← Chapters

အခန်း ၉၆၅

Vol. 47 Ch. 965

အခန်း ၉၆၅

Vol. 47 Ch. 965

အခန်း(၉၆၅) ကောင်းကင်ဘုံကို ဆန့်ကျင်ခြင်း

ဤမျှဝေးကွာသော အကွာအဝေးမှပင် မေသည် ဧရာမအစီအရင်ကြီးကို လှမ်းမြင်နေရပြီး စိတ်ထဲ၌ ခန့်ညားထိတ်လန့်မှုကို ခံစားလိုက်ရချေသည်။ လူသားများအနေဖြင့် မိမိကိုယ်မိမိ ကာကွယ်ရန် ဤကဲ့သို့သော အစီအရင်မျိုးကို ဖန်တီးနိုင်ခြင်းက အမှန်ပင် အံ့ဩချီးကျူးဖွယ် ဖြစ်ပေရာ ယင်းက လူသားတို့၏ စွမ်းအားကို ပြသနေခြင်း ဖြစ်တန်ရာသည်။

ထိုသို့သော်လည်း လူတိုင်းက ပတ်ဝန်းကျင် အခြေအနေကို သေချာစွာ မသုံးသပ်နိုင်သေးမီမှာပင် လူရိပ်တစ်ခုက လေထဲ၌ ဖြည်းညှင်းစွာ ပျံသန်းလာခဲ့ချေသည်။

လူတိုင်းက လှည့်ကြည့်လိုက်ကြရာ ထိုသူကား အခြားသူမဟုတ်ဘဲ နတ်ဆိုးဘုရင်ပင် ဖြစ်ချေတော့သည်။

"အစ်မ... နောက်ဆုံးတော့လည်း မင်း ရောက်လာခဲ့တာပဲလား" နတ်ဆိုးဘုရင်က မျက်နှာတွင် အပြုံးတစ်ခု ဆင်မြန်းလျက် ဖြည်းညှင်းစွာ ပြောဆိုလိုက်သည်။

မေက အေးစက်သော မျက်နှာပေးဖြင့် နတ်ဆိုးဘုရင်ကို စိုက်ကြည့်ကာ "ဘာလဲ... နင်က ငါ့ကို နှုတ်ဆက်ဖို့သက်သက် ဒီနေရာကို လာခဲ့တာတော့ မဟုတ်ဘူးမလား" ဟု ဆိုလေသည်။

"ဒါလည်း မဟုတ်ပါဘူး... မင်းလာမယ်ဆိုတာ သိလို့ လာတွေ့တာပါ၊ ဘာပဲပြောပြော မင်းက မိစ္ဆာမျိုးနွယ်စုရဲ့ မိစ္ဆာဘုရင်ပဲဥစ္စာ" နတ်ဆိုးဘုရင်က တည်ငြိမ်စွာ ပြန်လည်ပြောကြားလိုက်သည်။

"ဟွန့်... အခုချိန်မှာ နောက်ဆုတ်ဖို့ဆိုတာ အချိန်နှောင်းသွားပြီ၊ နင်က အညံ့ခံဖို့ ကြံစည်နေတာလား" ကျိရန်က အေးစက်စွာ ပြောဆိုလိုက်ချေသည်။

နတ်ဆိုးဘုရင်က ခပ်ဖွဖွ ပြုံးလိုက်ပြီး "အညံ့ခံတာ မဟုတ်ပါဘူး... ငါက မင်းတို့နဲ့ ဆက်မကစားချင်တော့လို့ပါ၊ ဒါကြောင့် မင်းတို့ကို အံ့ဖွယ်နိမိတ်တစ်ခု မျက်ဝါးထင်ထင် စောင့်ကြည့်စေချင်ရုံသက်သက်ပါ" ဟု ပြောလေသည်။

ချင်ယွမ်ဖုန်းသည် ထိတ်လန့်သွားပြီး စိတ်ထဲရှိ မကောင်းသော အာရုံက အမှန်ပင် ဖြစ်လာချေပြီဟု တွေးတောမိသည်။

နတ်ဆိုးဘုရင်သည် မေနှင့် အခြားသူများ ရောက်ရှိလာသည်ကို မြင်သော်လည်း တုန်လှုပ်ခြောက်ခြားသည့် အရိပ်အယောင်မျှမရှိပေရာ ယင်းက သူ၌ တစ်စုံတစ်ခုသော နောက်ကွယ်မှ အစီအစဉ် ရှိနေကြောင်း ညွှန်ပြနေသည့်သဘော ဖြစ်ချေသည်။

"နင် အတိအကျ ဘာတွေလုပ်ခဲ့တာလဲ" မေက အေးစက်စွာ မေးမြန်းလိုက်သည်။

"မကြာခင် မင်းသိရမှာပေါ့ အစ်မ" နတ်ဆိုးဘုရင်က သူ၏လက်မောင်းများကို ဆန့်တန်းလိုက်ရာ သူ၏ခန္ဓာကိုယ်မှ သွေးကဲ့သို့ နီရဲသော အလင်းတန်းများ ရုတ်တရက် လျှံထွက်လာခဲ့ချေသည်။

"မကောင်းတော့ဘူး... သူလုပ်နေတာကို ချက်ချင်း တားကြ"

နတ်ဆိုးဘုရင်၏ ပုံစံကို မြင်သည်နှင့် မေ၏မျက်ခုံးများ ရုတ်တရက် တွန့်ချိုးသွားပြီး ချက်ချင်းပင် အလျင်အမြန် အော်ဟစ်ပြောဆိုလိုက်တော့သည်။

---

လူတိုင်းက နတ်ဆိုးဘုရင်ကို တိုက်ခိုက်လိုက်ကြသော်လည်း သူ၏ခန္ဓာကိုယ်ပတ်လည်တွင် ရုတ်တရက် နီရဲသော အလင်းဒိုင်းတစ်ခု ပေါ်ထွက်လာပြီး ပေါ်လာသည်နှင့်တစ်ပြိုင်နက် အရှိန်အဟုန်ဖြင့် ပြန့်ကားသွားချေသည်။

ချင်ယွမ်ဖုန်းနှင့် အခြားသူများ၏ တိုက်ကွက်များက အလင်းဒိုင်းပေါ်သို့ ကျရောက်သွားသောအခါ လှိုင်းကြက်ခွပ်မျှပင် ထမလာသည့်အပြင် ယင်းအလင်းဒိုင်း၏ တွန်းထုတ်မှုကြောင့် သူတို့အားလုံး ပေအနည်းငယ်မျှ နောက်သို့ လွင့်စင်သွားခဲ့ရချေသည်။

နတ်ဆိုးဘုရင်သည် အလင်းဒိုင်းအတွင်း၌ မြေပြင်ပေါ်သို့ ဖြည်းညှင်းစွာ ဆင်းသက်လိုက်ပြီး တင်ပလ္လင်ခွေ ထိုင်လိုက်ချေသည်။ မြေပြင်မှ သွေးများက စိမ့်စမ်းရေကဲ့သို့ ထူးဆန်းအံ့ဩဖွယ် စိမ့်ထွက်လာခဲ့သည်။

ထိုသွေးများသည် သတ်မှတ်ထားသော လမ်းကြောင်းအတိုင်း စီးဆင်းသွားပြီး နောက်ဆုံးတွင် နတ်ဆိုးဘုရင်၏ ပတ်ပတ်လည်၌ ထူးဆန်းသော မှော်အစီအရင်တစ်ခု ဖြစ်တည်သွားချေတော့သည်။

ချင်ယွမ်ဖုန်းနှင့် အခြားသူများအားလုံး ထိတ်လန့်သွားကြသော်လည်း ဤသွေးအစီအရင်၏ မူလဇစ်မြစ်ကိုမူ သူတို့ သေချာပေါက် မသိရှိကြပေ။

"​ဒါက... သွေးပူဇော်ခြင်းလား" မေက ရုတ်တရက် ရေရွတ်လိုက်သည်။

"သွေးပူဇော်ခြင်း ဟုတ်လား" ချင်ယွမ်ဖုန်း၏ မျက်လုံးများ ပြူးကျယ်သွားကာ "ဒါက ဘယ်လို သွေးကွက်တွေလဲ... ပတ်ဝန်းကျင်မှာ ဘယ်သူမှလည်း မရှိပါလား" ဟု ဆိုသည်။

"မဟုတ်ဘူး... သွေးပူဇော်ခြင်းက စတင်နေပြီ" မေ၏ မျက်နှာတစ်ခုလုံး သေလူကဲ့သို့ ဖြူလျော်သွားခဲ့ချေပြီ။

---

ဤအချိန်တွင် ကျွမ်ယွမ်နှင့် အစီအရင်ကြီးအတွင်းရှိ အခြားသူများအားလုံး၏ မျက်နှာတွင် လေးနက်တည်ကြည်သော မျက်နှာပေးများ ပေါ်နေကြချေသည်။

အဘယ်ကြောင့်ဆိုသော် အစောပိုင်းက အစီအရင်ကို တိုက်ခိုက်နေခဲ့သော မိစ္ဆာစစ်တပ်သည် ယခုအခါတွင် ဖြည်းညှင်းစွာ နောက်ဆုတ်သွားပြီး နောက်ဆုံး၌ တစ်နေရာတည်းတွင် စုစည်းသွားကြသောကြောင့် ဖြစ်ပေရာ ထိုသို့သော အခြေအနေက ထူးဆန်းလှသည်။

နှစ်သန်းသုံးသန်းမျှရှိသော မိစ္ဆာစစ်တပ်ကြီးသည် အစိတ်အပိုင်း ဆယ်ဂဏန်းခန့် ကွဲပြားသွားပြီး တစ်ခုချင်းစီက သတ်မှတ်ထားသော နေရာကောင်းများတွင် ရပ်တန့်လျက် ဧရာမ စက်ဝိုင်းကြီးတစ်ခုကို ဖန်တီးလိုက်ကြသည်။

သူတို့ရပ်နေသော နေရာများမှ မြေပြင်တွင် နတ်ဆိုးဘုရင်၏ ဘေးနားကဲ့သို့ပင် သွေးများ ရုတ်တရက် ပန်းထွက်လာခဲ့ချေသည်။

ထို့နောက် သွေးအစီအရင်၏ အထက်တွင် နီရဲသော အလင်းဒိုင်းတစ်ခု ပေါ်လာပြီး တစ်ပါးကျွန်းသား မိစ္ဆာစစ်တပ်တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့ချေတော့သည်။

ယင်းက ကျွမ်ယွမ်၏ အစီအရင်ကြီးနှင့် ဆင်တူလှပေသည်။

ဤအခြေအနေကြောင့် ကျွမ်ယွမ်မှာ အနည်းငယ် ဝေခွဲမရဖြစ်သွားသော်လည်း ဤအရာက တစ်ပါးကျွန်းသား မိစ္ဆာများ၏ လှည့်ကွက်တစ်ခု ဖြစ်နေမလား မသိသဖြင့် ယခုအချိန်တွင် အစီအရင်ကြီးကို မရုပ်သိမ်းဝံ့သေးပေ။

"ဒီအစီအရင်တွေက... နတ်ဆိုးဘုရင် ငါတို့ကို လုပ်ခိုင်းခဲ့တဲ့ အစီအရင်တွေပဲ" ကျိုတိုက အပြင်ဘက်ရှိ အလင်းဒိုင်းအစီအရင်များကို မျက်လုံးပြူးကာ စိုက်ကြည့်ရင်း ပြောလိုက်သည်။

"ဒီအရာတွေက အစီအရင်တွေ ဟုတ်လား" ကျွမ်ယွမ်က ထိတ်လန့်တုန်လှုပ်စွာဖြင့် လှည့်ကြည့်လိုက်ရာ လုယွဲ့အင်ပါယာ၏ နယ်နိမိတ်အတွင်း၌ အလင်းဒိုင်းတစ်ခု ဖြည်းညှင်းစွာ မြင့်တက်လာသည်ကို မြင်လိုက်ရချေသည်။

"မကောင်းတော့ဘူး... မြန်မြန်၊ အဲဒီအစီအရင်ကြီးကို ဖျက်ဆီးကြ" ကျွမ်ယွမ်က ပျာပျာသလဲ အော်ဟစ်လိုက်တော့သည်။

သို့သော်လည်း အချိန်နှောင်းသွားခဲ့ချေပြီ၊ အလင်းဒိုင်းက ပေါ်ပေါက်လာခဲ့ပြီဖြစ်ရာ နတ်ဘုရားတစ်ပိုင်းအဆင့် ပညာရှင် အပြတ်အသတ် စုပေါင်းတိုက်ခိုက်လျှင်ပင် ယင်းကို ချိုးဖျက်နိုင်မည် မဟုတ်ပေ။

"နတ်ဆိုးဘုရင် ကွပ်ကဲထားတဲ့ သိုင်းပညာရှင်တွေ ဘာလုပ်နေလဲဆိုတာ ငါနောက်ဆုံးတော့ သိပြီ... သူတို့က ဧရာမ အစီအရင်ကြီးကို တည်ဆောက်နေခဲ့ကြတာပဲ" ကျွမ်ယွမ်က ဒေါသတကြီး ပြောဆိုလိုက်သည်။

ကျိုတိုသည် မိမိရှေ့မှ နီရဲသောအလင်းဒိုင်းကို ကြည့်ကာ ဆွံ့အသွားခဲ့ရချေသည်။ ယခုအချိန်တွင်မှ နတ်ဆိုးဘုရင်က ထိုဧရာမ အစီအရင်ကြီးများကို အဘယ်ကြောင့် တည်ဆောက်ခိုင်းခဲ့သနည်းဆိုသည်ကို သူ အပြည့်အဝ နားလည်သွားခဲ့ချေပြီ။

ရွာသားများကို သတ်ဖြတ်ခြင်းက သွေးများကို စုဆောင်းရန် သက်သက်သာ ဖြစ်ပေသည်။

ဤအစီအရင်ကြီးသည် ပစ္စည်းအမြောက်အမြား လိုအပ်ရုံသာမက ပို၍အရေးကြီးသည်မှာ သွေးများ လိုအပ်ခြင်း ဖြစ်ပေရာ ထိုသို့သော အချက်က အဓိက ဖြစ်တန်ရာသည်။

အစီအရင်ကြီး၏ အပြင်ဘက်ရှိ လူသားများကို သတ်ဖြတ်ခြင်းက အပြင်ဘက်ရှိ အစီအရင် ဆယ်ဂဏန်းခန့်အတွက် သွေးစုဆောင်းခြင်းသက်သက်သာ ဖြစ်ချေသည်။

အစီအရင်ကြီးအတွင်းရှိ ရွာများကို သတ်ဖြတ်ခြင်းနှင့် ရွာများထဲ၌ အစီအရင်များ တည်ဆောက်ခြင်းက လူထုကို လမ်းလွဲစေရန်သက်သက်သာဖြစ်ပြီး စစ်မှန်သော သွေးများကိုမူ လုယွဲ့အင်ပါယာအတွင်းရှိ ဤအစီအရင်ကို တည်ဆောက်ရန် အသုံးပြုခဲ့ခြင်း ဖြစ်ပေသည်။

"နတ်ဆိုးဘုရင်က အတိအကျ ဘာလုပ်ချင်နေတာလဲ" ကျွမ်ယွမ်က လက်သီးကို တင်းတင်းဆုပ်လိုက်သည်။ ယခုအချိန်တွင် နီရဲသော အလင်းဒိုင်းအတွင်း၌ ပိတ်မိနေသော လူသားဦးရေမှာ သန်းပေါင်း ရာချီရှိနေချေပြီ။

ဤမျှ များပြားလှသော အရေအတွက်ကြောင့် ကျွမ်ယွမ်၏ ရင်ထဲ၌ပင် ထိတ်လန့်တုန်လှုပ်မှု ခံစားလိုက်ရသည်။

"သွားကြ... အစီအရင်ကြီးကိုဖွင့်ပြီး တစ်ပါးကျွန်းသား မိစ္ဆာတွေကို အင်အားအပြည့်နဲ့ တိုက်ခိုက်ကြ၊ သူတို့ ဘာတွေကြံစည်နေလဲဆိုတာ ငါသိဖို့ လိုတယ်" ကျွမ်ယွမ်က ဟိန်းဟောက်လိုက်တော့သည်။

---

ဤအချိန်တွင် ကမ္ဘာငယ်လေး၏ ထင်ဟပ်မှုအပြင်ဘက်၌ အိုင်ဖေးသည် ဆေးနတ်ဘုရားဂိုဏ်းမှ လူများနှင့်အတူ ပေါ်လာခဲ့ချေသည်။ နီရဲသောအလင်းဒိုင်း ပေါ်လာသည့်အချိန်၌ပင် အိုင်ဖေးသည် တစ်စုံတစ်ခု မှားယွင်းနေပြီကို သိရှိသဖြင့် လူတိုင်းကို ဆွဲခေါ်ကာ နေရာပြောင်းအစီအရင်ကို အသုံးပြု၍ အပြင်သို့ ချက်ချင်း နေရာပြောင်းရွှေ့ခဲ့ခြင်း ဖြစ်သည်။

ဤနေရာပြောင်းအစီအရင်ကား ချင်ယွမ်ဖုန်း သူ၏ထံ၌ ချန်ထားပေးခဲ့သော အရာ ဖြစ်ပေသည်။

သေချာပေါက်ပင် သူတို့ အပြင်သို့ ရောက်ရှိပြီးနောက် နေရာပြောင်းအစီအရင်သည် စွမ်းအား ပျောက်ဆုံးသွားခဲ့ရရာ နီရဲသောအလင်းဒိုင်းအတွင်းရှိ အရာအားလုံး ပိတ်ဆို့ခံလိုက်ရသည့်သဘော ဖြစ်ချေသည်။

"ဒါက အတိအကျ ဘာကြီးလဲ" အိုင်ဖေးက ဧရာမ အလင်းဒိုင်းကြီးကို ကြည့်ကာ ရေရွတ်လိုက်သည်။

ဤအချိန်တွင် အစီအရင်ကြီးက ဖြည်းညှင်းစွာ ပွင့်လာပြီး လူသားသိုင်းပညာရှင်များသည် နောက်ဆုံးတွင် အပြင်သို့ ခြေလှမ်းလှမ်းနိုင်ခဲ့ကြသော်လည်း ယခုအခါတွင်မူ သူတို့ကို စောင့်ကြိုနေသော တစ်ပါးကျွန်းသား မိစ္ဆာများ အပြင်၌ မရှိတော့ပေ။

မိစ္ဆာအားလုံးသည် နီရဲသော အလင်းဒိုင်းအတွင်းသို့ ထူးဆန်းစွာ ဝင်ရောက်သွားကြပြီး မသိရသေးသော အရာတစ်ခုကို စောင့်ဆိုင်းနေကြချေသည်။

---

တစ်ချိန်တည်းမှာပင် ယန်ရုအင်ပါယာဘက်၌ ချင်ယွမ်ဖုန်းသည် မေ၏ စကားများကို ကြားရသောအခါ ထိတ်လန့်တုန်လှုပ်သွားခဲ့ရသည်။

"အတိအကျ ဘာတွေဖြစ်ပျက်နေတာလဲ" ချင်ယွမ်ဖုန်းက မေးမြန်းလိုက်သည်။

"ဟားဟားဟား... ငါပဲ ပြောပြပါရစေ" နတ်ဆိုးဘုရင်က ကျေနပ် အားရသော မျက်နှာပေးဖြင့် သူ၏မျက်လုံးများကို ဖွင့်ကာ ပြောဆိုလိုက်သည်။

"ငါတို့ရဲ့ မိစ္ဆာနယ်မြေမှာ မိစ္ဆာဘုရင်ကသာ နတ်ဘုရားအဆင့်ကို တက်လှမ်းနိုင်ပြီး နတ်ဘုရားအဆင့်သို့ တက်လှမ်းခွင့် ရှိတာပါ" နတ်ဆိုးဘုရင်က တည်ငြိမ်စွာ ပြောကြားလိုက်ပြီး "ငါတို့ မိစ္ဆာမျိုးနွယ်စုက မွေးရာပါ အစွမ်းထက်ကြပေမယ့် ငါတို့ထဲက အများစုက ထိပ်ဆုံးကို မရောက်နိုင်ကြဘူး၊ အဲ့တာက အမှန်ပဲ ဝမ်းနည်းစရာ ကောင်းတယ်" ဟု ဆိုသည်။

"ငါက နှစ်ပေါင်းများစွာ အချိန်ကုန်လွန်စေခဲ့ပြီးနောက်ဆုံးမှာတော့ ကံကြမ္မာကို ဆန့်ကျင်ပြီး သာမန်မိစ္ဆာတွေကို နတ်ဘုရားအဆင့်သို့ တက်လှမ်းစေနိုင်မယ့် နည်းလမ်းကို ရှာဖွေတွေ့ရှိခဲ့တယ်"

"ဒါကတော့ ရေတွက်လို့မရတဲ့ အသက်ပေါင်းများစွာကို အသုံးပြုပြီး မိစ္ဆာမျိုးနွယ်စုရဲ့ ကံကြမ္မာကို ပြောင်းလဲစေမယ့် အထူး သွေးပူဇော်ခြင်းပဲ"

"သေချာတာပေါ့...သွေးပူဇော်ခြင်းအတွက် လိုအပ်တဲ့ သွေးပမာဏက တိုင်းတာလို့ မရနိုင်ဘူး၊ ဒါကြောင့်ပဲ ငါက ရှန်းဝူ စကြဝဠာ တိုက်ကြီးကို လာပြီး ဘာပဲဖြစ်ဖြစ် စစ်ပွဲကို စတင်ခဲ့ရတာပေါ့၊ ဒါက ဒီရည်ရွယ်ချက်အတွက်ပဲ ဖြစ်တယ်"

"ရှန်းဝူ စကြဝဠာ တိုက်ကြီးပေါ်က လူသားတွေအားလုံး ငါနဲ့အတူ မြေမြှုပ်ခံရမှာပါ"

"ပြီးတော့ အခုအချိန်မှာ အထူးသွေးပူဇော်ခြင်းက အဆင်သင့်ဖြစ်နေပြီ၊ ငါက ကံကြမ္မာကို ဆန့်ကျင်တဲ့ မိစ္ဆာတစ်ကောင် ဖြစ်လာတော့မှာပဲ"

All Chapters