← Chapters

အခန်း ၁၃၂

Vol. 14 Ch. 132

အခန်း ၁၃၂

Vol. 14 Ch. 132

🍄 Chapter 132

ယန်ရှီရှန်းသည် ဟူရှောင်မေ ဟန်ဆောင်နေမှန်း သိနေသော်လည်း ဤကဲ့သို့သော အချိန်မျိုးတွင် နှစ်ဖက်ကြား ပဋိပက္ခ ပိုမိုပြင်းထန်လာလေလေ အခြေအနေကို ငြိမ်းချမ်းအောင် ပိုမိုကြိုးစားရလေလေ ဖြစ်သည်။

မည်သို့ပင်ဆိုစေ ရှောင်မေဖြစ်စေ၊ မေ့လန်ဖြစ်စေ မည်သူ့ကိုမျှ စိတ်အနှောင့်အယှက် မဖြစ်စေလိုချေ။

ထို့ကြောင့် သူသည် ဟူရှောင်မေကို တွဲကူပေးရင်း စကားဆိုလိုက်၏။

“လာပါ၊ အထဲဝင်ပြီး ခဏလောက် သွားထိုင်ကြတာပေါ့”

အရာရာကို ဖြည်းဖြည်းချင်း ဆွေးနွေးနိုင်ပေသည်။ ဟူရှောင်မေသည် ခြံဝင်းအတွင်းသို့ ဝင်ရောက်ကာ ထိုင်ချလိုက်၏။

ယန်ရှီရှန်း ငွေပြန်ယူသည်ကိုရော ချန်မေ့လန် သဘောတူညီချက်စာရွက်အား မီးရှို့သည်ကို သူမ ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့လိုနေသည်။

ချန်မေ့လန်က ဟူရှောင်မေအတွက် ရေတစ်ခွက် ငဲ့ပေးပြီးနောက် မေးခွန်းထုတ်လိုက်၏။

“ရှောင်မေ၊ နင်က ငါ့ထက် သုံးလကြီးတယ်လား”

ဟူရှောင်မေက အလိုအလျောက်ပင် ချက်ချင်းတုံ့ပြန်လိုက်သည်။

“ဘာကိုလဲ၊ ငါက နင့်ထက် သုံးလ ငယ်တာလေ”

ချန်မေ့လန်က ယန်ရှီရှန်းကို တစ်ချက်ကြည့်ကာ ယန်ကျောက်၏အခန်းတွင်းသို့ ဝင်သွားရင်း ခေါ်လိုက်၏။

“လာပါ ရှီရှန်း၊ အထဲကိုဝင်ခဲ့ပါ၊ ရှင့်ကို တစ်ခုခု ပေးစရာရှိတယ်”

ယန်ရှီရှန်းလည်း သူမနောက်သို့ လိုက်ဝင်သွားလေသည်။ အခန်းထဲသို့ ရောက်သည်နှင့်တစ်ပြိုင်နက် ချန်မေ့လန်သည် ဓာတ်ပုံများ ကပ်ထားသော အာထရာဆောင်း အစီရင်ခံစာ နှစ်စောင်လုံးကို ကမ်းပေးလိုက်သည်။

ဓာတ်ပုံများနှင့် ပတ်သက်၍ သူမက စကားတစ်ခွန်းတည်းသာ ဆိုလိုက်၏။

“ရှင့်မျက်လုံးတွေ မကန်းသေးဘူးဆိုရင် အဲဒီဓာတ်ပုံကို သေချာကြည့်လိုက်စမ်းပါ”

ပထမအချက်အနေဖြင့် ထိုဓာတ်ပုံနှစ်ပုံမှာ တစ်ပုံစံတည်း ထပ်တူကျနေသည်။ ဒုတိယအချက်အနေဖြင့် လက်ရေးမှာ မှိန်ဖျော့ဖျော့ ပေါ်နေပြီး ဝမ်ကျွီဟူသော အမည်ကို တွေ့မြင်နိုင်သည်။

ထို့အပြင် ဟူရှောင်မေနှင့် ချန်မေ့လန်တို့ နှစ်ဦးလုံးကို ၁၉၆၃ ခုနှစ်တွင် မွေးဖွားခဲ့ခြင်းဖြစ်သော်လည်း ဤဓာတ်ပုံပေါ်ရှိ မှတ်ပုံတင်နံပါတ်မှာ ၆၇၀၅၀၅ ဖြစ်နေ၏။

ဂဏန်း ၁၅ လုံးပါသော မှတ်ပုံတင်နံပါတ်၏ အလယ်တွင် လူတစ်ဦး၏ မွေးသက္ကရာဇ် ပါရှိလေရာ ၁၉၆၇ ခုနှစ်မှ ဖြစ်နေပါက ဟူရှောင်မေ မည်သို့ ဖြစ်နိုင်ပါမည်နည်း။

ယန်ရှီရှန်းသည် ယခင်က အာထရာဆောင်းအစီရင်ခံစာ အများအပြားကို မြင်ဖူးထားသူဖြစ်သည်။ အကြောင်းမှာ ဟူရှောင်မေသည် ကိုယ်ဝန် တစ်ကြိမ်ထက်မက ရရှိခဲ့ဖူးသောကြောင့်ပင်။

ထိုအရာများအားလုံးမှာ ပြည်နယ်ဆေးရုံရှိ ဖန်ကျန်းဟွာ၏ဇနီးမှ ပြုလုပ်ပေးခဲ့သော အာထရာဆောင်းများ ဖြစ်သည်။

မိန်းကလေးဖြစ်ကြောင်း သိရသောအခါတိုင်း ဟူရှောင်မေသည် ကိုယ်ဝန်ဖျက်ချလေ့ရှိသည်။

ယနေ့ခေတ် လူအများစုအတွက် လျှို့ဝှက်ဆန်းကြယ်လှသော အာထရာဆောင်းခန်းအတွင်းသို့ ယန်ရှီရှန်း ကိုယ်တိုင် ဝင်ရောက်ခဲ့ဖူးသည်။

အာထရာဆောင်း ဌာနမှူးဖြစ်သူ ဖန်ကျန်းဟွာ၏ ဇနီးနှင့်ပင် စကားစမြည် ပြောဆိုခဲ့ဖူး၏။

သန္ဓေသားလောင်း မကွဲပြားမီအချိန်၌ အဝိုင်းပုံသဏ္ဍာန်ဆိုလျှင် မိန်းကလေးဖြစ်ပြီး ခရမ်းသီးပုံသဏ္ဍာန်ဆိုလျှင် ယောကျ်ားလေးဖြစ်ကြောင်း စသည့်အကြောင်းအရာများကို သူ ကောင်းကောင်း နားလည်သဘောပေါက်ထားသည်။

ဟူရှောင်မေ၏ အာထရာဆောင်း အစီရင်ခံစာပေါ်ရှိ လက်မှတ်ကိုပင် သူ မှတ်မိနေသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းကို ဖန်ကျန်းဟွာ၏ ဇနီးမှ လက်မှတ်ရေးထိုးထားသောကြောင့်ပင်။

ဤသည်မှာ တစ်သက်တာလုံး မုဆိုးလုပ်လာသူတစ်ဦးသည် သူကိုယ်တိုင် အမဲလိုက်နေသော သိမ်းငှက်၏လှည့်စားမှုကို ခံလိုက်ရသည့် ဖြစ်ရပ်မျိုးပင်။

ချန်မေ့လန်က တမင်သက်သက် ရိသဲ့သဲ့ပြောလိုက်၏။

“ဒါက ကျောက်မီးသွေးတွင်း နှစ်တွင်းပဲ ရှိတာမဟုတ်လား၊ ယွမ်ယွမ်က မလိုချင်ဘူးဆိုတော့…. ရော့၊ ရှောင်မေကိုပဲ အားလုံး ပေးလိုက်ပါ”

ယန်ရှီရှန်း၏ ခန္ဓာကိုယ်တစ်ခုလုံးသည် လေထဲတွင် လွင့်မျောနေသော သစ်ရွက်တစ်ရွက်ပမာ ယိမ်းယိုင်သွားရလေပြီ။

ပုဂ္ဂလိက ကျောက်မီးသွေးတူးဖော်ခြင်းသည် အမြဲတမ်း တရားမဝင်လုပ်ငန်းတစ်ခု ဖြစ်ခဲ့သော်လည်း ကျောက်မီးသွေးလိုအပ်ချက်မှာ တစ်နေ့တခြား တိုးပွားလာနေပြီး နိုင်ငံတော်ပိုင် ကျောက်မီးသွေး ကုမ္ပဏီများကလည်း လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ခြင်းမရှိပေ။

ရှန်ရှီပြည်နယ်သည် ၁၉၈၀ ပြည့်လွန်နှစ်များမှစ၍ ပုဂ္ဂလိက ကျောက်မီးသွေးကုမ္ပဏီများကို ဖွင့်လှစ်ခွင့်ပြုခဲ့သည်။

အစပိုင်းတွင် ချီတုန်မိန်က ယန်ရှီရှန်းကို ဖန်ရှန်နှင့် မိတ်ဆက်ပေးခဲ့ပြီး ဖန်ရှန်က ကျောက်မီးသွေးကုမ္ပဏီတစ်ခု လျှောက်ထားရန် အဆက်အသွယ်များ ရှာဖွေပေးခဲ့၏။

သို့သော် ဖန်ရှန်မှာ ပွဲစားတစ်ဦးသာဖြစ်ပြီး ယန်ရှီရှန်းကိုယ်တိုင် နိုက်ကလပ်များတွင် လူများကို အကြိမ်ကြိမ် ဧည့်ခံကျွေးမွေးခြင်း၊ အရက်မူးသည်အထိ သောက်စားခြင်းနှင့် ဆက်ဆံရေးများ တည်ဆောက်ခြင်းတို့ကြောင့်သာ နောက်ဆုံးတွင် ကျောက်မီးသွေးတွင်း ခုနစ်တွင်းကို ရရှိနိုင်ခဲ့ခြင်းဖြစ်သည်။

တုန်းဖန်အုပ်စုသို့ ကျောက်မီးသွေးထောက်ပံ့ခြင်းသည် အစပိုင်းတွင် သူ၏ ကျောက်မီးသွေး ကုမ္ပဏီအတွက် အကြီးမားဆုံး လုပ်ငန်းဖြစ်ခဲ့သော်လည်း ယခုအခါတွင်မူ ထိုသို့မဟုတ်တော့ချေ။

ဖန်ရှန်အနေဖြင့်မူ ယခင်က ယန်ရှီရှန်းမှတစ်ဆင့် ငွေရှာခဲ့ခြင်းဖြစ်၏။

ယန်ရှီရှန်းက အပြစ်အားလုံးကို ခေါင်းခံကာ ယုတ်မာသော အလုပ်အားလုံးကို လုပ်ဆောင်ပေးရပြီး ဖန်ရှန်ကမူ သန့်ရှင်းသောငွေများကိုသာ ရယူခဲ့သည်။

အကယ်၍ ယန်ရှီရှန်း ထောင်ကျသွားပါက ဖန်ရှန်သည် ကျောက်မီးသွေးတွင်းများကို အလကား ထားမည်မဟုတ်ပေ။

သူသည် ကိုယ်စားလှယ်လောင်း အသစ်များကို ရှာဖွေမည်ဖြစ်သည်။

ဟူရှောင်မေမှာ မျက်နှာစာတစ်ခုမျှသာ ဖြစ်ပြီး သူမ ဖိတ်ခေါ်လာသော သူဌေးသစ်များအားလုံးမှာ ယန်ရှီရှန်းကဲ့သို့သော အလားအလာမျိုး ရှိသူများ ဖြစ်ကြ၏။

လျှာသွက်သူများ၊ မြှောက်ပင့်ရန်၊ သောက်စားရန်နှင့် ဆက်ဆံရေး တည်ဆောက်ရန် ကျွမ်းကျင်သူများသာ ဖြစ်သည်။

ဖန်ရှန်သည် သူတို့ကို တိတ်တဆိတ်စောင့်ကြည့်နေမည်ဖြစ်ပြီး မည်သူက အရည်အချင်းရှိသည်ဟု ထင်ပါက ထိုသူကို ရွေးချယ်မည်ဖြစ်သည်။

ယန်ရှီရှန်းသည် ဤအရာအားလုံးကို ထိုးထွင်းသိမြင်ခဲ့သည်။ သူ မည်သူ့ကိုမျှ ရန်မစခဲ့ပေ။

ဖန်ရှန်က သူ့ကို ကျောက်မီးသွေး တူးဖော်ခွင့် လိုင်စင်များ ဆက်လက်ရရှိရန် ကူညီပေးနိုင်သရွေ့ သူကလည်း လိုက်လျောနေမည်ဖြစ်သည်။

သူက ဟူရှောင်မေအား လက်ထပ်ရန် မဖြစ်နိုင်ကြောင်း၊ သို့သော် နောင်တွင် တရားဥပဒေနှင့်အညီ ပိုမိုနေထိုင်ရန် ကြိုးစားပါက ပို၍ချမ်းသာလာမည်ဖြစ်ကြောင်း ချော့မော့ပြောဆိုခဲ့သည်။

သူသည် အလွန်ဉာဏ်ကောင်းသူတစ်ဦး ဖြစ်သည်။ အရာအားလုံးကို ထိုးထွင်းသိမြင်နိုင်ပြီဟု သူ ထင်မှတ်ထားခဲ့သည်။

ဤအချိန်ရောက်မှသာ သူ၏ တစ်ခုတည်းသောအားနည်းချက်၊ အသက်အန္တရာယ်အရှိဆုံး အားနည်းချက်ကို သူ သဘောပေါက်သွားတော့သည်။

ဟူရှောင်မေ တစ်ယောက်တည်းကပင် သူ့ကို လည်ပင်းညှစ်သတ်နိုင်ကြောင်း သိလိုက်ရလေပြီ။

သူ သားတစ်ယောက်ရနိုင်မည်ဟု ထင်ထားခဲ့သော်လည်း ယခုအခါ ထိုသားမှာပင် အတုအယောင်ဖြစ်နေလေပြီ။ အကယ်၍ သူ တကယ်သေသွားပါက သူ၌ ဘာမှ ကျန်ရစ်တော့မည်မဟုတ်ပေ။

ယခင်က ကျောက်မီးသွေးကုမ္ပဏီကို တည်ထောင်စဉ် ရှယ်ယာအချိုးအစားများ ရှိခဲ့သည်။ မည်သို့ပင်ဆိုစေ လူတစ်ဦးတည်းဖြင့် ကုမ္ပဏီတစ်ခုကို တည်ထောင်၍မရနိုင်ပေ။

ငွေကို အလွန်တွန့်တိုတတ်သော ယန်ရှီရှန်းသည် ထိုအချိန်က သူနှင့် ချန်မေ့လန်တို့ အတူတည်ထောင်ခဲ့သော ကုမ္ပဏီကိုသာ အသုံးပြုခဲ့သည်။

မည်သို့ပင်ဖြစ်စေ မိသားစုအတွင်း၌သာ ထားရှိခြင်းက ပိုကောင်းသည်မဟုတ်လော။ သူတို့ နှစ်ဦးကြား ရှယ်ယာအချိုးအစားကွာခြားမှုသာ ရှိခဲ့သည်။

ယန်ရှီရှန်းသည် သေချာပေါက် ချမ်းသာကြွယ်ဝချင်နေဆဲဖြစ်သည်။

ရှန်ရှီပြည်နယ်တွင် ကျောက်မီးသွေး ရှိကြောင်း နိုင်ငံတစ်ဝန်းလုံး သိရှိထားကြပြီး နိုင်ငံတစ်ဝန်းရှိ အပူစွမ်းအင်သုံး လျှပ်စစ်စက်ရုံများ၊ သံမဏိစက်ရုံများ၊ ရေနံချက်စက်ရုံ၊ အမျိုးမျိုးသော စက်ရုံကြီးများနှင့် မိုင်းတွင်းအားလုံး ကျောက်မီးသွေး လိုအပ်နေကြသည်။

လိုအပ်ချက်များက ရှန်ရှီပြည်နယ်သို့ ဦးတည်ပျံသန်းလာနေပြီး သူသည် အကြီးဆုံးမိုင်းတွင်းကို ပိုင်ဆိုင်ထားသူ ဖြစ်ရာ ရေစီးကြောင်းနှင့်အတူ မျောပါလျက်ရှိသည်။

ယခင်က အရက်များ အလွန်အကျွံသောက်ခဲ့ရပြီး လူများရှေ့တွင် ဒူးထောက်ခဲ့ရကာ ညစဉ်ညတိုင်း ပါးပြင်များ နာကျင်လာသည်အထိ ပြုံးပြခဲ့ရသည်။ ယခုအချိန်မှတော့ သူ အလွယ်တကူ လက်လျှော့၍ မဖြစ်နိုင်ပေ။

ယန်ရှီရှန်းက တီးတိုးရှိုက်ငင်ကာ ရုတ်တရက် အဆိုပြုလာ၏။

“မေ့လန်၊ မင်း ကျောက်မီးသွေးတွင်းနှစ်တွင်းကို လွှဲပြောင်းချင်တယ်ဆိုရင် ကျောက်မီးသွေး ကုမ္ပဏီအသစ်တစ်ခု ထူထောင်ရလိမ့်မယ်၊ အဲဒါက ပြဿနာ အရမ်းများတယ်၊

မင်းသိတဲ့အတိုင်း ငါ့ရဲ့ ကျောက်မီးသွေးကုမ္ပဏီမှာ မူလက ငါက ရှယ်ယာ ၉၉.၉% ပိုင်ပြီး မင်းက ၀.၁% ပိုင်တာလေ၊

ဒီလိုလုပ်ရင်ကော၊ မနက်ဖြန်ကျရင် ငါတို့ နေရာချင်း လဲလိုက်ကြမယ်၊ မင်းက ၉၉.၉% ယူလိုက်”

ချန်မေ့လန်သည် ယန်ရှီရှန်းကို ကြည့်ကာ အေးစက်စက် ရယ်မောလိုက်၏။

ယန်ရှီရှန်းက ဆက်လက်ပြောဆိုလာသည်။

“ငါ့မှာ သားတစ်ယောက်ရဖို့ ကံမပါဘူးထင်ပါတယ်၊ မေ့လန်၊ ကျေးဇူးပြုပြီး ငါ့ရဲ့ကျောင်းတိလေးကို သေချာဂရုစိုက်ပေးပါ”

သူ့ကျောင်းတိလေးသည် သူ၏အရိုးများကို မြေမြှုပ်ပေးမည့်သူ ဖြစ်ရုံသာမက သူ၏ တစ်ခုတည်းသော အားကိုးရာလည်း ဖြစ်သည်။

All Chapters