← Chapters

အခန်း ၂၀၁

Vol. 21 Ch. 201

အခန်း ၂၀၁

Vol. 21 Ch. 201

အခန်း ၂၀၁ ထိုက်ရှန်ဝိညာဥ် လမ်းစဥ်

"အန္တရာယ် တွေ့တာနဲ့ ငါ ချက်ချင်း သိနိုင်တယ် ဒါကြောင့်မို့ ထောက်ထျဲ့ ကိစ္စမှာ ငါ ဝင်ပါဖို့ ဆုံးဖြတ်လိုက်တာ..."

ရှီးယောင် သည် အနည်းငယ် တုံ့ဆိုင်းသွားသော်လည်း ကျိုးဟန် ကို မလိမ်ညာချင်သဖြင့် စိတ်ရှည်လက်ရှည် ရှင်းပြလိုက်လေသည်။

'ဒါက လူတစ်ယောက်ကို ဂရုစိုက်တဲ့ ခံစားချက် လား...'

'မဆိုးပါဘူး...'

"အော်... မင်းက ငါ့ကို ဒီလောက်တောင် ချစ်တာကိုး..."

ကျိုးဟန် ၏ မျက်နှာပေါ်တွင် ဂုဏ်ယူသော အပြုံးများ ပေါ်လာပြီး ရင်ထဲတွင် ကြည်နူးသွားကာ အောင်မြင်မှု ခံစားချက် များကို ရရှိလိုက်လေသည်။

"ဟွန့်..."

ရှီးယောင် က နှာခေါင်းရှုံ့လိုက်ပြီး ဘာမှ မပြောတော့ဘဲ သဘောတူလိုက်လေသည်။

"ဒါပေမဲ့ မင်းက ငါ့ကို အားကိုးပြီး အကြောက်အလန့် မရှိ ဖြစ်မသွားနဲ့ ငါ ဆင်းသက်လာတာ ကလည်း ကန့်သတ်ချက် တွေ ရှိတယ် ဆင်းချင်တိုင်း ဆင်းလာလို့ ရတာ မဟုတ်ဘူး..."

ရှီးယောင် က သတိပေးလိုက်လေသည်။ ကျိုးဟန် က အရမ်း မာနကြီးသွားပြီး အစွမ်းထက်သော ရန်သူ များကို ရန်စမိမည် ကို သူမ စိုးရိမ်မိသည်။

အကယ်၍ အန္တရာယ် ကြုံတွေ့လာပါက ဖြေရှင်းရန် ခက်ခဲပေလိမ့်မည်။

"စိတ်ချပါ ငါက အရမ်း သတိထားတတ်ပါတယ် မင်း သတိမပေးရင်တောင် ငါ အရင်က အတိုင်းပဲ လုပ်ဆောင်မှာပါ..."

"အပြင်ပန်း စွမ်းအား က အပြင်ပန်း စွမ်းအား ပါပဲ ကိုယ်ပိုင် အစွမ်းထက်မှု ကမှ တကယ့် အစွမ်းထက်မှု ပဲ..."

ဒီတစ်ခါ ရှီးယောင် ဝင်မပါခဲ့လျှင်တောင်...

ကျိုးဟန် သည် နတ်ဘုရား သတ်ဖြတ်ခြင်း ပုဆိန် ကို အသုံးပြု၍ ထောက်ထျဲ့ ကို တစ်ချက်တည်း သတ်ဖြတ်နိုင်စွမ်း ရှိလေသည်။

သို့သော် ရှီးယောင် ဝင်ပါလာသဖြင့်...

သူ၏ ရရှိမှု များ ပိုမို ကြီးမားသွားခဲ့လေသည်။

"အင်း မင်း သိရင် ပြီးတာပဲ..."

"ထူးဆန်းတယ်... ငါ့ရဲ့ စွမ်းအား တွေ ဘယ်လိုလုပ် ဒီလောက်တောင် တိုးလာရတာလဲ..."

ရှီးယောင် က ထလိုက်ချိန်တွင် သူမ၏ ခန္ဓာကိုယ် အခြေအနေကို စစ်ဆေးကြည့်လိုက်ရာ မျက်နှာပေါ်တွင် အံ့အားသင့်သည့် အမူအရာ များ ပေါ်လာလေသည်။

သူမ သည် ကြယ် ၉ ပွင့် အမြင့်ဆုံးအဆင့် တွင် ရှိနေပြီး...

နောက်တစ်ဆင့် တက်ပါက ဧကရာဇ် အဆင့်တု သို့ ရောက်ရှိမည် ဖြစ်သည်။

စွမ်းအား တွေ ဘယ်လောက်တောင် ကြီးမားလဲ ဆိုရင်...

ယခု အလွန်အမင်း တိုးတက်လာသဖြင့် သူမ သည် တစ်လ အတွင်း ဧကရာဇ် အဆင့်တု သို့ ရောက်ရှိရန် ယုံကြည်မှု အပြည့် ရှိနေလေသည်။

"ကျိုးဟန် မင်း လုပ်တာ မဟုတ်လား မင်း ဘာနည်းလမ်း တွေ သုံးလိုက်တာလဲ..."

ရှီးယောင် ၏ လှပသော မျက်လုံးများ က ကျိုးဟန် ထံသို့ ရောက်ရှိလာပြီး သိချင်စိတ်ဖြင့် မေးလိုက်လေသည်။

ကျိုးဟန် က ခေါင်းညိတ်လိုက်သည်။

"မင်း က ငါ့ကို ပိုပိုပြီး သဘောကျလာအောင် လုပ်နေတာပဲ..."

"တကယ်တော့ ဘာမှ မဟုတ်ပါဘူး ယင်ယန် ကာမ အားတိုးဆေး လေးပါ... အချင်းချင်း စွမ်းအား တိုးတက်စေတဲ့ ပစ္စည်း လေး တစ်ခုပါ..."

ကျိုးဟန် က အနည်းငယ် အနေခက်စွာ ဖြင့် ပြောလိုက်သည်။

မည်သို့ပင်ဆိုစေ ဤကဲ့သို့သော ပစ္စည်းမျိုးမှာ သိပ်ပြီး ဂုဏ်ယူစရာ မကောင်းလှပေ။

သို့သော် စွမ်းအား ကွာခြားချက် က အရမ်း ကြီးမားလွန်းသဖြင့်...

ကျိုးဟန် သာ ၎င်းကို အသုံးမပြုပါက...

နှစ်ဦးစလုံး အတွေ့အကြုံ ကောင်း ရရှိမည် မဟုတ်ပေ။

"ယင်ယန် ကာမ အားတိုးဆေး ဟုတ်လား..."

"ဒီလောက် အစွမ်းထက်တဲ့ အကျိုးသက်ရောက်မှု မျိုး ရှိတာလား ငါ ဘာလို့ မသိခဲ့ရတာလဲ..."

"ငါ နောက်ကျရင် မင်းအတွက် အများကြီး ထပ်ရှာပေးမယ်..."

"အသုံးမဝင်ပါဘူး တစ်ကြိမ်ပဲ သောက်လို့ ရတာ..."

ကျိုးဟန် က ငြင်းဆန်လိုက်သည်။ သို့သော် သူ ပြောရန် ကျန်နေသေးသော စကား တစ်ခွန်း ရှိသေးသည် ၎င်းမှာ အဆင့်မြှင့်တင် ရန် လိုအပ်ကြောင်း ပင်ဖြစ်သည်။ မဟုတ်ပါက သာမန် ဆေး သည် ဤမျှ အံ့မခန်း အကျိုးသက်ရောက်မှု မျိုး ရှိမည် မဟုတ်ပေ။

မကြာမီ သူတို့ နှစ်ဦး သည် တစ်ယောက်ကိုတစ်ယောက် ချွဲနွဲ့ နေကြပြန်သည်။

ချစ်ခြင်းမေတ္တာ များ အလျင်အမြန် တိုးပွားလာပြီး...

နှစ်ဦးစလုံး သည် တစ်ယောက်ကိုတစ်ယောက် ပိုမို နက်ရှိုင်းစွာ နားလည်လာကြလေသည်။

ထို့နောက် မှသာ နန်းတော် အတွင်းမှ ထွက်လာကြလေသည်။

"ကျိုးဟန် ငါ သွားရတော့မယ်..."

မူလက သူမ သည် ၅ နာရီသာ နေရန် ရည်ရွယ်ထားခဲ့သော်လည်း...

မထင်မှတ်ဘဲ သာယာမှု များတွင် နစ်မြောသွားသဖြင့်...

နာရီ ၃၀ ကြာ အချိန်ဖြုန်း ခဲ့ရလေသည်။

"ဒီရက်ပိုင်း အတွင်း ငါ ဧကရာဇ် အဆင့်တု ကို တက်ဖို့ ကြိုးစားရမယ် မင်းကို ဂရုမစိုက်နိုင်သေးဘူး ကိုယ့်ကိုယ်ကိုယ် သေချာ ဂရုစိုက်ဦးနော်..."

မထွက်ခွာမီ ရှီးယောင် က အလွန် နှမြောတသစွာ ဖြင့် မှာကြားလိုက်လေသည်။

"မင်း စိတ်ချလက်ချ သာ အဆင့်တက်ဖို့ ကြိုးစားပါ အများကြီး မတွေးပါနဲ့..."

ကျိုးဟန် က ပြုံး၍ ပြန်ဖြေလိုက်လေသည်။

"အင်း ငါ အောင်မြင်စွာ အဆင့်တက် ပြီးတာနဲ့ မင်းဆီ လာခဲ့မယ် အဲဒီအချိန်ကျရင် ငါ မင်းနဲ့ ဆယ်ရက်ဆယ်ည အတူတူ နေမယ်..."

ရှီးယောင် က ယုတ်မာသော အပြုံးဖြင့် ပြောလိုက်လေသည်။

"ဒါက..."

ကျိုးဟန် ၏ တစ်ကိုယ်လုံး တုန်ယင်သွားလေသည်။

ဒီလောက် မရက်စက်ပါနဲ့...

ဧကရာဇ် အဆင့်တု ကို အောင်မြင်စွာ တက်လှမ်း ပြီးနောက်...

သူမ၏ စွမ်းအား သည် ဘယ်လောက်တောင် ပိုအစွမ်းထက် လာမည်ကို ပြောစရာ ပင် မလိုတော့ပေ။

ယခုတောင် မခံနိုင်တော့တာ...

ပိုအစွမ်းထက် လာပါက...

သူ အရိုးပြာ တောင် ကျန်ပါတော့မလား...

"ဒါလေး ယူထားလိုက်..."

ရှီးယောင် က ရှေးဟောင်း စာအုပ် တစ်အုပ်ကို ထုတ်ယူကာ ကျိုးဟန် ထံသို့ ပေးလိုက်လေသည်။

"မှော်ကျင့်စဉ် စာအုပ် လား..."

ကျိုးဟန် က စကားပြောရင်း လှမ်းယူလိုက်လေသည်။

"အင်း ဒါက ငါ့အဖေ ဝိညာဉ် ထိန်းချုပ်ရေး ဧကရာဇ် ရဲ့ နာမည်ကြီး အစွမ်း ပဲ မင်း ကြိုးကြိုးစားစား လေ့ကျင့်ရမယ် ငါ နောက်တစ်ခေါက် လာရင် မင်းရဲ့ လေ့ကျင့်မှု အခြေအနေကို စစ်ဆေးမယ်..."

"အကယ်၍ မအောင်မြင်ဘူး ဆိုရင်တော့ ငါ မင်းကို သေချာ အပြစ်ပေးရလိမ့်မယ်..."

ရှီးယောင် ၏ မျက်နှာ သည် လေးနက်နေလေသည်။

သူမ သည် ဤမှော်ကျင့်စဉ် ကို အလွန် အလေးထားကြောင်း သိသာလှပြီး ကျိုးဟန် ကို ပိုမို အစွမ်းထက်သော အသက် ကယ်နိုင်စွမ်း များ ရှိလာစေရန် မျှော်လင့်နေလေသည်။

"အပြစ်ပေးမယ်... ဘယ်လို အပြစ်ပေးမှာလဲ..."

ကျိုးဟန် က သိချင်စိတ်ဖြင့် မေးလိုက်လေသည်။

"ဟီးဟီး မင်း ဘယ်လို ထင်လဲ..."

ရှီးယောင် ၏ မျက်နှာတွင် အဓိပ္ပာယ် ပါသော အပြုံးများ ပေါ်လာလေသည်။

ကျိုးဟန် မှာ စကားမပြောနိုင် ဖြစ်သွားလေသည်။

ရှီးယောင် သည် တကယ်ကို နာမည် နှင့် လိုက်ဖက်လှသည် မမျှော်လင့်ဘဲ အမြဲတမ်း စကားလမ်းကြောင်း လွှဲတတ်သဖြင့် ကျိုးဟန် မှာ ကြိုတင် မပြင်ဆင် နိုင်ခဲ့ပေ။

ကျိုးဟန် ၏ ကြောင်အမ်းနေသော မျက်နှာကို ကြည့်ကာ...

ရှီးယောင် သည် အလွန် စိတ်ခံစားချက် ကောင်းမွန်စွာ ဖြင့် ပျံသန်း ထွက်ခွာသွားလေသည်။

ရှီးယောင် ထွက်သွားသည် ကို ကြည့်ပြီးနောက် ကျိုးဟန် သည် သူ၏ စိတ်ခံစားချက် များကို ပြန်လည် ထိန်းသိမ်းလိုက်လေသည်။

ပထမဆုံး အနေဖြင့် သူ၏ အချက်အလက် ဖန်သားပြင် ကို ဖွင့်ကြည့်လိုက်ရာ...

မကြာသေးမီ က အချက်အလက် များ တိုးလာသော်လည်း...

ဘယ်လောက် တိုးလာသလဲ ဆိုသည်ကို ကျိုးဟန် သေချာ မသိသေးပေ။

မကြာမီ အချက်အလက် များ အားလုံး ထွက်ပေါ်လာလေသည်။

လေပြင်း ဓားနတ်ဆိုး ကျိုးဟန်

အဆင့် - ၅၅ (၁၀.၀၀ ရာခိုင်နှုန်း)

သွေးပမာဏ - ၅၃.၂၉ သန်း

တိုက်ခိုက်မှု - ၅.၀၁ သန်း

အကာအကွယ် - ၃.၆၄ သန်း

ပင်ကိုစွမ်းရည် - အကန့်အသတ်မရှိ အဆင့်မြှင့်တင်ခြင်း (စကြဝဠာ တစ်ခုလုံး တွင် တစ်ခုတည်း)

ဘွဲ့အမည် - နံပါတ်တစ် ပါရမီရှင် (အကြိမ် ၁၀ မြှင့်) (ကံကြမ္မာ လုယူခြင်း)

လက်နက် - အေးစက်သော လေပြင်းနှင့် လျှပ်စီး (အကြိမ် ၁၀ မြှင့်) (စွမ်းရည် ထိခိုက်မှု... အမြန်နှုန်း လျှော့ချ... လေပြင်းနှင့် လျှပ်စီး...)

ဒုတိယ လက်နက် - မီးလျှံ နဂါး (၉ ကြိမ်မြှင့်) (မီး ဓာတ်... စွမ်းရည် ထိခိုက်မှု... သွေးပြန်ဖြည့်မှု လျှော့ချ...)

လက်စွပ် - ပေါ့ပါးသွက်လက်သော လက်စွပ် (၈ ကြိမ်မြှင့်) (အကာအကွယ် ဖျက်... ပြင်းထန်သော တိုက်ခိုက်မှု... သွက်လက်မှု...)

လက်ပတ် - ကြယ်နံနက်ခင်း လက်ပတ် (၉ ကြိမ်မြှင့်) (မဖြစ်မနေ ထိမှန်... ခုခံနိုင်စွမ်း... ပြင်းထန်သော တိုက်ခိုက်မှု ခုခံ...)

ဆွဲကြိုး - လေပြင်း မြွေ ဆွဲကြိုး (အကြိမ် ၁၀ မြှင့်) (ခုခံနိုင်စွမ်း... သွားလာမှု အမြန်နှုန်း... သွေးပြန်ဖြည့်မှု လျှော့ချ...)

နားကပ် - ဟိုင်ပေါ်လွန် နားကပ် (၉ ကြိမ်မြှင့်) (စွမ်းရည် ထိခိုက်မှု... ခုခံနိုင်စွမ်း... ပြင်းထန်သော တိုက်ခိုက်မှု...)

အကူ - ဘုရင် မဟုတ်သော သရဖူ (၉ ကြိမ်မြှင့်) (ထိခိုက်မှု ခံနိုင်ရည်... ခုခံနိုင်စွမ်း... ပြန်လည် ဖြည့်တင်းမှု...)

မှော်ကျောက်တုံး - ဟိုင်ပေါ်လွန် မှော်ကျောက်တုံး (၉ ကြိမ်မြှင့်) (စွမ်းရည် ထိခိုက်မှု... ခုခံနိုင်စွမ်း... သွေးပြန်ဖြည့်မှု...)

ဝတ်စုံ - သန့်ရှင်းသော အလင်းတန်း ဝတ်စုံ (၉ ကြိမ်မြှင့်) (ဘုရင်အဆင့်)

ကျောက်မျက် - တိုက်ခိုက်ရေး ကျောက်မျက် (၉ ကြိမ်မြှင့်) (ဘုရင်အဆင့်)... အသိပညာ ကျောက်မျက် (၉ ကြိမ်မြှင့်) (ဘုရင်အဆင့်)

ဂိုဏ်း အထောက်အကူ - သွေးပမာဏ ၁.၆၆ သိန်း... တိုက်ခိုက်မှု ၅၂၀၀၀...

ဘုရင် တံဆိပ် - သွေးပမာဏ ၇ သန်း... အကာအကွယ် ၃ သန်း...

ဖက်ရှင် - အာဏာရှင် ၏ ဒေါသ (အစမ်း) (အကြိမ် ၁၀ မြှင့်)

အဆင့် - ကြယ် ၂၆၀ ဘုရင်အဆင့်

သွေးပမာဏ သည် သန်း ငါးဆယ် ကို ကျော်လွန်သွားပြီ ဖြစ်ရာ အလွန် ကျေနပ်စရာ ကောင်းလှသည်။

ထို့အပြင် တိုက်ခိုက်မှု သည်လည်း ၅ သန်း ကို ကျော်လွန်သွားပြီး...

အကာအကွယ် သည် ၃ သန်း ကျော် ရှိလေသည်။

တိုက်ခိုက်ရေး စွမ်းအား သည် အလွန် အစွမ်းထက်လှသည်။

"အဆင့် ကတော့ နည်းနည်း နိမ့်နေသေးတယ် ငါ့ရဲ့ အခု အဆင့် က အနည်းဆုံး ကြယ် ၃ ပွင့် ဧကရာဇ် အဆင့် ရှိသင့်တယ်..."

"နှမြောစရာ က ကောင်းကင် လမ်းစဉ် နန်းတော် ထဲကို လောလောဆယ် ဝင်လို့ မရသေးတော့ အဆင့် စိန်ခေါ်ခွင့် တွေ ပြန်မရနိုင်သေးဘူး..."

ကျိုးဟန် သည် မိမိကိုယ်တိုင် ရေရွတ်လိုက်လေသည် ဤသည်မှာ သူ တစ်ခုတည်းသော မကျေနပ်သည့် အချက် ပင်ဖြစ်သည်။

ဖတ်ရှုပြီးနောက် စိတ်လှုပ်ရှားစရာ အကောင်းဆုံး အချိန် ရောက်ရှိလာလေပြီ။

ကျိုးဟန် သည် သူ၏ လက်ထဲရှိ ရှေးဟောင်း စာအုပ် ကို အကဲဖြတ် စွမ်းရည် တိုက်ရိုက် အသုံးပြုလိုက်လေသည်။

"အမြင့်ဆုံးအဆင့် မှော်ကျင့်စဉ် ထိုက်ရှန် ဝိညာဉ် လမ်းစဉ် ကို စစ်ဆေးတွေ့ရှိရပါသည် သင် လေ့လာမည်လား"

'သောက်ကျိုးနည်း အမြင့်ဆုံးအဆင့် မှော်ကျင့်စဉ် လား...'

ကျိုးဟန် သည် ကြိုတင် မျှော်လင့်ထားသော်လည်း အလွန် စိတ်လှုပ်ရှားသွားလေသည်။

ရှီးယောင် သည် တကယ်ကို သူ့ကို ချစ်တာပဲဖြစ်သည်။

အမြင့်ဆုံးအဆင့် မှော်ကျင့်စဉ် ကို အလွယ်တကူ ပေးလိုက်သည် မဟုတ်ပါလား။

မှော်ကျင့်စဉ် တွင် များသောအားဖြင့် ဆက်စပ် စွမ်းရည် အနည်းဆုံး နှစ်ခု ပါဝင်လေ့ရှိသည်။

ထို့ကြောင့် ယခု အမြင့်ဆုံးအဆင့် စွမ်းရည် နှစ်ခု ကို ရရှိလိုက်ခြင်း နှင့် တူလေသည်။

ဆိုလိုသည်မှာ အနည်းဆုံး အမြင့်ဆုံးအဆင့် စွမ်းရည် နှစ်ခု ရရှိမည် ဖြစ်ရာ အရမ်းကို ကျေနပ်စရာ ကောင်းလှသည်။

"လေ့လာမယ်..."

လုံးဝ တုံ့ဆိုင်းမနေဘဲ ကျိုးဟန် က ရင်ထဲတွင် တိတ်တဆိတ် ပြောလိုက်လေသည်။

"ဤ မှော်ကျင့်စဉ် သည် ဝိညာဉ် အပေါ် အလွန် မြင့်မားသော သတ်မှတ်ချက် များ ရှိပါသည် ယခု သင်၏ ဝိညာဉ် စွမ်းအား ကို စတင် စစ်ဆေးနေပါပြီ"

"သင်၏ ဝိညာဉ် သည် အလွန် အစွမ်းထက်ပြီး လေ့လာရန် သတ်မှတ်ချက် များနှင့် ကိုက်ညီကြောင်း စစ်ဆေးတွေ့ရှိရပါသည်"

"သင်သည် ထိုက်ရှန် ဝိညာဉ် လမ်းစဉ် ကို အောင်မြင်စွာ လေ့လာလိုက်ပါပြီ အချက်အလက် ဖော်ပြချက် များကို ထုတ်လုပ်ပြီးပါပြီ စစ်ဆေးပါ”

All Chapters