အခန်း (၇၁၅-၇၁၆)
Vol. 53 Ch. 715-716
အပိုင်း ၇၁၅ - ဖောက်လွဲဖောက်ပြန် မိန်းမများ
"ယောင်ရှီ"
ယုန်တစ်ကောင်ပမာ နူးညံ့သိမ်မွေ့၍ အပြစ်ကင်းစင်ပုံရသော်လည်း ဓားကိုင်ထားသော မိန်းကလေးကြောင့် ထိုက်ယု၏ မျက်လုံးများ ပြူးကျယ်ကုန်သည်။ သူက ချို့ယွင်းချက်ရှိသော ဇစ်မြစ်ကိုပင် လျစ်လျူရှုကာ ကြင်ယာတော်အဖြစ် မြှင့်တင်ပေးခဲ့သော အဖြစ်ကို ပြန်လည် အမှတ်ရလိုက်သည်။ နှစ်ပေါင်းများစွာ ကြာမြင့်အောင် မိန်းမတိုင်း မနာလိုဖြစ်လောက်သည်အထိ သူမကို ပြုစုပျိုးထောင်ပေးခဲ့သော်လည်း လှောင်ပြုံးတစ်ခုသာ ပြန်ရခဲ့၏။ အထင်အမြင်သေးသော အရိပ်အယောင်တို့ ပြည့်နှက်နေသော မျက်ဝန်းလှလှတစ်စုံသည် သူ၏ နှလုံးသားကို အပိုင်းပိုင်းအစစ ကွဲအက်သွားစေသည်။
"ဘာလို့လဲ"
ဒေါသထွက်နေရမည့်အစား သူ၏ လေသံတွင် ဝမ်းနည်းကြေကွဲဖွယ် ခံစားချက်များ ပါဝင်နေသည်။ သူက ကျောက်ရှီ သစ္စာဖောက်ခြင်းကို လက်ခံနိုင်သေးသော်လည်း တစ်အိပ်ရာတည်း အတူနေထိုင်ဖူးသော ကြယ်ယာတော်မှ တိုက်ခိုက်လာလိမ့်မည်ဟု လုံးဝထင်မထားပေ။ ပို၍ ရက်စက်သည်မှာ သူ၏ မေးခွန်းကို မည်သူမျှ ပြန်မဖြေဘဲ ပို၍ ကြောက်မက်ဖွယ်ကောင်းသော အဖြစ်အပျက်များ ထပ်မံ ပေါ်ပေါက်လာသည်။ မြေခွေးနတ်ဆိုးမတစ်ကောင်က လှောင်အိမ်အတွင်း ရောက်နေပြီး ရက်စက်စွာ ပြုံး၍ သူ၏ ခြေထောက်တစ်ချောင်းကို ဆွဲဖြုတ်သွားသည်။ သူကိုယ်တိုင် ပေးသနားခဲ့သော ရွှေရောင်ချပ်ဝတ်ကို ဆင်မြန်းထားသည့် လက်အောက်ငယ်သားမှာလည်း ကျန်ခြေထောက်ကို ခုတ်ပိုင်းပစ်ခဲ့သည်။ ကောင်းကင်ရုံးတော်မှ ထိပ်တန်းမိန်းမအင်မော်တယ် လေးယောက်သည် လက်တွဲညီညီလှုပ်ရှားကာ တစ်ချိန်က မော်ပင်မကြည့်ဝံ့သော အိမ်ရှေ့စံ ထိုက်ယုကို လူသားပိုးကောင်အဖြစ် ပြောင်းလဲပေးလိုက်ကြ၏။
ခြေလက်အင်္ဂါများ ပြတ်တောက်သွားသောအခါ ကျန်ရစ်သော ကိုယ်လုံးသည် ငှက်ပြာလျှို့ဝှက်အစီအရင်နှင့် ကြာပန်းဝိညာဥ်အောက်တွင် ဖွတ်ဖွတ်ကြေနေပြီ ဖြစ်သည်။
"ဘာကြောင့်လဲ"
အထင်အမြင်သေးကာ လှောင်ပြောင်သရော်လိုသော အကြည့်များကို ရင်ဆိုင်ရသောအခါ သူ၏ စိတ်ဓာတ်က ပြိုလဲ၍ ဤမေးခွန်းကိုသာ ထပ်ကာတလဲလဲ မေးနေမိတော့သည်။
"တော်လောက်ပြီ။ သူ့ကို မသတ်ရဘူး၊ ငါ့မိန်းမတွေရေ"
ခက်ထန်၍ ရိုင်းစိုင်းသော စကားသံတစ်ခု ထွက်ပေါ်လာ၍ ထိုက်ယုသည် အားယူ၍ မော့ကြည့်လိုက်သောအခါ လုဖန်သည် သမ်းဝေရင်း အပျင်းကြောဆန့်နေကြောင်း မြင်လိုက်ရသည်။
"ငါက မင်းတို့အားလုံးကို လွမ်းနေပြီ။ မင်းတို့ရော မလွမ်းကြဘူးလား"
သူက အမျိုးသမီး အင်မော်တယ်များကို ဝေ့ကြည့်ကာ ပြောလိုက်သောအခါ ကျောက်ရှီ၏ မျက်နှာ နီမြန်းသွားသည်။
"အရှင်၊ ငါတို့ မရင်းနှီးခဲ့တာ အရမ်းကြာနေပါပြီ"
သူမက ပွင့်ပွင့်လင်းလင်း ပြောလိုက်သော်လည်း အခြားမိန်းမများသည် ရှက်ရွံ့ရမည့်အစား မနာလိုဖြစ်နေကြသည်။
"နားလည်ပြီလား အိမ်ရှေ့စံ။ ဒါက မင်းတို့ရဲ့ အနောက်နန်းဆောင် မဟုတ်ဘူး။ ငါ့ရဲ့ ကိုယ်လုပ်တော်အဆောင်ပဲ"
လုဖန်က ပြောပြောဆိုဆိုနှင့် ရှေ့ထွက်လာပြီး ထိုက်ယု၏ မျက်နှာကို ခြေထောက်ဖြင့် တက်နင်းကာ အထင်သေးစွာ မေးလိုက်သည်။
"မင်း...မင်းတို့ကို ကောင်းကင်က ခွင့်လွှတ်မှာ မဟုတ်ဘူး"
ပေါ့ပျက်ပျက်နိုင်၍ ရိုင်းစိုင်းမောက်မာသော လုဖန်နှင့် အချစ်ရူးမလေးများပမာ တဏှာမွှန်နေကြသော အမျိုးသမီး အင်မော်တယ်များကို ကြည့်ရင်း ထိုက်ယု၏ နှလုံးသားမှာ ဓားထက်ထက်ဖြင့် မွှမ်းခံနေရသကဲ့သို့ နာကျင်လာ၏။
"ဒီနေရာမှာ ယောကျ်ားတွေ ရှိနေတာ မလိုချင်ဘူး။ သတ်လိုက်"
လုဖန်၏ ရုတ်တရက်ဆန်လွန်းသော အမိန့်ကြောင့် အခြေအနေကို နားမလည်နိုင်ဖြစ်နေသော လူငယ်မျိုးဆက်များမှာ အလန့်တကြား ဖြစ်ကုန်သည်။
"အမေ ပြေးရအောင်"
ကျန်းချီက မိခင်ဖြစ်သူ နေမင်းဓားနတ်ဘုရား၏ လက်ကို ဆွဲကိုင်လိုက်သကဲ့သို့ ကျောက်ယွမ်ပေါင်မှာလည်း မိခင်ကို ဆုပ်ကိုင်ထားခဲ့သည်။
"ဘယ်ပြေးမလို့လဲ သားလေး"
နေမင်းဓားနတ်ဘုရားက ရူးသွပ်သွားပြီး ဓားဝိညာဥ်ကို ဆင့်ခေါ်ကာ သားအရင်းဖြစ်သူကို ချက်ချင်း ခေါင်းဖြတ်ပစ်ခဲ့သည်။ ထို့နောက် သူမက လုဖန်ရှေ့မှောက်တွင် ဒူးထောက်၍ သား၏ ခေါင်းပြတ်ကို လက်ဆောင်သဖွယ် ဆက်သနေပြန်၏။ ကျောက်ယွမ်ပေါင်မှာလည်း မိခင်၏ လက်ချက်ဖြင့် ဦးခေါင်းခွံ အက်ကွဲသွားသောကြောင့် ဒယိမ်းဒယိုင် ဖြစ်နေသည်။ ထိုက်ဝေ အင်ပါယာနန်းဆောင်မှ ထွက်ပြေးလွတ်မြောက်လာသော လူငယ်ယောကျ်ားလေး တစ်ဒါဇင်ကျော်သည် မိခင်တစ်ယောက်ချင်းစီ၏ လက်ချက်ဖြင့် အသေဆိုးနှင့် အဆုံးသတ်သွားခဲ့သည်။ မိန်းမပျိုများကိုမူ လုဖန်ထံ ကိုယ့်ကိုကိုယ် ဆက်သ၍ လိင်ကျွန်အဖြစ် ခစားရန် မိခင်များကိုယ်တိုင် ဖြောင်းဖြနေကြသည်။
"ဟား...ဟား"
လုဖန်က ရွံရှာစက်ဆုပ်ဖွယ်ကောင်းလောက်အောင် ဟားတိုက်ရယ်မောပြီး နေမင်းဓားနတ်ဘုရား၏ တစ်ကိုယ်လုံးအနှံ့ ပွတ်သပ်လိုက်သည်။ ထို့နောက် သူက ဦးဆောင်၍ မက်မွန်အိမ်တော်အတွင်း ဝင်ရောက်သွသောအခါ ကျောက်ရှီသည် ကိုယ်လုံးတီး ချွတ်၍ အနောက်မှ ပထမဆုံး လိုက်ပါသွားခဲ့၏။ ထို့နောက် အိမ်ရှေ့စံ ကြင်ယာတော် ယောင်ရှီသည် ထိုက်ယုကို တစ်ချက်ပင် လှည့်မကြည်ဘဲ စိတ်အားထက်သန်စွာ ခုန်ပေါက်လိုက်ပါသွားပြန်သည်။ သူမ၏ ဝတ်ရုံမှာ အပိုင်းပိုင်း အစစ ပေါက်ကွဲသွားပြီး တစ်ချိန်က အိမ်ရှေ့စံ ကြင်နာယုယဖူးသော ခန္ဓာကိုယ်မှာ လုဖန် ခြေတော်တင်စရာ အဖြစ် အသုံးတော်ခံပေတော့မည်။ ကောင်းကင်ရုံးတော်၏ အင်မော်တယ်အမျိုးသမီးများ အားလုံး အရှက်ကင်းမဲ့စွာဖြင့် တခစ်ခစ် ရယ်မောလျက် ဝင်ရောက်သွားကြသောအခါ အပြင်ဘက်တွင် ထိုက်ယုနှင့် အသက်မဲ့အလောင်းကောင်များသာ ကျန်ရစ်ခဲ့လေသည်။
"ငါ့ကို သေခွင့်ပေးစမ်းပါ"
မက်မွန်အိမ်တော်အတွင်းမှ မကြားဝံ့မနာသာ ညည်းသံများ ထွက်ပေါ်လာသဖြင့် ထိုက်ယုသည် သည်းမခံနိုင်ဘဲ ကိုယ့်နားကိုယ် ဖောက်ခွဲပစ်လိုက်ရ၏။ သူက သေရမည်ကို ကြောက်သောကြောင့် ယွမ်ရှောင်နှင့် မယ်တော်ကြီးထံမှ ပုန်းအောင်းကာ ထွက်ပြေးခဲ့သော်လည်း လက်ရှိတွင် သေခြင်းတရားကို အတောင့်တဆုံး ဖြစ်နေသည်။ သူ ဂုဏ်ယူစွာ ဝံ့ကြွားခဲ့သော အရာအားလုံး ပျက်စီးကြေမွ၍ သေခြင်းတရားထက် ဆိုးရွားသော စိတ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်ခံနေရသောကြောင့်ပင်။
အချိန်မည်မျှ ကျော်လွန်သွားကြောင်းကို ထိုက်ယု မသိနိုင်တော့ပေ။ သူက သေချင်လွန်း၍ ဦးခေါင်းကို ကြေမွလုနီးပါးအထိ ဆောင့်ပစ်ခဲ့သော်လည်း မသေနိုင်သေးချေ။ သေလုမျောပါး အခြေအနေတွင် မြင်ကွင်းအတွင်း စပ်ဖြီးဖြီး မျက်နှာထားဖြင့် အောက်တန်းကျသော လုဖန် ဝင်ရောက်လာခဲ့သည်။
"ကောင်းကင်ရုံးတော်က ယောကျ်ားတွေ အကုန်အသတ်ခံလိုက်ရပြီ။ အခု ငါ အုပ်စိုးရတော့မယ်"
"ငါ့ကို သတ်လိုက်စမ်း"
ထိုက်ယုက လည်ချောင်းကွဲမတတ် အော်ဟစ်နေသောကြောင့် အသံမှာ ကြမ်းရှနေသည်။
"မသေချင်စမ်းပါနဲ့ကွာ။ မင်း သေသွားရင် ဘယ်သူက နားထောင်တော့မှာလဲ။ ဒါဆိုရင် မိန်းမတွေနဲ့ ပျော်ပါးရတာ သိပ်ပျော်စရာ ကောင်းမှာ မဟုတ်တော့ဘူး။ ပြီးတော့ သေရမှာကို အကြောက်ဆုံးက မင်းပဲလေ။ အသက်ရှင်နေသရွေ့ မျှော်လင့်ချက် ရှိပါတယ်"
"ကောင်းပြီ"
အိမ်ရှေ့စံထိုက်ယုက ရုတ်တရက် လုဖန်ကို ခက်ထန်စွာ စိုက်ကြည့်၍ ရက်စက်စွာ ပြုံး၍ စကားဆက်ပြောသည်။
"ငါ အသက်ရှင်မယ်။ မင်းသေမယ့်နေ့ကို ကြည့်ဖို့ ငါ သေချာပေါက် အသက်ရှင်နေရမယ်။ မောက်မာနေတယ် ဟုတ်လား။ လုဖန်၊ မင်းလည်း ယွမ်ရှောင်နဲ့ ရှန်ရီကို ကြောက်တယ်မလား။ သူတို့က မင်းကို ခွေးမောင်းသလို တစ်ခါ မောင်းထုတ်ပြီးပြီ။ အခု ငါ့ရှေ့မှာ အောင်ပွဲခံပြနေရင်တောင် အစစ်အမှန် ပါရမီရှင်တွေနဲ့ ဆိုရင် မင်းက လူပြက်ပါပဲ။ ဒီကောင်မတွေက စင်ကြယ်နေတာမှ မဟုတ်တာ၊ သူတို့နဲ့ ပျော်ပါးရင်တောင် မင်းက သူများအကျကို မက်မက်မောမော လိုက်ကောက်နေတာလေ။ သတ္တိရှိရင် ရှန်ရီကို လက်ဖျားနဲ့တောင် ထိကြည့်စမ်းပါဦး "
"ကောင်းပြီ။ မင်း စောင့်ကြည့်နေစမ်း"
လုဖန်၏ အောက်တန်းကျသော မျက်နှာအထက်တွင် အပြုံးက ချက်ချင်း ပျောက်ကွယ်၍ မည်းနက်သွားကာ ထိုက်ယုကို ဒေါသတကြီး ပါးရိုက်လိုက်ခြင်း ဖြစ်သည်။
"ယောကျ်ား၊ ဒီကောင့်ကြောင့် ဒေါသထွက်မနေပါနဲ့။ သက်ရှိအားလုံးရဲ့ မိခင်ဂူကို ထုတ်လိုက်စမ်းပါ။ ဒါဆိုရင် နောက်တစ်ဆင့် စလို့ရပြီ"
ထိုအချိန်တွင် ကျောက်ရှီက သူ့ကို အနောက်မှ သိုင်းဖက်၍ ဖြောင်းဖြလိုက်သည်။ ထိုစကားကို ကြားသောအခါ ထိုက်ယု၏ မျက်လုံးများ တုန်ယင်သွားပြီး ဖောက်လွဲဖောက်ပြန် စုံတွဲကို မယုံကြည်နိုင်စွာ ကြည့်လိုက်မိ၏။ ထို့နောက် လုဖန်သည် သူ၏ ပါးစပ်ကို ဆွဲဖြဲ၍ အဆုတ်သို့ ရောက်သည်အထိ လက်ဖြင့် နှိုက်ယူကာ ဆွဲထုတ်လိုက်သောအခါ ကလေးငယ်တစ်ယောက်၏ လက်မောင်းခန့် လုံးပတ်တုတ်ပြီး ခန္ဓာကိုယ်တစ်ခုလုံး လူသားမျက်နှာများ ပြည့်နှက်နေသော အဖြူရောင် ပိုးကောင်ကြီးတစ်ကောင် လူးလွန့်ရင်း ပါလာခဲ့သည်။
"ဒါက ယောကျ်ားကို အဆုံးမရှိလောက်အောင် သန်မာလာစေလိမ့်မယ်"
လုဖန်က ပိုးကောင်ကို ရင်ခွင်အတွင်း ပွေ့ပိုက်၍ ကျောက်ရှီအား ကျန်လက်တစ်ဖက်ဖြင့် ဖက်ကာ ထွက်သွားသောအခါ သူမ၏ လှပသော မျက်လုံးများတွင် ရမ္မက်မီးများ တောက်လောင်နေဆဲ ဖြစ်သည်။
"ဒါဆိုရင် မင်းတို့လည်း ဒီကစားပွဲထဲမှာ ပါနေတာပေါ့။ ဟား ဟား အံ့သြစရာပဲ။ ကြည့်ရတာ ဇာတ်သိမ်းမကောင်းမှာက ငါတစ်ယောက်တည်း မဟုတ်လောက်ဘူး"
အိမ်ရှေ့စံ၏ ချောမောခန့်ညားသော မျက်နှာသည် အကျည်းတန်စွာ တွန့်လိမ်နေသော်လည်း ရယ်သံမှာ ပို၍ ကျယ်လောင်လာပြီး လုဖန်အပေါ် လှောင်ပြောင်နေခဲ့သည်။
"ဟား ဟား...ဝေါ့"
သူက သွေးများအန်ထွက်လာသည်အထိ ရယ်မောနေသော်လည်း မသေနိုင်သေးပေ။ ထို့နောက် သူက ကောင်းကင်သို့ ခံစားချက် ဗလာဖြစ်နေသော မျက်ဝန်းများဖြင့် ကြည့်နေရင်း ရုတ်တရက် မျက်ရည်များ စီးကျလာကာ နာနာကျည်းကျည်း အော်ဟစ်လိုက်လေသည်။
"နောက်ဆုံးတော့ ငါလည်း ကံကြမ္မာရဲ့ ဝဋ်ဆိုတာကို နားလည်သွားပြီ"
အပိုင်း ၇၁၆ - ဒုစရိုက် ၁၈ပါး
ခမ်းနားထည်ဝါသော ကာကွယ်ရေးအစီအရင်များက ရုတ်တရက် တိတ်ဆိတ်သွားပြီး တစ်ခါမှ မရှိဖူးသကဲ့သို့ ပျောက်ကွယ်သွားချိန်တွင် အချိန်ပင် ရပ်တန့်သွားသယောင် ထင်ရသည်။ ၎င်းက စွမ်းအား ကုန်ဆုံးသွားခြင်း သို့မဟုတ် လျှို့ဝှက်ဆန်းကြယ်သော အကြောင်းအရင်းများကြောင့် ပျက်စီးသွားခြင်း ဖြစ်နိုင်သော်လည်း ကောင်းကင်ရုံးတော်ကို ပုန်ကန်နေသော အင်အားစုများအတွက် ကောင်းချီးတစ်ရပ် ဖြစ်ကာ တော်ဝင်နန်းတော်သို့ အားလုံး ချီတက်လာကြ၏။ ယခင်က ဤနေရာသို့ ခြေချခွင့် မရခဲ့ဖူးသော သာမန်လူတန်းစား အင်မော်တယ်များသည် ဒဏ္ဍာရီလာ နန်းတောင်သို့ ချီတက်လာရင်း စစ်သွေးစစ်မာန် တက်ကြွစွာ ကြွေးကြော်လိုက်သည်။ သူတို့ကို စောင့်ကြိုနေသည်မှာ ပန်းများ ပွင့်လန်း၍ တေးသီငှက်များဖြင့် သာယာလှပသော နယ်မြေ မဟုတ်ဘဲ သွေးစွန်း အလောင်းကောင်များ၊ အဆောက်အအုံအပျက်အစီးများနှင့် သေလွန်ဝိညာဥ်များ ပြည့်နှက်နေသည့် ငရဲခန်းဖြစ်သည်။
"ထိုက်မင်းဆက်ကို ဖြုတ်ချပြီး ဧကရာဇ်အသစ်ကို ထောက်ခံကြ"
"ကြယ်တပ်မတော်ကို ရှင်းပစ်ကြဟေ့။ အကျင့်ပျက် အရာရှိတွေ သေရမယ်"
မိုးကြိုးဌာနမှ ချီတက်လာသော စစ်သည်များသည် အမှန်တရားကို သိထားသောကြောင့် တရားမျှတမှုအတွက် ဒေါသထွက်ရင်း နန်းတော်ထဲသို့ ဝင်ရောက်လာကြ၏။ တစ်ချိန်က တော်ဝင်မျိုးဆက်များသာ ကြီးစိုးထားသည့် တော်ဝင်နန်းတော်၏ ပုံရိပ်မှာ ပြည်သူများ၏ နှလုံးသားထဲတွင် ပျက်စီးသွားပြီ ဖြစ်သည်။ ကယ်တင်ရှင်များအဖြစ် သူတို့ သတ်မှတ်ထားကြသော ယွမ်ရှောင်နှင့် ရှန်ရီသည် မဟာတာအိုနယ်မြေ၏ အကန့်အသတ်မရှိသော မျှော်လင့်ချက်များအတွက် မီးရှူးတန်ဆောင်ကဲ့သို့ တောက်ပနေသည်။
မြင့်မြတ်၍ အစစ်အမှန် တရားမျှတသူများ ဖြစ်ကြသော စံပြစုံတွဲကို ထောက်ခံရန်အတွက် ရောက်လာသည့် အင်မော်တယ်များက အရေအတွက် သန်းနှင့်ချီ၏။ ကြယ်တပ်မတော်၏ ထိပ်တန်းအင်အားကို သူတို့က ကောင်းကောင်း သိထားသော်လည်း ကောင်းကင်ရုံးတော် ပြုပြင်ပြောင်းလဲရေးအတွက် အသက်ကို စတေးရန် အသင့်ဖြစ်နေကြသည်။ သေရမည်ကို မကြောက်ဘဲ တိုက်ပွဲဝင်စိတ်ဓာတ် အပြည့်ဖြင့် ချီတက်လာသော အင်မော်တယ်များသည် နန်းတော်အတွင်း ရောက်သောအခါ မျက်နှာအမူအရာ ကြောင်တောင်တောင်ဖြင့် ရပ်တန့်ကုန်သည်။ အဘယ်ကြောင့်ဆိုသော် ပျက်စီးနေသော စစ်မြေပြင်အတွင်း ကြယ်တပ်မတော်၏ အရိပ်အယောင်ကို မတွေ့ရသကဲ့သို့ ကောင်းကင်အရာရှိများလည်း ပျောက်ချင်းမလှ ပျောက်ကွယ်နေ၏။ ခေတ်အဆက်ဆက် သမိုင်းတွင်လောက်မည့် စစ်ပွဲကြီးမှာ သူတို့ မတိုက်ရသေးခင်ကပင် ပြီးဆုံးသွားခဲ့လေသည်။
ချီတက်လာသူ အားလုံး ကြက်သီး တဖြန်းဖြန်းထကာ အခြေအနေကို နားလည် သဘောပေါက်သွားကြသည်။ ထိုက်ဝေ အင်ပါယာနန်းဆောင်ရှေ့တွင် လူငယ်စုံတွဲသည် သေလွန်ဝိညာဥ်များအကြား မားမားမတ်မတ် ရပ်နေပြီး အသက်ရှင်ကျန်ရစ်သော ရန်သူဟူ၍ မရှိတော့ပေ။ သူတို့၏ အသက်ရှူသံများ ပြင်းထန်လာကာ မျက်လုံးများက မီးလျှံပမာ တောက်ပ၍ စကားမပြောဘဲ တိတ်ဆိတ်နေသော်လည်း နှလုံးသားထဲတွင် ဤနှစ်ယောက်ကို နေမင်းကြီးများအဖြစ် မှတ်ယူထားလိုက်ကြတော့သည်။
"သူတို့က ညစ်ပတ်ယုတ်မာတဲ့ အပြစ်သားတွေကို ရှင်းလိုက်နိုင်ပြီ"
အင်မော်တယ်သန်းချီအကြားတွင် တီးတိုးစကားများ ပျံ့နှံ့သွားပြီး မရေမတွက်နိုင်သော နှလုံးသားများ လှုပ်ခတ်သွား၍ ယွမ်ရှောင်၏ ဟန်ဆောင်ထားသော သရုပ်အကြောင်း ထွက်ပေါ်လာသည်။ နယ်စပ်မြို့လေးမှ မြင့်တက်လာသော အဆင့်ကိုး စီရင်သူလေးတစ်ယောက်၊ လုယောင်ဆိုသည့် အမည်မှာ ကြွေးကြော်စရာ ဖြစ်လာ၏။ ခဏတာ တိတ်ဆိတ်သွားပြီးနောက် အင်မော်တယ်များသည် တော်ဝင်နန်းတော်အတွင်း တပ်စွဲပြီး တရားမျှတ၍ သာတူညီမျှ ဖြစ်သော နယ်မြေသစ်တစ်ခု ဖန်တီးရန် ရည်ရွယ်ထားသော စိတ်ဓာတ်များဖြင့် သံပြိုင်ဟစ်ကြွေးခဲ့သည်။
"လုယောင်၊ သတ္တမမင်းသမီး"
မီးလျှံပမာ တောက်လောင်နေသော စိတ်ဓာတ်များကြောင့် ကောင်းကင်ရုံးတော်တစ်ခုလုံး အသစ်ပြန်လည် မွေးဖွားလာမည့် အလင်းရောင် ထွန်းလင်းသွားသည်။ ယွမ်ရှောင်သည်ပင် လက်အောက်ခံများ ဤမျှ လျင်လျင်မြန်မြန် ရောက်လာလိမ့်မည်ဟု တွေးမထားချေ။ သူက လောကကြီးကို ပြောင်းလဲလိုသည်မှာ ကယ်တင်ထိုက်သော လူသားများ ရှိနေသေးကြောင်း ယုံကြည်၍ ဖြစ်၏။ လုအန်းကဲ့သို့ တရားမျှတမှုကို လိုလားသော အင်မော်တယ် အရေအတွက်က သန်းချီနေသဖြင့် ဤလောကကြီးမှာ ကယ်တင်ခံရရန် မျှော်လင့်ချက်ရှိကြောင်း သက်သေပြလိုက်ခြင်းပင်။
ထို့နောက် သန်းချီသော စစ်တပ်ကြီးအပြင် နာရကချောက်နက်၏ စစ်ကူများလည်း ရောက်နေပြီဖြစ်သည်။ လနတ်သားနှင့် မယ်တော်ကြီးသည် တော်ဝင်နန်းတော်အတွင်း ဝင်ရောက်လာကြပြီး ထိုက်ဝေ အင်ပါယာနန်းဆောင်ရှေ့တွင် ပူးပေါင်းလိုက်ကြ၏။
"လူနဲ့ နတ်ဆိုး ပေါင်းစပ်သွားရင် ဘာဖြစ်..."
မယ်တော်ကြီးက စကားပြောချင်သော်လည်း ယွမ်ရှောင်၏ အကြည့်စူးစူးကြောင့် အလိုအလျောက် ပါးစပ်ပိတ်သွားခဲ့သည်။ နတ်ဆိုးကိုယ်ပွားနှင့် သွေးကျွန်ကို ပေါင်းစပ်ထားသော အခြေအနေတွင် ယွမ်ရှောင်၏ အရှိန်အဝါသည် ပို၍ ကြောက်စရာကောင်းလာ၏။ အခြေတည်အဆင့် ဝိညာဥ်ပြောင်းနယ်ပယ်သို့ ရောက်သောအခါ မူလဝိညာဥ်တစ်ခုတည်းကပင် ညနတ်ဘုရားနယ်ပယ် ကျင့်ကြံသူများကို အနိုင်ယူနိုင်စွမ်း ရှိကာ သွေးကျွန်နှင့် နတ်ဆိုးကိုယ်ပွား အကူအညီရှိလျှင် အရုဏ်တက်နတ်ဘုရားနယ်ပယ် ကျင့်ကြံသူနှင့် တိုက်ခိုက်ရန် စိုးရိမ်စရာ မရှိတော့ပေ။ ကောင်းကင်ရုံးတော်တွင် ထိုက်ဝေ၊ ထိုက်ယုနှင့် လုဖန်ဟူ၍ အရုဏ်တက်နတ်ဘုရားနယ်ပယ် သုံးယောက်သာ ရှိပြီး အားလုံး တော်ဝင်နန်းတော် ဧရိယာအတွင်း ရှိနေကြသည်။
"ဒဏ်ရာ ပြစမ်း"
ယွမ်ရှောင်က အေးစက်စက် အမိန့်ပေးလိုက်သောအခါ လူအသွင် ဖန်ဆင်းထားသည့် မယ်တော်ကြီးမှာ ကင်းခြေများတစ်ကောင်ကဲ့သို့ တွန့်လိမ်လျက်ရှိသော ဒဏ်ရာကို ဖော်ပြလိုက်သည်။ ၎င်းက ပြည်တည်နေသဖြင့် ပုပ်ဟောင်နံစော်ကာ မြင်မကောင်းရှုမကောင်းပင်။ သူမသည် အရပ်ရှစ်ပေကျော် မြင့်သောကြောင့် စစ်ဆေးရန် ပို၍ လွယ်ကူနေပြီး ဒဏ်ရာ၏ တည်နေရာက ယွမ်ရှောင်၏ မျက်လုံးများနှင့် တစ်တန်းတည်း ဖြစ်၏။ မျက်ဝန်းများအောက်တွင် အသားစများ ပြဲထွက်၍ အဝါရောင် မျက်လုံးတစ်စုံ တိုးထွက်လာကာ ဒဏ်ရာကို စစ်ဆေးသည်။
"ငါ့အောက်ထပ်က အကောင်ရဲ့ လက်ချက် ထင်တယ်။ ဒါက သွေးခဲအနေနဲ့ အပြင်ထွက်လာပြီး ဟိုအဘိုးကြီးရဲ့ ခန္ဓာကိုယ်ထဲမှာ ကပ်ပါးကောင် လုပ်နေတာ ဖြစ်ရမယ်"
"နတ်ဆိုးကိုယ်ပွားဆီမှာ မင်း ရှိနေသလိုမျိုးလား"
ယွမ်ရှောင်က နီအန်ဝိညာဥ်ကို မေးခွန်းထုတ်သည်။
"မတူဘူးကွ။ မင်းရဲ့ ကိုယ်ပွားက ငါ့ကိုတောင် စားချင်နေတာ။ ဒီကောင်ကျတော့ အပြည့်အဝ မလွတ်မြောက်သေးဘူး။ သူ့ကို ငါ မြင်ဖူးတယ်။ မျောက်တစ်ကောင်ပဲ။ အတိအကျပြောရရင် ကောင်းကင်ရဲ့ အပြစ်တွေထဲက တစ်ခုဖြစ်တဲ့ အကြမ်းဖက်ခြင်းရဲ့ ပြယုဂ်လို့ ပြောနိုင်တယ်"
နီအန်က ရှင်းပြနေရင်း တဟားဟား ရယ်မောလိုက်သည်။
"ကောင်းကင်ရဲ့ အပြစ်တရားတွေက ဘာလဲ"
ယွမ်ရှောင်က နားမလည်သဖြင့် ထပ်၍ မေးမြန်း၏။
"အဲဲ့ဒီတုတ်ထဲမှာ မကောင်းဆိုးဝါး ၁၈ကောင် ရှိတယ်။ တစ်ကောင်ချင်းစီက ကောင်းကင်ရဲ့ ဒုစရိုက် ၁၈ပါးကို ကိုယ်စားပြုပြီး ဒီမျောက်ကတော့ အကြမ်းဖက် ဒုစရိုက်ကို ကိုယ်စားပြုတယ်"
နီအန်က အသေးစိတ် ရှင်းပြလိုက်ပြီး သူ့ကိုယ်သူ မည်သည့် ဒုစရိုက်ဖြစ်ကြောင်း ဆက်ပြောသည်။
"ငါကတော့ ကပ်ဘေးဒုစရိုက်ပဲ။ ဒီမျောက်ထက် အများကြီး ပိုသာတယ်လေ"
အပြင်လောကကို စောင့်ကြည့်ရုံသာ တတ်နိုင်သော မျက်လုံးတစ်စုံသာ ကျန်ရစ်တော့သည့်အဖြစ်ကို ၎င်းက သတိမထားမိဘဲ ကြွားလုံးထုတ်နေခဲ့သည်။ လက်ရှိတွင် နီအန်သားရဲ၏ ခန္ဓာကိုယ်ရော စွမ်းအင်များပါ လနတ်သား၏ ပျက်စီးနတ်ဆိုးခန္ဓာအတွင်း ဝါးမျိုခံလိုက်ရပြီ ဖြစ်ပေသည်။
"ဒီဒဏ်ရာပျောက်ဖို့ ခက်နေတာက အကြမ်းဖက်မျောက်ရဲ့ သွေးကြောင့်ပေါ့"
ယွမ်ရှောင်က နီအန်ဝိညာဥ်နှင့် အတွေးချင်းဆက်သွယ်ကာ စကားပြောနေရင်း မယ်တော်ကြီး၏ ဒဏ်ရာကို အနီးကပ် စစ်ဆေးနေခဲ့၏။ သွေးများတစိမ့်စိမ့် စီးထွက်နေသော ဒဏ်ရာထဲတွင် အရိုင်းဆန်ဆန် ကြမ်းကြုတ်၍ အကြမ်းဖက်ချင်သော ဆန္ဒတစ်ခုပင် ထင်ဟပ်နေသည်။
"ကောင်းကင် ဒုစရိုက် ဆယ့်ရှစ်ပါးရဲ့ ကိုယ်စားပြုတွေ ဟုတ်လား"
နှိုင်းယှဥ်ကြည့်ရလျှင် ကပ်ဘေး ဒုစရိုက်သည် အကြမ်းဖက် ဒုစရိုက်ထက် ပို၍ အန္တရာယ်ကင်းပုံပေါ်သည်။ ထောင်စောင့်နဂါးတံဆိပ်သည် နီအန်နှင့် ပတ်သက်၍ တုံ့ပြန်မှု နည်းသော်လည်း အကြမ်းဖက် မျောက်နှင့် ဆက်စပ်၍ တစ်ခုခု ခံစားနေရပုံပေါ်သည်။
"ကောင်းပြီ။ မင်းက ငါ့ကို အညံ့ခံခဲ့တယ်။ ပူဇော်သက္ကာရတွေကြောင့် မင်း ဖြစ်တည်လာတာကို ထောက်ထားပြီး အခွင့်အရေးတစ်ခု ပေးလိုက်မယ်။ ဒဏ်ရာနဲ့ အလောင်းကောင် အပုပ်နံ့ကို လုံးဝ ဖယ်ရှားပေးမယ်"
ယွမ်ရှောင်က ဤသို့ ပြောလိုက်သောအခါ အသက်တံဆိပ်၏ စွမ်းအားကြောင့် လုယူရန် ကြိုးစားဖူးသည့် မယ်တော်ကြီးမှာ ဤတစ်ကြိမ်တွင် နာနာခံခံ ရှိနေပြီး အက်ကွဲကွဲ အသံဖြင့် ကျေးဇူးတင်စကားဆိုသည်။
"ဟုတ်...ဟုတ်ကဲ့။ ကျေးဇူး.."
ယွမ်ရှောင်ကို မည်သို့ ခေါ်ဆိုရန်အတွက် အခက်တွေ့နေစဥ် ပိုင်အာက အင်မော်တယ် ယွမ်ဟူ၍ ဝင်ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် အင်မော်တယ်ယွမ်"
ဤလုပ်ရပ်က အလောင်းနတ်ဆိုး အချင်းချင်း ရန်လိုနေသော မယ်တော်ကြီးကို ပိုင်အာအပေါ် အမြင်ကြည်သွားစေခဲ့သည်။
"မင်း သူ့ကို မုန်းလား"
"သူက သနားစရာကောင်းပါတယ်။ စိတ်ဆန္ဒတွေ များလွန်းလို့ ရူးနေတယ်။ သူ့ကို မုန်းရင် ကိုယ့်ကိုကိုယ် မုန်းသလို ဖြစ်သွားမှာပေါ့"
ယွမ်ရှောင်က စပ်စုကြည့်သောအခါ ပိုင်အာသည် ခေါင်းယမ်း၍ ပြုံးပြလိုက်သည်။
"ကိုယ့်ကိုကိုယ် မုန်းတာလား"
မယ်တော်ကြီး၏ မျက်နှာက ဝင်းခနဲ ဖြစ်သွားကာ ပိုင်အာတွင် အလောင်းနတ်ဆိုးတစ်ကောင်၏ အဆိုးလက္ခဏာများ တစ်ခုတလေပင် မရှိကြောင်း နောက်ဆုံးတွင် သဘောပေါက်ခဲ့၏။ တစ်ဖက်လူသည် အစွမ်းထက် အလောင်းနတ်ဆိုးတစ်ကောင် ဖြစ်သော်လည်း စိတ်နှလုံးမှာ လူသားမိန်းကလေးတစ်ယောက်အဖြစ် ရှင်သန်နေဆဲပင် ဖြစ်သည်။
"ငါ...ငါ့နာမည်က...နာမည်"
မယ်တော်ကြီးသည် တစ်ခုခုကို ရုတ်တရက် သတိရသွားဟန်ဖြင့် ကြိုးစားရေရွတ်သော်လည်း မမှတ်မိသောကြောင့် မျက်ရည်များ စတင်ကျဆင်းလာ၏။
"တော်လောက်ပြီ။ မင်းရဲ့ ငယ်ဘဝကို အတင်းအကြပ် တွေးနေစရာ မလိုဘူး"
ယွမ်ရှောင်က အသက်တံဆိပ်ကို ထုတ်ယူ၍ သူမ၏ ဒဏ်ရာအပေါ် ကပ်လိုက်သောအခါ တရှဲရှဲ မီးလောင်သံများ ဆက်တိုက် ထွက်ပေါ်လာပြီး ဒူးထောက်ကျသွားကာ တစ်ကိုယ်လုံး ချွေးစေးများ စိမ့်ထွက်လာခဲ့လေသည်။