အခန်း ၁
Vol. 1 Ch. 1
အပိုင်း (၁)ကံကောင်းလို့ ငါလူမှားပီး မရွေးချယ်ခဲ့ဘူး
၁၉၅၀ပေကျင်း
ကျားမိသားစုသည် ခမ်းနားကြီးကျယ်သောမင်္ဂလာပွဲကြီးကို ကျင်းပနေသည်။ စက္ကူဖြင့်ညှပ်ထားသည့် ပျော်ရွှင်မှုနှစ်သွယ်ဆိုသော စကားလုံးများကိုလည်း ပြတင်းပေါက်တိုင်းတွင်ကပ်ကာ အလှဆင်ထားသည်။ စားပွဲများကိုလည်း ခြံဝန်းအပြင်ဘက်တွင် ချခင်းထား၏။ ဧည့်သည်များအားလုံးကလည်း အနီးနားဝန်းကျင်မှ အိမ်နီးနားချင်းများဖြစ်ကြသည်။ သူတို့သည်လည်း စားသောက်စရာများကို သဘောတကျစားသောက်နေကြသည်။
ထိုအချိန်တွင် လက်ထပ်ပီးခါစစုံတွဲက မင်္ဂလာဝတ်စုံများကိုဝတ်ဆင်ရင်း ကျားမိသားစု၏ အဓိကဂိတ်ပေါက်မှ လမ်းလျှောက်၍ထွက်လာသည်။ လူတိုင်း၏စောင့်ကြည့်နေသော မျက်လုံးများအောက်တွင် သူတို့သည် ဆွေမျိုးများမိတ်ဆွေများထံသို့သွားကာ တစ်ယောက်ချင်းဆီကို အရက်ခွက်ဖြင့်တိုက်သည်။ မင်္ဂလာပွဲက သိသိသာသာ စည်းကားသထက်စည်ကားလာသည်။ ထိုမြင်ကွင်းကို မြင်သည့်အခါ ခြံဝန်းကြီးထဲမှ စီနီယာအမြင့်ဆုံး လူကြီး၃ယောက်က စတင်ကာစကားပြောသည်။
ပထမဦးဆုံးစကားစပြောလာသူသည် အကြီးဆုံးဦးလေးဟု ခေါ်ကြသည့် ရီကျုံးဟိုင်ဖြစ်သည်။
"ကျားတုန်းရွှီက တကယ်ကံကောင်းတဲ့ကောင်၊ ဒီလောက်လှတဲ့ကောင်မလေးကို လက်ထပ်နိူင်တယ်"
"လောင်ရီ အဲ့ဒါထက်တောင်ပိုသေးတယ်၊ ငါ ကျားကျန်းရှီဆီက ကြားထားတဲ့အတိုင်းဆိုရင် ချွေးမလေးက တကယ်ကို မိန်းမဝတ္တရားကျေပွန်တယ်၊ လိမ်မာသိတတ်တဲ့ ကလေးမတဲ့"
ထိုစကားကိုပြောလိုက်သောသူက လျိုဟိုင်ကျုံး ဖြစ်သည်။ သူဟာ မင်္ဂလာသေရည်ကိုတစ်ငုံ သောက်ပီးဆက်ပြောသည်။
"ဒါပေမယ့် တင်တောင်းငွေအဖြစ် အိမ်မှာနာမည် ထည့်ခိုင်းတယ်ဆိုပဲ"
ကျားမိသားစုက ထိုမျှအထိရက်ရောကြောင်းကြားသောအခါ ချွေးမတစ်ယောက်ကို ထိုမျှအထိ အလိုမလိုက်သင့်ကြောင်း ယန်ပုကွေ့က ဝင်ပြောချင်ခဲ့သည်။ သို့သော် အခြေအနေအချိန်အခါအရ မသင့်လျော်မှန်းနားလည်လိုက်ပီး ချက်ချင်းစိတ်ကိုပြောင်းလိုက်သည်။
ကျားမိသားစုကလည်း မတုံးဘူး။
သူတို့က ဒီလောက်အတိုင်းအတာထိကြိုးစားပီး ဒီမိန်းမတစ်ယောက်ကိုလက်ထပ်ယူထားတာ ဒီကောင်မလေးက မိန်းမကောင်းလေးဖြစ်ရမယ်
အဖိုးကြီး ၃ယောက်က စကားပြောပီးသွားသည်နှင့် အိမ်နီးနားချင်းများက အကြွေးတင်ကျန်ရစ်မည်ကို စိုးရိမ်သည့်အလား အသားကုန်ဝိုင်းဝန်းကာ ချီးကျူးစကားပြောကြသည်။ သူတို့ အားလုံးက ခေါင်းများညိမ့်ကြသည်။ ကျားမိသားစုသည် အမှန်ပင်ကောင်းမွန်သော ချွေးမလေးကို ရှာတွေ့သွားပီဖြစ်ကြောင်း သဘောတူကြ၏။
မိန်းမအုပ်ကြီးတစ်အုပ်ကဆိုလျှင် ကျားမိသားစုဝင်များကို မည်သည့်နေရာကထိုမျှ ကောင်းမွန်သောအမျိုးသမီးကို ရှာဖွေကာ လက်ထပ်ခဲ့ကြောင်း သိချင်စိတ်ပြင်းပြသောမျက်နှာများဖြင့် သွားရောက်မေးမြန်းကြသည်။ သူတို့သည်လည်း သားများအတွက် ရှာဖွေပေးချင်ကြသည်။
ချီးကျူးစကားများကို ကြားသောအခါ ကျားတုန်းရွှီက သဘောတကျပြုံးသည်။ သူဟာ သူမကို ဒီတိုင်းကြုံဆုံတွေ့ကြိုက်ကာ ရှာတွေ့ခဲ့ခြင်းသာဖြစ်ကြောင်း နှိမ့်ချစွာပြောလိုက်သော်လည်း သူ၏ ဘဝင်လေဟပ်နေသလိုအကြည့်မျိုးအရ မည်မျှအထိ ဂုဏ်ယူနေကြောင်းသိနိူင်သည်။
သူ၏အကြည့်က 'ဒီလောက်ကောင်းတဲ့အမျိုးသမီးကို လက်ထပ်နိူင်ဖို့ ငါတို့မိသားစုရဲ့အခြေအနေကို စဉ်းစားကြည့်လေ' ဟု ပြောနေသည်ဟုပင်ထင်ရသည်။
ကျားတုန်းရွှီက သူ၏မာနများကို ထိုသို့အသားကုန်ဖြန့်ကျဲနေသည့်အချိန်တွင် အခြားသောစားပွဲဝိုင်းတစ်ခုမှ စဉ်းလဲသောရုပ်သွင်နှင့်အမျိုးသားတစ်ယောက်သည် လူအုပ်ထဲမှ သတို့သမီးကို တဏှာစိတ်ဖြင့်ချောင်းကြည့်နေခဲ့သည်။ သူ၏ နာမည်က ရွှီတမောင်းဖြစ်သည်။ သူဟာ ကြည့်နေရင်းမှ မနေနိူင်ပဲ ခြောက်ကပ်နေသောနှုတ်ခမ်းကို သပ်လိုက်လေသည်။ သူ့ကိုတချက်ကြည့်လိုက်ရုံနှင့် သူ၏အတွေးကိုတန်းသိနိူင်သည်။
အောင်သွယ်တော် မိန်းမကြီးကလည်း ဉာဏ်များသောအမျိုးသမီးဖြစ်သည်။ ထို့ကြောင့် ရွှီတမောင်း၏ အကြည့်ကိုမြင်ရုံနှင့် အတွေးကိုတန်းသိသည်။ သူ၏လက်ကိုဖျက်ခနဲ လှမ်းဆွဲပီး အလျင်စလိုပြောသည်။
"ရွှီတမောင်း နင်အခြားလူရဲ့မိန်းမကိုပဲလိုက်ကြည့်နေတယ်။ ငါနင့်ကို အလားအလာကောင်းတဲ့ကောင်မလေးတစ်ယောက်နဲ့ မိတ်ဆက်ပေးရမလား?"
"ကျွတ် အဖွားဝမ် ဘာတွေလာပြောနေတာလဲ? ငါရွှီတမောင်းက တကိုယ်တည်းသမားဆိုပေမယ့် ခြံဝန်းထဲကလူတိုင်း ငါကဘယ်လောက်ထိ ယောင်္ကျားကောင်းပီသသလဲ၊ လုပ်နိူင်စွမ်းရည်ရှိသလဲဆိုတာ အကုန်သိကြတယ်။ ငါကဘယ်လိုကြောင့် ကျားမိသားစုရဲ့ သတို့သမီးလေးကိုမျက်စိကျရမှာလဲ"
အောင်သွယ်တော်၏စကားကိုကြားသည့်အခါ ရွှီတမောင်းက အသားကုန်ငြင်းသည်။ သို့သော် သူဟာထိုသို့ရှင်းပြသည့်တိုင်အောင် သူ၏မျက်လုံးများက သတို့သမီးကိုသာ သွားသွားကြည့်မိနေသည်။
အဖွားဝမ်ကလည်း ဘာကိုမှမပြောလိုက်ချေ။ သူမသည်လည်း ရွှီတမောင်း၏အကျင့်စရိုက်ကိုသိသည်။ ခေါင်းမာသောမာနက သူ့အားဒုက္ခရောက်စေပေလိမ့်မည်။
ဟွန့် အဲ့ဒီအခါမှပဲ သူ သူမဆီလာပီး တောင်းပန်ပီး သတို့သမီးရှာခိုင်းလိမ့်မယ်။
ထို့ကြောင့်သူမသည် ဝင်မပါလိုက်ချေ။ မည်သို့ပင်ဆိုစေ သတို့သမီးက အမှန်တကယ်လှသည်။ သူမကသာ ကျားမိသားစု၏ မင်္ဂလာပွဲကို စီမံပေးခဲ့သူဖြစ်သည်။ မင်္ဂလာပွဲတွင် သတို့သမီးကို ဝိုင်းကြည့်နေကြသော ယောင်္ကျားသားများကို ကြည့်ခြင်းအားဖြင့် သူမဟာ လုပ်နိူင်စွမ်းရည်ရှိကြောင်းသိနိူင်ပေသည်။
လူတိုင်းက အချင်းချင်းပျော်မွေ့နေသည့်အချိန်တွင် ခြံဝန်းကျယ်၏တံခါးက တွန်းဖွင့်ခံရသည်။ လက်ထဲတွင်ရေပုလင်းလေးကိုကိုင်ထားပီး အခြားလက်တဖက်က အေးစက်နေပီဖြစ်သော ပြောင်းပေါင်မုန့်အမာတစ်လုံးကို ကိုင်ထားသည့်မိန်းမငယ်လေးတစ်ယောက်က ရေသန့်စက်အနားသို့လာသည်။
သူမသည်လည်းရှင်းလင်းစွာပင် ထိုမာကြောသော ပြောင်းပေါင်မုန့်နှင့်တို့စားရန် ရေအနည်းငယ်လိုချင်နေခြင်းဖြစ်လောက်သည်။
မင်္ဂလာပွဲမှ စားစရာများနှင့်နှိုင်းယှဉ်ကြည့်သော် ထိုအေးစက်သောရေက ပြောင်းပေါင်မုန့်အား ကောင်းကင်မုန့်နှင့်မြေကြီးအလား ကွာခြားချက်ကြီးမားသွားစေနိူင်သည်။
သေချာစွာပင် တံခါးပွင့်သွားသည်နှင့် ထိုအမျိုးသမီးသည် စားစရာ၏ဆွဲဆောင်မှုရနံ့ကို ရလိုက်ပီးကျားမိသားစုအိမ်ရှိရာသို့ မနေနိူင်ပဲလှမ်းကြည့်ကာ တံတွေးကိုမြိုချသည်။ သူမကလည်း တစ်ကိုက်စားချင်လှသည်။
သို့သော် ဗိုက်အလွန်ဆာကာ စားချင်နေသည့်တိုင်အောင် သူမဟာ တွန်းလှန်နိူင်ခဲ့သည်။ ထို့နောက် အနောက်မှ တံခါးကိုသာပြန်ပိတ်ပီး ခင်ပွန်းဖြစ်သူကိုသာ သွားရှာသည်။
ထိုအမျိုးသမီးကိုမြင်လိုက်သောအခါ ခြံဝန်းကြီးထဲမှ အတင်းအဖျင်းပြောလိုသည့် အိမ်နီးနားချင်းအချို့က တီးတိုးပြောကြသည်။ ပထမဦးဆုံးပြောလာသူက အသက်ကြီးသောမိန်းမကြီး ဖြစ်သည်။
"ကံဆိုးတာပဲ၊ ငါတို့ခြံဝန်းထဲက ချန်ကောဟွားကို ကြိုက်တဲ့သူတောင်ရှိတယ်"
အချို့သော အိမ်နီးချင်းများက ပဟေဌိဖြစ်နေကြပီး အနေအထားကိုနားမလည်ကြသဖြင့် ချန်ကောဟွားအကြောင်းစမေးသည်။
မိန်းမကြီးက ဆက်ပြောပြသည်။
"ဘာလဲ နင်တို့မသိဘူးလား၊ ငါပြောပြမယ်။ ဒီကောင်က လုံးဝ အမှိုက်ကောင်၊ သူကရှင်းရှင်းလင်းလင်းကိုပဲ ချင်ဟွိုင်ယွီကို မျက်စိကျတာ၊ သူမနဲ့တောင် ဘလိုင်းဒိတ်တောင် တွေ့လိုက်သေးတယ်၊ ဒါပေမယ့် သူကဆင်းရဲလွန်းလို့ တင်တောင်းငွေမပေးနိူင်ဘူးလေ။ မိန်းမရှာမရတဲ့အချိန်မှာ အရှက်မဲ့ပီး ချင်ဟွိုင်ယွီရဲ့ဝမ်းကွဲ ချင်ကျင်းယွီကိုသွားယူလိုက်တာ။ ငါ့ကိုပြောစမ်းပါ ဒီလိုယောကျားမျိုးက ဘယ်အရှက်ရှိဦးမှာလဲ"
သူမက ထိုသို့ပြောပီးသောအခါ အတင်းအဖျင်းပြောတတ်လွန်းသည့် ဒုတိယဒေါ်လေးက စကားလမ်းကြောင်းထဲဝင်လာသည်။
"သူက လုံးဝအသိစိတ်မရှိဘူး"
"ဒါကိုယောင်္ကျားလို့ ခေါ်လို့ရသေးလို့လား၊ ချင်ဟွိုင်ယွီက ကျားမိသားစုက သတို့သမီးချွေးမလေးလေ၊ သူက သူမကိုလက်ထပ်လို့မရတာနဲ့ပဲ တဖက်ပြန်လှည့်ပီး ချင်ဟွိုင်ယွီရဲ့ဝမ်းကွဲ ချင်ကျင်းယွီကို လက်ထက်လိုက်တယ်တဲ့၊ စဉ်းစားကြည့်ဦး၊ မိန်းမမြင်ဖူးဘူးလား"
တတိယဒေါ်လေးကလည်း ဝင်သံယောင်လိုက်သည်။
ချင်ဟွိုင်ယွီထက် မလျော့သောအလှမျိုးကိုပိုင်ဆိုင်ထားသည့် ချင်ကျင်းယွီကိုမြင်လိုက်ရသော ရွှီတမောင်းသည်လည်း ချန်ကောဟွားဟာ လက်ဦးမှုအရယူသွားကြောင်း သူက ဖျားယောင်းနိူင်စွမ်းရည်မရှိတော့ကြောင်း သိလိုက်သဖြင့် ခပ်မြန်မြန်သံယောင်လိုက်သည်။
"ချန်ကောဟွားက တဏှာရူးတဲ့ကောင်၊ သူကယောကျားတွေကို သိက္ခာချနေတာ ဒီလိုကောင်မျိုးက ငါတို့ခြံဝန်းထဲမှာ နေသင့်တယ်လို့မထင်ဘူး ဦးလေးရီ၊ ဘာလို့သူ့ကိုကန်မထုတ်တာလဲ"
ရွှီတမောင်း၏ စကားဆုံးသည်နှင့်ရီကျုံးဟိုင်က ခေါင်းကိုခါပြသည်။
"ကန်ထုတ်ရမယ်ဟုတ်လား၊ ချန်ကျင်းယွီကိုလက်ထပ်တာက နှစ်ဦးသဘောတူကိစ္စပဲ၊ တရားဝင်စာချုပ်နဲ့လက်ထပ်တာ၊ သူ့ကိုဘယ်လိုအကြောင်းပြချက်နဲ့ကန်ထုတ်မှာလဲ"
ရွှီတမောင်းကလည်း တိတ်သွားသည်။
ကျားကျန်းရှီသည် ချန်ကောဟွား၏အိမ်ရှိရာဘက်သို့ ရန်လိုမှုအပြည့်နှင့်စိုက်ကြည့်သည်။ သူမ၏ တုံ့ပြန်မှုက အမှန်တကယိအားဖြင့် အတန်အသင့်ရိုးရှင်းလေသည်။ လွန်ခဲ့သော တစ်လခန့်က......သူမသည် အဖွားဝမ်အား ကျားတုန်းရွှီအတွက် အလားအလာကောင်းသော ကောင်မလေးတစ်ယောက်နှင့်မိတ်ဆက်ခိုင်းခဲ့သည်။ အရာအားလုံး သဘောတူထားပီးဖြစ်သည်။ တင်တောင်းငွေက ၅ယွမ်တည်းသာဖြစ်သည်။ သို့ရာတွင် ချန်ကောဟွားကလည်း ဘလိုင်းဒိတ်လုပ်ချင်သည်ဟုပြောပီးဝင်ပါလာသည်။
ထိုအခြေအနေက ချင်ဟွိုင်ယွီကို သံသရဝင်သွားစေခဲ့သည်။ သူမဟာ မိသားစုနှစ်ခုလုံး၏အခြေအနေကို စတင်ကာအကဲဖြတ်သည်။
ချင်ဟွိုင်ယွီသည် ကျားတုန်းရွှီနှင့်တွေ့သောအခါ ကျားမိသားစုသည် အိမ်တစ်လုံးပိုင်ထားကြောင်းမြင်ရသည်။ သို့ရာတွင် သူမဟာ ယဉ်ကျေးစွာနဲ့ တင်တောင်းငွေ၅ယွမ်သာတောင်းဆိုခဲ့သည်။
သို့ရာတွင် ချန်ကောဟွားက ဝင်ပါလာခဲ့ပီးနောက် သူ၏မိဘများကချန်ထားရစ်ခဲ့သော ဘိုးဘွားပိုင်အိမ်ကြီးက ကျားမိသားစုထက်ပိုကြီးကြောင်း တွေ့လိုက်ရပီး သူမဟာ အချောင်လိုချင်လာသည်။ ထို့ကြောင့် ပုံပြင်ကပြောင်းသွားပီး သူမက တောရွာဘက်မှတက်လာရကြောင်း၊ စိတ်မလုံမှုကိုခံစားနေရကြောင်း၊ အိမ်၏ပိုင်ဆိုင်မှုစာချုပ်နာမည်ထဲတွင် သူမ၏နာမည်ကို ထပ်ဖြည့်ပေးပါက ထိုသူနှင့်လက်ထပ်မည်ဖြစ်ကြောင်း ပြောလာသည်။
ကျားကျန်းရှီကလည်း ထိုကိစ္စထဲတွင် ဝင်မပါချင်တော့ပေ။ မည်သို့ပင်ဆိုစေ ရွာသူတစ်ယောက်အနေနှင့် မြို့သို့တက်ကာ လက်ထပ်နိူင်ခြင်းကတင် ဂုဏ်ယူစရာဖြစ်နေလေပြီ။ အိမ်စာချုပ်ထဲတွင် နာမည်ထည့်ပေးရန်မလိုအပ်ပါပေ။
သို့သော် ကျားတုန်းရွှီက ချင်ဟွိုင်ယွီကို မြင်မြင်ချင်းကြိုက်သွားသည်။ သူမကိုမှလက်ထပ်ပါမည်ဟု အသည်းအသန်ဖြစ်လာသည်။ ထို့ကြောင့် ကျားကျန်းရှီကလည်း တွန့်ဆုတ်စွာသဘောတူလိုက်ရသည်။
ထိုအချိန်တွင် သူမ ဘယ်သောအခါမှမေ့မည်မဟုတ်သော ကိစ္စမျိုးကဖြစ်လာသည်။ ချန်ကောဟွားကလည်း အိမ်စာချုပ်ထဲတွင် နာမည်ကို ထည့်ရမည်ဟု ကြားလိုက်သည်နှင့် ချာကနဲ့လှည့်ထွက်သွားပီး ပိုက်ဆံ၅ယွမ်ကိုထုတ်ကာ ချင်ဟွီုင်ယွီနှင့်အတူ အမြင်ကျယ်အောင်မြို့သို့လိုက်လာသည့် ချင်ကျင်းယွီကို လက်ထပ်ပစ်လိုက်သည်။
ထိုအခြေအနေက တစ်ဘဝလုံးကပ်စီးနှဲလာခဲ့သော ကျားကျန်းရှီအား ကြောက်စရာကောင်းလောက်အောင် နစ်နာသွားသည့် နစ်နာသူကဲ့သို့ခံစားလိုက်ရသည်။
အိမ်၏တန်ကြေးက အထူးတလည် မများပြားသေးသည့်အတွက် နာမည်တစ်ခုထည့်လိုက်ရခြင်းအားဖြင့် များများစားစား မဆုံးရှုံးသွားသည့်တိုင်အောင် ချန်ကောဟွားကဲ့သို့ ၅ယွမ်တည်းနှင့် ချင်ကျင်းယွီကို လက်ထပ်နိူင်ခဲ့ခြင်းနှင့်နှိုင်းယှဉ်ကြည့်သော် သူမက အများကြီးနစ်နာသွားသည်ဟုခံစားရသည်။
ထို့ကြောင့် သူမသည် တွေ့သမျှလူတိုင်းနှင့် ချန်ကောဟွားအကြောင်း အတင်းပြောသည်။ သူမက အခွင့်အရေးကို လက်လွတ်မခံပေ။ ထို့ကြောင့် စတင်ကာကျိန်ဆဲသည်။
"ချန်ကောဟွားက သားရဲကောင်"
"ငါ့သားနဲ့ဟွိုင်ယွီက ကောင်းကင်ဘုံက စုံဖက်ပေးထားတဲ့စုံတွဲလိုလိုက်ဖက်တာ၊ ဒီမျိုးမစစ်က ဝင်ပါချင်တာတဲ့"
"သူက ငါတို့ကျားမိသားစုကို ယှဉ်လို့မရမှန်းသိလို့ တဖက်လှည့်ပီး အရွယ်ရောက်ခါစ ဝမ်းကွဲဆိုတဲ့ ကောင်မလေးကိုလက်ထပ်လိုက်တာပဲ"
"ဒါကရွံစရာမကောင်းဘူးလား"
"အားလုံးပဲ ငါ့ကိုပြောစမ်းပါ ချန်ကောဟွားကလူတောင် ဟုတ်ရဲ့လား"
ကျားကျန်းရှီက ပါးစပ်ကို တရစက်ဖောက်ထုတ်ကာ ပြောဆိုနေချိန်တွင်.....။
လာဘ်ထိုးခံထားရလောက်သောကြောင့်ဖြစ်လောက်သည် အိမ်နီးနားချင်းများကလည်း သံယောင်ဝင်လိုက်ကာ ချန်ကောဟွားကို ဆဲဆိုကြသည်။ သို့ရာတွင် လူတစ်ယောက်ကမူ ပြုံးနေ၏။ ထိုလူက ဟယ်ယွီကျူးဟုခေါ်သည်။
ခြံဝန်းကြီးထဲတွင် ချင်ဟွိုင်ယွီ စပေါ်လာချိန်ကတည်းကစတင်ပီး သူဟာ သူမကိုမျက်စိကျသွားသည်။ သို့သော် စိတ်ဆန္ဒအတိုင်းလှုပ်ရှားရန် သတ္တိကမဲ့သည်။ ခိုး၍သာကြည့်နိူင်၏။
သူ လုံးဝမမျှော်လင့်ထားသည်မှာ ချန်ကောဟွားသည် ချစ်ကြောင်းဝန်ခံရဲသည်။ ဟယ်ယွီကျူးက တစ်ဘဝလုံးမလုပ်ရဲသော ကိစ္စကိုလုပ်ရဲ၏။
ယခုလိုပင် ချန်ကောဟွားက အရူးဖြစ်နေကြောင်းမြင်သောအခါ စိတ်ထားရိုးရှင်းသော ဟယ်ယွီကျူးကလည်း သဘာဝကျကျပင် ပျော်သွားသည်။
ချင်ဟွိုင်ယွီအတွက်မူ လူတိုင်းက ချန်ကောဟွားကိုပြောဆိုနေကြချိန်တွင် သူမက ဝင်မပါချေ။ ထိုအစား သူမသည် ချန်မိသားစုအိမ်ကိုသာ အကြည့်ပို့ပီး တိတ်တဆိတ်သာ ရေရွတ်နေ၏။
'ကံကောင်းလို့ ငါချန်ကောဟွားကို မရွေးလိုက်တာ၊ ငါသာ သူ့ကိုရွေးလိုက်ရင် ငါ့မှာ အိမ်တစ်လုံးလုံးကိုပိုင်ထားရင်တောင်မှ ပြောင်းပေါင်မုန့်ကို ရေနဲ့မျောပီးသောက်နေရမှာ"
ထိုသို့တွေးမိသောအခါ ချင်ဟွိုင်ယွီက စိတ်အေးသက်သာသွားသလို အပြုံးမျိုးပြုံးနေသည်။