← Chapters

အခန်း ၁၆၀

Vol. 16 Ch. 160

အခန်း ၁၆၀

Vol. 16 Ch. 160

အခန်း (၁၆၀) ရှယ်ယာများ လက်ဝယ်ရရှိခြင်း

"ယောင်အာ... ယောင်အာ... ခုနက သူဌေးကြီး အစ်ကိုဖုန်း က ငါ့ကို ပွဲတော် ဆယ့်ငါးခုတောင် ပေးသွားတယ်... ပြီးတော့ ငါ့ကောင်လေးလည်း ပွဲတော် ငါးခု ရလိုက်တယ်... အို ဘုရားရေ... သူက တကယ်ကို ချမ်းသာလွန်းတာပဲ..."

သူမ၏ အချစ်ဆုံးသူငယ်ချင်းက စိတ်လှုပ်ရှားစွာဖြင့် ဖုန်းဆက်လာပြီး ပြောဆိုလိုက်၏။ "ပြောစမ်းပါဦး... နင် လက်ဆောင်ဘယ်လောက် ရလိုက်လဲ... နင့်ရဲ့ ရုပ်ရည်မျိုးနဲ့ဆိုရင် ပိုပြီးတောင် အများကြီး ရသင့်တယ် မဟုတ်ဘူးလား..."

"ငါ..."

ချင်ယောင်က သက်ပြင်းချလိုက်သည်။ "ငါ ဘာမုန့်ဖိုးမှ မရလိုက်ဘူး... အစ်ကိုဖုန်း က လိုက်ဖ်လွှင့်တဲ့ထဲ ဝင်လာပြီးတော့ ပြန်ထွက်သွားတယ်..."

"ဘာ..."

သူမ၏ အချစ်ဆုံးသူငယ်ချင်းမှာလည်း အလွန် အံ့အားသင့်သွားပေ၏။ "မဖြစ်နိုင်တာ... အစ်ကိုဖုန်း က လိုက်ဖ်ထဲ ဝင်လာတာနဲ့ မုန့်ဖိုးပေးလေ့ရှိတယ်... အထူးသဖြင့် ပိုလှတဲ့သူဆိုရင် ပိုပြီး အများကြီး ပေးတာ... အစတုန်းကတော့ သူက ကောင်မလေးတွေကိုပဲ မုန့်ဖိုးပေးပေမဲ့ အခုဆို တချို့ ကောင်လေးတွေတောင် သူ့ဆီကနေ မုန့်ဖိုးရနေပြီ... ယောင်အာ... နင်က ဒီလောက်လှတာကို ဘယ်လိုမှ ယုတ္တိမတန်ဘူး..."

"အကြောင်းရင်းကို ငါလည်း မသိဘူးလေ..."

ချင်ယောင်မှာ အလွန် စိတ်ဓာတ်ကျနေခဲ့သည်။

ကင်မရာရှေ့ရှိ သူမ၏ ရုပ်ရည်ကို သူမ ထပ်မံ ကြည့်ရှုလိုက်၏။

‘ငါက ယောကျ်ားလေးတစ်ယောက်

လောက်တောင် မကောင်းဘူးလား...

အနည်းဆုံးတော့ ငါ့သူငယ်ချင်းရဲ့ ကောင်လေးတောင် ပွဲတော် ငါးခု ရလိုက်သေးတယ်လေ…’

သူမ ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။

ဖုန်းချပြီးနောက် ဘေးနားရှိ ချန်ဖုန်းသည်လည်း Douyin ကို ဆော့ကစားနေပြီး သူ၏ လက်ချောင်းများကို မရပ်မနား ပုတ်နေသည်ကို သူမ ရုတ်တရက် သတိပြုမိသွားပေ၏။ သူလုပ်နေလဲ သူမမှာ နားမလည်နိုင်အောင် ဇဝေဇဝါ ဖြစ်နေခဲ့သည်။ သို့သော် သူမက သူ့ကို မေးမြန်းရန်လည်း ဆန္ဒမရှိခဲ့ချေ။

ထိုအချိန်၌ အမျိုးသားတစ်ဦး လျှောက်လာပြီး ဘေးနားရှိ ချန်ဖုန်းအား လုံးဝ လျစ်လျူရှုထားလိုက်သည်။

သူက ချင်ယောင်ကို ကြည့်ကာ ပြောဆိုလိုက်၏။

"သခင်မလေး... မိတ်ဆွေဖွဲ့လို့ ရမလား..."

ထိုသူသည် စတိုင်ကျသော ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏ လက်ကောက်ဝတ်ရှိ နာရီမှာ ယွမ် ခုနစ်သန်း သို့မဟုတ် ရှစ်သန်းခန့် တန်ကြေးရှိသော Patek Philippe ဖြစ်ကာ အောင်မြင်သော လူတစ်ဦး၏ ပုံရိပ်ကို ပေးစွမ်းနေပေသည်။

ချင်ယောင် မျက်မှောင်အနည်းငယ် ကုတ်လိုက်၏။ တကယ်တော့ လေယာဉ်ပေါ်တက်လာကတည်းက သူမကို အမျိုးသားများစွာက စိတ်ဝင်တစား ကြည့်ရှုနေကြသည်ကို သူမ သတိထားမိခဲ့ပြီး လေယာဉ်ကလည်း တိုက်တိုက်ဆိုင်ဆိုင် တစ်နာရီလောက် နောက်ကျနေခဲ့သည်။

ထိုအမျိုးသားများအတွက်တော့ ဤသည်မှာ စကားလာပြောရန် အလွန်ကောင်းမွန်သော အခွင့်အရေးတစ်ခုပင် ဖြစ်ပေ၏။

"သခင်မလေး... ကျွန်တော့်ကိုယ်ကျွန်တော် အရင်မိတ်ဆက်ပါရစေ... ကျွန်တော့်နာမည်က ဖန်ပုရှန်း ပါ... အခုလောလောဆယ် စီမံခန့်ခွဲမှု ကုမ္ပဏီတစ်ခုကို ဦးစီးနေပါတယ်... သခင်မလေးရဲ့ ပုံရိပ်နဲ့ အရည်အသွေးက အနုပညာရှင်တစ်ယောက် ဖြစ်လာဖို့ အရမ်းကို သင့်တော်တယ်လို့ ထင်ပါတယ်... တကယ်လို့ သခင်မလေးသာ ဆန္ဒရှိမယ်ဆိုရင် ကျွန်တော့်ရဲ့ မြေတောင်မြှောက်ပေးမှုကတစ်ဆင့် ဖျော်ဖြေရေးလောကမှာ အောင်မြင်မှုတစ်ခုခု ရလာနိုင်ပါတယ်... ကျွန်တော်တို့ ကုမ္ပဏီမှာ ချန်ရှောင်ရှောင် လို့ခေါ်တဲ့ အနုပညာရှင်တစ်ယောက် ရှိပါတယ်…”

“သခင်မလေးလည်း ကြားဖူးမှာပါ... လွန်ခဲ့တဲ့ တစ်နှစ်က သူမဟာ ဝါသနာရှင်အဆင့်ပဲ ရှိပါသေးတယ်... သူမကို ဒုတိယအဆင့် မင်းသမီးတစ်လက် ဖြစ်လာအောင် တစ်နှစ်လောက် အချိန်ယူပြီး ကျွန်တော် ပျိုးထောင်ပေးခဲ့တာပါ..."

ဖန်ပုရှန်းက ခမ်းနားကြီးကျယ်စွာ ဝါကြွားလိုက်လေသည်။

ဤအောင်မြင်မှုများဖြင့် သူ၏ရှေ့မှောက်ရှိ အလှပိုင်ရှင်ကို သေချာပေါက် ဆွဲဆောင်နိုင်မည်ဟု သူ ယုံကြည်ထားပေ၏။ ယနေ့ခေတ်တွင် မည်သည့် မိန်းမကများ ဖျော်ဖြေရေးလောကထဲသို့ မဝင်ရောက်ချင်ဘဲ နေမည်နည်း။

သူထင်ထားသည့်အတိုင်းပင်…

ချင်ယောင်သည်လည်း အနည်းငယ် သွေးဆောင်ခံလိုက်ရလေပြီ။

ချန်ရှောင်ရှောင် ဆိုသော နာမည်ကို သူမ ယခင်က ကြားဖူးထားပေသည်။

တစ်ခါတစ်ရံတွင် အပျက်သဘောဆောင်သော ကောလာဟလအချို့ ရှိတတ်သော်လည်း သူမသည် လက်ရှိတွင် ဖျော်ဖြေရေးလောက၌ အတော်လေး နာမည်ကြီးနေသူ ဖြစ်၏။

ဒါပေမဲ့ ဖျော်ဖြေရေးလောကမှာ အရှုပ်တော်ပုံ မရှိတဲ့သူက ဘယ်သူများ ရှိလို့လဲ။

ဤအခွင့်အရေးကို သူမ တကယ်ပင် ဆုပ်ကိုင်ချင်နေခဲ့သည်။

"မင်္ဂလာပါ..."

ချင်ယောင်က ဖျော့တော့စွာ ပြုံးလိုက်၏။

သူမ၏ စိတ်ပျက်နေသော ခံစားချက်များမှာ ချက်ချင်း တိုးတက်လာခဲ့ပေသည်။ "မစ္စတာဖန် လို လူမျိုးနဲ့ မိတ်ဆွေဖြစ်ခွင့်ရတာ ကျွန်မအတွက် ဂုဏ်ယူစရာပါ... ကျွန်မနာမည်က ချင်ယောင် ပါ..."

"သခင်မလေးချင်... ကျွန်တော် WeChat လေး ယူပါရစေ... ပြည်နယ်မြို့တော်ကို ရောက်ရင် ဧည့်ဝတ်ကျေပွန်ကြောင်း ပြသတဲ့အနေနဲ့ ထမင်းတစ်နပ်လောက် ကျွေးပါရစေ..."

ဖန်ပုရှန်းက သူ၏ဖုန်းကို ထုတ်ယူရင်း ပြောဆိုလိုက်သည်။

ချင်ယောင်က သဘောမတူဘဲ မနေခဲ့ချေ။

QR ကုဒ်ကို ဖွင့်ကာ ခန္ဓာကိုယ်ကို ရှေ့သို့ အနည်းငယ် ကိုင်းလိုက်၏။

ဘေးနားရှိ လူများမှာ အချင်းချင်း တီးတိုးပြောဆိုနေကြပေသည်။

ဖန်ပုရှန်း တစ်ယောက် ထိုအလှပိုင်ရှင်၏ အဆက်အသွယ်ကို ဤမျှ လျင်မြန်စွာ ရရှိသွားလိမ့်မည်ဟု ၎င်းတို့ မထင်မှတ်ထားခဲ့ကြဘဲ စကားမပြောလိုက်ရသည့်အတွက် အလွန် နောင်တရနေကြလေ၏။

"တီ" ဆိုသော အသံတစ်ခုနှင့်အတူ

မိတ်ဆွေဖွဲ့ခြင်း အောင်မြင်သွားပေပြီ။

ချင်ယောင်သည် ဖုန်းကို ပြန်သိမ်းရန် ပြင်လိုက်ချိန်မှာပင် သူမ၏ မျက်လုံးထောင့်မှနေ၍ ချန်ဖုန်း၏ ဖုန်းမျက်နှာပြင်ကို ရုတ်တရက် အမှတ်တမဲ့ မြင်တွေ့လိုက်ရလေသည်။

‘အဲဒါ ပွဲတော်လက်ဆောင် ပဲ...

မျက်နှာပြင်တစ်ခုလုံးမှာ ပွဲတော်လင်ဆောင်တွေချည်းပဲ…’

သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး ရုတ်တရက် တုန်ရီသွားပြီး ဖုန်းပင် မြေပြင်ပေါ်သို့ ပြုတ်ကျလုနီးပါး ဖြစ်သွားရပေ၏။

သူမ၏ ရင်ထဲတွင် ပို၍ပင် တုန်လှုပ်သွားရလေသည်။

ဘာကြောင့်လဲဆိုတော့...

ချန်ဖုန်းက ပွဲတော် တွေကို မုန့်ဖိုးပေးနေတာကို သူမ မြင်တွေ့ခဲ့ရရုံသာမက ချန်ဖုန်း၏ Douyin အမည်ကိုပါ မြင်တွေ့ခဲ့ရသောကြောင့် ဖြစ်ပေသည်။

‘အစ်ကိုဖုန်း...အို ဘုရားရေ...

သူက တကယ်ကြီး သူဌေးကြီး အစ်ကိုဖုန်း ဖြစ်နေတာပဲ…’ချင်ယောင်သည် မိုးကြိုးပစ်ခံလိုက်ရသည့်အလား ခံစားလိုက်ရပြီး သူမ၏ မျက်နှာမှာ အလွန် ကြည့်ရဆိုးသွားပေ၏။

‘ဒါကြောင့်ကိုး...

ဒါကြောင့် လူတိုင်းက အစ်ကိုဖုန်း ဆီကနေ လက်ဆောင်တွေ ရခဲ့တာကိုး...ဒါပေမဲ့ သူမကျတော့ ဘာမှမရခဲ့ဘူးလေ...

ကျစ်... ဒီအကြောင်းကို ငါ စောစောကတည်းက စဉ်းစားသင့်တာ…’

ချင်ယောင်သည် ပါးစပ်ဟသွားခဲ့သည်။

လေးနှစ်တာ ကွဲကွာနေပြီးနောက် ချန်ဖုန်းသည် မည်သို့လုပ်၍ ရုတ်တရက် ဤမျှ ချမ်းသာကြွယ်ဝလာခဲ့

သနည်းဆိုတာကို သူမ မသိခဲ့ချေ။

သူက လိုက်ဖ်လွှင့်တဲ့ ကောင်မလေးတွေကို ယွမ် သန်းတစ်ရာ သို့မဟုတ် သန်းနှစ်ရာလောက်တန်တဲ့ လက်ဆောင်တွေ ပေးခဲ့တာ ဖြစ်ရမယ် မဟုတ်လား…

ထိုအချိန်၌ ချန်ဖုန်းအပေါ် သူမ၏ အမြင်များ ရုတ်တရက် ကောင်းမွန်လာခဲ့ပေသည်။

ချန်ဖုန်းအပေါ် သူမ၏ ယခင် ဆက်ဆံရေးမှာ အလွန် ညံ့ဖျင်းခဲ့သည်ဟု သူမ ခံစားလိုက်ရ၏။ သူမက အခြေအနေကို ပြန်လည် စုစည်းလိုက်သည်။

ချင်ယောင်၏ မျက်နှာပေါ်တွင် တောင်းပန်သည့် အရိပ်အယောင်တစ်ခု ထွက်ပေါ်လာပြီး ချန်ဖုန်းအား ညင်သာစွာ ပြောဆိုလိုက်ပေ၏။ "ချန်ဖုန်း... အရင်က ငါ့ရဲ့ ဆက်ဆံရေးက သိပ်မကောင်းခဲ့ဘူး... ကျေးဇူးပြုပြီး စိတ်ထဲမထားပါနဲ့နော်..."

"ငါ အခုလေးတင် အချိန်အကြာကြီး သေချာ ပြန်စဉ်းစားကြည့်လိုက်တာ... နင်က တကယ်ကို လူကောင်းတစ်ယောက်လို့ ငါ ထင်တယ်..."

"နင်က အချစ်ရေးမှာ သစ္စာရှိသလို အရမ်းလည်း ရုပ်ဖြောင့်တာပဲ..."

"တကယ်လို့ ဖြစ်နိုင်မယ်ဆိုရင် ငါတို့ တွဲကြည့်လို့ ရမယ်ထင်တယ်... နင် ဘယ်လိုသဘောရလဲ..."

ချင်ယောင်၏ လှည့်ကွက်များမှာ နက်နဲလွန်းလှပေသည်။

ချန်ဖုန်းက သူမသည် ငွေကြောင့် သူ့အနားတွင် ရှိနေသည်ဟု မထင်မှတ်သွားစေရန် သူ၏ သရုပ်မှန်ကို သူမက ချက်ချင်း ဖွင့်ဟမပြောဆိုခဲ့ချေ။

ဤသည်မှာ သူမ၏ အားသာချက်ပင် ဖြစ်သည်။ နှစ်များတစ်လျှောက်လုံး

ချင်ယောင်အား လူအများအပြားက လိုက်ခဲ့ကြပြီး သူမက ချမ်းသာကြွယ်ဝကာ ဩဇာလွှမ်းမိုးမှုရှိသူ အချို့ကို ရွေးချယ်ကာ ၎င်းတို့နှင့် ကောင်းမွန်သော ဆက်ဆံရေးကို ထိန်းသိမ်းထားလေ့ရှိပြီး ငြင်းပယ်ခြင်းလည်းမရှိ၊ လက်ခံခြင်းလည်းမရှိ ပြုလုပ်လေ့ရှိပေ၏။

ဤသည်က အရန်တာယာများ ပိုမိုများပြားသည်ဟု အဓိပ္ပာယ်ရပေသည်။

ချန်ဖုန်းက နားမလည်နိုင်စွာဖြင့် မော့ကြည့်လိုက်သည်။

‘ဒီမိန်းမ ရူးနေတာလား...

တစ်ခဏလောက်က ငါက နင့်ကို ကပ်တွယ်နေတယ်လို့ ပြောပြီး အခုကျတော့ ငါနဲ့ တွဲချင်တယ်ပေါ့လေ...

ထွက်သွားစမ်း…’

"ချင်ယောင်... နင် မှားနေပြီထင်တယ်... ငါက လုံးဝ သစ္စာမရှိဘူး... ပေ့ဟူတက္ကသိုလ် က ကျောင်းရဲ့အလှလေး လေးယောက်ထဲက သုံးယောက်က ငါနဲ့ ရှင်းရှင်းလင်းလင်းမရှိတဲ့ ပတ်သက်မှုတွေ ရှိနေတာ..."

"အခု ငါနေတဲ့ စံအိမ်မှာတောင် အရမ်းချောတဲ့ အလှပိုင်ရှင် နှစ်ယောက်က ငါနဲ့ အတူတူ နေနေတာလေ..."

"ငါ့မှာ ဘာအားသာချက်မှ မရှိဘူး... ဒါပေမဲ့ အားနည်းချက်တွေတော့ အများကြီးရှိတယ်...နင် ငါနဲ့ တကယ် တွဲချင်တာ သေချာရဲ့လား..."

"နင်..."

ချန်ဖုန်း၏ လှောင်ပြောင်နေသော မျက်နှာအမူအရာကို မြင်လိုက်ရချိန်တွင် ချင်ယောင်၏ မျက်နှာမှာလည်း မှောင်မိုက်သွားလေတော့၏။

ဒေါသတကြီးဖြင့် သူမသည် သွားများကို ကြိတ်လိုက်သည်။ သူမက ခေါင်းငုံ့ပေးခဲ့ပြီးတာတောင် သူက ရပ်တန့်မည်ပုံ မပြသေးချေ။

‘နင် ချမ်းသာနေတော့ရော ဘာဖြစ်လဲ...

ဟွန့်…’

ချင်ယောင်သည် နှုတ်ခမ်းကိုစူကာ မှုန်ကုပ်ကုပ်ဖြင့် ထိုင်နေလိုက်တော့သည်။

ချန်ဖုန်းက သူမကို ပြန်လည်တုံ့ပြန်ရန် စိတ်မဝင်စားခဲ့ချေ။ သူသည် ယွမ် သန်း ၁၅၀ တန်ဖိုးရှိသော လက်ဆောင်များကို တစ်ချက်တည်းဖြင့် ပေးပို့ခဲ့ပြီးနောက် နောက်ဆုံးတွင် စနစ်ပွိုင့် ၃၀၀၀၀ ကျော်ကို စုဆောင်းနိုင်ခဲ့လေပြီ။

"လဲလှယ်မယ်..."

[ဒင်... တုန်းယောင် လေကြောင်းလိုင်း ရဲ့ ရှယ်ယာ ၁၅ ရာခိုင်နှုန်းကို အောင်မြင်စွာ လဲလှယ်နိုင်ခဲ့တဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်... စနစ်ပွိုင့် ၃၀၀၀၀ နှုတ်ယူလိုက်ပါပြီ]

[ပိုင်ရှင်၏ လက်ရှိကျန်ရှိသော… စနစ်ပွိုင့်များ - ၆၂၀၀]

သူ၏ လက်ထဲတွင် ရုတ်တရက် ပေါ်လာသော ရှယ်ယာစာချုပ်ကို ကြည့်ရင်း ချန်ဖုန်းက ရယ်မောလိုက်ပေ၏။

ယခု သူ စီးနင်းလိုက်ပါလာသော လေယာဉ်မှာ တုန်းယောင် လေကြောင်းလိုင်း ပင် ဖြစ်လေသည်။

တစ်ချိန်တည်းမှာပင် တုန်းယောင် လေကြောင်းလိုင်း ၏ ဌာနချုပ်၌…

ဥက္ကဋ္ဌပေါင် ၏ မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွားခဲ့၏။ သူ၏ ကုမ္ပဏီသည် ချန်ဖုန်း အမည်ရသော အမျိုးသားတစ်ဦး၏ ရှယ်ယာ ၁၅ ရာခိုင်နှုန်းဖြင့် ဝယ်ယူခြင်း ခံလိုက်ရလေပြီ။

ဂရုအတွင်း သူတို့၏ ပိုင်ဆိုင်မှုများက ထိပ်တန်းငါးခုစာရင်းတွင် ပါဝင်နေပေသည်။

အကယ်၍ ဤမျှ ကြီးမားသော ရှယ်ယာများကို နောက်ကွယ်မှ ရည်ရွယ်ချက်ရှိသူ တစ်ဦးဦးက အမြတ်ထုတ်သွားပါက အကြီးဆုံး ရှယ်ယာရှင်အဖြစ် ၎င်း၏ ရပ်တည်ချက်ကို လုံးလုံးလျားလျား လှုပ်ခတ်သွားစေနိုင်ပေ၏။

သူ၏ ရင်ထဲတွင် မသေချာမရေရာသော စိုးရိမ်ပူပန်မှုတစ်ခုကို ခံစားလိုက်ရသဖြင့် သူ၏ လက်အောက်ငယ်သားကို ပြောလိုက်သည်။ “မြန်မြန်... ချန်ဖုန်းရဲ့ နောက်ခံကို စုံစမ်းဖို့ လူလွှတ်လိုက်စမ်း…”

ဆယ်မိနစ်အကြာတွင်…

လက်အောက်ငယ်သားတစ်ဦးက

ချန်ဖုန်း၏ အချက်အလက်များကို ယူဆောင်လာခဲ့သည်။

"ပေ့ဟူတက္ကသိုလ် က နောက်ဆုံးနှစ် ကျောင်းသားလား... အွန်လိုင်း သူဌေးကြီး ဟုတ်လား..."

ဥက္ကဋ္ဌပေါင် သည် မျက်မှောင်အပြင်းအထန် ကုတ်လိုက်လေ၏။

အချက်အလက်များမှာ အလွန် ရိုးရှင်းပြီး ထင်ရှားသော လက္ခဏာများ မရှိချေ။ တစ်ဖက်လူသည် တုန်းယောင် လေကြောင်းလိုင်း ကို စိတ်ဝင်စားသောကြောင့် ရှယ်ယာများကို ဝယ်ယူခဲ့ခြင်းမျှသာ ဖြစ်ကောင်းဖြစ်နိုင်ပေသည်။

သို့သော် ထိုသို့ဖြစ်လျှင်ပင် သူသည် တစ်ဖက်လူနှင့် ကောင်းမွန်သော

ဆက်ဆံရေးတစ်ခု တည်ဆောက်ထားရမည် ဖြစ်၏။

"မြန်မြန်... မစ္စတာချန် ရဲ့ လက်ရှိ တည်နေရာကို စစ်ဆေးလိုက်... ငါ သူ့ဆီ သွားတွေ့ရမယ်..."

All Chapters