အခန်း ၂
Vol. 1 Ch. 2
အပိုင်း(၂)စနစ်က ပြင်ဆင်လို့ပီးသွားပြီ
စည်ကားနေသော ကျားမိသားစုနှင့်မတူညီစွာပင် ချန်ကောဟွား၏ အိမ်သည် တိတ်ဆိတ်ကာ လူသူကင်းရှင်းနေသည်။
အခန်းအတွင်းတွင် ချန်ကောဟွားက ထမင်းစား စားပွဲတွင်ထိုင်ပီး ရေနွေးပူနှင့် ပေါင်မုန့်ကိုတို့စားနေသော ချင်ကျင်းယွီကိုမြင်လိုက်ရသည်။ သူဟာ စိုးရိမ်တကြီးသွားမေးသည်။
"ကျင်းယွီ မင်းငါ့ကို လက်ထပ်လိုက်လို့ ကောင်းမွန်တဲ့ဘဝကို မပိုင်ဆိုင်နိူင်တော့ဘူး၊ မင်းနောင်တရလား"
ချန်ကောဟွား၏စကားဆုံးသည်နှင့် ချင်ကျင်းယွီက စားသောက်နေခြင်းကို ရပ်ပီး မတုံ့ဆိုင်းပဲထပြောသည်။
"ယောင်္ကျား ငါ ဘယ်လိုကြောင့်နောင်တရရမှာလဲ။ ယောင်္ကျားသာ ငါ့ကိုလက်မထပ်ဘူးဆိုရင် ငါတစ်ဘဝလုံး ရွာမှာပဲနေနေရမှာ။ ယောင်္ကျားက ငါ့အပေါ် ဒီလောက်ကောင်းနေတာ ငါ့ကိုလည်း တစ်ခါမှ ဒုက္ခမခံစေဘူး။ ငါပျော်တာပေါ့"
ချင်ကျင်းယွီ၏ စကားကိုကြားပီး ချန်ကောဟွားက ဖျော့တော့စွာပြုံးသည်။ သူ၏ပန်းကန်ထဲမှ ပေါင်မုန့်အား ချင်ကျင်းယွီပန်းကန်ထဲ ထည့်ပေးသည်။
သို့ရာတွင် ချင်ကျင်းယွီက ရေစိမ်ထားပီးသားပေါင်မုန့်ကို ချန်ကောဟွား၏ပန်ကန်းလုံးထဲ ပြန်ထည့်ပေးပီး ရိုးရိုးသားသားပြောသည်။
"ယောင်္ကျား ယောင်္ကျားက မိသားစုရဲ့ထောက်တိုင်ပဲ၊ ယောင်္ကျားက အလုပ်လုပ်ရဦးမှာ ဗိုက်ပြည့်အောင်စားပါ"
ချန်ကောဟွားသည် ထိုမြင်ကွင်းကို တိတ်တဆိတ်ကြည့်ပီး သူမကိုသာ အတင်းကျွေးလိုက်သည်။ အမှန်တကယ်အားဖြင့် အရသာမရှိသော ထိုပေါင်မုန့်ဟာ သူတို့၏ ကောင်းမွန်သောဘဝအတွက် ရတနာကဲ့သို့ဖြစ်သည်။ ကိစ္စများဟာ တဖြေးဖြေး ပြောင်းလဲလာပေလိမ့်မည်။
စကားတခဏခန့်ပြောပီးနောက် ချန်ကောဟွားက တူကိုကောက်ကိုင်ကာ စစားသည်။
တချိန်တည်းတွင်ပင် ချန်ကောဟွားက စိတ်ထဲတွင်သက်ပြင်းချနေသည်။
'ကံကောင်းလို့ ငါ ချင်ကျင်းယွီကိုရွေးလိုက်တာ၊ ချင်ဟွိုင်ယွီသာဆိုရင် ငါ့ရဲ့မိသားစုက ဒုက္ခရောက်နေလောက်ပီ'
ထိုသို့တွေးကာ သက်ပြင်းချပီး သူသည်လည်းထူးဆန်းသည်ဟု ခံစားရသည်။
'အာ ဒေါသထွက်ဖို့ေကာင်းလိုက်တာ၊ ဘာလို့ဒီ သောက်ကျိုးနည်း စနစ်က ပြင်လို့မပီးသေးတာလဲ'
'ငါက လက်ထပ်ပီးသွားပီေလ'
သူဟာစိတ်ထဲတွင် အထွန့်တတ်နေသည်။
အမှန်တကယ်တွင် ကူကယ်ရာမဲ့နေသလိုခံစားနေရ၏။
အမှန်စစ်စစ်အားဖြင့် ချန်ကောဟွားသည် သည်လောကမှ မဟုတ်ဘဲ ဝိဉာဉ်ကူးပြောင်း၍ ရောက်ရှိလာသူဖြစ်သည်။လွန်ခဲ့သော ၃လခန့်က အိမ်တွင် စစ်ဟယ်ယွမ့်အကြောင်း TV စီးရီးထိုင်ကြည့်နေသည့် ချန်ကောဟွားသည် စီးရီးတွင် စိတ်အာရုံဝင်စားသွားပီး တသုတ်တည်းအကုန်ပီးအောင်ကြည့်ပစ်လိုက်သည်။ ထိုအခါ ဖုန်းမှာ ရုတ်တရပ် အပူလွန်ပီးပေါက်ကွဲသွားခြင်းဖြစ်သည်။ ထို့နောက် တစ်စက္ကန့်တွင် သူဟာ သည်လောကသို့ ဝိဉာဉ်ကူးပြောင်း၍ရောက်ရှိလာသည်။
လောကသစ်သို့ ရောက်ရှိလာခဲ့ပီးနောက် ချန်ကောဟွားသည်လည်း သူဟာ ခြံဝန်းကြီးထဲမှ အဖွဲ့ဝင်တစ်ယောက်ဖြစ်လာကြောင်းသိရှိလာခဲ့သည်။ သူ၏နာမည်ကလည်း ချန်ကောဟွားဖြစ်သည်။ မိဘများက ဟုန်ရှင်းသံမဏိစက်ရုံတွင် အလုပ်လုပ်ကြသောအလုပ်သမားများ ဖြစ်သည်။ သို့သော် နှစ်ယောက်လုံးဟာ မတော်တဆမှုတစ်ခု ကြောင့်သေဆုံးသွားကြပီး သူ့ကို အိမ်တစ်လုံးချန်ထားပေးခဲ့သည်။
ထိုမတော်တဆမှုက အလုပ်နှင့်ပတ်သတ်သည့်အတွက်ကြောင့် ဟုန်ရှင်းသံမဏိစက်ရုံသည် သူ့ကို လျော်ကြေးအနည်းငယ်ပေးပီးသည့်အပြင် အဝယ်တော်တစ်ယောက်အနေဖြင့် အလုပ်ခန့်အပ်ခဲ့သည်။ မည်သို့ပင်ဆိုစေ သူဟာ ကျေးရွာဘက်မှာမြို့သို့ရောက်လာကာစဖြစ်ပီး အစစ်အမှန်စွမ်းရည်လည်းမရှိချေ။ ထို့ကြောင့် သူတို့သည် ပိုက်ဆံပေးနိူင်သည့် လုံခြုံမှုရရှိစေရန် အလုပ်တစ်ခုပေးလိုက်သည်။ ဒါကတင် လုံလောက်၏။
အဝယ်တော်သည် စက်ရုံမှ ဖစ်တာ (fitter) စက်ပြင်သမားများနှင့်ခြားနားသည်။
အဝယ်တော်များအနေဖြင့် အဆက်အသွယ်တည်ဆောက်ရန်လိုအပ်သေးသည်။ အဆက်အသွယ်မရှိသောအခါ မည်သူကမှ လူသစ်တစ်ယောက်ကိုပ စ္စည်းများပေးလိမ့်မည်မဟုတ်ချေ။
ဖစ်တာများကမူ အတန်သင့်အခြေအနေကောင်းသည်။ စာမေးပွဲများ တောက်လျှောက်ဖြေခြင်းအားဖြင့် အလုပ်အခြေအနေကောင်းမွန်လာနိူင်သည်။
ကျားတုန်းရွှီသည် ဖစ်တာဖြစ်သည်။ ချန်ကောဟွားကမူ စက်ရုံမှ အချိန်မရွေးပြုတ်သွားနိူင်သော အနေအထားမျိုးရှိသည့် အလုပ်သမားတစ်ယောက်သာဖြစ်သည်။ တစ်လမှ ၁၂.၅ယွမ်သာ ရရှိသည်။
ထိုပိုက်ဆံပမာဏက ၁၉၆၀ ပြည့်နှစ်တွင်နေထိုင်လေသော လူတစ်ယောက်အတွက် မဆိုးရွားသော ပမာဏဖြစ်သည်။ သို့သော် လတိုင်းလိုလို ထိုမျှသာရှာနိူင်ပီး တစ်ဘဝလုံးကြာသွားခဲ့မည်ဆိုလျှင်တွင်မူ တစ်မိသားစုလုံးအတွက် မလုံလောက်နိူင်တော့ချေ။ ထိုအတွက်ကြောင့်လည်း ချင်ဟွိုင်ယွီက ကျားမိသားစုကို ရွေးချယ်သွားခြင်းဖြစ်သည်။
ကံကောင်းသည်မှာ အခြားသော အချိန်ကူးပြောင်းသူများနည်းတူ ချန်းကောဟွားတွင်လည်း ကိုယ်ပိုင်စနစ်ရှိသည်။ နေ့စဉ်စာရင်းသွင်းစနစ်ဟု ပြောရပေမည်။
ထိုစနစ်ကလည်း အချို့သောမမြင်ရသည့် အခြေအနေမျိုးကြောင့် တစုံတရာဖြစ်သွားခဲ့သည့်အတွက် ချည်နှောင်မှုကသာအောင်မြင်သွားပီး ထိခိုက်ဆုံးရှုံးမှုဖြစ်သွားသည်။ ထိုအတွက်ကြောင့်ပြန်ပြင်ရန် ခံစားချက်စွမ်းအင်များလိုအပ်ကြောင်း အကြောင်းကြားခဲ့သည်။
အခြေအနေကိုနားလည်လိုက်သည့် ချန်ကောဟွားကလည်း TV စီးရီးတစ်ခုလုံးနှင့်ရင်းနှီးသူပီပီ ချန်ဟွိုင်ယွီ၏ ရုပ်ရည်၊ ခန္ဓာကိုယ်တို့ကိုကြည့်ပီး သူမကိုမျက်စိကျခဲ့ခြင်းဖြစ်သည်။ ထို့အပြင်သူမကိုယ်တိုင်ကလည်း ခြံဝန်းကြီးသို့ပထမဦးဆုံးအကြိမ် ရောက်ရှိလာခါစဖြစ်နေသေးလေသည်။
ချင်ဟွိုင်ယွီ၏ အကျင့်စရိုက်အတွက်ကမူ သူမဟာ ပတ်ဝန်းကျင်၏ လွှမ်းမိုးမှုကြောင့်ဟု သူဟာ အကြွင်းမဲ့ယုံကြည်နေခဲ့သည်။ သူတို့ကသာ စောစီးစွာအတူရှိနိူင်ခဲ့မည်ဆိုလျှင် သူ၏ လမ်းပြမှုဖြင့် သူမသည် TV စီးရီးထဲက ကဲ့သို့ တကိုယ်ကောင်းဆန်သော ကပ်ပါးကောင်ဖြစ်လာမည်ဟုမထင်တော့ပေ။ ထိုအတွက်ကြောင့်လည်း သူဟာ သူမကို ခိုးရန်ဆုံးဖြတ်ခဲ့သည်။
သို့သော် သူ့ကိုအံ့အားသင့်စေသည်မှာ တစ်ကြိမ်သာတွေ့ရသေးသည်၊ နဂိုသဘောတူထားသော တင်တောင်းငွေ၅ယွမ်က အိမ်ထဲတွင် နာမည်ထည့်ရမည်ဆိုသောအနေအထားမျိုးအထိ ပြောင်းသွားသည်။ သို့မဟုတ်ပါက သူမဟာ ညှိနှိုင်းဆွေးနွေးခွင့်ပင်မပြုတော့ကြောင်း ပြောလာ၏။
ချင်ဟွိုင်ယွီ၏ ငွေညစ်သော တောင်းဆိုမှုမျိုးနှင့် ကြုံတွေ့ရသည့်အခါ ချန်ကောဟွားက အသိဝင်သွားသည်။ သူဟာ ဆိုရိုးစကားဟောင်းတစ်ခုကို နားလည်လိုက်သည်။
*အကျင့်ဟောင်းတွေက သေခဲတယ်*
ချင်ဟွိုင်ယွီ၏နာမည်ကို အိမ်ပိုင်ဆိုင်မှု ဂရံစာချုပ်ထဲထည့်လိုက်လျှင်ပင် သူတို့နှစ်ယောက်ဟာ စနစ်ကို ပြင်ဆင်ရန် လုံလောက်သောခံစားချက် ဆက်နွယ်မှုမျိုးမရရှိနိူင်လောက်ပေ။ ထို့အတွက်ကြောင့် ချန်ကောဟွားသည် ချင်ဟွိုင်ယွီကို စွန့်ပစ်ရန်ဆုံးဖြတ်လိုက်သည်။
သို့သော် သူဟာ ပြဿနာကိုဖြေရှင်းရန် သေချာစဉ်းစားပီးနောက် မမျှော်လင့်ထားသော အလှည့်အပြောင်းများဖြစ်လာသည်။ အကြောင်း မူကား ချင်ဟွိုင်ယွီ၏ဝမ်းကွဲ ချင်ကျင်းယွီကလည်း ရွာမှတက်ကာလာ သူ့ကိုလာတွေ့သည်။
ချင်ကျင်းယွီကို တွေ့လိုက်သည်နှင့် ချန်ကောဟွားက တုံ့ဆိုင်းမနေပဲ လက်ထပ်ခွင့်တောင်းဆိုလိုက်သည်။
ထိုသို့ဖြင့် သူဟာ ၅ယွမ်တည်းနဲ့ သူမကို အောင်မြင်စွာ လက်ထပ်နိူင်ခဲ့သည်။ သို့ရာတွင် ကျားကျန်းရှီက ချင်ဟွိုင်ယွီကို ရွေးချယ်ခဲ့သည်။ မည်သို့ပင်ဆိုစေ အစ်မကြီးများက မိသားစုကို စီမံခန့်ခွဲရာတွင် ပို၍ရက်ရောသည်။ သားဖြစ်သူ ကျားတုန်းရွှီကလည်း သဘောကျနေ၏။ ထို့ကြောင့် ကျားတုန်းရွှီ၏ ဆန္ဒကိုကျေနပ်ရန်အလို့ငှာ နာမည်ကိုထည့်ပေးလိုက်၏။
သို့ရာတွင် ချန်ကောဟွားက ၅ယွမ်တည်းသာသုံးပီး ချင်ဟွိုင်ယွီထက် ဘက်ပေါင်းစုံမှ မနိမ့်ကျသော အမျိုးသမီးမျိုးကို လက်ထပ်လိုက်ကြောင်း ကြားသိလိုက်ရချိန်တွင် ကျားကျန်းရှီက ဒေါသပုန်ထသည်။
အမျိုးသမီးနှစ်ယောက်လုံးက ရုပ်ရည် ခန္ဓာကိုယ်အားဖြင့်လည်းတူညီသည်။ ချင်ကျင်းယွီက ရွာဘက်မှ လာသောကြောင့် ထိန်းထိန်းသိမ်းသိမ်းဝတ်စားထားပီး ချင်ဟွိုင်ယွီကမူ ဘလိုင်းဒိတ်အတွက် သပ်သပ်ရပ်ရပ်ကောင်းကောင်းမွန်မွန် ဝတ်စားလာခြင်းသာကွာလောက်သည်။
ဝတ်စုံကွာခြားသည့်အတွက်ကြောင့် တစ်ယောက်ကို ၅ယွမ် ပေးရပီး အခြားတစ်ယောက်က အိမ်တဝက်ပေးလိုက်ရသလိုဖြစ်သွားသည်။
သူမအတွက် ထိုဘလိုင်းဒိတ်ဟာ အများကြီးဆုံးရှုံးနစ်နာသွားသည်။ ထို့ကြောင့် သူမသည်လည်း ချန်ကောဟွားဟာ သူမကို အိမ်ကို ဆုံးရှုံးအောင် လုပ်သည့် အကောင်ဟုထင်နေပီး သူ့ကို ရန်ညှိုးထားသည်။
ထိုကိစ္စပီးနောက် ကျားကျန်းရှီသည် ချင်ဟွိုင်ယွီအား သူမညွှန်ကြားသည့်အတိုင်း နာမည်ကိုထည့်ထားပီးကြောင်း။ သို့သော် သူမဟာ ကျားမိသားစုထဲသို့ဝင်ရောက်လာသည်နှင့် ချန်မိသားစုနှင့်ပတ်သတ်ရန်မသင့်တော့ကြောင်း ချန်မိသားစုကို ငွေကြေးဆိုင်ရာထောက်ပံ့ကူညီမှုများ မပေးသင့်ကြောင်းခပ်တင်းတင်းပြောခဲ့သည်။
လှပစွာဝတ်စားထားသော ချင်ဟွိုင်ယွီသည် ရွာမှ ကောင်းမွန်သောဘဝကို ပိုင်ဆိုင်ရန်မြို့သို့တက်လာသည့် ရွာသူတစ်ယောက်သာ ဖြစ်နေခဲ့သေးသည်။
သဘာဝကျကျပင် သူမသည် အနာဂတ်ယောက္ခမ၏ စကားလုံးတိုင်းကို လိုက်နာသည်။ ထိုအတွက်ကြောင့်လည်း ဝမ်းကွဲဖြစ်သူကို မင်္ဂလာပွဲတွင် မဖိတ်ခဲ့ပါချေ။
အလားတူစွာပင် ချန်ကောဟွားကလည်း ချင်ကျင်းယွီကို မှာကြားထားသည်။ ချင်ဟွိုင်ယွီနှင့်အဆက်အသွယ်ဖြတ်တောက်ခိုင်းထား၏။
TV စီးရီးထဲတွင် ချင်ကျင်းယွီသည် ဖော်ပြရန်ခက်ခဲလောက်အောင် လိမ်မာသော အမျိုးသမီးတစ်ယောက်အဖြစ် ပုံဖော်ထားသည်။ သူမသည် အမျိုးသား၏စကားကိုသာ အမိန့်အဖြစ်လိုက်နာတတ်သူဖြစ်သည်။ ထို့ကြောင့် ချန်ကောဟွား၏ တောင်းဆိုမှုတိုင်းကိုသဘာဝကျကျပင် သဘောတူသည်။ ထိုအတိုင်းပဲဖြစ်လာခဲ့၏။
ညီအစ်မနှစ်ယောက်က ခြံဝန်းကြီးတစ်ခုတည်းတွင် အတူတူနေထိုင်ကြသော်လည်း အချင်းချင်းမနှုတ်ဆက်ကြချေ။ တစိမ်းများကဲ့သို့ပြုမူသည်။
ထိုကဲ့သို့သော အခြေအနေမျိုးအောက်တွင် တစ်လက ကုန်ဆုံးသွား၏။
ချင်ဟွိုင်ယွီ၏မင်္ဂလာပွဲက ရောက်ရှိလာ၏။ ထို့ကြောင့် အရာအားလုံး၏အစက စတင်လေပြီ။ ချန်ကောဟွားကမူ ကူကယ်ရာမဲ့စွာရေရွတ်ပီး အမှန်ပင် ဒုက္ခရောက်နေရသည်။
သူတွင်လုံလောက်သော ခံစားချက်ဆိုင်ရာ စွမ်းရည်မရသေးသည့်အတွက် စနစ်ကလည်း ပြင်ဆင်၍မပီးပါပေ။
ထို့ကြောင့် ပေါင်မုန့်ခြောက်ကို ကုန်အောင်စားပီးနောက် ဘေးခန်းထဲမှ စာအုပ်တစ်အုပ်ကိုယူကာ စဖတ်နေလိုက်သည်။
အဝယ်တော်သည် မည်သည့်စွမ်းရည်မှမလိုအပ်သော်လည်း ချန်ကောဟွားသည် ယခင်ဘဝတွင် မြင့်မားသောပညာရေးကို ပိုင်ဆိုင်နိူင်ခဲ့သူဖြစ်သည်။ ထို့ကြောင့် သူတစ်ယောက်တည်း လေ့လာရန်လည်းမခက်ချေ။
အကယ်၍ သူကသာ ဖစ်တာ စာမေးပွဲကိုအောင်မြင်သွားခဲ့မည်ဆိုလျှင် ဝင်ငွေအပိုရရှိနိူင်လေသည်။
စနစ်မရောက်ခင်သူ၏ဘဝက ပို၍တိုးတက်ကောင်းမွန်လာရန်၊ မိသားစုကို လုံခြုံမှုတစ်လွှာ ထပ်ကာနိူင်ရန် ကြုးစားရပေမည်။
ချင်ကျင်းယွီကလည်း သူမ၏အမျိုးသားက စာပေလေ့လာနေတာကိုမြင်လိုက်သည်နှင့် သူ့ကိုအနှောက်အယှက် မပေးရဲတော့ချေ။ သူမသည် အခန်းကိုသာ စတင်ပီးသန့်ရှင်းရေးလုပ်သည်။
ဘဝက ထိုသို့ဖြင့်ငြိမ်းချမ်းစွာကုန်ဆုံးသွားသည်။ အချိန်ကလည်း တဖြေးဖြေးကြာလွန်လာသည်။ နှစ်အနည်းငယ်ကပင် ကုန်လွန်လာခဲ့၏။
ခြံဝန်းထဲတွင်အထူးတလည် မပြောင်းလဲသွားသေးပေ။ အကယ်၍ အပြောင်းအလဲဆိုလျှင် ကျားကျန်းရှီ၏သားက အလုပ်ကရသော ဒဏ်ရာကြောင့် အိမ်တွင်လဲနေသည်။
ချင်ဟွိုင်ယွီသည် သူ့အတွက် ကလေး၃ယောက်ကိုမွေးပေးထားသည်။ အကြီးဆုံးသား၏နာမည်က ပန့်ကန့်ဟုခေါ်ပီး သမီးနှစ်ယောက်ကို ရှောင်တန်းနှင့်ဟွိုင်ဟွား ဟုခေါ်သည်။
ချန်ကောဟွားကမူ ဖစ်တာ စာမေးပွဲကို အောင်မြင်သွားပီး အဆင့်၃ဖစ်တာ ဖြစ်လာကာ တစ်လလျှင် ယွမ်၂၀နီးပါးရှာနိူင်လာသည်။ သူ၏ဘဝကလည်း ပို၍ကောင်းမွန်လာ၏။
အရေးကြီးဆုံးအချက်ကမူ စုံတွဲ၏ချစ်ခြင်းက ယခင်အတိုင်းခိုင်မာနေဆဲဖြစ်သည်။ သို့ရာတွင် ဒီနေ့က သူဂရုအစိုက်ဆုံးကိစ္စဖြစ်လာသည်။
ဆောင်းဦးအလယ်ပွဲတော်တွင် ကြာရှည်စွာပျောက်ဆုံးနေခဲ့သော ရင်းနှီးကျွမ်းဝင်သည့်အသံက စိတ်ထဲတွင်ပေါ်ထွက်လာသည်။
'တင်းတောင် ခံစားချက်စွမ်းအင်အားလုံး ပြန်လည်ဖြည့်စည်းပီးပါပြီ။'
'စာရင်သွင်းစနစ်ကလည်း အောင်မြင်စွာပြင်ဆင်ပီးပါပြီ'
'စာရင်းသွင်းချင်ပါသလား’