အခန်း ၃
Vol. 1 Ch. 3
အပိုင်း ၃ စာရင်းသွင်း၊ လက်မှတ်
ဆောင်းဦးအလယ်ပွဲတော်……
တရုတ်ပြည်ရှိ လူတိုင်းအတွက် ထိုပွဲတော်သည် အရေးပါလွန်းသော ဓလေ့ရိုးရာပွဲတော်များထဲမှ တစ်ခုဖြစ်သည်။
နှစ်တိုင်းလိုလို ယခုကာလတွင် မိသားစုတိုင်းက အတူစုစည်း၍ ညကောင်းကင်ရှိ လကိုရှုစားကြသည်။ မိသားစုတိုင်းက စားပွဲများ ခင်းသည်။ အခြေအနေကောင်းသောသူများက ရိုးရိုးရှင်းရှင်းဟင်းပွဲများချက်ကြပြီး အခြေအနေသိပ်မကောင်းသောသူများက ပေါင်မုန့်ကြမ်းများရှာကာ အပြင်ဘက်တွင် ချကာစားကြသည်။ တစ်မြို့လုံးက ပွဲတော်လေထုများနှင့် ပြည့်နက်နေသည်။
ခြံဝန်းကြီးထဲတွင် နေသောသူများအတွက် ဆောင်းဦးအလယ်ပွဲတော်သည် ပို၍ပင်စည်ကားသေးသည်။ အကြောင်းမူကား မိသားစုများ စုံစည်းသောကြောင့် အိမ်ထောင်စုတစ်ခုချင်းစီတိုင်းသည် စားစရာတိုင်းကို ပျော်ရွှင်စွာ ပြင်ဆင်ကြသည်။
သို့သော် ကျားကျန်းရှီ၏မိသားစုက ကျဉ်းထဲကျပ်ထဲရောက်နေသည်။ သူတို့၏ ပိုက်ဆံရှာသူက ဒုက္ခိတဖြစ်ပြီး အိပ်ရာထဲ လဲနေသည်။
သူတို့ကား အစားထိုးအနေဖြင့် အလုပ်သွားလုပ်သော ချင်ဟွိုင်ယွီ၏ လုပ်စာကိုသာစားနေရပြီး မနည်းရုန်းကန် နေရသည်။ ထိုအတွက်ကြောင့်လည်း ပုံမှန်လခ၏တစ်ဝက်ကိုသာ ရရှိသည်။ အတိတ်တွင် သူတို့ဘဝက ယခုလောက်အထိသက်ရောက်လိမ့်မည် မဟုတ်ပေ။
သို့သော် ကျွေးရန်ပါးစပ်သုံးပေါက်ပိုလာသည်။ အထူးသဖြင့် ဝက်တစ်ကောင်လိုစားသော ပန့်ကန့်ဖြစ်သည်။ ချင်ဟွိုင်ယွီ၏ နည်းပါးလွန်းသော လခကသူတို့ကို ထောက်ပံရန်မလုံလောက်ချေ။ ထို့ကြောင့် ခြံဝန်းထဲမှ လွင်ပျံလာသော စားစရာရနံ့ကို ရသောအခါ အမျိုးသမီးကြီးကျားက စိတ်ပျက်လက်ပျက်သာကြည့်ရရှာသည်။ သူမ၏မျက်နှာက နာကြဉ်မှုများ ပြည့်နက်နေသည်။ ပျစ်တောက်ပျစ်တောက်လည်း ရေရွှတ်သေး၏။
"ဆောင်းဦးအလယ်ပွဲတော်မှာ ဒီလောက်ထိ ကောင်းကောင်းကမ်းကမ်းစားနေတာ အစားလွန်ပြီးသေမှာ မကြောက်ဘူးလား"
"ငါတို့မိသားစုကိုတော့ ကူညီမယ်မရှိဘူး၊ ငါတို့မိသားစုကို ကူညီရမယ့်အချိန်တုန်းက ပိုက်ဆံမရှိဘူးဆိုပြီး ညည်းနေကြတာ မဟုတ်ဘူးလား"
"အခုများတော့ စားသောက်မြိုဆို့နေလိုက်ကြတာ၊ နှလုံးသားမဲ့တဲ့ခွေးတွေ"
"စားပြီး နင်သေပါစေတော်"
ဆောင်းဦးအလယ်ပွဲတော်သည် သေချာမွေ့လျော်ရမည့် ပွဲတော်ဖြစ်သည်။ သို့သော် ပျော်ရွှင်သော အခြေအနေမျိုးကို ကြုံတွေ့ရမည့်အစား သူမ၏မိသားစုကို ကူညီခဲ့ဖူးသောလူများကိုပင် ထိုအမျိုးသမီးကြီးက ကျိန်ဆဲနေသည်။ သူမဟာ အမှန်ပင်အရှက်မဲ့သည်။ အသိစိတ်ပင်မရှိချေ။
ထိုအချိန်တွင် ချန်ကောဟွား၏ အာရုံက ဆောင်းဦးအလယ်ပွဲတော်ထံတွင် မဟုတ်ချေ။ သူဟာမည်သည့်အရာမှမရှိဘဲ ပြောင်ရှင်းလုနီးပါးဖြစ်နေသော အခန်းကို ကြောင်တောင်တောင်စိုက်ကြည့်နေသည်။ မယုံကြည်နိုင်မှုအပြည့်လည်း ဖြစ်နေ၏။ သူဟာ တိတ်တဆိတ်ရေရွှတ်သည်။
"စနစ်"
"မင်းနောက်ဆုံးတော့ ပြင်လို့ပြီးသွားပြီပေါ့"
တိတ်တဆိတ်ရေရွတ်ပြီးနောက် စိတ်ထဲတွင် တင်ခနဲအသံကိုကြားရသည်။
"တင်းတောင်..ပိုင်ရှင်ကိုပြန်ဖြေပါတယ်၊ ခံစားချက်စွမ်းရည်တွေက လုံလောက်အောင်ပြည့်သွားပြီဖြစ်လို့ စနစ်ကအောင်အောင်မြင်မြင်နဲ့ ပြင်ဆင်လိုက်နိုင်တာပါ"
ထိုစကားကိုကြားသည့်အခါ ချန်ကောဟွားသည် ဖော်ပြရန်ခက်ခဲလောက်အောင် စိတ်လှုပ်ရှားလာသည်။ ယခင်နှစ်အနည်းငယ်အတွင်းတွင် သူဟာခြံဝန်းကြီးထဲတွင် အမှန်ပင် စိတ်ပျက်နေခဲ့ရသည်။ သူနှင့်ချင်ကျင်းယွီ၏ ဆက်ဆံရေးကြောင့် မရေမတွက်နိုင်သော လူပေါင်းများစွာက သူတို့ကိုလက်ညိုးထိုးကြသည်။ အပြစ်ပြောကြသည်။ အချို့ကဆိုလျှင် သူတို့၏ကလေးမရနိုင်သေးခြင်းကိုပင် ဝဍ်လည်သည်ဟုပင် ပြောဆိုတက်ကြသည်။
အချိန်ကြာလာသောအခါ ခြံဝန်းထဲမှလူများကလည်း သူတို့၏စုံတွဲကို ပြောဆိုရသည်အား သဘောကျလာသည်။
ချန်ကောဟွားသည် အိပ်ပြောင်းရန်ပင်တွေးသေးသည်။ သို့သော် ၁၉၆၀ ခုနှစ်ဝန်းကျင်အခြေအနေက မတူညီပေ။ ခေတ်သစ်ကာလနှင့် မတူညီစွာပင် အိပ်နေရာငှားယူရန် အဆင်မပြေချေ။
စျေးမသင့်သည့်အပြင် ရပ်ကွက်ရုံး၏ ထောက်ခံမှုကိုပင် လိုအပ်သည်။ သူတို့၏ ခွင့်ပြုမှုကလည်း ရရှိမှဖြစ်ပေမည်။ ထို့အပြင် သူကလည်း မည်သည့်အမှားမှ မလုပ်ထားပေ။ ထို့ကြောင့် သူသည်လည်းပြောင်းမနေသင့်ဟု ယူဆသည်။
ပို၍ဆိုးသည်မှာ ခြံဝန်းထဲမှ အိမ်စျေးမှာ မမြင့်သေးပေ။ အကယ်၍သူကထွက်သွားခဲ့လျှင်ပင် ရောင်းချငွေအများကြီးမရနိုင်ပေ။ ထိုအပြင် ခြံဝန်းကြီးက ပေကျင်းတွင် ရှိနေကတည်းက တိုင်းပြည်၏ အကောင်းဆုံးနေရာများထဲတွင် ရှိနေပြီးသားဖြစ်သည်။ သဘာဝကျကျပင် အနီးနားဝန်းကျင်ကလည်း လူများပေလိမ့်မည်။ ထို့ကြောင့်ရိုးရှင်းစွာပင် ငှားစရာနေရာမရှိနိုင်ပေ။
အိမ်ပြောင်းရန်လည်း ခက်ခဲသည်။ ရောင်းလျှင်လည်း ခက်ခဲသည်။ ပို၍ဆိုးသည်မှာ ချန်ကောဟွားတွင် ကိုယ်ပိုင်အကြံပင်ရှိသည်။
သူ၏အကြံအစည်ကလည်း ရိုးရှင်းသည်။ TVစီးရီးထဲမှ မူလဇာတ်ကြောင်းက မစသေးချေ။ ထိုကြောင့် ခြံဝန်းထဲမှ ထွက်သွားလျှင်လည်း အဓိပ္ပါယ်မဲ့လောက်သေးသည်။ သူ့အနေဖြင့် ဇာတ်ကြောင်းစလာသည်ထိ တိတ်တဆိတ် စောင့်ပြီးမှသာ နဂိုသိထားသည့် အချက်အလက်များအပေါ် အခြေခံပြီး လှုပ်ရှားရပေမည်။
ဥပမာအနေနဲ့ လုံရှောင်းအဲ့ ဟောင်ကောင်ကပြန်လာသည့်အချိန်မှာ သူ့အတွက်အခွင့်အရေး ရလာလိမ့်မယ်။ နောက်ပြီး ချန်ကောဟွားက ဟောင်ကောင်ကို သွားဖူးချင်မှသွားဖူးလိမ့်မယ်။ ခေတ်သစ်လောကက မြင့်မားတဲ့ပညာရေးကို လက်ခံရရှိထားတဲ့သူပီပီ တရုတ်မှာဘဲနေပြီး တိုင်ပြည်ကိုဘဲပိုအင်အားကြီးအောင် ကူညီပေးချင်တယ်။
ထိုအတွက်ကြောင့် ယခုလိုအခြေနေမျိုးတွင် ချန်ကောဟွားသည် ထိုခြံဝန်းထဲတွင် ဆက်နေခဲ့ပြီး စနစ်ပြင်ဆင်ပြီးသောအချိန်အထိ တိတ်တဆိတ်စောင့်ရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
ထိုပန်းတိုင်ကြောင့်လည်း ချန်ကောဟွားသည် ထွက်မသွားချင်ခဲ့ပေ။ အတင်းအဖျင်းပြောသော မိန်းမကြီးများနှင့် ငြင်းခုံရန်အတွက်ကမူ....ဒါပေါ့ ပိုတောင်မဖြစ်နိုင်သေးတယ်။
ချန်ကောဟွား၏ အမြင်အရ ထိုလူများနှင့် ရန်ဖြစ်ငြင်းခုံနေလျှင် အဆိပ်ပြင်းလာရုံသာ ရှိနေလိမ့်မည်။ ရလဒ်ကမည်သို့ပင် ဖြစ်နေစေကာမူ ရီကျုံးဟိုင်သည် ခြံဝန်းကြီးတစ်ခုလုံးကို အစည်းအဝေး ခေါ်သည်ဟုပြောပြီး ခြံဝန်းအလယ်တွင် ခုံများချကာ စားပွဲခုံအမြင့်ပေါ်တက်ထိုင်ပြီး သူတို့ကို မက်တပ်ရပ်ခိုင်း၍ ဆူပူနေလိမ့်မည်။
ဒါဆိုရင်တဖက်သူကို ကြွားဝါခွင့်အလကားပေးလိုက်သလို မဖြစ်သွားဘူးလား။
ရီကျုံးဟိုင်က သူ့ကို အတင်းတောင်းပန်ခိုင်းရင် ဘယ်လိုလုပ်မလဲ။
ချန်ကောဟွားသည်လည်း ထိုသားရဲကောင်များကို မတောင်းပန်နိုင်ပေ။ သူဟာမတောင်းပန်လျှင်လည်း ထိုလူများက သူ၏မိသားစုကို ပေါ်တင်ပြောဆိုကြပေလိမ့်မည်။
ဒါဆိုရင် သူ့နောက်ကို သူ့မျက်နှာဘဲကြည့်ပြီး လိုက်လာနေတဲ့ ချင်ကျင်းယွီကို ဒုက္ခရောက်စေမှာပေါ့။
ထို့ကြောင့် အခြားသောသူများ၏ လှောင်ပြောင်ရယ်မောမှုကို ရင်ဆိုင်နေရသည့်တိုင်အောင် ချန်ကောဟွားက လျစ်လျူရှုရန်ရွှေးချယ်ခဲ့ပြီး ယခုအခါစနစ်က အောင်မြင်စွာ ပြင်ဆင်ပြီးသွားလေပြီ။ ချန်ကောဟွားသည် အကြွင်းမဲ့ယုံကြည့်မှု ရှိသွား၏။
စနစ်နှင့်သာဆိုလျှင် အိုဟောင်းနေသော ခြံဝန်းထဲတွင် နေထိုင်ရန်ရွေးချယ်ရန်မလိုပါပေ။
လောကကြီးကဒီလောက်ကျယ်တာ ဘာလို့ သွားစရာနေရာမရှိရမှာလဲ။
"စာရင်းသွင်းချင်ပါသလား"
ချန်ကောဟွားက စိတ်လှုပ်ရှားနေချိန်တွင် စနစ်ရဲ့အသံက ထပ်ထွက်လာသည်။
စနစ်ရဲ့အသံက်ိုကြားသည့်အခါ ချန်ကောဟွားက တုံ့ဆိုင်းမနေတော့ဘဲ ချက်ချင်းပြန်ဖြေသည်။
"စာရင်းသွင်းလိုက်"
ထိုသို့ပြောပြီးသည်နှင့် စနစ်၏အသံက ထပ်ထွက်လာသည်။
"တင်းတောင်..ဂုဏ်ယူပါတယ်၊ ပိုင်ရှင်က ခြံဝန်းကြီးထဲမှာ အောင်အောင်မြင်မြင်နဲ့ စာရင်းသွင်းလိုက်နိုင်ပါပြီ"
"ဂုဏ်ယူပါတယ်၊ ပိုင်ရှင်က အောက်ပါ လက်ဆောင်ပစ္စည်းများကို လက်ခံရရှိပါတယ်၊ အရည်အသွေးမြင့်ဆန် ၁၀ကျင်း(၁ကျင်း=၅၀၀ဂရမ်/၁၀ကျင်း=၅၀၀၀ဂရမ်/ ၁ကျင်း = ၁ပိဿာ = ၁.၆၃ကီလိုဂရမ်/ ၁၀ပိဿာ= ၁၆.၃ကီလိုဂရမ်) ၊ အရည်အသွေးမြင့်ကျွဲကောသီး ၂လုံး ၊ တောဝက်သား ၁၀ပိဿာ (၁၀ကျင်း) ၊ ၁၀တန်မဟာညီညွှတ်ရေးငွေစက္ကူ ၁၀ရွက် ၊ ပရီမီယန်အဆင့်လမုန့် ၁၀ဗူး"
ထိုအသံကိုကြားလိုက်ရသောအခါ ချန်ကောဟွားသည် သက်ပြင်းကိုချသည်။ ထိုစာရင်းသွင်းစနစ်သည် နာမည်နှင့် ကိုက်ညီသည်။ အိုဟောင်းပျက်စီးနေသော ခြံဝန်းကြီးထဲတွင် စာရင်းသွင်းလိုက်ရုံနှင့် ကောင်းမွန်သော အရင်းအမြစ်များရရှိသည်။
သူကသာအနာဂတ်မှာ ပိုကောင်းတဲ့နေရာတွေမှာ စာရင်းသွင်းလိုက်ရင် သူ အသားကုန်ချမ်းသာသွားမှာ မဟုတ်ဘူးလား။
သို့သော် စနစ်၏ပြောစကားအရ ချန်ကောဟွားအနေဖြင့် ကြုံရာကျပန်း နေရာတိုင်းတွင် စာရင်းသွင်းနိုင်သည်။ သို့သော် အနည်းဆုံးသောဖြင့် ငါးနှစ်ဆိုသည့်ကာလမျိုး လိုအပ်ပေလိမ့်မည်။ ဆိုလိုသည်မှာ ချန်ကောဟွားသည် ယခုခြံဝန်းကြီးထဲတွင် အနည်းဆုံးငါးနှစ်တော့ဖြင့် နေရဦးပေမည်။
ချန်ကောဟွားကလည်း ထိုငါးနှစ်ဆက်နေရမည့်ကိစ္စကို စိတ်ထဲမထားချေ။ ထိုကာလကလည်း ဟောင်ကောင်ကျွန်းတိုင်းပြည်၏ တိုးတက်မှုနှင့် သက်ဆိုင်နေ၏။ ထိုကိစ္စကြောင့် သူသည် ခြံဝန်းကြီးထဲတွင်နေပြီး အရင်းအမြစ်များကို ပျော်ပျော်ရွှင်ရွှင်စုဆောင်းနေရန် ဆုံးဖြတ်လိုက်သည်။ ဒီနေ့ခေတ်ကာလတွင် သာမန်မိသားစုများသည် ကန်စွန်းဥများ ပြောင်းပေါင်မုန့်ကြမ်းများသာ စားကြသည်။ ပေါက်ဆီများ သို့မဟုတ် နှံစားပြောင်းကုန်ကြမ်းများကဲ့သို့ အထွက်နှုန်းမြင့်သောကုန်များကို တက်နိုင်သူများသာစားကြပြီး ချမ်းသာကြွယ်ဝသော လွှမ်းမိုးမှုပြင်းထန်သော မိသားစုကြီးများကမူ ဆန်ချောကို စားကြသည်။
ထိုအရည်အသွေးမြင့် ဆန်ကောင်း ၁၀ပိဿာ (၁၀ကျင်း) ပမာဏသည် အနည်းငယ် အရည်သွေးနိမ့်သော ဆန်၏ ပိဿာ၃၀နှင့် လဲလှယ်၍ရသည်။ ထို့ကြောင့် မိသားစုဝင်သုံးယောက်ရှိသော သာမန်မီသားစုတစ်စုကို လပေါင်းများစွား ဖူလှုံစေရန် လုံလောက်ပေသည်။
နောက်ပြီး ဆန်ဆိုတာကလည်း အရမ်းအဖိုးတန်တယ်
တောဝက်သား ငါးပိဿာကလည်း ပို၍ပင်တန်ကြေးကြီးသည်။ သာမန်လူတစ်ယောက်အတွက် ကြက်ဥတစ်လုံးကို စားသောက်နိုင်လျှင်ပင် မွေးနေ့ပွဲကျင်းပသလို ခံစားရလောက်ပေသည်။ ဝက်သားသည် သာမန်မိသားစုများက စားခဲသောအရာမျိုး ဖြစ်လာသည်။ အနည်းဆုံးတော့ သူတို့လည်း ဝက်ပြေးသည်အား မြင်ဖူးလောက်၏။ တောဝက်ကိုမူ မည်သို့ပြေးကြောင်း ဘယ်သူမှမမြင်ဖူးကြပေ။
ထိုအရင်းအမြစ်များသည် မယုံနိုင်လောက်အောင် တန်ဖိုးရှိသည်။
အရည်အသွေးမြင့်ကျွဲကောသီးကလည်း အထူးတလည်ပင် ပြောဆိုနေရန်မလိုအပ်ပေ။ ဒါဟာဒီတိုင်း သစ်သီးသာဖြစ်သည်။ သို့သော် သိထားရမည်မှာ ယခုရောက်ရှိနေသည်မှာ ၁၉၆၀ခုနှစ် ဖြစ်သည်။ သာမန်လူများက ဆန်ကိုတောင်မစားနိုင်နေတာ သစ်သီးဆိုလျင် ပို၍ပင် ဝေးသွားသေးသည်။
ဆောင်းဦးအလယ်ပွဲတော်တွင်ပင် ယခုလောက်ပေကျင်းဆိုသည့် ကျယ်ပြောလွန်းသောမြို့ကြီးထဲမှ မိသားစုအနည်းငယ်လောက်ကသာ ကျွဲကောသီးကို စားနိုင်ကြ၏။ ထို့ကြောင့်ကျွဲကောသီးကလည်း တန်ဖိုးကြီးလွန်းနေသည်။
သို့သော် အစစ်အမှန်တန်ဖိုးကြီးသည်မှာ လမုန့်ဖြစ်သည်။ လမုန့်များသည် ခေတ်သစ်ကာလတွင်ဆိုလျှင် မည့်သည့်ဆိုင်တွင်မဆို ဝယ်ယူ၍ရသည်။
ဒါေပမယ့် ဆိုရိုးစကားတစ်ခုလိုပေါ့ ဘယ်ခေတ်မှာ နေနေတာလဲ......
၁၉၆၀ခုနှစ်တွင် လမုန့်များ မတည်ရှိသေးပေ။ မိသားစုအများစုအတွက် ထိုလမုန့်ဆိုသည်မှာ ဒီတိုင်း ဂျုံမှုန့်ဖြင့်လုပ်ထားရုံသာဖြစ်သည်။ ဒီနေ့ခေတ်ကာလတွင်မူ ခေါင်းဆောင်များသာစားနိုင်၏။ ခေါင်းဆောင်ဖြစ်ရုံနှင့်လည်း မရသေးချေ။ အဆင့်အတန်းတစ်ခုရှိမှသာ လမုန့်ဝယ်ရန်ရပေလိမ့်မည်။ လမုန့်သည် ပြန်လည်ဆုံစည်းခြင်းနှင့် ပျော်ရွှင်မှုကို ကိုယ်စားပြုသည်။ ထို့ကြောင့် ဆုချီးမြှင့်သည့်အချိန်မျိုးတွင် ထိုလမုန့်၏ လက်မှတ်ကို အသုံးပြုတက်ကြသည်။
တိုင်းပြည်အတွက် မိသားစုကိုလျစ်လျူရှုခဲ့ရသည့် ရာထူးမြင့်မားလွန်းသော ခေါင်းဆောင်ကြီးများကသာ လမုန့်ကဲ့သို့ အထူးလမုန့်နှင့် ထိုက်တန်သောသူများဖြစ်သည်။ ထိုအတွက်ကြောင့်လည်း လမုန့်ဟာစားစရာဖြစ်သည့်တိုင်အောင် အဆင့်အတန်းတစ်ခုကို ကိုယ်စားပြုသည်။ ပိုက်ဆံရှိရုံနှင့် ဝယ်၍မရသော အရာမျိုးဖြစ်သည်။
ချန်ကောဟွားကသာ ထိုလက်မှတ်ကို ရောင်းချင်ခဲ့ပါက လက်မှတ်တစ်စောင်ထဲနဲ့တင် ၁၀ယွမ်မကရမည်ဆိုလျှင် ချဲ့ကားရာမရောက်ချေ။
သူသည်လည်း ထိုသို့ရောင်းချခြင်းအားဖြင့် မိသားစု၏ ဝင်ငွေကို တိုးတက်ရန် ကြည့်၍ရသည်။
ဒါပေမယ့် အခုတော့မရောင်းနိုင်ဘူးပေါ့၊ သူ့ရဲ့စနစ်က စာရင်းသွင်းစနစ်လေ၊ စာရင်းသွင်းလိုက်ရုံနဲ့ သူပစ္စည်းတွေ တောက်လျောက်ရနေမှာ၊ ပိုက်ဆံတွေတောင်ပါသေးတယ်၊ သူဘာကို စိုးရိမ်ရမှာလဲ။
ထို့အပြင် ယခုစရင်းသွင်းသည့် အခေါက်တွင်လည်း ၁၀ယွမ် ပိုက်ဆံစက္ကူ ဆယ်ရွက်ပါသေးသည်။ ထိုတစ်ရွက်က ၁၀ဖြစ်ပြီး ဆယ်ရွက်ဖြစ်သည့်အတွက် တစ်ရာဖြစ်သွားသည်။ သူ့အတွက်က တစ်လမှာ နှစ်ဆယ်သာရနေလေရာ ငါးလစာလခနှင့် ညီမျှနေသည်။ ထိုပိုက်ဆံကို လွယ်ကူလွန်းစွာ ရရှိလိုက်သည့်အလျောက် လမုန့်လက်မှတ်ကို ရောင်းရန်မဖြစ်နိုင်တော့ပေ။
ထို့သို့တွေးလိုက်မိသည်အခါ ချန်ကောဟွားသည်လည်း တုံ့ဆိုင်းမနေတော့ဘဲ အနီးနားရှိစျေးရုံတစ်ခုသို့ ခပ်မြန်မြန်သွားကာ လမုန့်ကိုသွားလဲသည်။ သူသည် ဇနီးဖြစ်သူအား ခက်ခဲသည့်အချိန်ကာလအတောအတွင်း အဖော်ပြုသည့်အတွက် ကျေးဇူးတင်သည့်အနေဖြင့် လက်ဆောင်ပေးချင်သွားသည်။
ချင်ကျင်းယွီဟာ မိန်းမကောင်းပီသသည်။ ဤအတောအတွင်းတွင် သူ့အားအမှန်တကယ်ပင် ဂရုစိုက်ခဲ့သည်။ မည်မျှပင် ဘဝကခက်ခဲစေကာမူ ဘယ်သောအခါမျှ အထွတ်မတက်ခဲ့ပေ။ ဇနီးတစ်ယောက်အနေနှင့် သူမသည်လည်း ခက်ခဲကြမ်းတမ်းမှုများကို ခံစားရသည်။
ယခုအခါ ဘဝကကောင်းမွန်လာသည်။ ချန်ကောဟွားသည်လည်း ဇနီးဖြစ်သူကို သဘာဝကျကျပင် မေ့သွားလိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် နာရီဝက်ခန့်အကြာတွင် ချန်ကောဟွားသည် ဈေးရုံကြီးသို့ ရောက်ရှိသွားသည်။
သူသည် ဟန်ဆောင်ပန်ဆောင် လျှောက်ကြည့်မနေတော့ဘဲ လက်မှတ်ကောင်တာသို့ တိုက်ရိုက်သွားလိုက်သည်။
လက်မှတ်ကိုမြင်သည့်အခါ အရောင်းဝန်ထမ်းက ကြောင်တောင်တောင် ဖြစ်သွားသည်။ လက်မှတ်ကိုလာလဲသည့် လူတိုင်းဟာ ချမ်းသာသောလူများဖြစ်သည်။ သို့သော် ချန်ကောဟွားက သာမန်အလုပ်ဝတ်စုံကိုသာ ဝတ်စားထားသည်။ သိသာစွာပင် ရာထူးမြင့်အရာရှိလည်း မဟုတ်ပါပေ။ သို့သော် လမုန့်လက်မှတ်ကမူ အစစ်ဖြစ်သည်။ ထို့ကြောင့် သူမသည်လည်း လမုန့်ကို အိတ်ထဲတွင်သာ ထုတ်ပြီး ချန်ကောဟွားကို သေချာပေးလိုက်သည်။
ပစ္စည်းကိုရသည်နှင့် ချန်ကောဟွားက အိမ်ကိုအပြေးပြန်သည်။
တစ်နာရီခန့်ကြာပြီးနောက် ချန်ကောဟွားသည် လမုန့်ထုတ်ကိုသယ်ပြီး ခြံဝန်းကြီးသို့ ဝင်လိုက်သည်။ ခြံဝန်းကြီးထဲမှ လူများအားလုံးကလာ်း အတင်းအဖျင်းပြောရန်တာဆူနေကြ၏။
သူဟာလမုန့်များကို သယ်လာကြောင်းမြင်သည်နှင့် အားလုံး၏မျက်ဝန်းများက တောက်ပလာသည်။
သူတို့ တစ်ခါမှ လမုန့်မစားဖူးကြဘူး၊ ဒါပေမယ့် လမုန့်က ဘာဆိုတာ ဘယ်သူကမသိလို့လဲ၊ ဒါကအရမ်းကို ရှားပါးတဲ့ အရင်းအမြစ် ရာထူးမြင့်အရာရှိကြီးတွေ ခေါင်းဆောင်ကြီးတွေဘဲရနိုင်တာ။
ထို့ကြောင့် လမုန့်ကို မြင်သည်နှင့် အားလုံးက ပဟေဠိ ဖြစ်သွားသည်။
ချန်ကောဟွားက ဘာလို့လမုန့်ရတာလဲ။
ထိုမေးခွန်းကို တွေးမိလိုက်သည့် လေအေးခံနေသော တံခါးနားတွင်ရပ်ေနသည့် ရီကျုံးဟိုင်က တိုက်ရိုက်မေးသည်။
"ချန်ကောဟွား ဒီလမုန့်တွေ ဘယ်ကရတာလဲ"
သူ၏အမြင်အရ ချန်ကောဟွားသည် အနိမ့်စားအလုပ်သမားသာ ဖြစ်သည်။ သူဟာ လမုန့်ရရန် အရည်အချင်းမရှိပေ။ ထို့ကြောင့် ခေါင်းဆောင်တစ်ယောက်ယောက်၏ ကိုယ်စားသယ်ပေးခြင်း ဖြစ်ရပေမည်။
သို့သော် ဒါဟာအတွေးသာဖြစ်သည်။ ချန်ကောဟွားသည် သူ့ကို လျစ်လျူရှုသွားသောကြောင့် ဒေါသထွက်ကာ ပေါက်ကွဲလုနီးပါးဖြစ်သွားသည်။ ထိုအပြုအမူသည် ရီကျုံးဟိုင်ကို အလွန်အမင်း မကျေမနပ်ဖြစ်သွားစေသည်။ ထိုကြောင့် သူသည် ချက်ချင်းဆိုသလို အသိစိတ်ကို ဓါးမြတိုက်ရန်ကြိုးစားသည်။
"ဟေး မင်းလူလိုမသိဘူးလား၊ ဟမ်း.."
"လူကြီးက မေးခွန်းမေးနေတာမကြားဘူးလား"
"ကန်းချင်ယောင် ထုံထိုင်းချင်ယောင်ဆောင်တာ ဘာအပြုအမူလဲ"
"လူကြီးတွေကို သိတက်ရမယ်ဆိုတာ နားမလည်ဘူးလား၊ လူကြီးတွေကို လေးစားရမယ်ဆိုတာ မသိတာလား"