အခန်း ၂၁၉
Vol. 22 Ch. 219
အခန်း ၂၁၉ ရတနာမြေပုံလား
"ဂိုဏ်းချုပ်... တောင်းပန်ပါတယ်... တကယ်ကို အရမ်း ဝမ်းသာကြည်နူးသွားလို့ပါ..."
လီအာဂိုးက အားနာစွာဖြင့် ပြောလိုက်လေသည်။
"ရပါပြီ... သွားစရာရှိတာ မြန်မြန်သွားလုပ်ပါ... နတ်ဘုရားသတ်ဖြတ်ခြင်း နန်းတော်ကို ရောက်လာမှတော့ အားလုံးက ညီအစ်ကိုတွေချည်းပါပဲ..."
ကျိုးဟန်က မမှုသလိုဖြင့် ပြောလိုက်လေသည်။
ထို့နောက် သူသည် မှော်လက်နက်၏ ဖန်သားပြင်ကို ဖွင့်ကာ ပြောင်းလဲမှုများကို စစ်ဆေးကြည့်လိုက်လေသည်။
ဝိညာဉ်တံခွန် (၁၀ ကြိမ်မြှင့်)
အရည်အသွေး - နတ်ဘုရားအဆင့် ( ကြယ် ၁ ပွင့်)
အမျိုးအစား - မှော်လက်နက်
အဓိက ဝိညာဉ် - ၁ / ၉ (ထောင်ထျဲ့ - လောဘမိစ္ဆာ)
ဝိညာဉ် အရေအတွက် - ၁၀၃၄၂ / ၁ သန်း
အထူး အကျိုးသက်ရောက်မှု - အဆုံးမဲ့ လောဘတကြီး စားသောက်ခြင်း (ထောင်ထျဲ့ စုပ်ယူစားသောက်လိုက်သော မည်သည့်စွမ်းအင်မျိုးမဆို၏ ၁၀ ရာခိုင်နှုန်းကို ဝိညာဉ်တံခွန်ပိုင်ရှင်ထံသို့ ပြန်လည်လွှဲပြောင်းပေးမည်)
ရှင်းလင်းချက် - ဝိညာဉ်များအပေါ် အကြွင်းမဲ့ ဖိနှိပ်နိုင်စွမ်းရှိပြီး ၎င်းတို့ကို စုပ်ယူကာ အဆက်မပြတ် အဆင့်တက်နိုင်သည်
ဖော်ပြချက် - ဝိညာဉ်ဧကရာဇ် ဖန်တီးခဲ့သော မှော်လက်နက်ဖြစ်ပြီး ဝိညာဉ်တစ်သန်းအထိ စုပ်ယူနိုင်သည်... ၎င်းအတွင်း၌ အဓိကဝိညာဉ် ၉ ခု ထည့်သွင်းနိုင်သည်... အဓိကဝိညာဉ်၏ အရည်အသွေး မြင့်မားလေ ထုတ်ဖော်နိုင်သောစွမ်းအား ပိုမိုကြီးမားလေဖြစ်ကာ အဆင့်ကျော်လွန်၍ပင် အလွယ်တကူ တိုက်ခိုက်နိုင်သည်
သတိပေးချက် - ဝိညာဉ်အရေအတွက် ၁ သိန်း သို့ ရောက်ရှိပါက ဝိညာဉ်တံခွန်၏ အရည်အသွေး တိုးတက်လာမည်ဖြစ်သည်... အရည်အသွေး တိုးတက်ပြီးနောက် အဓိကဝိညာဉ်၏ စွမ်းရည်နှင့် အထူးအကျိုးသက်ရောက်မှုများသည် ပိုမိုအစွမ်းထက်လာမည် ဖြစ်သည်
"အထူးအကျိုးသက်ရောက်မှုကပါ ပိုပြီး အစွမ်းထက်လာဦးမှာလား..."
ကျိုးဟန်၏ မျက်ခုံးများ ပင့်တက်သွားပြီး အလွန်ဝမ်းသာသွားလေသည်။
ဤသို့ဆိုလျှင် အဆုံးမဲ့ လောဘတကြီး စားသောက်ခြင်း ၏ တုံ့ပြန်မှုမှတစ်ဆင့် သူသည် ပိုမိုများပြားသော စွမ်းအားများကို စုပ်ယူနိုင်တော့မည်ဖြစ်သည်။
လိုအပ်သော သတ်မှတ်ချက်မှာ ဝိညာဉ်တစ်သိန်းကို စုပ်ယူရန်ဖြစ်သည်။
အခြားနေရာတွင်သာဆိုလျှင် အချိန်တိုအတွင်း ဝိညာဉ်အများအပြား ရှာဖွေနိုင်ရန် ကျိုးဟန် ယုံကြည်မှု ရှိမည်မဟုတ်သော်လည်း...
ယခုတော့ သူ သိပ်ပြီး စိုးရိမ်စရာ မလိုတော့ပေ။
ဤနေရာမှာ တစ္ဆေတစ်ရာ ညတိုက်ပွဲ အစမ်းသပ်ခံနယ်မြေ ဖြစ်နေလေပြီ။ ဘာတွေ အများဆုံးရှိနေမလဲဆိုလျှင် သေချာပေါက် တစ္ဆေဝိညာဉ်တွေပင် ဖြစ်သည်။
ဝိညာဉ်တစ်သိန်းဆိုသည်မှာ လွယ်လွယ်ကူကူပင် ရှာဖွေနိုင်ပြီး တစ်သန်းဆိုသည်မှာလည်း အိပ်မက် မဟုတ်တော့ပေ။
"ဂိုဏ်းချုပ်... ကျွန်တော်တို့ ပစ္စည်းတွေအားလုံး ရေတွက်စာရင်းရှင်းပြီးပါပြီ... ဒါက ရလာတဲ့ ပစ္စည်းတွေ အားလုံးပါ..."
"စိန်အဆင့် လက်နက်ကိရိယာ စုစုပေါင်း ၂၆၁၁ ခု... ကြယ်ရောင်အဆင့် လက်နက်ကိရိယာ ၂၀၈ ခုနဲ့ အခြား အပိုင်းအစတချို့ ရရှိပါတယ်... ဂိုဏ်းချုပ် ခွဲဝေပေးဖို့ စောင့်နေပါတယ်..."
လုပွန်ဝေ့သည် တိုက်ပွဲဝင်ပစ္စည်းများကို စနစ်တကျ စုစည်းပြီးနောက် ယူဆောင်လာကာ ရိုသေစွာဖြင့် သတင်းပို့လိုက်လေသည်။
"မင်းတို့ဘာသာပဲ ခွဲဝေလိုက်ကြပါ..."
"ဒါ... ဒါပေမဲ့ ဂိုဏ်းချုပ်... ကျွန်တော်က ဂိုဏ်းချုပ်လောက် သြဇာအာဏာ မရှိပါဘူး... နည်းတာကို မစိုးရိမ်ရပေမယ့် မမျှတမှာကိုတော့ စိုးရိမ်ရတယ် ဆိုတဲ့အတိုင်း... ဒီအရေအတွက်ကို အညီအမျှ မခွဲဝေပေးနိုင်ရင် အဖွဲ့ဝင်တွေကြားထဲမှာ သေချာပေါက် မကျေမနပ် ဖြစ်စရာတွေ ပေါ်လာနိုင်ပါတယ်..."
လုပွန်ဝေ့သည် အခက်အခဲ ဖြစ်နေဟန်ဖြင့် ပြောလိုက်လေသည်။
"ဒါဆိုရင် အရင် အညီအမျှခွဲလိုက်ကြ... ပိုလျှံနေတာတွေကိုတော့ ခဏသိမ်းထားပြီး ကြိုးစားပမ်းစား လုပ်ဆောင်နေတဲ့ အဖွဲ့ဝင်တွေကို အပိုဆုချလိုက်... ကြိုးစားတဲ့သူတွေ စိတ်မပျက်သွားစေနဲ့..."
ကျိုးဟန်သည် ချက်ချင်း ဆုံးဖြတ်ချက်ချလိုက်လေသည်။ ဤကဲ့သို့သော အသေးအဖွဲကိစ္စများအတွက် သူ အချိန်မဖြုန်းလိုပေ။
"ဂိုဏ်းချုပ် တကယ် တော်ပါပေတယ်... ဒီလိုခွဲဝေလိုက်ရင် လူတိုင်း အနည်းဆုံး အခြေခံရစရာတော့ ရှိသွားမှာဖြစ်ပြီး လူတိုင်းရဲ့ တက်ကြွမှုကိုလည်း မြှင့်တင်ပေးနိုင်မှာပါ... ဂိုဏ်းချုပ်လို ခေါင်းဆောင်မျိုးအောက်မှာ အလုပ်လုပ်ရတာ တကယ်ကို ကျွန်တော်တို့ရဲ့ ကံကောင်းမှုပါပဲ..."
လုပွန်ဝေ့သည် ဖားယားကာ ပြုံး၍ ပြောလိုက်လေသည်။
"ကဲ... အပိုတွေ လျှောက်ပြောမနေနဲ့တော့... ဒီကိစ္စကို မင်းကိုပဲ အပ်လိုက်ပြီ..."
ကျိုးဟန်သည် ပြုံး၍ သူ့ကို တစ်ချက် ကန်လိုက်လေသည်။ ဒီကောင်က ငါ့ကိုများ လာပြီး ဖားနေသေးသည်။
ကျိုးဟန်သည် ဤကိစ္စကို လုပွန်ဝေ့ထံ အဘယ်ကြောင့် အပ်လိုက်ခြင်းနည်း။ ပထမအနေဖြင့် သူ၏ စွမ်းအားသည် အတော်အတန်ရှိပြီး အဆင့်သတ်မှတ်ချက် အဆင့် ၁၅ တွင် ရှိနေသဖြင့် အခြားသူများ မနာခံမည်ကို စိုးရိမ်စရာ မလိုပေ။ ဒုတိယအနေဖြင့် ဤကောင်သည် အလွန်လိမ္မာပါးနပ်ပြီး အလုပ်ကိစ္စများကို သွက်လက်စွာ ကိုင်တွယ်နိုင်သဖြင့် အဖွဲ့အတွင်းရှိ အသေးအဖွဲကိစ္စများကို ဖြေရှင်းရန် အတိအကျပင် အသုံးဝင်လေသည်။
"အမိန့်အတိုင်းပါ..."
လုပွန်ဝေ့၏ ရင်ထဲတွင် အလွန်ပျော်ရွှင်သွားလေသည်။ အလုပ်ကိစ္စများကို သေချာလုပ်ဆောင်နိုင်ပါက အရေးပါသောသူ ဖြစ်လာမည်မှာ သေချာလှသည်။ ဂိုဏ်းတိုးချဲ့လာသည်နှင့်အမျှ စနစ်တကျ စီမံခန့်ခွဲမှုများ သေချာပေါက် လိုအပ်လာမည်ဖြစ်ရာ သူသည် ဤအခွင့်အရေးကို အမိအရဖမ်းဆုပ်နိုင်ပါက ထင်ပေါ်ကျော်ကြားလာမည်ဖြစ်ပြီး ဂိုဏ်းချုပ်၏ နောက်သို့လိုက်ကာ စည်းစိမ်ချမ်းသာများကို ခံစားရမည်ဖြစ်သဖြင့် အလွန်ကြည်နူးစရာ ပင်ဖြစ်သည်။
...
လက်နက်ကိရိယာများကို ခွဲဝေရရှိသွားကြသော အဖွဲ့ဝင်များသည် ရင်ထဲတွင် အလွန်ကျေနပ်အားရနေကြပြီး ဂရုထဲတွင် မနေနိုင်မထိုင်နိုင် ကြွားလုံးထုတ်နေကြလေသည်။
ရန်တင်းထျန်း - "အစ်ကိုတို့... အခုလေးတင် ရလိုက်တဲ့ ကြယ်ရောင်အဆင့် လက်နက်... ပူပူနွေးနွေးလေးပဲ ရှိသေးတယ်..."
ကျန်းရှောင်ပိုင် - "ဝိုး... ဒါ ဘာလဲ ကြည့်လိုက်စမ်း... ကြယ်ရောင်အဆင့် ဝတ်စုံအပြည့်... အားကျစရာ မကောင်းဘူးလား..."
တိုင်ရှောင်မေ - "ငါ့ဆီမှာရှိတဲ့ ထိပ်တန်းရတနာဓား ရွှေကွင်းတပ် ဓားမကြီး ကို ကြည့်... အစ်ကိုဟန်နဲ့ တစ်ဖွဲ့တည်းကျတော့ ဒီလို အကျိုးကျေးဇူးတွေ ရတာပေါ့... မင်းတို့ သိတဲ့အတိုင်းပဲလေ..."
လျိုပေါ် - "သောက်ကျိုးနည်း... မင်းတို့တွေ လက်နက်တိုက်ကိုများ သွားလုလာကြတာလား... လူတိုင်း ကြယ်ရောင်အဆင့် ပစ္စည်းတွေ ရနေကြတာလား..."
ချင်ထျန်း - "တကယ် ဘာတွေ ဖြစ်ကုန်တာလဲ... ဘာလို့ ဒီလောက် အများကြီး ရတာလဲ..."
လုပွန်ဝေ့ - "ဂိုဏ်းချုပ်က အစွမ်းတွေ ပြလိုက်တာလေ... တစ်ချက်တည်းနဲ့ တစ္ဆေသောင်းချီကို သတ်နိုင်ခဲ့တာ... အရမ်းကို မောက်မာခန့်ညားလွန်းတယ်..."
ဝမ်ရွှိုက် - "သေစမ်း... အဲဒီလောက်တောင် ကြောက်စရာကောင်းတာလား... ဘာလို့ ငါမှ အဖွဲ့ခေါင်းဆောင် သွားဖြစ်နေရတာလဲ... အစ်ကိုဟန်နဲ့ တစ်ဖွဲ့တည်းကျမယ့် အခွင့်အရေးကို ဆုံးရှုံးလိုက်ရပြီ..."
ရန်တင်းထျန်း - "ရယ်စရာအကောင်းဆုံးက ငါတို့အရင်က သူ့စွမ်းအားကို မယုံကြည်ခဲ့ကြတာပဲ... အခုမှ ပြန်တွေးကြည့်တော့ ငါတို့က တကယ့် အရူးတွေပဲ..."
အိုးဟွမ် - "မင်းတို့က တကယ်ကို အရူးတွေပဲ... အစ်ကိုဟန်ရဲ့ စွမ်းအားက မင်းတို့စိတ်ကူးထက် အများကြီး ပိုအစွမ်းထက်တယ်... မင်းတို့မြင်ခဲ့ရတာက ရေခဲတောင်ရဲ့ အစွန်းလေးတစ်ခုသာ ဖြစ်တယ်... ငါ့ခန့်မှန်းချက်အရဆို သူက သူ့စွမ်းအား ဆယ်ပုံတစ်ပုံတောင် အသုံးမပြုရသေးဘူးလို့ ထင်တယ်..."
လီဂိုးရှန့် - "ဒီလောက်တောင် လွန်လွန်းနေတာလား..."
ကုံးထျို့ - "မင်းတို့ အမြင်ကျဉ်းလွန်းတယ်... မကြာခင်မှာ မင်းတို့ ပိုပြီး အံ့ဩသွားကြလိမ့်ဦးမယ်..."
ထင်ရှားသည်မှာ ကျိုးဟန်နှင့်အတူ အဖွဲ့ဖွဲ့ခဲ့ဖူးသော အိုးဟွမ်နှင့် ကုံးထျို့တို့သည် ကျိုးဟန်၏ အစွမ်းထက်သောစွမ်းအားကို အလွန်သိရှိကြသည်။ လူတိုင်း ပိုမို အံ့အားသင့်သွားကြသည်။ စွမ်းအားဆယ်ပုံတစ်ပုံတောင် မသုံးရသေးဘူးဆိုပါက သူသည် မည်မျှတောင် အစွမ်းထက်နေသနည်း ဆိုသည်မှာ သူတို့၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေလေပြီ။
ထို့နောက် ကျိုးဟန်သည် လူတိုင်းကို ခေါ်ဆောင်ကာ အဆုံးအစမရှိသော မီးခိုးရောင်လွင်ပြင်ကြီးပေါ်တွင် ဆက်လက် ခရီးနှင်လေသည်။
နောက်ပိုင်းတွင်တော့ ကြီးမားသော တိုက်ပွဲမျိုး မတွေ့ရတော့ဘဲ ဟိုတစ်ကောင် ဒီတစ်ကောင် ကွဲထွက်နေသည့် သားရဲအနည်းငယ်ကိုသာ တွေ့ရလေသည်။ ဓားအလင်းတန်းများ လွင့်ပျံသွားကာ ဖြတ်သန်းသွားသမျှ နေရာတိုင်းတွင် မည်သူမျှ မတားဆီးနိုင်ပေ။
"သင်သည် မှော်လက်နက် ဝိညာဉ်တံခွန်ကို အသုံးပြု၍ သွေးဝိညာဉ်သားရဲကို အောင်မြင်စွာ စုပ်ယူလိုက်ပါသည်... သင်သည် အတွေ့အကြုံ ၃၂၀၀ ရရှိပါသည်... သင်သည် အစမ်းသပ်ခံနယ်မြေ အမှတ် ၁ မှတ် ရရှိပါသည်... သင်သည် အမြင့်ဆုံးအဆင့် အဆင့်မြှင့်တင်ရေးအမှတ် ၁ မှတ် ရရှိပါသည်..."
"သင်သည် မှော်လက်နက် ဝိညာဉ်တံခွန်ကို အသုံးပြု၍ အေးစက်သော တစ္ဆေစစ်သည်ကို အောင်မြင်စွာ စုပ်ယူလိုက်ပါသည်... သင်သည် အတွေ့အကြုံ ၃၆၀၀ ရရှိပါသည်... သင်သည် အစမ်းသပ်ခံနယ်မြေ အမှတ် ၁ မှတ် ရရှိပါသည်... သင်သည် အမြင့်ဆုံးအဆင့် အဆင့်မြှင့်တင်ရေးအမှတ် ၁ မှတ် ရရှိပါသည်..."
"သင်သည် မှော်လက်နက် ဝိညာဉ်တံခွန်ကို အသုံးပြု၍ မီးလျှံပိုးတောင်မာကို အောင်မြင်စွာ စုပ်ယူလိုက်ပါသည်... သင်သည် အတွေ့အကြုံ ၃၅၀၀ ရရှိပါသည်... သင်သည် အစမ်းသပ်ခံနယ်မြေ အမှတ် ၁ မှတ် ရရှိပါသည်..."
"သင်သည် မှော်လက်နက် ဝိညာဉ်တံခွန်ကို အသုံးပြု၍ သွေးနက်ပုတ်သင်ညိုကို အောင်မြင်စွာ စုပ်ယူလိုက်ပါသည်... သင်သည် အတွေ့အကြုံ ၃၆၀၀ ရရှိပါသည်... သင်သည် အစမ်းသပ်ခံနယ်မြေ အမှတ် ၁ မှတ် ရရှိပါသည်... သင်သည် အမြင့်ဆုံးအဆင့် အဆင့်မြှင့်တင်ရေးအမှတ် ၁ မှတ် ရရှိပါသည်..."
ဤနေရာသည် တစ္ဆေဝိညာဉ်နယ်မြေဖြစ်ပြီး တစ္ဆေဝိညာဉ်များက အဓိကနေရာတွင် ရှိနေသော်လည်း အခြား သက်ရှိများလည်း ရှိနေလေသည်။
ကျိုးဟန်သည် လက်ခါလိုက်ကာ တိုက်ပွဲကို အဆုံးသတ်လိုက်လေသည်။ အဆက်မပြတ် စုဆောင်းရရှိနေသော အမြင့်ဆုံးအဆင့် အဆင့်မြှင့်တင်ရေးအမှတ်များနှင့် အစမ်းသပ်ခံနယ်မြေ အမှတ်များကို ကြားရသောအခါ ကျိုးဟန်၏ ရင်ထဲတွင် အလွန် ကျေနပ်ကြည်နူးသွားလေသည်။
လက်ရှိ ရရှိထားသော အစမ်းသပ်ခံနယ်မြေ အမှတ်မှာ ၁၃၂၂၂ နှင့် အမြင့်ဆုံးအဆင့် အဆင့်မြှင့်တင်ရေးအမှတ်မှာ ၅၉၅၀ ဖြစ်သည်။
"ဆက်ပြီး နက်နက်ရှိုင်းရှိုင်း ဝင်လာလေလေ... အခုတွေ့နေရတဲ့ သားရဲအုပ်စုတွေရဲ့ တိုက်ခိုက်ရေးစွမ်းအားက ကြယ်ရောင်အဆင့်ကို ရောက်လာလေလေပဲ..."
"ဘာမှ ပြောစရာမလိုတော့ဘူး... အစ်ကိုဟန်က အစွမ်းထက်လွန်းတယ်... ကြယ်ရောင်အဆင့် သားရဲတွေကို သတ်တာ ကြက်ပေါက်စလေးတွေကို သတ်နေသလိုပဲ..."
"အစ်ကိုဟန်ရဲ့ ဦးဆောင်မှုသာ မပါခဲ့ရင် ငါတို့လည်း အပြင်ဘက်နယ်မြေမှာပဲ အုပ်စုကွဲနေတဲ့ သားရဲအနည်းငယ်ကို သတ်နေရုံကလွဲလို့ ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး..."
ကျန်းရှောင်ပိုင်က သက်ပြင်းချကာ ပြောလိုက်လေသည်။
လမ်းတစ်လျှောက်တွင် သူတို့သည် ကစားသမားအချို့ကိုလည်း တွေ့ခဲ့ရသည်။ တစ်ဦးချင်း ကစားသမားများ မဟုတ်လျှင် အားနည်းသော အဖွဲ့များသာ ဖြစ်ကြပြီး စွမ်းအားကန့်သတ်ချက်ကြောင့် အပြင်ဘက်အကျဆုံး နယ်မြေတွင်သာ ကံစမ်းနေကြရခြင်း ဖြစ်သည်။
ကံကောင်းပါက နတ်ဆေးပင်အချို့ကို ရရှိနိုင်ပြီး ကံမကောင်း၍ ကြီးမားသော သားရဲအုပ်စုများနှင့် တွေ့ဆုံပါက သေချာပေါက် သေဆုံးဒဏ်ရာရမှု များပြားမည်မှာ သေချာလှသည်။ နှိုင်းယှဉ်ကြည့်မည်ဆိုပါက သူတို့ကတော့ အလွန်ကံကောင်းနေလှပေသည်။
"အချိန်ဆွဲ မနေကြနဲ့တော့... ပစ္စည်းတွေ မြန်မြန်ကောက်ကြ... တော်တော်မိုက်တယ်ဟ... ဒီ သွေးနက် ပုတ်သင်ညို ဆီကနေ အနက်ရောင် ည ဝတ်စုံ တစ်စုံတောင် ကျလာတယ်..."
"အကျိုးအမြတ်က ပိုပိုများလာပြီ... ငါ့ဆီမှာ ဘုရင်အဆင့် နဂါးသတ် ဓား တစ်လက် ကောက်ရတယ်..."
"ဟင်... ဒီ သိုးရေစာရွက်က နည်းနည်း ထူးဆန်းနေတယ်..."
"ဒါ ရတနာမြေပုံလား... အထဲမှာ အထူး ကိုဩဒိနိတ်အမှတ် တစ်ခုကို မှတ်သားထားတယ်…”