← Chapters

အခန်း ၁၃၃၀

Vol. 89 Ch. 1330

အခန်း ၁၃၃၀

Vol. 89 Ch. 1330

အခန်း (၁၃၃၀) ဖုတ်ကောင်ဂြိုလ်ဆန္ဒဝိညာဉ်

"ဘယ်လို၊ ကျုပ်ဇာတိမြေ ကြယ်ပြာပေါ့..."

လုယန် ခဏမင်သက်မိသွားသည်။ ယွမ်ကျိစကားကို အမီမလိုက်နိုင်။

"ဟုတ်တယ်"

ယွမ်ကျိမျက်နှာက ပန်းရောင်မပျောက်သေး။ သူ့စကားသံက အတော်တိုးညှင်းသည်။

လုယန်ကျင့်စဉ်ဝင်နေချိန်တွင် ယွမ်ကျိ ဖယောင်းကောင်းကင်ဂြိုလ်သို့ သွားလည်သည်။ ရှေးမှတ်တမ်းထဲတွင် ကြယ်ပြာ၏ ကိုဩဒနိတ်များကို တွေ့ခဲ့သည်။

လုယန်ထွက်လာလျှင် ပြောပြဖို့ ရည်ရွယ်ထားခဲ့သည်။ သို့သော်လုယန်က တံခါးပိတ်ကျင့်ရာမှထွက်ပြီးနောက် မက်မွန်ဇာတိမြေသို့ ချက်ချင်းထွက်လာသဖြင့် ယွမ်ကျိအစီအစဉ် ပျက်သွားသည်။

ယခု လုယန်နှင့်နတ်မယ်ကို ကြယ်ပြာသို့ သူအမြန်သွားစေချင်သည်။ ဤလျှို့ဝှက်မြေတွင် ဆက်မနေစေချင်တော့။

လုယန် ခဏငေးငိုင်သွားသည်။ သူ့အမိမြေတည်နေရာကို ရုတ်တရက်သိလာရမည်ဟု ထင်မထားခဲ့။

"ဪ ဒါက ရှောင်ယန်ရဲ့ ဇာတိဂြိုလ်ပေါ့"

ထင်သည့်အတိုင်းပင် နတ်မယ် အာရုံပြောင်းသွားသည်။ ယွမ်ကျိကို စနောက်မနေတော့ဘဲ လုယန်ဘေးသို့ ပျံသန်းလာသည်။

စကြာဝဠာထဲမှ ကြယ်တာယာများသည် အဆက်မပြတ်ရွေ့လျားနေသည်။ ကြယ်ပြာ၏ တည်နေရာကိုဩဒနိတ်သည် တိကျသည့်မြေပုံမျိုးမဟုတ်။ အီကွေးရှင်းသင်္ကေတများဖြစ်သည်။

လက်ရှိအချိန်နှင့် နှိုင်းယှဉ်၍ ကြယ်ပြာ၏လက်ရှိတည်နေရာကို တွက်ချက်ယူရသည်။

ကြယ်စုနိုင်ငံများ အသုံးများသည့် နည်းလမ်းတစ်ခုဖြစ်သည်။ ကျင့်ကြံသူလောကက စကြာဝဠာသို့ဝင်ပြီးမှ သင်ယူလက်ခံခဲ့သည်။

"ကဲ သွားစို့၊ နင့်ဇာတိမြေကို သွားကြည့်ရအောင်"

နတ်မယ်က စိတ်အားတက်ကြွနေသည်။ ရှောင်ယန်အမြဲပြောသည့် ဇာတိမြေကို သူအတော်စိတ်ဝင်စားသည်။

ယွမ်ကျိကလည်း ဘယ်ကိုမှထွက်ပြေးနိုင်မည်မဟုတ်။

ယွမ်ကျိအနေရခက်နေသည့်မျက်နှာကို ပြန်တွေးရင်း နတ်မယ်ရယ်ချင်စိတ်ပေါက်နေသည်။

ယွမ်ကျိနှင့် အချိန်ကြာမြင့်စွာ ဉာဏ်ရည်တိုက်ပွဲ ဆင်နွှဲခဲ့သည်။ ယခုမှ တစ်ကြိမ်အနိုင်ရသည်။

"ပြန်တော့မှာလား ဒုခေါင်းဆောင်"

ယွမ်မုန်မုန် နည်းနည်းအလိုမကျဖြစ်နေသည်။ လုယန်ရောက်သည်မှာ မကြာသေး။ ယခု ပြန်တော့မည်။

သူနည်းနည်းတွေးမရဖြစ်နေသည်။ ဒုခေါင်းဆောင်၏ ဇာတိမြေသည် ကျင့်ကြံသူလောကထဲမှာပင် မဟုတ်လော။ သို့သော် ယခုကြည့်ရသည်မှာ အတော်ဝေးကွာသည့်နေရာတစ်ခု ဖြစ်ဟန်ရှိသည်။

"ညီမမုန်မုန်၊ မင်းနဲ့အမယွမ် အဘွားယွမ်ပိုင်ကို အဖော်ပြုပေးလိုက်ပါဦး။ ငါ့ဇာတိမြေကို ခဏသွားလည်မလိုပါ"

လုယန် ပြုံး၍ပြောသည်။

"ဟုတ်ပါပြီ"

ယွမ်မိသားစုဝင်တိုင်းကို လုယန်ပြုံး၍ နှုတ်ဆက်ပြီး မက်မွန်မြေမှ ထွက်လာခဲ့သည်။

မက်မွန်လျှို့ဝှက်မြေဂိတ်တံခါးသည် နေရာအတည်တကျမရှိ။ အမြဲတမ်းပြောင်းလဲနေသည်။ လက်ရှိတွင် ရှုပြည်နယ်၏ ရေကန်တစ်ကန်အောက်ခြေတွင်ရှိသည်။

ထိုရေကန်က ထိုဒေသတွင် အတော်နာမည်ကျော်သည်။ နှစ်စဉ် လာလည်သူများစွာရှိသည်။ ယနေ့ နယ်ခံကဗျာရွတ်ပွဲတစ်ခုကို ကန်ဘေးတွင် စီစဉ်ထားသည်။ ကဗျာစပ်ကြသည်၊ ရွတ်ကြသည်။ နယ်မြေမှတ်တမ်းတွင် နာမည်ချန်ခဲ့ချင်ကြသည်။

လက်တန်းကဗျာတစ်ခုရွတ်ဆိုပြီးတိုင်း ချီးကျူးသံများ လွင့်ပျံလာသည်။

"သိပ်ကောင်းတဲ့ကဗျာပဲ အကိုဝမ်။ ဒီကဗျာကိုကြားတော့ ကျုပ်ရဲ့စာပေအတားအဆီးတွေ လျော့သွားသလိုပဲ"

တစ်ယောက်က မှတ်ချက်ပေးသည်။

"ခင်ဗျားကျုပ်ကို မြှောက်နေပြန်ပါပြီ။ ဒါက ပေါ့ပေါ့ပါးပါးလက်တမ်းရွတ်လိုက်တ့း ကဗျာတစ်ပုဒ်ပါ"

အကိုဝမ်ကပြောသည်။ မြှောက်ပင့်စကားမှန်းသိသော်လည်း သူ့အပြုံးက လျော့မသွား။

ရုတ်တရက် ဝုန်းခနဲအသဲတစ်ခုကြားလိုက်ရပြီး ကန်ရေမျက်နှာပြင် ပွင့်ထွက်သွားသည်။ ပေတစ်ရာမြင့်သည့် ရေတန်းတစ်ခု လေထဲသို့မြင့်တက်လာသည်။ လူတစ်ယောက်ထိုးထွက်လာသည်။ တည်ကြည်ခံ့ငြားသည်။ ရယ်သံတစ်ခုကြားရသည်။ ထို့နောက် အစရှာမရအောင် ပျောက်ကွယ်သွားသည်။

ကဗျာဆရာများ မင်သက်မိ၍ ကျန်ခဲ့သည်။

"ဒီလူက ဘယ်သူလဲ"

"လုယန်နဲ့တူသလိုပဲ"

"ငါလည်း အဲလိုပဲထင်တယ်"

"လုယန်လား၊ သူကဒီမှာ ဘာလုပ်နေတာလဲ။ ဘာလို့ ရယ်နေတာလဲ"

"ကန်အောက်မှာ ရတနာတစ်ခုရှိလို့များလား"

ပညာရှင်များ စိတ်အားထက်သန်စွာပြောဆိုနေသည်။ ကဗျာရွတ်ပွဲကို အာရုံမရောက်တော့။ မည်သို့ဆိုစေ ထိုလူသည် ကျင့်ကြံသူလောက၏ ထပ်သီးကျင့်ကြံသူ လုယန်ဖြစ်သည်။

နည်းနည်းကံကောင်းရုံဖြင့် သူတို့ကို တစ်သက်စာအခွင့်အရေးတစ်ခု ပေးနိုင်သူဖြစ်သည်။

ထိုသို့တွေးရင်း ကန်ထဲသို့ ဒိုက်ပစ်ငုပ်ဆင်းကြသည်။ သို့သော် ဘာမှမတွေ့။ ထိုအကြောင်း ပြည်နယ်တရားသူကြီးဆီ သူတို့သတင်းပို့သည်။

ပြည်နယ်မှတ်တမ်းတွင် အဖြစ်အပျက်တစ်ခု မှတ်တမ်းဝင်သွားသည်။ ကဗျာဆရာများ စုဝေးနေစဉ် ဓားမသေမျိုးလုယန်က အော်ဟစ်ရယ်မောလျက် ချုန်ယန်ရေကန်မှ ထိုးထွက်လာသည်။

ပြည်နယ်တရားသူကြီးလည်း ဝမ်းသာအားရ ရှာဖွေစစ်ဆေးသည်။ ဘာမှမတွေ့ရ။ ထို့နောက် ဝိညာဉ်ပြောင်းအဆင့်ကျင့်ကြံသူများလည်း ချုန်ယန်ရေကန်သို့ ရောက်လာသည်။ ဘာမှမတွေ့။

ရည်ရွယ်မထားသည့် အပြုအမူတစ်ခုက ထိုမျှဂယက်ထသွားသည်ကို လုယန်မသိ။ လှေပျံနက်ကိုစီး၍ အပြင်အာကာသသို့ ရွက်လွှင့်နေသည်။

ပင်လယ်တာအိုသခင်ကျေးဇူးကြောင့် ကြယ်စုမဟာမိတ်နှင့် ကျင့်ကြံသူလောကကြား၊ ဖယောင်းကောင်းကင်နှင့် ကျင့်ကြံသူလောကကြား ခိုင်မာသည့် လေဟာနယ်လမ်းကြောင်းများ ရှိနေသည်။

ရက်ပိုင်းလောက်ဖြင့် သွားလာနိုင်သည်။ အော့ဖ်လိုင်းဆက်သွယ်မှုများ အဆင်ပြေသွားသည်။

ထို့ကြောင့် လုယန် ဖယောာင်းကောင်းကင်သို့ မြန်မြန်ရောက်သည်။

ပထဝီအနေအထားအရ ကြယ်ပြာသည် ဖယောင်းကောင်းကင်ဂြိုလ်နှင့် ပိုနီးသည်။

အမိမြေနှင့် နီးလာချိန်တွင် လွမ်းဆွတ်မှုနှင့် စိတ်လှုပ်ရှားမှုများ သူ့စိတ်ထဲတွင် ဖြစ်ပေါ်လာသည်။

ကြယ်ပြာပေါ်တွင် သူ့ကြုံခဲ့သည့် အဖြစ်အပျက်များကလည်း ထူးခြားသည်။ ရုတ်တရက် ဖုတ်ကောင်ကပ်ဆိုက်သည်။ မြို့တော်တစ်ခုလုံး အန္တရာယ်ကြုံသည်။ လုယန်က ကပ်ဆိုးကမ္ဘာတွင် ရှင်သန်ရုန်းကန်ရင်း ဖုတ်ကောင်များလက်မှ အကြိမ်ကြိမ်လွတ်မြောက်ခဲ့သည်။

ထိုအချိန်အတွင်း ဖုတ်ကောင်ကပ်ဆိုး၏ဇစ်မြစ်ကို လေ့လာနေသည့် ဒေါက်တာတစ်ယောက်ကို ကယ်တင်ခဲ့သည်။ သူကိုယ်တိုင်က မူလအကြောင်းရင်းဖြစ်ကြောင်း သိလာသည်။ ဆေးရုံဒါရိုက်တာက သူ့ကို ပထမဆုံးဖုတ်ကောင်အဖြစ် ပြောင်းခဲ့သည်။ သို့သော် သူကတစ်ခြားဖုတ်ကောင်များနှင့်မတူဘဲ ဆင်ခြင်သိစိတ်ကို ထိန်းထားနိုင်ခဲ့သည်။

ထိုထူးခြားချက်ကြောင့် ဖုတ်ကောင်များကို ထိန်းချုပ်နိုင်စွမ်းရှိလာသည်။ ထိုစွမ်းအားဖြင့် ဘေးကင်းဇုန်တစ်ခု တည်ဆောက်သည်။ လူသားမျိုးနွယ်တစ်စိတ်တစ်ပိုင်းကို ကာကွယ်ပေးခဲ့သည်။

နောက်ပိုင်းတွင် ကြယ်ပြာဝိညာဉ်နှင့် ဖုတ်ကောင်ဂြိုလ်ဝိညာဉ်က သူ့ဆီချဉ်းကပ်လာသည်။ သူတို့ဘက်သို့ပါအောင် စည်းရုံးသည်။ ဘယ်သူ့ကိုမှ သူမရွေးချယ်ခဲ့။ နေရာစုံသို့ခရီးဆန့်၍ ဖုတ်ကောင်ဘုရင်များကို စိန်ခေါ်တိုက်ခိုက်ခဲ့သည်။

ဖုတ်ကောင်အားလုံးကို လွှမ်းမိုးသည်။ ဒေါက်တာကို ဘေးကင်းဇုံ၏ခေါ်ခေါင်နေရာ လွှဲပေးသည်။

ဖုတ်ကောင်ဘုရင်အားလုံးကို အနိုင်ယူ၍ ဖုတ်ကောင်အားလုံးကို ထိန်းချုပ်ပြီးနောက် ဖယောင်းကောင်းကင်ဂြိုလ်က အာကသာယာဉ်တစ်စင်းဖြင့် တိုက်ခိုက်သည်။ ထိုအချိန်က ဖယောင်းကောင်းကင်သည် ယခုလောက် စွမ်းအားမကြီးသေး။ ကြယ်ပြာကို သိပ်အထင်မကြီ။

အာကာသယာဉ်တစ်စင်းနှင့် လှေပျံငယ်တစ်ချို့သာလွှတ်သည်။

သို့သော် ထိုအင်အားသည်ပင် ကြယ်ပြာကို ခြိမ်းခြောက်နိုင်စွမ်းရှိသည်။ လူသားမျိုးနွယ်နှင့် ဖုတ်ကောင်များကို ထိန်းချုပ်၍ ဖယောင်းကောင်းကင်၏ အာကာသယာဉ်ကို သူအနိုင်ယူနိုင်ခဲ့သည်။

ထို့နောက် ထိုအာကာသယာဉ်ကို မောင်းနှင်လျက် ဖယောင်းကောင်းကင်၏ စွမ်းအားရင်းမြစ်ဖြစ်သည့် ဝိညာဉ်ကျောက်များပြည့်နေသည့် ဂြိလ်တစ်ခုသို့သွားသည်။

ထိုနေရာတွင် ဖယောင်းကောင်းကင်နှင့် အပြင်းအထန်တိုက်ခိုက်သည်။ ကြယ်ပြာကိုသိမ်းပိုက်ရလွယ်ကူစေရန် ဖုတ်ကောင်ဗိုင်းရပ်ဖြန့်ဖို့ ဖုတ်ကောင်ဂြိလ်၏ဆန္ဒဝိညာဉ်ကို စေလွှတ်ခဲ့သူမှာ ဖယောင်းကောင်းကင်ဂြိုလ်ဖြစ်ကြောင်း သိလိုက်ရသည်။

နောက်ဆုံးတွင် ဖယောင်းကောင်းကင်ဂြိုလ်ကိုတားဆီးဖို့ ဝိညာဉ်ကျောက်မိုင်းတွင်းတွင် သူ့အသက်ကိုစတေး၍ ဖောက်ခွဲခဲ့သည်။ မျက်လုံးပြန်ပွင့်လာချိန်တွင် ကျင့်ကြံသူလောကသို့ ဘဝသစ်ဖြင့်ရောက်နေကြောင်း တွေ့လိုက်ရသည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် အတိတ်နှင့်လက်ရှိ ဘဝနှစ်ခုလုံး သူ့နာမည်က လုယန်ဖြစ်သည်။

စွမ်းအားအရ အတိတ်လုယန်သည် လက်ရှိလုယန်နှင့် မယှဉ်နိုင်။ သို့သော် မမေ့နိုင်စရာ အတိတ်မှတ်ဉာဏ်များ ကျန်နေဆဲဖြစ်သည်။

ထိုအတွေးများကြောင့် ကြယ်ပြာသို့ သူချက်ချင်းမပြန်သေး။ ဖယောင်းကောင်းကင်ဂြိုလ်တွင် ခဏနေရန် ဆုံးဖြတ်သည်။ ဤဂြိုလ်ပေါ်တွင် ရန်သူတစ်ယောက် ရှိနေသေးသည်။

လှပ၍ဆွဲဆောင်အားကောင်းသည့် မိန်းကလေးတစ်ယောက် လမ်းများကိုဖြတ်သန်း၍ အိမ်သို့ပြန်လာသည်။

"ကုယု၊ ဒီနေ့ပြန်လာတာ စောသားပဲ"

အိမ်နီးချင်းများက ထိုမိန်းကလေးကို ပြုံး၍နှုတ်ဆက်သည်။ အတော်လူချစ်လူခင်များပုံရသည်။

"ဟုတ်တယ်၊ ဒီနေ့ ပေါင်မုန့်တွေ စောစောရောင်းကုန်သွားလို့လေ"

ကုယွီ အပြုံးသဲ့သဲ့ဖြင့်ပြန်ဖြေသည်။ ထိုအပြုံးက လူငယ်များ၏စိတ်နှလုံးကို ရူးခါသွားစေနိုင်သည့် စွမ်းအားရှိသည်။

အိမ်နီးချင်းများအမြင်အရ ကုယုသည် နည်းနည်းအသိခက်သည်။ အောင်မြင်သည့် မုန့်ဆိုင်တစ်ခုဖွင့်ထားသည်။ ဘေးပတ်လည်မှလူများအပေါ် ခင်မင်ရင်းနှီးစွာ ဆက်ဆံသည်။ ရုပ်ရည်လှပသည်။ သူ့ကိုချစ်ခွင့်ပန်သူ များစွာရှိသည်။ အားလုံးကို အလိမ္မာသုံး၍ ငြင်းခဲ့သည်။

သူ့အပေါ် မရိုးမသားစိတ်ဖြင့် ချဉ်းကပ်သူများ အစရှာမရအောင် ပျောက်ကွယ်သွားသည်။ အားလပ်ရက်များတွင် ထူးဆန်းသည့်ပုဂ္ဂိုလ်များ သူ့ဆီလာလည်သည်။

အပြည့်အဝလေးစားမှုပြကြသည်။ လာလည်သူအားလုံး အရေးပါသည့်ပုဂ္ဂိုလ်များဖြစ်ဟန်ရှိသည်။

သူသည် လူချမ်းသာမိသားစုမှ သူဌေးသမီးတစ်ယောက်ဖြစ်လေမလားဟု အများက ခန့်မှန်းကြသည်။ အိမ်မပြန်လိုသဖြင့် ဤနေရာတွင် ဘဝအတွေ့အကြုံ လာရှာခြင်းဖြစ်မည်။

ကောလဟာများစွာ ထွက်ပေါ်နေသော်လည်း ကုယုက ပြုံးရုံသာပြုံးနေသည်။ ဘာမှရှင်းမပြ။

သူ့အိမ်သည် အပြင်ပန်းတွင် ဘေးပတ်လည်မှအိမ်များနှင့် ပုံစံတူဖြစ်သည်။ အတွင်းပိုင်းက အဆင့်မြင့်နည်းပညာစနစ်များ ပြည့်နေသည်။ ဖယောင်းကောင်းကင်ဂြိုလ်ပေါ်တွင် ပြိုင်ဘက်ကင်းခံတပ်တစ်ခုနီးပါး အဆင့်ရှိသည်။

သူ့ဇီဝအချက်အလက်များဖြင့် အတည်ပြု၍ အိမ်တံခါးကို ဖွင့်လိုက်သည်။ သို့သော် ကူရှင်ပေါ်တွင် လှဲနေသည့် လူတစ်ယောက်ကို မြင်လိုက်ရသဖြင့် သူရင်ထိတ်သွားသည်။

"ရှင်ဘယ်သူလဲ"

သူအော်ဟစ်လိုက်သည်။ လူစိမ်းအာရုံပျက်သွားချိန်တွင် ကူရှင်ထဲမှ ကြိုးမျှင်များစွာ ထွက်ပေါ်လာပြီး ကျူးကျော်သူကို ရစ်ပတ်သည်။

ဖယောင်းကောင်းကင်၏ အဆင့်မြင့်စစ်သားတစ်ယောက်ပင် ထိုအချုပ်အနှောင်မှ လွတ်အောင်ရုန်းနိုင်မည်မဟုတ်။

သို့သော် လူစိမ်းထံမှ ထူးဆန်းသည့်မီးတောက်များ ထွက်လာသည်။ ကြိုးစများချက်ချင်းမီးလောင်ပြာကျွားသည်။

ကြိုးမြှင့်များကို မီးရှို့သည့်ကိစ္စက ထိုလူစိမ်းအတွက် အသေးအဖွဲလိုသာဖြစ်သည်။ သူဖြေးညှင်းစွာ ထရပ်၍လျှောက်လာသည်။ ကုယွီနောက်တစ်ကြိမ် တိုက်ခိုက်ရန်ပြင်သည်။

"မတွေ့ရတာ နည်းနည်းကြာသွားပြီနော်။ မင်းကို မစ်ကုယုလို့ ခေါ်ရမလား။ ဒါမှမဟုတ် ဖုတ်ကောင်ဂြိုလ်ရဲ့ ဆန္ဒဝိညာဉ်လို့ခေါ်တာ ပိုကောင်းမလား"

ကုယွီ မျက်လုံးပြူးသွားသည်။ သူ့အချက်အလက်များသည် ဖယောင်းကောင်းကင်ထိပ်သီးအကြီးအကဲများကြားတွင် ထိပ်တန်းလျှို့ဝှက်ချက်ဖြစ်သည်။ ထိုလူက သူ့သရုပ်မှန်ကို ဘယ်လိုသိနေသည်မသိ။

"နင်ဘယ်သူလဲ"

လူစိမ်းက ကုယွီမျက်လုံးကို စိုက်ကြည့်သည်။ တစ်ချိန်က သူကြောက်ကြောက်ရွံ့ရွံ့ ပုန်းရှောင်ခဲ့ရသည့် နာမည်တစ်ခုကို ဖြေးညှင်းစွာပြောသည်။

"လုယန်ပါ"

********************************

All Chapters