အခန်း ၄၇
Vol. 5 Ch. 47
အပိုင်း (၄၇) ငါ့ ကယ်တင်ရှင် ဂရစ်
လီရိုက လျင်မြန်သော လှုပ်ရှားမှုများဖြင့် ဂရစ်နဲ့ သူ့ကြားရှိ အကွာအဝေးအား ချုံ့လိုက်၏။ ဂရစ် နောက်ဆုတ်ချင်သော်လည်း လီရိုက သူ့အရှေ့သို့ ရောက်နှင့်နေပေပြီ။
“ဘာ”
လီရိုက ထိတ်လန့်တုန်လှုပ်နေသော ဂရစ်အား ဖျက်ခနဲ ထိုးနှက်လိုက်သည်။
ခွမ်
လီရို၏ တိုက်ခိုက်လာမှုအား ဂရစ်က သူ့ဓားမြှောင်ဖြင့် ကာကွယ်လိုက်သည်။ သူ့လက်ကောက်ဝတ်နှင့် ပုခုံးများ ထိခိုက်သွားသဖြင့် ညာဘက်လက်အား ယာယီအသုံးမပြုနိုင်တော့သော်လည်း လီရို၏ တိုက်ခိုက်မှုကို အောင်အောင်မြင်မြင် တားဆီးနိုင်ခဲ့သည်။
‘ဓားမြှောင်ကြောင့်သာ မဟုတ်ရင် ငါ သေတာကြာပေါ့’
စွမ်းရည် ‘လျင်မြန်သောလှုပ်ရှားမှုများ’ ကို စိတ်တိုင်းကျဓားမြှောင်နှင့် တွဲသုံးလိုက်သောအခါ သူ့အမြန်နှုန်း နှစ်ဆတိုးလာသည်။ ထို့အပြင် ပြိုင်ဘက်ကင်းအဆင့် အိုင်တမ်အား ပြုလုပ်နိုင်ခဲ့သောကြောင့် အညွှန်းကိန်းများ အားလုံး ၁၂ မှတ်တိုးလာသောကြောင့် ယခုဆိုလျှင် ဂရစ်အမြန်နှုန်းမှာ ၂၅၀ အနီးသို့ ရောက်ရှိနေသောကြောင့်သာ လီရို၏ တိုက်ခိုက်မှုများကို တုံ့ပြန်နိုင်ခဲ့ခြင်း ဖြစ်သည်။
မျက်နှာပျက်သွားသော လီရိုက မျက်မှောင်ကြုတ်ကာ မေးလိုက်၏။
“ငါ့ တိုက်ခိုက်မှုတွေကို မင်း ဘယ်လိုရှောင်လိုက်တာလဲ။ မင်းက ပန်းပဲဆရာမဟုတ်ဘူးလား”
လီရိုဆိုသည်မှာ ဝင်စတန်၏ အလားအလာအရှိဆုံး ပါရမီရှင်တစ်ဦးဖြစ်သည်။ သူ့ကို ‘မြောက်ပိုင်းနိုဗာ’ ဟူ၍ ခေါ်ဝေါ်ကြပြီး ထိုအမည်ဟာ မြောက်ပိုင်းတစ်လျှောက်တွင် ပြန့်နှံ့နေ၏။ သာမန်ပန်းပဲဆရာတစ်ဦးက ပြုလုပ်သော လေလှိုင်းဖြင့်ပင် သူ၏ တိုက်ခိုက်မှုများကို တားဆီးရန် မဖြစ်နိုင်ပေ။
သို့ဖြစ်၍ လီရိုက တိုက်ပွဲကို စတင်၍ အလေးအနက်ထားလာ၏။
“မင်းက သာမန်ပန်းပဲဆရာလေးပဲ မဟုတ်ဘူးမလား။ စစ်မေးတဲ့ အခန်းတုန်းက မင်း ဟန်ဆောင်နေတာပေါ့။ ကောင်းတယ်၊ ငါ မင်းရဲ့ အရည်အချင်းကို အသိအမှတ်ပြုတဲ့ အနေနဲ့ အစွမ်းကုန် ထုတ်သုံးတော့မယ်”
ဝူး...
အနီရောင်မီးတောက်များက လီရို၏ ဓားရှည်မှ ထွက်ပေါ်လာနေသည်။ လီရို၏ ဓားရှည်မှာ မီးမှော်ပါသော မှော်ဓားတစ်လက်ပင်။ အနိုင်ရရန် အနည်းငယ်မျှော်လင့်ထားသည့် ဂရစ်က စိတ်ပျက်သွား၏။
“သောက်ကျိုးနည်း မှော်ဓားကြီး ..... သန်မာပြီးသားလူက ဒီလိုဟာမျိုးကို ဘာလို့ သုံးသေးတာလဲ။ ယုတ်မာတာ”
ဟုရိုင်အိကို ကယ်ဆယ်ရန် အချိန်အကန့်အသတ်မှာ ၂၅ မိနစ်သာ ကျန်ရှိတော့၏။ အချိန်လေးနည်းနည်းပဲ ကျန်တော့တာကို မှော်ဓားသုံးနေတဲ့ စစ်သူရဲကောင်းကို အနိုင်ယူရအုံးမှာလား။ ဒီတာဝန်က မဖြစ်နိုင်တော့ဘူး။ ငါ မိနစ်ပိုင်းအတွင်း အသတ်ခံရလိမ့်မယ်။
ဂရစ် လုံးဝကို စိတ်လွတ်သွားသည်။
‘ပြေးရမယ်။ ဒီပုံစံနဲ့ဆို ခွေးသေသေတော့မယ်။ တာဝန် ကျရှုံးပြီ။ ပြေးဖို့ပဲ ကျန်တော့သည်။ ငါ လွတ်မှာလား’
စစ်သူရဲကောင်းတစ်ယောက်အား ဂရစ်က အနိုင်ယူရန် မဖြစ်နိုင်ပေ။ စစ်သူရဲကောင်း၏ ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်များက သူ့ထက် ကျော်လွန်နေသည်။ သူ့ထံတွင် ပစ်မှတ်အား စွမ်းအားလျော့စေသည့် အခြေအနေအား ပြုလုပ်ပေးသော စွမ်းရည်တစ်ခုရှိလျှင် လွတ်နိုင်သော်လည်း ပန်းပဲဆရာဖြစ်သော ဂရစ်မှာ ထိုသို့သော စွမ်းရည်မျိူး မရှိပေ။
အဆုံးတွင် ဂရစ်သာ လီရိုကြောင့် သေဆုံးသွားတော့မည်။ ဤအခိုက်အတန့်၌ မည်သူကမှ မမျှော်လင့်ထားသော တစ်စုံတစ်ခု ဖြစ်ပေါ်လာသည်။ လီရိုရပ်နေသည့် နေရာတွင် ပေါက်ကွဲမှု အကြီးကြီး ရုတ်တရက် ဖြစ်လာခြင်း ဖြစ်၏။
ဘုန်း ဘုန်း ဘုန်း
“အွတ်”
ပေါက်ကွဲမှုထံမှ ထိခိုက်မှုအား တတ်နိုင်သမျှ လျော့ချရန် မြေပြင်ပေါ်သို့ ဂရစ် ဝပ်ချလိုက်သော်လည်း ပေါက်ကွဲမှုမှာ အလွန်ကြီးမားသောကြောင့် သူ့ခန္ဓာကိုယ်က ထိခိုက်မှုကို မခံနိုင်ပေ။
[သင် ထိခိုက်မှု ၁၇၃၀၀ ရရှိသည်]
[ဒဏ္ဍာရီလာများက လွယ်လွယ်နဲ့ မသေနိုင်ပါ။ သင့် အသတ်အမှတ် အနိမ့်ဆုံးသို့ ရောက်ရှိသွားချိန်တွင် တိုက်ခိုက်မှုများအားလုံးကို ငါးစက္ကန့်ကြာ ခုခံနိုင်ခဲ့သည်]
ငါ့မှာ အသက်မှတ်က တစ်မှတ်ပဲ ကျန်တော့သည်။
“ရုတ်တရက်ကြီး ဘာထဖြစ်တာလဲ”
ဂရစ် အသက်အမှတ်အား ပြန်လည်ဖြည့်တင်းရန် ဆေးရည်သောက်လိုက်သည်။
“အဟွတ် အဟွတ်”
လီရို သွေးချောင်းဆိုးနေသည်။ သူ့အခြေအနေမှာ မဟန်ပေ။ သူ၏ ခံ့ညားထည်ဝါသော ငွေရောင်ချပ်ဝတ်မှာ အပိုင်းပိုင်းပြတ်တောက်နေပြီး ခန္ဓာကိုယ်မှာ မီးလောင်ဒဏ်ရာများဖြင့် ပြည့်နှက်နေသည်။ အသက်ရှူနေသေးသည်မှာ အံ့ဩစရာပင်။
‘ဘာတွေ ဖြစ်ကုန်တာတုန်း’
ပေါက်ကွဲမှုမှာ ယူဖီမီနာကြောင့်ဟု ထင်ရသော်လည်း ယခုနေရာတွင် ယူဖီမီနာ၏ အငွေ့အသက်များအား လုံးဝ မတွေ့ရှိရပေ။
ဂရစ်မှာ မှင်သက်သွားပြီး လီရို၏ ဓား အခြေအနေကို စစ်ဆေးလိုက်သည်။ လီရို၏ ဓားမှာ လုံးဝကို အစိတ်စိတ်အမွှာမွှာကွဲထွက်သွားသည်။ ပေါက်ကွဲမှုမှာ လီရို၏ ဓားကြောင့် ဖြစ်သလိုပင်။
“အဲ့ဒါများလား”
ဤနေရာမှာ မြေအောက်ဖြစ်၏။ လေဝင်လေထွက်မရှိသည့်အပြင် ယူဖီမီနာ၏ ထောင်ချောက်အသက်သွင်းမှုကြောင့် မျက်နှာကြက်ပြိုကျသွားမှုကြောင့် ဖုန်မှုန့်များ လေထဲတွင် ပြည့်နေ၏။ အလုံပိတ်ထားတဲ့ အခန်းမှာ မီးစလောင်ရင် ဘာဖြစ်မလဲ။
ကျောင်းတွင် ဓာတုဗေဒဆရာ သင်ပေးသည့် ဖုန်မှုန့်ပေါက်ကွဲသည့် ဖြစ်စဉ်အား အမှတ်ရသွားခဲ့သည်။ ဖုန်မှုန့်ပေါက်ကွဲခြင်းမှာ လေထဲရှိ ဖုန်မှုန့်များက အပူနှင့် ဖိအားကြောင့် ပေါက်ကွဲသည့် ဖြစ်စဉ်တစ်ခုပင်။ ထိုဖြစ်စဉ်မှာ ကျောက်မီးသွေးတွင်းများ၊ စက်ရုံများနှင့် အခြားနေရာများတွင် မကြာခဏ ဖြစ်ပွားလေ့ရှိသည်။
“ဟား ဟား”
အခြေအနေအား ဖမ်းဆုပ်မိပြီးနောက် ဂရစ်က စိတ်လျော့လိုက်ပြီး အရူးကဲ့သို့ စတင်ရယ်မောလိုက်သည်။ ကြည့်ရသည်မှာ ဂရစ်က တကယ်ကံကောင်းသည့် အကောင်ပင်။
“မင်း မင်း ဘာလုပ်လိုက်တာလဲ”
လီရိုက မေးကို အံကြိတ်ကာ မေးလိုက်၏။ ဂရစ်က ရယ်တာကို ရပ်လိုက်ကာ လီရိုကို ပြန်ပြောလိုက်သည်။
“ဒါကို အတွေ့အကြုံကွာတာလို့ ခေါ်တယ်။ တကယ်တော့ ငါက မင်းမျက်လုံးတွေ မမြင်နိုင်တော့တဲ့ အထိ မြန်တဲ့ အရှိန်နဲ့ မင်းဓားကို ပေါက်ကွဲအောင် လုပ်လိုက်တာပဲ”
“ဘာ ဒီကိစ္စက ဖြစ်နိုင်လို့လား။ မင်း မင်းရဲ့ သရုပ်မှန်က ဘယ်သူလဲ”
လီရို၏ နှလုံးရှိသည့် နေရာအပေါ်သို့ ဓားမြှောင်ဖြင့် ရွယ်လိုက်ကာ ပြန်ပြောလိုက်၏။
“ငါက ပက်မာရဲ့ မျိုးဆက်ကွ။ အခု မင်းတော့ တကယ် လူပျိုသရဲ ဖြစ်တော့မယ်”
စွတ်
ဂရစ်၏ ဓားမြှောင်မှာ လီရို၏ နှလုံးထံ တိုးဝင်သွားသည်။
လီရိုက မီးခိုးရောင် အငွေ့အဖြစ်သို့ ပြောင်းသွားချိန်တွင် ဒါဇင်နှင့် ချီသော အသိပေးစာများ ဂရစ်၏ ရှေ့တွင် ပေါ်လာသည်။
[သင်က ဝင်စတန်၏ စစ်သူရဲကောင်း လီရိုအား အနိုင်ယူခဲ့သည်]
[ခေါင်းစဉ် ‘စစ်သူရဲကောင်းသတ်ဖြတ်သူ’ အား ရရှိပါပြီ]
[8]
[ထောင်သော့အား ရရှိခဲ့သည်]
[အတွေ့အကြုံအမှတ် ၄၃၂၀၀၀ ရရှိခဲ့သည်]
[သင့်အဆင့် မြင့်တက်လာသည်]
[သင့်အဆင့် မြင့်တက်လာသည်]
[သင့်အဆင့် မြင့်တက်လာသည်]
[သင့်အဆင့် မြင့်တက်လာသည်]
[သင့်အဆင့် မြင့်တက်လာသည်]
[သင့်အဆင့် မြင့်တက်လာသည်]
[သင့်အဆင့် ....]
[စစ်သူရဲကောင်းသတ်ဖြတ်သူ]
သက်လုံ +100. ခွန်အား +30
“ဝိုး....”
စစ်သူရဲကောင်းသတ်ဖြတ်သူ ခေါင်းစဉ်အား ပိုင်ဆိုင်ရန် စစ်သူရဲကောင်း တစ်ယောက်ကို သတ်ဖြတ်ရမည် ဖြစ်ပြီး အဆင့်မြင့်မားသော ကစားသမားများသည်သာလျှင် ဤခေါင်းစဉ်အား ပိုင်ဆိုင်နိုင်သည်။
‘ငါ အဆင့်မြင့်တဲ့ ကစားသမားတွေပဲ ရနိုင်တဲ့ ခေါင်းစဉ်ကို ရပြီကွ’
“ဟုရိုင်အိရေ ငါ လာပြီ”
လီရို၏ သော့ကြောင့် သံတံခါးမှာ အလွယ်တကူ ပွင့်လာခဲ့သည်။
ဂရစ် မျက်မှောင်ကြုတ်လိုက်၏။ ဘာလို့ ဒီလောက်တောင် အနံ့ဆိုးနေတာလဲ။ ဟုရိုင်အိလည်း အရင်ကနဲ့ မတူဘူး ပိန်ကပ်နေတာ အရိုးခြောက်ကြီး ကိုမြင်ရသလိုပဲ။
“ဟေ့ ဟေ့ မင်းက ဟုရိုင်အိလား ဒီမှာ ဘာလုပ်နေတာလဲ”
ဂရစ်မှာ ဟုရိုင်အိအား အကြိမ် ၂၀၀ ခန့် ပါးရိုက်ပစ်ရန် ကြံထားသော်လည်း သကောင့်သားမှာ စိတ်ပင် မမှန်တော့သဖြင့် လက်တွန့်သွားသည်။
‘ပါးရိုက်တာနဲ့ သေသွားမှာ။ ငါတော့ ကစားသမားသတ်သူ အဖြစ် ရာဇဝတ်ကောင် မဖြစ်ချင်ဘူး’
“မင်း က”
ဟုရိုင်အိက သူ့မျက်လုံးများအား ဖြည်းညင်းစွာ ဖွင့်လိုက်၏။ သူ့ကြည့်ရသည်မှာ အရာရာအား ပြန်လည်မှတ်မိသွားသလိုပင်။
“မင်း .... မင်းက ငါ့ကို ကယ်ခဲ့တာပဲ ... ကျေးဇူးတင်ပါတယ် ... တကယ်ကို ကျေးဇူးတင်ပါတယ်ကွာ”
ဂရစ်၏ ရှေ့တွင် အသိပေးစာ ပေါ်လာ၏။
[တာဝန်အောင်မြင်ပါပြီ]
[ခေါင်းစဉ် ‘တရားမျှတမှု၏ တမန်တော်’ အား ရရှိသည်]
[သတ္တိအညွှန်းကိန်း ပွင့်သွားသည်]
[အညွှန်းကိန်းများအားလုံး ဆယ်မှတ်တိုးလာသည်]
[စွမ်းရည် ‘မဖျက်ဆီးနိုင်သော တရားမျှတမှု’ အား ရရှိသည်]
[ဝင်စတန်တွင် သင့်ဂုဏ်သတင်းမှာ အမြင့်ဆုံးသို့ ရောက်ရှိသွားသည်။ အနာဂတ်တွင် ဝင်စတန်ဒေသခံများမှာ သင့်အား အကောင်းဆုံးဧည့်ဝတ်ကျေပွန်မှုကို ပြသလိမ့်မည်]
[ဝင်စတန်ဒေသခံများနှင့် ရင်းနှီးမှုမှာ အမြင့်ဆုံးသို့ ရောက်ရှိသွားသည်။ အနာဂတ်တွင် ဝင်စတန်ဒေသခံများမှာ သင်နှင့် အရာရာတိုင်းကို မျှဝေပါမည်]
ဟုရိုင်အိဆီမှာလည်း အသိပေးစာများ ပေါ်လာ၏။
[တာဝန်အောင်မြင်ပါပြီ]
[ဒုတိယအလုပ်အကိုင် ‘တရားမျှတမှုတမန်တော်၏ ပါတနာ’ ကို ရရှိသည်]
[သတ္တိအညွှန်းကိန်း ပွင့်သွားပါပြီ]
[တရားမျှတမှု၏ တမန်တော်ဖြင့် အတူတူရှိနေချိန်တွင် အညွှန်းကိန်းများအားလုံး ၂၀ ရာခိုင်နှုန်း တိုးလာမည်]
[စွမ်းရည် ‘မဖျက်ဆီးနိုင်သော တရားမျှတမှု’ အား ရရှိသည်]
[စွမ်းရည် ‘တရားမျှတမှုအတွက် အနစ်နာခံခြင်း’ အား ရရှိသည်]
[ခေါင်စဉ် ‘အခက်အခဲများအား ကျော်လွှားနိုင်သူ’ အား ရရှိသည်]
[အနိုင်မခံ အရှုံးမပေး အညွှန်းကိန်း ပွင့်သွားပါပြီ]
[စွမ်းရည် ‘ပြင်းပြသော စိတ်ဆန္ဒ’ အား ရရှိသည်]
[ဂုဏ်ပြုပါသည်။ သင်က ဆက်တစ်စ်ဖိုင်းန်မှာ ပထမဆုံး ဒုတိယအလုပ်အကိုင်ကို ပိုင်ဆိုင်တဲ့လူ တစ်ယောက် ဖြစ်ပါသည်။ သင့်ရဲ့ အောင်မြင်မှုများက ဆက်တစ်စ်ဖိုင်းန်မှာ အချိန်အကြာကြီးတည်တံ့နေပါလိမ့်မည်]
“အင်း ...”
မျက်ရည်တွေက ဟုရိုင်အိ မျက်လုံးတွေကနေ ကျဆင်းလာသည်။ ဟုရိုင်အိ အင်အားအကုန်အား အသုံးပြုကာ ခန္ဓာကိုယ်ကို ထရပ်လိုက်ပြီး ဂရစ်၏ ရှေ့တွင် ဒူးထောက်လိုက်၏။
“ဂရစ် ငါတို့ ဆုံခဲ့ချိန်တုန်းက မင်းနဲ့ ငါ့ကြားမှာ ကံကြမ္မာတစ်ခု ရှိသည်ဆိုတာ မသိခဲ့ဘူး။ ငါ့ရဲ့ ကယ်တင်ရှင် ဂရစ်။ အာလန်ဘာတာဆိုတဲ့ အပြာရောင်မြေခွေးမျိုးဆက် ငါက မင်းဘဝ နေဝင်ချိန်အထိ နောက်လိုက်အဖြစ် လုပ်မယ်လို့ ကတိသစ္စာပြုပါတယ်”
‘ဒီကောင် ဘာဖြစ်တာလဲ’
ဂရစ်က အခြေအနေအသေးစိတ်အား မသိခဲ့သဖြင့် ဟုရိုင်အိအား ရူးနေသည်ဟု သတ်မှတ်လိုက်သည်။ ငါတို့ တွေ့ခဲ့တာ ရက်ပိုင်းလေးကို။ ဒီကောင်က ကံကြမ္မာတွေ ဘာတွေနဲ့။
ဤသို့ဖြင့် သူတို့နှစ်ယောက်၏ ဆက်ဆံရေးမှာ ပြတ်သားစွာ စတင်ခဲ့သည်။