← Chapters

အခန်း ၁၅၉

Vol. 16 Ch. 159

အခန်း ၁၅၉

Vol. 16 Ch. 159

အခန်း (၁၅၉) နင် အရူးအမူးတွေ တွေးနေတာလား

"နင်... နင်က ငါ့ကို စော်ကားနေတာလား..."

ချင်ယောင်၏ မျက်လုံးများ ပြူးကျယ်သွားပေ၏။

သူမ၏ မျက်နှာတွင် မယုံကြည်နိုင်မှုများ အပြည့်အဝ ဖုံးလွှမ်းနေသည်။

ချန်ဖုန်းသည် သူမအား လိုက်နေသူတစ်ယောက် ဖြစ်ရာ သူမကို အတတ်နိုင်ဆုံး ဖားယားရမည် မဟုတ်ပါလော။

"ငါ နင့်ကို စော်ကားတော့ရော ဘာဖြစ်လဲ..."

ချန်ဖုန်းက လုံးဝ ဂရုမစိုက်ချေ။

"ချင်ယောင်... နင့်ကိုယ်နင် ဘယ်သူလို့ ထင်နေတာလဲ... တစ်ကမ္ဘာလုံးက နင့်ကိုပဲ ဗဟိုပြုပြီး လည်ပတ်နေတယ်လို့ ထင်နေတာလား... အရင်တုန်းက ငါ နင့်ကို လိုက်ခဲ့ဖူးတာကိုတော့ ဝန်ခံပါတယ်..."

"ဒါပေမဲ့ အဲဒါက အတိတ်မှာ ကျန်ခဲ့ပြီ... အခုအတွက်တော့...ဆောရီးပဲ... ငါ နင့်ကို နည်းနည်းလေးမှ စိတ်မဝင်စားတော့ဘူး..."

"ငါ ပြည်နယ်မြို့တော်ကို လေယာဉ်စီးလာတာက အလုပ်ကိစ္စရှိလို့ပဲ... နင်နဲ့ လာဆုံဖို့ မဟုတ်သလို နင့်ရဲ့ အာရုံစိုက်မှုကို ရဖို့ကတော့ လုံးဝကို မဟုတ်ဘူး..."

"ကိုယ့်ကိုယ်ကိုယ် အထင်မကြီးစမ်းပါနဲ့..."

ဤစကားကို ပြောပြီးနောက် ချန်ဖုန်းသည် ချင်ယောင်အား လုံးဝ လျစ်လျူရှုထားလိုက်၏။

ထို့အစား သူသည် ဖုန်းကို ထုတ်ကာ ဗီဒီယိုတိုလေးတစ်ခုကို တည်းဖြတ်ပြီး လေယာဉ်မယ်အား ပြသလိုက်သည်။

"ဒီမှာ... ဒါက တခြားတစ်ယောက်က ငါ့ဆီ ပို့လိုက်တာ... နောက်ထပ် မိနစ်လေးဆယ်နေရင် ဒီလေယာဉ်က ပျက်ကျလိမ့်မယ်... ယုံတာ မယုံတာကတော့ မင်းသဘောပဲ... ငါကတော့ သတိပေးလိုက်ပြီ..."

"တကယ်လို့ မင်းသာ လေယာဉ်ကို လူလွှတ်ပြီး မစစ်ဆေးခိုင်းဘူးဆိုရင် ငါ အောက်ကို ဆင်းသွားရုံကလွဲပြီး တခြားရွေးချယ်စရာ မရှိဘူး..."

ဗီဒီယိုကို ကြည့်ပြီးနောက် လေယာဉ်မယ်လေးမှာ လုံးလုံးလျားလျား ဆွံ့အသွားရပေ၏။

ဗီဒီယိုထဲမှ လေယာဉ်သည် ၎င်းတို့၏ လေယာဉ်ပင် ဖြစ်နေချေသည်။

ထူးဆန်းသည်မှာ ဤလေယာဉ်သည် ယခင်က တစ်ကြိမ်တစ်ခါမျှ ပျက်ကျဖူးခြင်း မရှိခဲ့ရာ ဤဗီဒီယိုက မည်သို့ ထွက်ပေါ်လာသနည်း။

ဗီဒီယိုက တည်းဖြတ်ထားသည့်ပုံလည်း မပေါ်ချေ။ သူမ လုံးဝ ပေါ့ပေါ့ဆဆ မနေရဲတော့ပေ။

ကိစ္စမှန်သည်ဖြစ်စေ၊ မမှန်သည်ဖြစ်စေ အထက်လူကြီးများထံသို့ မဖြစ်မနေ သတင်းပို့ရမည် ဖြစ်သည်။

တကယ်လို့ တစ်ခုခုသာ အမှန်တကယ် ဖြစ်လာခဲ့လျှင် မည်သို့လုပ်မည်နည်း။

လေယာဉ်ပေါ်တွင် လူရာပေါင်းများစွာ ရှိနေပေ၏။

လေယာဉ်မယ်လေးက အလျင်အမြန် ပြောဆိုလိုက်သည်။

"လူကြီးမင်း... ကျေးဇူးပြုပြီး ထိုင်ခုံမှာ ပြန်ထိုင်ပေးပါ... ဒီကိစ္စကို ခေါင်းဆောင်တွေဆီ အခုချက်ချင်း သတင်းပို့လိုက်ပါ့မယ်..."

ထိုသို့ပြောပြီးနောက် သူမသည် အလျင်အမြန် ထွက်ခွာသွားလေ၏။

ချန်ဖုန်းလည်း သူ၏ ထိုင်ခုံတွင် ပြန်ထိုင်လိုက်သည်။

ထိုအချိန်၌ ချင်ယောင်မှာ တွေဝေငေးမောစွာ ထိုင်နေဆဲဖြစ်ပြီး ချန်ဖုန်းက ယခုလေးတင် ထိုစကားမျိုးကို ပြောထွက်ခဲ့သည်ကို လုံးဝ မယုံကြည်နိုင်သေးပုံရပေ၏။

သူမ သိကျွမ်းခဲ့သော ချန်ဖုန်းက ဤသို့သော လူမျိုး မဟုတ်ခဲ့ချေ။

‘မဟုတ်သေးဘူး... ဒါက မမှန်ဘူး...

ငါ ဖော်ထုတ်လိုက်လို့ သူ ရှက်ရမ်းရမ်းပြီး ဒေါသတကြီးနဲ့ အဲဒီစကားတွေကို ပြောလိုက်တာပဲ ဖြစ်ရမယ်...

ဘယ်လို လေယာဉ်ပျက်ကျမှုမျိုးလဲ...

ငါ့ကို နည်းနည်းလေးမှ စိတ်မဝင်စားဘူးဆိုတာက ဘာတွေလဲ...

အကုန်လုံးက အတုအယောင်တွေချည်းပဲ…’

‘ဟွန့်...ခုနက လေယာဉ်မယ်လေးက တကယ်ကို လှည့်စားရ လွယ်တာပဲ... သူမက သူ့စကားတွေကို တကယ်ကြီး ယုံသွားသေးတယ်…’

ထိုသို့ တွေးထင်နေသူမှာ ချင်ယောင် တစ်ဦးတည်း မဟုတ်ချေ။

ဘေးနားရှိ လူများကလည်း ထိုနည်းတူ တွေးတောနေကြပေ၏။

"ဘာမှလုပ်လို့ မရဘူးလေ... လေယာဉ်မယ်တွေက ပြင်းထန်တဲ့ သင်တန်းတွေ တက်ထားရတာဆိုတော့ ခရီးသည်တွေက ဘာပဲတောင်းဆိုတောင်းဆို သူတို့က သေချာ ဂရုတစိုက် ဖြည့်ဆည်းပေးရမှာပဲ..."

"တချို့ အထူးတောင်းဆိုချက်

တွေကလွဲရင်ပေါ့... ငါ ဆိုလိုတာကို မင်းတို့ သဘောပေါက်ပါတယ်..."

"ဘာပဲဖြစ်ဖြစ် အားလုံးက ပျင်းနေကြတာပဲ... ထိုင်ပြီး ပြဇာတ်ကိုပဲ ဆက်ကြည့်ကြတာပေါ့..."

"ဟီးဟီး... သူ့ဘေးက ကောင်မလေးကို ကြည့်ပါဦး... သူမက သူ့ကို စကားမပြောချင်တော့တဲ့ပုံပဲ... သူတို့က ချစ်သူတွေတောင် မဟုတ်လောက်ဘူး... လာ... WeChat နံပါတ် သွားတောင်းကြမလား..."

"ဒါ ဖြစ်နိုင်တယ်နော်..."

အမျိုးသားအချို့က စကားသွားပြောရန် ဟန်ပြင်နေချိန်မှာပင် အသံချဲ့စက်မှ အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့၏။

"ခရီးသည်များရှင်... လေယာဉ်အင်ဂျင်က လတ်တလော ချို့ယွင်းနေတဲ့အတွက် လေယာဉ်ထွက်ခွာချိန်က တစ်နာရီလောက် နောက်ကျပါမယ်..."

လူတိုင်း ရုတ်တရက်

အံ့အားသင့်မှင်တက်သွားကြ၏။

လေယာဉ်က တကယ်ကြီး ချို့ယွင်းနေတာလား။ ၎င်းတို့၏ အကြည့်များသည် ချန်ဖုန်းထံသို့ ရုတ်တရက် ရောက်ရှိသွားကြပြီး ၎င်းတို့၏ မျက်နှာများတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေပေသည်။

ဘာတွေဖြစ်နေတာလဲ…သူ တကယ်ကြီး မှန်းဆမိသွားတာလား။

ချင်ယောင်ပင်လျှင်

အံ့အားသင့်နေပုံရပေ၏။

‘ဟွန့်...ဒါက မျက်ကန်းကြောင် ကြွက်သေကို မိသွားတာပဲ ဖြစ်ရမယ်…’

သူမသည် လက်ပိုက်ကာ အခြားတစ်ဖက်သို့ လှည့်ကြည့်လိုက်ပြီး ချန်ဖုန်းကို လုံးဝ မမြင်ချင်တော့ကြောင်း ရှင်းလင်းစွာ ပြသလိုက်သည်။

ချန်ဖုန်းကလည်း သူမကို ပြန်လည်တုံ့ပြန်ရန် စိတ်မဝင်စားခဲ့ချေ။

အထက်တန်းကျောင်းတုန်းကတော့ သူက ချင်ယောင်အပေါ် အမြင်ကောင်းတွေ ရှိခဲ့ပေမဲ့ အခုတော့ သူ တကယ်ကို စိတ်မဝင်စားတော့ပေ။

ထိုအချိန်၌ သူ၏ စိတ်ထဲတွင် အသံတစ်သံ ရုတ်တရက် ပဲ့တင်ထပ်လာခဲ့၏။

[ဒင်... ဒီဗီဒီယိုတာဝန်ကို အောင်မြင်စွာ ပြီးမြောက်တဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်... စနစ်ပွိုင့် ၅၀ ဆုချီးမြှင့်ပါတယ်]

[ပိုင်ရှင်၏ လက်ရှိကျန်ရှိသော စနစ်ပွိုင့်များ - ၅၅၈၀]

[ဒင်... ပိုင်ရှင်က ဗီဒီယိုတာဝန် ပြီးမြောက်ဖို့ ပါဝင်ဆောင်ရွက်ခဲ့တဲ့အတွက် စနစ်ရဲ့ လက်ရှိ ခန့်မှန်းချိန် ပြောင်းလဲသွားပါပြီ... အခုဆိုရင် ၁၄၇၅ ကနေ ၂၀၈၅ အထိ ဘယ်ဖြစ်ရပ်ကိုမဆို ခန့်မှန်းပေးနိုင်ပါပြီ]

အချိန်ဇယားက ရှေ့ကို ခြောက်နှစ်တိတိ တိုးသွားခဲ့လေပြီ။ ချန်ဖုန်း ချက်ချင်းပင် မှင်တက်သွားပေ၏။ ဘာလို့ စနစ်ရဲ့ ဆုလာဘ်က စောပြီး ရောက်လာရတာလဲ။

သို့သော် သေချာတွေးကြည့်လျှင် ၎င်းက ယုတ္တိတန်နေပေသည်။ လေကြောင်းလိုင်းက လေယာဉ်၏ ချို့ယွင်းချက်ကို စစ်ဆေးတွေ့ရှိပြီး ပြုပြင်မှုများ စတင်နေပြီဖြစ်ရာ ဤမတော်တဆမှုက နောက်ထပ် ဖြစ်လာတော့မည် မဟုတ်ချေ။

[ဒင်... ကျပန်းဆုလာဘ်ကို အသက်သွင်းလိုက်ပါပြီ]

[ပိုင်ရှင်အနေနဲ့ လေယာဉ်ဝယ်ယူဖို့ ပြင်းပြတဲ့ ဆန္ဒရှိနေတာကို တွေ့ရှိရပါတယ်... တုန်းယောင် လေကြောင်းလိုင်း ရဲ့ ရှယ်ယာ ၁၅ ရာခိုင်နှုန်းကို လဲလှယ်ယူချင်ပါသလား]

ဘာ...ချန်ဖုန်းက မျက်နှာပြင်ကို အလျင်အမြန် စစ်ဆေးကြည့်လိုက်၏။

တကယ်ကြီး လေကြောင်းလိုင်းတစ်ခုရဲ့ ရှယ်ယာတွေကို ရောင်းချနေတာပဲ။

‘လဂွမ်း…’

ချန်ဖုန်းမှာ အနည်းငယ် စကားပြောစရာမဲ့ ဖြစ်သွားရပေသည်။

သူ လေယာဉ်ပေါ်တက်လာချိန်က လေယာဉ်တစ်စင်းလောက် ဝယ်ချင်သည်ဟု တွေးခဲ့သော်လည်း ယခုအခါ စနစ်က လေကြောင်းလိုင်းတစ်ခု၏ ရှယ်ယာများကို ချပြလာခဲ့လေပြီ။

‘ဒါက လေယာဉ်တစ်စင်း ဝယ်တဲ့ကိစ္စ မဟုတ်တော့ဘူး...

ငါ့ကို လေကြောင်းလိုင်းတစ်ခုလုံးကို ဝယ်ခိုင်းနေတာပဲ…’

"လဲလှယ်မယ်..."

[ဒင်... စနစ်ပွိုင့် ၃၀၀၀၀ နှုတ်ယူရာတွင် မအောင်မြင်ပါ]

ချန်ဖုန်းသည် သူ၏ စနစ်ပွိုင့်များကို စစ်ဆေးကြည့်လိုက်ရာ ၅၀၀၀ ကျော်သာ ကျန်ရှိနေသေးသည်ကို တွေ့လိုက်ရ၏။

တကယ်ကြီး မလောက်သေးဘူးပဲ။

တုန်းယောင် လေကြောင်းလိုင်း ၏ ဈေးကွက်တန်ဖိုးမှာ ယွမ် ဘီလီယံ ၅၀ ကျော်ခန့်ရှိပြီး ရှယ်ယာ ၁၅ ရာခိုင်နှုန်းဆိုလျှင် ယွမ် ၇ ဒသမ ၅ ဘီလီယံ ဝန်းကျင် ရှိပေသည်။

စနစ်ပွိုင့် ၃၀၀၀၀ ကို ယွမ် ၇ ဒသမ ၅ ဘီလီယံတန် ရှယ်ယာများနှင့် လဲလှယ်ရခြင်းက တကယ်ကို တန်လွန်းလှ၏။

တကယ်လို့ လိုက်ဖ်လွှင့်တဲ့

ကောင်မလေးတွေကို မုန့်ဖိုးပေးမယ်ဆိုရင်...

သူ၏ ယခင် အတွေ့အကြုံများအရ စနစ်ပွိုင့် ၃၀၀၀၀ ရရှိရန်အတွက် ယွမ် သန်း ၁၀၀ ခန့် အကုန်အကျခံရမည် ဖြစ်သည်။

ဘာပဲဖြစ်ဖြစ်...မုန့်ဖိုးတွေ အများကြီး ပေးပြီးတဲ့နောက်မှာ လိုက်ဖ်လွှင့်တဲ့ ကောင်မလေးတော်တော်များများရဲ့ ကျေးဇူးတင်မှုက စစ်မှန်မှု မရှိတော့ချေ။

ဤနည်းလမ်းက ကုန်ကျစရိတ်ကို ပိုမို မြင့်မားသွားစေလိမ့်မည်။

ဥပမာအားဖြင့် သူတောင်းစားတစ်ယောက်နဲ့ တွေ့လို့ ပထမနေ့မှာ ယွမ် ၁၀၀ ပေးလိုက်ရင် သူက အရမ်း ကျေးဇူးတင်နေလိမ့်မယ်။

ဒါပေမဲ့ ဆယ်ရက်ဆက်တိုက် ပေးပြီးသွားရင်တောင် သူက ကျေးဇူးတင်နေဦးမှာ မှန်ပေမဲ့ ပထမနေ့ကလောက်တော့ ဘယ်တော့မှ စစ်မှန်မှာ မဟုတ်တော့ဘူး။

သို့သော်လည်း…ချန်ဖုန်းအတွက်ကတော့

ယွမ် သန်းတစ်ရာ သို့မဟုတ် သန်းနှစ်ရာလောက် သုံးပြီး ယွမ် ၇ ဘီလီယံကျော် ပြန်ရှာနိုင်တာက တကယ်ကို တန်ဖိုးရှိလှပေသည်။

အခုလည်း သူ ပျင်းနေတာနဲ့ အတော်ပဲ...

သူ Douyin ကို ဖွင့်လိုက်၏။

လိုက်ဖ်လွှင့်သော ကောင်မလေးများကို မုန့်ဖိုးပေးသည့် ကစားပွဲကို သူ စတင်လိုက်လေသည်။

ခဏအကြာတွင် Douyin အသုံးပြုသူများလည်း ပြန်လည် လှုပ်ရှားလာကြပြီး အထူးသဖြင့် အွန်လိုင်းတွင် ရှိနေကြသော လိုက်ဖ်လွှင့်သည့် ကောင်မလေးများ ဖြစ်ကြပေ၏။

လိုက်ဖ်လွှင့်တာကို စလိုက်ကြ…

"မြန်မြန်... အစ်ကိုဖုန်း က မုန့်ဖိုးတွေ ထပ်ပေးနေပြန်ပြီ..."

"သူဌေးကြီး အစ်ကိုဖုန်း အွန်လိုင်းတက်လာပြီ... ညီမလေးတို့ မြန်မြန်လာပြီး လိုက်ဖ်လွှင့်ကြဟေ့..."

"သူဌေးဖုန်း က တကယ်ကို နာမည်နဲ့ လိုက်ဖက်တာပဲ... သူ အွန်လိုင်းတက်လာတိုင်း အမြဲတမ်း ပွက်လောရိုက်သွားတာပဲ..."

"..."

ကောင်မလေးများ အားလုံး ၎င်းတို့၏ လိုက်ဖ်လွှင့်မှုများကို စတင်လိုက်ချိန်မှာပင် ချင်ယောင်လည်း သူမ၏ အချစ်ဆုံးသူငယ်ချင်းထံမှ မက်ဆေ့ခ်ျတစ်စောင် လက်ခံရရှိလိုက်သဖြင့် Douyin ကို အလျင်အမြန်ဖွင့်ကာ သူမ၏ လိုက်ဖ်လွှင့်မှုကို စတင်လိုက်ပေသည်။

အဲဒီ သူဌေးဖုန်း က ပွဲတော် ဆယ်ခုစာကို ယွမ် သုံးသောင်းပေးပြီး ပေါ့ပေါ့ပါးပါး ဝယ်ပေးလိုက်တာတဲ့လား...

အဲဒါက သူမရဲ့ တစ်လစာ လစာထက်တောင် များနေသေးတယ်…

ချင်ယောင်က တွေးတောလိုက်၏။

‘သူမရဲ့ ရုပ်ရည်မျိုးနဲ့ဆိုရင် သူဌေးဖုန်း လို သူဌေးမျိုးနဲ့ တွဲသင့်တာပေါ့...

သူဌေးဖုန်း လို လူမျိုးကမှ သူမနဲ့ ထိုက်တန်တာလေ…’

သူမက ဘေးနားရှိ ချန်ဖုန်းအား ထပ်မံ ကြည့်ရှုလိုက်သည်။ ထို့နောက်

သူမသည် ခေါင်းကိုသာ ခါရမ်းလိုက်မိတော့၏။

‘လူတွေကြားထဲမှာ တကယ့်ကို ကွာခြားချက်တွေ ရှိနေတာပဲ…’

ချင်ယောင်သည် အခြားမည်သည့်အရာကိုမျှ မတွေးတောတော့ဘဲ သူမ၏ မိတ်ကပ်ကို အလျင်အမြန် သပ်ရပ်အောင် ပြင်ဆင်လိုက်ပြီး သူမ၏ မျက်နှာ ဘေးဘက်သို့ ကင်မရာချိန်ကာ လိုက်ဖ်လွှင့်ခြင်းကို စတင်လိုက်လေသည်။

သူမ၏ ရုပ်ရည်မှာ အမှတ် ၁၀၀ တွင် ၈၇ မှတ်ခန့် ရှိပေ၏။ အလှပြုပြင်ထားသော လှပသည့် မြင်ကွင်းအောက်တွင် သူမသည် ရမှတ် ၉၅ မှတ်ရှိသော အလှပိုင်ရှင်တစ်ဦးအဖြစ် ချက်ချင်း ပြောင်းလဲသွားလေသည်။

လိုက်ဖ်လွှင့်မှုများကို ကြည့်ရှုနေသော ချန်ဖုန်းသည် သူ၏ ဖုန်းမျက်နှာပြင်ပေါ်သို့ တစ်ချက် ကြည့်လိုက်၏။

သူ တစ်ခဏမျှ မှင်တက်သွားခြင်းကို မတားဆီးနိုင်ခဲ့ချေ။

ဘေးနားတွင် လိုက်ဖ်လွှင့်နေသော ချင်ယောင်ကို သူ ထပ်မံ ကြည့်ရှုလိုက်သည်။

ထို့နောက် မနေနိုင်ပဲ သူ ခေါင်းခါလိုက်၏။

သူက မျက်နှာပြင်ကို ပွတ်ဆွဲကာ ကျော်သွားလိုက်ပေသည်။

‘နင်က ငါ့ဆီကနေ မုန့်ဖိုး လိုချင်သေးတာလား…

အိပ်မက်မက်နေလိုက်…’

ချင်ယောင်က ဆက်လက်၍ လိုက်ဖ်လွှင့်နေခဲ့သော်လည်း ညီမငယ်များ ပိုမိုများပြားလာကာ သူဌေးကြီး အစ်ကိုဖုန်း ထံမှ မုန့်ဖိုးများ ရရှိနေကြသည်ကို သူမ သတိထားမိလိုက်ပြီး သူမကိုယ်တိုင်မှာမူ မည်သည့်တိုးတက်မှုမျှ မရှိသေးချေ။

‘ဘာတွေ ဖြစ်နေတာလဲ...မဖြစ်နိုင်ဘူး...

ခုနက အစ်ကိုဖုန်း ငါ့ရဲ့ လိုက်ဖ်လွှင့်မှုထဲကို ဝင်လာတာကို ငါ ရှင်းရှင်းလင်းလင်း မြင်လိုက်ရတယ်လေ...

ဘာလို့ ဘာလှုပ်ရှားမှုမှ မရှိရတာလဲ...

သူက ပြန်ထွက်သွားတာများလား…’

ချင်ယောင် ချက်ချင်းပင် ဆွံ့အသွားရလေတော့၏။

All Chapters