← Chapters

အခန်း ၂၁၅

Vol. 22 Ch. 215

အခန်း ၂၁၅

Vol. 22 Ch. 215

အခန်း ၂၁၅ ရှင်က လူဆိုးပဲ

ထို့အပြင် သူတို့ နှစ်ယောက် ကြားတွင်လည်း ရင်းနှီးသော အချစ်ရေး ဆက်ဆံရေး ရှိခဲ့ဖူးလေသည်။

မေအောက်ရွှဲ့ ၏ ရင်ထဲတွင် သဘောကျမှု များ ပြည့်နှက်နေလေသည်။

ထို့ကြောင့် အကျိုးအကြောင်း ဆင်ခြင်မှု အရ သော်လည်းကောင်း ခံစားချက် အရ သော်လည်းကောင်း ကျိုးဟန် သည် သူမ၏ အနာဂတ် လက်တွဲဖော် အတွက် အကောင်းဆုံး ရွေးချယ်မှု ပင်ဖြစ်သည်။

အမျိုးသမီး နှစ်ယောက် ၏ စကားဝိုင်း ကို ကြားသောအခါ...

ကျိုးဟန် အနည်းငယ် ကြောင်အမ်းသွားလေသည်။

မိမိ အရမ်း တော်လွန်းနေသဖြင့် အလှပန်း နှစ်ပွင့် ၏ လုယူခြင်း ကို ခံနေရသည်မှာ မိမိ အပြစ် ပင်ဖြစ်သည်။

'ကလေးတွေ မှ ရွေးချယ်မှာပေါ့... ငါ ကတော့ နှစ်ယောက်လုံး ကို လိုချင်တာ...'

'ဒီလို တွေးရတာ မကောင်းဘူးလား...'

သေချာပေါက် ဤသည်မှာ ကျိုးဟန် ၏ ရင်ထဲမှ စကားများသာ ဖြစ်ပြီး သူ ထုတ်မပြောခဲ့ပေ။

"ဟွန့်... ကိုယ့်ကိုယ်ကိုယ် အထင်ကြီး လွန်းနေတာပဲ... ငါ က နင့်ကို အောင်မြင်ခွင့် ပေးမှာ မဟုတ်ဘူး..."

ဟန်ချင်ရွှဲ့ က ပြင်းထန်စွာ သတိပေးလိုက်လေသည်။

"ဒါဆိုရင်လည်း စောင့်ကြည့်ရသေးတာပေါ့... ငါ ဘယ်လို ထိုးစစ်ဆင်မလဲ ဆိုတာကို..."

မေအောက်ရွှဲ့ က ပြန်လည် တုံ့ပြန်လိုက်လေသည်။

...

ထို့နောက် အမျိုးသမီး နှစ်ယောက် သည် အဆက်မပြတ် စကားများ နေကြပြီး ကျိုးဟန် ပင် ဝင်ပြော၍ မရတော့ပေ။ ဝင်ရောက် တားဆီးရန် ကြိုးစားလေ သူတို့၏ ဒေါသများ ပိုမို ကြီးထွားလာလေ ဖြစ်သဖြင့် နောက်ဆုံးတွင် ကျိုးဟန် သည် လုံးဝ လွှတ်ထားလိုက်တော့သည်။

"အစ်ကိုဟန် က တကယ်ကို အစွမ်းထက် တာပဲ... အလှပန်း နှစ်ပွင့် ကို တစ်ပြိုင်တည်း ဆွဲဆောင် နိုင်တယ် ဆိုတော့... သာမန် လူတွေ သာ ဒီလို အခြေအနေ မျိုး နဲ့ ကြုံရင် အိပ်မက် ထဲမှာတောင် ရယ်နေမိမှာ သေချာတယ်..."

"ဒါက ဘာမှ မဟုတ်သေးဘူး... ဒီအပြင် အစ်ကိုဟန် မှာ ဓားနတ်ဘုရား နန်းတော် ထဲက မိန်းမချောလေး တစ်ယောက် လည်း ရှိသေးတယ်..."

"အဲဒီလောက် တောင် မိုက်တာလား... NPC ကိုတောင် လက်ဆော့ နေပြီလား..."

"ဒီလို ကံကောင်းမှု မျိုး ငါ ဘယ်တော့ ရမလဲ မသိဘူး..."

"မင်း မကြာခင် ရတော့မှာပါ... ဒီည အိပ်မက် ထဲမှာ လေ..."

အမျိုးသမီး နှစ်ယောက် စကားများ နေကြသည့် အသံ က အတော်လေး ကျယ်လောင်သဖြင့်...

လူတိုင်း အလွန် ရှင်းလင်းစွာ ကြားနေရပြီး...

ကျိုးဟန် ကို လက်မထောင် ပြ နေကြလေသည်။

"နင် က မကျေနပ်ဘူး မဟုတ်လား... အကြီးကြီး လောင်းရဲလား..."

ဟန်ချင်ရွှဲ့ က စိန်ခေါ်လိုက်လေသည်။

"ဘာ အကြီးကြီး လဲ... ပြောလိုက်လေ... ငါ အကုန် လက်ခံတယ်..."

မေအောက်ရွှဲ့ က မေးလိုက်လေသည်။

"အရမ်း လွယ်ပါတယ်... ငါတို့ အလောင်းအစား လုပ်ရအောင်... ရှုံးတဲ့ သူက ကျိုးဟန် ကို ထားခဲ့ပြီး သုံးနှစ် အတွင်း သူ့ကို လုံးဝ မရှာရဘူး..."

"ငါ လက်ခံတယ်... အလောင်းအစား စည်းကမ်း ကို ပြော..."

"အရမ်း လွယ်ပါတယ်... ငါတို့ တစ်ယောက် ကို လူ နှစ်ရာ စီ ပါတဲ့ အဖွဲ့ ကို ဦးဆောင်ပြီး တစ္ဆေ တစ်ရာ ည တိုက်ပွဲ အစမ်းသပ်ခံ နယ်မြေ ထဲ ဝင်မယ်..."

"ဘယ်သူ ဦးဆောင်တဲ့ အဖွဲ့ က အမှတ် ပိုများလဲ ဆိုတာ ကြည့်ပြီး နိုင်တဲ့ သူ ကို ဆုံးဖြတ်မယ်..."

"သေချာတာပေါ့... တရားမျှတမှု ရှိစေဖို့ အတွက် ရွေးချယ်တဲ့ အဖွဲ့ဝင် တွေ ထဲမှာ အဆင့် သတ်မှတ်ချက် အမြင့်ဆုံး တစ်ရာ ထဲက လူတွေ မပါရဘူး..."

ဟန်ချင်ရွှဲ့ က အလောင်းအစား စည်းကမ်း များကို အလျင်အမြန် ပြောပြလိုက်လေသည်။

မေအောက်ရွှဲ့ ၏ မျက်လုံးများ အနည်းငယ် တုန်လှုပ်သွားလေသည်။

သုံးနှစ် ကြာ ကျိုးဟန် နှင့် မတွေ့ရဘူး ဆိုတော့...

ရှုံးနိမ့်မှု ၏ ရလဒ် မှာ အလွန် ကြီးမားလှသည်။

သို့သော် စကား က ဒီအထိ ရောက်နေပြီ ဖြစ်ရာ တစ်ဖက်လူ သည် လက်ရှိ အဆင့် သတ်မှတ်ချက် ထိပ်ဆုံး သုံးယောက် စာရင်းဝင် ဖြစ်နေလျှင်တောင်...

သူမ သည် လုံးဝ နောက်ဆုတ်မည် မဟုတ်သကဲ့သို့ အလျှော့ပေးမည်လည်း မဟုတ်ပေ။ သူမ က အေးစက်စွာ ဖြင့် ပြောလိုက်လေသည်။

"ရတာပေါ့... ကတိအတိုင်းပဲနော်..."

စကားပြောပြီးနောက် သူမ သည် လက်ဝှေ့ယမ်း ကာ အဖွဲ့ဝင်များ သွားရောက် စုဆောင်းတော့သည်။

ကျိုးဟန် သည် မေအောက်ရွှဲ့ ထွက်သွားသော ကျောပြင် ကို ကြည့်ကာ တစ်ခုခု ပြောရန် ပြင်လိုက်သော်လည်း...

နောက်ဆုံးတွင် ဘာမှ မပြောဖြစ်ခဲ့ပေ။

ပြဿနာ အားလုံး သည် သူ၏ ကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

ယခု အချိန်တွင် သူ ဘာမှ မပြောဘဲ နေခြင်း က အကောင်းဆုံး ပင်ဖြစ်သည်။

"ဘယ်လိုလဲ... ရင်ထဲမှာ နှမြော နေပြီလား..."

"ဒီလို ရေခဲတုံး လို မိန်းမလှလေး ကို အောင်နိုင်ရတာ သေချာပေါက် အရမ်း ခံစားလို့ ကောင်းမှာပဲ..."

ဟန်ချင်ရွှဲ့ ၏ နောက်ပြောင်သော အသံ ထွက်ပေါ်လာပြီး...

သူမ၏ လက်လေး က ကျိုးဟန် ၏ ခါး မှ အသားစ ကို လိမ်ဆွဲထားကာ လေထု ထဲတွင် သဝန်တို သော အနံ့များ ပြည့်နှက်နေလေသည်။

"ချင်ရွှဲ့... ကိုယ် ရှင်းပြတာ နားထောင်ပါဦး... ကိုယ့် ရင်ထဲမှာ မင်း က အလှဆုံး ပါ..."

"ကိုယ် က အရမ်း ရိုးသားပါတယ်... တခြား မိန်းကလေး တွေကို ဘယ်တုန်းကမှ အရင် မစခဲ့ဖူးပါဘူး..."

ကျိုးဟန် ၏ မျက်နှာ မရဲ သကဲ့သို့ ရင်ခုန်သံ လည်း မမြန်ပေ။

သေချာပေါက် ဤသည်မှာ အမှန်တရား ပင်ဖြစ်သည်။

သေချာ ပြန်တွေးကြည့်မည် ဆိုလျှင် တကယ်ကို ထိုသို့ ပင်ဖြစ်သည်။

ဝမ်ယွီဟယ်... ဆုန့်ယွီရှန်း... ရှီးယောင်... ဝေ့ရှောင်ချန်း တို့ အားလုံး က သူ့ကို အရင် စတင်ခဲ့ကြခြင်း ဖြစ်သည်။

ထို့ကြောင့် ကျိုးဟန် သည် လိမ်ညာ နေခြင်း မဟုတ်ပေ။

"ဟွန့်... နားထောင်ကောင်းအောင် လျှောက်ပြောနေတာပဲ... အရင်က ရှန်းနင် ရှေ့မှာ ရှင် က ရိုးသားတယ် လို့တောင် ပြောခဲ့သေးတယ်..."

ဟန်ချင်ရွှဲ့ က မျက်စောင်း ထိုးကာ ပြောလိုက်သော်လည်း မျက်နှာပေါ်ရှိ အပြုံး က သူမ၏ အစစ်အမှန် ခံစားချက် ကို ဖော်ပြနေလေသည်။

"အွန်း..."

ယခု အချိန်တွင် စကားလမ်းကြောင်း လွှဲရန် လိုအပ်လေသည်။ ဆက်ပြောနေလျှင် အမှားများ ပိုမို ပေါ်လွင်လာမည် ဖြစ်သည်။

ကျိုးဟန် သည် ဟန်ချင်ရွှဲ့ ကို ဖက်ကာ...

သူမ၏ မွှေးပျံ့သော နှုတ်ခမ်းလေး ကို ပြင်းပြစွာ နမ်းရှိုက်လိုက်လေသည်။

သူ၏ ဆိုးသွမ်းသော လက်များ ကလည်း အင်္ကျီ ထဲသို့ ဝင်ရောက်သွားပြီး...

မကြာမီ ဟန်ချင်ရွှဲ့ ၏ မျက်လုံးများ မှေးစင်းသွားကာ...

သူမ ကို အောင်မြင်စွာ ဖမ်းစားနိုင်ခဲ့လေသည်။

အချိန် အတန်ကြာ နမ်းရှိုက် ပြီးနောက် ဟန်ချင်ရွှဲ့ သည် ကျိုးဟန် ၏ ရင်ခွင်ထဲတွင် ချိုမြိန်စွာ မှီနေပြီး...

ထို့နောက် သက်ပြင်းချကာ ပြောလိုက်လေသည်

"ဟူး... နတ်ဘုရား နဲ့ မိစ္ဆာ ကမ္ဘာ ကို ရောက်လာပြီး ကတည်းက ကျွန်မ နားလည်သွားပါပြီ... ရှင် လို အစွမ်းထက်တဲ့ ယောကျ်ား တစ်ယောက် ကို ကျွန်မ တစ်ယောက်တည်း ပိုင်ဆိုင်ထားလို့ မရဘူး ဆိုတာလေ... ဒီနေ့ ရောက်လာမယ် ဆိုတာ သိပြီးသားပါ..."

"ဒါဆို စောစောက မင်း ဘာလို့ မေအောက်ရွှဲ့ နဲ့ အလောင်းအစား လုပ်ခဲ့တာလဲ..."

ကျိုးဟန် က မေးလိုက်လေသည်။

"ရှင် က လူဆိုး ပဲ... ကျွန်မ ကို အသားကျဖို့ အချိန် နည်းနည်းတော့ ပေးရမှာပေါ့..."

"စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပေမယ့်လည်း တကယ်တမ်း ဒီလို အခြေအနေ မျိုး နဲ့ ကြုံလာရတော့ ရင်ထဲမှာ မသက်မသာ ဖြစ်မိတာ အမှန်ပဲ..."

ဟန်ချင်ရွှဲ့ က မျက်စောင်း ထိုးကာ အနည်းငယ် ညည်းတွားလိုက်လေသည်။

မည်သို့ပင်ဆိုစေ သူမ သည် ခေတ်သစ် အမျိုးသမီး တစ်ယောက် ဖြစ်ရာ...

အချိန်တို အတွင်း ဤကဲ့သို့သော ကိစ္စ မျိုးကို လက်ခံရန် ဆိုသည်မှာ မလွယ်ကူလှပေ။

"ဒါက... ချင်ရွှဲ့... တကယ်ကို အားနာပါတယ် ကွာ..."

ကျိုးဟန် က စိတ်မကောင်းစွာ ဖြင့် ပြောလိုက်လေသည်။

သူမ ဤမျှ သဘောထား ကြီးပြီး နားလည်ပေးနိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

"ဒါပေမဲ့ ဒီ အလောင်းအစား... တကယ်လို့ မင်း ရှုံးသွားရင် ဘယ်လိုလုပ်မလဲ... ကိုယ် က မင်းကို သုံးနှစ် တောင် မတွေ့ရဘဲ မနေနိုင်ဘူး..."

ကျိုးဟန် က စိုးရိမ်တကြီး ဖြင့် ပြောလိုက်လေသည်။

"အရူးလေး... အလောင်းအစား ထဲမှာ ကျွန်မ က ရှင့်ကို အရင် လာမရှာရဘူး လို့ပဲ ပါတာလေ... ကျွန်မ က မလာပေမယ့် ရှင် က ကျွန်မ ကို လာရှာလို့ မရဘူးလား..."

ဟန်ချင်ရွှဲ့ က ပြုံး၍ ပြောလိုက်လေသည်။

"အော်... ဟုတ်သားပဲ... မင်း က အစကတည်းက စီစဉ်ထားပြီးသား ကိုး..."

ကျိုးဟန် ချက်ချင်း သဘောပေါက်သွားလေသည်။ စောစောက အမျိုးသမီး နှစ်ယောက် ရန်ဖြစ်မည်ကို စိုးရိမ်နေသဖြင့် အသေးစိတ် အချက်အလက် များကို သတိမထားမိခဲ့ပေ။

ဤသို့ ဆိုလျှင် ဤ အလောင်းအစား က ဘာမှ အဓိပ္ပာယ် မရှိတော့ပေ။

အမျိုးသမီး နှစ်ယောက် ကြားက ဂုဏ်သိက္ခာ ပြိုင်ဆိုင်မှု သက်သက် သာ ဖြစ်သည်။

"ပြီးတော့ ကျွန်မ ရှုံးမယ် လို့ ရှင် ထင်နေတာလား... ရှင် က ကျွန်မကို SS အဆင့် ပင်ကိုစွမ်းရည် ပေးထားတာလေ..."

"ဟို မေအောက်ရွှဲ့ က အမြဲတမ်း မျက်နှာတည်ကြီး နဲ့ မောက်မာ နေတာ... မြင်ရတာ အမြင်ကတ် လို့ နည်းနည်း ပညာပေးရမယ်..."

ကျိုးဟန် - "..."

ကြည့်ရသည်မှာ ဤသည်မှာ နေရာလုပွဲ တစ်ခု ဖြစ်ပြီး နည်းလမ်း မကြမ်းတမ်း ပါက နေရာ တည်မြဲမည် မဟုတ်ပေ။

ယခု အချိန်တွင် ကောင်းမွန်သော ပြိုင်ဆိုင်မှု သာ ဖြစ်သဖြင့် ကျိုးဟန် သည် ဝင်ရောက် စွက်ဖက်မည် မဟုတ်ပေ။

သူတို့ သဘောအတိုင်း သာ လွှတ်ထားလိုက်မည် ဖြစ်သည်။

"ကောင်းပြီလေ... မင်း အခု သွားပြီး အဖွဲ့ဝင် တွေ ရွေးတော့... ကိုယ် လည်း အဖွဲ့ တွေ ခွဲပေးရဦးမယ်..."

စကားပြောရင်း ကျိုးဟန် သည် လက်ရှိ အဆင့် သတ်မှတ်ချက် စာရင်း ကို တစ်ချက် ကြည့်လိုက်လေသည်။

နယ်မြေ ၆၆၆ ၏ အဆင့် သတ်မှတ်ချက်

၁... ကျိုးဟန် (လေပြင်း ဓားနတ်ဆိုး)... ၅၅ အဆင့် (၁၀.၀၀ ရာခိုင်နှုန်း)

၂... ဟန်ရှန်းနင် (ဓာတ် ထိန်းချုပ်သူ)... ၄၈ အဆင့် (၇၇.၁၁ ရာခိုင်နှုန်း)

၃... ဟန်ချင်ရွှဲ့ (သတင်းကောင်း ဖြန့်ဝေသူ)... ၄၈ အဆင့် (၆၅.၈၈ ရာခိုင်နှုန်း)

၄... မေအောက်ရွှဲ့ (ရေခဲ ဓာတ် ထိန်းချုပ်သူ)... ၄၅ အဆင့် (၈၉.၇၃ ရာခိုင်နှုန်း)

၅... အိုးဟွမ် (အာဏာရှင် ဓားသမား)... ၄၁ အဆင့် (၅၆.၆၅ ရာခိုင်နှုန်း)

၆... ကုံးထျို့ (ပေါက်ကွဲ မီးလျှံ မုဆိုး)... ၄၁ အဆင့် (၅၀.၀၂ ရာခိုင်နှုန်း)

၇... ကျားဖေးချိုး (ရူးသွပ် စစ်သည်)... ၄၁ အဆင့် (၁၀.၁၄ ရာခိုင်နှုန်း)

၈... လင်ဖန် (အမှောင် လှံ ကိုင်ဆောင်သူ)... ၄၀ အဆင့် (၇၃.၅၃ ရာခိုင်နှုန်း)

၉... ကျန်းတယ်ရွှိုက် (လေလွင့် သေနတ်သမား)... ၄၀ အဆင့် (၅၉.၁၀ ရာခိုင်နှုန်း)

၁၀... ဝမ်ရွှိုက် (ဓား သခင်)... ၄၀ အဆင့် (၄၀.၃၁ ရာခိုင်နှုန်း)

၁၁... ချင်ထျန်း (သူရဲကောင်း)... ၄၀ အဆင့် (၄၀.၃၁ ရာခိုင်နှုန်း)

၁၂... လျိုပေါ် (သစ် ဓာတ် ထိန်းချုပ်သူ)... ၄၀ အဆင့် (၃၈.၃၀ ရာခိုင်နှုန်း)

၁၃... လီရွေ့ (မီး ဓာတ် ထိန်းချုပ်သူ)... ၄၀ အဆင့် (၃၇.၃၂ ရာခိုင်နှုန်း)

၁၄... ကျိုးခိုင် (လက်ဝှေ့ ဘုရင်)... ၄၀ အဆင့် (၃၆.၃၃ ရာခိုင်နှုန်း)

၁၅... လုပွန်ဝေ့ (ထီး ကိုင်ဆောင်သူ)... ၄၀ အဆင့် (၂၂.၃၁ ရာခိုင်နှုန်း)

ကျိုးဟန် သည် တစ်ချက် လေ့လာကြည့်လိုက်ပြီး အသေးစိတ် ဆက်မကြည့်တော့ပေ။

လက်ရှိ ဂိုဏ်း အတွင်းတွင် အဆင့် သတ်မှတ်ချက် ထိပ်ဆုံး နှစ်ဆယ် သည် အဆင့် လေးဆယ် သို့ ရောက်ရှိနေပြီ ဖြစ်သည်။

မေအောက်ရွှဲ့ သည် ယခင်က ရရှိခဲ့သော မြစိမ်းရောင် သစ်သီး ဆုလာဘ် ကြောင့်...

အဆင့် တက်နှုန်း အလွန် မြန်ဆန်ပြီး အဆင့် သတ်မှတ်ချက် စတုတ္ထ နေရာ သို့ ရောက်ရှိနေလေသည်။

ကျိုးဟန် ခေါင်းညိတ်လိုက်ပြီး လူရွေးချယ်ရန် ဆုံးဖြတ်လိုက်လေသည်။

အဆင့် သတ်မှတ်ချက် ထိပ်ဆုံး ဆယ်ယောက် ကို အဖွဲ့ ခေါင်းဆောင် အဖြစ် ခန့်အပ်မည် ဖြစ်သည်။

လူ နှစ်ထောင် ရှိသော ဂိုဏ်း ဖြစ်သဖြင့် အတိအကျ ခွဲဝေ၍ ရလေသည်။

All Chapters