အခန်း ၄၄
Vol. 4 Ch. 44
အခန်း(၄၄) ကောလာဟလများ
အရှင်သခင် - ရှောင်ပီလီ။
ကျင့်ကြံမှု - အဆင့်(၆) နှောင်းပိုင်းအဆင့်။
သိုင်းပညာ - ကိုယ်ခန္ဓာ အသွင်ပြောင်း ကျင့်စဉ်(၃၆/၁၀၀)၊ လေမုန်တိုင်းဓားသိုင်းပညာ( အထွတ်အထိပ်)၊ ကိုယ်ရံတော်ဆယ့်သုံးပါး၏ ကိုယ်ခန္ဓာကြံ့ခိုင်မှု လေ့ကျင့်ခန်း(အထွတ်အထိပ်)၊ သံအင်္ကျီ(အထွတ်အထိပ်)၊ ဓားထုတ်သိုင်းပညာ(၅၃/၁၀၀)၊ ကျားငါးကောင် တံခါးဖြတ်ဓားသိုင်း(အထွတ်အထိပ်)၊ ရွှေခေါင်းလောင်းအကာအကွယ်(၅၀/၁၀၀)၊ ဝဇီရလက်ချောင်းပညာ(၁၀/၁၀၀)၊ တိုက်ကွက်များကို အသေးစိတ် အကဲခတ်နိုင်ခြင်း၊ ကြေးရောင်အရေပြား၊ ပေါ့ပါးမှု သိုင်းပညာ။
ကျင့်ကြံမှုအမှတ် - ၇၀၆၀။
"ကျင့်ကြံမှုအမှတ်က ခုနစ်ထောင် ပြန်ရောက်လာပြီပဲ"
"စိတ်မကောင်းတာက ပထမဆုံး ဓားချက်မှာ အင်အားသုံးဆယ်ရာခိုင်နှုန်းလောက် ပိုပါရင် အဆင့်(၈) ဓားသမား ကျွမ်းကျင်သူတွေကို ပိုပြီး ရှင်းထုတ်နိုင်မှာ၊ ဒါဆိုရင် ကျင့်ကြံမှုအမှတ်က အဆင့်တစ်ခုကို တိုးမြှင့်ပြီး ဓားထုတ်သိုင်းပညာကို အဆင့်အမြင့်ဆုံးထိ တက်လှမ်းဖို့ လုံလောက်မှာပါ"
ရှောင်ပီလီက မြင်းပေါ်စီးရင်း ရေရွတ်သည်။
"ဒါပေမဲ့ အခု ငါ့မှာ အထွတ်အထိပ်အဆင့် ကိုယ်ခန္ဓာလေ့ကျင့်ခန်း သိုင်းပညာ နှစ်ခုနဲ့ ရွှေခေါင်းလောင်းအကာအကွယ်မှာ ကျွမ်းကျင်မှု ငါးဆယ်ရာခိုင်နှုန်း ရှိနေပြီပဲ၊ အဆင့်တစ်ခုလောက် တိုးမြှင့်ရုံနဲ့တော့ ငါ့ရဲ့ သိုင်းပညာကို အရမ်းကြီး တိုးတက်စေမှာ မဟုတ်ဘူး"
"ဒါဆိုရင် ငါ အရင်ဆုံး ဓားထုတ်သိုင်းပညာကို အထွတ်အထိပ်အဆင့်ထိ မြှင့်တင်သင့်တာပေါ့"
ဒီလို စဉ်းစားပြီးတဲ့နောက်၊
ရှောင်ပီလီက တိုးတိုးလေး ပြောလိုက်သည်။
"ဓားထုတ်သိုင်းပညာကို မြှင့်တင်ဖို့ ကျင့်ကြံမှုအမှတ် လေးထောင် ခုနစ်ရာကို သုံးစွဲမယ်"
ဓားထုတ်သိုင်းပညာ (အထွတ်အထိပ်)၊ ဓားစိတ်ဆန္ဒ။
ဗုန်း။
ဓားထုတ်သိုင်းပညာ လေ့ကျင့်ခဲ့ရတဲ့ အတွေ့အကြုံ အမြောက်အမြားက ရှောင်ပီလီ၏ စိတ်ထဲကို စီးဝင်လာပြီး အကြိမ်ကြိမ် ဓားထုတ်၊ ဓားခုတ်၊ ဓားသိမ်း လုပ်ခဲ့ရသလို ခံစားလိုက်ရသည်။ ခဏလေးအတွင်းမှာပဲ သူ၏ ဓားထုတ်သိုင်းပညာက အထွတ်အထိပ်အဆင့်ကို ရောက်ရှိသွားသည်။
တစ်ချိန်တည်းမှာပဲ ဓားနဲ့ပတ်သက်တဲ့ ထူးခြားတဲ့ နားလည်မှုက ရှောင်ပီလီ၏ စိတ်ထဲကို စီးဝင်လာသည်။
ဒါက ဓားသိုင်းပညာ သုံးခုလုံး အထွတ်အထိပ်အဆင့် ရောက်ရှိခြင်းက ပေးအပ်တဲ့ ထူးခြားတဲ့ နားလည်မှု ဖြစ်သည်။
ဗုန်း။
ရှောင်ပီလီဆီကနေ ထက်မြက်တဲ့ ဓားစိတ်ဆန္ဒ တစ်ခု ထွက်ပေါ်လာသည်။
"ဟီ၊ ဟီ"
ဒီထက်မြက်တဲ့ ဓားစိတ်ဆန္ဒအောက်မှာ ရှောင်ပီလီ စီးလာတဲ့မြင်းက မငြိမ်မသက် ဖြစ်သွားပြီး ရှေ့ကို ပြေးလွှားသွားသည်။
ကံကောင်းစွာဖြင့် အဲ့ဒါက ခဏတာသာ ဖြစ်ပြီး ရှောင်ပီလီလည်း အဲ့ဒီအခြေအနေကနေ သတိပြန်ဝင်လာသည်။
သူက တစ်ဖက်နဲ့ ဇက်ကြိုးကို ဆွဲကိုင်လိုက်ပြီး နောက်တစ်ဖက်နဲ့ မြင်းလည်ပင်းကို အသာလေး ပုတ်ကာ စိတ်လှုပ်ရှားနေတဲ့ မြင်းကို ချော့လိုက်သည်။
အရှင်သခင် - ရှောင်ပီလီ။
ကျင့်ကြံမှု - အဆင့်(၆) နှောင်းပိုင်းအဆင့်။
သိုင်းပညာ - ကိုယ်ခန္ဓာ အသွင်ပြောင်း ကျင့်စဉ်(၃၆/၁၀၀)၊ လေမုန်တိုင်းဓားသိုင်းပညာ(အထွတ်အထိပ်)၊ ဓားထုတ်သိုင်းပညာ(အထွတ်အထိပ်)၊ ကျားငါးကောင် တံခါးဖြတ်ဓားသိုင်း(အထွတ်အထိပ်)၊ ရွှေခေါင်းလောင်းအကာအကွယ်(၅၀/၁၀၀)၊ ဓားစိတ်ဆန္ဒ၊ ကြေးရောင်အရေပြား၊ ပေါ့ပါးမှု သိုင်းပညာ။
ကျင့်ကြံမှုအမှတ် - ၂၃၆၀။
"ဓားသိုင်းပညာအပေါ် ငါ့ရဲ့ နားလည်မှုက ပိုပြီး တိုးတက်လာပြီပဲ"
"စိတ်ဝိညာဉ်ကို သိမ်မွေ့အောင် ပြုပြင်ခြင်း၊ စိတ်ကို နက်နဲအောင် ပြောင်းလဲခြင်းနဲ့ ဓားသိုင်းပညာကို နက်နဲတဲ့ အဆင့်ထိ ရောက်အောင် ပြုလုပ်ခြင်းပဲ"
"ဒါက ဓားစိတ်ဆန္ဒ ဆိုတာလား"
စနစ် မျက်နှာပြင်မှာတော့ အရင်က 'တိုက်ကွက်များကို အသေးစိတ် အကဲခတ်နိုင်ခြင်း' နေရာမှာ 'ဓားစိတ်ဆန္ဒ' ဆိုပြီး အစားထိုး ဝင်ရောက်လာသည်။
ရှောင်ပီလီက သေချာ ဂရုတစိုက် နားလည်အောင် ကြိုးစားသည်။
အချိန်အတော်ကြာပြီးနောက် သူက သက်ပြင်းချလိုက်သည် -
"သိုင်းလမ်းစဉ်ဆိုတာ ကျယ်ပြောပြီး နက်နဲလှတယ်"
"ဓားသိုင်းပညာအပေါ် ငါ့ရဲ့ နားလည်မှု တိုးတက်လာပြီးနောက်မှာ တူညီတဲ့ တိုက်ကွက်တွေကနေ ပိုပြီး ပြောင်းလဲမှုတွေ ထွက်ပေါ်လာနိုင်တယ်"
"အဲ့ဒါက အသုံးမဝင်တော့တဲ့အရာကိုတောင်မှ အံ့ဖွယ်အရာအဖြစ် ပြောင်းလဲပေးနိုင်တယ်"
"အခုဆိုရင် ကျိုးချန်ကို သတ်ဖို့ ဓားချက်တစ်ချက်တည်းနဲ့ လုံလောက်ပြီ"
သူက စနစ် မျက်နှာပြင်ကို တစ်ချက် ကြည့်လိုက်ပြီး စိတ်ထဲမှာ တိတ်တိတ်လေး ရေရွတ်သည်။
"ရွှေခေါင်းလောင်းအကာအကွယ်ကို မြှင့်တင်ဖို့ ကျင့်ကြံမှုအမှတ် အကုန်သုံးမယ်"
ဗုန်း။
ရွှေခေါင်းလောင်းအကာအကွယ် လေ့ကျင့်ခဲ့ရတဲ့ အတွေ့အကြုံ အမြောက်အမြားက ရှောင်ပီလီ၏ စိတ်ထဲကို စီးဝင်လာသည်။
ရွှေခေါင်းလောင်းအကာအကွယ် (၇၃/၁၀၀)။
"ရွှေခေါင်းလောင်းအကာအကွယ် အဆင့်အမြင့်ဆုံး ရောက်သွားရင်တော့ ငါ့ရဲ့ ကျင့်ကြံမှုအဆင့်ကို အာရုံစိုက်ဖို့ စတင်နိုင်ပြီ"
"သွားတော့"
---
ဆယ့်နှစ်ခံတပ်ကွင်းဆက်က လူတွေက စန်းမြို့ကို ချက်ချင်း ရောက်လာခဲ့ကြပေမဲ့ တိုက်ပွဲကို မြင်တွေ့ခဲ့သူတွေနဲ့ ရှောင်ပီလီ ပြောခဲ့တဲ့ စကားတွေကို ကြားခဲ့သူတွေက အများကြီး ရှိနေသည်။ နောက်ပြီး သူတို့ မရောက်ခင်မှာပဲ သတင်းတွေက စန်းမြို့တစ်ခွင်လုံးမှာ ပျံ့နှံ့နေခဲ့ပြီ ဖြစ်သည်။
ဒါကြောင့် စန်းမြို့ တံခါးဝက တိုက်ပွဲသတင်းကလည်း အရပ်မျက်နှာ အသီးသီးကို ပျံ့နှံ့သွားသည်။
တစ်ရက်အတွင်းမှာတင် အရှေ့မြစ်မြို့ အများစုဆီကို ရောက်ရှိသွားသည်။
"ကြားလိုက်ကြသေးလား"
"ငါတို့တွေက သွေးဓားသံမဏိ ရှောင်ပီလီကို အလွဲမှား နားလည်နေခဲ့တာ၊ သူက ဆယ့်နှစ်ခံတပ်ကွင်းဆက်ရဲ့ ဌာနခွဲမှူးငယ် နဲ့ သူ့ရဲ့ သွေးသောက်ညီနောင် ဝူမင်ရဲ့ မယားငယ်တို့ရဲ့ ဖောက်ပြန်မှုကို တိုက်ဆိုင်စွာ တွေ့သွားခဲ့တာ၊ အဲ့ဒါကြောင့် ဌာနခွဲမှူးငယ်က သူ့ကို ပါးစပ်ပိတ်ဖို့ ကြိုးစားခဲ့ပေမဲ့ ပြန်ပြီး အသတ်ခံလိုက်ရလိမ့်မယ်လို့ မထင်ထားခဲ့မိဘူးလေ"
"ဟုတ်တယ်၊ ဝူမင်ရဲ့ မယားငယ် လင်းရုံက အရမ်းလှတယ်လို့ ကြားတယ်"
"ငါကတော့ ဌာနခွဲမှူးငယ်နဲ့ လင်းရုံတို့ ထွက်ပြေးဖို့ ကြိုးစားတာကို ဝူမင်က လိုက်ဖမ်းမိတာလို့ ကြားတာပဲ"
"မင်းတို့တွေ အကုန် မှားနေကြပြီ၊ ငါကြားတာတော့ ရှောင်ပီလီနဲ့ လင်းရုံတို့ ဖောက်ပြန်နေတာ၊ ဌာနခွဲမှူးငယ်နဲ့ ဝူမင်တို့ လိုက်ဖမ်းပေမဲ့ ရှောင်ပီလီရဲ့ သိုင်းပညာက အရမ်းမြင့်မားလိမ့်မယ်လို့ မထင်ထားခဲ့ကြတော့ နှစ်ယောက်လုံး ရှောင်ပီလီ လက်ချက်နဲ့ သေသွားခဲ့တာ"
"ပိုင်ယွင်အိမ်တော်ရဲ့ တတိယမြောက်သခင် ကျိုးချန် သေရတာကတော့ ရှောင်ပီလီမှာ စန်းယွမ်ဓားဂိုဏ်းက တပည့်ရင်းတစ်ယောက်နဲ့ စေ့စပ်ထားတဲ့သူ ရှိတယ်၊ ဒါပေမဲ့ သူက ရှောင်ပီလီကို မထီမဲ့မြင်ပြုတော့ သူ့ရဲ့ နောက်လိုက်တွေက ရှောင်ပီလီကို ရှင်းထုတ်ဖို့ ကြိုးစားခဲ့တာ၊ သူတို့တွေက ရှောင်ပီလီရဲ့ ဖခင်ကိုပဲ ရှင်းထုတ်နိုင်မယ်လို့ ထင်ခဲ့ပေမဲ့ ရှောင်ပီလီကတော့ အစကတည်းက ဝက်အယောင်ဆောင်ပြီး ကျားကို စားဖို့ ပြင်ဆင်ထားခဲ့တာ"
...
သတင်းတွေပေါင်း များစွာက အရှေ့မြစ်မြို့တစ်ခွင်မှာ ရမ်းသန်း ပျံ့နှံ့နေသည်။
ဆယ့်နှစ်ခံတပ်ကွင်းဆက်နဲ့ ပိုင်ယွင်အိမ်တော်က လူတွေက ကောလာဟလတွေကို ထိန်းချုပ်ဖို့ ကြိုးစားခဲ့ရင်တောင် ဘာမှ အကျိုးမရှိပေ။
---
အရှေ့မြစ်မြို့၊
ပိုင်ရှန်းစားသောက်ဆိုင်။
ဓားရှည်တွေကို ကိုင်ဆောင်ပြီး အပြာနုရောင် ဝတ်ရုံတွေကို ဝတ်ဆင်ထားတဲ့ လူငယ်နှစ်ယောက်က ပိုင်ရှန်းစားသောက်ဆိုင်ရဲ့ ဒုတိယထပ်မှာ ထိုင်နေကြသည်။
သူတို့ထဲက တစ်ယောက်က အသက်သုံးဆယ်ကျော် အရွယ်ဖြစ်ပြီး ရင့်ကျက် တည်ငြိမ်တဲ့ပုံစံနဲ့ ရန် နှင့် တုစွမ်းအင်လမ်းကြောင်းများ ကို ဖွင့်ထားတဲ့သူ ဖြစ်မှန်း သိသာသည်။
နောက်တစ်ယောက်ကတော့ အသက်နှစ်ဆယ့်လေး၊ နှစ်ဆယ့်ငါးနှစ်လောက် ရှိပေမဲ့ သူ၏ အတွင်းအားက နက်နဲပြီး ရန်စွမ်းအင်လမ်းကြောင်း ကို ဖွင့်ဖို့ တစ်လှမ်းသာ လိုတော့သည်။
ပိုင်ရှန်းစားသောက်ဆိုင် ဒုတိယထပ်က လူတွေက အဲ့ဒီလူနှစ်ယောက်ရဲ့ စန်းယွီဂိုဏ်း တပည့်ရင်း ဝတ်စုံကို မြင်လိုက်တဲ့အခါမှာတော့ သူတို့ရဲ့ မျက်နှာမှာ ရိုသေလေးစားမှုတွေ ပေါ်လာသည်။
စန်းယွီဂိုဏ်းက အရှေ့မြစ်မြို့ရဲ့ သိုင်းလောက အင်အားကြီး သုံးခုထဲက တစ်ခု ဖြစ်ပေမဲ့ စန်းယွီဂိုဏ်းက အေးအေးဆေးဆေး နေတတ်ပြီး တပည့်တွေကလည်း ဂိုဏ်းထဲမှာပဲ လေ့ကျင့်ကြပြီး တောင်အောက်ကို အရမ်းဆင်းလေ့ မရှိပေ။
စန်းယွီဂိုဏ်းမှာ တပည့်ရင်း ငါးယောက်ပဲ ရှိတယ်လို့ ကြားဖူးပေမဲ့ ဒီနေ့တော့ တပည့်ရင်း နှစ်ယောက်ကို မြင်တွေ့လိုက်ရတာ ဖြစ်သည်။
သူတို့နှစ်ယောက်က ပတ်ဝန်းကျင်က အကြည့်တွေကို ဂရုမစိုက်ကြပေ။
စန်းယွီဂိုဏ်းက အသက်ငယ်တဲ့ တပည့် တိန်းယွမ်က ပတ်ဝန်းကျင်ကို ကြည့်ပြီး တိုးတိုးလေး မေးလိုက်သည်။
"အစ်ကို၊ ရှောင်ပီလီရဲ့ သိုင်းပညာက အစ်ကို့သိုင်းပညာနဲ့ ယှဉ်ရင် ဘယ်လိုနေမလဲ"
ကျန့်ဖန်က သူ့ရဲ့ မာနကြီးတဲ့ ညီငယ်ကို တစ်ချက် ကြည့်ပြီး ခေါင်းခါလိုက်သည် ။
"ငါ့ရဲ့ သိုင်းပညာကတော့ ရှောင်ပီလီရဲ့ သိုင်းပညာကို မယှဉ်နိုင်ပါဘူး"
"ငါက ရန် နှင့် တုစွမ်းအင်လမ်းကြောင်းများ ကို ဖွင့်ထားပေမဲ့ အသက်သုံးဆယ့်နှစ်နှစ် ရှိနေပြီလေ၊ ရှောင်ပီလီနဲ့ ယှဉ်ရင် ငါက သူ့ဖိနပ်တောင် မသယ်ပေးနိုင်ပါဘူး"
"ဒီကိစ္စတွေက ငါတို့ စန်းယွီဂိုဏ်းနဲ့ ဘာမှ မသက်ဆိုင်ပါဘူး၊ ဒီတစ်ခေါက် တောင်အောက်ကို ဆင်းလာတာက သခင်လေး နင်ရဲ့ ညွှန်ကြားချက်အတိုင်း ဆရာကြီးက ခိုင်းလိုက်လို့ပဲ၊ တခြားကိစ္စတွေကို အာရုံမစိုက်နဲ့၊ သခင်လေး နင်ရဲ့ အရေးကြီးတဲ့ကိစ္စကို ပျက်စီးသွားလိမ့်မယ်"
တိန်းယွမ်က မေးခွန်းထုတ်သည်။
"ဆရာကြီးက သခင်လေး နင်မှာ ထူးခြားတဲ့ နောက်ခံရှိတယ်လို့ ပြောတယ်၊ ဘာလို့ ဆရာကြီးနဲ့ တခြားသူတွေကို မလှုပ်ရှားခိုင်းဘဲ ငါတို့နှစ်ယောက်ကိုပဲ စေလွှတ်လိုက်တာလဲ"
ကျန့်ဖန်က ခေါင်းခါလိုက်သည်။
"သခင်လေး နင်က ဆရာကြီးကို ဖိတ်ခေါ်ပေမဲ့ ဆရာကြီးက ငြင်းလိုက်တယ်လို့ ကြားတယ်၊ ဒါပေမဲ့ ဆရာကြီးက မင်းနဲ့ ငါ့ကိုတော့ ကူညီဖို့ စေလွှတ်လိုက်တယ်၊ ဆရာကြီးမှာ သူ့ရဲ့ ကိုယ်ပိုင် စဉ်းစားချက် ရှိမှာပါ"
"ကဲ၊ ဒီထမင်းစားပြီးရင် ကျန်းဝူဆောင်ကိုသွားပြီး သခင်လေး နင်ကို ရှာရအောင်"
---
တစ်ချိန်တည်းမှာပဲ၊
စန်းမြို့အပြင်ဘက် ကိုးဆယ်လီ အကွာ၊ လမ်းမကြီးဘေးက လက်ဖက်ရည်ဆိုင်မှာ။
ဒီနေ့ ရာသီဥတုက မကောင်းပေ၊ ကောင်းကင်မှာ မိုးတိမ်တွေ ဖုံးလွှမ်းနေပြီး မိုးရွာတော့မယ့်ပုံ ဖြစ်သည်။
ဆိုင်ရှင်ကလွဲရင် လက်ဖက်ရည်ဆိုင်မှာ လူနှစ်ယောက်ပဲ ရှိသည်။
တစ်ယောက်က အသက်နှစ်ဆယ့်သုံး၊ နှစ်ဆယ့်လေးနှစ်အရွယ် အနက်ရောင် ဝတ်စုံနဲ့ ဓားသမား ဖြစ်ပြီး နောက်တစ်ယောက်ကတော့ အစိမ်းရောင် ဝတ်စုံနဲ့ ဓားကျွမ်းကျင်သူ တစ်ယောက် ဖြစ်သည်။
သူတို့က စားပွဲတစ်လုံးမှာ ထိုင်ပြီး လက်ဖက်ရည်ပဲ သောက်နေကြသည်။ အချိန်အတော်ကြာတဲ့အထိ တစ်ယောက်မှ စကားမပြောကြတာကြောင့် ဆိုင်ရှင်က သမ်းဝေလိုက်မိသည်။
ရှောင်ပီလီက သူ့မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ ဟန်ဝူယင်းကို ကြည့်ပြီး အချိန်အတော်ကြာမှ မေးလိုက်သည်။
"အစ်ကို ဟန်၊ ဘယ်လိုလုပ်ပြီး ငါ့ကို ရှာတွေ့သွားတာလဲ"
ဟန်ဝူယင်း က"ငါက မင်းကို ရှာချင်ရင်တော့ အလွယ်လေးပဲ"
"ပြီးတော့ မင်းက စန်းမြို့မှာ ဒီလောက်တောင် ဆူညံအောင် လုပ်ထားတာကို၊ မင်း ဘယ်သွားနေလဲဆိုတာကို လိုက်စုံစမ်းရင် ရှာရတာ လွယ်တာပေါ့"
"နောက်ပြီး ငါ မင်းကို ရှာတွေ့နိုင်သလို ဆယ့်နှစ်ခံတပ်ကွင်းဆက်က လူတွေလည်း မင်းကို ရှာတွေ့နိုင်တာပဲလေ"