← Chapters

အခန်း ၁၃၂၅

Vol. 89 Ch. 1325

အခန်း ၁၃၂၅

Vol. 89 Ch. 1325

အခန်း (၁၃၂၅) ကူးဖြတ်ခြင်းနောက်ဆုံးအဆင့်

မဟာချန်မသေမျိုးနှစ်ယောက်၏ ဖိနှိပ်မှုကို အချိန်အတော်ကြာအောင် ခံခဲ့ရသည့် ကွမ်းရှန်ဟိုင် ယခုမှ စိတ်သက်သာရာရသွားသည်။

"ဟုတ်တယ်။ ငါတို့မဟာယုတွေ အားလုံးစုစည်းမိပြီ။ မင်းတို့မဟာချန်အဘိုးကြီးတွေ စောင့်သာကြည့်နေလိုက်"

"ဒီနေ့ မဟာယုက မဟာချန်နေရာကို ဘာလို့အစားထိုးနိုင်ခဲ့သလဲဆိုတာ မင်းတို့သိသွားစေရမယ်"

"ငါတို့အင်ပါယာက အလုံပိတ်လောကအပြင်ဘက်ကိုထွက်နိုင်ခဲ့တဲ့လူကွ။ အပြင်လောကမှာ ကောင်းကင်အင်ပါယာလို့ နာမည်ကျော်ပြီး စကြာဝဠာလွှမ်းမိုးသူဖြစ်ခဲ့တာ။ မင်းတို့မဟာချန်တွေ ဒါမျိုးလုပ်နိုင်လို့လား"

"တစ်နေ့တစ်နေ့ ဝါစဉ်ကြီးတာကိုပဲ အရေးလုပ်ပြီး ကြွားလုံးထုတ်နေတယ်။ ဝါစဉ်ကြီးတာ ဘာလုပ်ရမှာလဲ။ အရေးကြီးဆုံးက စွမ်းအားပဲကွ"

မဟာယုကျင့်ကြံသူများ တစ်ယောက်ပြီးတစ်ယောက် စကားနာထိုးနေသည်။ ကွမ်းရှန်ဟိုင်သည် မဟာယုခေတ်တွင် အမြင့်ဆုံးသို့ရောက်ခဲ့သော်လည်း နောက်ဆုံးပြောရလျှင် ဒုတိယလူသာဖြစ်သည်။

သူတို့စိတ်ဝိညာဉ်၏ ပင်မဒေါက်တိုင်က ဝူယော်ဖြစ်သည်မှာ အငြင်းပွားစရာမရှိ။

ကျင့်ကြံမှုလောကဂိတ်တံခါးကို စောင့်ကြပ်နေသည့် ကူးဖြတ်ခြင်းအဆင့် ဝါရင့်အကြီးအကဲများထဲတွင် ကလေးဘိုးဘေးဆရာ၏ မိတ်ဆွေတစ်ယောက်ရှိသည်။ ထိုမိတ်ဆွေက ကွမ်တမ်ဆက်သွယ်ရေးစက်ဖြင့် ထန်ရှန်းယိကို လုယန်နှင့်ဝူယော်တို့တိုက်ပွဲကို ပြသည်။

ထန်ရှန်းယိက ဖန်သားပြင်ကို အကျဉ်းသားများကြည့်နိုင်အောင် ရှုထောင့်ပြောင်းပေးခဲ့သည်။

ထို့ကြောင့် မဟာယုအကျဉ်းသားများ သူတို့မျှော်လင့်စောင့်စားနေသည့် ဝူယော်ရောက်လာသည်ကို မြင်ခွင့်ရခဲ့သည်။

လက်ရှိအခြေအနေကို ဉာဏ်ရည်ထက်မြက်သည့်ဝူယော်ပင် နားမလည်နိုင်တော့။ စကားနာထိုးနေသူများက မဟာယု၏သစ္စာခံ ကျင့်ကြံသူများဖြစ်ပုံရသည်။ တစ်ဘက်အဖွဲ့က မဟာချိန်အဖွဲ့ဖြစ်မည်။ အင်ပါယာချန်နှင့် ထိန်းချုပ်သူသခင်တို့ ရှိနေသည်။

ဝူယော်၏စိတ်များ ရှုပ်ထွေးနေသည်။ အခြေအနေကို ခွဲခြားသုံးသပ်နိုင်စွမ်းမရှိ။ သူ့အပြင် မသေမျိုးသုံးယောက် ရှိနေသည်။

သို့ဆိုလျှင် ဤနေရာသို့ဖမ်းခေါ်ခံရသူသည် ပထမဆုံးမဟုတ်လောက်။

တွေးကြည့်လျှင်လည်း သဘာဝကျသည်။ မသေမျိုးတိုက်ပွဲတွင် အရှုံးအနိုင်ကွဲပြားဖို့ ပြိုင်ဘက်ကိုအရှင်ဖမ်းဆီးနိုင်ဖို့ခက်သည်။ သို့သော် မယုံနိုင်လောက်အောင်မြင့်မားသည့် ယွမ်ကျိ၏စွမ်းအားသည် ကွမ်းရှန်ဟိုင်တို့ကို ဖမ်းဆီးနိုင်စွမ်းရှိသည်။

အကျဉ်းထောင်၏ နောက်ခံဇစ်မြစ်ကို သူနည်းနည်းနားလည်လာသည်။ ခံတွင်းတစ်ချက်ရှင်း၍ ခေါင်းဆောင်နေရာယူလိုက်သည်။

"ခဏနေကြပါဦး။ အခုအားလုံးက အကျဉ်းသားဖြစ်နေပြီဆိုတော့ စည်းလုံးရမယ့်အချိန်ပဲ။ အချင်းချင်းတိုက်ခိုက်ပြီး စွမ်းအင်ဖြုန်းတီးနေလို့ အကျိုးမရှိဘူး။ ငါ့အမြင်ပြောရရင် အဖွဲ့နှစ်ခုပူးပေါင်းပြီ..."

"သောက်လခွမ်းမို့ အဖွဲ့ချင်းပေါင်းရမှာလားကွ"

ထိန်းချုပ်သူသခင် ဒေါသပေါက်ကွဲပြီး စကားဖြတ်ပြောသည်။ ခါတိုင်းလို တည်တည်ငြိမ်ငြိမ် တွက်ချက်စဉ်းစားတတ်သည့် ဟန်ပန်မျိုးမဟုတ်တော့။ ဝူယော်ကိုမြင်သည်နှင့် သူဒေါသထွက်သည်။

သူနှင့်အင်ပါယာချန် နေလုံးထဲတွင် အဆင်ပြေပြေပုန်းအောင်းနေခဲ့သည်။ သို့သော် သောက်သုံးမကျသည့် ဤဝူယော်က နေလုံးကို မှော်စက်ဝန်း နောက်တစ်ထပ်ကာသည်။ သူတို့ နှစ်တစ်သိန်းကြာအောင် ပိတ်မိနေခဲ့သည်။ ရှက်လွန်းသဖြင့် ထိုအကြောင်းကိုပင် ထုတ်မပြောရဲ။

ယခုမှ အဓိကရန်သူကို တွေ့ရသည်။ လက်စားမချေလျှင် ယောက်ျားဟု ခေါ်နိုင်ဦးမည်လော။ ကျင့်ကြံသူစိတ်ဓာတ်ရှိသည်ဟု သတ်မှတ်နိုင်ဦးမည်လော။

ဝူယော် မျက်မှောင်ကျုံ့သွားသည်။ ထိန်းချုပ်သူသခင် ဘာကြောင့်သူ့အပေါ် ထိုမျှရန်လိုနေသည်ကို စဉ်စားမရ။

"ထိန်းချုပ်သူ၊ ပြောစရာကိစ္စရှိရင် အေးဆေးထိုင်ဆွေးနွေးလို့-"

"သူ့ကိုတိုက်ကြဟေ့"

စကားမဆုံးမီ အင်ပါယာသခင် ရှေ့တက်လာပြီး ဝူယော်ကို ပိတ်ကန်သည်။

ဝူယော်ရောက်အလာကို ကွမ်းရှန်ဟိုင်စောင့်မျှော်နေခဲ့သလို သူနှင့်ထိန်းချုပ်သူသခင်လည်း စောင့်နေခဲ့သည်။

ဝူယော် အငိုက်မိ၍ နောက်သို့ ခြေလေးငါးလှမ်းယိုင်သွားသည်။ သို့သော် လဲမကျအောင် ကြိုးစား၍ထိန်းသည်။

"မင်းအဆင်ပြေရဲ့လား"

ကွမ်းရှန်ဟိုင်က သူ့ကို ကူထိန်းပေးသည်။ ဝူယော်သည် မဟာယုကျင့်ကြံသူတို့၏ ပင်မဒေါက်တိုင်ဖြစ်သည်။ လဲကျ၍မဖြစ်။ အဖွဲ့သားများ၏စိတ်ဓာတ်အပေါ် သက်ရောက်မှုရှိလာမည်။

ဝူယော် ကြမ်းပြင်ပေါ် တံတွေးတစ်ချက်ထွေးသည်။

"ခွေးမသားတွေ၊ ယွမ်ကျိကို ငါမနိုင်ပေမယ့် မင်းတို့လိုအဘိုးကြီးတွေကိုတော့ ငါသောက်ဂရုမစိုက်ဘူးကွ။ လောင်ကွမ်း။ မင်းဝင်မပါနဲ့။ ငါသူနဲ့ နှစ်ယောက်ချင်းတိုက်မယ်"

"လာစမ်းပါ"

အင်ပါယာချန်က ကိုယ်ဟန်အသင့်ပြင်၍ လက်ယပ်ခေါ်သည်။

အဖွဲ့နှစ်ခုခေါင်းဆောင်များ တိုက်ခိုက်ချိန်တွင် ကျန်သည့်လူများ ဝင်မပါသင့်။ နိုင်ငံနှစ်ခု နောက်တစ်ကြိမ် တိုက်ခိုက်ကြသည်။ အကျဉ်းထောင်ထဲတွင် ဖုန်မှုန့်များ ချက်ချင်းပြည့်နက်သွားသည်။

"ဝမ်ဖ၊ လူသုံးယော်ခေါ်ပြီး အနောက်ဘက်ကနေကူပါ"

"စီလဲ့နဲ့စီချန်း၊ မင်းတို့နှစ်ယောက် သူတို့ထွက်မယ့်လမ်းကို ဖြတ်တိုက်"

ကွမ်းရှန်ဟိုင်နှင့် ထိန်းချုပ်သူက တပ်ဖွဲ့ကို အမိန့်ပေးညွှန်ကြားသည်။ နေ့တိုင်းလိုလို သူတို့စကားများခဲ့သည်။ ကိုယ့်နိုင်ငံ အင်အားအကြီးဆုံးဖြစ်ကြောင်း ကြွားလုံးထုတ်ကြသည်။ မြေပုံပေါ်တွင် အကြိမ်ရာချီ၍ စစ်ခင်းကြသည်။

နှစ်ဘက်လုံး အနိုင်အရှုံးများရှိသည်။ ဘယ်သူမှအလျှော့မပေးကြ။

ယခု နှစ်ဘက်လုံး အဖွဲ့သားများစုံလင်သွားသည်။ သီအိုရီများကို လက်တွေ့စမ်းသပ်ရမည့်အချိန် ရောက်လာသည်။

အကျဉ်းထောင်တွင် ဝိညာဉ်စွမ်းအား မသေမျိုးစွမ်းအား သုံး၍မရ။ အရိယဖလလည်း သိမ်းယူခံထားရသည်။ ရုပ်ခန္ဓာလည်း အတော်အားနည်းအောင် ဖိနှိပ်ခံရသည်။

အကျဉ်းထောင်နှင့် သိပ်အသားမကျသေးသည့် ဝူယော်က အင်ပါယာချန်နှင့် စတင်ရင်ဆိုင်ချိန်တွင် အ‌ရေးနိမ့်သည်။ မဟာချန်ကျင့်ကြံသူများ ဝမ်းသာအားရ အော်ဟစ်အားပေးသည်။

သို့သော် ဝူယော်သည် ထူးခြားသည့်ဉာဏ်ရည် ပိုင်ဆိုင်ထားသူဖြစ်သည်။ မဟာယုတို့ အားပေးသံများကြားတွင် သူ့ဟာကွက်များကို ချက်ချင်းနားလည်လာသည်။ တဖြေးဖြေး အကျဉ်းထောင်ပတ်ဝန်းကျင်နှင့် အသားကျလာသည်။ အခြေအနေကို ပြန်ပြောင်းနိုင်ခဲ့သည်။

ထိုအဖြစ်ကိုကြည့်၍ မဟာယုတို့၏စိတ်ဓာတ်များ မြင့်တက်လာသည်။ သူတို့စိတ်ခွန်အားက မဟာချန်များထက်မလျော့။

ဝူယော် လက်ရှိအခြေအနေကို သုံးသပ်ချိန်ရလာသည်။ အကျဉ်းထောင်ပတ်ဝန်းကျင်သည် လေ့ကျင့်ကွင်းတစ်မျိုးဖြစ်သည်။

စိတ်ဝိညာဉ်နှင့်ခန္ဓာကိုယ်နှစ်ခုလုံးကို ဖိနှိပ်ထားသည်။ အတွင်းအပြင်နှစ်ခုလုံး ကြိုးစားလေ့ကျင့်ရသည်။

တိုက်ခိုက်နေရင်း အင်ပါယာချန်၏ အရိယဖလသဘာဝကို သူတဖြေးဖြေးနားလည်လာသည်။

သိုင်းပညာဖလှယ်ရင်း မိတ်ဆွေဖွဲ့သည်ဟု သေမျိုးသိုင်းသမားများ မကြာခဏပြောကြသည်။ ကျင့်ကြံသူများလည်း ထိုသို့သာ လုပ်ကြရသည်။

အင်ပါယာချန်၏ ဝါးမျိုခြင်းအရိယဖလသည် အားလုံးအပေါ်လွှမ်းမိုးချုပ်ကိုင်သည့် သဘောဖြစ်သည်။ ဝူယော်တွင် ထိုစွမ်းရည်မျိုးမရှိ။

အင်ပါယာချန်သာ ဖယောင်းကောင်းကင်ဂြိုလ်ကိုအုပ်ချုပ်လျှင် နေရာစုံကို လှည့်ပတ်သိမ်းပိုက်စရာမလိုဘဲ စကြာဝဠာကို လွှမ်းမိုးနိုင်လောက်သည်။

ဝူယော်က အသစ်အဆန်းများ လေ့လာရာတွင် ကျွမ်းကျင်သည်။ ထို့ကြောင့်လည်း ကျင့်စဉ်တစ်ရာကို တတ်မြောက်ခဲ့ခြင်းဖြစသည်။ လေ့လာမှုအားကောင်းသည် အမှားကိုရှာဖွေ၍ အမှန်ပြင်နိုင်စွမ်းရှိသည်။

ကိုယ့်အားနည်းချက်ကိုယ် သုံးသပ်နိုင်သည်။

ချို့ယွမ်းချက်များကို စိုးရိမ်နေဖို့မလို။ အမှန်ပြင်နိုင်ဖို့သာလိုသည်။

သို့သော် လောလောဆယ် ဤရှေးဟောင်းအဘိုးကြီးကို သူအနိုင်ယူရမည်။

ဝူယော် အင်ပါယာချန်မျက်နှာကို လက်သီးတစ်ချက်ပစ်သွင်းလိုက်သည်။ အားအရှိန်ကြောင့် အင်ပါယာချန်ယိုင်ထွက်သွားသည်။

မဟာချန်မဟာယုကျင့်ကြံသူများ မသေမျိုးတိုက်ပွဲစက်ကွင်းမသက်ရောက်စေရန် ခပ်ဝေးဝေးနေကြသည်။

....

အဆင့်တက်ဖို့ ကျင့်စဉ်ဝင်မည်ဟု လုယန်ပြောခဲ့သည်မှာ စကားသက်သက်မဟုတ်။ ဝူယော်နှင့်တိုက်ပွဲကြောင့် အတွေးအမြင်များစွာရလာသည်။ ကျင့်စဉ်အဆင့်လှုပ်ရှားလာသည်ကို အာရုံခံမိသည်။

ဇစ်မြစ်အရိယဖလကို ပို၍နက်နက်ရှိုင်းရှိုင်း နားလည်လာသည်။

တိုက်ပွဲက ထင်သလောက်မလွယ်ကူခဲ့။ ဝူယော်သည် အင်အားကြီးပြိုင်ဘက်ဖြစ်သည်။ လုယန်ကို ကြီးမားသည့်ဖိအားပေးနိုင်သည်။ ထိုဖိအားကို လေ့ကျင့်ဖို့အသုံးချပြီး အဆင့်တက်နိုင်ရန် ကြိုးစားသည်။

ဗဟိုငါးခုက ကောင်းကင်နှင့်တစ်ပြေးတည်းရှိနေသည်။ ဗုဒ္ဓရုပ်ထုလို တင်ပျဉ်ခွေထိုင်နေသည်။ ပြင်ပအနှောက်အယှက်များ သူ့တာအိုနှလုံးကို လှုပ်ခါနိုင်စွမ်းမရှိ။

ထိပ်တန်းဝိညာဉ်ကျောက်များ တစ်တုံးပြီးတစ်တုံး စွမ်းအင်ကုန်သွားသည်။ သိပ်မကြာမှ အခွံသက်သက်ကျောက်တုံးများ စုပုံလာသည်။

နတ်မယ် သမ်းတစ်ချက်ဝေသည်။ ဤတစ်ကြိမ် ရှောင်ယန်အဆင့်တက်ဖို့ အတော်ကြာလောက်သည်ဟု သူယူဆသည်။ ဝူယော်နှင့်လုယန် တိုက်ခိုက်စဉ်က အလံဝှေ့ယမ်း၍ ချီးယားခဲ့ရသဖြင့် သူလည်း စွမ်းအင်အတော်ကုန်သွားသည်။

ခေါင်းအုံးကိုဖက်၍ သူအိပ်ပျော်သွားသည်။ လုယန် ဆက်၍ကျင့်ကြံသည်။

အချိန်ဘယ်လောက်ကုန်သွားမှန်းမသိ။ လုယန်၏အပြောင်းအလဲကို နတ်မယ်အာရုံခံမိသည်။ အကြောတစ်ချက်ဆန့်၍ သူနိုးလာသည်။ လုယန်ကိုယ်ပေါ်တွင် ဖုံမှုန့်များကပ်နေသည်ကို သတိထားမိသည်။ အချိန်အတော်ကြာအောင် ကျင့်စဉ်ဝင်နေခဲ့သည့် သဘောဖြစ်သည်။

ထို့နောက်တွင် အချိန်နောက်ပြန်စီးသကဲ့သို့ ထိုဖုန်မှုန့်များ အထက်သို့ပျံတက်သွားသည်။ ထို့နောက် မူလနေရာသို့ ပြန်ရောက်သည်။ တစ်ချိန်တည်းမှာပင် ကမ္ဘာဖျက်စွမ်းအင်ရောင် ဖြာထွက်လာသည်။ လုယန်အဆင့်တက်နေခြင်းဖြစ်သည်။

ယခုသူ အလုပ်သုံးလေးမျိုး တစ်ပြိုင်တည်းလုပ်နိုင်လာသည်။ အဆင့်တက်ဖို့ ကြိုးစားနေသလို ဇစ်မြစ်အရိယဖလသန္ဓေကိုလည်း လှုံ့ဆော်သည်။ အရိယဖလသန္ဓေအပေါ် နားလည်မှုနက်ရှိုင်းလာသည့် သဘောဖြစ်သည်။

စွမ်းအင်ရောင်ရိုက်ခတ်မှုကြောင့် လှိုဏ်ဂူ အဆက်မပြတ်တုန်ခါလာသည်။ ကြိုတင်စီစဉ်ထားသည့် မှော်စက်ဝန်းသာမရှိလျှင် ကြေမွပျက်စီးသွားပြီးဖြစ်မည်။

နောက်ဆုံးတွင် စွမ်းအင်ရှောင် မှေးမိန်သွားသည်။ လုယန် အသက်ကိုဖြေးညှင်းစွာ ရှူရှီုက်နေသည်။ သူ့ဟန်ပန်တွင် မသေမျိုးတာအိုလက္ခဏာတစ်ချို့ ဝိုးတဝါးပေါ်လာသည်။

အချိန်အတော်ကြာပြီးနောက် သူမျက်လုံးဖွင့်၍ ထရပ်သည်။ နတ်မယ်က လက်ခုပ်တီးသည်။

"ဂုဏ်ယူပါတယ် ဂုဏ်ယူပါတယ် ရှောင်ယန်။ ကူးဖြတ်ခြင်းထိပ်ဆုံးအဆင့်ကိုရောက်လာပြီပေါ့။ နင်တကယ်တော်တာပဲ"

********************************

All Chapters