← Chapters

အခန်း ၂၂၇၁

Vol. 141 Ch. 2271

အခန်း ၂၂၇၁

Vol. 141 Ch. 2271

အခန်း (၂၂၇၁) ထူးဆန်းလှသော ပင်လယ်ရေသတ္တဝါ ရုပ်တုများ

"တွေ့ပြီ၊ လမ်းကြောင်းက ဒီနေရာမှာပဲ"

ဝမ်ချောင်စဉ်းစားတွေးတောနေသည့် အချိန်လေးအတွင်းမှာပင် ရုတ်တရက် အသံတစ်ခုမှာ နားထဲသို့ ဝင်ရောက်လာခဲ့သည်။ ရှေ့သို့ တစ်လျှောက်လုံး တိုးဝင်သွားပြီးနောက် နောက်ဆုံးတွင် လူတိုင်းမှာ ရှာဖွေတွေ့ရှိမှု အသစ်များကို ထပ်မံ၍ တွေ့ရှိလိုက်ကြပြန်သည်။

ထိုခန်းမကြီးများ၏ အဆုံးတွင် အလွန်အမင်း ရှည်လျားလှသော လိုဏ်ခေါင်းကြီးတစ်ခုမှာ လူတိုင်း၏ မျက်စိရှေ့တွင် ရုတ်တရက် ပေါ်ထွက်လာတော့သည်။

ဤလိုဏ်ခေါင်းကြီးမှာ ထူထဲလှသော ရေခဲပြင်ကြီးနှင့် အနည်းငယ် ဆင်တူနေပေသည်။ လိုဏ်ခေါင်းကြီးမှာ အလွန်အမင်း နက်ရှိုင်းလှပြီး အေးစက်လှသော အအေးဒဏ်များ ထွက်ပေါ်နေကာ မည်သည့်နေရာသို့ ဆက်သွယ်ထားသနည်းဆိုတာကိုမူ မသိရှိရပါချေ။

သို့သော် ဤကဲ့သို့ ဖြစ်နေသည်ဆိုသော်ငြားလည်း လူတိုင်းမှာ သူတို့ သွားရမည့် လမ်းကြောင်းမှာ ဤနေရာ ပင်ဖြစ်သည်ကို သေချာပေါက် သိရှိနေကြသည်။ အဘယ်ကြောင့်ဆိုသော် လိုဏ်ခေါင်းကြီး၏ အတွင်းမှနေ၍ အလွန်အမင်း ပြင်းထန်လှသော ဟင်းလင်းပြင်နှင့် အချိန်၏တုန်ခါမှုများနှင့် နှင်းမုန်တိုင်းကြီး၏ စွမ်းအင်များ အဆက်မပြတ် ထွက်ပေါ်လာနေသောကြောင့် ပင်ဖြစ်သည်။

"အားလုံးပဲ သတိထားကြပါ၊ နတ်ဘုရားအဖွဲ့အစည်းကြီးရဲ့ လူတွေ အနီးအနားမှာ သေချာပေါက် ရှိနေရမယ်"

ဝမ်ချောင်၏မျက်ဝန်းထဲ၌ အလင်းတန်းတစ်ချက် လက်သွားခဲ့ပြီး လျင်မြန်စွာပင် သတိပြန်ဝင်လာကာ သတိပေးလိုက်တော့သည်။

အစောပိုင်းကတည်းက ယခုအချိန်အထိ ဤနေရာမှာ အလွန်အမင်း တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။ သို့သော် ဝမ်ချောင်မှာမူ အရာရာတိုင်းမှာ အပြင်ပန်းတွင် မြင်တွေ့နေရသလောက် လုံးဝရိုးရှင်းနေမည် မဟုတ်ကြောင်းကို အပြည့်အဝ ယုံကြည်နေတော့သည်။

ထိုခန်းမကြီးများ အတွင်းရှိ အရိုးစုများကပင် ပြဿနာကို အပြည့်အဝ ရှင်းပြနေပြီ ပင်ဖြစ်သည်။

ယခုလက်ရှိ အေးချမ်းငြိမ်သက်နေမှုများမှာ နှင်းမုန်တိုင်းကြီး မလာမီ တိတ်ဆိတ်ငြိမ်သက်နေမှု သက်သက်သာလျှင် ဖြစ်ပေသည်။

ဝမ်ချောင်မှာ မြင်းတစ်ကောင်အလား ရှေ့ဆုံးမှနေ၍ ဦးဆောင်သွားခဲ့ပြီး ထိုရေခဲပြင်အလား အလွန်အမင်း နက်ရှိုင်းလှသော လိုဏ်ခေါင်းကြီး၏အတွင်းသို့ ဦးစွာ ဝင်ရောက်သွားတော့သည်။

လိုဏ်ခေါင်းကြီး၏အတွင်း၌ တွေးတောမှန်းဆထားသည်ထက် များစွာပို၍အေးခဲနေခဲ့သည်။ ဝမ်ချောင်မှာ လမ်းလျှောက်သွားသည့်အခါ အလွန်အမင်း အေးစက်လှသော အအေးဒဏ်ကြီးတစ်ခုမှာ ခြေဖဝါးမှနေ၍ အဆက်မပြတ် ဝင်ရောက်လာခဲ့ပြီး အေးစက်လှသော သွေးများပင်လျှင် ခဲသွားတော့မည့်အလား ပင်ဖြစ်နေတော့သည်။

ဤအအေးဒဏ်ကြီးမှာ အလွန်အမင်း ဆိုးရွားရက်စက်လှပြီး ဂန်ချီစွမ်းအင်များကိုပင်လျှင် ခုခံကာကွယ်ရန် ခက်ခဲလွန်းလှပေသည်။

သို့သော် မျက်တောင်တစ်ခတ်မျှ အချိန်လေးအတွင်းမှာပင် ဝမ်ချောင်၏အာရုံစိုက်မှုများမှာ အခြားသောအရာများဆီသို့ လျင်မြန်စွာ ပြောင်းလဲသွားတော့သည်။

"တကယ်ကို ကြီးမားတဲ့ လက်ရာကြီးပဲ"

ဝမ်ချောင်မှာ အရပ်လေးမျက်နှာကို တစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက် လျင်မြန်စွာပင် အချို့သော သဲလွန်စများကို ရှာဖွေတွေ့ရှိသွားတော့သည်။

ဤလိုဏ်ခေါင်းကြီးမှာ အပြင်ပန်းတွင်ကြည့်မည်ဆိုပါက နက်ရှိုင်းလှသော အာတိတ်သမုဒ္ဒရာ၏ အတွင်း၌ ရှိနေသည်ဟု ထင်ရသော်လည်း အမှန်တကယ်တော့ ထိုကဲ့သို့ လုံးဝမဟုတ်ပါချေ။ ဝမ်ချောင်မှာ လိုဏ်ခေါင်းကြီးပေါ်သို့ ခြေချလိုက်သည်နှင့်တစ်ပြိုင်နက် ပြင်းထန်စွာ ပြောင်းလဲနေသော ဟင်းလင်းပြင်နှင့် အချိန်၏ တုန်ခါမှုများကို ချက်ချင်း ခံစားသိရှိလိုက်ရတော့သည်။

ဤနေရာသို့ ခြေချလိုက်သည့် အချိန်မှစ၍ လူတိုင်းမှာ နက်ရှိုင်းလှသော အာတိတ်သမုဒ္ဒရာ၏အတွင်း၌ ရှိမနေကြတော့ဘဲ ထိုနက်ရှိုင်းလှသော ပင်လယ်ကြမ်းပြင်ရှိ ရှေးဟောင်း အဆောက်အအုံကြီး၏အတွင်း၌ပင် လုံးဝရှိမနေတော့ပါချေ။

ထိုနက်ရှိုင်းလှသော ပင်လယ်ကြမ်းပြင်ရှိ အဆောက်အအုံကြီးမှာ အပြင်ပန်း အကာအကွယ်တစ်ခု သက်သက်သာဖြစ်ပြီး အမှန်တကယ်တော့ အခြားသော နေရာတစ်ခုသို့ ဆက်သွယ်ပေးထားသည့် "လမ်းဆုံလမ်းခွ" တစ်ခု သက်သက်သာလျှင် ဖြစ်ပေသည်။ လိုဏ်ခေါင်းကြီး ဆက်သွယ်ထားသည့် နေရာနှင့်ရှေ့မှနေ၍ ထွက်ပေါ်လာနေသော ဟင်းလင်းပြင်နှင့် အချိန်၏ တုန်ခါမှုများကို ကြည့်ခြင်းအားဖြင့်…

နှင်းမုန်တိုင်းကြီး၏ မူလဇစ်မြစ်၊ အစစ်အမှန် ဟင်းလင်းပြင်နှင့်အချိန်၏ဂိတ်မှာ နတ်ဘုရားအဖွဲ့အစည်းကြီးမှ လူများ၏ ဟင်းလင်းပြင်နှင့် အချိန်၏ အနက်ရှိုင်းဆုံးနေရာ တစ်ခုခုတွင် ပုန်းကွယ်ထားခြင်း ခံထားရသည်မှာ သေချာလှပေသည်။

ဤအရာမှာ ကက်စပီယန်ပင်လယ်ကမ်းစပ်ရှိ "ဟင်းလင်းပြင်နှင့် အချိန်၏ဂိတ်" နှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက သဘောသဘာဝအရ လုံးဝကွဲပြားခြားနားနေပြီ ဖြစ်သည်။

ပို၍ လျှို့ဝှက်ဆန်းကြယ်သည်၊ ပို၍ ရှုပ်ထွေးသည်၊ ထို့ပြင် ပို၍အရေးပါလှပေသည်။ နှိုင်းယှဉ်ကြည့်မည်ဆိုပါက နတ်ဘုရားအဖွဲ့အစည်းကြီးအတွက်လည်း ပို၍ဘေးကင်းလုံခြုံပြီး အပြင်ဘက်မှ လူများဝင်ရောက်လာရန်၊ သို့မဟုတ် ဖျက်ဆီးပစ်ရန် ပို၍ ခက်ခဲလှပေသည်။

သို့သော် လူတိုင်းအတွက်မူ ဤအရာက ပိုမို၍ အန္တရာယ်ကြီးမားသည်ကို သေချာပေါက် ဆိုလိုနေခြင်းပင် ဖြစ်သည်။

ဂူကောင်းကင်အဆင့်သို့ ရောက်ရှိနေသော အစွမ်းထက် သိုင်းပညာရှင်တစ်ဦးအနေဖြင့်၊ ဟင်းလင်းပြင်နှင့် အချိန်နယ်ပယ်အတွင်းသို့ ဝင်ရောက်သွားသည်နှင့်တစ်ပြိုင်နက် ကြိုးတန်းပေါ် လမ်းလျှောက်နေရသည့်အလား…. အနည်းငယ်မျှ မတော်တဆ အလွဲအချော်ဖြစ်သွားသည်နှင့်၊ ခန္ဓာကိုယ်တစ်ခုလုံး အစအနပင်မကျန်အောင် ဟင်းလင်းပြင်နှင့်အချိန်၏ ကြိတ်ချေမှုကို ခံလိုက်ရမည်ဆိုသည်ကို ဝမ်ချောင်ထက် ပိုမိုနားလည် သဘောပေါက်သူ လုံးဝရှိမည် မဟုတ်ချေ။

လိုဏ်ခေါင်းကြီးအတွင်း၌ လုံးဝတိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။ လူတိုင်းက ဝမ်ချောင်၏မျက်နှာအမူအရာမှတစ်ဆင့် တစ်စုံတစ်ခုကို ခံစားသိရှိသွားကြပုံရသော်ငြား၊ မည်သူတစ်ဦးတစ်ယောက်ကမျှ နောက်ဆုတ်သွားခြင်း လုံးဝ မရှိခဲ့ချေ။

လူတိုင်းက တစ်ယောက်ပြီးတစ်ယောက် သူတို့ကိုယ်တွင်းရှိ ဂန်ချီစွမ်းအင်များကို အဆက်မပြတ် ပေါက်ကွဲထွက်ပေါ်စေခဲ့ပြီး၊ ထူထဲလှသော ဂန်ချီနံရံကြီးတစ်ခုအဖြစ် ပြောင်းလဲကာ မိမိတို့၏ခန္ဓာကိုယ် ဘေးပတ်လည်ကို ကာကွယ်လိုက်ကြတော့သည်။

လိုဏ်ခေါင်းကြီးမှာ အလွန်နက်ရှိုင်းလှပြီး အဆုံးအစမရှိသကဲ့သို့ ဖြစ်နေတော့သည်။ ဤနေရာတွင် အာရုံခံစားမှုများမှာ အလွန်အမင်း ကြီးမားလှသော အနှောင့်အယှက်များကို ခံရသောကြောင့် လိုဏ်ခေါင်းကြီး၏အတိအကျ အရှည်ကို တွေးတောမှန်းဆနိုင်ရန် လုံးဝမဖြစ်နိုင်ပေ။

မျက်တောင်တစ်ခတ်မျှ အချိန်လေးသာ ကြာမြင့်သွားသကဲ့သို့ ထင်ရသလို၊ အလွန်ရှည်လျားလှသော ရာစုနှစ်ပေါင်းများစွာ ကြာမြင့်သွားသကဲ့သို့လည်း ထင်ရသည်။ အလင်းတန်းတစ်ချက် လက်သွားခဲ့ပြီး ဝမ်ချောင်မှာ လိုဏ်ခေါင်းကြီး အတွင်းမှနေ၍ ဦးစွာထွက်ပေါ်လာတော့သည်။

"ဝှစ်"

မျက်နှာချင်းဆိုင်မှ လေပြင်းများ ပြင်းထန်စွာ တိုက်ခတ်လာခဲ့ပြီး ဝမ်ချောင်၏မျက်စိရှေ့တွင် ပေါ်ထွက်လာသောအရာမှာ ယခင်က တွေ့မြင်ခဲ့ရသော အဆောက်အအုံကြီးအတွင်းရှိ မည်သည့်ခန်းမကြီးထက်မဆို များစွာပိုမိုကြီးမားကျယ်ပြန့်လှသော ဟင်းလင်းပြင်နယ်မြေကြီးတစ်ခုပင် ဖြစ်သည်။

အဝေးသို့ လှမ်းကြည့်လိုက်ပါက နေရာတိုင်းတွင် အလွန်အမင်း အေးစက်နေခဲ့ပြီး၊ လေဟာနယ်အတွင်း၌ ဆိုးရွားကြမ်းတမ်းစွာ လွင့်ပျံနေသော နှင်းပွင့်ငယ်လေးများ အပြည့်အဝ ဖုံးလွှမ်းနေကာ မျက်နှာပေါ်သို့ ရိုက်ခတ်မိသည့်အခါ ဖြန်းဖြန်းမြည်သံများ ထွက်ပေါ်လာတော့သည်။

မျက်တောင်တစ်ခတ်မျှ အချိန်လေးအတွင်းမှာပင် လူတိုင်းမှာ နက်ရှိုင်းလှသော ပင်လယ်ကြမ်းပြင်မှသည် မြေကြီးပေါ်ရှိ မြောက်ဝင်ရိုးစွန်း၏ ရေခဲပြင်ကြီးဆီသို့ ပြန်လည်ရောက်ရှိသွားသည့်အလား ခံစားလိုက်ရတော့သည်။

သို့သော် ဝမ်ချောင်ကမူ ဤအရာအားလုံးမှာ ထင်ယောင်ထင်မှားဖြစ်မှု သက်သက်သာဖြစ်ကြောင်းကို အပြည့်အဝ သိရှိနေတော့သည်။

ဤနေရာမှာ အမည်မသိ ဟင်းလင်းပြင်နှင့် အချိန်တစ်ခု၏ အနက်ရှိုင်းဆုံးနေရာပင် ဖြစ်သည်။ ဝမ်ချောင် ကိုယ်တိုင်ပင်လျှင် ခဏမျှအချိန်လေးအတွင်း၌ ဤနေရာ၏ တိကျသော တည်နေရာကို တွေးတောမှန်းဆနိုင်ရန် အလွန်အမင်း ခက်ခဲနေပြီဖြစ်သည်။

ဝမ်ချောင်က ဘေးပတ်ဝန်းကျင်ကို သေချာစွာ အကဲခတ်ကြည့်ရှုလိုက်ရာ၊ ပထမဆုံး မြင်တွေ့လိုက်ရသောအရာမှာ ထူထဲလှသော ရေခဲပြင်ကြီးပင် ဖြစ်သည်။

ဤနေရာမှာ ယခင်ခန်းမကြီးထက် အဆပေါင်းများစွာ ပိုမိုကြီးမားကျယ်ပြန့်လှပြီး၊ သူစိမ်းဆန်လှသော ရေခဲဟင်းလင်းပြင် နယ်မြေကြီးတစ်ခုပင် ဖြစ်သည်။ ဆိုးရွားကြမ်းတမ်းစွာ တိုက်ခတ်နေသော လေပြင်းများမှလွဲ၍ ဘေးပတ်ဝန်းကျင် နေရာတိုင်းတွင် ထူထဲလှသော ရေခဲပြင်ကြီးများရှိနေပြီး ဤဧရာမ ဟင်းလင်းပြင်နယ်မြေကြီး တစ်ခုလုံးကို အပြည့်အဝ လွှမ်းခြုံထားလိုက်တော့သည်။

ရေခဲပြင်ကို ဖောက်ထွင်း၍ အပြင်ဘက်ရှိ လှုပ်ရှားနေသော နက်ရှိုင်းလှသည့် ပင်လယ်ရေများကို မသဲမကွဲ မြင်တွေ့နိုင်စွမ်းရှိပြီး၊ နေရာအနှံ့ ကူးခတ်သွားလာနေကြသော ပင်လယ်ရေသတ္တဝါအချို့ကိုလည်း မြင်တွေ့ရရာ၊ ကြည့်ရသည်မှာ ပုံမှန်အာတိတ်သမုဒ္ဒရာ၏ နက်ရှိုင်းသော ပင်လယ်ကြမ်းပြင်နှင့် အလွန်အမင်း ဆင်တူနေတော့သည်။

သို့သော် ဝမ်ချောင်၏ ရင်ထဲ၌မူ အလွန်အမင်း တည်ငြိမ်နေခဲ့ပြီး၊ ဤအရာအားလုံးမှာ နတ်ဘုရားအဖွဲ့အစည်းကြီးက ပြင်ပလူများကို လှည့်စားရန်အတွက် တမင်တကာ ဖန်တီးထားခြင်း သက်သက်သာဖြစ်ကြောင်းကို အပြည့်အဝ သိရှိနေတော့သည်။

"ဟွန့်… တကယ်ကို ထက်မြက်လှတဲ့ လှည့်ကွက်ပဲ"

ဝမ်ချောင်မှာ အေးစက်စက်ဖြင့် လှောင်ပြောင်ရယ်မောလိုက်ပြီး မျက်ဝန်းများမှာ အမြဲတမ်း ရှင်းလင်းပြတ်သားနေခဲ့သည်။

တစ်ဖက်လူ၏ လှည့်ကွက်များမှာ အလွန်အမင်း ထက်မြက်လွန်းလှပေသည်။ ဤရေခဲဟင်းလင်းပြင်နယ်မြေ၏ ဘေးပတ်ဝန်းကျင်ရှိ ကြီးမားကျယ်ပြန့်လှသော ပင်လယ်ရေများနှင့် လွတ်လပ်စွာ ကူးခတ်သွားလာနေကြသော ငါးများအားလုံးမှာ တစ်ဖက်လူက အလွန်အမင်း ထက်မြက်လှသော သိုင်းပညာစွမ်းရည်များကို အသုံးပြု၍ သမုဒ္ဒရာအတွင်းမှနေ၍ ဤနေရာသို့ ရွှေ့ပြောင်းလာခဲ့ခြင်း ပင်ဖြစ်သည်။

အရာရာတိုင်းမှာ သဘာဝကျလွန်းလှပြီး သမင်တစ်ကောင်၏ချိုများ တွဲလောင်းကျနေသကဲ့သို့ မှားယွင်းနေသည့်မည်သည့်ခြေရာလက်ရာမျှ လုံးဝမရှိပါချေ။ အကယ်၍ တစ်ဖက်လူနည်းတူ ဂူကောင်းကင်အဆင့်သို့ ရောက်ရှိနေသူ လုံးဝမဟုတ်ဘူးဆိုပါက ဤအရာ၏ လျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိနိုင်ရန် လုံးဝမဖြစ်နိုင်ပါချေ။

သို့သော် မျက်တောင်တစ်ခတ်မျှ အချိန်လေးအတွင်းမှာပင် ဝမ်ချောင်မှာ သတိပြန်ဝင်လာခဲ့သည်။

သူ၏ အကြည့်များမှာ တစ်ချက် ဝေ့ကြည့်လိုက်ရာ လျင်မြန်စွာပင် ဘေးပတ်ဝန်းကျင်ရှိ ရေခဲ ဟင်းလင်းပြင်နယ်မြေ အတွင်း၌ ထိုနေရာတွင် တိတ်ဆိတ်စွာ မတ်မတ်ကြီး ရပ်တည်နေကြပြီး မီတာသုံးဆယ်ကျော်ခန့် မြင့်မားကာ ကြောက်မက်ဖွယ်ကောင်းလှသော ဧရာမ ပင်လယ်ရေသတ္တဝါ ရုပ်တုကြီးများကို သတိထားမိလိုက်တော့သည်။

ဘာကြောင့်မှန်းမသိ၊ ဤပင်လယ်ရေသတ္တဝါ ရုပ်တုကြီးများကို မြင်တွေ့လိုက်ရသည့် မျက်တောင်တစ်ခတ်အတွင်းမှာပင် ဝမ်ချောင်၏ရင်ထဲ၌ အလွန်သိမ်မွေ့လှသော ခံစားချက်တစ်ခု ရုတ်တရက် ဖြစ်ပေါ်လာတော့သည်။

"အားလုံးပဲ သတိထားကြပါ၊ ဒီရုပ်တုကြီးတွေက အရမ်းကို ထူးဆန်းတယ်"

ထိုအချိန်မှာပင် မိစ္ဆာဧကရာဇ်အဘိုးအို၏အသံမှာ လူတိုင်း၏နားထဲသို့ ရုတ်တရက် ဝင်ရောက်လာတော့သည်။

ဝမ်ချောင်ကဲ့သို့ပင် မိစ္ဆာဧကရာဇ် အဘိုးအိုမှာလည်း ဤဟင်းလင်းပြင်နယ်မြေ၏ အစွန်းဘက်တွင်ရှိနေသော ထူးဆန်းလှသည့် ပင်လယ်ရေသတ္တဝါရုပ်တုကြီးများကို သတိထားမိခဲ့ခြင်းပင်ဖြစ်သည်။

ဤဧရာမ ပင်လယ်ရေသတ္တဝါ ရုပ်တုကြီးများမှာ မည်သည့် ပင်လယ်ရေသတ္တဝါများနှင့်မျှ လုံးဝမတူညီဘဲ ဤကဲ့သို့သော သတ္တဝါမျိုးကို မည်သည့်မှတ်တမ်းများတွင်မှ လုံးဝမှတ်တမ်းတင်ထားဖူးခြင်း မရှိပါချေ။

သူတို့၏ အရေပြားများမှာ ကြေးနီရောင်များ ရှိနေပြီး အလွန်အမင်း ကြီးမားကာ ကြောက်မက်ဖွယ်ကောင်းလှသော သွားများမှာ စက်သွားများအလား အလွန်သိပ်သည်းစွာ ရှိနေတော့သည်။ ထို့ပြင် သူတို့၏နဖူးပေါ်တွင် ပုံမှန်သတ္တဝါများတွင် လုံးဝရှိမနေနိုင်သော မျက်လုံးလေးလုံး ပေါက်နေပြီး ထိုရွှေရောင် မျက်ဝန်းများမှာ မြွေများအလား ဝင်ပေါက်ရှိရာ အရပ်ဆီသို့ စိုက်ကြည့်နေကြရာ လူတိုင်းကို လှမ်းကြည့်နေကြသည့်အလား ပင်ဖြစ်နေတော့သည်။

သို့သော် ဝမ်ချောင်နှင့် မိစ္ဆာဧကရာဇ် အဘိုးအိုတို့ကို အမှန်တကယ် ဂရုစိုက်သွားစေခဲ့သောအရာမှာ ဤအရာ လုံးဝမဟုတ်ပါချေ။

ဤရုပ်တုကြီးများတွင် အသက်ရှိနေသည်

ဝမ်ချောင်မှာ ဤနေရာသို့ ဝင်ရောက်လာသည်နှင့်တစ်ပြိုင်နက် ထူးဆန်းမှုများကို ချက်ချင်း ခံစားသိရှိခဲ့ရခြင်းပင်ဖြစ်သည်။

ဤရုပ်တုကြီးများမှာ မူလက သာမန်ကျောက်တုံးများနှင့် အနည်းငယ်မျှပင် ကွာခြားမှု မရှိခဲ့ပေ။ သို့သော် လူတိုင်း ဤဟင်းလင်းပြင်နယ်မြေအတွင်းသို့ ဝင်ရောက်လာပြီးနောက်တွင်မူ၊ တစ်စုံတစ်ခုသော တားဆီးမှု သို့မဟုတ် ယန္တရားတစ်ခုခုကို သွားရောက် ထိခိုက်မိလိုက်သည့်အလား ဖြစ်သွားသည်။ ဝမ်ချောင်မှာ ဤပင်လယ်ရေသတ္တဝါရုပ်တုကြီးများ၏ ကိုယ်တွင်းအနက်ရှိုင်းဆုံးနေရာ၌ ပုန်းကွယ်နေသော၊ မူလက နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေခဲ့သည့် သက်ရှိစွမ်းအင်များ နိုးထလာသည်ကို ချက်ချင်း ခံစားသိရှိလိုက်ရတော့သည်။ ထိုစွမ်းအင်များမှာ နွေဦးပေါက်ရာသီတွင် မိုးရွာပြီးနောက် ထွက်ပေါ်လာသော မျှစ်များအလား၊ မိုးရေ၏ အားဖြည့်မှုကို ရရှိသွားသည့်အလား အလွန်အမင်း လျင်မြန်စွာ အမြစ်တွယ် ကြီးထွားလာခဲ့သည်။

ဝမ်ချောင်၏ မျက်ဝန်းထဲ၌ အေးစက်သော အလင်းတန်းတစ်ခု လက်သွားခဲ့သည်။ သူသည် အနည်းငယ်မျှပင် ဆက်လက်တွေးတောနေခြင်း မရှိတော့ဘဲ လက်ဝါးဖြင့် ချက်ချင်း ရိုက်ချလိုက်သည်။ ကြီးမားလှသော ဂန်ချီစွမ်းအင်များမှာ တောင်ကြီးများ ပြိုကျလာသည့်အလား မျက်တောင်တစ်ခတ်အတွင်းမှာပင် ညာဘက်အရှေ့ပိုင်းရှိ ပင်လယ်ရေသတ္တဝါရုပ်တုကြီး နှစ်ခုကို အမှုန့်အဖြစ်သို့ ရိုက်ချိုးပစ်လိုက်တော့သည်။

မရေမတွက်နိုင်သော အပိုင်းအစများမှာ လွင့်စင်ထွက်သွားခဲ့ပြီး နေရာအနှံ့ ပြန့်ကျဲသွားတော့သည်။

"မျိုးနွယ်ခြားဘုရင်..."

ဤရုတ်တရက် လှုပ်ရှားမှုကြီးကြောင့် လူတိုင်း အလွန်အမင်း လန့်ဖျပ်သွားခဲ့ကြသည်။

သို့သော် လူတိုင်း ရင်ထဲ၌ အံ့ဩနေကြသည့် အချိန်လေးအတွင်းမှာပင်၊ ကြီးမားလှသော ပြောင်းလဲမှုကြီးများ ရုတ်တရက် ပေါ်ထွက်လာတော့သည်။

"ဂျွတ်... ဂျွတ်... ဂျွတ်..."

ကြေမွသွားသော အသံများ အဆက်မပြတ် ထွက်ပေါ်လာခဲ့သည်။ လူတိုင်းပြန်လည်တုံ့ပြန်ရန် အချိန်ပင်မရလိုက်မီ ဘေးပတ်ဝန်းကျင်ရှိ ဝမ်ချောင်၏ ရိုက်ချိုးခြင်းကို မခံရသေးသော ပင်လယ်ရေသတ္တဝါရုပ်တုကြီးများထံမှ တောင့်တင်းခိုင်မာလှသော အခွံများမှာ ကြက်ဥအခွံကို ခွာချလိုက်သည့်အလား တစ်လွှာပြီးတစ်လွှာ မိုးပေါက်များသဖွယ် အဆက်မပြတ် ကျဆင်းလာကြတော့သည်။

ထိုတောင့်တင်းခိုင်မာလှသော ခန္ဓာကိုယ်အပိုင်းအစများ မြေကြီးပေါ်သို့ ကျဆင်းသွားသည့်အခါ သံမဏိအချင်းချင်း ရိုက်ခတ်သံများ အဆက်မပြတ် ထွက်ပေါ်လာတော့သည်။

ဟင်းလင်းပြင်နယ်မြေကြီး ပြင်းထန်စွာ တုန်ခါသွားခဲ့သည်။ လူတိုင်း၏ အလွန်အမင်း အံ့ဩထိတ်လန့်နေပြီး လုံးဝယုံကြည်နိုင်စွမ်းမရှိသော အကြည့်များရှေ့မှာပင် မူလက ဟာလာဟင်းလင်းဖြစ်နေပြီး အသက်မရှိသော ထိုပင်လယ်ရေသတ္တဝါ ရုပ်တုကြီးများမှာ မှော်ပညာများ အသုံးပြုခံလိုက်ရသည့်အလား ရုတ်တရက် တစ်ကောင်ပြီးတစ်ကောင် အသက်ပြန်ဝင်လာကြတော့သည်။

ဤပင်လယ်ရေသတ္တဝါ ကြီးများ၏ ခန္ဓာကိုယ် အပြင်ဘက်တွင် တောင့်တင်းခိုင်မာလှသော အကြေးခွံများ အပြည့်အဝ ဖုံးလွှမ်းနေပြီး ကြေးနီအရောင်များ ထွက်ပေါ်နေကာ သတ္တုများအလားပင်ဖြစ်နေတော့သည်။ ထို့ပြင် ထိုထူးဆန်းလှသော ရွှေရောင် မျက်ဝန်းကြီးများ၏ အစွန်းဘက်တွင် သွေးရောင်များ အနည်းငယ် ထွက်ပေါ်နေပြီး ခန်းမကြီး၏ အတွင်းရှိ လူတိုင်းကို အသေအချာ စိုက်ကြည့်နေကြတော့သည်။

ထို့ပြင် သူတို့၏ ကိုယ်တွင်း၌ တွင်းနက်ကြီးတစ်ခု ပုန်းအောင်းနေသည့်အလား ဧရာမ ဆွဲငင်အားကြီးတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး ဝေလငါးကြီးများ ရေကိုမျိုချနေသည့်အလား အရပ်လေးမျက်နှာရှိ အဆုံးအစမရှိသော အအေးဓာတ်များကို ဆွဲငင်လိုက်ရာ သူတို့၏ ကိုယ်တွင်းသို့ လျင်မြန်စွာ စီးဝင်သွားကြတော့သည်။

လူတိုင်း၏ မျက်စိရှေ့မှာပင် ဤကြောက်မက်ဖွယ်ကောင်းလှသော ပင်လယ်ရေသတ္တဝါ ကြီးများ၏ ကိုယ်ပေါ်မှနေ၍ ထွက်ပေါ်လာသော အရှိန်အဝါများမှာ အလွန်အမင်း အံ့ဩစရာကောင်းလောက်အောင် လျင်မြန်စွာ ကြီးထွားလာခဲ့ပြီး အချိန်တိုလေးအတွင်းမှာပင် လူတိုင်း၏ ရင်ထဲ၌ ထိတ်လန့်သွားစေနိုင်လောက်သည့် အဆင့်သို့ ရောက်ရှိသွားတော့သည်။ ထို့ပြင် ဤကဲ့သို့ ကြီးထွားလာမှု အမြန်နှုန်းမှာ အနည်းငယ်မျှပင် ရပ်တန့်သွားမည့် အရိပ်အယောင် လုံးဝရှိမနေပါချေ။

ထိုအထဲမှ ပင်လယ်ရေသတ္တဝါကြီး တစ်ကောင်မှာ ပါးစပ်ကို ရုတ်တရက် ဟလိုက်ပြီး ပေါ့ပေါ့ပါးပါးပင် လေတစ်ချက် မှုတ်ထုတ်လိုက်ရာ လျင်မြန်စွာပင် လှိုင်းလုံးကြီးများအလား အဖြူရောင် နှင်းမုန်တိုင်းကြီးများ ပန်းထွက်လာတော့သည်။ နှင်းမုန်တိုင်းကြီးများ မြေကြီးနှင့် ထိတွေ့သွားသည့်အခါ ဂျွတ် ဂျွတ် ဂျွတ် မြည်သံများနှင့်အတူ ဤရေခဲ ဟင်းလင်းပြင်နယ်မြေ၏ မြေကြီးပေါ်တွင် လက်မအနည်းငယ်ခန့် ထူထဲပြီး တောင့်တင်းခိုင်မာလှသော ရေခဲပြင်ကြီးတစ်ခု ချက်ချင်း ဖြစ်တည်သွားတော့သည်။

ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ လူတိုင်း၏ ရင်ထဲ၌ အလွန်အမင်း တုန်လှုပ်သွားကြတော့သည်။

ဤပင်လယ်ရေသတ္တဝါ ကြီးများမှာ ရေခဲစွမ်းအင်သုံး သက်ရှိများ ဖြစ်သည်မှာ သိသာထင်ရှားလှပေသည်။

ပိုမို၍ ဆိုးရွားသောအချက်မှာ သူတို့အားလုံးမှာ လေဟာနယ် အတွင်းမှနေ၍ ရေခဲစွမ်းအင်များကို စုပ်ယူနိုင်စွမ်း ရှိကြခြင်း ပင်ဖြစ်သည်။ ဤနေရာမှာ မူလကတည်းက နှင်းမုန်တိုင်းကြီးများ၏ မူလဇစ်မြစ် ဖြစ်ပြီး လေဟာနယ် အတွင်း၌ နေရာတိုင်းတွင် အလွန်အမင်း ပြင်းထန်လှသော ရေခဲစွမ်းအင်များ ပြည့်နှက်နေတော့သည်။

ဆိုလိုသည်မှာ အကယ်၍ တစ်ချက်တည်းဖြင့် အသက်သေဆုံးသွားအောင် မတိုက်ခိုက်နိုင်ဘူးဆိုပါက ဤထူးဆန်းလှသော ပင်လယ်ရေသတ္တဝါ ကြီးများမှာ နှင်းမုန်တိုင်းကြီး၏ အတွင်းမှနေ၍ စွမ်းအင်များကို အဆက်မပြတ် စုပ်ယူနိုင်စွမ်းရှိပြီး အဆက်မပြတ် ကြီးထွားလာကာ ပင်ပန်းနွမ်းနယ်ခြင်း လုံးဝမရှိဘဲ အဆုံးအစမရှိ တိုက်ခိုက်နေနိုင်မည်ဖြစ်သည်။

"ငါ သွားမယ်"

ပြောရမည်ဆိုလျှင် အလွန်အမင်း လျင်မြန်လွန်းလှပေသည်၊ ဤပင်လယ်ရေသတ္တဝါ ကြီးများ ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် ကျယ်လောင်လှသော ဓားမြည်သံကြီးများမှာ ကောင်းကင်နှင့် မြေကြီးတစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။

အခြားသော လူများ ဝင်ရောက်မတိုက်ခိုက်မီ အချိန်လေးအတွင်းမှာပင် အရပ်ရှည်ရှည်နှင့် ဂိုဂူလျော ဧကရာဇ် ယွန်းဂျယ်စိုးမွန်းမှာ လက်နှစ်ဖက်ကို နောက်ကျောဘက်သို့ မြှောက်တင်လိုက်ပြီး ကျောပေါ်ရှိ ဓားရှည်များ အားလုံးကို လျှပ်စီးတန်းများအလား ရုတ်တရက် ဆွဲထုတ်လိုက်တော့သည်။

"ဝုန်း"

ကျယ်လောင်လှသော ပေါက်ကွဲသံကြီးတစ်ခုနှင့်အတူ မျက်တောင်တစ်ခတ်မျှ အချိန်လေးအတွင်းမှာပင် ဓားစွမ်းအင်များမှာ လေဟာနယ်ကို ဖြတ်သန်းသွားခဲ့သည်၊ အလွန်အမင်း ပြင်းထန်လှသော ဖျက်ဆီးခြင်း စွမ်းအားများ ပါဝင်သည့် ဓားစွမ်းအင်ကြီးများမှာ လေဟာနယ်ကို ပိုင်းဖြတ်ကာ တောင်ကြီးများကို ပိုင်းဖြတ်ပစ်နိုင်လောက်သော အရှိန်အဟုန်ဖြင့် ခန်းမကြီး အတွင်းရှိ လျှို့ဝှက်ဆန်းကြယ်လှသော ပင်လယ်ရေသတ္တဝါ ကြီးများကို အပြင်းအထန် ခုတ်ချလိုက်တော့သည်။

ယွန်းဂျယ်စိုးမွန်းမှာ ဂိုဂူလျော ဧကရာဇ် ဖြစ်ရုံသာမက မျက်မှောက်ကာလတွင် ရှားပါးလှသော အင်ပါယာ ထိပ်တန်း ဗိုလ်ချုပ်၏ အမြင့်ဆုံးအဆင့် သို့ ရောက်ရှိနေသော အစွမ်းထက်သိုင်းပညာရှင် တစ်ဦးလည်းပင်ဖြစ်သည်။ သူ၏စွမ်းရည်နှင့်ဆိုပါက ပင်လယ်ရေသတ္တဝါ အနည်းငယ်ကို ကိုင်တွယ်ဖြေရှင်းရန် လုံးဝပြဿနာ မရှိသင့်ပါချေ၊ အများဆုံးဖြစ်လှ ဤသူစိမ်းဆန်လှသော ပတ်ဝန်းကျင်တွင် ဂန်ချီစွမ်းအင်အချို့ကို အနည်းငယ် ပိုမို အသုံးပြုရုံ သက်သက်သာလျှင် ဖြစ်ပေမည်။

လူတိုင်းက ဤကဲ့သို့ပင် တွေးတောထားခဲ့ကြပြီး သူ၏ စွမ်းရည်နှင့်ဆိုပါက အလွယ်တကူ ကိုင်တွယ်ဖြေရှင်းနိုင်လိမ့်မည်ဟု အပြည့်အဝ ယုံကြည်ထားခဲ့ကြခြင်း ပင်ဖြစ်သည်။

သို့သော် အစစ်အမှန် အခြေအနေမှာ လူတိုင်း တွေးတောမှန်းဆထားသည်နှင့် လုံးဝဆန့်ကျင်ဘက် ဖြစ်နေတော့သည်

"ဒိုင်း"

ဓားတစ်ချက် ခုတ်ချလိုက်ပြီး ဤပင်လယ်ရေသတ္တဝါ ကြီးများ၏ ကိုယ်ပေါ်သို့ ကျရောက်သွားသည့်အခါ ထွက်ပေါ်လာသောအသံမှာ သတ္တုများ ရိုက်ခတ်သံကြီး ပင်ဖြစ်နေတော့သည်။ ဤပင်လယ်ရေသတ္တဝါကြီးများ၏ ခန္ဓာကိုယ်မှာ အနည်းငယ် လှုပ်ရှားသွားခဲ့ပြီး သွေးများ ပန်းထွက်လာခဲ့သည် ဆိုသော်ငြားလည်း အသက်သေဆုံးသွားမည့် အခြေအနေသို့ ရောက်ရှိရန် များစွာ ဝေးကွာနေသေးပြီး ပြင်းထန်သော ဒဏ်ရာရရှိသွားသည် ဟုပင် လုံးဝ သတ်မှတ်၍ မရနိုင်ပါချေ။

"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ?"

ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ ယွန်းဂျယ်စိုးမွန်း၏ မျက်နှာအမူအရာမှာ ချက်ချင်း ပြောင်းလဲသွားတော့သည်။

အစောပိုင်းက အခြေအနေကို ကြည့်မည်ဆိုပါက ဝမ်ချောင်က လက်တစ်ဖက် လှုပ်ရှားရုံမျှဖြင့် ဤပင်လယ်ရေသတ္တဝါ ရုပ်တုကြီးများကို အလွယ်တကူ အမှုန့်အဖြစ်သို့ ရိုက်ချိုးပစ်နိုင်ခဲ့ရာ ဤရုပ်တုကြီးများ၏ တောင့်တင်းခိုင်မာမှုမှာ သိပ်ပြီးမြင့်မားလှမည်မဟုတ်ကြောင်း အပြည့်အဝ ရှင်းပြနေပြီ ပင်ဖြစ်သည်။ သို့သော် အချိန်တိုလေးအတွင်းမှာပင် ဤအသက်ပြန်ဝင်လာကြသော ပင်လယ်ရေသတ္တဝါ ကြီးများမှာ အလွန်အမင်း များပြားလှသော ရေခဲစွမ်းအင်များကို စုဆောင်းပြီးနောက် ဤမျှလောက်အထိ တောင့်တင်းခိုင်မာသွားခဲ့ပြီး သံမဏိများထက်ပင် ပိုမို၍အစွမ်းထက်နေလိမ့်မည်ဟု မည်သူက တွေးတောမှန်းဆထားခဲ့မည်နည်း။

ဤတစ်ကြိမ် မြောက်ဝင်ရိုးစွန်း ခရီးစဉ်တွင် အတူတူ လိုက်ပါလာသူများ၏အတွင်း၌ ယွန်းဂျယ်စိုးမွန်းမှာ သူ့ကိုယ်သူ အစွမ်းထက်ဆုံးဟု မသတ်မှတ်ထားဘူးဆိုသော်ငြားလည်း လုံးဝအားနည်းသောသူ တစ်ယောက်တော့ မဟုတ်ပါချေ။

ဤပင်လယ်ရေသတ္တဝါ ကြီးများမှာ ဤမျှလောက်အထိ အစွမ်းထက်နေလိမ့်မည်ဟု သူ လုံးဝတွေးတောမှန်းဆထားခဲ့ခြင်း မရှိပါချေ။

******

All Chapters