အခန်း ၁၉၈
Vol. 20 Ch. 198
အခန်း ၁၉၈ လက်နက်အဆင့်မြှင့်တင်ခြင်း
ဒီလိုမှမဟုတ်ရင် အချက်အလက်တွေ အကုန်စုပ်ယူခံရတော့မည်။
"ဟင် ကြယ် ၉ ပွင့် အမြင့်ဆုံးအဆင့် မှော်လက်နက်... မင်းဆီမှာ ဒီလိုရတနာမျိုး ရှိနေတာပဲ..."
ထောက်ထျဲ့ ဝိညာဉ်ကိုယ်ထည်၏ မျက်နှာပေါ်တွင် အလွန် ကြောက်ရွံ့သွားသည့် အရိပ်အယောင်များ ပေါ်လာသော်လည်း လောဘတရားက ပို၍ ကြီးမားနေသည်ကို မြင်သာလေသည်။ သူ၏ရှေ့ရှိ ကောင်လေးကိုသာ မျိုချလိုက်နိုင်ပါက ဤအမြင့်ဆုံးအဆင့် မှော်လက်နက်သည် သူ၏အပိုင် ဖြစ်သွားမည်ဖြစ်သည်။
"ငါ့ကို ချည်နှောင်ချင်တာလား... တွေးထားတာတော့ ကောင်းတယ် ဒါပေမဲ့ အဲဒီလောက် မလွယ်ဘူးနော်..."
ထောက်ထျဲ့ က ခပ်ပြုံးပြုံးပြောလိုက်ပြီး မှော်လက်နက် တစ်ခုကို ထုတ်ယူလိုက်လေသည်။
နတ်ဘုရား ချည်နှောင်ခြင်း ကြိုး ကို မမီသော်လည်း ၎င်းသည်လည်း အမြင့်ဆုံးအဆင့်ပင် ဖြစ်သည်။
"အချိန်ခဏလောက် ဆွဲထားနိုင်ရင်ကို လုံလောက်ပြီ... ဒီအချိန်တောအတွင်း မင်း သေချာပေါက် သေရမယ် ဟားဟားဟား..."
ထောက်ထျဲ့ က ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်လေသည်။
ထို့နောက် လောဘတကြီး စားသောက်ခြင်း စွမ်းအားများကို ပိုမို ထည့်သွင်းလိုက်ရာ ကျိုးဟန် ၏ အချက်အလက်များ ဆုံးရှုံးမှုမှာ ပို၍ မြန်ဆန်လာလေသည်။
'ဒီတိုင်းဆက်သွားလို့ မဖြစ်ဘူး... ထောက်ထျဲ့ ရဲ့ ထိန်းချုပ်မှုကနေ မရုန်းထွက်နိုင်သရွေ့ ငါ့ရဲ့ တကယ့်စွမ်းအားကို ထုတ်သုံးနိုင်မှာ မဟုတ်ဘူး...'
ကျိုးဟန် ၏ ရင်ထဲတွင် အလျင်အမြန် တွေးလိုက်လေသည်။ ယခု နတ်ဘုရား ချည်နှောင်ခြင်း ကြိုး သည်လည်း အလုပ်မဖြစ်တော့ပေ။
သူ၏လက်ထဲတွင် ကျန်ရှိနေသေးသော အမြင့်ဆုံးအဆင့် ပစ္စည်းများမှာ ရွှမ်ဝူ သံချပ်ကာ နတ်ဘုရား သတ်ဖြတ်ခြင်း ပုဆိန် နှင့် ကောင်းကင် နဂါး ကိုယ်ပျောက် စွမ်းရည် တို့ ဖြစ်သည်။
ရွှမ်ဝူ သံချပ်ကာ သည် အကာအကွယ်အတွက်သာ ဖြစ်၍ လက်ရှိအခြေအနေကို အများကြီး အထောက်အကူ မပြုနိုင်ပေ။
နတ်ဘုရား သတ်ဖြတ်ခြင်း ပုဆိန် မှာ ပြန်လည်အသုံးပြုရန် စောင့်ဆိုင်းချိန် အတွင်း ရောက်နေသဖြင့် လောလောဆယ် အသုံးပြု၍ မရသေးပေ။
ကောင်းကင် နဂါး ကိုယ်ပျောက် စွမ်းရည် ကို အသုံးပြု၍ ထွက်ပြေးနိုင်သော်လည်း...
ကျိုးဟန် သည် လုံးဝ ကျေနပ်နိုင်ခြင်း မရှိပေ။ သူ ပင်ပင်ပန်းပန်း ကြိုးစားရှာဖွေထားသော အချက်အလက် များ ဤမျှလောက် မျိုချခံလိုက်ရသည်ကို သူ မည်သို့မျှ သည်းခံနိုင်မည် မဟုတ်ပေ။
'အမြင့်ဆုံးအဆင့် အဆင့်မြှင့်တင်ခြင်း ကိုပဲ မျှော်လင့်ရတော့မယ်...'
'အကယ်၍ မအောင်မြင်ဘူးဆိုရင်တော့ ကောင်းကင် နဂါး ကိုယ်ပျောက် စွမ်းရည် ကို သုံးပြီး ထွက်ပြေးမယ်... ပြီးမှ အခွင့်အရေး ပြန်ရှာပြီး လာသတ်မယ်...'
စက္ကန့်အနည်းငယ် အတွင်းမှာပင် ကျိုးဟန် သည် သူ၏ ဦးနှောက်ထဲတွင် အလျင်အမြန် ခွဲခြမ်းစိတ်ဖြာ တွက်ချက်လိုက်ပြီး ဆုံးဖြတ်ချက် တစ်ခုကို ချလိုက်လေသည်။
"အမြင့်ဆုံးအဆင့် အဆင့်မြှင့်တင်ခြင်း ကို အသုံးပြုမယ်..."
"သင်၌ အမြင့်ဆုံးအဆင့် အဆင့်မြှင့်တင်ရေး အမှတ် နှစ်သိန်း ရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည် အကြိမ် ၂၀ အထိ အဆင့်မြှင့်တင်နိုင်ပါသည် အတည်ပြုမည်လား"
"အတည်ပြုတယ်..."
ကျိုးဟန် က ချက်ချင်း ပြန်ဖြေလိုက်လေသည်။
"သင်သည် အမြင့်ဆုံးအဆင့် အဆင့်မြှင့်တင်ရေး အမှတ် နှစ်သိန်း ကို အသုံးပြုလိုက်ပါသည်"
"သင်၏ ဧကရာဇ် အဆင့်တု မှော်လက်နက် နတ်ဘုရား သတ်ဖြတ်ခြင်း ပုဆိန် ကို အကြိမ် ၂၀ အဆင့်မြှင့်တင်ခြင်း အောင်မြင်သွားပါသည် အချက်အလက်များကို စစ်ဆေးပါ"
(TN/ဒီမှာတော့ ပုဆိန်က မဟာဧကရာဇ် အတု မဟုတော့ပဲ ဧကရာဇ်အတုလို့သုံးထားပါတယ်)
နတ်ဘုရား သတ်ဖြတ်ခြင်း ပုဆိန်
အရည်အသွေး - ဧကရာဇ် အဆင့်တု
အမျိုးအစား - တိုက်ခိုက်ရေး မှော်လက်နက်
ဖော်ပြချက် - မရေမတွက်နိုင်သော နတ်ဝိညာဉ်များကို သတ်ဖြတ်ခဲ့ဖူးပြီး ပုဆိန်သွားပေါ်တွင် နတ်ဝိညာဉ်များ၏ သွေးစက်များ စွန်းထင်းနေပါသည်
အကျိုးသက်ရောက်မှု - ဧကရာဇ် အဆင့် အောက် ပစ်မှတ်များကို အမြင့်ဆုံး သွေးပမာဏ၏ ၉၀ ရာခိုင်နှုန်း ထိခိုက်မှု ဖြစ်စေမည် ကြယ် ၅ ပွင့် အမြင့်ဆုံးအဆင့် အောက် ပစ်မှတ်များကို အမြင့်ဆုံး သွေးပမာဏ၏ ၉၅ ရာခိုင်နှုန်း ထိခိုက်မှု ဖြစ်စေမည် ကြယ် ၅ ပွင့် နတ်ဘုရား အဆင့် အောက် ပစ်မှတ်များကို တိုက်ရိုက် တစ်ချက်တည်း သတ်ဖြတ်နိုင်ပြီး သေဆုံးသွားသော ပစ်မှတ်သည် ပြန်လည် ရှင်သန်နိုင်မည် မဟုတ်ပါ
ရှင်းလင်းချက် - တစ်ကြိမ် အသုံးပြုပြီးတိုင်း သုံးရက် ပြန်လည်အသုံးပြုရန် စောင့်ဆိုင်းချိန် ရှိသည်
အကြိမ် နှစ်ဆယ် အဆင့်မြှင့်တင် ပြီးနောက် အကျိုးသက်ရောက်မှု သည် ပိုမို အစွမ်းထက် လာခဲ့လေသည်။ သွေးပမာဏ ရာခိုင်နှုန်း ကို ပိုမို ထိခိုက်နိုင်ရုံသာမက ကြယ် ၅ ပွင့် နတ်ဘုရား အဆင့် အောက် ပစ်မှတ်များကိုပါ တစ်ချက်တည်း သတ်ဖြတ်နိုင်လာလေသည်။
"အဆိုပါ မှော်လက်နက် သည် ပြန်လည်အသုံးပြုရန် စောင့်ဆိုင်းချိန် အတွင်း ရောက်ရှိနေကြောင်း စစ်ဆေးတွေ့ရှိရပါသည်"
"သင်သည် အမြင့်ဆုံးအဆင့် အဆင့်မြှင့်တင်ခြင်း ကို အသုံးပြုလိုက်သဖြင့် ယခု ပြန်လည်အသုံးပြုရန် စောင့်ဆိုင်းချိန် အသစ် ပြန်လည် စတင်သွားပါပြီ"
'ကောင်းပြီ... အသစ်ပြန်ဖြစ်သွားပြီလား... ဒါဆိုရင်တော့...'
ကျိုးဟန် က ထောက်ထျဲ့ ကို ကြည့်လိုက်သော အကြည့်များမှာ တဖြည်းဖြည်း အန္တရာယ်များသည့် အပြုံးမျိုး ဖြစ်လာလေသည်။
နတ်ဘုရား သားရဲ ထောက်ထျဲ့
အဆင့် - ၁၀၀
သွေးပမာဏ - ၁၀၀ ဘီလီယံ
တိုက်ခိုက်မှု - သန်း ၂၀၀
အကာအကွယ် - ၁ ဘီလီယံ
လက်နက် - ဝိညာဉ် ခိုးယူခြင်း အမိန့်တော်
ဝတ်စုံ - ထောက်ထျဲ့ သံချပ်ကာ
မှော်လက်နက် - အနက်ရောင် တောက်ပသော ဒိုင်း
စွမ်းရည် - ကောင်းကင် မျိုချ တံဆိပ် ကမ္ဘာလောကကို မျိုချခြင်း သွေးကြော စုစည်းခြင်း ဝိညာဉ် ထိန်းချုပ်ရေး ကျင့်စဉ် ဝိညာဉ်ကိုယ်ထည် ရစ်ပတ်ခြင်း
ပင်ကိုစွမ်းရည် - အဆုံးမဲ့ လောဘတကြီး စားသောက်ခြင်း
လက်ရှိ တိုက်ခိုက်ရေး စွမ်းအား - ကြယ် ၁ ပွင့် နတ်ဘုရား အဆင့်
အခြေအနေ - ဝိညာဉ် တစ်ဝက်
မကြာမီ ကျိုးဟန် သည် ထောက်ထျဲ့ ၏ အချက်အလက် များကို အလျင်အမြန် စစ်ဆေးကြည့်လိုက်လေသည်။ အခြား အချက်အလက်များကို သူ တိုက်ရိုက် ကျော်လိုက်ပြီး တိုက်ခိုက်ရေး စွမ်းအား ကိုသာ တိုက်ရိုက် ကြည့်လိုက်သည်။
"ကြယ် ၁ ပွင့် နတ်ဘုရား အဆင့်ပဲ ရှိတာလား... အရမ်းကောင်းတယ်..."
ကျိုးဟန် ၏ နှုတ်ခမ်းထောင့် က အနည်းငယ် ကွေးတက်သွားပြီး နတ်ဘုရား သတ်ဖြတ်ခြင်း ပုဆိန် ကို ထုတ်ယူရန် ပြင်လိုက်လေသည်။
ထိုစဉ် လွင့်ပျံလာသော စောင်းသံလေး တစ်သံ ထွက်ပေါ်လာပြီး အလွန် ရင်းနှီးနေသော သံစဉ် တစ်ခု ဖြစ်လေသည်။
ကျိုးဟန် ၏ ခေါင်းထဲတွင် အုပ်စိုးလိုစိတ် ပြင်းထန်ပြီး အေးစက်လှပသော ပုံရိပ်လေး တစ်ခု အလိုအလျောက် ထွက်ပေါ်လာလေသည်။
မော့ကြည့်လိုက်သောအခါ ထင်သည့်အတိုင်းပင် ရှီးယောင် သည် ကောင်းကင်ယံတွင် မောက်မာစွာ ရပ်နေလေသည်။ မြင့်မြတ်ပြီး ခမ်းနားထည်ဝါသော အရှိန်အဝါများက သူမကို မည်သူမျှ မကျူးလွန်ရဲလောက်အောင် မြင့်မြတ်နေစေလေသည်။
အစောပိုင်းက သူမ သည် တိုက်ပွဲကို အမြဲတမ်း စောင့်ကြည့်နေခဲ့ခြင်း ဖြစ်သည်။ ထောက်ထျဲ့ ကိုယ်ထည် ထွက်ပေါ်လာသည်ကို မြင်သောအခါ သူမ လုံးဝ တုံ့ဆိုင်းမနေဘဲ တိုက်ရိုက် ဆင်းသက်လာခဲ့ခြင်း ပင်ဖြစ်သည်။
ယခုအချိန်တွင် ရှီးယောင် ၏ အလွန် လှပသော မျက်နှာလေး သည် ရေခဲတမျှ အေးစက်နေလေသည်။
"မင်းကများ ကျိုးဟန် ကို စုပ်ယူရဲတယ်ပေါ့လေ..."
ဤကဲ့သို့သော ကိစ္စမျိုးကို သူမ ရှီးယောင် သာလျှင် လုပ်ခွင့်ရှိပြီး အခြား မည်သူကိုမှ လုံးဝ ခွင့်ပြုမည် မဟုတ်ပေ။
'မင်း သေချာလေး ပြောလို့ မရဘူးလား... ဒီလိုပြောရင် လူတွေ အထင်လွဲကုန်မှာပေါ့...'
ကျိုးဟန် လည်း စကားမပြောနိုင် ဖြစ်သွားလေသည်။
သို့သော် ကျိုးဟန် ၏ ရင်ထဲတွင် အနည်းငယ် ကြည်နူးသွားလေသည်။ ထင်သည့်အတိုင်း အချိန်ကြာလာတာနဲ့အမျှ သံယောဇဉ် တွယ်လာတာပဲဖြစ်သည်။
ရှီးယောင် သည် သူ အန္တရာယ် ကြုံတွေ့နေရသည်ကို မည်သို့ သိရှိသွားသနည်း ဆိုသည်ကိုတော့ ကျိုးဟန် လည်း မသိပေ။ အခွင့်အရေး ရမှသာ သေချာ မေးကြည့်ရမည် ဖြစ်သည်။
'နောက်ခံ အကြီးကြီး ရှိနေတဲ့ ခံစားချက် က တကယ်ကို ကောင်းတာပဲ... အရေးကြီးတာက ဒီလောက် လှနေတာကိုး...'
ကျိုးဟန် ၏ စိတ်ခံစားချက် များ အလွန် ကောင်းမွန်လာလေသည်။
"ယောင်ချင် မင်းသမီး... မင်း... မင်း က ဘယ်လိုလုပ် ဒီကို ရောက်လာရတာလဲ..."
ထောက်ထျဲ့ ၏ တစ်ကိုယ်လုံး တုန်ယင်သွားလေသည်။ အတွေ့အကြုံများသော ၎င်းသည် ရှီးယောင် ၏ အစွမ်းထက်သော နောက်ခံကို သိရှိထားသည်မှာ သေချာလှသည်။ ၎င်းက ကြောက်လန့်တကြား ပြောလိုက်ပြီး မျက်နှာပေါ်တွင် မယုံနိုင်သည့် အရိပ်အယောင်များလည်း ရှိနေလေသည်။
မိုးတိမ်ထက်တွင် ရှိနေသော ဝိညာဉ် ထိန်းချုပ်ရေး ဧကရာဇ် ၏ သမီးတော် က ဤကဲ့သို့သော ခေါင်ဖျားပြီး အန္တရာယ်များသည့် နေရာမျိုးသို့ ရောက်လာလိမ့်မည် ဟု သူ မထင်ထားခဲ့ပေ။
'ငါ့ရှေ့က ကျိုးဟန် အတွက်များလား... ဒါက အရမ်း လွန်လွန်းနေပြီ...'
ထောက်ထျဲ့ ၏ ရင်ထဲတွင် မုန်တိုင်း ထန်သွားသကဲ့သို့ တုန်လှုပ်သွားပြီး ချက်ချင်းပင် ငိုချင်စိတ် ပေါက်သွားလေသည်။
'မင်းမှာ ဒီလောက် အစွမ်းထက်တဲ့ နောက်ခံ ရှိနေတာကို ဘာလို့ စောစောက မပြောရတာလဲ...'
"သေစမ်း..."
ရှီးယောင် ၏ လှပသော မျက်လုံးများ သည် သတ်ဖြတ်လိုစိတ် များ ပြည့်နှက်နေပြီး သူမ လက်ထဲရှိ စောင်း ကို ညင်သာစွာ တီးခတ်လိုက်လေသည်။
ကြမ်းတမ်းသော အသံလှိုင်းများ သည် ဆူညံသော ဆူနာမီ လှိုင်းတံပိုး ကြီး ကဲ့သို့ ယှဉ်ပြိုင်နိုင်စွမ်း မရှိသော အရှိန်အဝါ များနှင့်အတူ တိုက်ခတ်လာလေသည်။
"မသတ်လိုက်နဲ့ဦး... ငါ အသုံးလိုသေးတယ်..."
ကျိုးဟန် က အလျင်အမြန် တားဆီးလိုက်လေသည်။
ရှီးယောင် သည် စကားနည်းပြီး ရက်စက်ကာ ဤမျှ ပြတ်သားစွာ တိုက်ခိုက်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ကျိုးဟန် သည် သူမကို သေချာ ရှင်းပြရန် ပြင်နေဆဲ ရှိသေးသော်လည်း သူမ က တိုက်ခိုက်ပြီးနေပြီ ဖြစ်သည်။
သူ၏ အချက်အလက် တန်ဖိုးများ သည် ထောက်ထျဲ့ ၏ မျိုချခြင်းကို အများအပြား ခံထားရသည် မဟုတ်ပါလား။
အစောပိုင်းက သူ စနစ် ကို မေးကြည့်ခဲ့ရာ အကယ်၍ ထောက်ထျဲ့ ကို ပွဲချင်းပြီး သတ်ပစ်လိုက်ပါက သူ၏ အချက်အလက် များသည် လုံးဝ ပြန်လည် ရရှိနိုင်တော့မည် မဟုတ်ကြောင်း သိခဲ့ရသည်။
၎င်းကို အရှင်ဖမ်းမိမှသာ မျိုချထားသော စွမ်းအား များကို ပြန်အန်ထုတ်ရန် အတင်းအကျပ် ခိုင်းစေနိုင်မည် ဖြစ်သည်။
ယခင်က ကျိုးဟန် တွင် အခြား နည်းလမ်း မရှိတော့သဖြင့် နတ်ဘုရား သတ်ဖြတ်ခြင်း ပုဆိန် ကို အသုံးပြု၍ ၎င်းကို တစ်ချက်တည်း သတ်ဖြတ်ရန် ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ယခု ရှီးယောင် ဝင်ပါလာပြီ ဖြစ်သဖြင့် ကျိုးဟန် အတွက် ကစားကွက် ပိုကျယ်သွားလေသည်။
ဆုံးရှုံးသွားသော အချက်အလက် များကို ပြန်လည် ရယူနိုင်ရုံသာမက ထောက်ထျဲ့ ကိုပါ ဝိညာဉ် တံခွန် ထဲသို့ အဓိက ဝိညာဉ် အဖြစ် သွင်းယူနိုင်မည် ဖြစ်သည်။ မည်သို့ပင်ဆိုစေ ရှေးဟောင်း နတ်ဘုရား သားရဲ ဖြစ်သဖြင့် အကျိုးသက်ရောက်မှု မည်မျှ ကောင်းမည်ကို အများကြီး ပြောနေစရာ မလိုတော့ပေ။
"ဟင်..."
"စိတ်ချ ငါ့ကိုသာ အားကိုးလိုက်..."
ရှီးယောင် သည် မျက်မှောင်ကြုတ် သွားသော်လည်း ပြန်ဖြေလိုက်လေသည်။
စကားပြောနေစဉ်မှာပင် သူမ၏ အင်္ကျီလက်ရှည် လေး လွင့်ပျံသွားပြီး အလွန် မြန်ဆန်သော အရှိန်ဖြင့် ကြမ်းတမ်းလှသော အသံလှိုင်းများ ကို အမီလိုက်ကာ တိုက်ခိုက်မှု အများစုကို တိုက်ရိုက် တားဆီးလိုက်လေသည်။
'မင်းက အစွမ်းပြနေတာလား...'
ဤလုပ်ဆောင်ချက်ကို မြင်ပြီး ကျိုးဟန် မှာ အလွန် အထင်ကြီးသွားလေသည်။
၎င်းသည် ကျောက်ခဲတစ်လုံး ကို ပစ်ပေါက်လိုက်ပြီးနောက် မိမိ၏ အမြန်နှုန်းကို အသုံးပြု၍ ထိုကျောက်ခဲ ကို လေထဲတွင် ပြန်ဖမ်းလိုက်သကဲ့သို့ ဖြစ်နေပြီး အလွန် မိုက်လေသည်။
သူမ တမင်တကာ အစွမ်းပြနေခြင်း ဖြစ်မည်ဟု ကျိုးဟန် သံသယ ဝင်မိလေသည်။
"ဟွန့်..."
ရှီးယောင် က စကားပြန်မပြောဘဲ နှာခေါင်းရှုံ့လိုက်လေသည်။ သူမ၏ နှုတ်ခမ်းထောင့်လေး ကွေးတက်သွားပြီး အလွန် လှပစွာ ပြုံးလိုက်သဖြင့် သူမ၏ စိတ်ခံစားချက် အလွန် ကောင်းမွန်နေကြောင်း သိသာလှသည်။
တိုက်ခိုက်မှု အများစုကို တားဆီးလိုက်နိုင်သော်လည်း ကြွင်းကျန်ရစ်သော လှိုင်းဂယက် ၏ စွမ်းအား သည် အလွန် အံ့မခန်း ဖြစ်နေဆဲပင်။
ထောက်ထျဲ့ မှာ ဝိညာဉ် လွင့်စင်လုမတတ် အရိုက်ခံလိုက်ရပြီး သူ၏ ခန္ဓာကိုယ်သည် လေကဲ့သို့ ပွင့်လင်းမြင်သာ သွားကာ အချိန်မရွေး ပျောက်ကွယ်သွားတော့မည့် အလား ဖြစ်နေလေသည်။
သို့သော် ကြယ် ၉ ပွင့် ဧကရာဇ် အဆင့်သာ ရှိသော ဝိညာဉ်မျိုချသားရဲ နှင့် ပိုမို အားနည်းသော တင်းချွန်းချိုး ယန်ပေ့ထျန်း တို့သည် ဤမျှ ကံမကောင်းခဲ့ကြဘဲ အသံလှိုင်းများ ၏ ဖျက်ဆီးမှု အောက်တွင် တိုက်ရိုက် ပျောက်ကွယ် သွားကြလေတော့သည်။