← Chapters

အခန်း ၂၂၆၈

Vol. 141 Ch. 2268

အခန်း ၂၂၆၈

Vol. 141 Ch. 2268

အခန်း (၂၂၆၈) ရှေ့ဆက်တိုးခြင်း၊ နက်ရှိုင်းသော ပင်လယ်ပြင်အတွင်းသို့ ဝင်ရောက်ခြင်း

အချိန်ခဏလေးအတွင်းမှာပင် လူတိုင်းမှာ ရှေ့သို့ဆက်လက်ပျံသန်းသွားခဲ့ကြပြီး မကြာမီမှာပင် ဧရာမနှင်းမုန်တိုင်းကြီး၏ စွမ်းအင်မူလဇစ်မြစ်ကို တွေ့ရှိလိုက်ကြတော့သည်။

"ဝုန်း"

ကောင်းကင်နှင့်မြေကြီး ပြင်းထန်စွာတုန်ခါသွားခဲ့သည်။ လူတိုင်း၏အကြည့်များရှေ့မှာပင် အဝေးတစ်နေရာမှနေ၍ ဧရာမအဖြူရောင် လေပွေတန်းကြီးတစ်ခုမှာ ကောင်းကင်ယံသို့ ထိုးတက်သွားခဲ့ပြီး ရေခဲပြင်ဖြင့်ဖုံးလွှမ်းနေသော အာတိတ်သမုဒ္ဒရာ၏အတွင်းမှနေ၍ အဆုံးအစမရှိဘဲ ကောင်းကင်ယံ၏ အနက်ရှိုင်းဆုံးနေရာအထိတိုင်အောင် ဆန့်တန်းနေတော့သည်။

ထိုဧရာမအဖြူရောင် လေပွေတန်းကြီးကို ဗဟိုပြု၍ အချင်းဝက် မိုင်ဆယ်ပေါင်းများစွာရှိသော ဧရာမသမုဒ္ဒရာ လေပွေကြီးတစ်ခုမှာ ပင်လယ်ပြင်၏အပေါ်ယံတွင် ပေါ်ထွက်လာတော့သည်။ ထိုဧရာမလေပွေကြီး၏ အတိုင်းအတာအတွင်း၌ရှိနေသော ကြီးမားသေးငယ်သည့် ရေခဲတုံးများအားလုံးနှင့် ရေထုအမြောက်အမြားမှာ မြင်နိုင်စွမ်းမရှိသော ဧရာမလက်တစ်ဖက်၏ မွှေနှောက်ခြင်းကို ခံလိုက်ရသည့်အလား အလွန်အမင်းပြင်းထန်စွာ လည်ပတ်နေကြပြီး ထွက်ပေါ်လာသောအသံမှာလည်း ကြောက်မက်ဖွယ်ကောင်းလောက်အောင် ကျယ်လောင်လှပေသည်။

ဤမျှသာမက ဤနေရာသို့ ရောက်ရှိလာသည့်အချိန်တွင် လူတိုင်းမှာ ဤနေရာရှိ နှင်းမုန်တိုင်းကြီးမှာ အခြားသောမည်သည့်နေရာနှင့်မျှမတူညီဘဲ စိတ်ကူးယဉ်၍ပင် မရနိုင်လောက်အောင် ကြီးမားကျယ်ပြန့်နေသည်ကို ခံစားသိရှိလိုက်ရတော့သည်။

ကောင်းကင်နှင့်မြေကြီးကြားတွင် နှင်းမြူများမှာ အလွန်ထူထပ်နေတော့သည်။ ထိုနှင်းမြူများမှာ ဝမ်ချောင်၏ ငွေရောင်အလင်းတန်း အကာအကွယ်ကြီးကို ရိုက်ခတ်မိသည့်အခါတွင် သံမှုံများအလား မြည်သံများ ထွက်ပေါ်လာခဲ့ရာ လူတိုင်း၏ရင်ထဲ၌ ထိတ်လန့်သွားစေတော့သည်။

ထိုဧရာမသမုဒ္ဒရာ လေပွေကြီး၏ အလယ်ဗဟိုတွင် ဝမ်ချောင်မှာလည်း အလွန်ပြင်းထန်လှသော ဟင်းလင်းပြင်နှင့်အချိန်၏ တုန်ခါမှုများကို ခံစားသိရှိလိုက်ရတော့သည်။

ပင်လယ်ပြင်၏ အနက်ရှိုင်းဆုံးနေရာသို့ ရောက်ရှိလေလေ ဟင်းလင်းပြင်နှင့်အချိန်၏ တုန်ခါမှုများမှာ ပိုမို၍အစွမ်းထက်လာလေလေဖြစ်ပြီး ယွန်းဂျယ်စိုးမွန်းနှင့် အခြားသောလူများမှာမူ တစ်ယောက်မျက်နှာတစ်ယောက် လှမ်းကြည့်နေကြပြီး ရင်ထဲ၌ တုန်လှုပ်ခြောက်ခြားနေကြတော့သည်။

"ဒီနေရာပဲ"

ဝမ်ချောင်၏ရင်ထဲ၌ ရုတ်တရက် နားလည်သဘောပေါက်သွားတော့သည်။ ကမ္ဘာလောကကြီးတစ်ခုလုံးကို လွှမ်းခြုံထားသော ဤဧရာမနှင်းမုန်တိုင်းကြီး၏ မူလဇစ်မြစ်မှာ ဤနေရာတွင်ရှိနေသည်မှာ သံသယဖြစ်စရာမလိုတော့ပါချေ။ ထို့ပြင် အခြားသောနေရာများနှင့်မတူညီသည်မှာ ဤဟင်းလင်းပြင်နှင့်အချိန်၏ ဂိတ်မှာ ကုန်းမြေပြင်ပေါ်တွင် ရှိနေခြင်းမဟုတ်ဘဲ အာတိတ်သမုဒ္ဒရာ၏ အနက်ရှိုင်းဆုံးသော ပင်လယ်ကြမ်းပြင်တွင် ပုန်းအောင်းနေခြင်းပင်ဖြစ်သည်။

"ဝုန်း"

လူတိုင်း စဉ်းစားတွေးတောနေကြသည့် အချိန်လေးအတွင်းမှာပင် နောက်ထပ်ကျယ်လောင်လှသော ပေါက်ကွဲသံကြီးတစ်ခုမှာ နောက်ကျောဘက်မှနေ၍ ထွက်ပေါ်လာပြန်သည်။

"အဲဒီရှေးဟောင်း ဟို့တွေ နောက်တစ်ကြိမ် ထပ်ပြီးလိုက်ပါလာကြပြန်ပြီ" ခီတန်ဘုရင်မှာ ရုတ်တရက် ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။

ကောင်းကင်ယံရှိ ဧရာမလျှပ်စီးမုန်တိုင်းကြီးမှာ ဝမ်ချောင်၏ ဖျက်ဆီးခြင်းကို ခံလိုက်ရပြီးဖြစ်သော်လည်း ယခုအချိန်တွင်မူ လျှပ်စီးမုန်တိုင်းကြီး တစ်ခုတည်းသာမဟုတ်ဘဲ ဧရာမနှင်းလေဆင်နှာမောင်းကြီးများပါ နောက်တစ်ကြိမ် ထပ်မံ၍ ပုံသဏ္ဍာန် ပြန်လည်ဖြစ်ပေါ်လာခဲ့ပြီဖြစ်သည်။ ဧရာမနှင်းလေဆင်နှာမောင်းကြီးများနှင့် ရှေးဟောင်း ဟို့များ အားလုံးမှာ လူတိုင်းရှိရာ အရပ်ဆီသို့ ထပ်မံ၍ ပြေးဝင်လာကြပြန်သည်။

ယခုလက်ရှိ အမြန်နှုန်းအတိုင်းဆိုပါက ခဏမျှအချိန်လေးအတွင်းမှာပင် လူတိုင်းရှိနေသောနေရာသို့ ရောက်ရှိလာတော့မည်ဖြစ်ပြီး ထိုအချိန်ကျလျှင် ပြင်းထန်လှသောတိုက်ပွဲကြီးတစ်ခုကို ထပ်မံ၍ ရင်ဆိုင်ရတော့မည်မှာ သေချာလှပေသည်။

ဝမ်ချောင်မှာ အဆင်ပြေသေးသည်။ သူ၏ရေခဲစွမ်းအင်သုံး ရှန်ထိုက်မှာ လေပြင်းများနှင့် နှင်းမုန်တိုင်းများအတွင်းမှနေ၍ စွမ်းအင်များကို အဆက်မပြတ် စုပ်ယူနိုင်စွမ်းရှိပေသည်။ သို့သော် လူတိုင်းမှာ ဝမ်ချောင်ကဲ့သို့ မဟုတ်ပါချေ။ တစ်ခါတစ်ရံတွင် သူတို့၏ခန္ဓာကိုယ်အတွင်းရှိ ဂန်ချီစွမ်းအင်များ ကုန်ခမ်းသွားခဲ့မည်ဆိုပါက နိုင်ငံအသီးသီးမှ အစွမ်းထက်သိုင်းပညာရှင်များအနေဖြင့် သေလမ်းတစ်ခုတည်းသာ ရှိတော့မည်ပင်ဖြစ်သည်။

"သွားကြစို့"

တွန့်ဆုတ်ခြင်းအလျဉ်းမရှိဘဲ ဝမ်ချောင်၏ခန္ဓာကိုယ်တစ်ခုလုံးရှိ ဂန်ချီစွမ်းအင်များမှာ မီးတောက်များအလား ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး ကျယ်လောင်သော မြည်ဟည်းသံကြီးများနှင့်အတူ ဧရာမရေလှိုင်းကြီးများမှာ လူတိုင်းကို ချက်ချင်းလွှမ်းခြုံသွားတော့သည်။ ဝမ်ချောင်မှာ ကောင်းကင်ယံသို့ ပျံတက်သွားခဲ့ပြီး လူတိုင်းကိုဦးဆောင်ကာ အာတိတ်သမုဒ္ဒရာအတွင်းရှိ ဧရာမလေပွေကြီးဆီသို့ ပြေးဝင်သွားတော့သည်။

လေပြင်းများ ပြင်းထန်စွာတိုက်ခတ်နေခဲ့ပြီး ကောင်းကင်နှင့်မြေကြီးကိုပင် ဆုတ်ဖြဲပစ်နိုင်လောက်အောင် ပြင်းထန်လှပေသည်။ သမုဒ္ဒရာလေပွေကြီး၏ အလယ်ဗဟိုဆီသို့ ပိုနီးကပ်သွားလေလေ အလွန်အမင်း ကြီးမားလှသော ဆွဲငင်အားကြီးကို ပိုမိုခံစားသိရှိနိုင်လေလေ ဖြစ်သည်။ အာတိတ်သမုဒ္ဒရာမှ ထွက်ပေါ်လာသော ထိုအဖြူရောင်လေပွေတန်းကြီးနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက ယခင်က လူတိုင်းကြုံတွေ့ခဲ့ရသော နှင်းလေဆင်နှာမောင်းကြီးများမှာ ပုရွက်ဆိတ်များနှင့်အလားတူပင်ဖြစ်ပြီး အရေးမပါလှပါချေ။

ထိုနှစ်ခုမှာ လုံးဝယှဉ်ပြိုင်၍မရနိုင်ပါချေ။ ထိုလေပွေကြီး၏အလယ်ဗဟိုရှိ အဖြူရောင်လေပွေတန်းကြီးအတွင်း၌ ပါဝင်နေသော ဖျက်ဆီးခြင်းစွမ်းအားများနှင့် ဟင်းလင်းပြင်နှင့်အချိန်ကို ဖျက်ဆီးပစ်နိုင်သောစွမ်းအားများမှာ တောင်ကြီးများကို လွယ်ကူစွာဖျက်ဆီးပစ်နိုင်ပြီး အခိုင်ခံ့ဆုံးသောသတ္တုများကိုပင်လျှင် အလွယ်တကူ ဆုတ်ဖြဲပစ်နိုင်စွမ်းရှိပေသည်။

ထိုကဲ့သို့သော ကြောက်မက်ဖွယ်ကောင်းလှသည့် စွမ်းအားကြီးမှာ မည်သည့်အစွမ်းထက်သိုင်းပညာရှင်ကိုမဆို အစွန်းဆုံအထိ တုန်လှုပ်ခြောက်ခြားသွားစေနိုင်ပြီး တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်ယင်သွားစေနိုင်စွမ်း ရှိပေသည်။ ဝမ်ချောင်အတွက်ပင်လျှင် အလွန်အမင်းကြီးမားလှသော အန္တရာယ်ကြီးတစ်ခု ဖြစ်သည်။ အကယ်၍ ဝမ်ချောင်သာ မတော်တဆ အလွဲအချော်တစ်ခုခုဖြစ်ပြီး ၎င်း၏အတွင်းသို့ ရောက်ရှိသွားခဲ့မည်ဆိုပါက သူ၏ဂန်ချီစွမ်းအင်များမှာ များစွာလျော့နည်းသွားရုံမျှသာမက ပြင်းထန်စွာ ဒဏ်ရာရရှိသွားနိုင်ခြေလည်း ရှိပေသည်။

၎င်း၏အတွင်း၌ရှိနေသော ဖျက်ဆီးခြင်းခံထားရသည့် ဟင်းလင်းပြင်နှင့်အချိန်၏စွမ်းအားများမှာ ဂူကောင်းကင်အဆင့်ရှိ မည်သည့်အစွမ်းထက်သိုင်းပညာရှင်ကိုမဆို အလွယ်တကူ သက်ရောက်မှု ရှိနိုင်စွမ်းရှိပေသည်။

ရေပန်းများ လွင့်စင်သွားခဲ့ပြီး ကျယ်လောင်လှသော မြည်ဟည်းသံကြီးတစ်ခုနှင့်အတူ ဝမ်ချောင် ဦးဆောင်သောလူစုမှာ လေထဲ၌ တစ်ချက်လှုပ်ရှားသွားခဲ့ကာ ကြယ်တံခွန်တစ်ခုအလား မျက်တောင်တစ်ခတ်အတွင်းမှာပင် အာတိတ်သမုဒ္ဒရာ၏ ရေခဲပြင်ကြီးကို ဖောက်ထွင်းသွားခဲ့သည်။ အဆုံးအစမရှိသော အေးစက်လှသည့်ပင်လယ်ရေထု၏အတွင်းသို့ စူးစူးဝါးဝါးဖြင့် ဝင်ရောက်သွားတော့သည်။

ပတ်ဝန်းကျင်မှ ပင်လယ်ရေများ အဆက်မပြတ်ဝင်ရောက်လာခဲ့ပြီး အာတိတ်သမုဒ္ဒရာ၏အတွင်းသို့ ရောက်ရှိသွားသည့် မျက်တောင်တစ်ခတ်အတွင်းမှာပင် မျက်စိရှေ့မှအရာများမှာ ရုတ်တရက် မှောင်မိုက်သွားခဲ့ပြီး အခြားသောကမ္ဘာကြီးတစ်ခုသို့ ရောက်ရှိသွားသကဲ့သို့ပင် ဖြစ်နေတော့သည်။

ကုန်းမြေပြင်နှင့်မတူညီသည်မှာ ဤနေရာမှာ အလွန်အမင်း အထီးကျန်ဆန်လှပြီး မှောင်မိုက်နေကာ သက်ရှိ လုံးဝရှိမနေသော တိတ်ဆိတ်ငြိမ်သက်မှုကြီးသာလျှင်ဖြစ်သည်။ လှုပ်ရှားနေသော အေးစက်လှသည့်ပင်လယ်ရေများမှလွဲ၍ အခြားဘာကိုမျှ မမြင်တွေ့ရတော့ပါချေ။

"အားလုံးပဲ သတိထားကြပါ၊ အချိန်မရွေးတိုက်ခိုက်ဖို့ အဆင်သင့်ပြင်ထားကြ"

ထိုအချိန်မှာပင် မိစ္ဆာဧကရာဇ်အဘိုးအို၏အသံမှာ လူတိုင်း၏နားထဲသို့ ရုတ်တရက် ဝင်ရောက်လာတော့သည်။

ဝမ်ချောင်ပဲဖြစ်စေ၊ အခြားသောလူများအားလုံးပဲဖြစ်စေ ဤအခိုက်အတန့်၌ ခန္ဓာကိုယ်တစ်ခုလုံးကို တင်းကျပ်ထားခဲ့ပြီး စိတ်အာရုံများကို အလွန်အမင်း စုစည်းထားကြတော့သည်။ တိုက်ခိုက်မှုများမှာ မည်သည့်အချိန်တွင်မဆို ကျရောက်လာနိုင်သည်ကို လူတိုင်းက ကောင်းကောင်းသိရှိထားကြပြီး ဤတစ်ကြိမ်ခရီးစဉ်၏ နောက်ဆုံးပန်းတိုင်သို့ ရောက်ရှိတော့မည်ကို အပြည့်အဝ နားလည်သဘောပေါက်ထားကြပြီဖြစ်သည်။

ထိုဝတ်ရုံမည်းဝတ် အဖွဲ့အစည်းကြီးမှာ ဤမျှလောက်အထိ ကြီးမားလှသောကိစ္စများကို စီစဉ်ညွှန်ကြားထားခဲ့ပြီး ကုန်းမြေဒေသကြီးတစ်ခုလုံးရှိ မရေမတွက်နိုင်သောသက်ရှိများကို သူတို့၏အသုံးချခံများ၊ စတေးခံများအဖြစ်သို့ ပြောင်းလဲပစ်ခဲ့သူများဖြစ်ရာ ဤနေရာတွင် သူတို့အနေဖြင့် မည်သည့်ကာကွယ်ရေးနည်းလမ်းမျိုးကိုမျှ မလုပ်ဆောင်ဘဲ မနေပါချေ။

ပိုမို၍နက်ရှိုင်းသောနေရာသို့ ရောက်ရှိသွားလေလေ အန္တရာယ် ပိုမိုများပြားလေလေဖြစ်သည်။ အကယ်၍ တစ်စုံတစ်ရာအမှားအယွင်း ဖြစ်သွားခဲ့မည်ဆိုပါက ဤနေရာမှာ အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းသော ပြန်လမ်းမဲ့နေရာတစ်ခု ဖြစ်သွားတော့မည်ဖြစ်သည်။

သို့သော် မည်သို့ပင်ဖြစ်စေ လူတိုင်းမှာ နောက်ဆုတ်သွားရန်ဟူ၍ လုံးဝမရှိပါချေ။ မိမိလူမျိုးများအတွက်ဖြစ်စေ၊ ဤကမ္ဘာလောကကြီးအတွက်ဖြစ်စေ လူတိုင်းအနေဖြင့် ဤဧရာမနှင်းမုန်တိုင်းကြီးကို မဖြစ်မနေတားဆီးရမည်သာဖြစ်သည်။ ဤအချက်နှင့်ပတ်သက်၍ ကုန်းမြေဒေသကြီးရှိ နိုင်ငံအသီးသီးနှင့် မဟာထန်၏ ရပ်တည်ချက်များမှာ အပြည့်အဝ တူညီနေတော့သည်။

မီတာငါးရာ

မီတာခုနစ်ရာ

တစ်လမ်းလုံး ပိုမို၍နက်ရှိုင်းသောနေရာသို့ ရောက်ရှိသွားခဲ့ပြီး ပင်လယ်ရေမျက်နှာပြင်နှင့်လည်း ပိုမို၍ဝေးကွာသွားခဲ့ပြီဖြစ်ရာ ပတ်ဝန်းကျင်မှာ လုံးဝမှောင်မိုက်နေခဲ့ပြီး ဖိအားများမှာလည်း တစ်စထက်တစ်စ ပိုမိုကြီးမားလာနေတော့သည်။

သမုဒ္ဒရာ၏အတွင်း၌ လူတိုင်းအနေဖြင့် နတ်ဘုရားအဖွဲ့အစည်းကြီး၏ ခြိမ်းခြောက်မှုများကို ရင်ဆိုင်နေရရုံမျှမက ဘေးပတ်ဝန်းကျင်ရှိ နက်ရှိုင်းသောပင်လယ်ရေ၏ဖိအားများနှင့် အသက်ရှူရခက်ခဲမှုများကိုပါ ရင်ဆိုင်နေကြရတော့သည်။

ပင်လယ်၏ အနက်ရှိုင်းဆုံးနေရာများတွင် အောက်ဆီဂျင် လုံးဝမရှိပါချေ။

"ငါ ပေးထားတဲ့ အရွက်လေးတွေကို ထုတ်လိုက်ကြတော့"

ဝမ်ချောင်မှာ သူ၏စိတ်စွမ်းအင်ကို အစွမ်းကုန်ဖြန့်ကျက်ထားခဲ့ပြီး ပင်လယ်ကြမ်းပြင်ကို အဆက်မပြတ် စူးစမ်းလေ့လာကာ ပတ်ဝန်းကျင်၏လှုပ်ရှားမှုများကို စောင့်ကြည့်နေရင်း လူတိုင်းကို ပြောလိုက်တော့သည်။

ငွေရောင်အလင်းတန်း အကာအကွယ်ကြီး၏အတွင်း၌ လူတိုင်းမှာ စိတ်အာရုံလှုပ်ရှားသွားခဲ့သည်။ ခရီးစဉ်မစတင်မီအချိန်ကတည်းက ဝမ်ချောင် ပေးအပ်ထားခဲ့သော ထိုထူးဆန်းလှသည့် မြစိမ်းရောင်အရွက်လေးများကို လျင်မြန်စွာပင် ထုတ်ယူလိုက်ကြပြီး ပါးစပ်အတွင်းသို့ ထည့်သွင်းလိုက်ကြတော့သည်။

ဤအရွက်လေးများမှာ ဝမ်ချောင်က မြေကြီး၏ကိုယ်ပွားကိုအသုံးပြု၍ ပြိုကျပျက်စီးသွားခဲ့ပြီဖြစ်သော မြေအောက် တာလော့နန်းတော်၏အတွင်းမှ အထူးတလည် ရှာဖွေစုဆောင်းထားခဲ့ခြင်းပင်ဖြစ်သည်။

ဤထူးခြားလှသော အရွက်လေးများမှာ ပါးစပ်အတွင်း၌ ထည့်သွင်းထားရုံဖြင့် မည်သည့်ပတ်ဝန်းကျင်မျိုးတွင်မဆို အသုံးပြုသူအား အချိန်အတိုင်းအတာတစ်ခုအထိ အောက်ဆီဂျင်ကို ပံ့ပိုးပေးနိုင်စွမ်းရှိပေသည်။

"အားလုံးပဲ မှတ်ထားကြပါ။ ငါ ပေးထားတဲ့ ဒီအရွက်လေးတွေက အချိန်အများဆုံး တစ်နာရီခန့်သာ ခံနိုင်ရည်ရှိလိမ့်မယ်။ ဒီအချိန်ကာလအတွင်းမှာ ဘာပဲဖြစ်ဖြစ် တာဝန်ကို အောင်မြင်အောင် လုပ်ဆောင်ရပါမယ်" ဝမ်ချောင်က သူ၏အာရုံစိတ်ခံစားမှုဖြင့် လူတိုင်းကို ဆက်သွယ်ပြောဆိုလိုက်တော့သည်။

"အင်း" လူတိုင်းမှာ ခေါင်းကိုအသီးသီး ညိတ်ပြလိုက်ကြပြီး မျက်ဝန်းထဲ၌ ခိုင်မာပြတ်သားနေသော အရိပ်အယောင်များ ရုတ်တရက် ပေါ်ထွက်လာတော့သည်။

မီတာတစ်ထောင်

မီတာတစ်ထောင်နှစ်ရာ

……

ဝမ်ချောင်က လူတိုင်းကိုဦးဆောင်လျက် အမြန်နှုန်းမြှင့်တင်ကာ ပိုမို၍နက်ရှိုင်းသောနေရာသို့ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။ ဝမ်ချောင်၏ အာရုံခံစားမှုအတွင်း၌ ပင်လယ်ပြင်၏အတွင်းတွင် မသိရှိရသေးသော သက်ရှိများ တဖြည်းဖြည်း ပေါ်ထွက်လာတော့သည်။

ဝမ်ချောင်မှာ ဤအရာများကို ဂရုစိုက်နေခြင်းမရှိပါချေ။ ဤနေရာမှာ နတ်ဘုရားအဖွဲ့အစည်းကြီး၏ အရေးပါသောစခန်းဌာနချုပ်တစ်ခုဖြစ်ပြီး ဆင့်ကဲပြောင်းလဲခြင်းအစီအစဉ်၏ အရေးအကြီးဆုံးသောနေရာတစ်ခုဖြစ်ရာ အကာအကွယ်များစွာ ရှိနေမည်မှာ သေချာလှပေသည်။

အရေးတကြီးလုပ်ဆောင်ရမည့်ကိစ္စမှာ အမြန်ဆုံး အရင်းအမြစ်ကို ရှာဖွေတွေ့ရှိပြီး ထိုမသိရှိသေးသော ဟင်းလင်းပြင်နှင့်အချိန်၏ဂိတ်ကို ပိတ်ပင်တားဆီးရန် သာလျှင်ဖြစ်သည်။

"အဲဒီနေရာမှာ"

ဝမ်ချောင်၏ စိတ်အာရုံမှာ အလွန်စုစည်းနေခဲ့ပြီး သူ၏သတိအာရုံမှာ အာတိတ်သမုဒ္ဒရာ၏အတွင်းရှိ ထိုဧရာမသမုဒ္ဒရာလေပွေကြီးကို အမိအရ ဆုပ်ကိုင်ထားလိုက်တော့သည်။ ဤမှောင်မိုက်နေသော အာတိတ်သမုဒ္ဒရာ၏ အနက်ရှိုင်းဆုံးနေရာတွင် ဤအရာမှာ တစ်ခုတည်းသော မှတ်တိုင်ပင်ဖြစ်သည်။

ဝမ်ချောင်မှာ နက်ရှိုင်းသောနေရာသို့ တစ်လျှောက်လုံး ဆက်လက်တိုးဝင်သွားခဲ့ပြီး စိတ်အာရုံလေ့လာစူးစမ်းမှုများ ပြုလုပ်ရင်း နောက်ဆုံးတွင် မတူညီသောအရာအချို့ကို ရုတ်တရက် ရှာဖွေတွေ့ရှိသွားတော့သည်။

ပြောရမည်ဆိုလျှင် အလွန်လျင်မြန်လွန်းလှပေသည်။ ဟိန်းဟောက်သံကြီးများနှင့်အတူ အရပ်လေးမျက်နှာမှနေ၍ လျှို့ဝှက်ဆန်းကြယ်လှသော ဧရာမအရိပ်မည်းကြီးများမှာ ရုတ်တရက် ပေါ်ထွက်လာတော့သည်။ ဤအရိပ်မည်းကြီးများမှာ ငါးမန်းများနှင့် အနည်းငယ် ဆင်တူနေခဲ့သည်ဆိုသော်ငြားလည်း ခန္ဓာကိုယ်တစ်ခုလုံးမှာ ဖြူဖွေးနေပြီး ကျောရိုးပိုင်းမှာသာလျှင် အနက်ရောင်ဖြစ်နေတော့သည်။ ထို့ပြင် သူတို့၏အရွယ်အစားမှာလည်း ငါးမန်းများထက် များစွာပိုမို၍ ကြီးမားနေတော့သည်။

ဤမျှသာမက သူတို့၏ခွန်အားများနှင့် ခန္ဓာကိုယ်၏တောင့်တင်းခိုင်မာမှုများမှာ ကြည့်ရသည်မှာ အလွန်အမင်း အန္တရာယ်များလှပြီး သာမန်ပင်လယ်ရေသတ္တဝါများ၏ အတန်းအစားအတွင်းသို့ ထည့်သွင်းသတ်မှတ်၍ မရနိုင်ပါချေ။

ဝမ်ချောင်၏ စိတ်အာရုံ လှုပ်ရှားသွားခဲ့ပြီး ညာဘက်လက်ချောင်းများကို ဓားအလား ပြောင်းလိုက်ကာ ယခင်အချိန်ကအတိုင်းပင် ဤပင်လယ်ရေသတ္တဝါကြီးများကို အကုန်အစင် သတ်ဖြတ်ပစ်ရန် ပြင်ဆင်လိုက်တော့သည်။

"ခဏလောက်စောင့်ဦး"

ထိုအချိန်မှာပင် ရင်းနှီးကျွမ်းဝင်နေသော အသံတစ်ခုမှာ လူတိုင်း၏နားထဲသို့ ရုတ်တရက် ဝင်ရောက်လာတော့သည်။

"မျိုးနွယ်ခြားဘုရင်၊ ရှင့်ရဲ့စွမ်းရည်က အရမ်းကိုထက်မြက်တယ်ဆိုတာကို ကျွန်မသိပါတယ်။ ရှင်က ကျွန်မတို့ကို ကာကွယ်ပေးချင်တယ်ဆိုတာကိုလည်း ကျွန်မသိပါတယ်။ ဒါပေမဲ့ ဧရာမနှင်းမုန်တိုင်းကြီးဆိုတာ မဟာထန်တစ်နိုင်ငံတည်းရဲ့ကိစ္စ မဟုတ်ပါဘူး၊ ကျွန်မတို့နိုင်ငံအသီးသီးအားလုံးနဲ့လည်း တိုက်ရိုက် ပတ်သက်ဆက်နွယ်နေတာပါ" ငွေရောင်အလင်းတန်း အကာအကွယ်ကြီး၏အတွင်း၌ ရှီဘုရင်မမှာ ရုတ်တရက် ပြောလိုက်တော့သည်။ သူမ၏မျက်နှာအမူအရာမှာ အလွန်အမင်း တည်ကြည်လေးနက်နေခဲ့သည်။

"ဒီလိုသာမန်ခြိမ်းခြောက်မှုလေးတွေကို ငါတို့ကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းပါရစေ။ ခဏနေရင် ပိုမိုကြီးမားလှတဲ့ ခြိမ်းခြောက်မှုကြီးနဲ့ ပြိုင်ဘက်ကြီးတွေကို မင်း ဝင်တိုက်ခိုက်ရဦးမှာ မဟုတ်ဘူးလား။ အဲဒီမတိုင်ခင်မှာ မင်းရဲ့စွမ်းအင်တွေကို အရမ်းဖြုန်းတီးပစ်တာမျိုး မဖြစ်သင့်ဘူးလေ။ ဒါက မင်းက ငါတို့ကို ဒီနေရာကို ခေါ်ဆောင်လာခဲ့တဲ့ ရည်ရွယ်ချက်မဟုတ်ဘူးလား"

ဝမ်ချောင်မှာ ရင်ထဲ၌ အနည်းငယ်မျှ အံ့ဩသွားခဲ့ပြီး မသိစိတ်အရပင်လျှင် ခေါင်းကိုလှည့်ကာ တစ်ချက်လှမ်းကြည့်လိုက်ရာ အရပ်လေးမျက်နှာတွင် ယွန်းဂျယ်စိုးမွန်း၊ ဝူဆူမစ်ရှ် ခါဂန်းနှင့် အခြားသောလူများအားလုံးမှာ သူ့ကိုကြည့်ကာ လေးနက်စွာဖြင့် ခေါင်းညိတ်ပြနေကြသည်ကို မြင်တွေ့လိုက်ရတော့သည်။

ဤအရာမှာ အခြားသောလူများအားလုံး၏ ရင်ထဲရှိအတွေးများ ဖြစ်သည်မှာ သေချာလှပေသည်။

ဤမြောက်ဝင်ရိုးစွန်းခရီးစဉ်တွင် လူတိုင်းမှာ ဧရာမနှင်းမုန်တိုင်းကြီးကို ဖျက်ဆီးပစ်နိုင်ရန်အတွက် မိမိတို့၏အစွမ်းအစများကို အစွမ်းကုန် ကြိုးပမ်းအားထုတ်လိုနေကြခြင်း ပင်ဖြစ်သည်။

"ကောင်းပြီ"

ဝမ်ချောင်မှာ အချိန်အကြာကြီး စဉ်းစားမနေခဲ့ပါချေ။ လျင်မြန်စွာပင် ခေါင်းညိတ်ပြလိုက်ပြီး တစ်ချိန်တည်းမှာပင် စိတ်အာရုံကိုစုစည်းကာ နက်ရှိုင်းသော ပင်လယ်ကြမ်းပြင်ဆီသို့ အပြည့်အဝ စူးစိုက်လိုက်တော့သည်။

ခရီးစဉ်၏ပန်းတိုင်သို့ ပိုမိုနီးကပ်သွားလေလေ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်နှင့်အချိန်၏ တားဆီးမှုများနှင့် အနှောင့်အယှက်များမှာ ပိုမို၍သိသာထင်ရှားလာလေလေဖြစ်ရာ ဝမ်ချောင်အနေဖြင့် အာရုံလွှဲရန် အချိန်မရှိတော့ပါချေ။

"ဝုန်း ဝုန်း ဝုန်း"

အချိန်ခဏလေးအတွင်းမှာပင် ထိုပင်လယ်ရေသတ္တဝါကြီးများမှာ လျင်မြန်စွာပင် နီးကပ်လာခဲ့ပြီး လူတိုင်းကို စတင်တိုက်ခိုက်လာကြတော့သည်။

ဤပင်လယ်ရေသတ္တဝါကြီးများမှာ တစ်ကောင်စီတိုင်းမှာ ဆယ်မီတာကျော်ခန့် ရှည်လျားပြီး ကြေးနီအရေပြားနှင့် သံမဏိအရိုးများကို ပိုင်ဆိုင်ထားကြတော့သည်။ ထို့ပြင် အလွန်ထူထဲပြီး ကြောက်မက်ဖွယ်ကောင်းလှသော အစွယ်များကိုလည်း ပိုင်ဆိုင်ထားကြတော့သည်။

အကယ်၍ ကုန်းမြေပြင်ပေါ်တွင်ဆိုပါက ဤပင်လယ်ရေသတ္တဝါကြီးများမှာ အနည်းငယ်မျှပင် ခြိမ်းခြောက်နိုင်စွမ်းရှိမည် မဟုတ်ပါချေ။ သို့သော် သမုဒ္ဒရာ၏အတွင်း၌ဆိုပါက ဤသားရဲကြီးများမှာ အကြီးမားဆုံးသော သတ်ဖြတ်သူကြီးများပင် ဖြစ်သည်။

ဝုန်း… နက်ရှိုင်းလှသော ပင်လယ်ရေလှိုင်းသံများ၏အတွင်း၌ ပင်လယ်ရေသတ္တဝါကြီး တစ်ကောင်ပြီးတစ်ကောင်မှာ ရေစီးကြောင်းကို မွှေနှောက်လျက် လေးကြိုးမှ လွတ်ထွက်သွားသော မြှားများအလား အရပ်လေးမျက်နှာမှနေ၍ လူတိုင်းရှိရာအရပ်ဆီသို့ ပြေးဝင်လာကြတော့သည်။

သူတို့၏ အလွန်ထက်မြက်လှသော အစွယ်များကို ထည့်သွင်းမတွက်ချက်လျှင်ပင် ဤနက်ရှိုင်းလှသော ပင်လယ်ပြင်တွင် ပြေးဝင်လာသောအရှိန်နှင့်တင် ဧကရာဇ်စစ်သည်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

လူတိုင်းမှာ မျက်မှောက်ကာလ၏ ထိပ်တန်းအစွမ်းထက် သိုင်းပညာရှင်များဖြစ်ကြရာ ဤကဲ့သို့သော ပင်လယ်ရေသတ္တဝါကြီးတစ်ကောင်မှာ အနည်းငယ်မျှပင် ခြိမ်းခြောက်နိုင်စွမ်း မရှိပါချေ။ သို့သော် ထောင်နှင့်ချီသော ပင်လယ်ရေသတ္တဝါကြီးများဆိုပါကမူ လုံးဝမတူညီတော့ပေ။

အဘယ်ကြောင့်ဆိုသော် ဤနက်ရှိုင်းလှသော ပင်လယ်ပြင်တွင် လူတိုင်း၏စွမ်းရည်များမှာ အလွန်အမင်း ကန့်သတ်ခံထားရသောကြောင့်ပင် ဖြစ်သည်။

တစ်ဖက်က အားနည်းသွားပြီး တစ်ဖက်က အားသာနေသည့် ဤအခြေအနေမှာ လူတိုင်းအနေဖြင့် လုံးဝလျစ်လျူရှု၍မရနိုင်သော အခြေအနေတစ်ခုပင်ဖြစ်သည်။

"တိရစ္ဆာန်အုပ်စု၊ သေကြစမ်း"

အရပ်လေးမျက်နှာမှနေ၍ ပြေးဝင်လာကြသော ပင်လယ်ရေသတ္တဝါကြီးများကို ခံစားသိရှိလိုက်ရသည့်အခါတွင် ရှီဘုရင်မ၏ လှပသောမျက်နှာအမူအရာပေါ်တွင် ဒေါသတကြီး သတ်ဖြတ်လိုသော အရိပ်အယောင်များ ရုတ်တရက် ပေါ်ထွက်လာတော့သည်။ သူမ၏လက်ချောင်းသွယ်သွယ်လေးများမှာ အလွန်အမင်း နူးညံ့လှပနေခဲ့ပြီး လက်ချောင်းများကို အသာအယာ ဖိညှစ်လိုက်သည့်တစ်ခဏတွင် ဘေးပတ်ဝန်းကျင်ရှိ ပင်လယ်ရေများမှာ ရေခဲအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ငါးပေခန့်ရှည်လျားကာ လက်ညှိုးအရွယ်အစားခန့်ရှိသော အလွန်ထက်မြက်လှသည့် နှင်းဆူးချွန်လေးများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

ရွှမ်း ရွှမ်း ရွှမ်း…

ထိုငါးပေခန့်ရှည်လျားသော နှင်းဆူးချွန်လေးများမှာ ပုံသဏ္ဍာန် ဖြစ်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ပင်လယ်ရေကို ဖောက်ထွင်းသွားသည့်အသံများ အဆက်မပြတ် ထွက်ပေါ်ခဲ့ကာ အရပ်လေးမျက်နှာတွင် ရှိနေသော ပင်လယ်ရေသတ္တဝါကြီးများဆီသို့ လျင်မြန်စွာဖြင့် ပြေးဝင်သွားတော့သည်။

ရှီဘုရင်မမှာ ခွန်အားသက်သက်ဖြင့် ရိုးရိုးရှင်းရှင်း တိုက်ခိုက်ခြင်းမဟုတ်ပါချေ။ သူမသည် ထိုနှင်းဆူးချွန်လေးများကို အလွန်တိကျစွာဖြင့် ထိုပင်လယ်ရေသတ္တဝါကြီးများ၏ မျက်လုံးများဆီသို့ အပြင်းအထန် ထိုးသွင်းလိုက်ခြင်းဖြစ်ပြီး ထိုအားအနည်းဆုံးဖြစ်သော နေရာများမှတစ်ဆင့် သတ္တဝါများ၏ ဦးနှောက်အတွင်းသို့ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်သွားစေခဲ့ခြင်းဖြစ်သည်။

ပွတ် ပွတ် ပွတ်

ထက်ရှလှသောလက်နက်များမှာ သွေးသားများကို ဖောက်ထွင်း ဝင်ရောက်သွားသည့်အသံများ အဆက်မပြတ် ထွက်ပေါ်လာခဲ့ပြီး ထိုပင်လယ်ရေသတ္တဝါကြီးများမှာလည်း ချက်ချင်းပင် ပြင်းထန်စွာဒဏ်ရာရရှိသွားခဲ့ကာ သွေးများ ရေပြင်တွင် ရုတ်တရက် ပန်းထွက်လာတော့သည်။ ထိုရှည်လျားလှသော ခန္ဓာကိုယ်ကြီးများမှာလည်း နာကျင်မှုကို ပြင်းထန်စွာခံစားလိုက်ရသည့်အတွက် လူးလှိမ့်သွားတော့သည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် ဤပင်လယ်ရေသတ္တဝါကြီးများမှာ ချက်ချင်း ပြန်လည်လှုပ်ရှားနိုင်စွမ်းမရှိတော့ဘဲ ဝမ်းဗိုက်ပိုင်း အပေါ်သို့ လန်တက်သွားကာ ပင်လယ်မျက်နှာပြင်ဆီသို့ ပေါ်တက်လာတော့သည်။

ဆယ်ကောင်၊ အနှစ်ဆယ်၊ ခုနစ်ဆယ်ခန့်......

အချိန်ခဏလေးအတွင်းမှာပင် အကောင်တစ်ရာကျော်ခန့်ရှိသော ပင်လယ်ရေသတ္တဝါကြီးများမှာ ရှီဘုရင်မ၏ တိုက်ခိုက်မှုအောက်တွင် အသီးသီး အသက်သေဆုံးသွားခဲ့ကြပြီး အခြားသော ပင်လယ်ရေသတ္တဝါကြီးများမှာမူ လူတိုင်း၏ဘေးပတ်ဝန်းကျင် အကွာအဝေး မီတာသုံးဆယ်ခန့်ထက် ပို၍နီးကပ်စွာ ရောက်ရှိနိုင်စွမ်း လုံးဝမရှိတော့ပါချေ

******

All Chapters