← Chapters

အခန်း ၂၅၆

Vol. 26 Ch. 256

အခန်း ၂၅၆

Vol. 26 Ch. 256

အခန်း (၂၅၆) မဲဖောက်ရာမှ ရရှိလာသော ကျွမ်းကျင်မှုအသစ်နှင့် ထူးခြားသော ငါးဖမ်းနည်း

ဒဏ်ရာရထားသော မြေခွေးအထီးက တကယ်ကို လည်ပေသည်။ နေ့ခင်းဘက်တွင် တောင်ထဲသို့ ပြေးလွှား ဆော့ကစားပြီး ညဘက်ကျလျှင် ပြန်ရောက်လာတတ်၏။

ထို့အပြင် ရွှီယန်၏ အရှေ့တွင် တစ်ချိန်လုံး ချွဲနွဲ့နေသေးသည်။

မြေခွေးလေး လေးကောင်က အဖေလား ဦးလေးလား မသိသည့် မြေခွေးအထီး ပြန်ရောက်လာသည်ကို မြင်သောအခါ အနားသို့ ကပ်၍ သွားရောက် နှုတ်ဆက်ချင်ကြ၏။ သို့သော် ရွှီယန်က အကုန်လုံးကို တားဆီးထားလိုက်သည်။

ရွှီယန်က သူတို့ကို သီးခြားစီ ခွဲထားလိုက်ပြီး မြေခွေးအထီးကို လက်ညှိုးထိုးကာ ပြောလိုက်သည်။

"မင်း ငါ့ကို စိတ်အေးအောင် နည်းနည်းလောက် နေပေးပါလား... ကိုယ့်ဘာသာကိုယ် ရောဂါဖြစ်တာ ထားလိုက်တော့... ကလေးတွေကို သွားမကူးစက်စေနဲ့လေ"

အခြား အရွယ်ရောက်ပြီးသော မြေခွေး နှစ်ကောင်လည်း ပြန်ရောက်လာခဲ့သည်။ ရွှီယန်က သူတို့ကို စစ်ဆေးကြည့်လိုက်ရာ ဘာပြဿနာမျှ မရှိကြောင်း သေချာသွားတော့မှသာ စိတ်အေးသွားတော့၏။

ရွှီယန်က မြေခွေးလေး လေးကောင်ကို ကျန်းမာရေး ကောင်းမွန်နေသည့် မြေခွေး နှစ်ကောင်နှင့် အတူတူ ဆော့ကစားခိုင်းလိုက်သည်။ သူတို့က တစ်နေရာတည်းတွင် စုရုံးကာ ဆော့ကစားနေကြပြီး မြင်ကွင်းက အတော်လေး နွေးထွေးမှု ရှိနေပေသည်။

ဒဏ်ရာရထားသော မြေခွေးလေး အတွက်ကတော့ အချိန်အတိုင်းအတာ တစ်ခုအထိ စောင့်ကြည့်ရဦးမည်သာ ဖြစ်၏။

မြေခွေးအထီး၏ ဒဏ်ရာက အလွန် အလျင်အမြန် သက်သာလာခဲ့သည်။ ယနေ့မှ ပိုးသတ်ဆေး လိမ်းထားခြင်း ဖြစ်သော်လည်း အနီရောင် နေရာများက အနည်းငယ် ပျောက်ကွယ်သွားပြီ ဖြစ်သည်။ နောက်ထပ် နှစ်ရက်ခန့် နေလျှင် အပြည့်အဝ ပျောက်ကွယ်သွားမည်ဟု ခန့်မှန်းရပေသည်။

ညဘက်တွင် မြေခွေး မိသားစုကြီးနှင့် အတူတကွ ဆော့ကစားရခြင်းက ရွှီယန်အတွက်တော့ အတော်လေး သက်သောင့်သက်သာ ရှိလှသည်။

ညဘက် အိပ်ရာဝင်ချိန်သို့ ရောက်သောအခါ ရွှီယန်က စနစ်ကို တိတ်တဆိတ် ဝင်ကြည့်လိုက်၏။ သူက ယေဘုယျအားဖြင့် ညဘက်တွင်သာ စနစ်ကို ဝင်ကြည့်လေ့ရှိပြီး ဤအချိန်က အတိတ်ဆိတ်ဆုံးနှင့် စိတ်အေးချမ်းဆုံး အချိန်ပင် ဖြစ်သည်။

ယနေ့ လိုက်ဖ် အနည်းငယ် လွှင့်လိုက်သဖြင့် စုစုပေါင်း နာမည်ကျော်ကြားမှု ရမှတ်က သန်းဂဏန်းကို ကျော်လွန်သွားခဲ့ပြီ ဖြစ်၏။

ရွှီယန်က အထူး မဲဖောက်ခြင်း တစ်ကြိမ် ပြုလုပ်ရန် ရွေးချယ်လိုက်သည်။

[ပိုင်ရှင်မှ အထူး မဲဖောက်ခြင်းကို ရွေးချယ်လိုက်ပါသည်... မဲဖောက်နေပါသည်]

[ပိုင်ရှင်... ကျွမ်းကျင်မှု ရရှိသည့်အတွက် ဂုဏ်ယူပါသည် - အထူး လေးပစ်စွမ်းရည်]

[အထူး လေးပစ်စွမ်းရည် - ပိုင်ရှင်မှ လေးပစ်နိုင်စွမ်းကို ရရှိပါသည်]

စနစ်၏ သတိပေးသံ ထွက်ပေါ်လာခဲ့သည်။

သတင်းကောင်းကတော့ ကျွမ်းကျင်မှု တစ်ခု ဖြစ်နေခြင်းပင်။

သတင်းဆိုးကတော့ အသုံးသိပ်မဝင်ခြင်း ဖြစ်၏။

ယခုအခါ အမဲလိုက်ခွင့် မပေးတော့သလို ရွှီယန်ကလည်း ဘယ်တုန်းကမှ အမဲမလိုက်ခဲ့ဖူးချေ။ ထို့ကြောင့် လေးပစ်စွမ်းရည်က သူ့အတွက်တော့ အဓိပ္ပာယ် သိပ်မရှိလှပေ။

ထို့အပြင် ဤလေးပစ်စွမ်းရည်က အထူး အဆင့်သာ ရှိသေးပြီး အိုလံပစ် ချန်ပီယံများ၏ ထိပ်တန်း အဆင့်မျိုးကို မရောက်နိုင်သဖြင့် ပြိုင်ပွဲဝင်ရန်လည်း မဖြစ်နိုင်ချေ။

ရွှီယန်က အနည်းငယ် စဉ်းစားကြည့်လိုက်ရာ အတင်းအကြပ် အသုံးဝင်သည်ဟု ဆိုရလျှင် ငါးဖမ်းသည့် အချိန်တွင် အသုံးပြု၍ ရနိုင်မည်ဟု ထင်မိ၏။ မြစ်ကမ်းဘေးတွင် ရပ်လျက် ငါးများကို လေးနှင့် ပစ်ဖမ်းမည်ပေါ့။

ထိရောက်မှုကလည်း မဆိုးနိုင်ချေ။

ငါးမစားရသည်မှာလည်း အတော်ကြာပြီဖြစ်ရာ ရွှီယန်က မနက်ဖြန် မြစ်ကမ်းဘေးသို့ သွားရောက်ကာ ငါးအနည်းငယ် ဖမ်းရန် ရည်ရွယ်လိုက်သည်။

ဤရာသီက တောင်ပေါ်သားများ တောင်ထဲဝင်၍ ငါးဖမ်းသည့် ရာသီလည်း ဖြစ်၏။ မြစ်ရေက စတင် စီးဆင်းနေပြီဖြစ်ပြီး ငါးပေါက်လေးများလည်း ကြီးပြင်းနေကြပြီ ဖြစ်သည်။

အကောင်ကြီးများ ဖမ်းမိပါက ပေါင်းစား သို့မဟုတ် ချက်စားနိုင်ပြီး အကောင်သေးများ ဖမ်းမိလျှင်တော့ ငါးပိအဖြစ် ပြုလုပ်နိုင်ပေသည်။ မည်သို့ပင်ဖြစ်စေ စားစရာတော့ ရရှိမည်သာ ဖြစ်၏။

ဘေးနားရှိ မြစ်ထဲတွင် နေ့တိုင်း လူအများအပြား ငါးလာမျှားတတ်ကြသည်။

ကျွမ်းကျင်မှု အသစ်တစ်ခု ရရှိလာသဖြင့် အမြဲတမ်း အသုံးပြုချင်နေမိသည်။ မည်သို့ပင်ဆိုစေ အားလုံးက အသစ်အဆန်းကို သဘောကျကြသည် မဟုတ်ပါလား။

ထို့ကြောင့် နောက်တစ်နေ့တွင် ရွှီယန်က မြက်ခင်းပြင် ဒေသဘက်သို့ သွားရောက် လည်ပတ်ခဲ့၏။ ထိုဘက်တွင် လေးနှင့်မြားများ အများအပြား ရှိပြီး သီးသန့် ရောင်းချသည့် နေရာများလည်း ရှိပေသည်။

မည်သို့ပင်ဖြစ်စေ လေးပစ်ခြင်းက သူတို့၏ အထူး ကျွမ်းကျင်မှု ဖြစ်ပြီး နာဒမ် ပွဲတော်တွင်လည်း ပြိုင်ပွဲများ ရှိသဖြင့် လေးနှင့်မြားများ သေချာပေါက် ပေါများမည်သာ ဖြစ်၏။

ရွှီယန်က အနည်းငယ် မာကျောသော လေးနှင့်မြား တစ်စုံကို ရွေးချယ်လိုက်သည်။ ဘေးနားတွင် ဧည့်သည်များ လေးပစ် ကျင့်ရန်အတွက် ကောက်ရိုးလူရုပ် တစ်ခုလည်း ရှိပေသည်။

ရွှီယန်က လေးနှင့်မြားကို ယူပြီးနောက် နှစ်ကြိမ်ခန့် စမ်းသပ် ပစ်ခတ်ကြည့်လိုက်၏။

သူက လေးကို ဆွဲတင်ပြီး ပစ်လွှတ်လိုက်သည်။

“ရွှစ်... ရွှစ်…”

လေခွဲသံ နှစ်ချက် ထွက်ပေါ်လာပြီးနောက် မြားတံ နှစ်စင်းက ကောက်ရိုးလူရုပ်၏ ရင်ဘတ်တွင် တည့်မတ်စွာ စိုက်ဝင်သွားတော့၏။

လေးနှင့်မြား ရောင်းသူက ရွှီယန်၏ လေးပစ်စွမ်းရည်ကို မြင်သောအခါ အလွန်ကို အံ့ဩသွားတော့သည်။

သူက မှင်တက်သွားပြီး အံ့ဩတကြီး ပြောလိုက်၏။

"ညီလေး... မင်းက တော်တော် စွမ်းတာပဲ... အရမ်း ကျွမ်းကျင်တယ်"

"ဒီမြားနှစ်စင်းက အဆင့်အတန်း တစ်ခု ရှိတယ်"

သူ၏စကားကို ကြားသောအခါ ရွှီယန်က ပြုံး၍ ပြန်ဖြေလိုက်သည်။

"အပျော်သဘော လေ့ကျင့်ထားတာပါ... ဒီလေးက တော်တော် ကောင်းတယ်"

လေးနှင့်မြား ဝယ်ယူပြီးနောက် ရွှီယန်က မွေးမြူရေးခြံသို့ ပြန်လာခဲ့တော့၏။

နောက်တစ်နေ့။

ရွှီယန်က လေးနှင့်မြားကို ကျောပိုးအိတ်ထဲ ထည့်ကာ ရေပုံးတစ်ပုံးကို ဆွဲလျက် တောင်ထဲသို့ တန်းတန်းမတ်မတ် လျှောက်သွားခဲ့သည်။

တောနက်ထဲသို့ ဝင်ရောက်ပြီးနောက် လိုက်ဖ်ကို စတင် ဖွင့်လိုက်၏။

အင်တာနက်သုံးစွဲသူများက သူ အနီရောင် ပလတ်စတစ် ရေပုံးလေး တစ်ပုံး ဆွဲလာသည်ကို မြင်သည်နှင့် သူ ငါးဖမ်းသွားမည်မှန်း ချက်ချင်း သိလိုက်ကြသည်။ သို့သော် ငါးမျှားတံ ယူလာသည်ကို မတွေ့ရသဖြင့် အားလုံးက အတော်လေး ထူးဆန်းနေကြ၏။

[လောင်ရွှီ... ဒီနေ့ ငါးသွားမျှားမလို့လား... ငါးမျှားတံကော]

[လက်ဗလာနဲ့ ငါးဖမ်းဖို့ ပြင်နေတာလား]

[ရေပုံး ဆွဲလာတာက တခြားဟာတွေ သွားဖမ်းဖို့ များလား]

ရွှီယန်က ကျယ်ပြန့်သော မြက်ခင်းပြင် တစ်ခုကို ဖြတ်လျှောက်ရင်း အားလုံးကို ရှင်းပြလိုက်သည်။

"ဒီနေ့က ငါးသွားဖမ်းမလို့ပါ... ဒါပေမယ့် ကျွန်တော် သုံးမယ့် ငါးဖမ်းနည်းက ထူးခြားတယ်"

"သာမန် ငါးမျှားတံ မဟုတ်ဘူး"

"အားလုံး ဘာလဲ ဆိုတာကို ခန့်မှန်းကြည့်လို့ ရပါတယ်"

ရွှီယန်၏ မေးခွန်းကို ကြားသောအခါ လူတော်တော်များများက စိတ်ဝင်စားသွားကြတော့၏။ ထူးခြားသော ငါးဖမ်းနည်း ဟုတ်လား။

[ခက်ရင်းခွ များလား... ရွင်ထူ က ခွေးတူဝက်တူကို ခက်ရင်းခွ နဲ့ ထိုးသလိုမျိုးလေ]

[ချွန်ထက်တဲ့ သစ်သားချောင်း လည်း ဖြစ်နိုင်တာပဲ]

[ငါ ထင်တာတော့ လျှပ်စစ်ပိုက်ကွန် များလား... တစ်ခါ လျှပ်စစ်လွှတ်လိုက်တာနဲ့ အများကြီး သေသွားတာမျိုးလေ]

[လက်ပစ်ဗုံး လည်း ဖြစ်နိုင်တာပဲ... တိုက်ရိုက် ပစ်ချလိုက်တာနဲ့ အများကြီး ထွက်လာတာမျိုးပေါ့]

[ငါ ခန့်မှန်းကြည့်ရရင်တော့ ပိုက်ကွန်ပဲ... ပိုက်ကွန်နဲ့ ဖမ်းတာ ပိုမြန်တယ်လေ]

[အရင်တစ်ခေါက်တုန်းကလို ကိုယ်တိုင်လုပ်ထားတဲ့ ငါးဖမ်း ကိရိယာ များလား]

အားလုံးက အသီးသီး ခန့်မှန်းနေကြသည်။

လိုက်ဖ်ထဲမှ အခြေအနေကလည်း ထပ်မံ၍ စည်ကားလာတော့၏။

ရွှီယန်က အဆက်မပြတ် တက်လာနေသော ကွန်မန့်များကို တစ်ချက် ကြည့်လိုက်ရာ လေးနှင့်မြား ဟု ခန့်မှန်းသူ တစ်ယောက်မျှ မရှိကြောင်း တွေ့လိုက်ရသည်။

တကယ်လည်း အနည်းငယ် လွန်လွန်းနေသည် မဟုတ်ပါလား။ လေးနှင့်မြား အသုံးပြု၍ ငါးဖမ်းသူဆိုသည်မှာ အလွန် ရှားပါးလှပေသည်။

သို့သော် ရွှီယန်က ယခုမှ လေးပစ်စွမ်းရည်ကို ရရှိထားခြင်းဖြစ်ရာ ငါးများဖြင့် စမ်းသပ်ကြည့်ရန် အနေတော်ပင် ဖြစ်၏။

သူက အများကြီး ဖမ်းရန် မရည်ရွယ်ဘဲ အကောင်အနည်းငယ် ဖမ်းမိလျှင်ပင် ပြန်တော့မည် ဖြစ်သည်။

ရွှီယန်က ဝက်ဝံမည်း လှုပ်ရှားသွားလာသည့် ဧရိယာဘက်သို့ တမင်တကာ လျှောက်သွားခဲ့၏။ ရွှီယန် သိထားသည့် တိရစ္ဆာန်များထဲတွင် ဝက်ဝံမည်းက ငါးစားရသည်ကို အကြိုက်ဆုံး ဖြစ်သည်။

ရှောင်ဟွာနှင့် လူးနားတို့က ငါးစားလေ့ သိပ်မရှိသဖြင့် သူတို့ကို သွားမကျွေးတော့ချေ။

ရွှီယန်က မြစ်ရေစီးဆင်းနေသည့် ဧရိယာ တစ်ခုသို့ ရောက်ရှိသွားရာ တိုက်ဆိုင်စွာဖြင့် ဝက်ဝံမည်းကလည်း ဤနေရာတွင် ရှိနေ၏။

ရွှီယန်က ဝက်ဝံမည်းကို အဝေးမှ လှမ်း၍ နှုတ်ဆက်လိုက်သည်။

"လာအိုဟေး... မင်းလည်း ဒီမှာ ရှိနေတာကိုး"

ရွှီယန်၏ အော်သံကို ကြားသောအခါ ဝက်ဝံမည်းက ရွှီယန်ကို ကြည့်ကာ နှုတ်ဆက်သည့် အနေဖြင့် ခေါင်းကို နှစ်ချက်ခန့် ညိတ်ပြလိုက်သည်။

အကြိမ်အနည်းငယ် အတူတကွ နေထိုင်ပြီးနောက် ဝက်ဝံမည်းကလည်း ရွှီယန်ကို အပြည့်အဝ ယုံကြည်နေပြီ ဖြစ်၏။

ဝက်ဝံများက တော်တော်လေး အခြေအနေကို သိတတ်ကြပေသည်။ တိရစ္ဆာန်ရုံမှ ဝက်ဝံများက သက်သေပင်။

ဤဝက်ဝံမည်းက ပို၍ပင် လည်သေး၏။ ရွှီယန် နောက်လိုက်လျှင် အသားစားရမည် ဆိုသည်ကို သိရှိထားသည်။

အထူးသဖြင့် ယနေ့ ရွှီယန် ပေါ်လာသည်ကို မြင်သောအခါ ဝက်ဝံမည်းက ငါး သေချာပေါက် ပါလာမည်မှန်း သိလိုက်တော့သည်။

ဒရုန်းက ဤမြင်ကွင်းကို ရိုက်ကူးနေ၏။

လူတစ်ယောက်နှင့် ဝက်ဝံမည်း တစ်ကောင်က မြစ်ကမ်းဘေး တစ်နေရာတည်းတွင် အတူတကွ ငြိမ်းချမ်းစွာ ရှိနေကြသည်ကို ကြည့်ရသည်မှာ အမြဲတမ်း ရိုင်းစိုင်းကြမ်းတမ်းသည့် ခံစားချက်မျိုးကို ပေးစွမ်းနေဆဲပင်။

ရွှီယန် တစ်ယောက်တည်းသာ ဤကဲ့သို့ အခြေအနေမျိုးကို ရောက်ရှိအောင် လုပ်ဆောင်နိုင်ပေသည်။

ထိုအချိန်တွင် ရွှီယန်က နှိုင်းယှဉ်ကြည့်ပါက အနည်းငယ် နက်သည့် မြစ်ရေပြင် တစ်နေရာကို ရှာဖွေလိုက်၏။

မြစ်ရေက တစ်မီတာခန့် နက်ပြီး အနည်းငယ် နောက်ကျိနေသော ရေမှော် ဧရိယာများကို မြင်တွေ့နိုင်ပေသည်။ ဤကဲ့သို့သော နေရာမျိုးတွင် ငါးအရေအတွက် အများဆုံး ဖြစ်၏။

ရွှီယန်က ရေပုံးထဲသို့ ရေအနည်းငယ် ခပ်ထည့်လိုက်ပြီးနောက် ကျောပိုးအိတ်ကို ချွတ်လိုက်သည်။

အားလုံးက ရွှီယန် မည်ကဲ့သို့သော ထူးခြားသည့် ငါးဖမ်း ကိရိယာကို အသုံးပြုမည်လဲ ဆိုသည်ကို သိချင်နေကြ၏။

ထို့နောက် ရွှီယန်က ကျောပိုးအိတ်ထဲမှ လေးတစ်လက်နှင့် မြားငါးစင်းကို ထုတ်ယူလိုက်သည်ကို တွေ့လိုက်ရတော့သည်။

ထိုအခိုက်အတန့်တွင် လိုက်ဖ်ထဲမှ အင်တာနက်သုံးစွဲသူများ အားလုံး မှင်တက်သွားကြတော့၏။

'ဝေါ့ ဖာ့...'

'အဲဒါ ဘာကြီးလဲ'

'မင်းက ငါးဖမ်းမလို့လား... ဝက်ဝံဖမ်းမလို့လား'

'ဒီကိရိယာနဲ့ဆိုရင် မင်း ဝက်ဝံမည်းကို အမဲလိုက်မယ် ဆိုရင်တောင် ငါတို့ ယုံတယ်'

ကွန်မန့်များ ချက်ချင်းပင် စည်ကားလာတော့သည်။

[လောင်ရွှီ... မင်း ငါးဖမ်းမလို့ဆိုတာ သေချာရဲ့လား]

[လေးနဲ့မြား သုံးပြီး ငါးဖမ်းမယ်... တမင်တကာ အခက်အခဲ တွေ့အောင် လုပ်နေတာလား]

[ဆရာကြီး ကတော့ ဆရာကြီး ပါပဲ... ဒါက ဘယ်လို ကစားနည်းမျိုးလဲ]

[လောင်ရွှီ... မင်းက လုံးဝကို သာမန် လမ်းကြောင်းအတိုင်း မသွားတော့ဘူးပဲ]

[ရေရဲ့ ခုခံအားက အရမ်း များတယ်လေ... လေးနဲ့မြားက ဖောက်ဝင်နိုင်ပါ့မလား... ငါးကို ဖမ်းလို့ ရပါ့မလား]

အားလုံးက လုံးဝ မခန့်မှန်းနိုင်ခဲ့ကြသဖြင့် မြင်တွေ့လိုက်ရသောအခါ အလွန် အံ့ဩသွားကြတော့သည်။

ရွှီယန်က ရှင်းပြလိုက်၏။

"အရင်က မြက်ခင်းပြင် ဒေသမှာ လေးပစ်တာ အကြိမ်အနည်းငယ် သွားဆော့ဖူးတယ်... အဲဒီဘက်က လေးပစ် ယဉ်ကျေးမှုက တော်တော်လေး ဖွံ့ဖြိုးပြီး နာဒမ် ပွဲတော်တောင် ရှိသေးတယ်လေ"

"လေးနဲ့မြား ရောင်းတဲ့ သူတွေလည်း အများကြီးပဲ"

"ကျွန်တော့်ရဲ့ လေးပစ်စွမ်းရည်က အတော်အသင့် ရှိပါတယ်... ဒါကြောင့် ဒီနေ့ ဒီမှာ လာပြီး စမ်းကြည့်မလို့"

သူ၏စကားကို ကြားသောအခါ အားလုံးက အနည်းငယ် မျှော်လင့်လာကြတော့၏။ ဒါက တကယ်ပဲ ငါးဖမ်းလို့ ရနိုင်ပါ့မလား။

ရွှီယန်က မြားတံကို လေးကြိုးပေါ်တွင် တင်လိုက်သော်လည်း လေးကိုတော့ မဆွဲသေးချေ။

သူ၏ လေးက အနည်းငယ် မာကျောသဖြင့် လေးဆွဲသည့် အနေအထားကို အချိန်အကြာကြီး ထိန်းထားပါက အလွန် ပင်ပန်းပေလိမ့်မည်။ အကယ်၍ ငါးက အချိန်အတော်ကြာအောင် ထွက်မလာပါက အလကား အားကုန်သွားမည် မဟုတ်ပါလား။

ထို့ကြောင့် အကောင်းဆုံး နည်းလမ်းကတော့ အရင်ဆုံး ပြင်ဆင်ထားပြီး ငါးပေါ်လာသည်နှင့် တစ်ပြိုင်နက် လေးကို ဆွဲကာ ပစ်လွှတ်လိုက်ရန်ပင် ဖြစ်၏။

အဓိက အချက်ကတော့ မြန်ဆန် တိကျ ပြတ်သားရန်သာ ဖြစ်သည်။ ဤအပိုင်းတွင်တော့ ရွှီယန်၏ စွမ်းရည်ကို ထပ်ပြောနေစရာပင် မလိုတော့ချေ။

သူက မြစ်ကမ်းဘေးတွင် ရပ်လျက် ရေမှော်များထဲသို့ အကြည့်ရောက်နေပြီး အသက်ရှူနှုန်းကို နှေးကွေးအောင် အေးဆေးစွာ ထားလိုက်၏။

ထိုအချိန်မှာပင် ဝက်ဝံမည်းက ရွှီယန်၏ အပြုအမူကို မြင်သောအခါ ချက်ချင်း အနားသို့ ကပ်လာပြီး မြစ်ရေထဲသို့ ခြေချကာ သိချင်စိတ်ဖြင့် လိုက်ကြည့်နေတော့သည်။

"လာအိုဟေး... အထဲမှာ မနေနဲ့... ထွက်ခဲ့"

"ငါးတွေ လန့်သွားလိမ့်မယ်"

ရွှီယန်က ဝက်ဝံမည်းကို လှမ်းအော်လိုက်သည်။

ရွှီယန်၏ စကားကို ကြားသောအခါ ဝက်ဝံမည်းက တကယ်ပင် မြစ်ရေထဲမှ ချက်ချင်း ထွက်လာပြီး ရွှီယန်၏ ဘေးတွင် ထိုင်ကာ လုံးဝ မလှုပ်တော့ချေ။ ၎င်းက ရွှီယန်၏ လှုပ်ရှားမှုကို အတုခိုးနေခြင်းပင်။

ရွှီယန်က လေးပစ်ရန် အသင့်အနေအထားဖြင့်သာ ဆက်နေလိုက်၏။

အင်တာနက်သုံးစွဲသူများက လိုက်ဖ် မြင်ကွင်းမှတစ်ဆင့် ကြည့်ရှုနေကြသည်။ ယခုမှ ရွှီယန်၏ လိုက်ဖ်ကို စတင် ကြည့်ရှုသူများ အများအပြား ရှိနေပြီး သူတို့ မြင်သည်နှင့် မနေနိုင်ဘဲ မေးလိုက်ကြတော့၏။

[လောင်ရွှီ က ဘာလုပ်နေတာလဲ... ပုံစံဖမ်းနေတာလား]

တစ်ယောက်က ပြန်ဖြေလိုက်သည်။

[လေးပစ် ကျင့်နေတာလေ]

ထိုသူများက ထပ်မံ မေးမြန်းကြပြန်သည်။

[ဒီကိုလာပြီး လေးပစ် ကျင့်နေတယ်ပေါ့... လေးဆွဲတာတောင် မတွေ့ရပါလား]

အားလုံးက လိုက်ဖ်ထဲတွင် ငြင်းခုံနေကြစဉ် ထိုအချိန်မှာပင် ရွှီယန်က ရေမှော်များထဲမှ မြက်စားငါးကြီး တစ်ကောင် ထွက်လာသည်ကို တွေ့လိုက်ရ၏။

သူ ချက်ချင်းပင် လေးကြိုးကို ဆွဲကာ မြားကို ပစ်လွှတ်လိုက်ပြီး လှုပ်ရှားမှုက အလွန် မြန်ဆန်လှသည်။

ရွှီယန်က လှုပ်ရှားမှု လုပ်ပြီးသည်နှင့် မြားတံက တိုက်ရိုက် ပျံထွက်သွားသည်ကို တွေ့လိုက်ရတော့၏။

“ရွှစ်…”

“ဝှီး….

မြားတံက လေထုကို ခွဲထွက်သွားပြီး လေချွန်သံကဲ့သို့ ကြည်လင်သော အသံတစ်သံ ထွက်ပေါ်လာကာ လေးကြိုးကလည်း အဆက်မပြတ် တုန်ခါနေပြီး လေးလံသော တုန်ခါသံ ထွက်ပေါ်လာသည်။

အသံကြောင့် ရေထဲရှိ မြက်စားငါး လန့်သွားပြီး ထွက်ပြေးချင်သော်လည်း နောက်ကျသွားခဲ့ပြီ ဖြစ်၏။

ရွှီယန်၏ လေးနှင့်မြားက အသံနှင့် တစ်ပြိုင်နက်တည်း ရောက်ရှိလာခြင်းပင်။

ဖောက်...

မြားတံက တိတိကျကျပင် မြက်စားငါး၏ ခန္ဓာကိုယ်ကို ဖောက်ထွင်းသွားတော့၏။ ထို့အပြင် အောက်ဘက်သို့ အနည်းငယ် ထပ်၍ ပျံသန်းသွားသေးသည်။

ထို့နောက် ရွှီယန်က ချက်ချင်း မြစ်ရေထဲသို့ ဆင်းသွားပြီး မြားတံ၏ အနောက်ဘက်ကို ကိုင်ကာ ငါးကို အပေါ်သို့ ဆွဲတင်လိုက်သည်။

မြားအပစ်ခံရသော ငါးကို မြင်သောအခါ အင်တာနက်သုံးစွဲသူများ အားလုံး မှင်တက်သွားကြတော့၏။

'တကယ်ကြီး ရတာလား...'

'သူ လုပ်နိုင်ခဲ့တာလား...'

[လောင်ရွှီ... မင်းဆီမှာ ဖုံးကွယ်ထားတဲ့ အရာတွေ ဘယ်လောက်တောင် ရှိသေးလဲ]

[ငါတော့ ကြည့်ရင်းနဲ့ကို ကြောင်သွားပြီ... ဒီလိုမျိုးတောင် ငါးဖမ်းလို့ ရသေးတယ်ပေါ့]

[အရမ်း မိုက်တယ် အစ်ကိုယန်ရေ]

[အကုန်လုံး အစ်ကိုယန် လို့ ခေါ်ကြ]

အင်တာနက်သုံးစွဲသူများက မျက်နှာ အလွန် ပြောင်းလဲတတ်ကြပေသည်။ ရွှီယန်က တစ်ခုခု ထူးထူးခြားခြား လုပ်ပြလိုက်သည်နှင့် လိုက်ဖ် တစ်ခုလုံး အစ်ကိုယန် ဟူသော စကားလုံးများဖြင့် ပြည့်နှက်သွားတော့၏။

ရွှီယန်ကတော့ ဤကဲ့သို့ ခေါ်ဝေါ်မှုများကို သိပ်ဂရုမစိုက်ချေ။

ဝက်ဝံမည်း က ဘေးမှနေ၍ ရွှီယန်၏ လက်ထဲရှိ ငါးကို မြင်သောအခါ အလွန် အံ့ဩသွားတော့သည်။ ရွှီယန် မည်ကဲ့သို့ လုပ်ဆောင်လိုက်သည်ကို သူ နားမလည်ချေ။ ရွှီယန်က အလွန် စွမ်းသည်ဟုသာ သူ ခံစားလိုက်ရ၏။

"လာအိုဟေး... ရော့... ဘေးမှာ သွားစားတော့"

ရွှီယန်က မြက်စားငါးကို မြားတံ အနောက်ဘက်မှ ဖြုတ်ယူလိုက်ပြီး ဝက်ဝံမည်းထံသို့ တိုက်ရိုက် ပစ်ပေးလိုက်သည်။

ဝက်ဝံမည်းက မြက်စားငါးကို ဖမ်းမိသည်နှင့် ချက်ချင်းပင် ပျော်ရွှင်စွာ ရယ်မောလိုက်တော့၏။ ဝက်ဝံမည်းက ရုပ်ဆိုးသော်လည်း ရယ်မောလိုက်လျှင်တော့ တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းသည်။

၎င်း၏ပုံစံကို မြင်သောအခါ ရွှီယန်လည်း ရယ်မောလိုက်မိ၏။

ထို့နောက် သူက မြစ်ကမ်းဘေးတွင် ရပ်လျက် နောက်ထပ် ငါးတစ်ကောင် ထွက်လာမည့် အချိန်ကို ဆက်လက် စောင့်ဆိုင်းနေလိုက်သည်။

ဤတစ်ကြိမ်တွင်တော့ တကယ်ကို ခေါင်းပြူသည်နှင့် ချက်ချင်း သတ်ပစ်လိုက်ခြင်းပင်။

ငါးကြီး ပေါ်လာသည်နှင့် နောက်တစ်စက္ကန့်တွင် ရွှီယန်က လေးကြိုးကို ဆွဲကာ မိုးကြိုးကဲ့သို့ ပြင်းထန်သော တိုက်ခိုက်မှုကို တိုက်ရိုက် စတင်တော့၏။

အင်တာနက်သုံးစွဲသူ အချို့က ကွန်မန့်များ ပေးလာကြသည်။

[ငါးလေးတွေ မြန်မြန်ပြေး... ရွှီယန် ဆိုတဲ့ မကောင်းဆိုးဝါးကြီး လက်ထဲကနေ လွတ်အောင် ပြေးကြပါနော်]

သို့သော် ဝမ်းနည်းစရာ ကောင်းသည်က မြစ်ထဲမှ ငါးများက ဤကွန်မန့်များကို မမြင်တွေ့နိုင်ခြင်းပင်။

All Chapters