← Chapters

အခန်း ၁၃၃၃

Vol. 89 Ch. 1333

အခန်း ၁၃၃၃

Vol. 89 Ch. 1333

အခန်း (၁၃၃၃) ပြန်လည်မွေးဖွားခြင်း

လုယန်နာမည်ကို အော်ခေါ်သံကြားသဖြင့် အတူလိုက်လာသည့် သက်တော်စောင့်များအားလုံး အံ့အားသင့်သွားကြသည်။

လုယန်။ ကြယ်ပြာ၏ ကယ်တင်ရှင်ဖြစ်သည်။ သမိုင်းကြောင်းမလေ့လာသည့် ကလေးတစ်ယောက်၊ လက်ရှိခေါင်းဆောင်များအကြောင်းမသိသည့် နိုင်ငံရေးမသိနားမလည်သူတစ်ယောက်ပင် လုယန်နာမည်ကို သိသည်။

လုယန်မရှိခဲ့လျှင် ကြယ်ပြာသည် ဖုတ်ကောင်ဂြိုလ်တစ်ခု ဖြစ်နေပေလိမ့်မည်။ သို့မဟုတ် ဖယောင်းကောင်းကင်၏ ဖမ်းဆီးခံဘဝ ရောက်နေနိုင်သည်။

သို့သော် ကြယ်ကမ္ဘာများကြားတွင် တိုက်ခိုက်ခဲ့သည့် လုယန်သည် ဟိုအရင်ကတည်းက သေသွားပြီးဖြစ်သည်။ ဤနေရာတွင် ပေါ်လာနိုင်စရာအကြောင်းမရှိ။ အသက်ငယ်လွန်းသည်။ သင်းရိုးစာအုပ်ထဲမှ ဓာတ်ပုံများနှင့်ပင်မတူ။

သူတို့အရာရှိလေဒီ အာရုံမှောက်မှားနေခြင်းလော။

လုယန်တုံ့ပြန်စကားကြောင့် ဆံဖြူဒေါက်တာအို မျက်ဖြူလန်ပြီး ချက်ချင်းသတိလစ်သွားသည်။ သက်တော်စောင့်များ ရင်ထိတ်သွားပြီး သူ့ကိုတွဲကူရန် အမြန်ပြေးလာကြသည်။

သို့သော် လုယန်က သူတို့ထက်အရင် ကြိုရောက်ပြီး ဒေါက်တာကိုဆီးပွေ့သည်။ ဝိညာဉ်စွမ်းအင်နည်းနည်း လွှဲပေး၍ သတိရအောင်လုပ်လိုက်သည်။

"ဒေါက်တာရှားဟဲ၊ အခုထိ ကြောင်ပေါက်လေးလို ကြောက်လန့်နေတုန်းလား"

လုယန် ရယ်ကျဲကျဲဖြင့်ပြောသည်။ သူနဲ့စတွေ့ချိန်တွင် ထိုဒေါက်တာသည် အပြင်ပန်းတွင် ရဲဝံ့သယောင်ရှိသော်လည်း အလွန်ကြောက်တတ်သူဖြစ်သည်။ သူသတ္တိရှိအောင် လေ့ကျင့်ပေးဖို့ လုယန်ကသူ့ကို မကြာခဏ ဖုတ်ကောင်အုပ်ထဲ ပစ်ထည့်ခဲ့သည်။ သို့သော် နှစ်ပေါင်းများစွာ ကြာခဲ့သည့်တိုင် ဒေါက်တာ၏သတ္တိက နည်းနည်းမှတိုးမလာသေး။

မှုန်ရီနေသည့်မျက်လုံးများဖြင့် ဒေါက်တာရှားဟဲက သူမရင်းနှီးသည့် လူငယ်၏မျက်နှာကို ကြည့်နေသည်။ သူရင်းနှီးနေသည့် အမြင်ကပ်စရာလေသံကြောင့် ထိုလူသည် ခွေးသူတောင်းစားလုယန်ဖြစ်ကြောင်း သူသေချာသွားသည်။

သို့သော် ဘာကြောင့် ရုပ်ရည်ပြောင်းလဲပြီး ထိုမျှငယ်ရွယ်နုပျိုနေသည်မသိ။

မည်သို့ဆိုစေ သူနှင့်စသိကတည်းက ထိုသူတောင်းစားက အတော်ထူးဆန်းသည်။ သူ့ခေါင်းထဲတွင် ကြယ်ပြာဝိညာဉ်နှင့် ဖုတ်ကောင်ဂြိုလ်ဝိညာဉ်ဟုခေါ်သည့် လူနှစ်ယောက်ရှိသည်ဟုပြောသည်။

"နင့်ကြောင့် ငါလန့်ပြီးသေသွားရင် ငါသရဲဖြစ်တာတောင် နင့်ကိုအလွတ်မပေးဘူး"

ရှားဟဲ အံတင်းတင်းကြိတ်၍ပြောသည်။ သူထိုသို့ စိတ်မညစ်ခဲ့ရသည်မှာ အတော်ကြာပြီဖြစ်သည်။

ဤလောကတွင် လုယန်တစ်ယောက်သာ သူ့စိတ်ခံစားချက်ကို ထိုသို့လှုံ့ဆော်နိုင်သည်။

"ကိစ္စမရှိဘူး။ အခု သရဲတွေက ငါ့နားကို မကပ်နိုင်ပါဘူး"

ဒေါက်တာကို ပြန်တွေ့ရသဖြင့် လုယန်အတော်စိတ်ကြည်နေသည်။

"ငါမသေခင် နင့်ကိုမြင်ရတာ ဝမ်းသာတယ်။ စိတ်ဖြောင့်ဖြောင့်နဲ့ ငါသေလို့ရပါပြီ"

ရှားဟဲက ခေါင်းကိုခါရမ်း၍ ပြုံးနေသည်။ သူ့မျက်နှာက အတော်အိုမင်းနေပြီဖြစ်၍ ငယ်စဉ်က မိန်းမလှတစ်ယောက်ဖြစ်ခဲ့သည်ကို စိတ်ကူးကြည့်ဖို့ခက်ခဲသည်။

လွ်နခဲ့သည့်ဆယ်နှစ်ကသာ လုယန်နှင့်တွေ့ခဲ့လျှင် အိုမင်းနေသည့် သူ့ရုပ်ရည်အပေါ် ရှက်မိပေလိမ့်မည်။ လုယန်နှင့် တွေ့ချင်ခဲမည်မဟုတ်။ လုယန်မှတ်ဉာဏ်ထဲတွင် ငယ်ရွယ်လှပသူတစ်ယောက်အဖြစ်သာ သူအမြဲရှိနေချင်သည်။

သို့သော်ယခု ဘဝအဆုံးသတ်ချိန် နီးလာပြီဖြစ်၍ လုယန်ကိုမြင်လိုသည့် ဆန္ဒတစ်ခုသာ ရှိတော့သည်။

"ငါရှိနေလျက်နဲ့တော့ မင်းကိုသေခွင့်မပေးနိုင်ပါဘူး"

လုယန် ဝမ်းနည်းစိတ်ဖြင့် ပြောခြင်းမဟုတ်။ စနောက်နေခြင်းဖြစ်သည်။

ရှားဟဲ ခေါင်းခါသည်။

"ငါ့ခန္ဓာကိုယ်အကြောင်း ငါသိပါတယ်။ နင့်ကိုမြင်လိုက်ရတော့ ငါအများကြီးနေလို့ကောင်းသွားတယ်။ မငြိမ်းခင် အရောင်လက်လာတဲ့ မီးစာလိုပဲဖြစ်မယ်။ ငါသိပ်ကြာကြာမနေရတော့ပါဘူ"

"..မင်းမသေပါဘူး။ ဒီမှာလှဲမနေနဲ့တော့"

လုရန် ရှားဟဲကိုဆတ်ခနဲ ဆွဲထူလိုက်သည်။ သက်တော်စောင့်များ လန့်ဖျတ်သွားကြသည်။ ဒေါက်တာ ဘယ်လောက်အားအင်ချိနဲ့နေမှန်း သူတို့ကောင်းကောင်းသိသည်။

ထိုမျှကြမ်းတမ်းသည့် အပြုအမူကြောင့် အံ့အားသင့်နေကြသည်။

သို့သော် ရှားဟဲက ဘာမှဖြစ်ပုံမရ။ သူ့အသက်ရှူသံပင် ပို၍ချောမွေ့လာသည်။

သူသည် ဒေါက်တာတစ်ယောက်ဖြစ်သည်။ သူ့ခန္ဓာကိုယ်ထဲမှ ထူးခြားချက်ကို ကောင်းကောင်းရိပ်မိသည်။ မငြိမ်းခင်တောက်ပသည့် မီးစာမျိုးမဟုတ်။

"နင်..နင်ဘာလုပ်လိုက်တာလဲ"

သတိအပြည့်ဖြင့် စောင့်ကြည့်နေသည့် သက်တော်စောင့်များကို လုယန်လှမ်းကြည့်၍ မပွင့်တပွင့်ပြုံးသည်။

"မင်းက ဒီကိစ္စကို ဒီနေရာမှာပြောချင်လို့လား"

သက်တော်စောင့်တပ်ဖွဲ့က သူတို့ရှေ့မှလူငယ်ကို လုယန်ဟု လုံးဝမယုံကြည်ကြ။ ရှားဟဲတွင် သူငယ်ပြန်ရောဂါရှိပြီး ထိုအခြေအနေကို လူတစ်ယောက်က မရိုးသားသည့်စိတ်ဖြင့် လှည့်စားနေသည်ဟု ထင်ကြသည်။

အပြင်ဘက်တွင် လူအုပ်ရှင်းသည့်အစီစဉ် စနေပြီဖြစ်သည်။ လက်နက်ကိုင်ရဲတပ်ဖွဲ့က ဘေးပတ်လည်ကို ဝိုင်းထားသည်။ သင့်တော်သည့် ပစ်ကွင်းနေရာများ ရှာနေသည်။

"ငါ့အိမ်ကိုသွားကြတာပေါ့"

ရှားဟဲကပြောသည်။ သို့သော် သက်တော်စောင့်အဖွဲ့က သူတို့ကိုထွက်သွားခွင့်ပြုမည်မဟုတ်။

ရှားဟဲနည်းနည်းအခက်တွေ့နေသည်။ သက်တော်စောင့်အဖွဲ့ ဘာတွေးနေသည်ကို သူသိသည်။ သူ့အမိန့်ပေးလျှင်ပင် သူ့လုံခြုံရေးအတွက် သက်တော်စောင့်အဖွဲ့က ထွက်သွားခွင့်မပြုလောက်။

"မင်းလမ်းပြပါ။ ငါမင်းကိုခေါ်သွားပေးမယ်"

လုယန် ရှားဟဲကို ပွေ့ချီပြီး ပြတိုက်ထဲမှ ပျံထွက်သွားသည်။ သက်တော်စောင့်အဖွဲ့ မင်သက်မိ၍ ကျန်ခဲ့သည်။

လက်နက်ကိုင်ရဲများလည်း မပစ်ရဲကြ။ ရှားဟဲကို မတော်တဆထိသွားမည်စိုးကြသည်။ ထို့ကြောင့် ထိုအတိုင်းသာ လွှတ်ပေးလိုက်ရသည်။

ရှားဟဲ မျက်လုံးပြူးနေသည်။ ထိုသူတောင်းစားက နှစ်ပေါင်းများစွာပျောက်သွားပြီးနောက် ယခု လေထဲတွင်ပါ ပျံနိုင်နေသည်။

"မင်းအိမ်က ဘယ်မှာလဲ"

"အရှေ့ဘက်ကိုပျံပါ"

ရှားဟဲ အရှေ့ဘက်ဆီ လက်ညှိုးထိုးပြသည်။ လုယန်ကသူ့ကို ပွေ့ချီထားသော်လည်း အနေခက်သလို မခံစားရ။ ရင်ခုန်စိတ်လှုပ်ရှားမှုတစ်မျိုး ခံစားရသည်။

ကပ်ဆိုးခေတ်အတွင်း ဖုတ်ကောင်များဝိုင်းနေသည့်ကြားမှ လုယန်သူ့ကို မကြာခဏ ဆွဲပြေးခဲ့သည့်အဖြစ်များကို ပြန်သတိရလာသည်။

လမ်းညွှန်ချက်များအတိုင်း ပျံသန်းလာပြီးနောက် သိပ်မကြာမီ ရှားဟဲအိမ်သို့ရောက်သည်။

ဗီလာတစ်လုံးဖြစ်သည်။

"မင်းအတော်ဇီမ်ကျနေတာပဲ။ ဗီလာနဲ့တောင် နေပြီပေါ့။ ငါက အခုထိ လှိုဏ်ဂူထဲမှာ နေရတုန်းပဲ"

လုယန် စနောက်လိုက်သည်။

ရျားဟဲ သက်ပြင်းချသည်။

"အစက အိမ်ငယ်လေးတစ်လုံးမှာ နေမလိုပါ။ ဒါပေမယ့် အစိုးရက မလုံခြုံဘူးလို့ အတင်းပြောပြီး ငါ့ကိုဒီမှာနေဖို့ စီစဉ်ပေးတယ်လေ"

"ဒီလောက်ကြီးတဲ့အိမ်မှာ မင်းတစ်ယောက်တည်းနေတာလား"

"မဟုတ်ပါဘူး။ အိမ်ထိန်းနဲ့ လုံခြုံရေးဝန်ထမ်းတွေ အထဲမှာရှိတယ်။..အဲ..ဒါနဲ့ ငါ့မှာသော့မရှိဘူး"

ရှားဟဲအဆင့်အတန်းက ကိုယ်တိုင်သော့ဆောင်ထားစရာမလို။

လုယန် ရှေ့တစ်လှမ်းတိုးပြီး နံရံကိုဖြတ်၍ ဗီလာထဲသို့ဝင်လိုက်သည်။

ရှားဟဲ မင်သက်မိသွားသည်။ ဘယ်လိုလုပ်လိုက်သည်ကို သူနားမလည်။

"ဒီလောက်နှစ်တွေအကြာကြီး နင်ဘယ်ရောက်နေတာလဲ"

ရှားဟဲက မေးသည်။ ဆယ်စုနှစ်ချီကြာအောင် မတွေ့ခဲ့ရသည်လုယန်က ယခု အရင်ထက်ပင် ပို၍ထူးဆန်းလာသည်။

လုယန် လက်တစ်ဘက်ယမ်းပြသည်။

"စိတ်မလောပါနဲ့။ မင်းရောဂါကို အရင်ကုပေးမယ်"

ရှားဟဲခန္ဓာကိုယ်က ဆန်ကာပေါက်လိုဖြစ်နေသည်။ အသက်ဓာတ်များ လျင်မြန်စွာ ယိုစိမ့်နေသည်။ သူ့ရောဂါရသည်ဟုပြောလျှင် သိပ်မတိကျ။

ငယ်စဉ်က အရေးမစိုက်ဘဲနေခဲ့သည့် ဒဏ်ရာဟောင်းများက အသက်ကြီးလာချိန်တွင် ပြန်ပေါ်လာခြင်းဖြစ်သည်။ အစောပိုင်းက သူသေတော့မည်ဟုပြောခဲ့သည်မှာ ဟာသမဟုတ်။

တကယ်သေခါနီးပြီဖြစ်သည်။

ယခုထိ အသက်ရှင်နေသည်ကလည်း သိပ်မထူးဆန်းလှ။ ရှင်သန်လိုစိတ် ပြင်းပြသည့်ဆန္ဒကြောင့်ဖြစ်သည်။

ရှားဟဲခန္ဓာကိုယ်သည် သိပ်ဒဏ်မခံနိုင်တော့။ တစ်ခြားကျင့်ကြံသူဆိုလျှင် ဆေးဝါးများဖော်စပ်ပြီး သူ့ခန္ဓာကိုယ်ကို ဖြေးဖြေးချင်းကုရမည်။ ရိုးတွင်းခြင်ဆီ ဆေးကြောရမည်။ ရက်ချီလချီကြာမည်။

သို့သော် လုယန်အတွက် သိပ်မခက်။ ဇစ်မြစ်အရိယဖလသန္ဓေကို အသက်သွင်း၍ ရှားဟဲနဖူးကို လက်ဖြင့်တို့လိုက်သည်။

ထူးဆန်းသည့် အလင်းရောင်တစ်ခု သူ့နဖူးမှ တစ်ကိုယ်လုံးသို့ ပျံနှံ့သွားသည်။ အလင်းထိသည့်နေရာတိုင်း ပြန်မွေးဖွားလာသကဲ့သို့ အရေပြားက နူးညံ့သစ်လွင်လာသည်။

"ဒါ..ဒါက.."

ရှားဟဲ သူ့ကိုယ်သူ တအံ့တဩငုံ့ကြည့်သည်။ လုယန်နှင့်စတွေ့ခဲ့သည့် အသက်နှစ်ဆယ်အရွယ် ပြန်ရောက်သွားသလို ခံစားရသည်။

မကုန်မခမ်းနိုင်သည့် စွမ်းအင်များ ပြည့်လျှံနေသည်။

လုယန်၏ထူးခြားဆန်းကြယ်မှုများကို စိတ်ကူးဖြင့်မှန်းဆကြည့်ဖို့ ကြိုးစားခဲ့သည်။ သို့သော် ဤနည်းလမ်းက သူအတွေးအမြင်အားလုံးကို ပြောင်းပြန်လှန်ပစ်လိုက်သည်။

ငယ်ရွယ်နုပျိုသည့်ဘဝ ပြန်ရောက်ရမည်ဟု သူအိပ်မက်ပင်မမက်ဖူးခဲ့။

"ဘယ်လိုလဲ ဒေါက်တာရှား။ ငါ့ဆေးပညာစွမ်းရည်က အခု မင်းထက်ပိုမြင့်တယ်မဟုတ်လား"

ရှားဟဲက ဆေးပညာအကြောင်း နကန်းတစ်လုံးမသိသည့်လုယန်ကို မကြာခဏ စနောက်လေ့ရှိသည်။ ယခု လုယန်အလှည့်ရောက်လာသည်။

"ဒီနှစ်ပိုင်းတွေအတွင်း နင်ဘာတွေကြုံခဲ့ရတာလဲ'

ရှားဟဲ၏ခံစားချက်များ ရှုပ်ထွေးနေသည်။ ဝိညာဉ်ကျောက်ဂြိုလ်ပေါ်တွင် လုယန်သေသွားပြီဟု ကြယ်ပြာဝိညာဉ်ပြောစဉ်က သူငိုခဲ့ရသည်။

သို့သော် ထိုအချိန်က သူ့ဝမ်းနည်းစိတ်ကို သိပ်ထုတ်ပြ၍မရ။ ဖုတ်ကောင်များကို တွန်းလှန်နိုင်ဖို့ လူသားမျိုးနွယ်ကို စုစည်းရန် သူ့ကိုလိုအပ်နေသေးသည်။

ထိုတာဝန်သည် လုယန်မသေမျို ကြယ်ပြာဝိညာဉ်ကို လွှဲအပ်ခဲ့သည့်တာဝန်ဖြစ်သည်။

ထို့ကြောင့် ဝမ်းနည်းစိတ်ကို ချုပ်တည်း၍ အများရှေ့တွင် စိတ်ဓာတ်ခွန်အားပြည့်နေသည့် ဟန်ပန်မျိုး ပြထားရသည်။ စိတ်နှင့်ကိုယ်မညီမျှမှုကြောင့် နာတာရှည်ရောဂါ ရခဲ့သည်။

ဖွီး..ငါငိုခဲ့ရတာအလကားပဲ။ သောက်ကောင်လုယန်...ငါ့မျက်ရည်တွေ ပြန်လျော်ပေါးပါ...

"အားလုံးက မိုးရွာနေတဲ့ နေ့တစ်နေ့မှာ စခဲ့တာပါ။ လပြက္ခဒိန် ဒုတိယလ၊ ဒုတိယနေ့မှာ တာအိုလမ်းစဉ်ဂိုဏ်းကို ဂိုဏ်းဝင်ခွင့်စမ်းသပ်ပွဲဖြေဖို့ ငါသွားခဲ့တယ်..."

***************************

All Chapters