အခန်း ၂၂၉
Vol. 23 Ch. 229
အခန်း ၂၂၉ ကောင်းကင်က ကူညီမစခြင်းပဲ
ရှာဖွေရေး အထောက်အကူပြု စွမ်းရည်များသည် တိုက်ခိုက်ရေးတွင် သိပ်မထူးခြားသော်လည်း မြေပြင် အနေအထားကို စူးစမ်းရန်နှင့် အဖိုးတန် သဘာဝရတနာများ၏ အငွေ့အသက်ကို သိရှိရန်အတွက်မူ အလွန် အသုံးဝင်လှပေသည်။
ယခုအချိန်သည် သူတို့၏ စွမ်းဆောင်ရည်များကို အကောင်းဆုံး ပြသရမယ့် အချိန်ပင် ဖြစ်သည်။
"ဟားဟားဟား... ငါတို့ ဒီလျှို့ဝှက်နယ်မြေကို ဇောက်ထိုးမိုးမျှော်ဖြစ်အောင် မွှေနှောက်ပြီး အစမ်းသပ်ခံနယ်မြေ အမှတ်တွေ အများကြီး ရှာကြမယ်..." ကျန်းရှောင်ပိုင်က စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်လေသည်။
"ဘယ်အဖွဲ့က အကျိုးအမြတ် အများဆုံးရမလဲဆိုတာ အားလုံး ပြိုင်ကြည့်ကြရအောင်... အညံ့ဆုံးအဖွဲ့ကတော့ နောင်ကျရင် ညီလေးပဲ လုပ်တော့..." ရှဲ့ရွှင်းက နဂါးသတ်ဓားကို ကိုင်ကာ ဟိတ်ဟန်အပြည့်ဖြင့် ပြောလိုက်လေသည်။
"လာလေ... ငါတို့အဖွဲ့လည်း ဝင်ပြိုင်မယ်..." ရန်တင်းထျန်းကလည်း ဝင်ရောက် မြှောက်ပေးလိုက်လေသည်။
"အစမ်းသပ်ခံနယ်မြေ အမှတ် ရှာတဲ့နေရာမှာတော့ ငါတို့အဖွဲ့က ဘယ်သူ့ကိုမှ မကြောက်ဘူး..."
ချိုက်ခွန်းက သူ၏ ကြက်မောက်ပုံစံ ဆံပင်ကို မြှောက်ကာ ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်လေသည်။ အဘယ်ကြောင့်ဆိုသော် သူတို့အဖွဲ့တွင် အနံ့ခံနိုင်စွမ်း တိုးမြှင့်ခြင်း ပင်ကိုစွမ်းရည်ရှိသော အဖွဲ့ဝင် သုံးယောက် ပါဝင်သောကြောင့် ဖြစ်သည်။ ၎င်းသည် နတ်ဆေးပင်များ ရှာဖွေရာတွင် ကြီးမားသော အားသာချက်တစ်ခု ဖြစ်စေသည်။
"ကောင်းပြီ... အားလုံးက ဒီလောက်အထိ တက်ကြွနေကြမှတော့ ငါလည်း ဆုလာဘ်တစ်ခု ထပ်ဖြည့်ပေးမယ်..."
"စွမ်းဆောင်ရည် အကောင်းဆုံးအဖွဲ့က အဖွဲ့ဝင်တိုင်းကို ဘုရင်အဆင့် လက်နက် တစ်ခုစီ ဆုချမယ့်အပြင် ဓမ္မပါလ ရာထူးကိုပါ တိုးမြှင့်ပေးမယ်..."
ကျိုးဟန်က လက်ကို အနောက်ပစ်ကာ ပြုံး၍ ကြေညာလိုက်လေသည်။
သူ၏ စကားမဆုံးခင်မှာပင် အောက်ရှိ အဖွဲ့ဝင်များကြား၌ ဟိုးဟိုးကျော်ကျော် ဖြစ်သွားလေသည်။
"ဂိုဏ်းချုပ်က တကယ်ကို ရက်ရောတာပဲ... ဘုရင်အဆင့် လက်နက်ဆိုတော့ တကယ် အစွမ်းထက်မှာပဲ..."
"တကယ်ကို မက်မောဖို့ကောင်းတာက ဓမ္မပါလ ရာထူးပဲ... ဘုရင်အဆင့် လက်နက်ကတော့ အချိန်ကြာလာရင် သေချာပေါက် ရနိုင်တာပဲ..."
"ဒါပေမဲ့ ဓမ္မပါလ ရာထူးကတော့ အဲဒီလောက် ရဖို့ မလွယ်ဘူးလေ..."
"ဟုတ်တယ်... ဓမ္မပါလ ရာထူးရရင် နောက်ပိုင်းရမယ့် အကျိုးသက်ရောက်မှုတွေက ပိုပြီးတော့ ကြောက်စရာ ကောင်းလာမှာ..."
"အရမ်း စိတ်လှုပ်ရှားဖို့ ကောင်းတယ်... သေချာပေါက် အစွမ်းကုန် ကြိုးစားရမယ်..."
"သွားကြစို့... စတင် လှုပ်ရှားကြမယ်..."
"ဘာရပ်စောင့်နေတာလဲ... အချိန်ကို အသုံးချပြီး မြန်မြန် သွားကြစို့..."
လူတိုင်း အလွန် စိတ်လှုပ်ရှား တက်ကြွနေကြပြီး လက်နက်များကို ကိုင်ကာ လျှို့ဝှက်နယ်မြေ အတွင်းပိုင်းသို့ ပြေးဝင်သွားကြလေသည်။ ဤမျှ ဆွဲဆောင်မှုရှိသော သတ်မှတ်ချက်များကြောင့် အားလုံး အစွမ်းကုန် ကြိုးစားကြမည်မှာ သေချာလှသည်။
ကျိုးဟန်သည်လည်း ဤကဲ့သို့သော ကောင်းမွန်သော ပြိုင်ဆိုင်မှုကို မြင်တွေ့ရသည်ကို သဘောကျလေသည်။ ပြိုင်ဆိုင်မှု ရှိမှသာ တိုးတက်မှု ရှိနိုင်မည်ဖြစ်ပြီး မဟုတ်လျှင် အားလုံး သာမန်လူများအဖြစ်သာ ကျန်ရစ်နေပါက ဂိုဏ်းတိုးတက်မှုအတွက် မကောင်းပေ။
ထိုအချိန်တွင် လူတိုင်း အားတက်သရော ရှာဖွေနေကြစဉ် ကျောက်ခဲတစ်လုံးသည် တိတ်တဆိတ် လိမ့်လာလေသည်။
"သူတို့ရဲ့ အမြန်နှုန်းက အရမ်းမြန်တာပဲ... နောက်ဆုံးတော့ လိုက်မီသွားပြီ..."
၎င်းမှာ အာဖရိက ကစားသမား တာအမ် ဝင်ရောက်ပူးကပ်ထားသော ကျောက်ခဲဖြစ်ပြီး သူ၏ အမြင်အာရုံအတွင်း၌ ကျိုးဟန်အဖွဲ့မှ လူအချို့ကို မြင်တွေ့နေရလေသည်။ (သူသည် ရှောင်ယန်က ကြယ်ရောင်ချပ်ဝတ် မီးပုရွက်ဆိတ် များကို သတ်လိုက်သော မြင်ကွင်းကိုမူ မမြင်လိုက်ရပေ။) ထို့နောက် သူသည် ဂရုချတ်ကို ဖွင့်ကာ အခြေအနေကို သတင်းပို့လိုက်လေသည်။
တာအမ် - ခေါင်းဆောင် ကာလမ်... ကျွန်တော် ရောက်ပြီ... သူတို့အဖွဲ့က အခု လူစုခွဲထားပြီး နေရာအနှံ့မှာ အဖိုးတန် ရတနာတွေကို ရှာနေကြတယ်... ကျွန်တော့်ရှေ့က အဖွဲ့ခွဲတစ်ခုမှာ လူဆယ်ယောက် ရှိပြီး သူတို့က စိန်အဆင့် နတ်ဆေးပင် နှစ်ပင်တောင် ရှာတွေ့ထားကြပြီ...
ကာလမ် - လူစုခွဲထားတာလား... အရမ်းကောင်းတယ်... ဆက်ပြီး စောင့်ကြည့်ထား... အခြေအနေသစ် ရှိရင် ချက်ချင်း သတင်းပို့...
တာအမ် - ကောင်းပြီ ခေါင်းဆောင်...
"ခေါင်းဆောင်... စိန်အဆင့်တောင် ရထားတာတဲ့... ငါတို့ လှုပ်ရှားလို့ ရပြီလား..." အာဖရိက ကစားသမားတစ်ယောက်က ဂရုထဲက သတင်းကို မြင်ပြီး စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်လေသည်။
"ဒီလို အရည်အသွေးမျိုးက အကျိုးသက်ရောက်မှု တကယ် ကောင်းတယ်..." နောက်ထပ် အာဖရိက ကစားသမားတစ်ယောက်ကလည်း မျက်လုံးများ အရောင်တောက်ကာ ရေရွတ်လိုက်လေသည်။
"မင်းတို့က တကယ်ကို ဉာဏ်မရှိဘူး... စိန်အဆင့်လောက်နဲ့တင် ဒီလောက်အထိ စိတ်လှုပ်ရှားနေရလား... ဒီလောက် အကျိုးအမြတ်လေးနဲ့တော့ ငါ စွန့်စားပြီး မလှုပ်ရှားနိုင်ဘူး..."
ကာလမ်က တည်ငြိမ်စွာ ပြုံး၍ ပြောလိုက်လေသည်။ သူသည် ကြယ် ၁၀ ပွင့် ဘုရင်အဆင့်သို့ ရောက်နေသူ ဖြစ်သဖြင့် စိန်အဆင့်လောက်ကို အရေးတယူ မလုပ်ပေ။
မိနစ် ၂၀ ကြာပြီးနောက်...
တာအမ် - “ခေါင်းဆောင်... သတင်းအသစ် ရပြန်ပြီ... ဒီအဖွဲ့က တကယ်ကို ကံကောင်းလွန်းတယ်... ကြယ်ရောင်အဆင့် တွင်းထွက်ပစ္စည်းတစ်ခုကို ရှာတွေ့ထားကြတယ်... အဲဒီအပေါ်မှာ သန့်စင်သော နေဝန်းကျောက်သလင်း တွေ အများကြီး ရှိနေတယ်... ဒါ တကယ်ကို မယုံနိုင်စရာပဲ…”
ကာလမ် - “ဘာ... ကြယ်ရောင်အဆင့် တွင်းထွက်ပစ္စည်း ဟုတ်လား... ပြီးတော့ အများကြီး ရှိနေတယ် ဟုတ်လား…”
သူ၏ မျက်နှာမှာ တုန်လှုပ်သွားပြီး အံ့အားသင့်ကာ ဝမ်းသာသွားလေသည်။ အမှားပါသွားမည်ကို စိုးရိမ်သဖြင့် အလျင်အမြန် ထပ်မံ အတည်ပြုလိုက်လေသည်။ စောစောက တည်ငြိမ်နေသော အမူအရာများ လုံးဝ မရှိတော့ဘဲ မျက်နှာပေါ်တွင် လောဘဇောများ အဆက်မပြတ် ပေါ်လာလေသည်။
တာအမ် - “ခေါင်းဆောင်... သေချာပါတယ်... သူတို့ ပြောနေတာကိုလည်း ကျွန်တော် ကြားလိုက်ရတယ်... ဒီ သန့်စင်သော နေဝန်းကျောက်သလင်း ကို စားသုံးပြီးရင် ခန္ဓာကိုယ် ကြံ့ခိုင်မှုကို အများကြီး မြှင့်တင်ပေးနိုင်တယ်တဲ့... အကျိုးသက်ရောက်မှုက အရမ်း အစွမ်းထက်တယ်…”
ကာလမ် - “ကောင်းတယ်... အရမ်းကောင်းတယ်…”
သူ၏ မျက်လုံးများထဲတွင် လိုချင်စိတ်များ ပြည့်နှက်နေသော်လည်း အတတ်နိုင်ဆုံး ထိန်းချုပ်ထားလေသည်။
တာအမ် - “ခေါင်းဆောင်... အခု ငါတို့ ဘယ်လိုလုပ်ကြမလဲ... လှုပ်ရှားမှု စတင်ရတော့မလား…”
ကာလမ် - “စောင့်ဦး... ငါတို့ အခွင့်အရေးကို စောင့်ရမယ်... မဟုတ်ရင် တိုက်ပွဲဖြစ်တဲ့ အချိန်ကျရင် ငါတို့က အစွမ်းထက်ပေမယ့် တစ်ဖက်လူက သေခါနီး အတင်း ပြန်တိုက်ခိုက်ရင် ငါတို့ဘက်ကလည်း သေဆုံးဒဏ်ရာရမှု .”
တာအမ် - “ခေါင်းဆောင် ပြောတာ မှန်ပါတယ်…”
"ဒီတစ်ခါတော့ ငါတို့ ချမ်းသာပြီ... ဟားဟားဟား..." အာဖရိက ကစားသမားတစ်ယောက်က အကျယ်ကြီး ရယ်မောလိုက်လေသည်။
"အရမ်းမိုက်တာပဲ... မူလက မျှော်လင့်ချက် သိပ်မထားပေမယ့် ဒီကောင်တွေက ဒီလောက် မြင့်မားတဲ့ အရည်အသွေးရှိတဲ့ ပစ္စည်းတွေကို တကယ် ရှာတွေ့နိုင်လိမ့်မယ်လို့ မထင်ထားဘူး..."
"မကြာခင်မှာ ဒါတွေအားလုံးက ငါတို့ပိုင် ဖြစ်တော့မှာ..."
"ဒီလူဆယ်ယောက်ကလည်း အစွမ်းအစ ရှိလို့ပေါ့... အချိန်တိုအတွင်းမှာ ဒီလောက် ရတနာအများကြီးကို ရှာတွေ့နိုင်တာ... သေချာပေါက် လျှို့ဝှက်ချက် တစ်ခုခု ရှိနေမှာပဲ..."
"ဟီးဟီး... ဒါဆိုရင် ငါတို့ ဒီကောင်တွေကို အရှင်ဖမ်းပြီး ငါတို့အတွက် အဖိုးတန် ရတနာတွေ ရှာခိုင်းရအောင်... ဒါဆိုရင် ပိုပြီးတော့ အဆင်ပြေတာပေါ့..."
"နည်းလမ်းကောင်းပဲ... သူတို့ကို ကျွန်ပြုထားလိုက်ရင် ရတနာတွေ မရမှာ စိုးရိမ်စရာ မလိုတော့ဘူး..."
"အစမ်းသပ်ခံနယ်မြေ ပြီးခါနီးကျမှ သူတို့ကို သတ်ပစ်လိုက်တာပေါ့..."
အာဖရိက ကစားသမား အဖွဲ့ဝင်များသည် စိတ်လှုပ်ရှားစွာဖြင့် ဆွေးနွေးနေကြလေသည်။ ဤမျှ များပြားသော ရတနာများ ရရှိပါက သူတို့လည်း သေချာပေါက် အများကြီး ခွဲဝေရရှိမည်ဖြစ်ပြီး စွမ်းအားများ ပိုမို အစွမ်းထက်လာမည် ဖြစ်သည်။ သူတို့၏ မျက်လုံးများထဲတွင် ရက်စက်သော အလင်းတန်းများ ပေါ်လာပြီး ယုတ်မာသော အကြံအစည်များကို တစ်ယောက်ပြီး တစ်ယောက် ပြောဆိုနေကြလေသည်။
"ခေါင်းဆောင်... အခု ငါတို့ ကြိုတင် ပြင်ဆင်ထားသင့်ပြီ မဟုတ်ဘူးလား... အခုကတည်းက ဖြည်းဖြည်းချင်း အနားကို ကပ်သွားပြီး အခွင့်အရေး ရတာနဲ့ ချက်ချင်း ဝင်တိုက်ရအောင်..." ဒုတိယ ခေါင်းဆောင်က အကြံပေးလိုက်လေသည်။ မဟုတ်လျှင် အခွင့်အရေး လွတ်သွားပါက တိုက်ပွဲဝင်ရန် ခက်ခဲသွားမည် ဖြစ်သည်။
ကာလမ်က သူ၏ မေးစေ့ကို ပွတ်ကာ ခေါင်းညိတ်လိုက်ပြီး ပြောတာ အဓိပ္ပာယ်ရှိသည်ဟု တွေးလိုက်လေသည်။ သူသည်လည်း ယခုအခါ စိတ်လှုပ်ရှားနေသဖြင့် ယခင်ကကဲ့သို့ တည်ငြိမ်စွာ မစဉ်းစားနိုင်တော့ပေ။
"သွားကြစို့... အားလုံး ဖြည်းဖြည်းချင်း သွားမယ်... တာအမ်ဆီက သတင်းကို စောင့်ရအောင်..." ကာလမ်က အမိန့်ပေးလိုက်ပြီး တချိန်တည်းမှာပင် ရင်ထဲတွင် ချိန်ဆလိုက်လေသည်။
ဤကဲ့သို့ များပြားလှသော အရင်းအမြစ်များအတွက် စွန့်စားရကျိုး နပ်ပေသည်။ လူအချို့ သေဆုံးဒဏ်ရာရလျှင်ပင် ဤပစ္စည်းများကို ရရှိပါက အရှုံးမရှိပေ။
မကြာမီ သူတို့ အနားသို့ ကပ်လာကြပြီး ဆယ်မိနစ်ခန့် စောင့်ဆိုင်းပြီးနောက် အနည်းငယ် စိတ်မရှည် ဖြစ်လာကြလေသည်။
"ခေါင်းဆောင်... ငါတို့ ဒီအတိုင်း ဆက်စောင့်နေရမှာလား..."
"တိုက်ရိုက် ဝင်တိုက်ရအောင်... သူတို့အဖွဲ့က လူစုခွဲထားတာဆိုတော့ ငါတို့ တာအမ်ရဲ့ သတင်းကို သုံးပြီး တစ်ဖွဲ့ချင်းစီကို အပြတ်ရှင်းပစ်လို့ ရတာပဲ..."
"ဟုတ်တယ်... ငါတို့ လူနှစ်ရာက လူဆယ်ယောက်ကို ရင်ဆိုင်ရင် မျက်စိတစ်မှိတ်အတွင်းမှာတင် သူတို့ကို အမှုန့်လုပ်ပစ်လို့ ရတယ်..."
အဖွဲ့ဝင်များက တစ်ယောက်ပြီး တစ်ယောက် ပြောဆိုလိုက်ကြလေသည်။
"နောက်ထပ် ငါးမိနစ်လောက် ထပ်စောင့်ဦးမယ်... အခွင့်အရေး ရှိရှိ မရှိရှိ ငါတို့အားလုံး လှုပ်ရှားမှုကို စတင်မယ်..." ကာလမ်၏ လေးနက်သော အသံ ထွက်ပေါ်လာလေသည်။
ဆက်စောင့်နေခြင်းက ကောင်းမလား ဆိုးမလားဆိုသည်ကို သူလည်း မသိပေ။ ကောင်းမွန်သော အခွင့်အရေး ပေါ်လာနိုင်သလို တစ်ဖက်အဖွဲ့သားများ အားလုံး ပြန်လည် စုစည်းသွားပါက တိုက်ပွဲက ပိုမို ပြင်းထန်သွားနိုင်လေသည်။
သို့သော် မကြာမီ တာအမ်ဆီမှ ရောက်ရှိလာသော သတင်းကြောင့် လူတိုင်း၏ ရင်ထဲတွင် ဝမ်းသာအားရ ဖြစ်သွားကြပြီး ကြီးမားသော ပျော်ရွှင်မှုများ ဖြစ်ပေါ်လာလေသည်။
တာအမ် - ခေါင်းဆောင်... အခွင့်အရေးကောင်းပဲ... ရှေ့မှာ အစွမ်းထက်တဲ့ မီးတောက် ကင်းမြီးကောက် အုပ်စု တစ်စုက အခြား အဖွဲ့ခွဲတွေက လူတွေကို ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြပြီ...
"ဟားဟားဟား... ကောင်းကင်က ကူညီမစခြင်းပဲ..."
"အားလုံး အမိန့်ကို နာခံကြ... ချက်ချင်း စတင် လှုပ်ရှားမယ်…”