အခန်း ၂၀၀
Vol. 20 Ch. 200
အခန်း ၂၀၀ ကျောက်ကပ် စွမ်းအား အလွန်အမင်း ကုန်ခမ်းသွားခြင်း
"ဒီလိုလုပ်လို့ မဖြစ်ဘူး... အပြစ်ကင်းတဲ့ ဝိညာဉ်တွေကို မျိုချလိုက်ရင် ငါ့လုပ်ရပ်က သွေးဝိညာဉ် နန်းတော် နဲ့ ဘာကွာတော့မှာလဲ..."
ကျိုးဟန် က မျက်မှောင်ကြုတ်၍ ငြင်းဆန်လိုက်သည်။
သူသည် စွမ်းအား တိုးတက်စေရန် အတွက် အကြောင်းမဲ့ သတ်ဖြတ်မှု များကို ပြုလုပ်မည့်သူ မျိုး မဟုတ်ပေ။ ကောင်းမွန်သော သင်ကြားမှု များကို ရရှိထားသဖြင့် သူ၏ ရင်ထဲတွင် တရားမျှတမှု ရှိနေသေးပြီး သူ၏ ကိုယ်ပိုင် စည်းမျဉ်းများ ရှိလေသည်။
"အစ်ကိုကျိုး ခင်ဗျား အများကြီး တွေးနေပြီ... ဒီလို လူမဆန်တဲ့ အလုပ်မျိုး ကို ကျွန်တော်က ဘယ်လို လုပ် ခင်ဗျား ကို လုပ်ခိုင်းပါ့မလဲ..."
"ဒီ ဝိညာဉ် တွေဟာ မကောင်းဆိုးဝါး နတ်ဘုရား တွေ ရဲ့ လွှမ်းမိုးမှု ခံထားရပြီး သွေးဝိညာဉ် နန်းတော် ရဲ့ အဓိက တိုက်ခိုက်ရေး စွမ်းအား တွေ ဖြစ်နေပြီ..."
"ဒါကြောင့် ခင်ဗျား လုပ်နေတာက သွေးဝိညာဉ် နန်းတော် ကို ဆန့်ကျင်နေတာ မကောင်းဆိုးဝါး နတ်ဘုရား ကို ဆန့်ကျင်နေတာပဲ..."
"ကြီးမားတဲ့ မကောင်းဆိုးဝါး တွေကို နှိမ်နင်းနိုင်တဲ့ အပြင် ဝိညာဉ် အမြောက်အမြား လည်း ရနိုင်တယ် ဆိုတော့ ခင်ဗျား မစဉ်းစားချင်ဘူးလား..."
ကျောက်ရှင်း က အလျင်အမြန် ရှင်းပြပြီး အကျိုးအမြတ် များကို ခွဲခြမ်းစိတ်ဖြာ ပြလိုက်လေသည်။
ထိုရှင်းပြချက် ကို ကြားသောအခါ ကျိုးဟန် ခေါင်းညိတ်လိုက်သည်။
သို့သော် သွေးဝိညာဉ် နန်းတော် ကဲ့သို့သော ကြီးမားလှသည့် အဖွဲ့အစည်း သည် အမြစ်တွယ်နေပြီး အလွန် အစွမ်းထက်မည်မှာ သေချာလှသည် မဟုတ်ပါက စောစီးစွာကပင် နှိမ်နင်းခံရပြီး ဖြစ်ပေလိမ့်မည်။
"သွေးဝိညာဉ် နန်းတော် ကို ရင်ဆိုင်ဖို့ က ဒီလောက် မလွယ်ကူဘူး ထင်တယ်..."
ကျိုးဟန် က ပြောလိုက်သည်။
"သေချာတာပေါ့ မလွယ်ဘူး... နန်းတော် သခင် သုံးယောက် အပြင် မကောင်းဆိုးဝါး နတ်ဘုရား တစ်ပါး ပါ ရှိသေးတယ်..."
"ပြီးတော့ မကောင်းဆိုးဝါး နတ်ဘုရား နဲ့ ပတ်သက်တဲ့ သတင်း အချက်အလက် တွေက အရမ်း နည်းလွန်းတယ်... ဘယ်လောက် အစွမ်းထက်လဲ ဆိုတာတောင် မသိရဘူး..."
ကျောက်ရှင်း က သူ သိထားသော အချက်အလက် များ အားလုံးကို ပြောပြလိုက်လေသည်။
"ကောင်းပြီ ဒီရက်ပိုင်း သွေးဝိညာဉ် နန်းတော် ရဲ့ သတင်း အချက်အလက် တွေကို အစွမ်းကုန် စုဆောင်းထားလိုက်... အချိန်ကျရင် ငါ မင်းကို ဆက်သွယ်လိုက်မယ် ရလာတဲ့ သတင်း အချက်အလက် တွေ အပေါ် မူတည်ပြီးမှ ဆုံးဖြတ်ကြတာပေါ့..."
ကျိုးဟန် သည် ချက်ချင်း သဘောမတူလိုက်ပေ။
အခြေအနေ များကို သေချာ နားမလည်သေးဘဲ သွေးဝိညာဉ် နန်းတော် ထဲသို့ ဝင်ရောက်ကာ ရန်သူ များနှင့် တိုက်ခိုက်ရန် သူ အလျင်စလို မပြုလုပ်နိုင်ပေ။
ထို့ကြောင့် ခဏ စောင့်ကြည့်ပြီး အခြေအနေ အပေါ် မူတည်၍ လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်သည်။
ထိုအချိန် အတွင်း သူသည် ဝိညာဉ် အများအပြား ကို စုပ်ယူနိုင်မည့် အခြား နေရာ များကိုလည်း ရှာဖွေမည် ဖြစ်သည်။
သွေးဝိညာဉ် နန်းတော် သည် သူ၏ အရန် အစီအစဉ် တစ်ခုသာ ဖြစ်လေသည်။
"စိတ်ချပါ အစ်ကိုကျိုး နဂါးလှံ ဂိုဏ်း ရဲ့ အင်အား တွေ အများကြီး သုံးပြီး လျှို့ဝှက်ချက် တွေကို တတ်နိုင်သလောက် ရှာဖွေပေးပါ့မယ်..."
ကျောက်ရှင်း က ရင်ဘတ် ကို ပုတ်ကာ ကတိပေးလိုက်သည်။
"ဒါဆို ကျွန်တော် အရင် သွားတော့မယ်... အစ်ကိုကျိုး ခန္ဓာကိုယ် ကို ဂရုစိုက်ဦးနော်..."
ကျောက်ရှင်း ၏ မျက်လုံးများထဲတွင် အဓိပ္ပာယ် ပါသော အပြုံးများ ပေါ်လွင်နေလေသည်။
မူလက သူ နောက်ထပ် စကားနည်းနည်း ပြောချင်သေးသော်လည်း ရှီးယောင် ၏ မလိုလားသော အကြည့် များကို မြင်သောအခါ သူ တုန်လှုပ်သွားပြီး ချက်ချင်းပင် သဘောပေါက်သွားလေသည်။
'ငါ က သူတို့ ကြားမှာ လျှပ်စစ် မီးသီး သွားလုပ်နေတာကိုး...'
ကျောက်ရှင်း က အလျင်အမြန် သူ့လူများကို ခေါ်ကာ ထွက်ပြေးသွားလေသည်။
"စကားတောင် မဆုံးသေးဘူး... ဘာလို့ ဒီလောက် မြန်မြန် ထွက်သွားရတာလဲ..."
ကျိုးဟန် မှာ အနည်းငယ် ကြောင်သွားလေသည်။
သူ ထပ်ပြီး ဆွေးနွေးချင်သေးသော်လည်း ကျောက်ရှင်း က ရုတ်တရက် ထွက်ပြေးသွားခြင်း ဖြစ်သည်။
"ဆက်ပြောဦးမလို့လား... ဘယ်အချိန်ထိ ပြောနေဦးမလို့လဲ..."
ရှီးယောင် ၏ မကျေနပ်သော အသံ ထွက်ပေါ်လာသည်။
ကျိုးဟန် က ကျောက်ရှင်း နှင့် စကားပြောနေပြီး သူမကို လျစ်လျူရှု ထားခဲ့သည် မဟုတ်ပါလား။
သူမ ဆင်းသက်လာခြင်း သည် စည်းမျဉ်းများ၏ ကန့်သတ်ချက် များကြောင့် အလွယ်တကူ လုပ်ဆောင်၍ မရဘဲ တန်ဖိုး အချို့ ပေးဆပ်ခဲ့ရခြင်း ဖြစ်သည်။
သူမ အလောတကြီး ရောက်လာခဲ့ရပြီး အချိန် ကလည်း ကန့်သတ်ချက် ရှိလေသည်။
ယခု အချိန်ရတုန်း ချစ်သူများ လုပ်သင့်သော ကိစ္စများ မလုပ်ဘဲ အခြား သူစိမ်း တစ်ယောက် နှင့် စကားပြောနေသဖြင့် ရှီးယောင် မကျေနပ်ခြင်း မှာ သဘာဝကျလေသည်။
"စောစောက ပျော်နေတာ မဟုတ်ဘူးလား... အခု ဘာလို့ မျက်နှာကြီး တင်းထားရတာလဲ... ဘယ်သူက ဒေါသ ထွက်အောင် လုပ်လိုက်လို့လဲ..."
"လာပါဦး ကိုယ့်ကို ပြုံးပြပါဦး..."
ကျိုးဟန် သည် ရှီးယောင် ၏ အခြေအနေ ကို မသိသဖြင့် ပေါ့ပေါ့ပါးပါး ပင် ပြောလိုက်လေသည်။
မည်သို့ပင်ဆိုစေ အလွန် မြင့်မြတ်သော ဧကရာဇ် မင်းသမီး ကို နောက်ပြောင်ရခြင်း မှာ အလွန် စိတ်ဝင်စားစရာ ကောင်းသည် မဟုတ်ပါလား။
ရှီးယောင် က ပြုံးပြလိုက်သည်။
သို့သော် ထိုအပြုံး တွင် မကောင်းသော အကြံအစည် များ ပါဝင်နေသည်။
ဝုန်း...
ရုတ်တရက် အစွမ်းထက်သော ဖိအား ကြီး တစ်ခု လွှမ်းခြုံလာပြီး ကျိုးဟန် သည် လုံးဝ လှုပ်ရှား၍ မရအောင် ဖိနှိပ်ခံလိုက်ရလေသည်။
"မင်း... မင်း ဘာလုပ်ချင်လို့လဲ..."
ကျိုးဟန် က အသံတိုးတိုးလေး ဖြင့် မေးလိုက်သည်။
"လုပ်မှာပေါ့..."
ရှီးယောင် ၏ အကြည့်များ က ကျိုးဟန် ၏ ကိုယ်ပေါ်တွင် ဝဲပျံနေပြီး ဘာလုပ်ချင်သည် ဆိုသည်မှာ သိသာထင်ရှားလှသည်။
"ဒီနေရာမှာ မကောင်းပါဘူး... တစ်ယောက်ယောက် မြင်သွားရင် ဘယ်လို လုပ်မလဲ..."
ကျိုးဟန် က သတိပေးလိုက်သည် အရှက်တော့ ရှိရမည် မဟုတ်ပါလား။
"စိတ်မပူပါနဲ့... ငါ အစောကြီး ကတည်းက ပြင်ဆင်ထားတယ် ဒီမှာ နေရာလွတ် နန်းတော် တစ်ခု ရှိတယ် အဲဒီထဲ သွားကြမယ်..."
သူမ မှာ အချိန်ဆွဲနေရန် အချိန်မရှိပေ မြန်မြန် လုပ်ရမည် ဖြစ်သည်။
အစွမ်းထက်သော ဝိညာဉ် စွမ်းအား များက ကျိုးဟန် ၏ ကိုယ်ပေါ်ရှိ အဝတ်အစား များကို အားလုံး ဆုတ်ဖြဲပစ်လိုက်လေသည်။
ထို့နောက်...
ကျိုးဟန် အော်ဟစ်လိုက်သည်
"အား..."
"နာတယ်..."
ယခု ဆင်းသက်လာသည်မှာ ရှီးယောင် ၏ တကယ့် ကိုယ်ထည် ဖြစ်ပြီး စောင်းသံ နန်းဆောင် တွင် တွေ့ခဲ့ရသော ရှီးယောင် ထက် အဆပေါင်းများစွာ ပိုမို အစွမ်းထက်လေသည်။
ရှေးဟောင်း ကျောက်ကပ် ဆေးလုံး ၏ အားဖြည့်မှု အောက်တွင်ပင် ကျိုးဟန် သည် ပြိုင်ဘက် မဖြစ်နိုင်ပေ။
စတင် တိုက်ခိုက်သည် နှင့် ကျိုးဟန် ရှုံးနိမ့်သွားလေသည်။
အရေးကြီးသော အချိန်တွင် စနစ် ၏ သတိပေးချက် ထွက်ပေါ်လာပြီး ကျိုးဟန် အတွက် မျှော်လင့်ချက် ရောင်ခြည် ကို မြင်တွေ့စေကာ ယောကျ်ား တစ်ယောက် ၏ ဂုဏ်သိက္ခာ ကို ပြန်လည် ဆယ်တင် နိုင်ခဲ့လေသည်။
"သင်၏ ကျောက်ကပ် စွမ်းအား အလွန်အမင်း ကုန်ခမ်းသွားကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ယင်ယန် ကာမ အားတိုးဆေး ကို အလိုအလျောက် အသုံးပြုလိုက်ပါသည်..."
'ပစ္စည်းကောင်း ပဲ... ဒါကိုတောင် မေ့နေတော့မလို့...'
အစွမ်းထက်သော စွမ်းအား များ စီးဝင်လာပြီး အားနည်းမှု များကို ဖယ်ရှားကာ ကျိုးဟန် သည် စစ်နတ်ဘုရား တစ်ပါး ဝင်စားသကဲ့သို့ ဖြစ်သွားလေသည်။
ရှီးယောင် ၏ မျက်နှာ အမူအရာ ပြောင်းလဲသွားပြီး မျက်လုံးများထဲရှိ ဝမ်းသာမှု များကို ဖုံးကွယ်၍ မရတော့ပေ။ အလွန် လှပသော မျက်နှာလေး ပေါ်တွင် ကျေနပ်သော အပြုံးများ ပိုမို ထင်ရှားလာလေသည်။
ပို၍ အံ့သြစရာ ကောင်းသည်မှာ အဆင့်မြှင့်တင် ထားသော ယင်ယန် ကာမ အားတိုးဆေး ၏ အစွမ်းထက်သော အကျိုးသက်ရောက်မှု များ ဖြစ်ပေါ်လာခြင်း ပင်ဖြစ်သည်။
ယင်ယန် ကာမ အားတိုးဆေး
အရည်အသွေး - ဧကရာဇ် အဆင့်
ဖော်ပြချက် - ဟယ်ဟွမ် ဂိုဏ်း ၏ လျှို့ဝှက် နည်းပညာ ဖြင့် ဖော်စပ်ထားပြီး ယင်ယန် ဓာတ် များကို ညီညွတ်စေကာ အလွန် ထူးဆန်း နက်နဲလှပါသည်
အကျိုးသက်ရောက်မှု - ကာမစပ်ယှက် ချိန်တွင် သောက်သုံးပါက ယင်ယန် ဓာတ် များ ညီညွတ်သွားပြီး စွမ်းအား များကို အလျင်အမြန် တိုးတက်စေပါသည်
ရှင်းလင်းချက် - ဟယ်ဟွမ် ဂိုဏ်း ၏ အမွေအနှစ် ကို မရရှိမီ တစ်ကြိမ်သာ သောက်သုံးနိုင်ပြီး အကြိမ်များစွာ သောက်သုံးပါက ခန္ဓာကိုယ် ပေါက်ကွဲ သေဆုံးမည် ဖြစ်ပါသည်
နှစ်ဦးစလုံး စွမ်းအားများ တိုးတက်လာနိုင်သဖြင့် အလွန် အံ့မခန်း ဖြစ်လေသည်။
"သင်သည် တစ်မိနစ်ခန့် ကာမစပ်ယှက် ခဲ့ပြီး အဖော် ၏ စွမ်းအား အလွန် အစွမ်းထက်သဖြင့် သွေးပမာဏ တစ်သောင်း တိုးလာပါသည်..."
"သင်သည် တစ်မိနစ်ခန့် ကာမစပ်ယှက် ခဲ့ပြီး အဖော် ၏ စွမ်းအား အလွန် အစွမ်းထက်သဖြင့် သွေးပမာဏ တစ်သောင်း တိုးလာပါသည်..."
"သင်သည် တစ်မိနစ်ခန့် ကာမစပ်ယှက် ခဲ့ပြီး အဖော် ၏ စွမ်းအား အလွန် အစွမ်းထက်သဖြင့် သွေးပမာဏ တစ်သောင်း တိုးလာပါသည်..."
"သင်သည် တစ်မိနစ်ခန့် ကာမစပ်ယှက် ခဲ့ပြီး အဖော် ၏ စွမ်းအား အလွန် အစွမ်းထက်သဖြင့် သွေးပမာဏ တစ်သောင်း တိုးလာပါသည်..."
အချက်အလက် ဖန်သားပြင် ပေါ်တွင် အဆက်မပြတ် တိုးလာနေသော အချက်အလက် များကို ကြည့်ကာ ကျိုးဟန် ၏ ကိုယ်ရောစိတ်ပါ ပျော်ရွှင်နေပြီး ပျော်ရွှင်စရာ အချိန်များ သည် အမြဲတမ်း လျင်မြန်စွာ ကုန်ဆုံးသွားတတ်လေသည်။
"ကျင့်ကြံခြင်း ပြီးဆုံးသွားပါပြီ... သင်သည် မိနစ် သုံးထောင် ကြာ ကျင့်ကြံခဲ့ပြီး စုစုပေါင်း သွေးပမာဏ သန်း သုံးဆယ် ရရှိခဲ့ပါသည်..."
စနစ် ၏ သတိပေးချက် ကို ကြားသောအခါ ကျိုးဟန် ၏ ခန္ဓာကိုယ် သည် အနည်းငယ် တုန်ယင်သွားလေသည်။
အချိန် ဤမျှ မြန်မြန် ကုန်သွားလိမ့်မည် ဟု သူ မထင်ထားခဲ့ပေ။
မသိလိုက် မသိဘာ နှင့်ပင် မိနစ် သုံးထောင် ကြာ ကျင့်ကြံခဲ့ပြီး နာရီ ငါးဆယ် ဆိုတော့ နှစ်ရက်ကျော် ကြာသွားခဲ့လေပြီ။
သို့သော် သွေးပမာဏ သန်း သုံးဆယ် ရရှိခဲ့သဖြင့် အရမ်းကို ကျေနပ်စရာ ကောင်းလှသည်။
"ကျိုးဟန် မင်း ပိန်သွားတယ်..."
ရှီးယောင် က ကျိုးဟန် ၏ မျက်နှာ ကို ပွတ်သပ်ကာ သနားစရာ ကောင်းစွာ ဖြင့် ပြောလိုက်သည် ဤကိစ္စ ပြီးနောက် သူမ၏ အချစ် များ ပိုမို နက်ရှိုင်းလာလေသည်။
ကျိုးဟန် လည်း စကားမပြောနိုင် ဖြစ်သွားလေသည်။
'ဒါ သဘာဝပဲလေ... မင်း ဒီလို အနိုင်ကျင့်နေတာ ငါ မပိန်ဘဲ နေမလား...'
"ရှီးယောင် မင်း ဝလာတယ်..."
ကျိုးဟန် က နောက်ပြောင်၍ ပြောလိုက်သည်။
သူမ က မျက်စောင်း ထိုးလိုက်သည် အပြင်ပန်းတွင် အေးစက်နေသော်လည်း ရင်ထဲတွင် အလွန် ပျော်ရွှင်နေလေသည်။
အမြင့်ဆုံး နေရာတွင် နေထိုင်ရသဖြင့် သူမ ကို ဤကဲ့သို့ နောက်ပြောင်ရဲသူ မရှိခဲ့ပေ ယခု ကျိုးဟန် ၏ ရှေ့တွင်တော့ ချိုမြိန်သော ခံစားချက်လေး တစ်ခုကို ခံစားနေရလေသည်။
"ငါ အန္တရာယ် တွေ့နေတာကို မင်း ဘယ်လို လုပ် သိသွားတာလဲ..."
ဤအခွင့်အရေး ကို ယူ၍ ကျိုးဟန် သည် သူ၏ ရင်ထဲရှိ သံသယ ကို မေးလိုက်လေသည်။
"မင်း ရဲ့ ခန္ဓာကိုယ် ထဲမှာ ဝိညာဉ် အမှတ်အသား ထည့်ထားလို့လေ…”