← Chapters

အခန်း ၁၅၆၅

Vol. 106 Ch. 1565

အခန်း ၁၅၆၅

Vol. 106 Ch. 1565

အခန်း ၁၅၆၅ အားလုံး ကြောင်အမ်းအမ်း ဖြစ်သွားကြခြင်း

လျိုထျန်းဝမ်၏ မန်နေဂျာသည် ထိုတတိယအဆင့် အမျိုးသမီး အနုပညာရှင်ထံသို့ ဖုန်းဆက်၍ ဆက်သွယ်လိုက်ပြီး၊ တနေ့က လျိုထျန်းဝမ်၏ ဖျော်ဖြေပွဲတွင် အတိအကျ ဘာစကားတွေ ပြောခဲ့သနည်း၊ ပြည်မကြီးက လူတွေကို တကယ်ပဲ ဆဲဆိုခဲ့သလားဟု မေးမြန်းလိုက်လေသည်။

ကိစ္စများမှာ အမှန်တကယ် ဖြစ်ကြောင်းကို သိရှိသွားပြီးနောက်၊ လျိုထျန်းဝမ်၏ မန်နေဂျာမှာ အလွန်တရာ ဒေါသထွက်သွားခဲ့လေသည်။ ဤသို့သော နည်းလမ်းကို အားကိုး၍ နာမည်ကြီးအောင် လုပ်ချင်နေသည်လား၊ အစတုန်းက ကုမ္ပဏီက ဘယ်လိုလုပ်ပြီး သူနဲ့ စာချုပ်ချုပ်ခဲ့မိတာလဲ။

ဒီအမျိုးသမီး အနုပညာရှင်က ဦးနှောက်မရှိဘူးလား။ ပြီးတော့ သူ့ရဲ့ အဲဒီမန်နေဂျာကရော ဦးနှောက်မရှိဘူးလား။ သူက ဘယ်သူ့ကို သွားပြီး စော်ကားမိသွားလဲဆိုတာ သိရဲ့လား။

သူဌေးတောင်မှ သွားပြီး မစော်ကားရဲတဲ့သူကိုများ၊ မင်းက သွားဆဲရဲတယ်လား။ မင်းကို တောင်းပန်ခိုင်းတာတောင်မှ၊ မင်းက မတောင်းပန်ရုံသာမကဘဲ၊ သတင်းထောက်တွေရှေ့မှာပါ လျှောက်ပြီး ပေါက်ကရတွေ ပြောနေသေးတယ်လား။

မနေ့က အလုပ်ကမ်းလှမ်းမှုတွေ အများကြီး လက်ခံရရှိထားတယ်လို့ ပြောနေပြီးတော့၊ ဒီနေ့တော့ အလုပ်အားသွားပြီလို့ ပြောနေတာ အံ့သြစရာ မရှိတော့ပါဘူး။ ကြည့်ရတာ အဲ့ဒီပုဂ္ဂိုလ်ကြီးက ဒေါသထွက်သွားပြီးတော့၊ ပြည်မကြီးမှာ သူ့ကို ပိတ်လိုက်ပြီနဲ့ တူတယ်။

ပြည်မကြီး တစ်ခုတည်းတင် မဟုတ်လောက်ဘူး၊ အဲဒီပုဂ္ဂိုလ်ကြီးရဲ့ အင်အားနဲ့ဆိုရင်၊ သူ့ကို ကမ္ဘာလုံးဆိုင်ရာ ဖျော်ဖြေရေးလောက တစ်ခုလုံးမှာ ခြေချလို့မရအောင် လုပ်ပစ်နိုင်တယ်ဆိုရင်တောင်၊ နည်းနည်းလေးမှ အံ့သြစရာ မရှိပါဘူး။

အရေးအကြီးဆုံးကတော့၊ အဲဒီတတိယအဆင့် အမျိုးသမီး အနုပညာရှင်က လျိုထျန်းဝမ်ကုမ္ပဏီရဲ့ စာချုပ်ချုပ်ဆိုထားတဲ့ အနုပညာရှင်ဆိုတာကို၊ အဲဒီပုဂ္ဂိုလ်ကြီး သိသွားလို့ လုံးဝ မဖြစ်ဘူး၊ ချက်ချင်း စာချုပ်ဖျက်သိမ်းပစ်မှ ရမယ်၊ ဒီမီးက လျိုထျန်းဝမ်ခေါင်းပေါ်ကို ကူးစက်မလာစေဖို့အတွက်ပေါ့။

တကယ်လို့ အဲ့ဒီပုဂ္ဂိုလ်ကြီးကသာ ဒေါသထွက်သွားပြီး၊ လျိုထျန်းဝမ်ကိုပါ ပိတ်လိုက်မယ်ဆိုရင်၊ လျိုထျန်းဝမ်က ထျန်းဝမ် (စူပါစတား) တစ်ယောက် ဖြစ်နေရင်တောင်မှ၊ ပြင်းထန်တဲ့ ထိုးနှက်ချက်ကို ခံရမှာပဲ၊ သူ့ရဲ့ အလုပ်အကိုင် အသက်မွေးဝမ်းကျောင်းက ဒီကိစ္စကြောင့် ပြန်လည်မထူမတ်နိုင်တော့တဲ့အထိ ဖြစ်သွားနိုင်တယ်လေ။

သူက သီချင်းလေ့ကျင့်ရေး အခန်းဆီသို့ ချက်ချင်း ပြေးသွားပြီး၊ သီချင်းလေ့ကျင့်နေသော လျိုထျန်းဝမ်အား ဤကိစ္စကို ပြောပြလိုက်လေသည်။

လျိုထျန်းဝမ်၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားပြီး၊ သူ စိုးရိမ်နေခဲ့သော ကိစ္စက တကယ်ပဲ ဖြစ်လာခဲ့ပြီဖြစ်ရာ၊ ကြည့်ရသည်မှာ ဒီနေ့ည အခွင့်အရေးရှာပြီး၊ အဲဒီပုဂ္ဂိုလ်ကြီးကို မျက်နှာချင်းဆိုင် တောင်းပန်မှ ရတော့မည်။ မြို့တံခါးမှာ မီးလောင်တာ၊ ရေကန်ထဲက ငါးတွေကိုပါ ဒုက္ခရောက်စေတယ်လေ။ (သူတစ်ပါး ပြဿနာက မိမိဆီ ကူးစက်လာခြင်းကို ဆိုလိုသည်)။

"သူနဲ့စာချုပ်ဖျက်သိမ်းလိုက်ပါ၊ ကုမ္ပဏီက ဒီလို အကျင့်ပျက်တဲ့ အနုပညာရှင်မျိုးကို မလိုအပ်ဘူး။ စာချုပ်ဖောက်ဖျက်ကြေးကို သူ့ကို ပေးလိုက်ပြီး၊ တခြားနေရာမှာ အလုပ်သွားရှာခိုင်းလိုက်။ ပြီးတော့၊ သူ့ရဲ့ အဲဒီမန်နေဂျာကိုပါ တစ်ပါတည်း စာချုပ်ဖျက်သိမ်းလိုက်ပါ”

ထိုတတိယအဆင့် အမျိုးသမီး အနုပညာရှင်သည် မန်နေဂျာဖြစ်သူ အစ်မကျောက်နှင့်အတူ၊ ဤကိစ္စကို မည်သို့ ဖြေရှင်းရမည်နည်း၊ လျိုထျန်းဝမ်ထံသို့ သွားရောက်၍ သနားစရာကောင်းအောင် ဟန်ဆောင်ပြီး၊ နောက်ပေါက်များကို ကူညီမြှင့်တင်ပေးတတ်သော ဤကြယ်ပွင့် သူဌေးကြီးကို အကူအညီ တောင်းခံရမည်လား ဆိုသည်ကို တိုင်ပင်ဆွေးနွေးနေချိန်တွင်၊ အစ်မကျောက်က ရုတ်တရက် လျိုထျန်းဝမ်၏ မန်နေဂျာထံမှ ဖုန်းခေါ်ဆိုမှု တစ်ခုကို လက်ခံရရှိလိုက်လေသည်။

လျိုထျန်းဝမ်၏ မန်နေဂျာဆိုသည်မှာ၊ တစ်ချိန်တည်းမှာပင် ကုမ္ပဏီ၏ အနုပညာရှင်ရေးရာ ဌာန၏ညွှန်ကြားရေးမှူးလည်း ဖြစ်လေသည်။

အစ်မကျောက်က စကား အနည်းငယ်မျှသာ နားထောင်လိုက်ရသေးချိန်တွင်၊ လက်ထဲမှဖုန်းမှာ မြေကြီးပေါ်သို့ ပြုတ်ကျသွားခဲ့ပြီး၊ လူတစ်ကိုယ်လုံး ကြောင်အမ်းအမ်း ဖြစ်သွားလေတော့သည်။

သူမသည် စာချုပ်ဖျက်သိမ်းခံလိုက်ရပြီဖြစ်ပြီး၊ သူမ၏ အနုပညာရှင်ပါ အပါအဝင်၊ စာချုပ်ဖျက်သိမ်းခံလိုက်ရပြီ ဖြစ်လေသည်။

"အစ်မကျောက် ဘာဖြစ်သွားတာလဲ”

"ငါတို့၊ စာချုပ်ဖျက်သိမ်း ခံလိုက်ရပြီ”

"ဘာ… အစ်မကျောက်ကျွန်မကို လာမခြောက်ပါနဲ့၊ ဘာဖြစ်လို့လဲ”

"ဘာဖြစ်လို့လဲဆိုတော့ ငါတို့က သွားမစော်ကားသင့်တဲ့ လူတွေကို သွားစော်ကားမိသွားလို့ပေါ့၊ အဲ့ဒီနေ့ ဖျော်ဖြေပွဲက ပရိသတ် နှစ်ယောက်ဟာ၊ တကယ်ပဲ Tai Hua Holding Groupရဲ့ အဆင့်မြင့် အရာရှိတွေ ဖြစ်နေတယ်လေ၊ ပြည်မကြီးမှာ ငါတို့ရဲ့ အလုပ်ကမ်းလှမ်းမှုတွေ အားလုံး ရုတ်တရက် ပျောက်ကုန်တာ၊ Huayi Brothers ရဲ့ မန်နေဂျာချုပ်က တစ်ယောက်ချင်းစီကို လိုက်ပြောထားလို့လို့ ပြောတယ်လေ၊ Huayi Brothers ကုမ္ပဏီမှာ Tai Hua Holdingရဲ့ ရှယ်ယာတွေ ပါဝင်နေတယ်လေ”

"ဒုက္ခပါပဲ၊ ငါတို့တွေ စာချုပ်ဖျက်သိမ်းခံလိုက်ရပြီးရင် ဘယ်လိုလုပ်ကြမလဲ။ နောက်ဆိုရင် ငါတို့ ဘာကို အားကိုးပြီး အသက်ရှင်ကြမလဲ” အစ်မကျောက်မှာ ကုလားထိုင်ပေါ်တွင် အရုပ်ကြိုးပြတ် ထိုင်ချလိုက်ပြီး၊ ဘဝကြီးတစ်ခုလုံး မှောင်မိုက်သွားသလို ခံစားလိုက်ရလေသည်။

တတိယအဆင့် အမျိုးသမီး အနုပညာရှင်၏မျက်နှာမှာလည်း ပြာနှမ်းသွားခဲ့ပြီး၊ သူမ စကားအနည်းငယ် ပိုပြောလိုက်မိရုံဖြင့်၊ ဤသို့ ဖြစ်သွားလိမ့်မည်ဟု လုံးဝထင်မှတ်မထားခဲ့ပေ။ သူမ၏ ကြယ်ပွင့်ဖြစ်ချင်သော အိပ်မက်လေး ပျက်စီးသွားပြီလား၊ မဟုတ်ဘူး၊ တခြား ကုမ္ပဏီတွေကို သွားလို့ ရသေးတယ်။

"အစ်မကျောက်၊ ငါတို့တွေ တခြား ကုမ္ပဏီတွေကို သွားကြရအောင်။ ဖျော်ဖြေရေး ကုမ္ပဏီတွေ ဒီလောက် အများကြီး ရှိတာပဲ၊ အဆိုးဆုံးဆို ကုမ္ပဏီသေးသေးလေးတွေဆီ သွားကြမယ်၊ ငါ့ရဲ့ နာမည်ကျော်ကြားမှုနဲ့ဆိုရင်၊ ကုမ္ပဏီရဲ့ နံပါတ်တစ် အနုပညာရှင်တောင် ဖြစ်လာနိုင်သေးတယ်လေ”

၎င်းတို့မှာ အိပ်မက်လှလှလေးများကို မက်နေကြဆဲပင်ဖြစ်သော်လည်း၊ ဟောင်ကောင်ဘက်တွင်လည်း ဖူကွမ်းကျန့်က လူတွေကို လိုက်ပြောထားပြီးဖြစ်ကာ၊ ဤမျှ သေးမွှားသော အနုပညာရှင်လေး တစ်ယောက်အတွက်နှင့် ဖူမိသားစုကို အမျက်တော်ရှခံမည့်သူ မည်သူမျှ မရှိကြောင်းကိုမူ မသိရှိကြပေ။

အနာဂတ်တွင် ဤအမျိုးသမီး အနုပညာရှင်သည် ကောင်းမွန်စွာ နေထိုင်စားသောက်နိုင်ရေးအတွက်၊ ပြည့်တန်ဆာပင် လုပ်သွားခဲ့လေသည်။ နှစ်အနည်းငယ် ကြာပြီးနောက်မှ ဖော်ထုတ်ခံလိုက်ရပြီး၊ ထို့နောက် အသံတိတ် နိုင်ငံခြားသို့ ထွက်သွားခဲ့ကာ ကြားသိရသလောက်ဆိုလျှင် နိုင်ငံခြားတွင် ပန်းကန်သွားဆေးနေရသည်ဟု ဆိုလေသည်။

သေချာသည်မှာ ဤအရာများ အားလုံးမှာ နောက်ပိုင်းမှ ဖြစ်လာမည့် ကိစ္စများသာ ဖြစ်လေသည်။

......

ည ခုနစ်နာရီခွဲအချိန်တွင်၊ ဖုန်းယွီသည် လီန၏ လက်ကိုဆွဲကာ၊ အလုပ်သမား အားကစားရုံထဲသို့ နောက်တစ်ကြိမ် ထပ်မံ ဝင်ရောက်လာခဲ့လေသည်။ ဤတစ်ကြိမ်တွင်မူ ဘေးနား၌ ဝမ်တုန်းကျွင်းနှင့် ကျန်းဟန်၊ လျိုခွန်းနှင့် သူ၏ ဇနီး စသည့် သူငယ်ချင်း အနည်းငယ်လည်း ပါလာခဲ့လေသည်။

သူတို့သည် အခမဲ့ လျိုထျန်းဝမ်၏ ဖျော်ဖြေပွဲ ရှိကြောင်းကို ကြားလိုက်ရပြီး၊ ရှေ့ဆုံးတန်း အထူးဧည့်သည်ထိုင်ခုံများပင် ဖြစ်နေသေးရာ၊ မနက်ဖြန် တနင်္လာနေ့ အလုပ်သွားရမည်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ၊ ကားမောင်း၍ အမြန် ရောက်လာကြခြင်း ဖြစ်လေသည်။

"ရှောင်ယွီ၊ မင်းက တကယ် မိုက်တာပဲ၊ လျိုထျန်းဝမ်ကို ဖျော်ဖြေပွဲ တစ်ပွဲ ထပ်လုပ်ခိုင်းမယ် ဆိုတာနဲ့၊ တကယ်ပဲ ထပ်လုပ်ပေးရတယ်၊ ငါ လျိုထျန်းဝမ်ရဲ့ ဖျော်ဖြေပွဲကို တစ်ခါမှ မကြည့်ဖူးသေးဘူးကွ” ဝမ်တုန်းကျွင်းက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်လေသည်။

ဖုန်းယွီက မျက်စောင်းတစ်ချက် ထိုးလိုက်ပြီး "မင်း ပေကျင်းမှာ အိမ်ကြီး အိမ်ကောင်းတွေ အများကြီး ရှိနေတာ၊ မနှစ်ကဆိုရင် အိမ်တစ်လုံး ဖျက်သိမ်းခံရတဲ့အထဲ ပါသွားလို့၊ မင်းကို အိမ်အကျယ်အဝန်း သုံးဆ ပြန်လျော်ပေးလိုက်တယ် မဟုတ်လား။ အိမ်လခနဲ့တင်၊ မင်း တစ်လကို ငွေဘယ်လောက် ရနေလဲ။ ဖျော်ဖြေပွဲ တစ်ခု ကြည့်ချင်တာကို၊ မင်းက လက်မှတ် မဝယ်နိုင်လို့လား”

"အဲ့ဒါက မတူဘူးလေ၊ ငါ့ရဲ့ကိုယ်ပိုင်ပိုက်ဆံက ပင်ပင်ပန်းပန်း ရှာထားရတာကို၊ သူဌေးကြီးတွေဆီက အလကား စားရတာကမှ ပိုပြီး အရသာရှိတာပေါ့။ ဟုတ်တယ်မလား၊ ခွန်းအာ"

ဖုန်းယွီ"......"

ငါ့ရဲ့ ပိုက်ဆံကလည်း လေက တိုက်ယူလာပေးတာမှ မဟုတ်တာ၊ ဒါပေမဲ့ ကြည့်ရတာ လေက တိုက်ယူလာပေးရင်တောင်မှ ငါပိုက်ဆံရှာတာလောက် မြန်မှာ မဟုတ်ဘူးထင်တယ်။

လျိုခွန်းက ပြုံးရွှင်စွာဖြင့် ပြောလိုက်လေသည်။ "တခြားလူ ဒကာခံတာကို စားရတဲ့ ခံစားချက်ကတော့ မဆိုးပါဘူး”

"လာမလုပ်နဲ့၊ မင်းရဲ့ အခုလက်ရှိ ဝင်ငွေကလည်း မနည်းပါဘူး၊ တွဲဖက် ပါမောက္ခတစ်ယောက်ပဲ ဆိုပေမယ့်၊ မင်းကိုယ်ပိုင် သုတေသန ပရောဂျက်တွေ ရှိတယ်လေ။ ပြီးတော့ မင်းက မကြာခင် အထူးအစီအစဉ်နဲ့ ပါမောက္ခအဖြစ် ရွေးချယ်ခံရတော့မယ်လို့ ငါကြားထားတယ်၊ ဒကာခံဖို့ မမေ့နဲ့နော်၊ လမ်းဘေးဆိုင်ဆိုရင်တောင် ငါ စားမယ်” ဖုန်းယွီက အံကြိတ်လျက် ပြောလိုက်လေသည်။

လီနက ဖုန်းယွီကို ဖွဖွလေး တစ်ချက် ထုလိုက်ပြီး၊ အခြားသူများကို ပြောလိုက်လေသည်။ "နင်တို့တွေ သူ့ကို ဂရုမစိုက်ကြနဲ့၊ သူက နောက်ပြောင်ရတာကို သဘောကျလို့ပါ”

"ဟေး၊ ဒီနေ့ လျိုထျန်းဝမ်က သီချင်းသစ် တစ်ပုဒ် ဆိုမယ်လို့ ကြားတယ်နော်၊ နာမည်ကြီး သီချင်းရေးဆရာ တစ်ယောက်က ရေးပေးထားတာတဲ့၊ ဒါပေမဲ့ သီချင်းရေးဆရာရဲ့ နာမည်ကတော့ အမည်မသိတဲ့၊ ငါ မှတ်မိသလောက်ဆိုရင်၊ အဲဒါက မင်း သီချင်းရေးတဲ့အခါသုံးတဲ့ ကလောင်အမည် မဟုတ်လား” ဝမ်တုန်းကျွင်းက ဖုန်းယွီအား သံသယဖြစ်ဟန်ဖြင့် ကြည့်ကာ မေးလိုက်လေသည်။

"မင်း ခဏနေရင် နားထောင်ကြည့်လိုက်လေ၊ ဒီသီချင်းက၊ အရမ်း စိတ်ဝင်စားဖို့ ကောင်းတယ်”

စိတ်ဝင်စားဖို့ ကောင်းတယ်တဲ့လား။

လူတိုင်းက ခေါင်းမကုတ်တတ်အောင် ဖြစ်သွားကြလေသည်။ သီချင်းဆိုသည်မှာ နားထောင်လို့ ကောင်းသည် မကောင်းဘူးဟု ပြောရမည် မဟုတ်ပါလော၊ မည်သို့လုပ်၍ စိတ်ဝင်စားဖို့ ကောင်းသည်ဟု ပြောရသနည်း။

လူအနည်းငယ်က နောက်ထပ် ခဏမျှ စကားပြောဆိုနေကြပြီးနောက်၊ ဖျော်ဖြေပွဲ စတင်လေတော့သည်။

လျိုထျန်းဝမ်သည် ယခင်ဖျော်ဖြေပွဲမှ သီချင်းအစီအစဉ်များကို ပြောင်းလဲထားခဲ့ပြီး၊ အဖွင့်အကများကိုလည်း ပြောင်းလဲထားခဲ့ကာ၊ အကျိုးသက်ရောက်မှုမှာ အလွန်တရာ ကောင်းမွန်နေဆဲပင် ဖြစ်လေသည်။

ဤမျှ တိုတောင်းသော အချိန်အတွင်းမှာပင် ဤသို့ လုပ်ဆောင်နိုင်ခြင်းက၊ တကယ်ကို အာရှ၏ ထိပ်တန်း အနုပညာရှင် ပီသလှပေသည်။

စင်အောက်ရှိ Tai Hua Holding Group မှ ဝန်ထမ်းများမှာ စိတ်အားထက်သန်စွာဖြင့် အားပေးနေကြသော်ငြားလည်း၊ ဝမ်တုန်းကျွင်းက နောက်သို့ လှည့်ကြည့်လိုက်သောအခါ၊ သဟဇာတမဖြစ်သော ကြော်ငြာဆိုင်းဘုတ် အများအပြားကို မြင်တွေ့လိုက်ရလေသည်။

"ဟေ့ကောင် ရှောင်ယွီရေ၊ မင်းတို့ ကုမ္ပဏီက ဝန်ထမ်းတွေ အကုန်လုံး မင်းဆီက သင်ယူထားကြတာလား၊ ဖျော်ဖြေပွဲမှာတောင် ဘာဖြစ်လို့ ကြော်ငြာလာလုပ်နေကြတာလဲ”

ဖုန်းယွီက ခေါင်းလှည့်ကြည့်လိုက်ရာ၊ သူကိုယ်တိုင်ပင် ရယ်မောသွားမိလေသည်။ တကယ်ပဲ၊ လက်အောက်ခံ ကုမ္ပဏီတွေက ဝန်ထမ်းတော်တော်များများက၊ ကုမ္ပဏီရဲ့ကြော်ငြာဆိုင်းဘုတ်တွေကို ကိုင်ထားကြတာပဲ။ ကြည့်ရတာ အဲဒီမန်နေဂျာချုပ်တွေက၊ ဒီဖျော်ဖြေပွဲကို Sohu ရုပ်သံလိုင်းမှာ ပြသမယ်ဆိုတာကို သိလို့၊ ဝန်ထမ်းတွေကို ဒီလို လုပ်ခိုင်းတာနေမှာပဲ။

ဒါပေမဲ့ ဒီလိုဆိုတော့လည်း တော်တော်လေး ကောင်းပါတယ်၊ ပြန်ရောက်ရင် ချီးကျူးပေးရမယ်၊ ကြော်ငြာအသိစိတ် အရမ်းအားကောင်းတာပဲ။

......

"အခု ကျွန်တော်က သီချင်းသစ် တစ်ပုဒ်ကို သီဆိုဖျော်ဖြေပေးသွားမှာပါ၊ ကွမ်တုံသီချင်း တစ်ပုဒ်ပါ၊ အားလုံးပဲ နှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်၊ သီချင်းနာမည်က လို့ ခေါ်ပါတယ်”

"ကျွန်တော့်ရဲ့ ဇာတိရွာလေးက ဒီရွာလေးမှာပါဗျာ၊ ကျွန်တော်က ဒီရွာလေးမှာ မွေးပြီး ဒီရွာလေးမှာ ကြီးပြင်းလာတဲ့သူပါ။ ရွာလေးက သိပ်မကြီးဘူးလို့ မထင်လိုက်ပါနဲ့၊ တောင်တွေ၊ ရေတွေ၊ သစ်တောတွေ ရှိပါတယ်၊ အိမ်နီးချင်းတွေကလည်း သိပ်ကို ရင်းနှီးကြပြီး၊ အဘိုးအိုတွေနဲ့ လူငယ်တွေက ပိုပြီးတော့တောင် စည်းလုံးကြပါသေးတယ်။ ရွာလေးထဲမှာ ကိစ္စတွေ အများကြီး အများကြီး ဖြစ်ပျက်ခဲ့ဖူးတယ်၊ ပြန်တွေးကြည့်ရင် အဲ့ဒါတွေက အရမ်းကို ရယ်စရာကောင်းပါတယ်။ မိတ်ဆွေတို့က စိတ်ဝင်စားမယ်ဆိုရင်၊ ကျွန်တော်က ခင်ဗျားတို့ကို မိတ်ဆက်ပေးပါ့မယ်၊ ကျွန်တော်တို့ရွာက လူတွေနဲ့ မိတ်ဆက်ပေးပါ့မယ်..."

ဝမ်တုန်းကျွင်းတို့ အားလုံးမှာ ပါးစပ်အဟောင်းသား ဖြစ်သွားကြလေသည်။ ဒါက လျိုထျန်းဝမ်ရဲ့ သီချင်းသစ်လား။

သီချင်းနာမည်က ဘာတဲ့။ ဟုတ်လား။ လျိုထျန်းဝမ်က ရွာကလား။

ဒီသောက်သီချင်းက သေချာပေါက် အရှေ့မြောက်ပိုင်း ကျေးလက်ဒေသ အကြောင်းကို ဆိုထားတာလေ။

ထိုအချိန် ပရိသတ်အားလုံးမှာ ကြောင်အမ်းအမ်း ဖြစ်သွားကြလေတော့သည်။

......

******

All Chapters