အခန်း ၄၆၁
Vol. 47 Ch. 461
အခန်း။ ၄၆၁
[ဧကရာဇ် ခရမ်းရောင် ကံကြမ္မာ: ထာဝရအသက်ရှည်ခြင်း တာအိုကျင့်ကြံသူ (မပြည့်စုံသေး)]
[ထာဝရအသက်ရှည်ခြင်း တာအိုကျင့်ကြံသူ (မပြည့်စုံသေး): ထာဝရအသက်ရှည်ခြင်း တာအိုအသီး၏ ရွှေရောင်သဘာဝလိုအပ်နေပြီး ထိုရွှေရောင်သဘာဝကို ဖြည့်ဆည်းပေးလိုက်ပါက အပြည့်အဝ ပြန်လည်ရရှိနိုင်မည်။]
ဇီဝေပင်မတောင်ထိပ်၏ နောက်ကျော၌ ဘိုးဘေး ချန်ထျန်ယွမ် တစ်ချိန်က တံခါးပိတ် ကျင့်ကြံခဲ့သည့် ဂူထဲတွင် ချန်ကျီရှင်းသည် ဖန်စွန်း၏ ခန္ဓာကိုယ်ထဲမှ ကျဆုံးခြင်း နှလုံးသား မီးလျှံကို အသုံးပြု၍ ထုတ်ယူထားသော ထိုကံကြမ္မာကို ကြည့်ကာ မျက်ခုံးပင့်လိုက်မိသည်။
"ဒီအရာက နည်းနည်းတော့ ကြက်ခြေထောက်လိ အသုံးမဝင်ပေမဲ့ စွန့်ပစ်ဖို့ကျ နှမြောစရာကြီး ဖြစ်နေသလိုပဲ"
ချန်ကျီရှင်းသည် ရွှေရောင်သဘာဝ မပါဝင်သဖြင့် အနည်းငယ် စိတ်ပျက်သွားသည်။
ရွှေရောင်သဘာဝ ဆိုသည်မှာ အရေးအကြီးဆုံး ဖြစ်သည်။
အိမ်ရှိ ဘိုးဘေး ချန်ထျန်ယွမ်ကဲ့သို့သော ထိပ်သီးအဆင့်တွင် ပိတ်မိနေသည့် ကျင့်ကြံသူကြီးများမှာ ရွှေရောင်သဘာဝကို မစုစည်းနိုင်သဖြင့် ထာဝရအသက်ရှည်ခြင်းသို့ မရောက်နိုင်ကြခြင်းပင်။
ထိုအရာမပါဝင်ပါက ချန်ကျီရှင်း၏ လက်ထဲရှိ ထာဝရအသက်ရှည်ခြင်း တာအိုကျင့်ကြံသူ ကံကြမ္မာဆိုသည်မှာ သူတို့အတွက် လုံးဝ အသုံးမဝင်ပေ။
ဒါက ကြက်ခြေထောက် မဟုတ်ရင် ဘာဖြစ်မလဲ။
"ဒါပေမဲ့လည်း လုံးဝ အသုံးမဝင်တာတော့ မဟုတ်ပါဘူး။ ငါ့ဆီမှာ ရွှေရောင်သဘာဝ ပိုလျှံနေတဲ့အချိန်ကျရင် ဒါကို အပြည့်အဝ ပြန်ဖြည့်ပေးလို့ ရတာပဲ။ ပြီးရင် ငါ့အဖေနဲ့ အမေကို ထာဝရအသက်ရှည်ခြင်းဆီ အမြန်ဆုံး ရောက်အောင် ကူညီပေးလို့ရတယ်"
ခဏမျှ စဉ်းစားပြီးနောက် ချန်ကျီရှင်းသည် ထိုကံကြမ္မာကို သိမ်းထားလိုက်ရန် ဆုံးဖြတ်လိုက်သည်။
ထာဝရအသက်ရှည်ခြင်း အဆင့်နှင့် အနည်းငယ် ပတ်သက်နေသဖြင့် လက်ထဲတွင် ရှိနေခြင်းက တစ်နေ့နေ့တွင် အသုံးဝင်နိုင်သည်။
ချန်ကျီရှင်း၏ စိတ်ပျက်မှုနှင့် မတူဘဲ ကျဆုံးခြင်း နှလုံးသား မီးလျှံကြောင့် ထာဝရအသက်ရှည်ခြင်း ကံကြမ္မာကို ဆွဲထုတ်ခံလိုက်ရပြီး ဇီဝေ နတ်ဘုရား အစီအရင်ထဲသို့ ပစ်သွင်းခံလိုက်ရသော ဖန်စွန်းမှာမူ သူ၏ ရုပ်ပိုင်းဆိုင်ရာ မထိခိုက်သော်လည်း အလွန်အဖိုးတန်သော အရာတစ်ခုကို အလုခံလိုက်ရသလို ခံစားလိုက်ရသည်။
"ငါ... ငါ့ကို မင်း ဘာလုပ်လိုက်တာလဲ"
"ဘာမှ မဟုတ်ပါဘူး မင်းအတွက် အသုံးမဝင်တဲ့ အရာတစ်ခုကို ယူလိုက်တာပါ"
ချန်ကျီရှင်းက အေးဆေးစွာ ပြောသည်။
"မဖြစ်နိုင်တာ ငါ့ကို ပြန်ပေးစမ်း ငါ့ကို ပြန်ပေးစမ်း"
ဖန်စွန်းမှာ ဟိန်းဟောက်ကာ အလင်းတန်း လှောင်အိမ်ကို တိုက်ခိုက်သော်လည်း ဇီဝေ နတ်ဘုရား အစီအရင်၏ တုံ့ပြန်မှုကြောင့် ချက်ချင်း လွင့်စင်သွားသည်။
"ပေး... ငါ့ကို ပြန်ပေးစမ်း...."
"ဒါက မင်းအတွက် တကယ်ကို အသုံးမဝင်ပါဘူး။ မင်း ဒီဘဝမှာ ထာဝရအသက်ရှည်ခြင်းကို ရဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။ မပြည့်စုံတဲ့ တာအိုအသီးကို မင်းဆီမှာ ထားထားလည်း အလကားပဲ"
ချန်ကျီရှင်းက ထိုသို့ အမှန်တကယ် ယုံကြည်သည်။
၎င်းမှာ မပြည့်စုံသော ထာဝရအသက်ရှည်ခြင်း တာအိုအသီးသာ ဖြစ်ပြီး ရွှေရောင်သဘာဝ အမှန်တကယ် မပါဝင်ပေ။
တစ်စုံတစ်ယောက်ကသာ အမှန်တကယ် ပါရမီရှင်ဖြစ်ပြီး ရွှေရောင်သဘာဝကို ရရှိနိုင်စွမ်းရှိပါက ဤမပြည့်စုံသော တာအိုအသီး ရှိမနေလည်း ကွာခြားမှု မရှိပေ။
အပြန်အလှန်အားဖြင့်လည်း ထိုအတိုင်းပင်။
ရွှေရောင်သဘာဝကို ပြန်မရနိုင်ပါက ဤမပြည့်စုံသော တာအိုအသီး ကံကြမ္မာက သူကိုယ်ထဲတွင် ရှိနေလည်း အလကားပင်။
ချန်ကျီရှင်းသည် ဤသို့ ရှင်းပြလိုက်ပါက လှောင်အိမ်ထဲရှိ ဖန်စွန်းမှာ စိတ်ဓာတ်ကျသွားမည် သို့မဟုတ် ဒေါသထွက်သွားမည်ဟု တွေးထားသည်။
သို့သော် မည်သူမျှ မထင်မှတ်ထားသည်မှာ ချန်ကျီရှင်း၏ စကားကို ကြားပြီးနောက် ဇီဝေ နတ်ဘုရား အစီအရင်ထဲရှိ ဖန်စွန်းမှာ ဒေါသထွက်ခြင်း မရှိဘဲ မျက်လုံးများ ပြူးကျယ်လျက် တစ်စုံတစ်ခုကို ပျော်ရွှင်နေသလိုမျိုး ဖြစ်နေသည်။
"မင်း... မင်း ငါ့ရဲ့ ဆူမာရု တစ်လက်မ တာအိုကို ယူသွားတာလား"
"ဆူမာရု တစ်လက်မ လား"
ချန်ကျီရှင်းသည် သူ၏ လက်ထဲတွင် အနက်ရောင် မြွေတစ်ကောင်အဖြစ် ပြောင်းလဲကာ ခွေနေသော ကျဆုံးခြင်း နှလုံးသား မီးလျှံကို ကြည့်ကာ မျက်တောင် ခတ်လိုက်သည်။
"ဖြစ်နိုင်တာပဲ"
"မင်းက ဒီလိုမျိုး လုပ်နိုင်တာပေါ့ မဖြစ်နိုင်တာ ငါ့ခေတ်က ဧကရာဇ်နန်းတော်တောင် ဒီလိုမလုပ်နိုင်ဘူး တာလျို တာအို နယ်မြေတွေတောင်မှ..."
"မဟာသန့်ရှင်းသော နယ်မြေသုံးခုကတော့ လုပ်နိုင်ပါတယ်"
ဖန်စွန်း၏ စကားကို ထပ်ဖြတ်ကာ ချန်ကျီရှင်းက အေးဆေးစွာ ပြောသည်။
"ဒီနည်းပညာကို ငါ နင်ယီဆိုတဲ့ ကောင်ဆီကနေ ရတာ။ အဲဒီကောင်က မဟာသန့်ရှင်းသော နယ်မြေသုံးခုက လူတွေ ချထားတဲ့ အရုပ်လေး တစ်ရုပ်ပဲ"
"မဖြစ်နိုင်ဘူး မဟာသန့်ရှင်းသော နယ်မြေသုံးခုက တစ်ခြားသူရဲ့ ကံကြမ္မာကို လုယူတဲ့ ဒီလိုနည်းပညာမျိုးကို ဘယ်လိုလုပ်ပြီး ပိုင်ဆိုင်နိုင်မှာလဲ မဟုတ်ဘူး မင်း ငါ့ကို လိမ်နေတာ မင်း ဒီမိစ္ဆာကောင် မင်းက ဖြောင့်မတ်သူတွေက ချေမှုန်းရမယ့် မိစ္ဆာတစ်ကောင်ပဲ"
ချန်ကျီရှင်း: "..."
အခုတော့ ငါက မိစ္ဆာ ဖြစ်သွားပြန်ပြီပေါ့။
ရယ်စရာကောင်းလိုက်တာ။
ခေါင်းခါယမ်းလိုက်ရင်း ချန်ကျီရှင်းသည် လှောင်အိမ်ထဲရှိ ဖန်စွန်းကို လေးလေးနက်နက် ပြောလိုက်သည်။
"ငါက မိစ္ဆာဆိုတဲ့ ဘွဲ့ကို လက်ခံပေမဲ့ တစ်ခုတော့ သတိပေးရမယ်။ မဟာသန့်ရှင်းသော နယ်မြေသုံးခုက မင်းလို နှစ်ပေါင်းများစွာ သေနေတဲ့ လူအိုကြီးကိုတောင် ပြန်ရှင်အောင် လုပ်နိုင်သေးတာပဲ။ သူတို့က တစ်ခြားသူရဲ့ ကံကြမ္မာကို လုယူတဲ့နည်းကို တီထွင်တာ ဘာထူးဆန်းလို့လဲ မင်း မသိဘူး၊ လက်မခံနိုင်ဘူးဆိုတာက ဖြစ်နိုင်တာက မင်းရဲ့ခေတ်က ကုန်ဆုံးသွားပြီဆိုတာပဲ မဟုတ်ဘူးလား"
ချန်ကျီရှင်းက သူသည် ခေတ်နောက်ကျနေသူဖြစ်ကြောင်း အရိပ်အမြွက် ပြောလိုခြင်းပင်။
သို့သော် နောက်တစ်စက္ကန့်တွင် ဖန်စွန်း၏ ပါးစပ်မှ ထွက်လာသော စကားများက သူ့ကို အံ့အားသင့်သွားစေသည်။
"အ...အဟွတ်... မျိုးဆက်သစ်လေးရေ ကျင့်ကြံခြင်း နည်းလမ်းတွေမှာတော့ မင်းမျက်စိထဲက ငါ့လို လူအိုကြီးက မင်းနောက်မှာ ရှိနေကောင်း ရှိနေလိမ့်မယ်။ ဒါပေမဲ့ လူသားတို့ရဲ့ စိတ်နှလုံး အပြောင်းအလဲ အထောင်အသောင်းမှာတော့ မင်းက ငါတို့ထက် အဆပေါင်းများစွာ ပိုပြီး အပြစ်ကင်းစင်နေတုန်းပဲ"
နတ်ဘုရား အစီအရင်ကြောင့် အကြိမ်ကြိမ် လွင့်စင်သွားပြီးနောက် ဖန်စွန်းသည် ချောင်းဆိုးရင်း အသက်ကို ပြင်းပြင်းရှူသည်။
"မဟာသန့်ရှင်းသော နယ်မြေသုံးခုက ကံကြမ္မာတွေကို လုယူတဲ့ ဒီလိုနည်းမျိုးကို ဘယ်တော့မှ တီထွင်နိုင်မှာ မဟုတ်ဘူး။ ငါတို့လို သေနေသူတွေကို ပြန်ရှင်အောင် လုပ်နိုင်ရင်တောင်မှပေါ့။ မင်း သတိမထားမိတာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ မင်းရဲ့ ကံကြမ္မာ လုယူတဲ့ နည်းလမ်းက ကံကြမ္မာရဲ့ ကြီးမားတဲ့ အကြောင်းတရားကို ထိခိုက်မိနေပြီ.... ဟားဟား သူတို့သာ ကံကြမ္မာကို အမှန်တကယ် ထိကိုင်နိုင်ရင် ဘာလို့ ငါတို့ကို ပြန်ရှင်အောင် လုပ်ဖို့ အချိန်ကုန်ခံနေမှာလဲ။ ကောင်းကင် အမိန့်တော်ပါလာတဲ့ သူတွေကို ရွေးချယ်ပြီး အစကနေ ပျိုးထောင်လိုက်တာက ပိုမကောင်းဘူးလား...."
စကားပြောရင်း ဖန်စွန်းသည် ဇီဝေ နတ်ဘုရား အစီအရင်၏ အစွန်းသို့ ထပ်မံတွားသွားကာ အတွေးနက်နေသော ချန်ကျီရှင်းကို စိုက်ကြည့်လိုက်သည်။
"မင်းပြောတဲ့ နင်ယီဆိုတဲ့လူ ဘယ်သူလဲ ငါမသိဘူး။ ဒါပေမဲ့ သူ့ကို အထင်မသေးဖို့ ငါ အကြံပေးမယ်။ သူက အပြင်ပန်းမှာ စင်ကြယ်သယောင်ယောင်နဲ့ နောက်ကွယ်ကနေ အသုံးချခံနေရသလို ဖြစ်နေပေမဲ့ ဒီလောက် ကြီးမားတဲ့ ကံကြမ္မာကို ဆွဲထုတ်တဲ့ နည်းလမ်းမျိုးက သူ့ဆီကို ပြင်ပကနေ အတင်းအဓမ္မ ထည့်ပေးလိုက်လို့ ရနိုင်တဲ့အရာ မဟုတ်ဘူး။ သူ့မှာ သူ့ကိုယ်ပိုင် ကံဇာတာ၊ သူ့ကိုယ်ပိုင် ပြီးပြည့်စုံတဲ့ တာအိုရှိကို ရှိရမယ်။ မင်းသာ သူ့ကို ဒီလိုပဲ ဆက်ပြီး အထင်သေးနေရင် ငါ့ရဲ့ ဒီနေ့က မင်းရဲ့ မနက်ဖြန် ဖြစ်လာလိမ့်မယ် ဟီးဟီးဟီး... ဟားဟားဟား...."
ဒီကောင် ရူးနေတာလား။
ချန်ကျီရှင်းသည် အေးဆေးစွာ ပြုံးလိုက်ပြီးနောက် လှည့်ထွက်သွားသည်။
"မဖြစ်နိုင်ဘူး ဘာလို့လဲဆိုတော့ သူက သေသွားပြီလေ"
"သေ... သေသွားပြီ"
အမှောင်ထုထဲတွင် ဖန်စွန်းက အော်ဟစ်လိုက်သည်။
"မင်းက ကောင်းကင် အမိန့်တော်ပါလာတဲ့သူကိုတောင် သတ်နိုင်တယ်ပေါ့ မင်းသာ မိစ္ဆာ မဟုတ်ရင် ဘယ်သူက ဖြစ်မှာလဲ မင်းဟာ ဒီလောကမှာ အကြီးမားဆုံး မိစ္ဆာပဲ"