အခန်း ၂၅၂
Vol. 26 Ch. 252
အခန်း (၂၅၂) နေ့တိုင်း လောင်ရွှီကို အားကျနေရတာပဲ
တောနက်ကြီးထဲတွင် ဖြစ်သည်။ လိုက်ဖ်ထဲမှ ကြည့်ရှုသူ တစ်သိန်းကျော်မှာ တရုတ်ပြည်ဖွား တောဆိတ် တစ်ကောင်နောက်သို့ လိုက်ကာ ၎င်း အညစ်အကြေးစွန့်မည့် အချိန်ကို စောင့်ဆိုင်းနေကြ၏။
ယခုအချိန်တွင် တောဆိတ်မှာ အရှေ့သို့ လျှောက်သွားရင်း ခေါင်းငုံ့ကာ မြက်များကို စားနေသည်။
'တစ်ခုခုတော့ မှားနေသလိုပဲ... ငါ့ကို တစ်ခုခုက ချောင်းကြည့်နေသလို ခံစားနေရတယ်'
တောဆိတ်က စိတ်ထဲမှ တွေးလိုက်မိသည်။ တရုတ်ပြည်ဖွား တောဆိတ်၏ ပုံပန်းသဏ္ဌာန်မှာ တကယ်ကို ထူးခြားဆန်းကြယ်လှပေသည်။ အကြမ်းဖျင်း ကြည့်လိုက်လျှင် မြည်းတစ်ကောင်နှင့် တူသော်လည်း နွားချိုများ ပေါက်နေပြီး လည်ပင်းအနောက်ဘက်၌ အဖြူရောင် လည်ဆံမွေးများ ရှိကာ မျက်နှာမှာမူ သမင်နှင့် တူနေလေသည်။
တစ်ကိုယ်လုံး မည်းနက်နေသဖြင့် ၎င်းအား မတူတာလေးမျိုးရှိသည့်ကောင် ဟု ခေါ်ဆိုကြသည်မှာလည်း မထူးဆန်းချေ။ ရုပ်လုံးမပေါ်သည့် ပုံစံရှိသော်လည်း ၎င်းမှာ နိုင်ငံတော် အဆင့်(၂) ကာကွယ်စောင့်ရှောက်ရမည့် တိရစ္ဆာန် အစစ်အမှန်ပင် ဖြစ်ရာ သာမန်လူများအနေဖြင့် အလွယ်တကူ သွားရောက် မပတ်သက်ရဲကြပေ။
ရွှီယန်က တိတ်တဆိတ် နောက်မှ လိုက်သွားခဲ့သည်။ သူက သစ်ပင်တစ်ပင်၏ အနောက်တွင် ပုန်းကွယ်လျက် တောဆိတ်အား သတိထားကာ အကဲခတ်နေပြီး တစ်ဖက်မှ မြင်သွားမည်ကို အလွန် စိုးရိမ်နေ၏။
အကယ်၍များ တောဆိတ် လန့်သွားပြီး ထွက်ပြေးသွားပါက တာဝန် ပြီးမြောက်နိုင်တော့မည် မဟုတ်ချေ။ ၎င်း၏ သီးသန့် အိမ်သာသို့ သွားမည့်အချိန်ကို စောင့်နေရသေးသည် မဟုတ်ပါလား။
ထိုစဉ် တောဆိတ်က တစ်ခုခုကို သတိထားမိသွားပုံရပြီး ရုတ်တရက် နောက်သို့ လှည့်ကြည့်လိုက်သည်။ ရွှီယန်၏ တုံ့ပြန်မှုက အလွန်မြန်ဆန်လှရာ ချက်ချင်းပင် အောက်သို့ ထိုင်ချလိုက်တော့၏။
တောဆိတ်က ဟာလာဟင်းလင်း ဖြစ်နေသော တောအုပ်ကြီးကို ပြန်ကြည့်လိုက်ပြီး ၎င်း၏ မျက်ဝန်းများထဲတွင် သံသယများ ပြည့်နှက်သွားသည်။
'ဘာမှလည်း မရှိပါလား... တောအုပ်ထဲမှာ နှစ်ပေါင်းများစွာ ကျင်လည်လာခဲ့တဲ့ ငါ့ရဲ့ အာရုံခံနိုင်စွမ်းတွေက ဒီနေ့မှ အလုပ်မလုပ်တော့တာလား'
လိုက်ဖ်ထဲမှ အင်တာနက်သုံးစွဲသူများမှာ ဟားဟားဟား ဖြင့် ရယ်မောလိုက်ကြလေသည်။
[လောင်ရွှီ... မင်းက အရမ်းကို ပရော်ဖက်ရှင်နယ် ဆန်လွန်းနေပြီ]
[ဟားဟားဟား... တောဆိတ်နောက်ကို ခိုးလိုက်နေတယ်... ရဲတိုင်ဖို့ အကြံပြုတယ်]
[အန်နီမေးရှင်း ဂိမ်းတစ်ခုထဲက ဇာတ်ကောင်ရဲ့ တာဝန်ကိုတောင် သွားသတိရမိတယ်... တာဝန် တော်တော်များများက ပုန်းကွယ်ပြီး လိုက်ကြည့်ရတာချည်းပဲ]
[လောင်ရွှီ... မင်းက တကယ့် အရိပ် လုပ်ကြံသတ်ဖြတ်သူပဲ]
[ပရိသတ် သန်းချီရှိတဲ့ လိုက်ဖ်လွှင့်သူကြီးက ဒီလိုမျိုး ခိုးကြောင်ခိုးဝှက် လုပ်နေရတယ်လို့]
ကွန်မန့်များက အဆက်မပြတ် တက်လာနေသည်။
"အားလုံးက တောဆိတ်ရဲ့ အညစ်အကြေးစွန့်ရာ နေရာ ဘယ်မှာလဲဆိုတာ သွားကြည့်ချင်ကြတယ် ဆိုလို့ ကျွန်တော် လိုက်လာတာလေ... သူ အစာစားတဲ့ အရှိန်အရဆိုရင် အချိန်ကျလောက်ပြီ"
ရွှီယန်က တိုးတိုးလေး ရှင်းပြလိုက်သည်။ သူက ခဏမျှ စောင့်ဆိုင်းပြီးနောက် ခေါင်းပြူ၍ ထပ်ကြည့်လိုက်ပြန်၏။
တောဆိတ် ဆက်လက်၍ အရှေ့သို့ လျှောက်သွားသည်ကို မြင်သောအခါ သူလည်း ခိုးကြောင်ခိုးဝှက်ဖြင့် ထပ်မံ လိုက်သွားတော့သည်။ တောအုပ်ထဲတွင် သစ်ပင်ပန်းမန်များ ထူထပ်လှရာ ရွှီယန်က သစ်ပင်များကို အသုံးပြု၍ သူ့ကိုယ်သူ တမင်တကာ ကွယ်ထားသဖြင့် တောဆိတ်အနေဖြင့် သူ့ကို ဤမျှ အလွယ်တကူ မတွေ့နိုင်ချေ။
ဤသို့ဖြင့် တောဆိတ်က အရှေ့မှ သွားကာ ရွှီယန်က အနောက်မှ လိုက်ပြီး အင်တာနက်သုံးစွဲသူများကလည်း အနောက်မှနေ၍ လိုက်လံ ကြည့်ရှုနေကြသည်။ အားလုံးက တစ်ခုတည်းသော ကိစ္စလေးကိုသာ စောင့်ဆိုင်းနေကြခြင်း ဖြစ်၏။
တစ်ခါတရံတွင် လူများက တော်တော်လေး ပျင်းစရာ ကောင်းတတ်ပေသည်။ ဤကဲ့သို့သော ကိစ္စမျိုးကိုပင် အားလုံးက အလွန် စိတ်ဝင်စားစွာဖြင့် ကြည့်ရှုနေကြသည် မဟုတ်ပါလား။
သိပ်မကြာခင်မှာပင် တောဆိတ်က အစာဝသွားပြီး တစ်နေ့တာ၏ အညစ်အကြေးစွန့်ရမည့် အချိန်သို့ ရောက်ရှိလာခဲ့သည်။ ၎င်းက ၎င်း၏ အညစ်အကြေးစွန့်ရာ နေရာဆီသို့ ဖြည်းဖြည်းချင်း လျှောက်သွားလေသည်။
တောဆိတ်များ၏ အလေ့အထက တော်တော်လေး ထူးခြားလှသည်။ ၎င်းတို့က သတ်မှတ်ထားသော နေရာ၌သာ အမြဲတမ်း အညစ်အကြေး စွန့်လေ့ရှိပြီး စုဆောင်းထားသကဲ့သို့ပင် ပြုလုပ်တတ်ကြ၏။ ဤကဲ့သို့သော ခံစားချက်မျိုးကို သူတို့ သဘောကျ၍လည်း ဖြစ်နိုင်ပေသည်။
"အစာမစားတော့ဘူး... သွားတော့မယ် ထင်တယ်... သွားကြည့်ကြတာပေါ့"
ရွှီယန်က ဆက်လက်၍ လိုက်သွားခဲ့သည်။ လိုက်ဖ်ထဲမှ အင်တာနက်သုံးစွဲသူများလည်း စိတ်လှုပ်ရှားနေကြ၏။
အားလုံးက တောက်လျှောက် လိုက်ပါသွားကြပြီးနောက် သိပ်မကြာခင်မှာပင် တောဆိတ်က တောင်စောင်းအတိုင်း အောက်သို့ ဆင်းသွားကာ ချောက်ကမ်းပါး တစ်ခု၏ အောက်သို့ ရောက်ရှိသွားသည်ကို တွေ့လိုက်ရသည်။ ဤနေရာတွင် ကျောက်တုံးများနှင့် ကာရံထားသော ကွက်လပ် တစ်ခု ရှိနေပြီး အမိုးမပါသည့် ကျောက်သား အိမ်လေး တစ်လုံးနှင့်ပင် တူနေသေးသည်။
တောဆိတ်က ထိုအထဲသို့ ဝင်ရောက်သွားပြီး ၎င်း၏ အပျော်ရွှင်ဆုံး အချိန်လေးကို စတင် ခံစားနေတော့၏။
"ဟိုမှာပဲ... ရှိတယ်လို့ ကျွန်တော် ပြောသားပဲ... သူတို့က တော်တော် သပ်ရပ်တာပဲ... ကိုယ့်အတွက် အိမ်သာ တစ်လုံးတောင် ရှာထားသေးတယ်"
ရွှီယန်က တောဆိတ်၏ ခရီးဆုံးကို မြင်သောအခါ ပြုံး၍ ပြောလိုက်သည်။ လိုက်ဖ်ထဲမှ အင်တာနက်သုံးစွဲသူများလည်း ရယ်မောလိုက်ကြလေသည်။
[တကယ်ကြီး ရှိတာပဲ... ဒီတိရစ္ဆာန်က ရုပ်ရည် ထူးဆန်းပေမယ့် တော်တော်တော့ သန့်ရှင်းတာပဲ]
[တိရစ္ဆာန်တွေက ဒီလို ကိစ္စမျိုး လုပ်နိုင်တယ် ဆိုတာကလည်း လွန်လွန်းနေပြီ]
[ဟားဟားဟား... လောင်ရွှီ့ လိုက်ဖ်ထဲမှာ ငါ ဘာတွေ ကြည့်နေမိတာလဲ]
[တိရစ္ဆာန်တွေမှာ ကိုယ်ပိုင် အိမ်သာ ရှိတယ်... အိမ်သာလည်း တက်တတ်တယ်ပေါ့]
ယနေ့ လိုက်ဖ်က တကယ်ကို ထူးထူးခြားခြား စည်ကားနေပေသည်။
ရွှီယန်က ခဏမျှသာ ကြည့်ရှုလိုက်ပြီး အချိန်အကြာကြီး မကြည့်တော့ချေ။ မည်သို့ပင်ဆိုစေ ဤကဲ့သို့သော ကိစ္စမျိုးက သိပ်မကောင်းလှပေ။ အိမ်သာကို ရှာတွေ့သွားပြီ ဖြစ်သဖြင့် တာဝန်က အောင်မြင်စွာ ပြီးဆုံးသွားပြီ ဖြစ်သည်။ ရွှီယန်၏ လယ်ယာခြံဝင်း အတွက်လည်း မိလ္လာကန် အသစ် တစ်ခု လဲလှယ်၍ ရသွားပြီ ဖြစ်၏။
တိုက်ဆိုင်စွာပင် အချိန်ကလည်း အနည်းငယ် နောက်ကျနေပြီဖြစ်ပြီး ငါးနာရီ ထိုးတော့မည် ဖြစ်သည်။ အပြင်သို့ ထွက်မည်ဆိုပါက အနည်းဆုံး ရှစ်နာရီ ကျော်လောက်မှ ရောက်ပေလိမ့်မည်။ ကံကောင်းစွာဖြင့် ကောင်းကင်က သိပ်မမှောင်သေးသဖြင့် အရှိန်မြှင့်၍ လျှောက်ပါက အပြင်ရောက်အောင် သွား၍ ရနိုင်သေးသည်။
"ဒီနေ့တော့ ဒီလောက်ပဲ ဝင်ကြည့်ကြတာပေါ့... ချင်လင် တောင်တန်းရဲ့ ရှုခင်းတွေက တကယ် ကောင်းတာပဲ... ကျွန်တော် အနောက်ကို ပြန်လှည့်မှ ရတော့မယ်... မဟုတ်ရင် ကောင်းကင် မှောင်သွားလိမ့်မယ်... မနက်ဖြန်ကျရင် ပန်ဒါစခန်း ကို သွားရဦးမယ်... အဲဒီဘက်က ကျွန်တော့်ကို ဖိတ်ထားလို့လေ... ပြီးရင်တော့ ချန်ပိုင်တောင်တန်း ကို ပြန်တော့မယ်... နောက်ပိုင်း အားတဲ့အခါမှ အားလုံးအတွက် လိုက်ဖ် ထပ်လွှင့်ပေးပါ့မယ်"
ရွှီယန်က ဤသို့ ပြောရင်း အနောက်သို့ ပြန်လှည့်လာခဲ့သည်။ လိုက်ဖ်ထဲတွင်တော့ စည်ကားနေဆဲပင် ဖြစ်၏။
လမ်းတစ်ဝက်သို့ ရောက်သောအခါ ရွှီယန်က လိုက်ဖ်ကို ပိတ်လိုက်သည်။ သူ မည်သည့် ဧရိယာတွင် လိုက်ဖ်လွှင့်နေသည်ကို မည်သူမျှ မသိကြပေ။ တောတောင်ကြီးက အလွန် ကျယ်ဝန်းပြီး တူညီသည့် နေရာများကလည်း အလွန် များပြားလွန်းလှသဖြင့် ရှာတွေ့ရန်မှာ မဖြစ်နိုင်သလောက်ပင်။ သူက အမြဲတမ်း ဤသို့ပင် ပြုလုပ်လေ့ရှိသဖြင့် အားလုံးလည်း အသားကျနေကြပြီ ဖြစ်သည်။
ယနေ့ ရလာဒ်များက မဆိုးလှချေ။ ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင် က တကယ်ကို ပစ္စည်းကောင်း တစ်ခုပင် ဖြစ်၏။ တောင်ထဲဝင်၍ တာဝန် နှစ်ခု လုပ်ဆောင်လိုက်ရသဖြင့် ရွှီယန်က ပြောမပြတတ်အောင် ပေါ့ပါးမှုကို ခံစားလိုက်ရသည်။ မည်သို့ပင်ဖြစ်စေ တောင်ထဲမှ ရှုခင်းများက အကောင်းဆုံးပင် မဟုတ်ပါလား။
သူ ဤသို့ပင် အပြင်သို့ လျှောက်ထွက်လာသောအခါ ညဘက်သို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။ ကားတစ်စီး ငှားပြီး မြို့ထဲသို့ ပြန်ရောက်ရန် တစ်နာရီကျော်ခန့် စောင့်ဆိုင်းလိုက်ရ၏။ ရွှီယန်က အစားအနည်းငယ် စားပြီးနောက် စောစောပင် အိပ်ရာဝင်လိုက်တော့သည်။
နောက်တစ်နေ့တွင်တော့ ရွှီယန်က ပန်ဒါ သားပေါက်စခန်း သို့ ထပ်မံ ရောက်ရှိလာခဲ့သည်။ သူက ဖိတ်ကြားခံရ၍ လာရောက်ခြင်း ဖြစ်၏။ ယခင်နေ့က ကိစ္စက နာမည်ကြီးနေသဖြင့် အဖွဲ့အစည်းက ဤအခွင့်အရေးကို အသုံးချကာ ကြော်ငြာ၍ နာမည်ပိုကြီးအောင် ပြုလုပ်ချင်နေခြင်း ဖြစ်သည်။
အင်တာနက်ပေါ်မှ ကိစ္စများက လူပိုမြင်လေ ပိုပြီး ရေပန်းစားလေဖြစ်ကာ ၎င်းကပင် ငွေကြေးများ ဖြစ်လာသည် မဟုတ်ပါလား။ ရွှီယန်ကလည်း ဤသို့ ပြုလုပ်ရသည်ကို သဘောကျပေသည်။ သူက ပန်ဒါပြခန်းဆီသို့ တောက်လျှောက် လျှောက်သွားလိုက်၏။
ပုံမှန်အားဖြင့် လိုက်ဖ်လွှင့်ခြင်းနှင့် ရိုက်ကူးရေးကို တာဝန်ယူရသော ဝန်ထမ်း ဝမ်မင် က လိုက်ပါ၍ ရိုက်ကူးပေးနေသည်။ ရွှီယန် ယနေ့ လာရောက်ခြင်းက ပန်ဒါပေါက်လေးများကို ကြည့်ရှုရန် ဖိတ်ကြားခံရခြင်း ဖြစ်၏။ နာမည်ကြီးလာပြီးနောက် လုပ်ဆောင်ခွင့်ရသည့် လှုပ်ရှားမှုများ အများအပြား ရှိလာပြီး ၎င်းတို့က သာမန်လူများ လုပ်ခွင့်မရသည့် အရာများချည်းသာ ဖြစ်ရာ ဤသည်ကလည်း ပုံမှန်ပင် ဖြစ်ပေသည်။
သူက အပြာရောင် တစ်ခါသုံး ကာကွယ်ရေး ဝတ်စုံကို ဝတ်ဆင်လိုက်ပြီး လက်များကို ပိုးသတ်ကာ ပြခန်းထဲသို့ ဝင်ရောက်သွားလိုက်သည်။ ဤသို့ ပြုလုပ်ပြီးမှသာ ပန်ဒါပေါက်လေးများကို ကိုင်တွယ်၍ ရမည် ဖြစ်၏။
ရွှီယန် ပေါ်လာသည်နှင့် သတ္တိကောင်းသော ပန်ဒါပေါက်လေး အချို့က ရွှီယန်ဆီသို့ ချက်ချင်း ပြေးလာကြသည်။ သူတို့က ရင်းနှီးနေသည့်သူအလား ပန်ဒါပေါက်လေး နှစ်ကောင်က ရွှီယန်၏ ခြေသလုံးကို တစ်ဖက်တစ်ချက်စီ ချက်ချင်း ဖက်ထားကြတော့၏။
ဝန်ထမ်းများက အလျင်အမြန် သွားရောက်ပြီး ရွှီယန်၏ ခြေသလုံးဆီမှနေ၍ သူတို့ကို ခွာရန် ပြုလုပ်ကြသည်။ သို့သော် ပန်ဒါပေါက်လေးများက အလွန် တင်းကျပ်အောင် ဖက်ထားသဖြင့် အားအများကြီး သုံးပြီးမှသာ လက်တစ်ဖက်ကို ခွာ၍ရ၏။ ပြီးသည်နှင့် ပန်ဒါပေါက်လေးများက ချက်ချင်း ပြန်ဖက်ထားကြပြန်သည်။
ရွှီယန်က ကြည့်ရသည်မှာ တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းသည်ဟု ထင်မှတ်ကာ လုံးဝ မလှုပ်ရှားဘဲ ဤအတိုင်းပင် ရပ်နေလိုက်သည်။ ဝမ်မင် က ဘေးနားမှနေ၍ ရိုက်ကူး မှတ်တမ်းတင်ပေးနေ၏။ ပန်ဒါ တိရစ္ဆာန်ထိန်း များလည်း အံ့ဩနေကြသည်။
"ဒီကောင်လေးတွေက တော်တော် ဆော့တာ... သူစိမ်းတွေဆို အနား လုံးဝ အကပ်မခံဘူး... သူ့ကိုတွေ့တော့ ဘာလို့ ဒီလောက် ရင်းနှီးနေရတာလဲ... အင်တာနက်ပေါ်မှာ ပြောနေကြတာတွေက တကယ်ကြီးလား... သူက တကယ်ပဲ ပန်ဒါတွေ သဘောကျတာကို ခံရတာလား"
တိရစ္ဆာန်ထိန်း များက အသီးသီး ပြောဆိုနေကြသည်။
ပန်ဒါပေါက်လေး အတော်များများက ရွှီယန်၏ ခြေရင်းသို့ ရောက်လာကြပြီး ရွှီယန်က လက်လှမ်းကာ သူတို့ကို ပွတ်သပ်ပေးလိုက်၏။ ဤကောင်လေးများ တစ်ကောင်ချင်းစီက ထမင်းဆုပ်လေးများကဲ့သို့ပင် အလွန်ကို နူးညံ့ပြီး ချစ်စရာ ကောင်းလှပေသည်။ ကိုင်ရသည့် အထိအတွေ့ကလည်း အလွန် ကောင်းမွန်၏။
ဤကောင်လေးများက တကယ်ကို ချစ်စရာ ကောင်းလှသည်။ သဘာဝလောကကြီးတွင် ဤကဲ့သို့ ထူးဆန်းသော တိရစ္ဆာန်မျိုး ရှိနေခြင်းက တကယ်ကို ရှားပါးလှပေသည်။ နိုင်ငံတော်၏ ရတနာ ဖြစ်လာသည်မှာလည်း မထူးဆန်းချေ။
"ရွှီယန်... သူတို့က တကယ်ကို မင်းကို ခင်နေကြတာပဲ... ဒါက ဘယ်လို ဖြစ်ရတာလဲ"
သူ့ကို ဖိတ်ခေါ်သည့် တာဝန်ခံ လျိုဖန်း က ဤမြင်ကွင်းကို ကြည့်ပြီး အံ့ဩတကြီး မေးလိုက်သည်။
"ဒါကိုတော့ ကျွန်တော်လည်း သေချာ မသိဘူးဗျ"
ရွှီယန်က လက်ခါပြရင်း ဖြေလိုက်သည်။ ပန်ဒါများနှင့် အပြန်အလှန် တုံ့ပြန်ရခြင်းက တကယ်ကို စိတ်ဝင်စားဖွယ် ကောင်းလှပေသည်။ ကာကွယ်ရေး စခန်းက ဗီဒီယို အချို့ ရိုက်ကူးလိုက်ပြီး ရွှီယန်ကလည်း ပန်ဒါများနှင့် အနီးကပ် အပြန်အလှန် တုံ့ပြန်ခွင့် ရလိုက်၏။
ဤတစ်ကြိမ် ချွမ်ယွီ ခရီးစဉ်က တကယ်ကို ရလာဒ်ကောင်းများ အများအပြား ရရှိခဲ့ခြင်းပင်။ ပန်ဒါစခန်း တွင် လည်ပတ်ပြီးသည့် နောက်နေ့မှာပင် ရွှီယန်က သူ၏ လယ်ယာခြံဝင်းသို့ ပြန်သွားခဲ့လေသည်။
စခန်း၏ တရားဝင် အကောင့်က ရွှီယန်နှင့် ပန်ဒါများ အပြန်အလှန် တုံ့ပြန်နေသည့် ဗီဒီယိုကို တင်လိုက်သည်။ ပန်ဒါများက ရွှီယန်ကို မွေးရာပါ ခင်တွယ်နေကြသည် ဆိုသောအချက်ကို အဖွဲ့အစည်းက တရားဝင် အတည်ပြုပေးလိုက်ခြင်းပင်။ အင်တာနက်သုံးစွဲသူများက ဗီဒီယိုကို ကြည့်ပြီးနောက် ကွန်မန့်များ အသီးသီး ရေးကြ၏။
[သူ့ရဲ့ ကိုယ်ခံစွမ်းအားက ထူးခြားတယ်လို့ ပြောသားပဲ... တကယ်ကြီး ဖြစ်နေတာကိုး]
[သူ့ကို ဌာနတွင်း ခေါ်ပြီး ပန်ဒါ တိရစ္ဆာန်ထိန်း အဖြစ် ခန့်ဖို့ အကြံပြုတယ်]
[နေ့တိုင်း လောင်ရွှီကို အားကျနေရတာပဲ... ပန်ဒါတွေ အများကြီးနဲ့ ဒီလို အနီးကပ် အထိအတွေ့ လုပ်ခွင့်ရတာကိုး]
[လောင်ရွှီလည်း တော်တော် နာမည်ကြီးနေပြီပဲ... ပန်ဒါတွေနဲ့ အတူတူ လှုပ်ရှားခွင့် ရနေပြီ]
အင်တာနက်ပေါ်တွင်တော့ အရင်တိုင်းပင် စည်ကားနေဆဲ ဖြစ်သည်။
ရွှီယန်ကတော့ ဤကိစ္စများကို သိပ်ပြီး အာရုံမစိုက်တော့ချေ။ သူက လယ်ယာခြံဝင်းသို့ ပြန်ရောက်နေပြီဖြစ်ပြီး အေးအေးဆေးဆေး တောရွာဘဝလေးကို ခံစားနေပြီ ဖြစ်၏။ သူ၏ နေထိုင်မှုက အေးဆေးသော်လည်း ဝန်ထမ်းများ၏ လှုပ်ရှားမှုကတော့ မနှေးကွေးပေ။ နေ့တိုင်း လယ်ယာခြံဝင်းတွင် အလုပ်လုပ်နေရသဖြင့် အချိန်များက အလျင်အမြန်ပင် ကုန်ဆုံးသွားတော့သည်။
ရွှီယန်က ခြံဝင်းထဲတွင် ရှောင်ဟား ကို စနောက်နေ၏။ သူ သတိထားမိသည်က ဤဟက်စကီလေးက သစ်သား ကိုက်ရသည်ကို သဘောကျပြီး ငယ်ငယ်လေးကတည်းက ဖျက်ဆီးတတ်သည့် အစွမ်းများ နိုးထနေပြီ ဆိုသည်ကိုပင်။
ကံကောင်းစွာဖြင့် သူ့ထံတွင် တန်ဖိုးကြီး သစ်သား ပရိဘောဂများ မရှိချေ။ ရွှီယန်က ၎င်း ဖျက်ဆီးသည်မှာ အလွန် ဆိုးရွားနေသည်ကို မြင်သောအခါ အင်တာနက်ပေါ်မှနေ၍ သွားပွတ်တံ အချောင်း နှစ်ဆယ်ခန့် တိုက်ရိုက် ဝယ်ပေးလိုက်တော့သည်။ ပုံမှန်အားဖြင့် အိမ်မွေးခွေးများကို သွားပွတ်တံ တစ်ချောင်း ဝယ်ပေးလျှင် လုံလောက်ပြီ ဖြစ်သော်လည်း ရွှီယန်ကတော့ တစ်ခါတည်း အချောင်း နှစ်ဆယ် ဝယ်ပေးလိုက်ခြင်းပင်။
"လာ... မင်းက ဖျက်ဆီးရတာ သဘောကျတယ် မဟုတ်လား... ဒီသွားပွတ်တံတွေကို အကုန် ဖျက်ဆီးပြစမ်း"
သူက သွားပွတ်တံများကို ရှောင်ဟား အရှေ့တွင် ချထားပေးရင်း ပြောလိုက်သည်။
'အစ်ကိုကြီးရယ်... ကျွန်တော်က စနောက်ပြီး ကစားနေတာပါ... မလုပ်ပါနဲ့ဗျာ'
ထိုစကားကို ကြားသောအခါ ရှောင်ဟားက သိသိသာသာ အနေရခက်သွားပြီး နှုတ်ခမ်းကို သပ်ကာ မျက်နှာချိုသွေး၍ ရယ်ပြတော့သည်။ ၎င်း၏ ပုံစံကလည်း စိတ်ဝင်စားဖွယ် ကောင်းလှ၏။ အရှေ့ရှိ သွားပွတ်တံများကို သူ တစ်သက်လုံး ကိုက်ဖျက်လျှင်တောင် ပြီးမည် မဟုတ်ချေ။
ရွှီယန်က ၎င်း၏ပုံစံကို ကြည့်ပြီး ပြုံးလိုက်ကာ တစ်ချောင်း ယူ၍ ဆော့ကစားရန် ပေးလိုက်သည်။ ရှောင်ဟေး နှင့် ယွမ်ပေါင် လည်း သဘာဝကျကျပင် တစ်ကောင် တစ်ချောင်းစီ ရသွားကြ၏။
ဤရက်ပိုင်းများတွင် ရွှီယန်က ရှောင်ဟေးနှင့် ယွမ်ပေါင် အပြင်ထွက် ဆော့ကစားသည့် အချိန်ကို ကန့်သတ်လိုက်သည်။ နေ့တိုင်း အပြင်ထွက် သောင်းကျန်းနေ၍ မဖြစ်ချေ။ တစ်ဖက်က အန္တရာယ် များသလို အခြားတစ်ဖက်က သူတို့ ကြီးထွားမှု အတွက်လည်း မကောင်းပေ။
မာလီနွိုက်ခွေး က စကားနားထောင်သည်။ အကြိမ်အနည်းငယ်ခန့် ကြာသောအခါ သိပ်အပြင်မထွက်တော့ဘဲ လယ်ယာခြံဝင်းထဲ၌သာ လှည့်ပတ်နေရသည်ကို ပိုသဘောကျလာ၏။
ရှောင်ဟေး ကတော့ အပြင်ထွက် ပြေးလွှားရသည်ကို သဘောကျနေဆဲပင်။ အကြိမ်အတော်များများ နောက်ကျမှ ပြန်ရောက်လာပြီး ရွှီယန်ကို မြင်သည်နှင့် သူခိုးလူမိသွားသည့် ပုံစံမျိုး ဖြစ်သွားတတ်သည်။ ရွှီယန်က သူ၏ဖင်ကို ရိုက်ဟန်ဆောင်လိုက်သည်နှင့် အမြီးကုပ်ကာ အမြန် ထွက်ပြေးသွားတော့၏။
လယ်ယာခြံဝင်းရှိ ဤကောင်လေးများက တော်တော်လေး စိတ်ဝင်စားဖွယ် ကောင်းလှပေသည်။
ဤအချိန်အတောအတွင်း သမင်လေးလည်း ကြီးလာပြီဖြစ်ပြီး နေ့တိုင်း လယ်ယာခြံဝင်းထဲတွင် လှည့်ပတ်နေသည်။ သူက ယခုအခါ အလွန် လှပနေပြီဖြစ်ပြီး ခန္ဓာကိုယ် ပုံစံကလည်း ကောင်းမွန်ကာ ကြည့်ရသည်မှာ အလွန် သွက်လက်နေ၏။ လယ်ယာခြံဝင်းက တကယ်ပင် အဖိုးတန်သည့် နေရာကောင်းလေး တစ်ခု ဖြစ်နေပြီ ဖြစ်သည်။
ဤရက်ပိုင်းများတွင် စွန်နက်ကလည်း မကြာခဏ ရောက်လာတတ်သည်။ ဝန်ထမ်းများက ဤသားရဲငှက် ပေါ်လာသည်ကို အသားကျနေပြီဖြစ်သော်လည်း တွေ့လိုက်ရတိုင်း ခဏမျှ ငေးကြည့်နေမိဆဲပင်။
"ပျံကျလာတဲ့ သိမ်းငှက်ကို ဒီနှစ်တွေထဲမှာ ငါ ပထမဆုံး မြင်ဖူးတာပဲ"
လီဆန်း က စွန်နက်ကို ကြည့်ပြီး အံ့ဩတကြီး ပြောလိုက်သည်။
"ငါတို့ တစ်ခါ မြင်ဖို့တောင် ခက်တဲ့ တိရစ္ဆာန်တွေကို ခြံပိုင်ရှင်ကတော့ ဒီအတိုင်း ကိုင်လို့ ရနေတာပဲ... ဒီတိရစ္ဆာန်တွေကိုလည်း သူပဲ ခေါ်လာခဲ့တာလေ... ပန်ဒါတွေလိုပဲ ဒီတိရစ္ဆာန်တွေကလည်း သူ့ကို သဘာဝအလျောက် ခင်တွယ်နေကြတာ... တကယ် အံ့ဩဖို့ ကောင်းတာပဲ"
ဘေးနားရှိ ဝမ်ဝူကလည်း အံ့ဩတကြီး