← Chapters

အခန်း ၁၅၆၉

Vol. 106 Ch. 1569

အခန်း ၁၅၆၉

Vol. 106 Ch. 1569

အခန်း ၁၅၆၉ ရုပ်ရှင်၏ တစ်မူထူးခြားသော အဓိပ္ပာယ် ဖွင့်ဆိုချက်

“အကြံ... မန်နေဂျာဖုန်း၊ ရောက်လာပြီကိုး” အတွင်းရေးမှူးကျောက်သည် ဖုန်းယွီဝင်လာသည်ကို မြင်သောအခါ အကြံပေး ဟု ခေါ်ရန် ပြင်လိုက်သော်လည်း ချက်ချင်း စကားပြောင်းလိုက်သည်။

ဖုန်းယွီက ပြုံး၍ ခေါင်းညိတ်လိုက်သည်။ “မင်းရဲ့ ခေါင်းဆောင် ရှိတယ် မဟုတ်လား”

“ရှိပါတယ်။ ခေါင်းဆောင်၊ မန်နေဂျာဖုန်း ရောက်လာပါပြီ” အတွင်းရေးမှူးကျောက်သည် ဖုန်းယွီကို အထဲသို့ ခေါ်ဆောင်သွားရင်း အသံကျယ်ကျယ်ဖြင့် သတိပေးလိုက်သည်။

ဖုန်းယွီသည် ဆိုဖာပေါ်တွင် ထိုင်ကာ အတွင်းရေးမှူးကျောက် ဖျော်လာသော လက်ဖက်ရည်ကောင်းကို သောက်လိုက်သည်။ ထို့နောက် လက်ဖက်ရည်ပန်းကန်ကို ချကာ ပြောလိုက်သည်။ “လောင်ကျန့် ကျွန်တော် ပြောမယ်... နောက်ပိုင်း ဒီမှာ အချိုရည်လေး ဘာလေးပဲ တိုက်ပါတော့လား”

ကျန့်ရွေ့ချန်၏ နားမလည်နိုင်သော အကြည့်ကို မြင်သောအခါ ဖုန်းယွီက ဆက်ပြောလိုက်သည်။ “ကြည့်လေ... ဒီလက်ဖက်ခြောက်က ဒီတစ်ဇွန်းလေးကိုတောင် ယွမ် ဆယ်ဂဏန်းလောက် ပေးရတယ် မဟုတ်လား။ အချိုရည် တစ်ဗူးကမှ ဘယ်လောက် ကျလို့လဲ... ချွေတာတတ်ဖို့ လိုတယ်”

အဓိက အကြောင်းရင်းမှာ ရေနွေးကြမ်းကို တိုက်ရိုက် သောက်၍ မရခြင်းကြောင့်ဖြစ်ပြီး ဖုန်းယွီတွင် ထိုမျှအထိ စောင့်ဆိုင်းရန် စိတ်ရှည်သည်းခံမှု မရှိပေ။

ကျန့်ရွေ့ချန်က လက်ဖက်ရည်ပန်းကန်ထဲမှ လက်ဖက်ရွက်များကို မှုတ်ထုတ်ကာ အေးအေးလူလူပင် လက်ဖက်ရည် တစ်ငုံ သောက်လိုက်သည်။ “ဘယ်ကသာ ယွမ် ဆယ်ဂဏန်းလောက် ပေးရမှာလဲ... ယွမ် ဆယ်ကျော်လောက်နဲ့တင် လက်ဖက်ခြောက် အထုပ်ကြီး တစ်ထုပ် ဝယ်လို့ရနေပြီ... မင်း သောက်မယ်ဆိုရင် ခြောက်လလောက်တောင် သောက်လို့ရတယ်”

ဖုန်းယွီက လက်ဖက်ရည် နောက်တစ်ငုံ ထပ်သောက်လိုက်သည်။ “ဖီ ဖီ ဖီ... လောင်ကျန့်…တကယ် အဆင့်အတန်း မရှိတာပဲ။ ကျွန်တော် ရောက်လာတာကို ဒီ ယွမ် ဆယ်ကျော်လောက်ပဲ တန်တဲ့ လက်ဖက်ခြောက်နဲ့ ဧည့်ခံတယ်ပေါ့”

ကျန့်ရွေ့ချန်က ထူးဆန်းနေသည့် ပုံစံဖြင့် ပြောလိုက်သည်။ “မင်းကိုယ်တိုင်က မင်းကို အပြင်လူလို သဘောမထားပါနဲ့လို့ ပြောထားတာ မဟုတ်ဘူးလား... ပြီးတော့ လက်ဖက်ရည်ရဲ့ အကြီးမားဆုံး အာနိသင်က ရေငတ်ပြေစေတာပဲလို့ မင်းပဲ ငါ့ကို ပြောခဲ့တာ မဟုတ်ဘူးလား... ဘာလဲ... တစ်ခွက်နဲ့ မလောက်လို့လား... ကိစ္စမရှိပါဘူး... ရှောင်ကျောက်ကို ရေထပ်ဖြည့်ခိုင်းလိုက်မယ်”

ကျန့်ရွေ့ချန်က စိတ်ထဲတွင် ပြောလိုက်သည်။ 'မင်းက လက်ဖက်ရည်ကောင်း သောက်ချင်သေးတယ်ပေါ့... မင်းက အရသာ ခွဲခြားတတ်လို့လား... ငါ့ရုံးခန်းထဲမှာ လက်ဖက်ခြောက်ကောင်းလေး နည်းနည်း ထားမိတာနဲ့ မင်းက အကုန်လုံး အိမ်သယ်သွားတာချည်းပဲလေ... ငါ့ဆီမှာ လက်ဖက်ခြောက်ကောင်း ရှိဦးမလား'

မင်းလို ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်ကြီးက လက်ဖက်ရည် သောက်ချင်ရင် ကိုယ့်ဘာသာ ဝယ်သောက်လို့ မရဘူးလား။ ငါက ဘယ်လောက်များ ရနေလို့လဲ။ မင်းက လက်ဖက်ရည် ကြိုက်တဲ့လူရော ဟုတ်ရဲ့လား။

ဒီ ယွမ်ဆယ်ကျော်တန် လက်ဖက်ခြောက်ကိုတောင် ငါ မပြောရင် မင်းက ပျော်ပျော်ကြီး သောက်နေတာပဲ မဟုတ်ဘူးလား။

ဖုန်းယွီသည် လောင်ကျန့်၏ ရုံးစားပွဲဆီသို့ သွားကာ ဆေးပြင်းလိပ် တစ်လိပ်ကို ဆွဲထုတ်ပြီး ကိုယ့်ဘာသာ မီးညှိလိုက်သည်။ “လောင်ကျန့်.. ကျွန်တော် ဒီနေ့ လာတာက အနာဂတ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပတ်သက်ပြီး ကျွန်တော့်ရဲ့ အမြင်လေး တချို့ကို ဆွေးနွေးချင်လို့ပါ... ဒါပေမဲ့ ဒီမှာက ကျွန်တော့်ကို သိပ်ပြီး ကြိုဆိုပုံ မရဘူးနော်... အတော်ပဲ... ကျွန်တော်လည်း ညစာစားဖို့ လူချိန်းထားတာ ရှိသေးတော့ အရင် သွားတော့မယ်”

ကျန့်ရွေ့ချန်ဆီရှိ ဆေးပြင်းလိပ်များမှာ ဖုန်းယွီလာထားပေးခြင်း ဖြစ်သည်။ ကျန့်ရွေ့ချန်က ဤအရာများကို မသောက်တတ်ပေ။ ဧည့်သည်များ လာလျှင် ကြိုက်နှစ်သက်သူများ သောက်နိုင်ရန် ဟူ၍ ဖုန်းယွီက ပြောဆိုထားသော်လည်း ကျန့်ရွေ့ချန် နားလည်ထားသည်မှာ ဖုန်းယွီက သူ လာချိန်တွင် ကိုယ်တိုင် သောက်ရန်အတွက် ထားခဲ့ခြင်းသာ ဖြစ်သည်။

ကျန့်ရွေ့ချန် မှာ မျက်နှာ မည်းမှောင်သွားခဲ့သည်။ အခုက မနက် ဆယ်နာရီပဲ ရှိသေးတာကို ညစာစားဖို့ ချိန်းထားတာနဲ့ ဘာဆိုင်လို့လဲ။ ခြိမ်းခြောက်တာ... ဒါက ရှင်းရှင်းကြီး ခြိမ်းခြောက်နေတာပဲ။

“ရပြီ ရပြီ... ဖွက်ထားလို့ မရဘူးဆိုတာ သိပါတယ်ကွာ... ငါ့ဆီမှာ မောက်ကျန်း လက်ဖက်ခြောက် နည်းနည်း ရှိသေးတယ်... မင်း အကုန် ယူသွားလိုက်... ရပြီ မဟုတ်လား”

“ဟေး…” ဖုန်းယွီက ကျေနပ်စွာဖြင့် ထိုင်လိုက်သည်။ “ဒါက အားနာစရာကြီး... ဒါပေမဲ့ ဒီလောက်တောင် စေတနာထားနေမှတော့ ကျွန်တော်လည်း မငြင်းတော့ပါဘူး”

ဟွန့်... ငါနဲ့လာပြိုင်နေသေးတယ်... ပစ္စည်းကောင်းကို ဖွက်ထားချင်သေးတယ်ပေါ့... ကိုယ့်ဘာသာ ဝယ်တဲ့ လက်ဖက်ခြောက်နဲ့ ဒီကနေ ယူတဲ့ လက်ဖက်ခြောက်က အရသာ တူပါ့မလား။

“ဘာအကြံဉာဏ် ရှိလို့လဲ... ပြောပါဦး” ကျန့်ရွေ့ချန် က ဒေါသတကြီးဖြင့် ပြောလိုက်သည်။

“ကြည့်လေ... ကျွန်တော်တို့ သိလာတာ ဒီလောက်တောင် နှစ်တွေ အကြာကြီး ရှိနေပြီကို လက်ဖက်ခြောက်လေး နည်းနည်းကိုတောင် နှမြောနေသေးတယ်... ကျွန်တော် လာတိုင်း လက်ဗလာနဲ့ လာဖူးလို့လား... ကိုယ်တိုင်က မယူတာလေ မဟုတ်ဘူးလား”

ကျန့်ရွေ့ချန်က အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်သည်။ 'ငါက အစိုးရ ဝန်ထမ်းလေကွာ... မင်းက လာတိုင်း အမြဲတမ်း ပစ္စည်းတွေကို မျက်နှာပြောင်တိုက်ပြီး ယူလာတာ... သူများတွေ အတင်းပြောတာ မလုံလောက်သေးလို့လား... ငါ့ အခြေအနေကို မင်း မသိဘူးလား... တမင်သက်သက်... မင်းက ရှင်းရှင်းကြီး တမင်သက်သက် လုပ်နေတာပဲ'

မင်းကို အကြံပေး ခန့်ထားတာ မဟုတ်ဘူးလား... လစာ မပေးထားလို့လား…တစ်နှစ်ကို ယွမ် တစ်ကျပ်... အဲဒါလည်း လစာပဲလေ။

“ကောင်းပါပြီ... ကျွန်တော် ပြောချင်တာက ဒီနှစ်တွေမှာ ကျွန်တော်တို့ နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုက ပိုပိုပြီး ကောင်းလာသလို ဖျော်ဖြေရေး လုပ်ငန်းတွေလည်း ပိုပိုပြီး မြန်ဆန်လာတယ်လေ... ယဉ်ကျေးမှုနဲ့ ဖျော်ဖြေရေး ဈေးကွက်ကို စနစ်တကျ ဖြစ်အောင် လုပ်သင့်ပြီလို့ ထင်ပါတယ်”

ကျန့်ရွေ့ချန်က ဖုန်းယွီကို အချိန်အတော်ကြာ စိုက်ကြည့်နေပြီးနောက် မေးလိုက်သည်။ “မင်း ငါ့ကို လာရှာတာ ဒီကိစ္စအတွက်ပဲလား... ဒါက စီးပွားရေး ဝန်ကြီးဌာနနဲ့ ဆိုင်တယ်လို့ မင်း ထင်နေတာလား”

ကျန့်ရွေ့ချန် ရိပ်မိသွားသည်။ ဖုန်းယွီသည် အလုပ်မရှိ၍ လျှောက်သွားနေခြင်းဖြစ်ပြီး ဤကိစ္စကို ရုတ်တရက် သတိရလာခြင်းသာ ဖြစ်ပေသည်။

“ဘာဖြစ်လို့ ဝန်ကြီးဌာနနဲ့ မဆိုင်ရမှာလဲ... ဈေးကွက် စီးပွားရေး စနစ်ကို ညှိနှိုင်းဖို့၊ ပြုပြင်ဖို့နဲ့ စနစ်တကျ ဖြစ်စေဖို့က စီးပွားရေး ဝန်ကြီးဌာနရဲ့ အလုပ် မဟုတ်ဘူးလား... သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ မူကြမ်းတွေကို စီးပွားရေး ဝန်ကြီးဌာနကပဲ ရေးဆွဲရတာ မဟုတ်ဘူးလား... ကုန်စည်တွေ ပုံမှန်၊ စနစ်တကျ စီးဆင်းဖို့နဲ့ ဖွံ့ဖြိုးတိုးတက်ဖို့ အာမခံချက် ပေးရမှာ စီးပွားရေး ဝန်ကြီးဌာနရဲ့ တာဝန် မဟုတ်ဘူးလား”

“ဝန်ကြီး ဖြစ်နေပြီးတော့... ဒါတွေကို ကျွန်တော်တောင် သိသေးတယ်”

ကျန့်ရွေ့ချန်က လက်ဖြင့် မျက်ခုံးကြားကို ပွတ်ဆွဲလိုက်သည်။ “မင်း ငါ့ကို လာပြီး အလကား စကားတွေ လာမပြောနဲ့... သီးသန့် တာဝန်ယူရတဲ့ ဌာနတွေ ရှိတယ် ဆိုတာကို မင်း မသိဘူးဆိုတာ ငါ လုံးဝ မယုံဘူး... ငါတို့က အများဆုံး သက်ဆိုင်ရာ ဌာနလောက်ပဲ ဖြစ်မှာပါ”

“အလုပ်ကိစ္စကို ဘယ်လိုလုပ်ပြီး အပြင်ကို တွန်းပို့လို့ ရမှာလဲ... လောင်ကျန့် ဒီလို အတွေးအခေါ်မျိုးက မဖြစ်သေးဘူးနော်... လူထု သုံးစွဲတဲ့ ကုန်ပစ္စည်း မှန်သမျှ ဝန်ကြီးဌာနနဲ့ ဆိုင်တယ် ဆိုတာ မမှားဘူး မဟုတ်လား... ယဉ်ကျေးမှု ထုတ်ကုန်တွေ ဆိုတာလည်း ကုန်ပစ္စည်း တစ်မျိုးပဲလေ... ဒါဆိုရင် ဝန်ကြီးဌာနနဲ့ ဆိုင်တာပေါ့”

“သက်ဆိုင်ရာ ဌာနဆိုတာ ဘာလဲ... သာမန် ပြည်သူတွေက ဝန်ကြီးဌာနဆီ အလုပ်လာလုပ်တဲ့အခါ အမုန်းဆုံးက အဲဒီ သက်ဆိုင်ရာ ဌာနဆိုတဲ့ စကားကို ကြားရတာပဲ။ သေချာပေါက် ကျွန်တော် ပြောတာကို အဆုံးထိ နားထောင်ပြီးမှ ဝင်မပါချင်ဘူး ဆိုရင်လည်း ကျွန်တော် ဘာမှ မပြောပါဘူး”

ကျန့်ရွေ့ချန်က အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်သည်။ မင်းက ကိုယ့်ကိုယ်ကိုယ် သာမန်ပြည်သူလို့များ ထင်နေသေးတာလား။ သာမန် ပြည်သူတွေက အပြင်ထွက်ရင် သက်တော်စောင့်တွေ အများကြီး ခေါ်သွားလို့လား... သာမန် ပြည်သူတွေက ကိုယ်ပိုင် လေယာဉ် ရှိလို့လား... ပြီးတော့ အခု နေရာတိုင်းမှာ လုပ်ထုံးလုပ်နည်းတွေကို ရိုးရှင်းအောင် လုပ်ထားပြီး အင်တာနက်ပေါ်ကနေတောင် လမ်းညွှန်မှုတွေ ရှိနေပြီကို ဘယ်လိုလုပ် အလုပ်လုပ်ရ ခက်ခဲနေသေးမှာလဲ။

ပြီးတော့ သာမန် ပြည်သူတွေရဲ့ ကိစ္စတွေက ငါတို့ စီးပွားရေး ဝန်ကြီးဌာန အထိ လာရှာလို့ ရလို့လား... အဲဒါတွေ အားလုံးက အောက်ခြေ ဌာနတွေရဲ့ အလုပ်တွေလေ။

“ကြည့်လေ... ကျွန်တော်တို့နိုင်ငံက အခု နိုင်ငံခြား ယဉ်ကျေးမှု ထုတ်ကုန်တွေကို ပိုပိုပြီး တင်သွင်းလာတယ်... ပြီးတော့ ယဉ်ကျေးမှု ထုတ်ကုန်တွေကို အများဆုံး လက်ခံတဲ့ သူတွေကလည်း လူငယ်တွေ ဖြစ်ပြီး အလယ်တန်း ကျောင်းသားတွေနဲ့ တက္ကသိုလ် ကျောင်းသားတွေက အများဆုံးပဲ”

“သူတို့က ဘဝရဲ့ တန်ဖိုးထားမှုတွေကို စတင် ဖွဲ့စည်းတည်ဆောက်ရမယ့် အရေးကြီးတဲ့ အချိန်ကာလမှာ ရှိနေတာဆိုတော့ ယဉ်ကျေးမှု ထုတ်ကုန် တချို့ရဲ့ လမ်းလွဲခေါ်ဆောင်တာကို ခံရဖို့ လွယ်ကူတယ်... ဘာဖြစ်လို့ လူတော်တော်များများက နိုင်ငံခြားကို ထွက်ချင်နေကြတာလဲ... နိုင်ငံခြား ယဉ်ကျေးမှု ထုတ်ကုန်တွေထဲမှာ ဖော်ပြထားတဲ့ လှပတဲ့ မြင်ကွင်းတွေရဲ့ ဖုံးကွယ်တာကို ခံလိုက်ရလို့ပဲ... တကယ်တမ်း နိုင်ငံခြားကို ရောက်သွားတဲ့ အချိန်ကျမှပဲ ရုပ်ရှင်တွေ၊ ဝတ္ထုတွေထဲကလို ဘဝကြီးက မလှပဘူးဆိုတာကို သူတို့ သိသွားကြတာလေ”

“မင်း ပြောတာတွေကို ငါတို့ သေချာပေါက် သိပါတယ်... အခု နိုင်ငံတော်ကလည်း နိုင်ငံခြား ယဉ်ကျေးမှု ထုတ်ကုန်တွေ တင်သွင်းခွင့်နဲ့ ပတ်သက်ပြီး စိစစ်မှုကို တင်းကျပ်ထားတယ် မဟုတ်ဘူးလား” ကျန့်ရွေ့ချန်က ပြန်မေးလိုက်သည်။

ဤသည်မှာ တကယ်ကို လက်တွေ့ကျသော ပြဿနာ တစ်ခု ဖြစ်သော်လည်း အထက်လူကြီးများက မသိသည်တော့ မဟုတ်ပေ။ အစောကတည်းက တုံ့ပြန်မှုများကို လုပ်ဆောင်ထားပြီး ဖြစ်သည်။ ၎င်းမှာ... ထိုနိုင်ငံများ၏ အမှောင်ဘက်ခြမ်းများကို ပြသခြင်းပင် ဖြစ်ပြီး ဤအချက်အပေါ်တွင် နှစ်ပေါင်းများစွာ ခိုင်မြဲစွာ ရပ်တည်ခဲ့ပေသည်။

“လောင်ကျန့်... ဝန်ကြီးဌာနက သဘောမပေါက်သေးဘူးပဲ... အရာတော်တော်များများက ပိတ်ပင်လေ လူတွေရဲ့ စပ်စုချင်စိတ်ကို ပိုပြီး ဆွဲဆောင်လေပဲ... ခေတ်ဟောင်းတုန်းက တားမြစ်ထားတဲ့ စာအုပ်တွေလိုပေါ့... ဘယ်စာအုပ်ကို တကယ် ပိတ်ပင်နိုင်ခဲ့လို့လဲ... အဲဒီတုန်းက တားမြစ်စာအုပ် ဖတ်ရင် ခေါင်းဖြတ်ခံရမှာနော်”

“ဥပမာ ၈၀ ပြည့်လွန်နှစ်တွေ တုန်းက နိုင်ငံခြား သီချင်းတွေလိုမျိုးလေ... ကျွန်တော်တို့က တင်မသွင်းပေမဲ့ ပြည်တွင်းမှာ နားထောင်တဲ့လူ နည်းသွားလို့လား... အထူးသဖြင့် အဲဒီ လူငယ်တွေက ဒါကို ခေတ်မီတယ်လို့တောင် ပြောင်းပြန် တွေးလိုက်ကြသေးတယ်... ဘာဖြစ်လို့လဲ ဆိုတော့ သူများတွေ နားမထောင်နိုင်တာကို သူတို့ နားထောင်နိုင်လို့ပဲ... ပိတ်ပင်လေလေ သူတို့က ပိုပြီး တောင့်တလေလေပဲ”

ကျန့်ရွေ့ချန်က မျက်မှောင်ကြုတ်လိုက်သည်။ “ဒါဆိုရင် ဘယ်လိုလုပ်သင့်တယ်လို့ မင်း ထင်လဲ”

“အရမ်းလွယ်ပါတယ်... မှန်ကန်တဲ့ လမ်းညွှန်မှုတွေ ပေးရမယ်... ဥပမာ နိုင်ငံခြားက အကြီးအကျယ် ကြော်ငြာထားတဲ့ ဇာတ်ကား တချို့ကို ကျွန်တော်တို့က ရှုထောင့်အသစ်ကနေ အဓိပ္ပာယ် ဖွင့်ဆိုပေးလို့ ရတယ်။ တိုက်တန်းနစ်... ကမ္ဘာပေါ်မှာ အကျော်ကြားဆုံး အချစ်ကား၊ ကပ်ဘေးကားပဲ... ဒါပေမဲ့ အထဲမှာ ဖော်ပြထားတဲ့ တန်ဖိုးထားမှုက ဘယ်လိုမျိုးလဲ... ဂျက်က လောင်းကစား လုပ်ပြီး သင်္ဘောလက်မှတ် နိုင်လာတယ်... ပြီးတော့ သူများ မိန်းမကို သွားကြူတယ် မဟုတ်ဘူးလား”

“ရို့စ်ကျတော့ကော... ဘာမှလည်း မတတ်ဘူး... စေ့စပ်ထားတဲ့ ယောကျ်ားရဲ့ ပိုက်ဆံကို သုံးပြီး ခရီးထွက်လာတယ်။ ပြီးတော့ လူငယ် ပန်းချီဆရာလေး တစ်ယောက်ကို သဘောကျသွားပြီး အဲဒီလူကို သူ့အတွက် ဝတ်လစ်စားလစ် ပန်းချီကား တစ်ချပ် ဆွဲခိုင်းတယ်။ ဒါက အချစ်ကို ပြောနေတာလား... အချစ်ဆိုတာ ဒီလိုမျိုး ဖြစ်သင့်လို့လား”

“ဒါပေမဲ့ ရို့စ်နဲ့ စေ့စပ်ထားတဲ့ လူကျတော့ကော... သူက ဘာအမှား လုပ်မိလို့လဲ... ကိုယ့်ရဲ့စေ့စပ်ထားတဲ့ မိန်းမက တခြားလူနောက် ပါသွားတာကို ထိုင်ကြည့်နေရမှာလား။ ခေါင်းပေါ်မှာ ဦးချို ပေါက်ခံရမှာလား... ဒီလို တန်ဖိုးထားမှုတွေက တကယ်တော့ အမေရိကန်မှာ ဖြစ်ဖြစ်၊ နိုင်ငံအများစုမှာ ဖြစ်ဖြစ် မှားယွင်းနေတာတွေချည်းပဲ... အလှဆင်ခံထားရတာတွေချည်းပဲ”

“တခြားလူတွေက သေချာလေး အလှဆင်ထားပြီး ပရိသတ်တွေရဲ့ အတွေးတွေကို လမ်းလွဲခေါ်ဆောင်သွားတာ သက်သက်ပါ... အခု ကျွန်တော်တို့ တင်သွင်းလာတဲ့ စိစစ်ပြီးသား ရုပ်ရှင်တွေမှာလည်း အတူတူပဲ။ အထဲမှာ သူတို့ရဲ့ တန်ဖိုးထားမှု မျိုးစုံကို ထည့်သွင်းထားတာ မဟုတ်ဘူးလား... ပြီးတော့ အဲဒီ တန်ဖိုးထားမှုတွေကို သူတို့ ကိုယ်တိုင်လည်း သဘောတူချင်မှ တူမှာပါ။ ပရိသတ်တွေ အများကြီးကို အမှန်လို့ ထင်သွားအောင် သူတို့ ဖန်တီးထားတဲ့ အတုအယောင် တန်ဖိုးထားမှုတွေ သက်သက်ပါပဲ”

ပြဿနာကို ရှုထောင့်ပြောင်းပြီး ကြည့်လိုက်ပါက မတူညီသော အဖြေကို ရရှိလာမည် ဖြစ်သည်။

ကျန့်ရွေ့ချန်မှာ သူ ကိုယ်တိုင်လည်း ကြည့်ဖူးခဲ့သော ရုပ်ရှင် တစ်ကားက ဖုန်းယွီ၏ပါးစပ်ထဲတွင် ဤသို့ ဖြစ်သွားလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။ သို့သော် ဖုန်းယွီပြောသည်မှာလည်း အဓိပ္ပာယ် ရှိနေသကဲ့သို့ ဖြစ်နေသည်။

“ဒါဆိုရင် ဘယ်လိုလုပ်မလဲ”

“ဒါကြောင့်မလို့ ကျွန်တော်တို့က ပရိသတ်တွေကို ပြောပြသင့်တယ်... ရုပ်ရှင် ဆိုတာက အချိန်ဖြုန်းဖို့ အရာတွေပါ... လူတွေကို အနားယူဖို့ ဖျော်ဖြေရေး လှုပ်ရှားမှုတွေပါ... အထူးသဖြင့် နိုင်ငံခြား ရုပ်ရှင်တွေ တော်တော်များများက ယုတ္တိမတန်ဘူးလေ... ကျွန်တော်တို့က ကလေးတွေရဲ့ စိတ်ကူးယဉ် ကမ္ဘာလေးကို ဖျောက်ဖျက်ပစ်ချင်တာ မဟုတ်ပါဘူး... သူတို့ကို စိတ်ကူးယဉ် ကမ္ဘာထဲမှာ နှစ်မြုပ်ပြီး ရုန်းမထွက်နိုင် ဖြစ်မှာကို မလိုလားလို့ပါ”

“သေချာပေါက် အနာဂတ်မှာ ကျွန်တော်တို့က ရုပ်ရှင် လုပ်ငန်းကို အားကိုးပြီး တခြား နိုင်ငံတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ကမ္ဘာကို သိမ်းပိုက်ရမယ်... အနာဂတ် ကမ္ဘာကြီးရဲ့ ယဉ်ကျေးမှုနဲ့ ဖျော်ဖြေရေး ဗဟိုချက်က ကျွန်တော်တို့ တရုတ်ဖြစ်သင့်တယ်”

******

All Chapters