အခန်း ၁၄၀
Vol. 14 Ch. 140
🍄 Chapter 140
သူ့လက်များမှာ အလွန်ပူနွေးနေပြီး သူ၏အသက်ရှူငွေ့များကလည်း ပူပြင်းလှရာ ချန်မေ့လန်၏ရင်ခုန်သံများပင် ရပ်တန့်သွားလုမတတ် ဖြစ်ရလေသည်။
နှာခေါင်း၊ မျက်လုံး၊ နှုတ်ခမ်း...
ညလေညင်းသည် ဘေးအခန်းမှ အရက်သောက်သံများနှင့် လောင်းကစားသံများကို သယ်ဆောင်လာခဲ့သည်။
သူသည် ခဏတာ နမ်းရှိုက်လိုက်၊ အသက်ရှူရန် ရပ်နားလိုက်၊ ထို့နောက် ထပ်မံနမ်းရှိုက်လိုက်၊ ထပ်မံ ရပ်နားလိုက် လုပ်နေလေ၏။
ထူးဆန်းလှသည်။
သူမ၏ နဖူးလေးမှာ အလွန် နုနယ်ပြီး နှုတ်ခမ်းလေးများကလည်း စီးဆင်းနေသောလရောင်ပမာ နူးညံ့လှသည်။
သူကမူ အပူချိန်မြင့်မြင့်ဖြင့် အရည်ကျိုထားသော သံမဏိအရည်ပူများကဲ့သို့ ဖြစ်နေသည်။
သူ့နှုတ်ခမ်းများက သူမ၏ ပါးပြင်များကို အကြမ်းပတမ်း ပွတ်တိုက်မိနေသည်။ ချန်မေ့လန် ရုန်းကန်နေစဉ် ယန်ကျောက်က အက်ကွဲသောအသံဖြင့် ဆိုလိုက်၏။
“ငြိမ်ငြိမ်နေစမ်းပါ”
ဘေးအိမ်တွင် ယန်ရှီရှန်းသည် သူ၏ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ယန်စန်းယဲ့ကို ကြွားလုံးထုတ်နေလေသည်။
သူ၏ ကျောက်မီးသွေးလုပ်ငန်းကို ရှီးဖျင်မြို့တွင်သာ ရောင်းချမည်မဟုတ်ဘဲ နိုင်ငံတစ်ဝန်းသို့ တိုးချဲ့ရန် ရည်ရွယ်ထားသည်။
အထူးသဖြင့် စက်ရုံများပြားပြီး ကျောက်မီးသွေးလိုအပ်ချက် မြင့်မားသော တောင်ပိုင်းဒေသသို့ ဖြစ်သည်။
တောင်ပိုင်းဒေသသို့ နက်နက်ရှိုင်းရှိုင်း ထိုးဖောက်ဝင်ရောက်ရန် သူ စီစဉ်ထားပြီး အိပ်မက်ဆန်သော ရေတံခွန်မြို့တော်ဟု တင်စားခေါ်ဝေါ်ကြသည့်၊
အမျိုးသမီးတစ်ဦး၏ခန္ဓာကိုယ်ကဲ့သို့ နူးညံ့ပြီး မြေသြဇာကောင်းသော ထိုကျယ်ပြန့်လှသည့် ဈေးကွက်ကြီးကို ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်ရန် ရည်ရွယ်ထားသည်။
သူ မည်သို့ လုပ်ဆောင်မည်ကို မည်သူမျှမသိကြသော်လည်း နံရံ၏ အခြားတစ်ဖက်တွင်မူ စကားဝိုင်း၌ နက်နက်ရှိုင်းရှိုင်း နစ်မျောနေသူတစ်ဦး အမှန်တကယ်ပင် ရှိနေလေသည်။
“မင်း ဒါကို လိုလိုလားလား လုပ်နေတာလား၊ ငါ မင်းကို ဘယ်တော့မှ အတင်းအကျပ် မလုပ်ခဲ့ဘူးမဟုတ်လား”
ယန်ကျောက် ရုတ်တရက် ရပ်တန့်ကာ မေးလိုက်သည်။
ချန်မေ့လန် အံ့သြသွားသည်။ ဇနီးမောင်နှံကြားတွင် အတင်းအကျပ်လုပ်သည်၊ မလုပ်သည် ဟူသော မေးခွန်းမျိုးမရှိသင့်ချေ။
“အဲဒီလို မဟုတ်ဘူးလား”
လရောင်အောက်တွင် ယန်ကျောက်၏မျက်လုံးများ နီရဲနေလျက် လေးနက်စွာ မေးမြန်းလိုက်သည်။
ခြံဝင်းအတွင်း၌ လမင်းကြီးသည် ပန်းကန်ပြားတစ်ခုပမာ ဝိုင်းစက်နေသည်။ ချန်မေ့လန်မှာ အဝတ်အစားပါးပါးလေးသာ ဝတ်ဆင်ထားသဖြင့် ချမ်းလွန်းသဖြင့် တုန်ယင်နေလေသည်။
ဤအမျိုးသမီးသည် သူမ၏ တည်ငြိမ်မှုကို ဆက်လက် ထိန်းသိမ်းမထားနိုင်တော့ချေ။
သူမသည် ခေါင်းအုံးကို ပိုက်ကာ အိပ်ခန်းငယ်လေးဆီသို့ အပြေးအလွှား ၀င်သွားလိုက်သည်။
သူမတွင် အရှက်အကြောက်မရှိတော့ချေ။
ခေါင်းအုံးကို ပိုက်ကာ ပြေးသွားတော့သည်။
သူမကို ယန်ကျောက်က မွေ့ရာပေါ်သို့ ပြန်တွန်းချလိုက်လေသည်။
မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော ဂျိမ့်ခနဲ အသံကြီးတစ်ခု၊ ကြွက်ကြီးတစ်ကောင် စူးစူးဝါးဝါး အော်လိုက်သကဲ့သို့ အသံမျိုး ထွက်ပေါ်လာသည်။
၎င်းမှာ ကလေးများ ခုန်ပေါက်ကစားထားသဖြင့် အနည်းငယ်ချောင်နေပြီဖြစ်သော ဆီမွန်မွေ့ရာသစ်ကြီးဆီမှ ဖြစ်သည်။
ဘေးဘက်မှ တက်၍ မလှုပ်မယှက်နေပါက အဆင်ပြေသော်လည်း အပေါ်မှ ဖိချလိုက်ပါက အသံမည်လာမည်ဖြစ်သည်။
“ကျွိ”
ကြွက်ကြီးထံမှ နောက်ထပ် ရှည်လျားပြီး ဒေါသတကြီး အော်သံတစ်ခု။ (ကုတင်လှုပ်သံ)
“ကြွက်ရှိနေတာလား၊ ကြွက်လား”
တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်။
“လူ့အဖွဲ့အစည်းက အခု ပိုကောင်းလာပြီလေ၊ ကြွက်တွေလည်း အစားအသောက်ဝပြောနေတာပဲ၊ ဘာလို့ အသံက ဒီလောက်တောင် ကျယ်နေရတာလဲ”
အခြားတစ်ယောက်က ဝင်ပြောလိုက်သည်။
ယန်ကျောက်မှာမူ ဆွံ့အသွား၏။ ဆီမွန်မွေ့ရာကြီး ဤမျှမြန်မြန် ပျက်စီးသွားလိမ့်မည်ဟု သူ ဘယ်တုန်းကမျှ မျှော်လင့်မထားခဲ့ပေ။
‘သူတို့က ဖျက်ဆီးလို့မရနိုင်ဘူးလို့ ကြေညာကြတယ် မဟုတ်လား၊ ဘယ်လိုလုပ် ဒီလောက် မြန်မြန် ပျက်သွားရတာလဲ'
မပိတ်ထားသော လိုက်ကာကြားမှ လရောင်များ ဖြာကျနေပြီး ချန်မေ့လန်က ယန်ကျောက်အား တိုးတိုးလေး မေးလိုက်သည်။
“ထောင့်က စဉ့်အိုးကြီးနှစ်လုံးကို တွေ့လား”
…….
ထောင့်တွင် စဉ့်အိုးကြီး နှစ်လုံး ရှိနေပြီး ဂျုံမှုန့်နှင့် ဆန်ချောများ သိုလှောင်ရန် အသုံးပြုသည်။ ၎င်းမှာ ရှန်ရှီပြည်နယ်၏ အလေ့အထဟောင်း တစ်ခုဖြစ်သည်။
ပလတ်စတစ်အိတ်များဖြင့် သိုလှောင်ထားသော ဂျုံမှုန့်နှင့် ဆန်များသည် အရသာပျက်သွားမည်ဟု လူအများက ယူဆကြသဖြင့် ဂျုံနှင့် ဆန်တို့၏ ကြာရှည်ခံသောမွှေးရနံ့ကို ထိန်းသိမ်းထားရန်အတွက် အေးမြသောနေရာရှိ စဉ့်အိုးများအတွင်း၌သာ သိမ်းဆည်းလေ့ ရှိကြသည်။
ယန်ကျောက်သည် သူမကို မလွှတ်ပေးလိုသော်လည်း ချန်မေ့လန်က သူ့ကို တွန်းဖယ်လိုက်၏။
ကျွိ၊ ကျွိ၊ ကျွိ...
သူတို့နှစ်ဦး ထလိုက်သောအခါ ကြွက်အော်သံနှင့်တူသော အသံများ ဆက်တိုက်ထွက်ပေါ်လာသဖြင့် အိမ်နီးချင်းများမှာ အရက်ဆက်သောက်ရန်ပင် မဖြစ်နိုင်တော့ချေ။
“ယန်ကျောက်၊ အဲဒီကြွက်ကို မင်း မသတ်နိုင်ဘူးလား”
ယန်စန်းယဲ့က အော်ဟစ်လိုက်သည်။
ချန်မေ့လန်မှာမူ ရယ်ချင်စိတ်ကို မထိန်းနိုင်တော့ချေ။ ယန်ကျောက်က သူမကို ဆွဲထူရင်း မေးလိုက်၏။
“ရယ်စရာ ကောင်းနေလို့လား”
ယခုအချိန်တွင် ရယ်စရာကောင်းသည်ဟု ပြောရန်မှာ အနည်းငယ် အချိန်မကျသော်လည်း ချန်မေ့လန်မှာမူ တကယ်ပင် ရယ်ချင်နေမိသည်။
ယန်ကျောက်သည် ချန်မေ့လန်၏ မျက်နှာကို သူ့ဘက်လှည့်ကာ ကြုံးဝါးလိုက်၏။
“နောက်မှ မင်းကို ငိုအောင်လုပ်ပြမယ်”
သူမ တွေးထားသည့်အတိုင်းပင် ချန်မေ့လန် အမှန်တကယ် ငိုကြွေးခဲ့ရသည်။
……
သူမ၏ အသက်လေးကို ရှောင်လန်က ကယ်တင်ပေးရလိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ပေ။
သူမ စဉ့်အိုးနှုတ်ခမ်းကို ကုတ်ခြစ်မိလုနီးပါး ဖြစ်နေချိန်တွင် ရုတ်တရက် ရှောင်လန်၏ညည်းတွားသံကို ကြားလိုက်ရ၏။
“မေမေ”
ဤကလေးသည် ညသန်းခေါင်ယံတွင် ထလေ့ရှိသည်။ သေးပေါက်ချင်၍ မဟုတ်လျှင်တောင် အနည်းငယ်ငိုယိုတတ်သည်။
သူမသည် ကလေးငိုသံကို အကာအကွယ်ယူကာ အဝတ်အစားများဆွဲယူပြီး အနောက်သို့ပင် လှည့်မကြည့်ရဲဘဲ ပြေးထွက်လာခဲ့သည်။
တံခါးဝသို့ ရောက်သည်နှင့်တစ်ပြိုင်နက် ယန်ကျောက်၏လက်က တံခါးအား ရိုက်ချလိုက်သံကို ကြားလိုက်ရသည်။
သူမ ရှောင်လန်ကို ချီလိုက်သည်နှင့်တစ်ပြိုင်နက် အပြင်ဘက်မှ ယန်ကျောက်၏ ချောင်းဟန့်သံကို ကြားလိုက်ရသည်။
သူမ ပြန်မထူးချေ။
သူ နောက်တစ်ကြိမ် ချောင်းဟန့်ပြန်၏။
သူမ နှုတ်ဆိတ်နေဆဲပင်။
သူ ထပ်မံ ချောင်းဟန့်ပြန်သည်။
သူမ ပြန်မထူးသောအခါ သူသည် တံခါးကို တိုက်ရိုက်ခေါက်လေတော့သည်။
သို့သော် သူ မည်မျှပင် ခေါက်စေကာမူ သူမ သွားတော့မည်မဟုတ်ပေ။
သူမ၏ ချစ်လှစွာသောညီမတော်လေး အတော်နာကျဉ်နေပြီဖြစ်၏။
ရှောင်လန်က တအီအီဖြင့် ဆိုလာ၏။
“မေမေ၊ အပြင်မှာ ဝံပုလွေကြီးရှိနေတာလား”
ချန်မေ့လန်သည် ကလေးကို အိပ်ရာပေါ်တွင် သိုင်းဖက်သိပ်ရင်း ရင်ခုန်သံများ မြန်ဆန်နေရင်းဖြင့် နှစ်သိမ့်လိုက်သည်။
“ဝံပုလွေကြီးကို မေမေ မောင်းထုတ်လိုက်ပြီ၊ မြန်မြန်အိပ်တော့နော်”
‘သူ ဘယ်လိုများတောင် သန်မာရတာလဲ'
သူမ အသက်ရှင်ချင်သေးသည်။
ချန်မေ့လန် ခန့်မှန်းမိသည်မှာ ယန်ကျောက်သည် အလွန်ဒေါသထွက်နေမည်ဖြစ်ပြီး စိတ်တိုလွန်းသဖြင့် အိမ်မှုကိစ္စများပင် လုပ်တော့မည်မဟုတ်ဟုပင်။
အဘယ်ကြောင့်ဆိုသော် သူသည် ညတစ်ဝက်ခန့် အပြင်ဘက်တွင် ရပ်နေကာ ရံဖန်ရံခါ ချောင်းဟန့်လိုက်၊ ခဏကြာလျှင် ထပ်ဟန့်လိုက်နှင့် လှောင်အိမ်ထဲမှ သားရဲတစ်ကောင်ပမာ ခြေသံပြင်းပြင်းဖြင့် လမ်းလျှောက်နေသောကြောင့်ဖြစ်သည်။
နောက်ဆုံးတွင် သူမက ဖွင့်ဟ၀န်ခံလိုက်ရ၏။
“နာတယ်ရှင့်”
ထိုအခါမှ သူက ပြန်ဖြေလာသည်။
“ဒါဆိုလည်း စောစောအိပ်တော့”
ထို့နောက် ယန်ကျောက် ထွက်သွားလေသည်။
သူ့အသံကို ထောက်ရှုခြင်းအားဖြင့် သူ အလွန်မကျေမနပ် ဖြစ်နေပုံရသည်။
သို့သော် ပြဿနာမရှိပေ။ နောက်နေ့နံနက်စောစော သူမ ထလာသောအခါ စတီးအိုးထဲတွင် အသင့်စားရန် အပူပြန်ပေးရုံသာ လိုအပ်သော ဆိုင်မှဝယ်လာသည့် ဟင်းချိုပူပူစပ်စပ်လေး ရှိနေသည်။
ညစာစားစဉ်က ကျန်ခဲ့သော သိုးသားလိပ်များကိုမူ ပေါင်းလိုက်လျှင် အနံ့ထွက်မည်ကို စိုးရိမ်သဖြင့် ယန်ကျောက်က အထူးတလည် ကင်ထားပေးလေသည်။
ကင်ထားသော သိုးသားလိပ်၏အခွံများမှာ မာလွန်းသဖြင့် ဆန်ပြုတ်နှင့်စားရန် မကောင်းလှသော်လည်း မုန်လာဥဖြူ၊ အမဲသားလုံးများပါသော ဟင်းချိုပူပူစပ်စပ်လေးထဲတွင် စိမ်လိုက်သောအခါ အရသာ အလွန်ကောင်းမွန်သွားလေသည်။
နံနက်ပိုင်းတွင် ချန်မေ့လန်သည် တတိယတပ်ဖွဲရှိရာသို့ ထော့နဲ့ထော့နဲ့ဖြင့် လျှောက်သွားခဲ့၏။
အကြောင်းမှာ သူမ အကာအကွယ်သုံးရန် မေ့လျော့ခဲ့ပြီး ထိုကိစ္စနှင့် ပတ်သက်၍ အမျိုးသားတစ်ဦး၏ စွမ်းဆောင်ရည်မှာ ခုံးကွေးနေသော မျဉ်းတစ်ကြောင်းကဲ့သို့ ဖြစ်ပါက ဤရက်အနည်းငယ်မှာ သူမအတွက် အခက်ခဲဆုံးအချိန်ဖြစ်မည်ကို သူမရှင်းလင်းစွာ နားလည်ထားသောကြောင့် ဖြစ်သည်။
ရွာဆေးခန်းမှာ တတိယတပ်ဖွဲ့တွင် ရှိသည်။
ကျန်းမာရေးဝန်ထမ်းမှာ ဆုချွန်းချောင်ဟု ခေါ်ပြီး မေ့လန်နှင့် အတော်လေး ရင်းနှီးသူဖြစ်သည်။ မေ့လန် ထော့နဲ့ထော့နဲ့ လျှောက်လာသည်ကို မြင်သောအခါ သူမ အလွန် အံ့သြသွား၏။
“နင် ဘာလို့ ထော့နဲ့ထော့နဲ့ ဖြစ်နေတာလဲ၊ ဘာဖြစ်လို့လဲ”
မေ့လန်က ပြန်ဖြေလိုက်သည်။
“ချော်လဲလို့ပါ၊ သိပ်တော့မဆိုးပါဘူး၊ ငါ့ကို အကာအကွယ် (သိတယ်မလား) နည်းနည်းလောက်ပေးပါ”
သူမ ထိုသို့ မလုပ်ခဲ့သည်မှာ လေးငါးနှစ်ခန့် ရှိပြီဖြစ်သည်။ ကုတင်အသံမည်သည်ကို ရှောင်ရှားရန်အတွက် သူသည် သူမ၏လက်များကို စဉ့်အိုးနှုတ်ခမ်းတွင် ထောက်ကာ မတ်တတ်ရပ်လျက် မော်တော်ဆက်ခဲ့ကြရပြီး အချိန်အတော်ကြာမြင့်ခဲ့သည်။