← Chapters

အခန်း ၁၅၆၆

Vol. 106 Ch. 1566

အခန်း ၁၅၆၆

Vol. 106 Ch. 1566

အခန်း ၁၅၆၆ ရူးသွပ်သော အနုပညာရှင် အရူးအမူး အားပေးသူ

လီန၏မျက်နှာပေါ်ရှိ အမူအရာမှာ အလွန် ရှုပ်ထွေးနေသည်။ ဤသည်မှာ သူမ နှစ်သက်သော လျိုထျန်းဝမ်ဆိုထားသည့် သီချင်းလော။

တကယ်ကို ထူးခြားလွန်းလှသည်။ တကယ်ကို တခြားသူများနှင့် မတူညီပေ။ တကယ်ကို လူကို မေ့ဖျောက်ရန် ခက်ခဲစေသည်။

ဖုန်းယွီကမူ ခေါင်းတညိတ်ညိတ်ဖြင့် ခံစား နားဆင်နေပြီး လက်တစ်ဖက်ကလည်း သံစုံတီးဝိုင်းကို ညွှန်ကြားနေသကဲ့သို့ လုပ်ဆောင်နေကာ အလွန် စိတ်ဝင်စားစရာ ကောင်းသော သီချင်း တစ်ပုဒ်ပင် ဖြစ်သည်။

လျိုထျန်းဝမ်ကိုယ်တိုင် အပြင်မှာ ဆိုသည်က ယခင်ဘဝက ကြားခဲ့ရသော ထိုအတုခိုး ဆိုသည့် ပွဲများထက် အများကြီး ပိုကောင်းလှပေသည်။ ဤ ကွမ်တုံစကားကမှ တကယ့် အစစ်အမှန် ဖြစ်ပေသည်။

တစ်ပွဲလုံး အစပိုင်းတွင် သေဆုံးသွားသကဲ့သို့ တိတ်ဆိတ်သွားပြီး လျိုထျန်းဝမ်ကိုယ်တိုင်ပင် ဆက်ဆိုရန် ယုံကြည်မှု ကင်းမဲ့သွားချိန်တွင် ရုတ်တရက် ထောင့်တစ်နေရာမှ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အော်ဟစ် အားပေးသံကြီး ထွက်ပေါ်လာခဲ့သည်။

လျိုထျန်းဝမ် မျက်လုံးပင့်ကြည့်လိုက်သောအခါ ထိုဘက်ရှိ ဆိုင်းဘုတ်ပေါ်တွင် ပင်းချန် စက်မှုထုတ်လုပ်ရေး အုပ်စုဟု ရေးသားထားသည်ကို တွေ့လိုက်ရသည်။

ဝမ်တုန်းကျွင်းက ခေါင်းကို ခက်ခဲစွာ လှည့်လာပြီး မေးလိုက်သည်။ "အစ်ကိုယွီ... ဒါက အစ်ကို လျိုထျန်းဝမ်အတွက် ရေးပေးထားတဲ့ သီချင်းအသစ်လား"

ဖုန်းယွီက ဝမ်တုန်းကျွင်း၏ပခုံးကို ပုတ်ကာ ပြောလိုက်သည်။ "ငါ့ကို အရမ်း မကိုးကွယ်ပါနဲ့... ဖြစ်သလိုလေး ရေးပြီး ကစားထားတာပါ"

"အင်း... အစ်ကို တကယ်ကို ကစားနေတာလို့ ကျွန်တော်လည်း ထင်ပါတယ်... ကျွန်တော့်ရဲ့လျိုထျန်းဝမ်ကြီးက ဘယ်လိုလုပ်ပြီး ဒီလောက် တောဆန်တဲ့ သီချင်းမျိုးကို ဆိုရတာလဲ" ဝမ်တုန်းကျွင်းမှာ ရင်ထုမနာ ဖြစ်ကာ ခြေဆောင့်နေတော့သည်။

ဖုန်းယွီက ဝမ်တုန်းကျွင်းကို စွေကြည့်လိုက်ပြီး ပြောလိုက်သည်။ "ဘာလဲ... မင်းက ဒီသီချင်း နားထောင်လို့ မကောင်းဘူး ထင်လို့လား... နောက်ကျရင် မင်း Mandarin ဗားရှင်းကိုတောင် နားထောင်ရဦးမှာ"

"အဲဒါလည်း လျိုထျန်းဝမ်ပဲ ဆိုမှာလား" ဝမ်တုန်းကျွင်း၏ အကြည့်မှာ ယုံကြည်မှုများ ပြိုလဲသွားသကဲ့သို့ ဖြစ်နေသည်။

မဟုတ်ဘူး... လျိုထျန်းဝမ်ရဲ့ မန်ဒရင်းက သိပ်မကောင်းတော့ အဲဒီလို ခံစားချက်မျိုး ထွက်အောင် မဆိုနိုင်ဘူး... ဒါက အရန်ကျွမ် သီချင်းဆိုဟန် ဖြစ်သင့်တာဆိုတော့ ငါ ဦးလေး ဘန်ရှန်းကို ပေးလိုက်တယ်”

ဖူး…

ဝမ်တုန်းကျွင်းတို့အားလုံး ကြောင်အမ်းသွားကြသည်။ ဦးလေး ဘန်ရှန်းနှင့် လျိုထျန်းဝမ်တို့၏ ပုံရိပ်မှာ လုံးဝကို မလိုက်ဖက်ပေ မဟုတ်ပါလော။ လူနှစ်ယောက်က သီချင်း တစ်ပုဒ်တည်းကို တစ်ယောက်က ကွမ်တုံဗားရှင်း၊ တစ်ယောက်က အရန်ကျွမ်ဗားရှင်း ဆိုမည်တဲ့လား။

စဉ်းစားကြည့်ရုံနှင့်ပင် ကြက်သီးထချင်စရာပင်။

"တွေ့လား... ပရိသတ်တွေ ဘယ်လောက်တောင် သဘောကျနေလဲ... အော်ဟစ် အားပေးသံတွေက စောစောကထက်တောင် အများကြီး ပိုကျယ်လာသေးတယ်... ဒီသီချင်းက မကြာခင် ဒီနှစ်ရဲ့ ရေပန်းအစားဆုံး သီချင်း ဖြစ်လာမယ်လို့ ငါ ရဲရဲကြီး အာမခံရဲတယ်... လမ်းကြိုလမ်းကြားတိုင်းမှာ ဒီသီချင်းကို ဆိုနေကြလိမ့်မယ်ဆိုတာ အာမခံတယ်" ဖုန်းယွီက ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်သည်။

လီန၏ လက်က ဖုန်းယွီ၏ ခါးပေါ်သို့ ရောက်လာပြီး ပြောလိုက်သည်။ "ရှင်က လျိုထျန်းဝမ်အတွက် သီချင်းကောင်း တစ်ပုဒ်လောက် မရေးပေးနိုင်ဘူးလား"

"ဟေ့ ဟေ့ ဟေ့... နာတယ် နာတယ်... ဒီသီချင်းက ဘယ်လောက်တောင် ကောင်းလိုက်လဲ... မင်းတို့ရဲ့ ခံစားနားလည်နိုင်စွမ်းက တကယ်ကို အသုံးမကျဘူး... ကောင်းပါပြီ ကောင်းပါပြီ... နောက်တစ်ခါ စိတ်ကူးဉာဏ် ရလာရင် သူ့ကို သေချာပေါက် မမေ့ပါဘူး" ဖုန်းယွီမှာ လီန၏ အသားလိမ်ဆွဲသည့် သိုင်းပညာအောက်တွင် အလျှော့ပေးလိုက်ရတော့သည်။

ဤသီချင်း ဆိုပြီးသွားသောအခါ လျိုထျန်းဝမ်က အလွန် ဉာဏ်ရည်ပြည့်ဝစွာဖြင့် ပြောလိုက်သည်။ "ဒီသီချင်းကို ကျေးလက်ဒေသကနေ လာကြတဲ့ မိတ်ဆွေတွေ အားလုံးအတွက် လက်ဆောင်ပေးပါတယ်... ကျွန်တော်ကလည်း ဆင်းရဲတဲ့ ကလေးဘဝကနေ ကြီးပြင်းလာခဲ့ရတာပါ။ ကျွန်တော်တို့ ကိုယ်ပိုင် ကြိုးစားအားထုတ်မှုတွေနဲ့ မိသားစုဝင်တွေကို ပိုမို ကောင်းမွန်တဲ့ ဘဝတစ်ခု သေချာပေါက် ဖန်တီးပေးနိုင်မှာပါ"

သြဘာပေးသံများမှာ တောင်ပြိုသကဲ့သို့၊ ဆူနာမီလှိုင်းလုံးကြီးများကဲ့သို့ ထွက်ပေါ်လာပြီး အငွေ့အသက်မှာ အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။

လျိုထျန်းဝမ်မှာလည်း အလွန် ဝမ်းသာပျော်ရွှင်နေပြီး ယနေ့ သူ၏ အခြေအနေကလည်း ကောင်းမွန်သည့်အပြင် ပရိသတ်များကလည်း အလွန်တက်ကြွနေကြသည်။ သူက သူ့ကို ဈေးကြီးကြီး ပေးထားသူကိုလည်း တန်အောင် လုပ်ပေးသင့်သည်ဟု ထင်မှတ်ကာ သီချင်း အပုဒ် နှစ်ဆယ် ဆိုပြီးသွားသောအခါ ဂန္ထဝင် သီချင်း ငါးပုဒ်ကိုပါ ထပ်မံ သီဆိုပေးခဲ့ပြီး ၎င်းအထဲမှ နှစ်ပုဒ်မှာ ပရိသတ်များကို ဖိတ်ခေါ်၍ တွဲဖက်သီဆိုခဲ့ခြင်း ဖြစ်သည်။

ဝမ်တုန်းကျွင်းကောင်လည်း အခွင့်အရေး တစ်ခုကို လုယူနိုင်ခဲ့ပြီး အပေါ်တက်ကာ သီချင်း တစ်ပုဒ်ကို အော်ဟစ် သီဆိုခဲ့သေးသည်။ စင်ပေါ်မှ ဆင်းလာချိန်တွင်ပင် အားမရသေးသည့် ပုံစံ ဖြစ်နေသေးသည်။

ဖုန်းယွီက ဝမ်တုန်းကျွင်းကို စွေကြည့်လိုက်ပြီး ပြောလိုက်သည်။ "ဒါက ငါတို့ Taihua Holdings အုပ်စုရဲ့ တွေ့ဆုံပွဲလေ... မင်းက အပေါ်တက်ပြီး ဘာသွားလုနေတာလဲ"

အထူးသဖြင့် လျိုထျန်းဝမ်၏ အရပ်အမောင်းမှာ တကယ်တမ်း မမြင့်မားလှပေ။ ဝမ်တုန်းကျွင်းကောင်မှာ တစ်မီတာ ကိုးဆယ် ရှိနေပြီး စင်ပေါ်တက်ကာ လျိုထျန်းဝမ်နှင့် သီချင်း တွဲဆိုချိန်တွင် အတင်း အတူတူ ရပ်နေခဲ့ရာ လျိုထျန်းဝမ်၏ မျက်နှာထားမှာ အလွန် ကြည့်ရဆိုးနေခဲ့သည်။

ဝမ်တုန်းကျွင်းက လည်ပင်းကို ဆန့်ကာ ပြောလိုက်သည်။ "လျိုထျန်းဝမ်ကလည်း မရဘူးလို့ မပြောပါဘူး... သူက ပရိသတ်ကို ဖိတ်ခေါ်တာပဲလေ... ငါက ပရိသတ် မဟုတ်လို့လား... ငါက သူ့ရဲ့ နံပါတ်တစ် ပရိသတ်ကြီးတောင် ဖြစ်သေးတယ်... ဘယ်သူကမှ ငါ့လောက် လျိုထျန်းဝမ်ကို မချစ်ဘူးကွ"

ဖုန်းယွီက ဝမ်တုန်းကျွင်းကို အထင်သေးစွာဖြင့် ကြည့်လိုက်သည်။ တကယ် ဖြီးနိုင်လွန်းလှသည်။ အစိုးရ ဝန်ထမ်း ဆိုသည့်အတိုင်း မျက်နှာပြောင်တိုက် အလွန်ကောင်းလှသည်။ အင်း... နောင်တစ်ချိန်မှာ အရာရှိကြီး ဖြစ်လာနိုင်မယ် ဆိုတာ သေချာတယ်။

ဖျော်ဖြေပွဲ ပြီးဆုံးသွားသောအခါ လူတိုင်းက စည်းကမ်းတကျ ထွက်ခွာသွားကြသည်။

လူအများအပြားမှာ လျိုထျန်းဝမ်နှင့် ဓာတ်ပုံ တွဲရိုက်ချင်ကြသော်လည်း ဗီဒီယို ရိုက်ကူးနေသည်ကို သိရှိထားကြသဖြင့် ကုမ္ပဏီကို မျက်နှာမပျက်စေချင်ကြပေ။

သို့သော် တံခါး စတင် ပွင့်သွားချိန်တွင် အမျိုးသမီး တစ်ဦးက လုံခြုံရေးများ ဆွဲထားသည်ကို ဂရုမစိုက်ဘဲ အတင်း ဝင်ရောက်လာပြီး စင်မြင့်ဆီသို့ တန်းတန်းမတ်မတ် ပြေးဝင်လာခဲ့သည်။

ဖုန်းယွီတို့ မတ်တတ်ထရပ်ကာ နောက်ဘက်သို့ သွားပြီး လျိုထျန်းဝမ်၊ လျိုရော့ယိန့်တို့နှင့် ဓာတ်ပုံ တွဲရိုက်ရန် ပြင်ဆင်နေချိန်တွင် ဆံပင်ဖားလျားဖြင့် အမျိုးသမီး တစ်ဦး အထဲသို့ ပြေးဝင်လာသည်ကို မြင်တွေ့လိုက်ရသည်။ လုံခြုံရေး ခြောက်ယောက်ကပင် သူမကို ဆွဲမထားနိုင်ခဲ့ပေ။

ကံကောင်းစွာဖြင့် ဖုန်းယွီ၏ ဘေးတွင် အမြဲတမ်း သက်တော်စောင့်များ ရှိနေသဖြင့် အလျင်အမြန် သွားရောက်ကာ ထိုအမျိုးသမီးကို တားဆီးလိုက်နိုင်သည်။

ဖုန်းယွီတစ်ချက် ကြည့်လိုက်သည်နှင့် ဘာဖြစ်သည်ကို သိရှိသွားခဲ့သည်။

သူမပဲ ဖြစ်နေပြန်ပြီ

"လျိုထျန်းဝမ်... ကျွန်မ ရှင့်ကို ချစ်တယ်"

"လျိုထျန်းဝမ်... ကျွန်မကို ရှင့်ကို တစ်ချက်လောက် ဖက်ခွင့်ပေးပါလား"

"လျိုထျန်းဝမ်.. ကျွန်မ အပြင်ဘက်မှာ နာရီပေါင်းများစွာ စောင့်နေခဲ့ရတာပါ"

"လျိုထျန်းဝမ်.. ကျွန်မက ရှင့်ရဲ့ ပရိသတ်ပါ"

ဝမ်တုန်းကျွင်း မျက်တောင်များ ပုတ်ခတ်ပုတ်ခတ် လုပ်သွားပြီး မေးလိုက်သည်။ "ဒါက ပရိသတ်လား... မင်းရဲ့ဝန်ထမ်းတော့ မဟုတ်လောက်ဘူးနော်"

ဖုန်းယွီက မျက်စောင်းထိုးလိုက်ပြီး ပြန်ပြောလိုက်သည်။ "ငါ့ဝန်ထမ်းတွေထဲမှာ ဒီလောက် ရူးသွပ်တဲ့ သူ ရှိပါ့မလား... ငါ့ဝန်ထမ်းတွေက နေရာ မရှိရင်တောင်မှ အထဲဝင်ပြီး မတ်တတ်ရပ် နားထောင်လို့ ရတာပဲ... ဘယ်လိုလုပ် အပြင်မှာ ပိတ်ခံထားရမှာလဲ"

"မြန်မြန် လုပ်... မင်းတို့ကို ဓာတ်ပုံ သွားရိုက်ခိုင်းမယ်... ပြီးရင် ညစာစားပြီး ကိုယ့်အိမ်ကိုယ် ပြန်ကြ... မင်းတို့ မနက်ဖြန် အလုပ်သွားစရာ မလိုဘူးလား"

လျိုထျန်းဝမ်မှာ နောက်ဘက်တွင် အဝတ်အစား လဲလှယ်နေသည်။ ဖျော်ဖြေပွဲတွင် သီချင်းဆိုလိုက်၊ ကလိုက် လုပ်ရသဖြင့် ခန္ဓာကိုယ် အင်အားများစွာ ကုန်ခမ်းသွားခဲ့ရသည်။ ထို့အပြင် ခဏနေလျှင် သူ့ထံသို့ ဓာတ်ပုံ လာတွဲရိုက်မည့်သူများ ရှိမည်ဟု ကြားထားသဖြင့် သူ ဟိုတယ်သို့ ပြန်၍ မနားနိုင်သေးပေ။

အပြင်ဘက်တွင် ရုတ်တရက် ဆူညံသွားရာ ဘာတွေ ဖြစ်နေတာလဲ။ ဤသည်မှာ Taihua Holdings အုပ်စုက အားလုံးကို ငှားရမ်းထားခြင်း ဖြစ်ရာ တစ်ခုခုများ မတော်တဆ ဖြစ်သွားတာများလား။

သူ၏ မန်နေဂျာ ဝင်လာပြီး ပြောလိုက်သည်။ "လျိုထျန်းဝမ်... အပြင်ဘက်မှာ ရူးသွပ်နေတဲ့ အမျိုးသမီး ပရိသတ် တစ်ယောက် ဝင်လာတယ်... ကျွန်တော်တို့ အရင် ပုန်းနေလိုက်ရအောင်"

လျိုထျန်းဝမ်က မျက်မှောင်ကြုတ်လိုက်ပြီး ပြောလိုက်သည်။ "ဘာကို ပုန်းရမှာလဲ... ပရိသတ် ရောက်လာမှတော့ သူ့ကို လာပြီး ဓာတ်ပုံ တွဲရိုက်ပေးလိုက်ပြီးရင် ပြန်ပို့ပေးလိုက်ရင် ရပြီပဲ"

"မဟုတ်ဘူး... ဒါက တလောက စင်ပေါ်မှာ ခင်ဗျားနဲ့ သီချင်း တွဲဆိုခဲ့တဲ့ အဲဒီ အမျိုးသမီး ပရိသတ်ပဲ... ပြီးတော့ သူ့ရဲ့ စိတ်အခြေအနေက နည်းနည်း ပုံမှန် မဟုတ်ဘူးလို့ ကျွန်တော် ထင်တယ်"

တလောက တွဲဆိုခဲ့တဲ့ အဲဒီ အမျိုးသမီး ပရိသတ် ဟုတ်လား... သူ့ကို ဖက်ထားပြီး မလွှတ်ပေးတဲ့ တစ်ယောက်လေ... ဓာတ်ပုံ တွဲရိုက်ပြီး လက်မှတ်တောင် ထိုးပေးလိုက်ပြီ မဟုတ်ဘူးလား... ဘာဖြစ်လို့ ထပ်ရောက်လာပြန်တာလဲ။

လျိုထျန်းဝမ်လည်း အနည်းငယ် ခေါင်းကိုက်သွားခဲ့သည်။ ပရိသတ်များက သူ့ကို နှစ်သက်သည်ကို သူ အလွန် ဝမ်းသာသော်လည်း အကယ်၍ ပရိသတ်က ဤကဲ့သို့ ဖြစ်နေပါက ခေါင်းကိုက်စရာပင် ဖြစ်သည်။

ထိုအချိန်တွင် ဖုန်းယွီတို့ ဝင်လာသည်ကို မြင်လိုက်ရသဖြင့် လျိုထျန်းဝမ်က အလျင်အမြန် မတ်တတ်ထရပ်လိုက်သည်။

"လျိုထျန်းဝမ်... ဒီနေ့ ဖျော်ဖြေမှုက တကယ်ကို ကောင်းပါတယ်... ကျွန်တော် သူငယ်ချင်း တချို့ကို ခေါ်လာတယ်... သူတို့က ခင်ဗျားနဲ့ ဓာတ်ပုံ တွဲရိုက်ချင်လို့တဲ့"

"ဟုတ်ကဲ့ပါ... တစ်ယောက်ချင်းစီ ရိုက်မယ်... ပြီးရင် အားလုံး စုပြီး ရိုက်တာပေါ့... ကျွန်တော် လက်မှတ်ထိုးထားတဲ့ အခွေ တချို့ကိုလည်း ပြင်ဆင်ထားပါတယ်... အားလုံးကို လက်ဆောင်ပေးပါ့မယ်"

သို့သော် လျိုထျန်းဝမ် သတိထားမိလိုက်သည်မှာ သူ အများဆုံး ဓာတ်ပုံ တွဲရိုက်လိုသော သူမှာမူ အားလုံး စုရိုက်သည့် ဓာတ်ပုံ တစ်ပုံသာ ရိုက်ခဲ့ပြီး သူနှင့် သီးသန့်ဓာတ်ပုံရိုက်ရန် မရည်ရွယ်ထားပုံ ရပေသည်။ ဟုတ်ပါသည်လေ... ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်ကြီးက ဘယ်လိုလုပ်ပြီး အနုပညာရှင်တွေကို အရူးအမူး အားပေးနေပါ့မလဲ... သူ လာတာကလည်း သူ့မိန်းမ အတွက်ပဲ ဖြစ်မှာပါ။

အားလုံး ဓာတ်ပုံ တွဲရိုက်ပြီးသွားသောအခါ ဖုန်းယွီက ဖိတ်ကြားလိုက်သည်။ "လျိုထျန်းဝမ်၊ လျိုရော့ယိန့်... အတူတူ ညစာ သွားစားကြမလား"

လျိုရော့ယိန့်မှာ သေချာပေါက် အလွန်ဝမ်းသာသွားသည်။ သူမသည်လည်း Taihua Holdings အုပ်စု၏ ကြော်ငြာကိုယ်စားလှယ် ဖြစ်ချင်နေသည် မဟုတ်ပါလော။

သို့သော် လျိုထျန်းဝမ်မှာ အနည်းငယ် တုံ့ဆိုင်းနေခဲ့သည်။ "အပြင်ဘက်မှာ ကျွန်တော့် ပရိသတ် တစ်ယောက် ရှိနေသေးတယ်... ကျွန်တော် ထွက်ပြီး တွေ့လိုက်ဦးမယ်"

ဖုန်းယွီက ခေတ္တမျှ စဉ်းစားပြီးနောက် တားမြစ်လိုက်သည်။ "ကျွန်တော့် ကိုယ်ပိုင် အကြံပြုချက် အရတော့ ခင်ဗျား မသွားတာ ပိုကောင်းမယ်... ခင်ဗျား ကုမ္ပဏီကို သေချာ ကြော်ငြာပြီး လမ်းကြောင်းပြမှုတွေ လုပ်ခိုင်းသင့်တယ်... ပရိသတ်တွေကို အရမ်းရူးသွပ်လွန်းတာမျိုး မဖြစ်စေနဲ့... အဲဒါက ခင်ဗျားအပေါ်ကို ဆိုးကျိုးတွေ သက်ရောက်စေလိမ့်မယ်"

အနုပညာရှင်များကို နှစ်သက်ခြင်းကို ဖုန်းယွီနားလည်ပေးနိုင်သော်လည်း ရူးရူးမူးမူး အားပေးခြင်း၊ ရောဂါတစ်ခုလို ဖြစ်နေခြင်းမျိုးကိုမူ ဖုန်းယွီနားလည်ပေးရန် ခက်ခဲလှပေသည်။ လျိုထျန်းဝမ်အနေဖြင့် ဤကိစ္စကို စောစီးစွာ ဖြေရှင်းနိုင်ပြီး ယခင်ဘဝက ကြေကွဲဖွယ် အဖြစ်ဆိုးမျိုးကို ထပ်မံ မဖြစ်ပေါ်စေရန် သူ မျှော်လင့်မိသည်။

လျိုထျန်းဝမ်က ခေတ္တမျှ စဉ်းစားပြီးနောက် ခေါင်းညိတ်ကာ ဖုန်းယွီ၏ အကြံပြုချက်ကို လက်ခံလိုက်သည်။ ထို့နောက် မန်နေဂျာကို ဖြေရှင်းခိုင်းလိုက်သည်။ ထိုရူးသွပ်နေသော အမျိုးသမီး ပရိသတ်နှင့် ပတ်သက်၍ သူလည်း အနည်းငယ် ခေါင်းကိုက်နေခဲ့သည်။

သို့သော် ဤကိစ္စက အနာဂတ်တွင် သူ့ကို ခေါင်းကိုက်ရုံ သက်သက်သာ ဖြစ်စေလိမ့်မည် မဟုတ်ကြောင်း သူ ထင်မှတ်မထားခဲ့ပေ။

...

******

All Chapters