← Chapters

အခန်း ၁၃၂၃

Vol. 89 Ch. 1323

အခန်း ၁၃၂၃

Vol. 89 Ch. 1323

အခန်း (၁၃၂၃) မဟာကံကြမ္မာ မဟာဖန်တီးခြင်း

အဝေးမှကြည့်နေသည့် စုစည်းခြင်း ကူးဖြတ်ခြင်း ကျင့်ကြံသူများ အကြီးအကျယ်အံ့အားသင့်သွားသည်။ မသေမျိုးဖြစ်ပြီးနောက် ဝူယော်သဘောထား ဘာကြောင့်ထိုမျှပြောင်းလဲသွားသည်မသိ။

ထိုအဖြစ်သည် မသေမျိုးတစ်ယောက်၏ စိတ်ဓာတ်လော။ သေမျိုးဘဝမှ မသေမျိုးအဆင့်သို့တက်လျှင် အတိတ်မကျေလည်မှုများကို လက်လွှတ်၍ မြင့်မြတ်သည့်သဘောထားမျိုး ပြောင်းလဲသွားသလော။

"မိတ်ဆွေလုယန်နဲ့အတူ လူနှစ်ယောက်ရပ်နေတယ်။ ဘယ်သူတွေလဲ"

"တစ်ယောက်က တာအိုလမ်းစဉ်ဂိုဏ်းက အကြီးဆုံးဂိုဏ်းတပည့် ယွမ်ကျိပါ"

ရှီချန်းက ကောင်းကင်မျက်လုံးဖြင့် ယွမ်ကျိကို ရှင်းလင်းစွာမြင်ရသည်။ သူ့အမူအရာ နည်းနည်းပြောင်းလဲသွားသည်။ တာအိုလမ်းစဉ်ဂိုဏ်းသို့သွားစဉ်က ယွမ်ကျိကို သွားစိန်ခေါ်မိ၍ မရှုမလှရှုံးခဲ့သည့်အဖြစ်ကို ပြန်သတိရလာသည်။

ဝူယော်သဘောထားပြောင်းသွားခြင်းသည် ယွမ်ကျိနှင့် ပတ်သက်နေသလော။

မဟုတ်လောက်။ အမယွမ်က မသေမျိုးအဆင့်လော။

ဝါရင့်ကူးဖြတ်ခြင်းအဆင့်များအားလုံး ထိုအတွေးမျိုးရှိကြသည်။ သူတို့အားလုံး ယွမ်ကျိနှင့် လက်ရည်ယှဉ်ဖူးသည်။ ယွမ်ကျိအစွမ်းအစကို သိသည်။

သို့သော် မသေမျိုးတစ်ဝက်အဆင့်ဟုသာ ယူဆထားသည်။ ဝူယော်ကို ခြိမ်းခြောက်နိုင်မည့်လူဟု မတွေးကြ။

"တာအိုရှင်ယွမ်ကျိ၊ မတွေ့ရတာကြာပြီနော်။ ဒီလောက်နှစ်တွေကြာသွားတာတောင် အရင်လိုကျက်သရေရှိတုန်းပဲ"

ဝူယော်က ရယ်မော၍ပြောသည်။ ဘေးလူအမြင်တွင် သူနှင့်ယွမ်ကျိ နှစ်ပေါင်းများစွာကွဲကွာနေသည့် မိတ်ဆွေရင်းများလိုဖြစ်နေသည်။

"အင်း"

ယွမ်ကျိ ရိုးရှင်းစွာတုံ့ပြန်သည်။ ဝူယော်၏အပြုံး ရပ်တန့်သွားသည်။ ဘယ်လိုစကားဆက်ရမည်မသိဘဲ ကြောင်အမ်းအမ်းဖြစ်နေသည်။

"ရှင်က တကယ်အံ့ဩစရာကောင်းတာပဲ။ ယုအင်ပါယာဂုဏ်ပုဒ်နဲ့ တကယ်လိုက်ဖက်တယ်။ ကျွန်မတို့ဒုခေါင်းဆောင်နဲ့ လက်ရည်တူယှဉ်နိုင်တယ်ပေါ့"

ယွမ်မုန်မုန်က ပြောသည်။

ဝူယော် "..."

စကားစရှာမရသေး။ သူစိတ်ထဲတွေးနေသည်။ ဘယ်လိုမှတ်ချက်မျိုးလဲမသိ။ ကျော်ကြားမှုရော အဆင့်အတန်းအရပါ လုယန် သူ့ကိုမယှဉ်နိုင်။

သို့သော် ပြောသွားသည့်စကားက လုယန်နှင့် လက်ရည်တူယှဉ်နိုင်သည်ကပင် ဂုဏ်ယူစရာလိုလိုဖြစ်နေသည်။

ဤကောင်မလေး စကားပြောမတတ်။

"အဆင်ပြေရဲ့လား ဒုခေါင်းဆောင်"

ယွမ်မုန်မုန်က လုယန်ပုခုံးကိုပုတ်ပြီးနောက် ဒဏ်ရာရှိမရှိ ရှာဖွေသည်။

လုယန်မျက်နှာ နီရဲလာပြီး လူချင်းအမြန်ခွာလိုက်သည်။

"ပြေပါတယ် ပြေပါတယ်။ ကျုပ်ကဘာဖြစ်ရမှာလဲ"

ကောင်းကင်မှ အပြာရောင်လျှပ်စီးတစ်ခု ဆင်းလာသည်။ ယင်ထန်၏ လျှပ်စီးကိုပွားဖြစ်သည်။

ကျင့်ကြံမှုလောကအနီးတွင် မသေမျိုးကောင်းကင်လျှပ်စီးပေါ်လာသည်ကို သူအာရုံခံမိသည်။ ထို့ကြောင့် ကိုယ်ပွားလွှတ်၍ စုံစမ်းခြင်းဖြစ်သည်။

အဆင့်တက်သွားသည့် မသေမျိုးကို သူသိချင်သည်။

"ဒီလူကဘယ်သူလဲ"

ယင်ထန်က လုယန်ကိုမေးသည်။

"မဟာယုအင်ပါယာ ဝူယော်ပါ။ ဒါမှမဟုတ် ကောင်းကင်အင်ပါယာ ဝူယော်ပေါ့"

ယင်ထန် ချက်ချင်းနားလည်သွားသည်။ ကျင့်ကြံသူလောကပွင့်သွားကြောင်းသိ၍ အလည်ပြန်လာခြင်းလားမသိ။

ဖယောင်းကောင်းကင်စစ်သားများနှင့် စုစည်းခြင်းအဆင့် ကျင့်ကြံသူများကို သူသတိထားမိသည်။ သူထင်သလိုမဟုတ်နိုင်ကြောင်း နားလည်လာသည်။

"ကြည့်ရတာ ငါမရှိတဲ့အချိန်အတွင်း ကိစ္စတွေအများကြီးဖြစ်သွားတယ်ထင်တယ်"

ထိုသို့ပြောပြီးနောက် သူ့ကိုယ်ပွားရုပ် ပျောက်ကွယ်သွားသည်။ မူလခန္ဓာကို သတင်းပြန်ပို့သည်။ ကျင့်ကြံသူလောကတွင် ကိစ္စများစွာဖြစ်ပွားနေသည်။ သူပြန်လာပြီး စစ်ဆေးကြည့်ရမည်။

နောက်ဆုံးတွင် ယွမ်ကျိ စကားစပြောသည်။ သူပြောသည့်စကားကြောင့် ဝူယော်ကျောစိမ့်သွားသည်။

"အကြီးအကဲဝူယော်။ ရှင့်လက်အောက်ခံတွေ ကျင့်ကြံသူလောကမှာ ဝိညာဉ်ကျောက်လာခိုးတဲ့ကိစ္စကို လျစ်လျူရှုထားတယ်ပေါ့။ ဒီကိစ္စနဲ့ ပတ်သက်ပြီး တစ်ခုခုပြောချင်တာရှိလား"

ဝူယော် ပလတ်စတစ်အပြုံးမျိုး ချက်ချင်းပြုံးသည်။

"နားလည်မှုလွဲတာပါ။ အားလုံးက နားလည်မှုလွဲသွားတာပါ။ မိတ်ဆွေယွမ်ကျိ၊ ဒီကိစ္စက သူတို့ ကျုပ်ကိုအသိမပေးဘဲ လုပ်ခဲ့ကြတာပါ။ ကျင့်ကြံသူလောကဟာလည်း ကျုပ်အိမ်ပါပဲ။

သူတို့ဒီမှာ ဝိညာဉ်ကျောက်လုယက်မယ့်အကြောင်းသာ ကြိုသိခဲ့ရင် ဒီလောက်ဆိုးဝါးတဲ့လုပ်ရပ်မျိုး ကျုပ်ဘယ်ခွင့်ပြုပါ့မလဲ။ သူတို့သတင်းကြားတော့ သူတို့ကိုတားဖို့ ချက်ချင်းလိုက်လာတာပါ။

ဒါပေမယ့် သူတို့က အတော်ဝေးဝေးကိုရောက်နှင့်နေလို့ ကျုပ်ခြေတစ်လှမ်းနောက်ကျသွားတယ်။ ဒါကြောင့် ကျင့်ကြံသူလောကနဲ့ ပဋိပက္ခဖြစ်ကြတာပါ"

ယွမ်ကျိမျက်ခုံးများ နည်းနည်းမြင့်တက်သွားသည်။ အမူအရာအပြောင်းအလဲမရှိ။ ဝူယော် သူ့အတွေးကို မှန်းဆ၍မရ။

"နားလည်မှုလွဲတာတဲ့လား။ ဒါဆိုဘာလို့ ဖမ်းထားတဲ့လူတွေကို ပြန်ခေါ်ဖို့ ကြိုးစားတာလဲ။ ဘာကြောင့် ကျွန်မရဲ့ဆရာတူမောင်လေးကို တိုက်ခိုက်ပြီး ဒဏ်ရာရအောင်လုပ်တာလဲ။

ဒါရော နားလည်မှုလွဲတာပဲလား"

ထိုစကားကြားသည်နှင့် လုယန် ချောင်းသုံးလေးချက်ဆိုးသည်။ အသံကအက်ကွဲကြမ်းရှသည်။ ချောင်းဆိုးရင်း သွေးလည်းနည်းနည်းပါလာသည်။ ယွမ်ကျိစကားကို သက်သေထူလိုက်ခြင်းဖြစ်သည်။

ဝူယော် မျက်ခုံးလှုပ်သွားသည်။ သူ့စကားသံက အေးစက်လာသည်။ အစောပိုင်းကလို ကပ်ဖားယပ်ဖားလေသံမဟုတ်တော့။

"ဒါဆို ဒီကိစ္စကို မိတ်ဆွေယွမ်ကျိက မကျေအေးနိုင်ဘူးပေါ့"

"ကိစ္စက ဖြစ်သွားပြီ။ ဖြေရှင်းချက်တစ်ခုတော့ ရှိရမယ်လေ။ စီနီယာဝူယော်၊ တာအိုလမ်းစဉ်ဂိုဏ်းက အကျဉ်းထောင်တောင်ထိပ်မှာ ဒီကိစ္စဆွေးနွေးဖို့ ဖိတ်ခေါ်ချင်ပါတယ်"

"မင်းတရားလွန်မလာနဲ့ကွ"

ဝူယော်ဒေါသတကြီး အော်ဟစ်လိုက်သည်။ ထိုနေရာ ဘယ်လိုနေရာမှန်း သူကောင်းကောင်းသိသည်။

သူသည် နှစ်ဘဝလုံး မသေမျိုးအဆင့်ထိ ကျင့်ကြံခဲ့သူဖြစ်သည်။ ရှေးဟောင်းခေတ်ကတည်းကစ၍ ထိုအောင်မြင်မှုမျိုး သူတစ်ယောက်သာ ရဖူးသည်။ သေမျိုးလောကသို့ ဆင်းလာသည့် မသေမျိုးတစ်ယောက်အ အကျဉ်းသားဘဝရောက်ရသည်ဟု တစ်ခါမှမကြားဖူး အကြီးအကျယ်အရှက်ကွဲမည့်ကိစ္စဖြစ်သည်။

အစောပိုင်းက အကျိုးအမြတ်အတွက် ပြဿနာရှောင်ဖို့တွေးခဲ့သည်။ အသေးအဖွဲကိစ္စနှင့် ယွမ်ကျိလို အင်အားကြီးရန်သူကို သူသွားမထိချင်။

သို့သော် သူ့ကံကြမ္မာကို တစ်ဘက်သတ်ဆုံးဖြတ်နိုင်မည်ဟု ယွမ်ကျိထင်နေလျှင် မှားသွားလိမ့်မည်။

ယခုသူသည် ဘဝ၏အမြင့်ဆုံးအနေအထား ရောက်နေသည်။ အင်ပါယာဝူယော်ဘဝထက် များစွာပိုစွမ်းအားကြီးသည်။ စိတ်ဓာတ်အရရော အရိယဖလစွမ်းရည်ပါ ပိုအားကောင်းသည်။

အမှန်တကယ် ကောင်းကင်အင်ပါယာအစစ်ဖြစ်သည်။ တိုက်ခိုက်ရမည်ဆိုလည်း ဘယ်သူကိုမှမကြောက်။

ဖန်တီးခြင်းအရိယဖလကို လျှို့ဝှက်အသက်သွင်းပြီး တိုက်ပွဲ၏ဖြစ်နိုင်ခြေရလာဒ်ကို ခန့်မှန်းသည်။

"ဒီတိုက်ပွဲပြီးရင် စည်းမျည်းသဘောတရားအစစ်တွေကို ငါနားလည်လာမယ်။ နှစ်တစ်သိန်းကျော်ကွဲကွာနေတဲ့ မိတ်ဆွေရင်းတွေ ဆရာတွေနဲ့ ပြန်တွေ့ရမယ်။

တစ်ခြားမသေမျိုးတွေနဲ့ လက်ရည်ယှဉ်ပြီး အရိယဖလအတွေးအမြင်တွေ ဖလှယ်ခွင့်ရမယ်။ ငါ့လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်မယ်တဲ့လား...

တကယ်ထူးခြားတဲ့ ကံပဲ။ တကယ်မဟာအခွင့်ထူးပဲ"

အရိယလသန္ဓေအဆင့်တွင် လုယန်နှင့်တိုက်ခိုက်စဉ်က လုယန်သည် သူ့အတွက် ထူးခြားသည့်ကံကြမ္မာကို ယူဆောင်လာမည့်လူဟု သူဝိုးတဝါးအာရုံရခဲ့သည်။

ယခု အရိယဖလတည်ဆောက်ပြီးဖြစ်၍ သူ့ကံကြမ္မာကို ပို၍ရှင်းလင်းစွာ အာရုံခံနိုင်လာသည်။ အနာဂတ်ခန့်မှန်းနိုင်သည့် စွမ်းရည်တစ်မျိုးဖြစ်သည်။

အရိယဖလပေးသည့် ခန့်မှန်းရလာဒ်များကြောင့် သူ့ကိုယ်သူ ယုံကြည်မှုအပြည့်ရှိလာသည်။ ထိုအခွင့်အလမ်းမျိုးကို လက်လွတ်ခံ၍မဖြစ်။

ယခုချက်ချင်း တိုက်ခိုက်မှဖြစ်မည်။ ဤနေရာအကြောင်းသိသွားသည့်ယင်ထန်က မကြာမီ ရောက်လာတော့မည်။ ယင်ထန်နှင့်ယွမ်ကျိ အတူပူးပေါင်းလျှင် သူလုံးဝယှဉ်နိုင်မည်မဟုတ်။

ကြေးနီလှံပြန်ပေါ်လာသည်။ သူ့စွမ်းအားက ထူးခြားသည်။ ဖန်တီးခြင်းအရိယဖလဖြင့် လှံရှည်ကို အလွယ်တကူအဆင့်မြှင့်သည်။ မသေမျိုးရတနာအစစ်ဖြစ်လာသည်။

လှံလှုပ်ရှားသည်နှင့် ကြယ်စုတန်းအလင်းမျိုး ပေါ်လာသည်။ မသေမျိုးတစ်ဝက်ရတနာနှင့် မသေမျိုးရတနာကြား များစွာကွာဟကြောင်း ထိုအဖြစ်ကိုကြည့်ရုံဖြင့် သိနိုင်သည်။

ဖန်တီးခြင်းအရိယဖလက စွမ်းအာအစစ်ကိုပြသည်။ မရေမတွက်နိုင်သည့် နတ်ဆိုးသားရဲများ ပန်းချီကားထဲမှ ထွက်လာသည်။ ဒဏ္ဍာရီများထက် ပို၍စွမ်းအားကြီးသည်။

မသေမျိုးအဆင့်မရောက်သော်လည်း မသေမျိုးစွမ်းအင်ရောင် ခပ်မှိန်မှိန်ပေါ်နေသည်။

ကြေးနီလှံကိုလည်း သန်းချီ၍ ပုံတူပွားလိုက်သည်။ လေဟာနယ်တစ်ခုလုံး ဖုံးလွှမ်းနေသည်။

မသေမျိုးမှော်အဆောင်များ မသေမျိုးမှော်စက်ဝန်းများ ကောင်ကင်ကိုလွှမ်းမိုးထားသည်။ တိုက်ပွဲနေရာကို လွှမ်းခြုံသည်။

စုစည်းခြင်းနှင့်ကူးဖြတ်ခြင်း ကျင့်ကြံဿူများ ပါးစပ်အဟောင်းသားဖြစ်နေကြသည်။ တိုက်ပွဲရပ်တော့မည်ဟု ထင်ထားရမှ ရုတ်တရက် ပြန်အရှိန်မြှင့်လာသည်။

ပြင်ဆင်ထားသည့် အခင်းအကျင်းအရ အပြင်းအထန်တိုက်ခိုက်တော့မည်ဖြစ်ကြောင်း သိသာသည်။ ဝူယော်က မသေမျိုးဖြစ်သည်။ ဤနေရာတွင် သူနှင့်ရင်ဆိုင်နိင်သည့်လူ ရှိနေသလော။

"ယွမ်ကျိ ဒီနေ့မင်းရဲ့ဆုံးဖြတ်ချက်ကို မင်းနောင်တရလိမ့်မယ်"

ဝူယော်နဖူးတွင် မသေမျိုးအမှတ်အသားတစ်ခု ပေါ်လာသည်။ ဖန်တီးမှုအားလုံးကို ထိန်းချုပ်ထားသည့် အမှတ်အသားဖြစ်သည်။ မသေမျိုးဖြစ်ပြီးနောက် သူ့ဝိညာဉ်အာရုံလည်း မသေမျိုးအာရုံအဖြစ်ပြောင်းသွားသည်။ အကန့်သတ်မဲ့ စွမ်းအားရှိသည်။

အရိယဖလစွမ်းအားကြောင့် ခရမ်းရောင် ချီစွမ်းအင်လှိုင်းများ လှုပ်ရှားလာသည်။ မုန်တိုင်းထန်လာသည်။ မသေမျိုးတစ်ယောက်၏ ထည်ဝါမှုကို ပြသနေသည်။

"တိမ်ဆင်းလက်ဝါး"

ယွမ်ကျိ တည်ငြိမ်စွာရေရွတ်လိုက်သည်။ လက်တစ်ဘက်ဖြင့် မသေမျိုးဖန်တီးမှုအားလုံးကို ဖျက်ဆီးလိုက်သည်။

နူးညံ့သည့်လက်ဝါးကျလာသည်ကို ဝူယော် စိတ်ပျက်အားငယ်စွာ ကြည့်နေရသည်။ တားဆီးနိုင်စွမ်းမရှိ။ နောင်တနှင့်စိတ်ပျက်မှုများသာ သူ့ရင်ထဲမှ လှိမ့်တက်လာသည်။

အခုထိ သူနှင့်ယွမ်ကျိကြားမှ ကွာဟချက်က ထိုမျှကြီးမားနေသေးသလော။

"ဘုန်း"

မသေမျိုးဖန်တီးမှုများ ပျက်စီးသွားပြီး အားလုံးပြန်လည်တည်ငြိမ်လာသည်။

ယွမ်ကျိ ဝူယော်ကို ဆွဲမ,လိုက်သည်။ ဝူယော်မျက်လုံးများက ကြည်လင်မှုပျောက်ဆုံး၍ ငေးကြောင်နေသည်။ ယခု သင်ခန်းစာတစ်ခု သူနားလည်လာသည်။

ဂုဏ်သိက္ခကို တရားလွန်အရေးမစိုက်သင့်။ အရှက်ကွဲရသည့်အချိန်မျိုး ကြုံလာလိမ့်မည်။

*******************************

All Chapters