← Chapters

အခန်း ၁၃၂၆

Vol. 89 Ch. 1326

အခန်း ၁၃၂၆

Vol. 89 Ch. 1326

အခန်း (၁၃၂၆) ယွမ်ကျိ၏ဇာတိမြေ

အဆင့်တက်သော်လည်း ထူးထူးခြားခြား စိတ်လှုပ်ရှားမှုမျိုး မခံစားရ။ ဤအဆင့်၏စွမ်းအားကို အကြိမ်ကြိမ် ခံစားဖူးပြီးဖြစ်သည်။ အသားကျအောင် ထိန်းညှိနေစရာမလို။ အဆင့်တက်ပြီးသည့်နှင့် ထိုစွမ်းအားကို ထိန်းချုပ်နိုင်သည်။ တစ်ခြားအဆင့်တူဝါရင့်များပင် ပို၍စွမ်းအားကြီးသေးသည်။

ကျေနပ်စရာအကောင်းဆုံးကိစ္စက ဇစ်မြစ်အရိယဖလသန္ဓေက ပြည့်စုံတော့မည့်အရိပ်အယောင် ဝိုးတဝါးပေါ်လာခြင်းပင်ဖြစ်သည်။ အသုံးပြုရပိုအဆင်ပြေလာသည်။ ပိုမြန်ဆန်လာသည်။

လှိုဏ်ဂူထဲမှ သူထွက်လာသည်။ သူမြင်ကွင်းရှေ့တွင် ပန်းပင်လယ်ကြီးပေါ်လာသည်။ ယွမ်မုန်မုန်နှင့်ချင်ဟဲစိုက်ပျိုးသည့် ပန်းခင်းများဖြစ်ကြောင်း သူမှတ်မိနေသည်။ ကောင်းကင်ဂိတ်တောင်တန်းတစ်ခုလုံးကို ပန်းခင်းဆယ့်နှစ်လွှာဖြင့် ဖုံးအုပ်ထားသည်။

တံခါးပိတ်ကျင့်ရာမှ ထွက်လာတိုင်း သူအဆင့်တက်သည်ကို ဂုဏ်ပြုသည့်အနေဖြင့် အမြဲတမ်းဖူးပွင့်နေသည်။

ယွမ်မုန်မုန်က ပန်းခင်းထဲတွင်လဲလျောင်း၍ ခြေချင်းလိမ်ပြီး အမည်မသိတေးသွားတစ်ပုဒ်ကို စိတ်အေးလက်အေး ညည်းနေသည်။

လှိုဏ်ဂူဆီမှ လှုပ်ရှားသံကြားသဖြင့် သူခုန်ထလာသည်။ ပန်းခင်းထဲတွင် လှဲနေခဲ့သော်လည်း သူ့အဝတ်အစားက အသစ်အတိုင်းရှိနေသည်။ ရွှံ့မြူလုံးဝမကပ်။ ပန်းနံ့တော့သင်းနေသည်။

"ဒုခေါင်းဆောင်။ နင်နောက်တစ်ဆင့်တက်သွားပြီလား။ ဒီတစ်ခါ နင်ကျင့်ကြံတာ အတော်ကြာတာပဲ"

"ဘယ်လောက်ကြာသွားလဲ'

"အင်း၊ နှစ်ဝက်လောက်ရှိပြီ။ အပြင်လောကမှာ အပြောင်းအလဲကြီးတွေဖြစ်နေပြီ"

ယွမ်မုန်မုန်လက်ထဲတွင် ပြားချပ်သည့်ပစ္စည်းတစ်ခုကိုင်ထားသည်ကို လုယန်သတိထားမိသည်။ မြေပေါ်လှဲနေစဉ်က ထိုပစ္စည်းကို သူကြည့်နေသည်။

"ဒါကဘာလဲ"

"ဒါလား၊ ကွမ်တမ်ဆက်သွယ်ရေးစက်လေ။ နောက်ဆုံးထွက်တဲ့မော်ဒယ်ပေါ့။ ဖုန်းဆက်လို့ရတယ်။ ဗွီဒီယိုကောလ်ရတယ်။ အင်တာနက်တောင် ချိတ်လို့ရတယ်"

အခုတလော ထိုကိရိယာကို ယွမ်မုန်မုန်အတော်သဘောကျနေသည်။ အွန်လိုင်းပေါ်တွင် ကြည့်စရာများစွာရှိသည်။

"ငါကြည့်နေတဲ့ လိုက်ဖ်စထရိန်းကိုကြည့်ပါ"

ယွမ်မုန်မုန် ကွမ်တမ်စက်ကို အသက်သွင်းလိုက်သည်။ ဖန်သားပြင်တွင် ဘိုးဘေးကွေ့ယန် ပေါ်လာသည်။

ကွေ့ယန်နှင့် တစ်ခြားမသေမျိုးဂိုဏ်းတည်ဘိုးဘေးသုံးယောက် နှင်းတောင်တန်းရှေ့တွင် ရပ်နေသည်။ တောင်တန်းနောက်ဘက်တွင် စကြာဝဠာကြယ်ကောင်းကင်ရှိသည်။

"တာအိုမိတ်ဆွေတို့။ follow ကိုနှိပ်ပါ။ သန်းငါးထောင်ပြည့်တာနဲ့ ပေါင်းစည်းအရိယဖလသန္ဓေရဲ့ သဘောတရားကို ရှင်းပြပါမယ်"

ဖော်လိုဝါအရေအတွက် သိသိသာသာတိုးလာသည်။ ဖန်သားပြင်ပေါ်တွင် ရီဝါ့ထ်များ လှိမ့်ဝင်လာသည်။ တစ်ခြားမသေမျိုးတစ်ဝက်များကိုလည်း မျက်နှာပြပြီး လမ်းညွှန်ချက်ပေးဖို့ လူပေါင်းများစွာ ဒူးထောက်တောင်းဆိုကြသည်။

ပွဲအတော်စည်နေသည်။

"ဒီအဘိုးကြီးက ဘယ်သူလဲ။ ဘာလို့ ဒီလောက်ဖော်လိုဝါများတာလဲ"

"အဖြေရှာကြည့်မယ်ကွာ။ ဒီအကောင်ဖွင့်တာ သုံးရက်ပဲရှိသေးတာ ဒီလောက်ဖော်လိုဝါအများကြီး ဘယ်လိုရှိနိုင်မှာလဲ။ ငွေနဲ့ဝယ်တာများလား"

"ဒီတာအိုရှင်က ငါတို့ကျင့်ကြံသူလောကထဲက မဟုတ်ဘူးလား။ တကယ်ထိပ်သီးကျင့်ကြံသူအစစ်ပဲ။ 'ကောင်းကင်သခင်ကွေ့ယန်'လို့ အွန်လိုင်းမှာ ရှာကြည့်ပါ။ မင်းတို့အံ့ဩသွားလိမ့်မယ်"

"...ဘိုးဘေးက ဘာလုပ်နေတာလဲ"

"စကြာဝဠာခရီးသွားအတွေ့အကြုံကို လိုဖ်လွှင့်နေတာလေ"

လုယန် တွေးနေသည်။ ဤမဟာနှင်းတောင်ကိုကို သူရင်းနှီးနေသည်။ ဘိုးဘေးကျွေးယွဲ့နေထိုင်သည့် နှင်းတောင်ဖြစ်သည်။

ကောင်ကင်ဂိတ်တောင်တန်းနောက်ဘက်ဆီ သူလှည့်ကြည့်လိုက်သည်။ ဘာမှမရှိတော့။ မဟာနှင်းတောင်တန်း ပျောက်ကွယ်သွားသည်။

ယွမ်မုန်မုန် ဆက်၍စခရိုးသည်။ ချီထိန်းဂိုဏ်း အဓိပဓိအကြီးအကဲ၏ လိုက်ဖ်စထရိန်းရှိသည်။

"ဗျူဝါအရေအတွက် ဆယ်သန်းပြည့်ရင် နေလုံးထဲကို လေ့လာရေးခရီး ခေါ်သွားပေးပါ့မယ်။...ဟာ စက်ကအရည်ပျော်သွားပြီ"

လိုက်ဖ်စထရိန်း ရပ်သွားသည်။

"ဒါကို အင်တာနက်လို့ခေါ်တယ်။ ကြယ်စုမဟာမိတ်ကရောက်လာတဲ့ နည်းပညာပါ။ အဲ၊ ဒုခေါင်းဆောင်က ကြယ်စုမဟာမိတ်ကို အရင်ဆုံးရောက်ခဲ့တဲ့လူပဲ။ ဒါတွေကို သိမှာပါ။

အခု ကျင့်ကြံသူလောက၊ ကြယ်စုမဟာမိတ်နဲ့ ဖယောင်းကောင်းကင်ဂြိုလ်။ အားလုံးကို အင်တာနက် ချိတ်ထားတယ်"

လုယန် နဖူးကိုလက်ဖြင့်အုပ်၍ ရယ်ရခက်ငိုရခက်ဖြစ်နေသည်။ ကျင့်ကြံသူလောကက ဖွံဖြိုးတိုးတက်ရေးအတွက် ခြေလှမ်းကျဲကျဲလှမ်းခဲ့ပုံရသည်။ ရှေးဘိုးဘေးကြီးများက ထိုနည်းပညာအသစ်အဆန်းများကို ပွင့်လင်းစွာလက်ခံပြီး ကိုယ်တိုင်သာယာခံစားနေကြသည်။

အရင်က လုယန်ကျင့်စဉ်ဝင်ချိန်များသည် သိပ်မရှည်လှ။ ပြန်ထွက်လာချိန်တွင် အပြင်လောက၌ အပြောင်းအလဲသိပ်မရှိ။ ဤတစ်ကြိမ်အပြင်ထွက်လာချိန်တွင် 'အကြီးအကျယ်ပြောင်းလဲသည်'ဆိုသည့်စကားကို သူနားလည်လာသည်။

"အမယွမ်ရှိလား"

"လွန်ခဲ့တဲ့နှစ်ရက်လောက်က ဇာတိမြေကိုပြန်သွားတယ်"

"ဒါနဲ့...ရှောင်ယွမ်ရဲ့ ဇာတိမြေက ဘယ်မှာလဲ"

နတ်မယ်ကမေးသည်။ ယွမ်ကျိ ဇာတိမြေသို့ပြန်သည်ဟူသည့်စကားကို သူကြားဖူးသည်မှာ တစ်ကြိမ်မကတော့။ သို့သော် ဘယ်နေရာတွင်ရှိမှန်း မသိရ။

ထိုဇာတိမြေအကြောင်း နတ်မယ်အတော်သိချင်နေသည်။ ယွမ်ကျိလိုပါရမီရှင်မျိုးကို မွေးထုတ်နိုင်လောက်အောင် ထူးခြားသည့် ထိုနေရာကို သူစိတ်ဝင်စားသည်။

"ရှုပြည်နယ်မှာ..."

ယွမ်မုန်မုန် အမှတ်တမဲ့ပြောလိုက်မိသည်။ ထို့နောက် သူ့ပါးစပ်သူ အမြန်ပိတ်သည်။ သူတို့ဇာတိမြေ၏တည်နေရာကို လုံးဝမပြောရဟု ရှောင်ကျိက အထပ်ထပ်မှာထားသည်။ ပြောမိလျှင် သူဒုက္ခရောက်မည်။

ယွမ်မုန်မုန် အတင်းခေါင်းခါ၍ 'ပြောပြလို့မရဘူး'ဟူသည့်စကားကို ပါးစပ်ပိတ်လျက်သားဖြင့်ညည်းပြသည်။

"ဪ၊ ပြောလို့မရဘူးပေါ့"

နတ်မယ် မချိုမချဉ်ပြုံးသည်။ ထိုကိစ္စ ထိပ်ပြီးအစ်အောက်ကြည့်လျှင် စိတ်ဝင်စားစရာကောင်းလိမ့်မည်ဟု သူယူဆသည်။

"ထာဝရခေါင်းဆောင်အနေနဲ့ ငါအမိန့်ပေးတယ်။ ပြောစမ်း"

ယွမ်မုန်မုန် ဆက်၍ခေါင်းခါသည်။ ရှောင်ကျိနှင့် နတ်မယ်ကြား ဗျာများနေသည်။

"ရှေးဟောင်းမသေမျိုးလေးယောက် ပြန်ရောက်လာပြီ။ သူတို့ခရီးသွားအတွေ့အကြုံကို သွားနားထောင်ပါလား ခေါင်းဆောင်"

"အလျင်မလိုပါဘူး။ ဒါက လူရှေ့သူရှေ့ ကြွားလုံးထုတ်တာပါပဲ။ ရှောင်ယွမ်ရဲ့ဇာတိမြေက ဘယ်မှာလဲ"

"မဟာရှားမသေမျိုးနှစ်ယောက်လည်း ပြန်ရောက်လာပြီ"

"ဪ ဟုတ်လား။ ရှောင်ယွမ်ရဲ့ဇာတိမြေက ဘယ်မှာလဲ"

ယွမ်မုန်မုန် စကားလမ်းကြောင်းပြောင်းရန် ကြိုးစားသော်လည်း နတ်မယ်၏စိတ်ဝင်စားမှုက မြင့်တက်နေသည်။ အလွယ်တကူ ဖျောင်းဖျ၍ မရနိုင်။

"နတ်မယ်၊ ညီမမုန်မုန် အခက်တွေ့အောင် မလုပ်ပါနဲ့။ သူမပြောချင်ဘူးဆိုတာ ရှင်းနေတာပဲ"

လုယန် ယွမ်မုန်မုန်ဘက်မှ ဝင်ကူသည်။

"ဟေ့ ရှောင်ယန်။ နင်က ဘယ်သူ့ဘက်ကလဲ"

နတ်မယ်က လက်ပိုက်၍ စိုက်ကြည့်သည်။

"အားလုံးက မိသားစုဝင်တွေပါ။ သူ့ဘက်ကိုယ့်ဘက်မရှိပါဘူး"

"ရှောင်ယွမ်ရဲ့ဇာတိမြေဘယ်မှာလဲဆိုတာ နင်မသိချင်ဘူးလား"

လုယန် ခဏအသံတိတ်သွားသည်။ သူလည်း သိချင်သည်။

"...သိချင်ပေမယ့် ညီမမုန်မုန်မပြောချင်ဘူးဆိုရင် ကျုပ်အတင်းမမေးဘူး။...နတ်မယ်၊ ခင်ဗျားတကယ်သိချင်ရင် အမယွမ်ပြန်လာမှမေးပါ"

နတ်မယ် နှာခေါင်းရှုံ့၍ မျက်နှာလွှဲသွားသည်။ ရှောင်ယွမ်ကိုမေးလည်း အဖြေထွက်မည်မဟုတ်ကြောင်း သူသိသည်။

သူတို့နှစ်ယောက် စကားများနေသည်ကိုကြည့်၍ ယွမ်မုန်မုန် အနေရခက်လာသည်။ ဒုခေါင်းဆောင်က သူ့ကိုကူညီဖို့ ခေါင်းဆောင်ကို တိုက်ရိုက်ဆန်ကျင့်ခဲ့သည်။

ဒုခေါင်းဆောင်က သူ့အပေါ်အတော်ကောင်းသည်။ သူဘယ်လိုကျေးဇူးတင်ရမည်မသိ။

နှုတ်ခမ်းကိုက်၍စဉ်းစားနေပြီးနောက် သူဆုံးဖြတ်ချက်ချလိုက်သည်။

"တကယ်တော့ ငါ့ဇာတိမြေကို ခေါ်သွားပေးလို့ရပါတယ်။ ငါ့အဘွားက နင့်ကိုသေချာပေါက်ကြိုဆိုပါမှာ"

......

မက်မွန်လျှို့ဝှက်နယ်မြေ။

ယွမ်ကျိနှင့် ယွမ်မုန်မုန်၏ ဇာတိမြေဖြစ်သည်။ မက်မွန်ပင်များအပြည့်ရှိသည်။ မက်မွန်ရနံ့များ သင်းပျံ့နေသည်။ သေမျိုးတို့၏ နတ်ဘုံနတ်နန်းနှင့်တူသည်။

ယွမ်ကျိ သူ့အဖွားဆီ လာလည်သည်။

အဖွားဟုခေါ်ရသော်လည်း အသက်နှစ်ဆယ်အရွယ်ရုပ်ရည်သာရှိသည့် မိန်းမတစ်ယောက်ဖြစ်သည်။ ယွမ်ကျိနှင့်အတူထိုင်လျှင် ညီအမနှင့်ပိုတူသည်။

အဖွားဖြစ်သူက ဉာဏ်အလင်းလက်ဖက်ရည်ခွက်ကိုချ၍ ပြုံးလိုက်သည်။

"အပြင်လောကမှာ အပြောင်းအလဲတွေအများကြီး ဖြစ်နေပုံပဲ။ ကျင့်ကြံသူလောက ပွင့်သွားတယ်။ စကြာဝဠာအစစ်ထဲကိုဝင်ကြတယ်။ မသျေိုးတိုက်ပွဲတွေတောင် ကိုယ်တွေ့မြင်ခဲ့ရတယ်ပေါ့"

"မင်းစွမ်းအားကြီးတာ အဘွားသိတယ်။ ဒါပေမယ့် သတိထားတာမမှားဘူး။ တစ်ခြားလူတွေ အန္တရာယ်မပြုနိုင်အောင် ဂရုစိုက်ပါ"

ယွမ်ကျိ အလိုက်သင့်ခေါင်းငြိမ့်သည်။ 'ဂရုစိုက်ပါ့မယ်'ဟု ဖြေရမလား။ ကျွန်မကိုထိခိုက်အောင်လုပ်နိုင်တဲ့လူ မရှိပါဘူးဟု ဖြေရမလား သူမသိ။

"ဒါနဲ့ မင်းမကြာခဏပြောတဲ့ လုယန်ဆိုတဲ့ကောင်လေးက အတော်စိတ်ဝင်စားစရာပဲ။ မုန်မုန်နဲ့လည်း အတော်ရင်းနှီးပုံရတယ်။ ငါနဲ့တွေ့ဖို့ မင်းသူ့ကို ဘယ်တော့ခေါ်လာမှာလဲ"

"ကျွန်မခေါ်မလာချင်လို့မဟုတ်ပါဘူး။ ဆရာတူမောင်လေးက ဝီရိယစိုက်ပြီးကျင့်ကြံနေတယ်။ မကြာခဏတံခါးပိတ်ကျင့်တယ်။ သူဒီကို လာလည်ချိန်မရလို့ပါ"

*******************************

All Chapters