← Chapters

အခန်း ၁၅၄

Vol. 16 Ch. 154

အခန်း ၁၅၄

Vol. 16 Ch. 154

အခန်း (၁၅၄) ရန်သူ့အင်အားစုများ၏ တားမြစ်နယ်မြေ

ပေ့ဟူတက္ကသိုလ်မှ မီတာငါးရာအကွာရှိ လမ်းကြားတစ်ခုအတွင်း မှိန်ပျပျ လမ်းမီးရောင်အောက်တွင် ချန်ဖုန်း ဖြည်းညင်းစွာ လမ်းလျှောက်နေခဲ့၏။

သူက အလွန် နှေးကွေးနေစွာ လမ်းလျှောက်နေခြင်းဖြစ်ကာ

လမ်းကြားအလယ်သို့ ရောက်ချိန်တွင်မှ ရုတ်တရက် ရပ်တန့်လိုက်သည်။

"အားလုံး ထွက်လာခဲ့ကြတော့ ပုန်းမနေကြနဲ့တော့..."

သူ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက်…

လမ်းကြား၏ နှစ်ဖက်စလုံးမှ လူခုနစ်ယောက် ရှစ်ယောက်ခန့် ထွက်ပေါ်လာကြပြီး သူတို့၏ မျက်နှာများပေါ်တွင် ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုသည့် အငွေ့အသက်များ ပါရှိနေပေ၏။

"ဟားဟားဟား မင်းက ချန်ဖုန်း မလား အသိဉာဏ်လေးတော့ ရှိသားပဲ ငါတို့ သတ်ဖို့အတွက် ကိုယ်တိုင် လာအပ်တာပေါ့..."

အမျိုးသားတစ်ဦးက ရယ်မောလိုက်သည်။

ချန်ဖုန်းကို သတ်ခွင့်မရမီ စစ်ဘက်ဆိုင်ရာဌာနမှ ထိုလူများကို အရင်ရှင်းပစ်ရမည်ဟု သူတို့ မူလက ထင်မှတ်ထားခဲ့ကြခြင်း ဖြစ်ပေ၏။

အခု ကြည့်ရတာတော့...

အဲဒီလို လုပ်စရာ မလိုတော့ဘူးပဲ...

ဒီအရူးက သူ့ဘာသာ တစ်ယောက်တည်း ပြေးထွက်လာတာဆိုတော့ သူ့ကို သတ်ရတာ အရမ်း လွယ်ကူသွားပြီလေ။

ဘာပဲဖြစ်ဖြစ် သူတို့အဖွဲ့ထဲတွင် ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူ သုံးယောက် ပါဝင်နေပေသည်။

ကျန်တဲ့သူတွေ အကုန်လုံးကလည်း ကြယ်ငါးပွင့်အဆင့်တွေချည်းပဲ သူတို့ရဲ့ ခွန်အားတွေက သာမန်မဟုတ်ဘူး…

ချန်ဖုန်း ဖျော့တော့စွာ ပြုံးလိုက်၏။

ဘယ်သူက ဘယ်သူ့ကို သတ်မလဲဆိုတာ မသေချာသေးဘူးလေ။

ဒီလူတွေထဲမှာ...

ခေါင်းဆောင် သုံးဦးမှာ အစွမ်းအထက်ဆုံး ဖြစ်ဟန်တူပြီး ၎င်းတို့ထံမှ အစွမ်းထက်သော အငွေ့အသက်များ သဲ့သဲ့လေး ထွက်ပေါ်နေပေသည်။

ချန်ဖုန်းသည် ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူနှင့် တစ်ကြိမ်တစ်ခါမျှ မတိုက်ခိုက်ဖူးချေ။ တစ်ဖက်လူက ဘယ်လောက် အစွမ်းထက်လဲဆိုတာ သူ မသိသေးဘူး။

သို့သော် စနစ်၏ ခွန်အားဖြည့်တင်းပြီးနောက်တွင် သူသည် သူ၏ရှေ့ရှိ လူများထက် လုံးဝ အားနည်းမည်မဟုတ်ကြောင်းကိုတော့ သူ သေချာပေါက် သိရှိထားပေ၏။

ထိုအခိုက်အတန့်တွင်…

ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူ တစ်ဦးက ရုတ်တရက် ပြောဆိုလာခဲ့သည်။

"ငါ မင်းကို အခွင့်အရေး တစ်ခါပေးမယ် ငါတို့နဲ့ လိုက်ခဲ့ပြီး မင်းရဲ့ အမှောင်သတ္တု ပေါင်းစပ်ထုတ်လုပ်ခြင်းနည်းပညာ ကို ပေးမလား..."

"ဒါမှမဟုတ်ရင် မင်းရဲ့ အလောင်းကို အကောင်းအတိုင်း ကျန်အောင် ထားပေးခဲ့ရမလား..."

သူတို့၏ တာဝန်မှာ ချန်ဖုန်းကို သတ်ရန်ဖြစ်သော်လည်း

အကယ်၍ တစ်ဖက်လူကို အရှင်ဖမ်းခေါ်သွားနိုင်ပါက ၎င်းမှာ ကြီးမားသော အောင်မြင်မှုတစ်ခု ဖြစ်လာပေလိမ့်မည်။

ဘာပဲဖြစ်ဖြစ် အမှောင်သတ္တု ပေါင်းစပ်ထုတ်လုပ်ခြင်းနည်းပညာ က မည်သည့်နိုင်ငံအတွက်မဆို အသုံးဝင်ပေသည် ၎င်းသည် လက်ရှိ နည်းပညာကို သာလွန်နေသော အရာတစ်ခု ဖြစ်လေ၏။

ချန်ဖုန်း ခေါင်းခါလိုက်ပြီး ကြောက်မက်ဖွယ်ကောင်းအောင် ပြုံးလိုက်သည်။

"ငါ့မှာ တတိယ ရွေးချယ်စရာ ရှိတယ် အဲဒါက မင်းတို့ အကုန်လုံးကို သတ်ပစ်ဖို့ပဲ..."

"ငါတို့ကို သတ်မယ်..."

ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူမှာ ကမ္ဘာပေါ်တွင် ရယ်စရာအကောင်းဆုံး ဟာသတစ်ခုကို ကြားလိုက်ရသကဲ့သို့ ဖြစ်သွားပေ၏။

သူက အသံကျယ်ကျယ်ဖြင့် ရယ်မောကာ ပြောဆိုလိုက်သည်။

"ကောင်လေး မသိနားမလည်တာက မင်းအမှား မဟုတ်ဘူး ဒါပေမဲ့ မသိနားမလည်တာကို သတိမထားမိဘဲ အရူးလို လျှောက်ပြောနေတာကတော့ မင်းရဲ့ အမှားပဲ မင်း အခု ဘယ်လို အခြေအနေ ရောက်နေလဲဆိုတာကိုရော သိရဲ့လား..."

“အခု မင်းရှေ့မှာ ရပ်နေတာက ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူ သုံးယောက်နဲ့ ကြယ်ငါးပွင့်အဆင့် သခင် ငါးယောက်ကွ...

မင်းကို ကာကွယ်ပေးနေတဲ့ စစ်ဘက်ဆိုင်ရာဌာန က ကောင်တွေက ငါတို့ကို သတ်နိုင်မယ်လို့ ထင်နေတာလား...ဒါမှမဟုတ် မင်းဘာသာမင်း အားကိုးချင်နေတာလား…”

အခြားသူများကလည်း ဖျော့တော့စွာ ပြုံးလိုက်ကြ၏။

"ကောင်းပြီ သူနဲ့ စကားပြောပြီး အချိန်မဖြုန်းနေနဲ့တော့ ဒီအရူးကို အရင် ရှင်းလိုက်ကြစို့ ပြီးရင် အဲဒီ စစ်ဘက်ဆိုင်ရာဌာန က ကောင်တွေကိုပါ တစ်ခါတည်း ရှင်းလို့ရတာပေါ့..."

လက်ရှိတွင် တရုတ်နိုင်ငံအတွင်းရှိ စစ်ဘက်ဆိုင်ရာဌာနမှ အဖွဲ့ဝင်များအားလုံးနီးပါး နယ်စပ်သို့ ထွက်ခွာသွားကြလေပြီ။

သူတို့ အကုန်လုံး အကျပ်ရိုက်နေကြပြီ အဲဒါက သူတို့ ပြဿနာ ရှာဖို့အတွက် အကောင်းဆုံး အခြေအနေပဲ…

"ကောင်းပြီ ပြင်ဆင်ထားကြ ငါတို့ ငါးမိနစ်အတွင်း ဆုတ်ခွာရမယ်..."

ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူက ချန်ဖုန်းဆီသို့ ဖြည်းညင်းစွာ လျှောက်လာခဲ့သည်။

သူတို့သည် ချန်ဖုန်းနှင့် သူ၏နောက်ရှိ စစ်ဘက်ဆိုင်ရာဌာနမှ အဖွဲ့ဝင်များကို ငါးမိနစ်အတွင်း သတ်ပစ်ရမည် ဖြစ်ပေ၏။

တစ်လှမ်း…

နှစ်လှမ်း…

သုံးလှမ်း…

…

သူကိုယ်တိုင်က အနည်းဆုံးတော့ ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူ ဖြစ်ပြီး ချန်ဖုန်း၏ ထွက်ပြေးမည့် လမ်းကြောင်းများ ပိတ်ဆို့နေသဖြင့် သူသည် ယနေ့ သေရမည်မှာ သေချာနေပေ၏။

"ငါ မင်းကို လမ်းဖွင့်ပေးခဲ့ပေမဲ့ မင်းက လက်မခံဘဲ သေလမ်းကို ရွေးချယ်ခဲ့တာပဲ..."

သူက ချန်ဖုန်း၏ အသက်ကို တစ်ချက်တည်းဖြင့် အဆုံးသတ်ရန် ပြင်လိုက်ချိန်မှာပင် မထင်မှတ်ထားသော အဖြစ်အပျက်တစ်ခု ဖြစ်ပွားလာခဲ့လေ၏။

သူတို့ရှေ့တွင် ရပ်နေသော ပုံရိပ်မှာ ရုတ်တရက် ပျောက်ကွယ်သွားပေသည်။

နောက်အခိုက်အတန့်တွင် ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူသည် သူ၏ ကျောရိုးတစ်လျှောက် အေးစိမ့်သွားသည်ကို ရုတ်တရက် ခံစားလိုက်ရ၏။

"ဒါက..."

သူသည် ဤခံစားချက်မျိုးကို စစ်သေနာပတိနှင့် တွေ့ဆုံစဉ်ကသာ ကြုံတွေ့ခဲ့ဖူးလေသည်။

အဲဒီအချိန်တုန်းက...

သူ သေလုနီးပါး ဖြစ်ခဲ့ရတာ...

သူ ရုတ်တရက် နောက်သို့ တစ်လှမ်း ဆုတ်လိုက်သည်နှင့် တစ်ပြိုင်နက်တည်းနီးပါးမှာပင်

ချန်ဖုန်းက သူ၏ရှေ့၌ ပေါ်လာပြီး လက်ထဲရှိ ဓားမြှောင်ဖြင့် သူ၏ လည်ပင်းကို တည့်တည့် ပိုင်းဖြတ်လိုက်လေ၏။

"မင်းတို့ အကုန်လုံးကို သတ်ပစ်မယ်လို့ ငါပြောခဲ့တာ နောက်နေတာ မဟုတ်ဘူး..."

"မင်း..."

ထိုလူက ချန်ဖုန်းအား ထိတ်လန့်စွာဖြင့် ကြည့်လိုက်ပေသည်။

အဘယ်ကြောင့်ဆိုသော် ချန်ဖုန်း၏ လက်ထဲရှိ ဓားမြှောင်မှာ သူ၏ ကိုယ်ပိုင်ဓားမြှောင် ဖြစ်နေပြီး ထိုအခိုက်အတန့်လေးအတွင်းမှာပင် အသံတိတ် လုယူခံလိုက်ရခြင်း ဖြစ်သောကြောင့်ပင်။

အထူးသဖြင့် ပြိုင်ဘက်၏ အမြန်နှုန်း

အဲဒါက မယုံနိုင်လောက်အောင် မြန်ဆန်လွန်းတယ်...

သခင်အဆင့်ပဲ...

ဒါ သေချာပေါက် သခင်အဆင့်ပဲ...

သူ တစ်စုံတစ်ရာ ပြောရန် ပါးစပ်ဟလိုက်သော်လည်း မည်သည့် သက်စောင့်လက္ခဏာမျှ မရှိတော့ချေ။

သူ မြေပြင်ပေါ်သို့ လဲကျသွားတော့၏။

ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူ တစ်ယောက် သေသွားပြီ...

အခြားသူများလည်း တစ်ခုခု မှားယွင်းနေပြီဖြစ်ကြောင်း နောက်ဆုံးတွင် သတိပြုမိသွားကြပြီး အထူးသဖြင့် ချန်ဖုန်းထံမှ ထွက်ပေါ်နေသော ကြောက်မက်ဖွယ်ကောင်းသည့် အငွေ့အသက်များက ကောင်းကင်ဘုရင်အဆင့်ရှိ အခြားသူများကိုပင် သာလွန်သွားခဲ့လေပြီ။

သူ ဘယ်သူလဲ...

သူက တကယ်တော့ ဘယ်သူလဲ...

ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူ တစ်ယောက်ကို သူ ဘယ်လိုလုပ် ဒီလောက် အလွယ်တကူ သတ်နိုင်ရတာလဲ…

ယခုအချိန်၌ တစ်ဖက်တွင် ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူ နှစ်ဦး ကျန်ရှိနေသေးသော်လည်း ချန်ဖုန်းကို ကြည့်လိုက်ချိန်တွင် ၎င်းတို့သည် နက်ရှိုင်းသော အကြောက်တရားကို ခံစားနေရဆဲ ဖြစ်ပေ၏။ သူတို့ လုံးလုံးလျားလျား တုန်လှုပ်သွားပြီလေ…

"မင်းက တကယ်တော့ ဘယ်သူလဲ တရုတ်တစ်နိုင်ငံလုံးမှာ စစ်သေနာပတိ တစ်ယောက်တည်းပဲ ဒီလို တိုက်ခိုက်ရေးစွမ်းအား ရှိတာ မင်းက စစ်သေနာပတိ လား မဟုတ်ဘူး မဟုတ်ဘူး စစ်သေနာပတိ က နယ်စပ်ကနေ ပြန်ရောက်နေစရာ အကြောင်းမရှိဘူး မင်းက တကယ်တော့ ဘယ်သူလဲ..."

"မင်းက ချန်ဖုန်း မဟုတ်ဘူး မင်းက ချန်ဖုန်း မဟုတ်ဘူး..."

အခြား ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူ နှစ်ဦးမှာလည်း ထိတ်လန့်နေကြပေ၏။ အထူးသဖြင့် ချန်ဖုန်းထံမှ ထွက်ပေါ်နေသော သတ်ဖြတ်လိုသည့် အငွေ့အသက်များက သူတို့၏ အသက်ကို အချိန်မရွေး နှုတ်ယူနိုင်သည့်အလား သူတို့အပေါ် ကျရောက်နေသောကြောင့်ပင်။

အခြားသူများမှာလည်း ရင်ခုန်သံများ လျင်မြန်စွာ ခုန်ပေါက်နေသည်ကို ခံစားနေကြရသည်။ တုံ့ဆိုင်းမနေဘဲ သူတို့ ထွက်ပြေးကြလေတော့၏။

"ငါက ဘယ်သူဖြစ်ရမှာလဲ ငါက ချန်ဖုန်း လေ မင်းတို့ သတ်ချင်နေတဲ့ ချန်ဖုန်း ပဲ ဘာလဲ အခု ငါ့ကို မသတ်ချင်တော့ဘူးလား..."

ချန်ဖုန်းက တစ်လှမ်းချင်း လျှောက်လာခဲ့သည်။

သူက အလွန် နှေးကွေးနေပုံရ၏။

သို့သော် ထွက်ပြေးနေသူများအတွက်မူ အလွန် မြန်ဆန်နေပုံရပေသည်။

အချိန်တိုအတွင်းမှာပင် သူတို့ကို မှီသွားလေ၏။

သူ၏ လက်ထဲတွင် ဓားမြှောင်က လင်းလက်သွားပြီး ပွဲချင်းပြီး သတ်ပစ်လိုက်တော့သည်။

"မစ္စတာချန် ဒါကို သေချာ ဆွေးနွေးလို့ ရပါတယ် တကယ်လို့ ခင်ဗျား ကျွန်တော့်ကို လွှတ်ပေးမယ်ဆိုရင် ခင်ဗျားအတွက် ကျွန်တော် အလုပ်လုပ်ပေးနိုင်ပါတယ် ကျွန်တော်က အနည်းဆုံးတော့ ကောင်းကင်ဘုရင်အဆင့် စစ်သည် တစ်ယောက်ပါ..."

"ဟုတ်ပါတယ် ဟုတ်ပါတယ် ကျွန်တော်တို့ ခင်ဗျားကို မစော်ကားချင်ပါဘူး..."

ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူ နှစ်ဦးမှာ ထိတ်လန့်နေကြလေပြီ။

သူတို့သည် ထိပ်တန်း ကျွမ်းကျင်သူများဖြစ်ကြပြီး သွားလေရာတိုင်းတွင် အလွန် လေးစားခံရသူများ ဖြစ်ကြ၏။ ယခုအခါတွင်မူ သူတို့၏ အသက်ကို ကယ်တင်ရန်အတွက် မိမိကိုယ်ကို နှိမ့်ချကာ အကူအညီတောင်းခံရန်မှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ချေ။

ပေ့ဟူသို့ မလာရောက်မီ သူတို့သည် ချန်ဖုန်း၏ သတင်းအချက်အလက် အားလုံးကို စုံစမ်းပြီးဖြစ်ပေသည်။

ပြိုင်ဘက်က ကိုယ်ခံပညာ အချို့ကို လေ့ကျင့်ထားလျှင်ပင် သူ၏ ခွန်အားမှာ အများဆုံး ကြယ်လေးပွင့်အဆင့်ထက် မပိုနိုင်ချေ။

သူတို့ လုံလောက်အောင် ပြင်ဆင်ပြီးပြီလို့ မူလက ထင်ထားခဲ့တာ...

အခုမှ အဲဒါတွေ အကုန်လုံးက စိတ်ကူးယဉ်သက်သက်ပဲ ဆိုတာ သူတို့ သဘောပေါက်တော့တယ်…

"အခုမှ အသက်ချမ်းသာပေးဖို့ တောင်းဆိုနေတာ နောက်ကျသွားပြီ..."

ချန်ဖုန်း အေးစက်စွာ နှာမှုတ်လိုက်၏။

ထို့နောက် သူတို့၏ လည်ပင်းများကို လက်နှစ်ဖက်ဖြင့် ဖမ်းဆုပ်လိုက်သည်။

ရုတ်တရက် အပေါ်သို့မြှောက်မချီလိုက်ရင်း

မြေပြင်ပေါ်သို့ ပြင်းထန်စွာ ဆောင့်ချလိုက်လေသည်။

ယခုအခါ သူ၏ ခွန်အားမှာ ၁၀၀၀% အထိ တိုးမြှင့်ထားပြီးဖြစ်ရာ ဤမျှ ကြီးမားသော အားဖြင့် ထိုလူနှစ်ဦး၏ ဦးခေါင်းခွံများကို ရိုက်ခွဲပစ်လိုက်ပြီး ပွဲချင်းပြီး သေဆုံးသွားစေခဲ့သည်။

မြေပြင်ပေါ်ရှိ အလောင်းများကို သူ တစ်ချက်မျှပင် မကြည့်တော့ချေ။

ထို့နောက် သူသည် အခြားတစ်နေရာသို့ ဦးတည်သွားကြလေ၏။

နာရီဝက်နီးပါး အချိန်အတွင်း ပေ့ဟူတွင် ပုန်းအောင်းနေသော ခိုးဝင်လာသူအားလုံး အသံတိတ် အသတ်ခံလိုက်ရပေသည်။

တစ်ယောက်မှ အသက်မရှင်ခဲ့ချေ။

ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူ အနည်းဆုံး သုံးဦးနှင့် ကြယ်ငါးပွင့်အဆင့် ကျွမ်းကျင်သူ လေးဆယ်ခန့် စုစုပေါင်း သေဆုံးသွားခဲ့ရလေသည်။

ဒီသတင်းကို ဘယ်သူကများ ပေါက်ကြားသွားစေတာလဲဆိုတာ ဘယ်သူမှမသိကြချေ။

အချိန်တိုအတွင်းမှာပင် အင်တာနက် တစ်ခုလုံး

ဆူညံပွက်လောရိုက်သွားတော့၏။

ပေ့ဟူဆီသို့ ဦးတည်လာနေသော ရန်သူများသည်လည်း ထိတ်လန့်တကြား ရပ်တန့်သွားကြပြီး သူတို့၏ အသက်အန္တရာယ်ကို စိုးရိမ်ကာ နောက်ကြောင်းပြန်လှည့်သွားကြလေသည်။

ထိုရန်သူ့အင်အားစုများအကြားတွင် စကားတစ်ခွန်း စတင် ပျံ့နှံ့လာခဲ့ပေ၏။

“မင်းရဲ့ ခွန်အားက ကောင်းကင်ဘုရင်အဆင့်မှာ မရှိဘူးဆိုရင် တရုတ်နိုင်ငံထဲကို ဘယ်တော့မှ မဝင်နဲ့...

တရုတ်နိုင်ငံထဲကို ဝင်လာရင်တောင် ပေ့ဟူ ကို မသွားနဲ့…”

ပေ့ဟူ…

ရန်သူ့အင်အားစုများအတွက် တားမြစ်နယ်မြေတစ်ခု ရုတ်တရက် ဖြစ်လာခဲ့လေပြီ။

All Chapters