သည် သူ၏ ၁၅ ဘီလီယံ ရှိသော သွေးပမာဏ နှင့် ယှဉ်ပါက လုံးဝ အကျိုးသက်ရောက်မှု မရှိပေ။ သူ တွင်လည်း သွေးပြန်ဖြည့် နိုင်သော စွမ်းရည် ရှိသည် မဟုတ်ပါလား။

သန့်ရှင်းသော အလင်းတန်း ဝတ်စုံ လောက် မအံ့မခန်း သော်လည်း တစ်စက္ကန့် လျှင် သွေး ၁ ရာခိုင်နှုန်း ပြန်လည် ပြည့်ဝနိုင်သဖြင့် ဤ သွေးဆုံးရှုံးမှု ကို စက္ကန့် အနည်းငယ် အတွင်း ပြန်လည် ဖြည့်တင်းနိုင်လေသည်။

"ယားအောင် ကုတ်ပေးတယ် ဟုတ်လား ဒါဆို နောက်တစ်ခါ ငါ အားထည့်ပြီး ကုတ်ပေးရမှာပေါ့..."

ကျိုးဟန် က ပြုံးလိုက်လေသည်။ စောစောက တိုက်ခိုက်မှု သည် စမ်းသပ်ခြင်း သာ ဖြစ်ပြီး သူ အဓိက သိချင်သည်မှာ ဝိညာဉ်မျိုချသားရဲ ၏ ထိခိုက်မှု လျှော့ချရေး အချက်အလက် နှင့် ဖုံးကွယ်ထားသော အကျိုးသက်ရောက်မှု အချို့ ကို ပင်ဖြစ်သည်။

ဤတိုက်ခိုက်မှု မှ တဆင့် ကျိုးဟန် သည် အကြမ်းဖျင်း အချက်အလက် များကို ခွဲခြမ်းစိတ်ဖြာ နိုင်ခဲ့ပြီး ဖြစ်ရာ ယခု တကယ့် နည်းစနစ် ကို ပြသရတော့မည် ဖြစ်သည်။

"ကောင်းကင်ယံ ကြီး လည်း ငါ့ရဲ့ မီးတောက် တွေ အောက်မှာ အရှုံးပေးရမယ် သုံးထောင် မီးလျှံဓား..."

ကျိုးဟန် ၏ အော်ဟစ်သံ နှင့်အတူ မရေမတွက်နိုင်သော မီးတောက် ဓား အရိပ် များ က ကောင်းကင်ယံ ကို ဖုံးလွှမ်းသွားပြီး ကြမ်းတမ်းသော မီးတောက် များ က လေထု ကိုပင် လောင်ကျွမ်းစေမည့် အလား ဖြစ်နေလေသည်။

"ဟွန့် အရှိန်အဝါ တော့ ကောင်းသားပဲ ဒါပေမဲ့ အကြွင်းမဲ့ စွမ်းအား ရှေ့မှာ မင်း က သေခါနီး ရုန်းကန်နေရုံ သက်သက်ပဲ လက်လျှော့လိုက်တော့..."

ဝိညာဉ်မျိုချသားရဲ ၏ အသံ သည် အလွန် အေးစက်နေပြီး သရော်လှောင်ပြောင်မှု များ အပြည့် ပါဝင်နေလေသည်။

All Chapters