အခန်း ၄၆၆
Vol. 47 Ch. 466
အခန်း။ ၄၆၆
"ငါ..."
ချန်ကျောက်ရှင်း၏ ခန္ဓာကိုယ်တစ်ခြမ်းမှာ တောင်ကုန်း ကျောက်တုံးများအောက်တွင် နစ်မြုပ်နေပြီး စကားမပြောနိုင် ဖြစ်သွားသည်။
သူက "ဒီလောက် အခြေခံကျတဲ့ အသိပညာကို မင်း ဘယ်လိုလုပ် မသိတာလဲ" ဟု တွေးလိုက်မိသည်။
အို...
မဟာသန့်ရှင်းသော နယ်မြေသုံးခုက ဤကိစ္စနှင့် ပတ်သက်၍ သတင်းအချက်အလက်များကို ပိတ်ပင်ထားခြင်းပင်။
ဤနှစ်များအတွင်း ချန်ကျီရှင်းကဲ့သို့ နိဗ္ဗာနအဆင့်သို့ အမှန်တကယ် ရောက်ရှိသူများမှာ စိတ်ဓာတ်ခိုင်မာသူ အနည်းငယ်သာ ရှိသည်။
ထို့ကြောင့် နိဗ္ဗာန၏ အနှစ်သာရမှာ ပျံ့နှံ့ခြင်း မရှိဘဲ လူတိုင်းက ၎င်းကို မေ့လျော့သွားကြခြင်းပင်။
ကိစ္စမရှိတော့ပေ။
ချန်ကျောက်ရှင်းက သူသည် ဤအရိုက်ခံရခြင်းနှင့် ထိုက်တန်သည်ဟု ခံစားလိုက်ရသည်။ အစ်ကိုတစ်ယောက်အနေဖြင့် ညီဖြစ်သူကို မစောင့်ရှောက်ခဲ့သည့်အတွက် သူ့အပြစ်ပင်။
သို့သော် သူသည် ထိုအတွေးကို ချက်ချင်း ဖျောက်ပစ်လိုက်ရသည်။
ဘာကြောင့်လဲဆိုတော့ ချန်ကျီရှင်းက တကယ်ကို ရိုက်နေခြင်းဖြစ်ကာ အသေအလဲ ရိုက်နေခြင်းပင်။
ဆက်တိုက် အရိုက်ခံရမှု သုံးကြိမ်အပြီးတွင် ချန်ကျောက်ရှင်း၏ နိဗ္ဗာနအဆင့်တွင်မှ ကျင့်ကြံထားသော နှင်းခဲချပ်ဝတ်မှာ အခြေခံအုတ်မြစ်မှစ၍ ပျက်စီးသွားသည်။
သူသည် ဇီဝေတောင်၏ မြေအောက် ပေနှစ်ဆယ် အနက်သို့ နက်ရှိုင်းစွာ နစ်ဝင်သွားခဲ့သည်။ ချန်ကျောက်ရှင်းသည် ချန်ကျီရှင်းကို ဤအတိုင်း ဆက်ရိုက်ခိုင်း၍ မဖြစ်တော့ကြောင်း သိလိုက်ရသည်။
“မင်းရဲ့ လက်ရှိ ပြဿနာကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ ငါသိတယ်”
ချန်ကျောက်ရှင်းက သူ့၏ အမြန်ဆုံး အရှိန်ဖြင့် အော်ပြောလိုက်သည်။
သို့သော် သူ အော်ပြောလိုက်ချိန်တွင် သူသည် ဇီဝေတောင်၏ ပေနှစ်ဆယ် အနက်သို့ ရောက်
နှင့်နေပြီ ဖြစ်သည်။
လမ်းတစ်လျှောက်တွင် သူ ဘယ်နှစ်ချက် အရိုက်ခံလိုက်ရမှန်း မသိပေ သူ၏ အသားအရေနှင့် အရိုးတို့ ဘယ်နှစ်ကြိမ်တိုင်အောင် ပြန်လည်မွေးဖွားလာမှန်း မသိတော့ပေ။
“ကွာခြားချက်က... ဒီလောက်တောင် ကြီးမားတာလား...”
သူ၏ ကိုယ်ခန္ဓာကို တစ်ဖန်ပြန်လည် တည်ဆောက်ပြီးနောက် တောင်၏ အူတိုင်ထဲမှ အပေါ်ရှိ ကောင်းကင်အလင်းကို မော့ကြည့်နေသော ချန်ကျောက်ရှင်း၏ မျက်လုံးများတွင် တုန်လှုပ်ခြောက်ခြားမှုတို့ ပြည့်နှက်နေသည်။
သူနှင့် ချန်ကျီရှင်းတို့မှာ အဆင့်တူကြောင်း သူသိသည်။ နှစ်ဦးစလုံးမှာ နိဗ္ဗာနအဆင့်တွင် ရှိကြသည်။
ချန်ကျီရှင်းက နိဗ္ဗာနအဆင့် အဆင့်ကိုး တွင် ရှိသော်လည်း ချန်ကျောက်ရှင်းမှာ ထာဝရအသက်ရှည်ခြင်း စစ်မှန်သော ဧကရာဇ်မင်း၏ အခြေခံအုတ်မြစ်ကို စုပ်ယူထားသော ပါရမီရှင်တစ်ယောက် ဖြစ်သည်။
သူသည် သန့်ရှင်းသော ဘုရင်မြေပုံကို ကိုင်စွဲထားသည့် သူရဲကောင်းတစ်ယောက် ဖြစ်သည်။ ကမ္ဘာပေါ်ရှိ ထိပ်တန်း ပါရမီရှင်တစ်ယောက်ပင်။
သို့ပါလျက်နှင့် အသက်ရှူချိန် အနည်းငယ်အတွင်းမှာပင် ချန်ကျီရှင်း၏ အရိုက်ခံရပြီး တောင်ကို ဖောက်ထွက်သွားရသည်ဟုဆိုလျှင်…..
နောက်တစ်စက္ကန့်တွင် ပြန်လည်တည်ဆောက်ထားသော ချန်ကျောက်ရှင်း၏ ခန္ဓာကိုယ်မှာ သွေးမြူခိုးများအဖြစ် တစ်ဖန် ပြန်လည် ပေါက်ကွဲသွားသည်။
“မင်းရဲ့ အဖြေကို ငါ စိတ်မဝင်စားဘူး။ ငါ မင်းကို ရိုက်ချင်နေတာပဲ ငါသိတယ်။ ဒါက ဒီနေ့မှ စတွေးတာ မဟုတ်ဘူး အရင်ကတည်းက စဉ်းစားနေတာ"
ချန်ကျီရှင်း၏ တစ္ဆေကဲ့သို့ အသံမှာ မြေအောက်လိုဏ်ခေါင်းထဲတွင် ပဲ့တင်ထပ်နေပြီး ချန်ကျောက်ရှင်း၏ နားထဲတွင် ငရဲခန်းမှ လာသော သေမင်း၏ အသံကဲ့သို့ ကြားနေရသည်။
ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ကြောက်ဖို့ကောင်းနေရတာလဲ။
ချန်ကျောက်ရှင်း၏ မျက်လုံးများတွင် စိတ်ပျက်အားငယ်မှု အရိပ်အယောင်များ ပေါ်လာသည်။
ခဏလေးတင်ပဲ ငါတို့နှစ်ယောက် စကားကောင်းကောင်း ပြောနေခဲ့ကြတာ မဟုတ်ဘူးလား။
ဘာဖြစ်လို့ ရုတ်တရက်ကြီး ဒီလိုအခြေအနေ ဖြစ်သွားရတာလဲ...
"အင်း... အထင်တော့ မလွဲလိုက်နဲ့ဦး။
ငါ မင်းအပေါ် စိတ်ဆိုးပြေသွားပါပြီ။
တံခါးပိတ် ကျင့်ကြံနေတုန်းက ငါ တစ်ခု သဘောပေါက်သွားတယ်...
ကျင့်ကြံခြင်းဆိုတာ လူသားတစ်ယောက်ရဲ့ အကန့်အသတ်ကို ကျော်လွန်ဖို့ မဟုတ်ဘူးလား။ အခု ငါက လူသားထက်ကျော်လွန်ပြီး ခန္ဓာကိုယ် ထာဝရအသက်ရှည်ခြင်းကို ရသွားပြီဆိုတော့ အတော်လေး ကောင်းတာပေါ့။
ဒါပေမဲ့ မင်းရဲ့ ပေါက်ကရ ပါးစပ်က ငါ့ကို သတိမပေးဘူးလို့ အတင်း ဇွတ်ငြင်းနေသေးတာကိုး။ အခု ဒီအရိုက်ခံရတာက မင်းကိုယ်တိုင် တောင်းဆိုလိုက်တာ မဟုတ်ဘူးလား"
“ငါ...လား..."
"ငါ... ငါက..."
"စကားမပြောနဲ့တော့... မင်းက အားနည်းလွန်းတယ်။
ငါ တံခါးပိတ် ကျင့်ကြံနေတာ ဒီလောက်ကြာတာတောင် မင်းရဲ့ ကျင့်ကြံမှုက ဘာမှ မတိုးတက်လာဘူး။
အဲဒီတော့... မင်းကို မရိုက်ရင် ငါက ဘယ်သူ့ကို သွားရိုက်ရမှာလဲ..."
"ငါ... ငါ..."
ဘုန်း...
မြေကြီးများပင် တုန်ခါပြီး တောင်များပါ လှုပ်ခါသွားသည်။
ချန်ကျီရှင်းသာ ဇီဝေ နတ်ဘုရား အစီအရင်ကို အရင် မဖွင့်ထားပါက လင်ကျန်းမြို့ ပတ်ဝန်းကျင် မိုင်ပေါင်းများစွာအထိ သက်ရောက်မည့် ငလျင်ကြီး ဖြစ်ပွားလုနီးပါးပင်။
ကံကောင်းစွာဖြင့် ဤရုတ်ရုတ်သဲသဲ ဖြစ်မှုမှာ လျင်မြန်စွာပင် ငြိမ်သက်သွားသည်။
ဆယ်စက္ကန့်ခန့်သာ ကြာမြင့်ခဲ့သည်။
ဇီဝေတောင် အနည်းငယ် လှုပ်ခါသွားသည်ကို တောင်ပေါ်တွင် နေထိုင်သည့် ချန်မိသားစုဝင်များ သတိပြုမိလိုက်ခြင်းမှလွဲ၍ တခြား ဘာမျှ မဖြစ်ပွားခဲ့ပေ။
လူတိုင်းက ၎င်းကို သာမန် မြေငလျင်ဟုသာ ထင်မှတ်လိုက်ကြသည်။
သူတို့၏ မျိုးဆက်သစ်ခေါင်းဆောင်ကို သခင်လေးက မြေအောက် မီးတောင်ဝ အထိရောက်အောင် ရိုက်ချလိုက်လိမ့်မည်ဟု မည်သူမျှ မတွေးမိကြပေ။
“ဗွက်... ဗွက်...”
ပွက်ပွက်ဆူနေသော မီးတောင်မြစ်ထဲတွင် တောက်ပနေသော အနီရောင် သတ္တုလမ်းကြောင်းကို မြင်နေရသည်။
ဤကြီးကျယ်ခမ်းနားသော မြင်ကွင်းကို မြင်လိုက်ရသောအခါ ရိုက်နေသူရော၊ အရိုက်ခံနေရသူပါ အနည်းငယ် တုန်လှုပ်သွားကြသည်။
ချန်ကျောက်ရှင်း: ငါ အရိုက်ခံရပြီး မြေကြီးရဲ့ အောက်ဆုံးအလွှာအထိ ရောက်သွားတာလား။
ချန်ကျီရှင်း: ငါက ဒီလောက်တောင် အစွမ်းထက်သွားတာလား။
“ဗွက်... ဗွက်...”
မိုင်ဆယ်မိုင်အကွာရှိ မီးတောင်ရေကန်ငယ်ဆီသို့ စီးဆင်းသွားသော မီးတောင်ရည်နောက်တွင် ခေါင်းသုံးလုံးပါသော အနက်ရောင် မြွေတစ်ကောင်ကဲ့သို့ သတ္တဝါတစ်ကောင်က ခေါင်းထွက်ကြည့်လိုက်သည်။ ညီအစ်ကိုနှစ်ဦးကို မြင်လိုက်ရသဖြင့် ချက်ချင်းပင် မီးတောင်ရေကန်၏ အောက်ခြေသို့ ပြန်၍ ခုန်ဆင်းသွားတော့သည်။
ဘာတွေ ဖြစ်နေတာလဲ။
ဒါက အရမ်းကြောက်ဖို့ ကောင်းတာပဲ။
သူတို့က မြေကြီးရဲ့ အလွှာအထိတောင် တိုက်ခိုက်နေကြတာလား... ဒါမှမဟုတ် ကောင်းကင်ဘုံက လာတဲ့သူတွေနဲ့ စစ်ဖြစ်နေကြတာလား။
ဤမီးတောင်မြွေမှာ ထာဝရအသက်ရှည်ခြင်းမျိုးနွယ် ဖြစ်ပြီး လွန်ခဲ့သည့် နှစ်ပေါင်း တစ်သောင်းသုံးထောင်က လူသားတစ်စုက သူ့ကို နိုးထစေခဲ့ဖူးသည်ကို မှတ်မိနေသည်။ ထိုအချိန်က လူသားတွေကို သူ အနိုင်ကျင့်မည်ပြုရာမှ ထိုလူစု၏ အရိုက်ခံရပြီး သေလုမျောပါး ဖြစ်ခဲ့ရဖူးသည်။
အခုလည်း ထိုသူတို့နှင့် ပုံစံတူပြီး ပို၍ပင် ရက်စက်နေသလို ရှိသည်။
သွားပြီ...
သူက ငါ့ကို လှမ်းမြင်သွားပြီပဲ...
အခုလို အခြေအနေမျိုးမှာ... ငါက ဘယ်လိုလုပ်ပြီး လွတ်အောင် ပြေးနိုင်တော့မှာလဲ...
သူ မီးတောင်ရေကန်ထဲသို့ ခုန်ဆင်းလိုက်သည်နှင့် နောက်တစ်စက္ကန့်တွင် ပတ်ဝန်းကျင်ရှိ မီးတောင်ရည်များ တုန်ခါသွားသည်ကို ခံစားလိုက်ရသည်။
ထိုတုန်ခါမှုမှာ မီးတောင်ရည်ကြောင့် မဟုတ်ပေ။
ပတ်ဝန်းကျင်ရှိ ကုန်းမြေလွှာများပင် တုန်ခါနေခြင်းပင်။
ချန်ကျောက်ရှင်း၏ မှင်သက်နေသော အကြည့်အောက်တွင် ပတ်လည် ပေနှစ်ဆယ်ခန့်ရှိသော မီးတောင်ရည်ဧရိယာသည် မီးတောင်ရည် လက်ကြီး တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ၎င်း၏ လက်ချောင်းနှစ်ချောင်းကြားတွင် ဆံချည်မျှင် တစ်မျှ သေးသွယ်သော အနက်ရောင် မြွေကလေးကို ညှပ်ထားသည်။
“ငါ... ဟာ”
ချန်ကျောက်ရှင်းသည် ချန်ကျီရှင်းကို နတ်ဘုရားတစ်ပါးကို ကြည့်သကဲ့သို့ မယုံနိုင်စရာ အကြည့်များဖြင့် ကြည့်လိုက်သည်။
“မင်း... မင်း တာအိုအသီးကို ရရှိသွားတာလား"
ဤကဲ့သို့သော အစွမ်းမျိုးသည် နိဗ္ဗာနအဆင့် တွင် ရှိသူတစ်ယောက် လုပ်ဆောင်နိုင်စရာ အကြောင်းမရှိပေ။
ချန်မိသားစု၏ ဘိုးဘေး ချန်ထျန်ယွမ်တောင်မှ ဤမျှလုပ်နိုင်မည် မဟုတ်ပေ။
နိဗ္ဗာနအဆင့် ကျင့်ကြံသူတစ်ယောက်က မီးတောင်ရေကန်တစ်ခုလုံးကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်တာက ဟုတ်ပါတယ်။
ဒါပေမဲ့ လမ်းကြောင်းတစ်ခုလုံးကို ဖုံးလွှမ်းပြီး လေထဲမှာ ဆိုင်းငံ့ထားနိုင်တဲ့ထိ ကြီးမားတဲ့ မီးတောင်ချော်ရည် လက်ဝါးကြီးက... ဘာကြီးလဲ...
ဒါ... ဒါက တာအိုအသီးရဲ့ စွမ်းအားပဲ ဖြစ်ရမယ်။
ရွှေရောင်သဘာဝ တာအိုအသီးက ယူဆောင်လာပေးတဲ့ စွမ်းအားအစစ်ပဲ...
ချန်ကျောက်ရှင်းတစ်ယောက် ရင်ထဲမှာ ထိတ်လန့်တုန်လှုပ်သွားရသည်။
ဒီလောက်အထိ ထူးခြားဆန်းပြားပြီး ကြီးမားတဲ့ အစွမ်းကမှ ရွှေရောင်သဘာဝ တာအိုအသီးရဲ့ စွမ်းအားမဟုတ်ဘူးဆိုရင်... ချန်ကျီရှင်း တကယ်တမ်း တာအိုအသီးကို အပြည့်အဝ ကျွမ်းကျင်ပိုင်နိုင်သွားတဲ့အခါ... ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာ စိတ်ကူးကြည့်ဖို့တောင် မရဲတော့ဘူး...
ပေနှစ်ဆယ်ပတ်လည်... ပေတစ်သောင်းပတ်လည်...မဟုတ်ဘူး ဒါ ခရိုင်ငယ်တစ်ခုစာ အရွယ်အစားလောက်တောင် ရှိနေပြီပဲ...
တောင်တွေကို ရွေ့လျားစေပြီး ပင်လယ်တွေကို လှန်ပစ်နိုင်တယ်ဆိုတဲ့ ဒဏ္ဍာရီလာ စွမ်းအားဆိုတာ... ဒါမျိုးကို ပြောတာနေမှာပဲ...
ဒါပေမဲ့... ဒါကရော ချန်ကျီရှင်းရဲ့ အစွမ်းအစ အကုန်အစင် ဟုတ်မဟုတ်ဆိုတာကို ငါ ဘယ်လိုမှ ခန့်မှန်းလို့ မရတော့ဘူး...
ချန်ကျီရှင်းက ချန်ကျောက်ရှင်း၏ တုန်လှုပ်မှုကို လျစ်လျူရှုကာ သူဖမ်းမိထားသော ခေါင်းသုံးလုံးပါ အနက်ရောင်မြွေကို စိတ်ဝင်တစား ကြည့်နေသည်။
“အင်း မျိုးစိတ်သစ်လား"
“အီးးးးးး...”
အဖမ်းခံလိုက်ရသော ခေါင်းသုံးလုံးပါ အနက်ရောင်မြွေမှာ ချန်ကျောက်ရှင်းကဲ့သို့ပင် မှင်သက်နေသည်။
တာအိုအသီး။
ဒါက တာအိုအသီးရဲ့ စွမ်းအားပဲ။
လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သောင်းသုံးထောင်ကလည်း သူ ဒီလိုအတွေ့အကြုံမျိုး ခံစားခဲ့ဖူးသည်။ ထိုအရာက ထိန်းချုပ်ခြင်း တာအိုလား ဒါမှမဟုတ် မီးနှင့် မြေထု တာအိုလား ဆိုတာကိုသာ သူ မသိတော့ပေ။
“ဟေ့ ဒီအနက်ရောင်မြွေရဲ့ ခန္ဓာကိုယ်ထဲမှာ တစ်ခုခုတော့ ကောင်းတာ ရှိပုံပဲ...”
စကားဆုံးသည်နှင့် ချန်ကျီရှင်းသည် လက်ကို ဆန့်ထုတ်ကာ မီးတောင်ရည် လက်ကြီးက ကိုင်ထားသော မြွေကို ဖမ်းယူလိုက်သည်။
“လွှတ်... လွှတ်ပေးပါ...”
“လူစကားတောင် ပြောတတ်တယ်ပေါ့"
ချန်ကျီရှင်း ပို၍ပင် စိတ်ဝင်စားသွားသည်။
ဤသည်မှာ မြေအောက် ပေတစ်သောင်းအနက် ဖြစ်သည်။
ဒီလို နေရာမျိုးမှာ နေထိုင်တဲ့ သတ္တဝါတစ်ကောင်က လူစကား ပြောတတ်နေတာ တကယ်ကို ထူးဆန်းလှချည်လား...
"ကျွန်တော်... ကျွန်တော်က... ခင်ဗျားတို့ လူသားတွေနဲ့ စာချုပ်ချုပ်ထားတာပါ။ နာမည်က... နာမည်က... အော် ဟုတ်ပြီ... ဂူအနွယ်စာချုပ်... ကျွန်တော်က ခင်ဗျားတို့ အင်ပါယာအတွက် မြေဆီလွှာတွေကို ပြုပြင်ပေးရပြီး ခင်ဗျားတို့ဘက်ကလည်း ဒီမြေအောက်မြစ်ကို ကျွန်တော့်ပိုင်နက်အဖြစ် အသိအမှတ်ပြုပေးရမယ်လို့ ပါတယ်လေ..."
ဤစကားကို ကြားလိုက်ရသောအခါ ချန်ကျီရှင်းသည် အံ့အားသင့်နေသော ချန်ကျောက်ရှင်းကို လှည့်ကြည့်ကာ “ဒါ တကယ်လား” ဟု မေးသည်။
ချန်ကျောက်ရှင်းက ခေါင်းညိတ်ကာ “ဝေတုလုံရဲ့ မှတ်ဉာဏ်အရ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သောင်းသုံးထောင်က အင်ပါယာ အုပ်ချုပ်စဉ်က ဒီမြေအောက်မိစ္ဆာတွေကို ကိုင်တွယ်ခဲ့ဖူးတယ်။ ဒါပေမဲ့ အင်ပါယာ ပျက်သုဉ်းသွားတာ နှစ်ပေါင်း တစ်သောင်းသုံးထောင်ကျော်ပြီ။ မဟာသန့်ရှင်းသော နယ်မြေသုံးခုကလည်း ဒီမြေအောက်သတ္တဝါတွေကို မကိုင်တွယ်ခဲ့ဘူး။ ဒါကြောင့် မင်းသဘောအတိုင်း လုပ်လိုက်ပါ"
“ဒါဆိုရင် ဒါက ပိုင်ရှင်မဲ့ အရင်းအမြစ်နေရာ တစ်ခုပေါ့"
ချန်ကျီရှင်း၏ မျက်လုံးများ အရောင်တောက်သွားသည်။
“ဖြစ်နိုင်ပါတယ်။ သူက သူ့နာမည် ဂူ လို့ ပြောတာပဲ။ တောင်ဘက်နယ်စပ်က ရှေးဟောင်းမျိုးနွယ် နဲ့ ဆက်စပ်မှု ရှိမရှိ မေးကြည့်လိုက်ဦး"
ချန်ကျောက်ရှင်းက ဤသို့ပြောရင်း သက်ပြင်းချလိုက်သည်။
သူသည် ဤမြွေကြီးနှင့် တောင်ဘက်နယ်စပ် ရှေးဟောင်းမျိုးနွယ်ကို ကျေးဇူးတင်မိသည်။ အကယ်၍ သူတို့သာ ပေါ်မလာခဲ့ပါက လက်ရှိအချိန်တွင် ချန်ကျောက်ရှင်းသည် သူ့ညီဖြစ်သူ၏ အရိုက်ကို ဆက်လက် အရိုက်ခံနေရဦးမည်မှာ သေချာသည်။