အခန်း ၂၀၈
Vol. 21 Ch. 208
အခန်း ၂၀၈ ဟန်ချင်ရွှဲ့ ကို ဆုံးမခြင်း
"ကျိုးဟန်... ကျွန်မ ဂိုဏ်းထဲ မဝင်ရသေးဘူး... ဘယ်လိုလုပ်မလဲ... ဒီဆုလာဘ်တွေကို လွဲသွားတော့မယ်..."
ဟန်ချင်ရွှဲ့ ထံမှ စာဝင်လာပြီး အနည်းငယ် စိတ်ညစ်နေဟန်ဖြင့် ပြောလာလေသည်။
သူမသည် ကျိုးဟန် ၏ မိန်းမ ဖြစ်နေပြီ ဖြစ်ရာ အခြားဂိုဏ်းများသို့ ဝင်မည်မဟုတ်သည်မှာ သေချာလှသည်။ သို့သော် နတ်ဘုရား သတ်ဖြတ်ခြင်း နန်းတော် မှာ လူပြည့်နေပြီဖြစ်ရာ မည်သို့မျှ တတ်နိုင်မည် မဟုတ်ပေ။
"ဆုလာဘ် သေးသေးလေးတွေပါ... ကိုယ် မင်းကို ရှာကျွေးထားနိုင်ပါတယ်..."
ကျိုးဟန် က ပြုံး၍ ပြန်ပြောလိုက်လေသည်။
"လူဆိုး... အတည်ပြောနေတာ... ဂိုဏ်း က တစ်နာရီ အတွင်း အဆင့်တက်နိုင်မလား ဆိုတာ ကြည့်ပေးပါဦး..."
သူတစ်ပါး ကျွေးမွေးထားခြင်းကို ခံရသည်မှာ သက်တောင့်သက်သာ ရှိသော်လည်း ရေရှည်အတွက် မဟုတ်ပေ။ လွယ်ကူစွာ ငြီးငွေ့သွားစေနိုင်ပြီး ယောကျ်ား တစ်ယောက်၏ စိတ်ကို ဆွဲဆောင်ထားနိုင်ရန် မိမိ၏ တန်ဖိုးကို ပြသနိုင်ရမည် ဖြစ်သည်။
ဟန်ချင်ရွှဲ့ သည် အလှပြ ပန်းအိုး တစ်လုံးသာ ဖြစ်မနေချင်ပေ။ သူမ ချစ်ရသော ယောကျ်ား အတွက် ကြီးမားသော အကူအညီများ ပေးချင်လေသည်။
မက်ဆေ့ချ် ကို မြင်ပြီးနောက် ကျိုးဟန် သည် တစ်ချက် လေ့လာကြည့်လိုက်လေသည်။
ဂိုဏ်း... နတ်ဘုရား သတ်ဖြတ်ခြင်း နန်းတော်
ဂိုဏ်း အဆင့် - ၇
ဂိုဏ်းချုပ် - ကျိုးဟန်
ဒုတိယ ဂိုဏ်းချုပ် - မေအောက်ရွှဲ့
အကြီးအကဲ - ကျားဖေးချိုး... အိုးဟွမ်
အစောင့်အရှောက် - ကျန်းတယ်ရွှိုက်... ကုံးထျို့...
အဖွဲ့ဝင် - ၁၄၀၀ / ၁၄၀၀
ဂိုဏ်း ပံ့ပိုးမှု စုစုပေါင်း - ၁.၅၆ သန်း (နောက်တစ်ဆင့်သို့ တက်ရန် ပံ့ပိုးမှု နှစ်သန်း လိုအပ်ပါသည်)
ပံ့ပိုးမှု အဆင့်သတ်မှတ်ချက် - အသေးစိတ် ကြည့်ရှုရန် နှိပ်ပါ
ဂိုဏ်း တာဝန်များ - ၁... ပစ္စည်းများ စုဆောင်းခြင်း... ၂... ထောက်ပံ့ရေး ပစ္စည်းများ လှူဒါန်းခြင်း... ၃... မိစ္ဆာများ သတ်ဖြတ်ခြင်း...
ဂိုဏ်း အစမ်းသပ်ခံ နယ်မြေ - ချော်ရည် နယ်မြေ... ဝမ်းနည်းပူဆွေးမှု လှိုဏ်ဂူ... အေးစက်သော လတောင်ကြား... ကျောက်တောင် ဂူ...
ဂိုဏ်း အထောက်အကူ - သာမန် အဖွဲ့ဝင် သွေးပမာဏ ၁.၂ သောင်း တိုးမည်၊ တိုက်ခိုက်မှု ၃၀၀၀ တိုးမည် ၊ ထိပ်တန်း အဖွဲ့ဝင် သွေးပမာဏ ၂.၄ သောင်း တိုးမည်... တိုက်ခိုက်မှု ၅၀၀၀ တိုးမည်... အစောင့်အရှောက် သွေးပမာဏ ၅.၈ သောင်း တိုးမည်... တိုက်ခိုက်မှု ၈၀၀၀ တိုးမည်... အကြီးအကဲ သွေးပမာဏ ၈.၂ သောင်း တိုးမည်... တိုက်ခိုက်မှု ၁.၃ သောင်း တိုးမည်... ဒုတိယ ဂိုဏ်းချုပ် သွေးပမာဏ ၁.၀၆ သိန်း တိုးမည်... တိုက်ခိုက်မှု ၂.၁ သောင်း တိုးမည်... ဂိုဏ်းချုပ် သွေးပမာဏ ၁.၆၆ သိန်း တိုးမည်... တိုက်ခိုက်မှု ၅၂၀၀၀ တိုးမည်
"မဖြစ်သေးဘူး... ပံ့ပိုးမှု က အများကြီး လိုနေသေးတယ်... အခုချက်ချင်း အဆင့်တက်ဖို့ လုံးဝ မဖြစ်နိုင်ဘူး..."
"အဲဒီ ညတုန်းက မင်း ဘာလို့ မပြောတာလဲ... ကိုယ် လည်း အဲဒီကိစ္စကို မေ့နေတာ..."
ကျိုးဟန် က စာပြန်လိုက်လေသည်။
အဓိကအားဖြင့် ထိုနေ့က အဆင့်တက်ပြီးနောက် မေအောက်ရွှယ် သည် ဒုတိယ ဂိုဏ်းချုပ် ဖြစ်လာပြီး လူသစ် စုဆောင်းခြင်း ကိစ္စများကို သူမက ကိုင်တွယ်ခဲ့ခြင်း ဖြစ်သည်။
ဟန်ချင်ရွှဲ့ သည် စာကို မြင်သောအခါ မျက်နှာလေး ရဲတွတ်သွားလေသည်။ ထိုနေ့က သူမ အသိစိတ် နိုးထခြင်း ကို ပြီးမြောက်ခဲ့ပြီး သူမ၏ စိတ်ထဲတွင် ကျိုးဟန် နှင့် တစ်ခုခု ဖြစ်ရန်သာ တွေးနေခဲ့မိသည်။ ထို့ကြောင့် ဂိုဏ်းဝင်ရန် ကိစ္စကို သဘာဝကျကျပင် မေ့လျော့သွားခဲ့ခြင်း ဖြစ်သည်။
"ကျိုးဟန်... ရှင် က အဲဒီလောက် အစွမ်းထက်တာ သေချာပေါက် နည်းလမ်း ရှိမှာပါ... မြန်မြန် စဉ်းစားကြည့်ပါဦး..."
ဟန်ချင်ရွှဲ့ က ချွဲနွဲ့စွာ ပြောလိုက်လေသည်။
"ကောင်းပြီ... ကိုယ် အရင် ရှာကြည့်လိုက်ဦးမယ်... ခဏနေရင် ပြန်ပြောမယ်..."
ကျိုးဟန် ခေါင်းညိတ်ကာ ပြန်ပြောလိုက်လေသည်။ မိမိ၏ မိန်းမ ဖြစ်နေသဖြင့် သူမ၏ လိုအင်ဆန္ဒကို ဖြည့်ဆည်းပေးရမည်သာ ဖြစ်သည်။
"စနစ်... ဂိုဏ်း ဆိုတဲ့ စကားလုံး ကို ရှာဖွေပေး..."
ဈေးဆိုင် အတွင်း၌ ပစ္စည်းများ အလွန်များပြားလွန်းသဖြင့် တစ်ခုချင်းစီ လိုက်ကြည့်နေရန် အလွန် အလုပ်ရှုပ်လေသည်။ ဤမျှ ဉာဏ်ရည်မြင့်မားသော အထောက်အကူပြု စနစ် ရှိနေသဖြင့် အလွန် အဆင်ပြေလှသည်။
တစ်ခဏချင်း အတွင်းမှာပင် ရှာဖွေမှု ရလဒ်များ ထွက်ပေါ်လာလေသည်။
“၁... စကားပြောချန်နယ် တွင် ဂိုဏ်း ဟူသော စကားလုံး ပါဝင်သည့် မက်ဆေ့ချ် စုစုပေါင်း ၁.၅၂ သန်း ရှိပါသည် အသေးစိတ် ကြည့်ရှုရန် နှိပ်ပါ”
“၂... ချန်းလေ့ မြို့ ဈေးဆိုင် တွင် သက်ဆိုင်ရာ ပစ္စည်း ဆယ့်ငါးခု ရှိပါသည် အသေးစိတ် ကြည့်ရှုရန် နှိပ်ပါ”
“၃... ဂိုဏ်း ဈေးဆိုင် တွင် သက်ဆိုင်ရာ ပစ္စည်း သုံးခု ရှိပါသည် အသေးစိတ် ကြည့်ရှုရန် နှိပ်ပါ”
"ဂိုဏ်း နဲ့ ပတ်သက်တဲ့ ပစ္စည်းတွေ အနည်းအကျဉ်း တော့ မဟုတ်ဘူးပဲ..."
ဖန်သားပြင် ပေါ်ရှိ သတင်းအချက်အလက် များကို မြင်ပြီးနောက် ကျိုးဟန် က အံ့သြဝမ်းသာစွာ ဖြင့် ပြောလိုက်လေသည်။
စကားပြောချန်နယ် မှ မက်ဆေ့ချ်များကို လျစ်လျူရှု လိုက်ပြီးနောက် ကျိုးဟန် သည် အလျင်အမြန် စစ်ဆေးကြည့်လိုက်လေသည်။ နောက်ဆုံးတွင် ဂိုဏ်း ဈေးဆိုင် အတွင်း၌ သူ ဝယ်ယူနိုင်ပြီး မည်သည့် ကန့်သတ်ချက်မှ မရှိသော ပစ္စည်း တစ်ခုကို တွေ့ရှိသွားလေသည်။
ဂိုဏ်း အဆင့်မြှင့်တင်ရေး ကတ်
အရည်အသွေး - ဘုရင်အဆင့်
အမျိုးအစား - အထူး ပစ္စည်း
ဖော်ပြချက် - လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားများ ပါဝင်ပြီး ဂိုဏ်း အတွက် အထူး အကျိုးသက်ရောက်မှု ရှိပါသည်
အကျိုးသက်ရောက်မှု - အသုံးပြုပြီးနောက် မိမိ ရှိနေသော ဂိုဏ်း ကို အဆင့် တစ်ဆင့် မြှင့်တင်ပေးနိုင်ပါသည်
ရှင်းလင်းချက် - တစ်ခါသုံး ပစ္စည်း ဖြစ်ပြီး အသုံးပြုပြီးနောက် အလိုအလျောက် ပျောက်ကွယ်သွားမည် ဖြစ်သည်
ဈေးနှုန်း - ပံ့ပိုးမှု တစ်သိန်း နှစ်သောင်း... တစ်ကြိမ်သာ ဝယ်ယူခွင့် ရှိသည်
ကန့်သတ်ချက် - ဂိုဏ်းချုပ် သာလျှင် အသုံးပြုခွင့် ရှိပြီး ဂိုဏ်း အဆင့် ၅ နှင့် အထက် ရှိရမည်
"အရမ်း ကောင်းတယ်... အသုံးပြုဖို့ သတ်မှတ်ချက် တွေ အားလုံးနဲ့ ကိုက်ညီတယ်... ဂိုဏ်း ပံ့ပိုးမှု ကတော့ တစ်သိန်း နှစ်သောင်း လိုတာပေါ့..."
ဤသို့ တွေးမိပြီးနောက် ကျိုးဟန် သည် စိတ်ဝိညာဥ် ဖြင့် ဓားသမား တံဆိပ် အတွင်းသို့ ဝင်ရောက်ကာ သူ၏ ပံ့ပိုးမှု အမှတ် များကို စစ်ဆေးကြည့်လိုက်လေသည်။
ဓားသမား တံဆိပ် (၁၀ ကြိမ်မြှင့်)
အဆင့် - ၅
ပံ့ပိုးမှု အမှတ် - ၆၆၂၀၀
ဖော်ပြချက် - ဓားနတ်ဘုရား နန်းတော် မှ ထုတ်ပေးသော ပြိုင်ဘက်ကင်း တံဆိပ် ဖြစ်ပြီး မြင့်မြတ်သော အဆင့်အတန်း ၏ သင်္ကေတ ဖြစ်ပါသည်
အကျိုးသက်ရောက်မှု - ဂိုဏ်း ဈေးဆိုင် တွင် ပစ္စည်း ဝယ်ယူပါက ၅၀ ရာခိုင်နှုန်း လျှော့ဈေး ရရှိမည် ဖြစ်ပြီး ဂိုဏ်း မှ ပေးအပ်သော တာဝန်များကို ပြီးမြောက်ပါက ရရှိမည့် ပံ့ပိုးမှု အမှတ် များ နှစ်ဆ တိုးလာမည် ဖြစ်သည်
ပံ့ပိုးမှု လဲလှယ်ခြင်း - အမျိုးမျိုးသော မှော်လက်နက် ပစ္စည်း များကို ပံ့ပိုးမှု အမှတ် များဖြင့် လဲလှယ်နိုင်ပါသည်... အရည်အသွေး တစ်ခုစီ အတွက် သက်ဆိုင်ရာ ပံ့ပိုးမှု များမှာ အောက်ပါအတိုင်း ဖြစ်ပြီး အသေးစိတ် ကြည့်ရှုရန် နှိပ်ပါ... ရွှေရောင် အဆင့် နှင့် အထက် ရှိသော ပစ္စည်း များကိုသာ လဲလှယ်ခွင့် ရှိပါသည်
ဂိုဏ်း ဈေးဆိုင် - အသေးစိတ် ကြည့်ရှုရန် နှိပ်ပါ
တာဝန် နယ်မြေ - အသေးစိတ် ကြည့်ရှုရန် နှိပ်ပါ
"ပံ့ပိုးမှု အမှတ် ခြောက်သောင်း ကျော် ရှိတယ်... ၅၀ ရာခိုင်နှုန်း လျှော့ဈေး နဲ့ ဆိုတော့ ကွက်တိ ပဲ..."
ဓားသမား တံဆိပ် ကို အသက်သွင်းပြီး ကတည်းက ကျိုးဟန် သည် ဂိုဏ်း တာဝန် များကို ထမ်းဆောင်သည့် အကျင့်ကောင်း တစ်ခု ရရှိနေခဲ့သည်။ ထို့အပြင် ဂိုဏ်း သို့ ပြန်သွားပြီး အပ်နှံရန် မလိုသော တာဝန် များကိုသာ ရွေးချယ် ထမ်းဆောင်သဖြင့် ပြီးမြောက်ရန် အလွန် အဆင်ပြေလှသည်။
ထိုဖြစ်စဉ်များ အတွင်း၌ များစွာသော ကြီးကျယ်ခမ်းနားမှု များ မရှိခဲ့သဖြင့် အများကြီး အသေးစိတ် မဖော်ပြတော့ပေ။
ထို့ကြောင့် ကျိုးဟန် သည် ပံ့ပိုးမှု အမှတ် သောင်းချီ စုဆောင်းမိနေခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်က သူသည် မိစ္ဆာ ဆင့်ခေါ်ခြင်း စာလိပ် ကို လဲလှယ်ရန် ရည်ရွယ်ထားခဲ့သော်လည်း ကိစ္စ အချို့ ကြောင့် ကြန့်ကြာသွားပြီး မလဲလှယ်ဖြစ်ခဲ့ပေ။ ယခု တစ်ခေါက် တွင်တော့ ၎င်းတို့ အသုံးဝင်လာခဲ့ပြီ ဖြစ်သည်။
"ဂိုဏ်း အဆင့်မြှင့်တင်ရေး ကတ် ကို လဲလှယ်မယ်..."
ကျိုးဟန် သည် အချိန်ဖြုန်းမနေဘဲ ရင်ထဲတွင် တိတ်တဆိတ် ပြောလိုက်လေသည်။
“ယခု လဲလှယ်နေပါသည်... ဤပစ္စည်း အတွက် ဂိုဏ်း ပံ့ပိုးမှု တစ်သိန်း နှစ်သောင်း လိုအပ်ပါသည်
သင်၏ ဓားသမား တံဆိပ် ၏ အထူး အကျိုးသက်ရောက်မှု ကို စစ်ဆေးတွေ့ရှိရသဖြင့် သင်သည် ၅၀ ရာခိုင်နှုန်း လျှော့ဈေး ကို ခံစားခွင့် ရရှိပါသည်”
“သင်သည် ဂိုဏ်း ပံ့ပိုးမှု ခြောက်သောင်း ကို အသုံးပြုလိုက်ပါသည်”
“သင်သည် ဂိုဏ်း အဆင့်မြှင့်တင်ရေး ကတ် ကို အောင်မြင်စွာ လဲလှယ်လိုက်ပါပြီ”
စနစ် သတိပေးချက် ပြီးဆုံးသွားပြီးနောက် ခရမ်းရောင် အလင်းတန်း တစ်ခု လက်ကနဲ ဖြစ်သွားလေသည်။ မကြာမီ ကျိုးဟန် ၏ နေရာလွတ် အိတ်ကပ် အတွင်း၌ ဂိုဏ်း အဆင့်မြှင့်တင်ရေး ကတ် သည် ငြိမ်သက်စွာ ရောက်ရှိနေလေပြီ။
"ချင်ရွှဲ့... ကြည့်လိုက်ဦး ဒါ ဘာလဲ ဆိုတာကို... ဂိုဏ်း အဆင့်မြှင့်တင်ရေး ကတ် ဓာတ်ပုံ..."
ကျိုးဟန် သည် အချက်အလက် ဖော်ပြချက် ပါဝင်သော ဓာတ်ပုံ ကို ချက်ချင်း ပေးပို့လိုက်လေသည်။ ယောကျ်ားကောင်း တစ်ယောက် ဆိုသည်မှာ ဤသို့ပင် ဖြစ်ပြီး ချစ်ရသော မိန်းမ ၏ မည်သည့် လိုအပ်ချက်ကိုမဆို ဖြည့်ဆည်းပေးနိုင်စွမ်း ရှိလေသည်။
"ဟင်... ဂိုဏ်း အဆင့်မြှင့်တင်ရေး ကတ် လား..."
"ကျိုးဟန်... ရှင် တကယ်ကို အစွမ်းထက်လွန်းတယ်... ရှင့်ကို အရမ်း ချစ်တာပဲ... မွ... မွ... မွ..."
ဟန်ချင်ရွှဲ့ သည် အလွန် ပျော်ရွှင်သွားပြီး အနမ်းပေးသော အီမိုဂျီ သုံးခု ကို ဆက်တိုက် ပို့လိုက်လေသည်။
အစမ်းသပ်ခံ နယ်မြေ ပြီးဆုံးသွားလျှင်တော့ သူမကို သေချာ ဆုံးမရဦးမည်ဟု တွေးကာ ကျိုးဟန် ၏ မျက်နှာတွင် ယုတ်မာသော အပြုံးတစ်ခု ပေါ်လာလေသည်။
"ဒါနဲ့ ရှန်းနင် ရဲ့ အခြေအနေ က ဘယ်လိုလဲ... ဘာလို့ ပြန်မလာသေးတာလဲ... တစ်ခုခု များ ဖြစ်နေလို့လား..."
ဟန်ရှန်းနင် ကို သတိရသွားသဖြင့် ကျိုးဟန် က အနည်းငယ် စိုးရိမ်တကြီး ဖြင့် မေးလိုက်လေသည်။
"သူမ နိုးထခြင်း တာဝန် ကို ပြီးမြောက်ချိန်မှာ တိုက်ဆိုင်စွာ နဲ့ပဲ ရှေးဟောင်း အမွေအနှစ် တစ်ခု ကို တွေ့သွားခဲ့တယ်..."
"အခု တားမြစ် နယ်မြေ ထဲမှာ ရှိနေသေးတယ်... လောလောဆယ် ထွက်လာလို့ မရသေးဘူး..."
ဟန်ချင်ရွှဲ့ က ရှင်းပြလိုက်လေသည်။
"ဒီ ကောင်မလေး ရဲ့ ကံ က မဆိုးဘူးပဲ..."
ကျိုးဟန် က သက်ပြင်းချကာ ပြောလိုက်လေသည်။
"ဟီးဟီး... ကျွန်မတို့ ညီအစ်မ နှစ်ယောက် က နောင်ကျရင် ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်တည်နိုင်မှာပါ... ကျိုးဟန် ရဲ့ မိန်းမ တွေ ဖြစ်နေလျက် နဲ့ စွမ်းအား အရမ်း အားနည်းနေရင် ရှင့် မျက်နှာ ပျက်စရာ ဖြစ်နေမှာပေါ့..."
ဟန်ချင်ရွှဲ့ က ပြုံး၍ ပြောလိုက်လေသည်။