အခန်း ၄၄
Vol. 5 Ch. 44
အပိုင်း (၄၄) ဟုရိုင်အိရေ ငါ လာကယ်ပြီ
အဲရိနာက နတ်သမီးလေး တစ်ပါးပဲ။
‘တကယ်ကို သဘောကောင်းတဲ့ မိန်းကလေး’
ကျွန်တော် ကြည်နူးနေမိပါသည်။ ဒီအချိန်မှာ သူမက “ ဒီအတွက် ငါ့မှာ အပေးအယူတစ်ခု ရှိတယ်” လို့ ပြောလိုက်သည်။
အင်း မိန်းကလေးတစ်ယောက်က ရုပ်လှပြီး စိတ်ထားလှဖို့ကလည်း ခပ်ရှားရှားကိုး။
“ဝူး အူး”
ဒီချီးထုပ်ကောင်မလေး။ ဘာအပေးအယူ လုပ်အုံးမလို့လဲ။ ဒီကိုလာတာက ငါ့ကို ကယ်ဖို့ မဟုတ်ဘူးလား။ အဲရိနာက ကျွန်တော့် အတွေးတွေကို အကဲခတ်မိပုံနဲ့ ရယ်လိုက်သည်။
“နင်က အတော်ကို ရိုးတာပဲ။ အတွေးတွေက မျက်နှာမှာ အကုန်ပေါ်နေသည်။ ငါ တောင်းဆိုချင်တာက မှော်စွမ်းအင်တွေကို တတ်နိုင်သမျှ များများထိန်းသိမ်းပေးထားနိုင်တဲ့ မှော်စက်လုံးကို ပြုလုပ်ပေးဖို့ပဲ။ အနည်းဆုံးတော့ ဒီဓားမြှောင်နဲ့ အဆင့်အတူတူ ဖြစ်ရမယ်။ နင့်ရဲ့ ပန်းပဲဆရာကျွမ်းကျင်မှုတွေနဲ့ဆို ဒါကို လုပ်နိုင်ပါတယ်ဟဲ့”
မှော်စက်လုံးကို အရင်ကတော့ တစ်ခါမှ မလုပ်ဖူးဘူး။ ဒီအိုင်တမ်က မှော်အမျိုးအစားလို့ ထက်တာပဲ။ ဒါကို မှော်ပညာရှင်ကို သွားမလုပ်ခိုင်းဘဲ ကျွန်တော့်ကို လာလုပ်ခိုင်းနေတာလဲ။ ထားပါ ငါ့ကိစ္စလည်း မဟုတ်ပါဘူး။
ကျွန်တော် သဘောတူကြောင်း ခေါင်းညိတ်ပြလိုက်သည်။
ဒီတော့မှ အဲရိနာ ကျေနပ်သွားသည်။
“နောက်တစ်ခုက ငါ့ကို ‘ကလေး’ လို့ ဘယ်တော့မှ ထပ်မခေါ်ပါနဲ့။ ငါ့နာမည်က ယူဖီမီနာ။ ယူဖီမီနာ လို့ပဲ ခေါ်ပါ။ နားလည်တယ်နော်”
အရက်ကြောင်နေတာလား။ ခုပဲ အဲရိနာဖြစ်လိုက် ယူဖီမီနာ ဖြစ်လိုက်နဲ့။ နာမည်ကို မေ့သွားရအောင်ထိ သောက်တယ်ထင်။ ဆိုတော့ ..... ဒီလိုမှ မဟုတ်ရင် အရင်နာမည်က အလုပ်လုပ်ရင် သုံးတဲ့ နာမည်လား။
ကျွန်တော် ခေါင်းထပ်ညိတ်ပြလိုက်တာနဲ့ အဲရိနာက သော့နဲ့ ထောင်တံခါးကို ဖွင့်လိုက်သည်။ ပြီးတော့ အခန်းထဲ ဝင်လာပြီး ကျွန်တော့်ပါးစပ်က အဝတ်စကို ဖယ်ပေးသည်။
“ထွီ”
အသက်နောက်တစ်ခါ ပြန်ရှင်သလို ခံစားနေရသည်။ ပါးစပ်နားက သရေတွေကို သုတ်လိုက်ပြီး အဲရိနာကို ခန္ဓာကိုယ်မှာ ချည်ထားတဲ့ ကြိုးတွေကို ဖြတ်ခိုင်းသည်။
“ဘာလို့ ငါ့ကို လာကယ်တာလဲ”
အဲရိနာက ဓားမြှောင်ကို ကျွန်တော့်ဆီ ပစ်ပေးလိုက်ပြီး
“စကားပြောနေမဲ့အစား မြန်မြန်ပြေးသင့်တယ်နော်”
သူ့စကားဆုံးတာနဲ့ ဒါဇင်လောက်ရှိတဲ့ စစ်သားတွေက အောက်ထပ်ကို ဝုန်းဒိုင်းကြဲပြီး ဆင်းလာကြသည်။ ကျွန်တော်လည်း တုန်ရီသွားပြီး
“ဟေး ကောင်မလေး .... မှားလို့ ယူဖီမီနာ ဒါက ဘာလဲဟ။ စစ်သားတွေကို လာကတည်းက မရှင်းခဲ့ဘူးလား”
“စစ်သားတွေက အများကြီးလေ။ ငါ တစ်ရာလောက် ရှင်းပြီးတာတောင် အများကြီးကျန်တုန်းပဲ။ မြန်မြန်လုပ် မဟုတ်ရင် ငါတို့ကို ဝိုင်းမိသွားမယ်”
“ချီးပဲ”
ကျွန်တော် ထရယ်လိုက်တာကို မြင်တော့ ယူဖီမီနာက စိုက်ကြည့်ပြီး
“ဘာလို့ ရယ်နေတာလဲ”
“မင်း တစ်ယောက်တည်း စစ်သားတစ်ရာလောက် ရှင်းခဲ့တာက ပိုလွန်းနေပြီလေ။ မင်းက ပန်းပဲဆရာ မဟုတ်လား။ ဒါဆို ဘယ်လိုလုပ် တိုက်ခိုက်စွမ်းအား ကောင်းမှာလဲ။ ငါ မှန်တယ်နော်။ မင်း ငါ့ကို ပိပိရိရိ လိမ်သင့်တယ် ....”
“ငါကမှ ပန်းပဲဆရာ မဟုတ်တာ”
“ဘာပြောလိုက်တာလဲ”
ယူဖီမီနာက ကျွန်တော့်ကို ကြည့်လိုက်သည်။ သူမရဲ့ နက်ရှိုင်းတဲ့ ပင်လယ်သမုဒ္ဒရာလို အပြာရောင်လဲ့လဲ့မျက်လုံးတွေက နီလာရောင် တောက်ပနေသည်။ ဒီလိုဆိုပေမဲ့ ကလေးပဲ ရှိသေးတာလေ။ အရွယ်ရောက်လာလို့ ရင်သားတွေ ဖြစ်ဖြစ် ကြီးလာရင် ကျွန်တော့်ကို ဆွဲဆောင်ချင် ဆွဲဆောင်နိုင်လိမ့်မယ်။
“နင် ဘယ်နေရာကို လာကြည့်နေတာလဲ” ယူဖီမီနာက ရှက်သွေးဖြာကာ ရင်သားတွေကို အုပ်ရင်း မျက်မှောင်ကြုတ်လိုက်သည်။
“ငါက ဝါးခြမ်းပြားမတွေကို စိတ်မဝင်စားဘူး။ မစိုးရိမ်ပါနဲ့။ ဒါနဲ့ မင်းက ပန်းပဲဆရာမဟုတ်ဘူးဆိုတာကရော ဘာကို ပြောချင်တာလဲ”
“ငါ နင့်ကို တကယ်မုန်းတာပဲ သိလား”
ယူဖီမီနာက ဒီလိုပြောပေမဲ့ ကျွန်တော့်ကို ရှင်းပြပါသည်။
“ငါ့မှာ အထူးဇာတ်ကောင်အမျိုးအစား ရှိတယ်လေ။ ဇာတ်ကောင်အမျိုးအစားက ပုံတူကူးသူတဲ့။ ဒါကြောင့် ခန့်ပန်းပဲဆရာစွမ်းရည်ကို ပုံတူကူးပြီး ပန်းပဲဆရာအယောင်ဆောင် နိုင်ခဲ့တာ။ ဟမ့် နင် ငါ့ကို အားကျနေပြီ မဟုတ်လား။ နင်လည်း သာမန် ပန်းပဲဆရာ မဟုတ်ဘူးမလား”
ပုံတူးကူးသူ အမျိုးအစား။ ဒီ ဇာတ်ကောင်အမျိုးအစားကို ပထမဆုံး ကြားဖူးတာပဲ။ ဖြစ်နိုင်တာ ....
“ရှားပါးအဆင့်လား”
ယူဖီမီနာ ရင်ကွဲပက်လက်ဖြစ်သွားပြီး ထအော်တော့သည်။
“နင့်မေ ရှားပါးအဆင့်လား။ မော်ကွန်းအဆင့်ဟဲ့ မော်ကွန်း”
“ဟိုက်”
ဒါဆို ဒီကလေးက ဆက်တစ်စ်ဖိုင်းန်မှာ တွေ့ထားတဲ့ မော်ကွန်းဇာတ်ကောင်အမျိုးအစား သုံးခုထဲက တစ်ခုကို ရထားတာပေါ့။ ဒါသာ တကယ်ဆိုရင် ....
“နင်က နင့်ဇာတ်ကောင်အမျိုးအစားကို ဖုံးထားတာပဲ။ ဒီတစ်လျှောက်လုံး ဖုံးလာပြီးတော့ ခုမှ ငါ့ကို ဘာလို့ လာပြောပြနေတာလဲ”
“အခုအချိန်တော့ ငါ့မှာ ရွေးချယ်စရာ မရှိတော့ဘူးလေ။ နင့်မှာလည်း လျှို့ဝှက်ဇာတ်ကောင်အမျိုးအစားတွေထဲက တစ်ခု ရှိတယ် မဟုတ်လား။ ငါ သိပြီးသားနော်။ ဒါကြောင့်မို့ သာမန်ပန်းပဲဆရာလေးလို ဟန်ဆောင်မနေဘဲ အစွမ်းကုန် ထုတ်သုံးပါ။ နင် မလုပ်ရင် အသတ်ခံရလိမ့်မယ်”
“ငါ့မှာလည်း အစီအစဉ်ရှိပါတယ်”
ယုံကြည်မှုအပြည့်နဲ့ ခေါင်းညိတ်ပြလိုက်ပြီး ဓားမြှောင်ကို အသုံးပြုလိုက်သည်။
[ဇာတ်ကောင်အမျိုးအစား၏ ထူးခြားမှုကြောင့် စိတ်တိုင်းကျဓားမြှောင်အား တပ်ဆင်နိုင်ခဲ့သည်]
[သင် ကိုယ်တိုင် ဖန်တီးထားသော အိုင်တမ် ဖြစ်သဖြင့် ဤ အိုင်တမ် အပေါ် နားလည်မှုမှာ ၁၀၀ ရာခိုင်နှုန်း ဖြစ်သည်]
[သင် ဖန်တီးထားသော အိုင်တမ် ဖြစ်သော်လည်း အသုံးပြုရန် ကန့်သတ်ချက်နှင့် မကိုက်ညီသဖြင့် ကန့်သတ်ခြင်းအား ရှောင်လွဲ၍ မရနိုင်ပါ]
[စိတ်တိုင်းကျဓားမြှောင်၏ တိုက်ခိုက်စွမ်းအား နှစ်ဆယ် ရာခိုင်နှုန်း ကျဆင်းသွားသည်။ အိုင်တမ်စွမ်းအားများ၏ တဝက်ကိုသာ ရွေးချယ်အသုံးပြုနိုင်သည်]
[စိတ်တိုင်းကျဓားမြှောင်]
အဆင့် : ပြိုင်ဘက်ကင်း
အကြမ်းခံမှု : 168/168 တိုက်ခိုက်စွမ်းအား : 242~264 တိုက်ခိုက်အမြန်နှုန်း : +11%
* ပစ်မှတ်အား ချက်ချင်း သတ်ဖြတ်နိုင်ရန် ရှားပါးသော အခွင့်အရေး ရှိသည်။
* လျင်မြန်မှု +20
* စွမ်းရည် ‘လေပေါက်ကွဲမှု’ ကို ဖြစ်ပေါ်စေသည်။
* စွမ်းရည် ‘လျင်မြန်သော လှုပ်ရှားမှု’ ကို ဖြစ်ပေါ်စေသည်။
ကျွမ်းကျင်မှုနှင့် အလားအလာကောင်းရှိသော ပန်းပဲဆရာ တစ်ယောက် ဖန်တီးထားသော ဓားမြှောင် ဖြစ်ပြီး ယခုအချိန်တွင် ထိုပန်းပဲဆရာမှာ အတွေ့အကြုံနှင့် ဂုဏ်သတင်းမရှိသေးပါ။ ဤဓားမြှောင်ကို ကျော်ကြားသော ပန်းပဲဆရာခန်နှင့် တွဲဖက်ဖန်တီးထားသည်။
အသုံးပြုထားသော သတ္တုနှင့် နည်းစနစ်များမှာ မထူးခြားသော်လည်း လက်မှုပညာရှင်စွမ်းရည်နှင့် ခန်၏ တွဲဖက်ဖန်တီးမှုကြောင့် စိတ်တိုင်းကျဓားမြှောင်တစ်ချောင်း ဖြစ်လာခြင်း ဖြစ်သည်။
အသုံးပြုသူ ကန့်သတ်ချက် : အဆင့် ၁၈၀ နှင့် အထက်။ လျင်မြန်မှု ၄၅၀ အထက်။ တန်းမြင့်အဆင့် ဓားမြှောင်ကျွမ်းကျင်မှု။
ကိုယ်ဖန်တီးထားတဲ့ အိုင်တမ်ကိုတောင် ပြစ်ဒဏ်ခံရတဲ့ ဘဝ။ ချီးပဲဟေ့။ ငါက သနားဖို့ အရမ်း ကောင်းတာပဲ။
‘ဒါမဲ့ ပြစ်ဒဏ်က နှစ်ဆယ်ရာခိုင်နှုန်းပဲ ဆိုတော့ မဆိုးပါဘူး’
ယူဖီမီနာက ကျွန်တော် ဓားမြှောင်ကို အသုံးပြုလိုက်တာကို မြင်တော့ တအံ့တဩ ဖြစ်သွားသည်။
“နင့်ဇာတ်ကောင်အမျိုးအစားက လုပ်ကြံသတ်ဖြတ်သူ အမျိုးအစားပေါ့။ ပြီးတော့ လျင်မြန်မှုက ၄၅၀ နဲ့ တန်းမြင့်အဆင့် ဓားမြှောင်ကျွမ်းကျင်မှုကလည်း ရှိသေးသည် ...ထူးဆန်းလိုက်တာ။ ဒါကို နင် နင် ဘယ်လိုလုပ် ပန်းပဲဆရာ နည်းစနစ်တွေ သုံးနိုင်သေးတာလဲ”
ယူဖီမီနာက ဓားမြှောင်ရဲ့ အချက်အလက်တွေကို သိတာတောင် လောဘမတက်ဘဲ ငါ့ကို ပြန်ပေးတာ။ ကြည့်စမ်း ဘယ်လောက်တောင် ရိုးသားတဲ့ မိန်းကလေးလဲ။
‘ငါ သာဆို ပြန်မပေးဘူး .... ဒီကလေး လောကကြီး အကြောင်း နားမလည်သေးဘူး။ ဒါနဲ့ သူက ငါ့ကို ဒီဓားမြှောင်နဲ့ အဆင့်တူတဲ့ မှော်စက်လုံးကို လုပ်ခိုင်းတာ ဆိုတော့ နေအုံး .... ဒီကလေးမက မှော်စက်လုံးကုန်ကျစရိတ်ကို ဘယ်လို ထောက်ပံ့ပေးနိုင်မှာလဲ။ ငါ့ကို အလကား လုပ်ခိုင်းနေတာလား။ ကောင်မစုတ်လေး ...”
အင်း ငါ ယူဖီမီနာကို အစောကြီး ကောက်ချက်မချသင့်ဘူး။
“လေပေါက်ကွဲမှု”
ပြေးဝင်လာနေတဲ့ စစ်သားတွေကို ချိန်ပြီး စွမ်းရည်သုံးလိုက်သည်။ ထင်ရှားတဲ့ လေလှိုင်းတစ်ခုက ဓားမြှောင်ကနေ ထွက်လာပြီး စစ်သားတွေရဲ့ သွေးတွေကို ဖြာထွက်သွားစေသည်။ ယူဖီမီနာက စစ်သားတွေ ၁၀ ယောက် တစ်ပြိုင်တည်း ဒဏ်ရာတွေ ရကုန်တော့ ပါးစပ် အဟောင်းသား ဖြစ်သွားသည်။
“အိုင်တမ်နဲ့ ပေါင်းထားတဲ့ စွမ်းရည်က အဖျက်စွမ်းအား တော်တော်ကြီးတာပဲ။ အံ့ဩစရာ ကောင်းလိုက်တာ”
ဒါက ဓားမြှောင်ရဲ့ တကယ့်စွမ်းအား အဆင့် မဟုတ်ဘူး။ ကျွန်တော်သာ ပြစ်ဒဏ်မခံရရင် နှစ်ဆလောက် ပိုစွမ်းအား ကြီးလာလိမ့်မယ်။
‘အင်း စွမ်းအား တစ်ဝက်ကိုပဲ သုံးနိုင်တာ ဘယ်လောက် နှမျောစရာ ကောင်းလဲ’
“ဝေး ယူဖီမီနာ ငါ လူတစ်ယောက်ကို ကယ်ရအုံးမယ်”
“ဘာ လူတစ်ယောက်။ နင်က ခန်ကို ပြောနေတာလား။ ဒါဆို မလိုတော့ဘူး။ ငါ နင့်ဆီ မလာခင်ကတည်းက ကယ်ခဲ့ပြီးပြီ ...”
“ခန်ရော အဖမ်းခံရတာလား။ ဟူး သူ ဘေးကင်းတာ ဝမ်းသာလိုက်တာ။ ငါ ပြောတဲ့လူက ခန် မဟုတ်ဘူး။ ဟုရိုင်အိ”
“ဟုရိုင်အိကရော ဘယ်သူလဲ”
ကျွန်တော်လည်း ဒေါသထွက်နေပုံရတဲ့ ယူဖီမီနာကို ရှင်းပြလိုက်သည်။
“ငါလဲ သူ့ကို မသိဘူး”
“…”
ကျွန်တော် ယူဖီမီနာရဲ့ ခံစားချက်ကို နားလည်ပါသည်။ သူ့မျက်နှာကို ကြည့်ရတာ ချီးပုံတက်နင်းမိသလို ရှုံ့မဲ့နေတာပဲ။ ခံစားချက်ကို ထည့်တွက်လို့ မရဘူး။ ဟုရိုင်အိကို ကယ်ဖို့က တစ်နာရီနဲ့ မိနစ်ငါးဆယ်ပဲ ကျန်တော့တာ။
‘ဒီကောင့်ကို ကယ်ပြီးရင် သူ့ကို တစ်ခုခု ပြောရမယ်’
ငါက ဒီကောင့်ကြောင့် ဒုက္ခခံနေရတာပဲ။ ဒေါသထွက်လိုက်တာနော်။
“ဝုန်း ......”
စစ်သားတွေက တချိန်တည်းနီးပါး ခုန်လာကြသည်။ အယောက်နှစ်ဆယ်နီးပါး ရှိမယ် ထင်သည်။ ယူဖီမီနာက အရွယ်နဲ့ မလိုက်အောင် တည်ငြိမ်နေသည်။ ပြီးတော့ လက်ကို ရှေ့ထုတ်လိုက်ပြီး
“ဖျက်ဆီးခြင်းလှံတံ”
ဝူး .....
ဆိုးညစ်ဟန်တူတဲ့ အနီရောင်မီးပွားလေးက ယူဖီမီနာ လက်ချောင်းထိပ်ကနေ ခုန်ထွက်လာသည်။ မီးပွားက လှံတစ်ချောင်းဖြစ်သွားပြီး စစ်သားတွေနဲ့ ရိုက်မိသွားသည်။
ဘန်း ဘန်း ဘန်း ဘန်း
လှံနဲ့ ထိသမျှ စစ်သားတွေရဲ့ ခန္ဓာကိုယ်တွေက ပေါက်ကွဲသွားကြကုန်သည်။ အယောက်သုံးဆယ်လောက် မီးခိုးရောင် အငွေ့တွေ အဖြစ် ပြောင်းသွားပြီ။ တော်တော်စွမ်းတဲ့ စွမ်းရည်ပဲ။ ယူဖီမီနာက ဟိုစုန်းမ ယူရာလောက် စွမ်းအားကြီးလောက်သည်။ သူ ဘယ်လိုများ ဒီလောက် လွယ်လွယ်ကူကူ မှော်ပညာလွှတ်နိုင်တာလဲ။
ကျွန်တော်တော့ အရမ်းလန့်သွားလို့ သေသွားတော့ မတတ်ပဲ။
‘ဘုရား ဘုရား။ ငါ သူ့ကို ပြောခဲ့တာတွေက။ ကံကောင်းလို့။ ငါ့ကို ခုထိ စိတ်မဆိုးပါစေနဲ့’
ယူဖီမီနာက စကားပြောလိုက်တဲ့အခါ ကျွန်တော် တောင့်တောင့်ကြီး ဖြစ်သွားသည်။
“နင် ခုထိ ဘာရပ်လုပ်နေတာလဲ။ လူ မြန်မြန် သွားကယ်လေ”
“ အ အ အင်း အင်း”
စကားပြောတာတွေတောင် ကမောက်ကမတွေ ဖြစ်ကုန်ပြီ။
‘ဒီပါးစပ်က သူ့ကို နောက်တစ်ခါ ကလေးလို့ မခေါ်မိစေနဲ့။ စိတ်ဆိုးပြေအောင် မှော်စက်လုံးလုပ်ပေးရမယ်။ နောက်တစ်ခါ ဘယ်တော့မှ သူနဲ့ အတိုက်အခံမလုပ်တော့ဘူး”
ကျွန်တော် ဆုံးဖြတ်ချက် ချလိုက်ပြီး ပိုပြီး နက်ရှိုင်းတဲ့ မြေအောက်ဆီ ပြေးဆင်းသွားသည်။