← Chapters

အခန်း ၄

Vol. 1 Ch. 4

အခန်း ၄

Vol. 1 Ch. 4

အပိုင်း ၄ ငါသာ ချန်မိသားစုကို ရွေးချယ်ခဲ့မယ်ဆိုရင်

ချန်ကောဟွား၏အမြင်အရ လူမှု့ဆက်ဆံရေး

ဟာရိုးရှင်းသည်။ သင့်လျှော်သော ယဥ်ကျေးမှု

မျိူး ထိန်းထိမ်းထားရုံနှင့် လုံလောက်သည်။

မင်းကငါ့ကို ယဥ်ကျေးရင် ငါက ပြန်ပြီး ယဥ်ကျေးမယ်။

သို့ရာတွင် ခြံဝန်းကြီးထဲရှိ လူအများကမူ ထို

နည်းတူမတွေးကြပေ။ သူတို့၏အမြင်အရ

အခြားသော သူများအားလုံးသည် သူတို့

၏စကားကို နားထောင်သင့်သည်။ သူတို့ကို

မျက်နှာပေးသင့်သည်။ ယဥ်ကျေးသည်ဖြစ်

စေ၊ မယဥ်ကျေးသည်ဖြစ်စေ ကိစ္စမရှိဟု

ယူဆထားကြသည်။ အထူးသဖြင့်သူ့က်ိုယ်သူ

ခေါင်းဆောင်တစ်ယောက် ဟုပင်ထင်မှတ်နေ

သော ရပ်ကွက်ရုံးက ဦးလေးကြီးရာထူးယူ

ထားသော ဦးလေးရီဖြစ်သည်။

သူဟာဆရာကြီးတစ်ယောက်ကဲ့သို့ ထောင်

လွှားပြီးမော်ကြွားနေတတ်၏။ ဟိုနေရာဒီနေရာ

ကိစ္စတိုင်းတွင်လည်း ဝင်ပါတတ်သည်။

အလွန်ကဲဆုံးကိစ္စသည် အသိစိတ်ကိုဓားပြ

တိုက်တတ်ခြင်းဖြစ်သည်။

ဥပမာအနေနဲ့ ကျားမိသားစုကိုကူညီတဲ့ ကိစ္စ

ပေါ့။ သူက ခြံဝန်းထဲက မိသားစုတွေကိုပြောပြီး

ကျားမိသားစုကို ကူညီခိုင်းတတ်တယ်။

ရွံစရာပဲ။

ဒီလိုလူမျိုးက ဒီလောက်ထိကြင်နာတတ်နေရင်

အငြိမ်းစား ယူမယ့် ပိုက်ဆံတွေကို သုံးပြီး ဘာလို့မကူညီတာလဲ။

စီနီယာတန်းအဆင့် ဝန်ထမ်းဖြစ်သော ရီကျုံးဟိုင် သည်တစ်လလျှင် ယွမ်၉၀ ကျော်

အထိရှာဖွေနိုင်သည်။ ဝင်ငွေထဲမှ နည်းပါးသော

ပမာဏက ခြံဝန်းကြီးတစ်ခုလုံးထံမှ မကြာခဏ အစည်းအဝေးခေါ်ယူကာ လှူတန်းခိုင်း၍ ရရှိလာသောပမာဏထက် မြောက်များ

လွန်းသော ပမာဏမျိူးကို ရရှိနိုင်သည်၊

သို့သော် သူဟာ ထိုသို့မလုပ်ချေ။ ထိုအစား

ခြံဝန်းကြီးထဲတွင် ရှိသမျှသောလူတိုင်းကို

ခေါ်ပြီး ကျားမိသားစုကို ကူညီခိုင်းသည်။

ရလာဒ်ကမူ လူတိုင်းကသူ၏ကြင်နာမှုကို

မှတ်မိကြမည် ဟုယူဆသည်။ သို့သော်အမှန်

တကယ်အားဖြင့် အခြားသောသူများသည်

ဘယ်သောအခါမှ အကူအညီကိုပြန်လည်

ရရှိခြင်း မရှိခဲ့ပါချေ။

ဘယ်လိုပဲ ကြည့်ကြည့် ဒီအဘိုးကြီးရီက ရွံစရာ

ပဲ။

သူကထိုသိို့ပြောပြီး နောက်တစ်ခါ ထပ်တလဲလဲ

နှာခေါင်းရှုံလိုက်သေးသည်။

"ယဥ်ကျေးမှုမရှိဘူး၊ လူကြီးကို မသိတတ်ဘူး၊

ဟုတ်လား။ ခင်ဗျား ငါနဲ့ငါ့မိန်းမအကြောင်း

လူတိုင်းရဲ့ အရှေ့မှာ ဒါမှမဟုတ်လူတိုင်းရဲ့

နောက်ကွယ်မှာ အတင်းပြောနေတဲ့အချိန်မှာ

ယဥ်ကျေးမှုဆိုတဲ့စကားလုံးအကြောင်း

တွေးမိလား"

"ငါခင်ဗျားကို အမှန်အတိုင်းပြောမယ်၊ ငါ့အရှေ့လာပြီး ဟန်ဆောင်ပြမနေနဲ့၊ အခြားလူ

တွေကခင်ဗျားကို ဘုရင်လိုဆက်ဆံချင် ဆက်

ဆံမယ်၊ ငါကတော့လက်မခံဘူး၊ ငါကဘယ်

ဥပဒေကိုမှ မချိူးဖောက်နေသမျှ ခင်ဗျားမှာ

ငါ့ကို ဘာလုပ်ဆိုပြီးပြောပိုင်ခွင့် မရှိဘူး"

ထိုသို့ဖြင့် ချန်ကောဟွားသည် သူ့အခန်းသူ

ပြန်ပြီး ချင်ကျင်းယွီကို သွားရှာလိုက်သည်။

အဘိုးကြီးရီက ဒေါသဖြင့်တုန်ရင်ပြီး ကျန်ရစ်

သည်။

ခြံဝန်းကြီးတစ်ခုလုံးမှာ အဘိုးကြီးရီဟာ စီနီယာအမြင့်ဆုံး အဖွဲ့ဝင်တစ်ယောက်အနေဖြင့် အမြဲတစေအဖားခံရသူဖြစ်သည်။ ယခုလိုမျိုးဂျူနီယာတစ်ယောက်ထံမှ ပေါ်တင် အပြောအဆိုမခံရဖူးချေ။

ထိုအချိန်တွင် ချင်ကျင်းယွီက ဆူညံသံများ

ကြား၍ တံခါးကိုဖွင့်ပြီး ထွက်လာသည်။

"ဘာတွေဖြစ်နေတာလဲ"

ချန်ကောဟွားကလည်း ချင်ကျင်းယွီကို ကြည့်လိုက်သည်။

အဘိုးကြီးရီနှင့်ပြောဆိုခဲ့သော အော်ကြီးဟစ်ကျယ်

အသံက ဆောင်းဦးအလယ်ပွဲတော်ကို အိမ်မှာ

တိတ်တဆိတ် ဆင်နွှဲနေကြသောသူများ အားလုံး၏အာရုံကို ဆွဲဆောင်နိူင်လိုက်ပြီး အားလုံးကလည်း ထွက်ကြည့်ကြသည်။

ဟယ်ယွီကျူး၊ ရွှီတမောင်း၊ လျိုကွမ်းထျန်း

လျိုကွမ်းဖူ၊ လျိုဟိုင်ကျုံး ၊ ဒေါ်လေးရီ၊

ဒေါ်လေးအာ့……..ကျားမိသားစုတောင်

ထွက်ကြည့်သေးတယ်၊ ဒါပေါ့ဒုက္ခိတ ကျားတုန်းရွှီ ကတော့ ထမကြည့်နိုင်ဘူးပေါ့။

လူတိုင်းကခြံဝန်းထဲတွင် စုစည်းလာကြပြီးနောက် ချန်ကောဟွားသည် သူတို့ကိုဂရုစိုက်

မနေဘဲ အရှေ့ကိုသာ ဆက်သွားသည်။

ပြောရမည်ဆိုလျှင် သူသည်စိတ်ထဲတွင်ပင်

ကျေနပ်နေသေးသည်။ သူသည်နဂိုက ချင်ကျင်းယွီကိုလက်ဆောင်ပေးရန် စဥ်းစားထားပြီးသားဖြစ်သည်။ ယခုအခါ လူတိုင်း၏ အရှေ့တွင်တရားဝင်ပေးအပ် ပြီးသားဖြစ်သွားသည်။

ထို့ကြောင့် ချန်ကောဟွားဟာ ချင်ကျင်းယွီ၏

အရှေ့သို့ ရောက်သည်နှင့် အိတ်ထဲမှလမုန့်

ဘူးကို ထုတ်လိုက်သည်။ လမုန့်များစွာက ပေါ်

လာ၏။ ရှိနေသမျှသောလူတိုင်းက မယုံကြည်

နိုင်မှု အပြည့်ဖြင့်ကြည့်ကြသည်။

လူအုပ်ထဲမှ လျိုကွမ်းဖူက မနေနိုင်ဘဲပြောသည်။

"ဒါကလမုန့်တွေမလား၊ ငါစျေးရုံကြီးမှာမြင်ဖူး

တယ်"

"ဘုရားရေ စျေးရုံက အရည်အသွေးမြင့်လမုန့်

လား၊ ၁ဗူးကို ၁၀ယွမ်ကျော်တယ်မလား"

လျိုကွမ်းထျန်းကလည်း တအံ့တသြပြော

သည်။

"ချန်ကောဟွားကြည့်ရတာ လက်ထဲမှာအနည်း

ဆုံး ၁၀ဗူးလောက်ပါတာထင်တယ်၊ ဒါဆိုရင်

၁၀၀ ကျော်ပြီ၊သူဘယ်လိုဖြစ်ပြီး ဒီလောက်

ထိချမ်းသာတာလဲ"

ရီကျုံးဟိုင်က ပို၍ပင်အံသြရသည်။

ထိုလမုန့်များကို ပိုက်ဆံရှိရုံနှင့် ဝယ်ယူနိုင်ခြင်း

မရှိကြောင်း သူဟာလူတိုင်းထက် ပိုသိသည်။

လက်မှတ်က အရေးကြီးဆုံးဖြစ်သည်။

တစ်ချိန်ထဲတွင်ပင် လူတိုင်းကအရှေ့မှမြင်

ကွင်းကို တအံတသြကြည့်ကြသည်။ သူတို့

၏အမြင်တွင် ယွမ် ၁၀၀ ကျော်သောလမုန့်များ

သည် စားသောက်ရန်ပင် မဟုတ်တော့ပေ။ အိမ်တစ်လုံးစာပင် ဖြစ်နေသည်။

၁၉၆၀ခုနှစ်တွင် အိမ်စျေးများကမိုးထိထိုးမတတ်

သေးချေ။ ထိုအတွက်ကြောင့် ယွမ် ၁၀၀ ကျော်

ခန့်ဆိုလျှင် မြို့ထဲမှအတိုင်းအတာ တစ်ခုထိ

အဆင်ပြေသော တိုက်ခန်းမျိုးကို ဝယ်နိုင်လေ

သည်။

အခြားစကားဖြင့် ပြောရသော်ထိုစုံတွဲ၏

ဆောင်းဦးအလယ် ပွဲတော်အောင်ပွဲခံမှုဟာ

အိမ်တစ်လုံးစာ နီးပါးကုန်ကျသွားသည်။

ထိုသို့တွေးမိလိုက်ရုံနှင့် လူတိုင်း၏မျက်လုံး

ကအံအားသင့်မှုနှင့် မနာလိုစိတ်များပြည့်

သွားသည်။

ရီဟိုင်ကျုံးကလည်း စိတ်ထဲတွင်တွေးနေ

သည်။ လမုန့်၏ဇစ်မြစ်ကို သံသယဝင်နေသည်။

အဲ့ဒီလိုမှ မဟုတ်ရင် ဒီလိုအဆင့်အတန်းနဲ့

လူကဘယ် ရမှာလဲ။

သို့သော်သက်သေကလည်း မရှိသလို အံအား

သင့် နေပြီးသည့်နောက် မည်သည့်စကားကိုမှ

ဝင်မပြောလိုက်ချေ။

ချန်ကောဟွားကမူ လမုန့်များကိုထုတ်ပြီးသည်

နှင့် လူတိုင်း၏အရှေ့တွင်ပင် ချင်ကျင်းယွီ

ကိုဗူး လိုက်ပေးလိုက်သည်။ လမုန့်ဗူးကို

ရသည့်အခါ ချင်ကျင်းယွီက မှင်သက်သွား

သည်။ သူမသည်လည်း သူမ၏ယောကျ်ားဟာ

ထိုမျှ စျေးကြီးလွန်းသော လက်ဆောင်ကို

ဝယ်ပေးလိမ့်မည် ဟုမထင်ထားပေ။ အံအား

သင့်နေသေးသော သူမကသေချာပင် မမေး

မြန်းနိုင်သေးခင် ချန်ကောဟွားက ဗူးကိုဖွင့်

လိုက်သည်။

"မွှေးနေတာပဲ၊ အချစ် မင်း စမ်းကြည့်သင့်တယ်။

မင်းလမုန်ကို စားပြီးသွားရင် ဘယ်လောက်

ပဲ ဗိုက်ဆာဗိုက်ဆာ ပြောင်းမုန့်ကို စားနိုင်

တော့မှာမဟုတ်ဘူး"

အရင်းမြစ်များက ရှားပါးသော်လည်း သူတို့

သည် ဂျုံမှုန့်ဖြူဖြင့်လုပ်ထားသော ပေါက်စီ

များပေါင်မုန့်များ ရနိုင်သေးသည်။ ထိုအရာ

များက ပြောင်းမှုန့်နှင့်လုပ်ထားသော ပေါင်

မုန့်ကြမ်း ထက်သာသည်။ သို့သော် ချန်ကော

ဟွားသည်သာ ထိုအကောင်းစားပေါက်စီ

များကို စားပြီး ချင်ကျင်းယွီကမှု ခြောက်သွေ့

မာကြောနေသော ပြောင်းမှုန့်များကို စားသည်။

တစ်ခါတစ်ရံတွင်ချန်ကောဟွားကလည်း သူမ

၏ကျန်းမာရေးအတွက် စိုးရိမ်ပြီး သူမကို မစား

ခိုင်းတတ်ချေ။ သို့သော်သူမဟာ ခင်ပွန်းဖြစ်

သူကိုသာ စားစရာပိုပေးပြီး သူမကပြောင်းပေါင် မုန့်အမာများကို သာစားတတ်သည်။ ထို့ကြောင့် ချန်ကောဟွားသည် ချင်ကျင်းယွီ၏ လှည့်ကွက်သေးသေးလေးကို ထုတ်ပြလိုက်သည့်အခါ သူမ၏မျက်နှာက

တောက်ပစွာ နီရဲသွားသည်။

အခြားသော အရာများအားလုံးကို ဘေးဖယ်

ထားလိုက်လျှင်ပင် သူမ၏ရှက်‌ေနသည့်ပုံစံကအမှန်

ပင်လှပသည်။

အစပိုင်းတွင် ချင်ကျင်းယွီသည် ရွာတွင်အချိန်

အကြာကြီးနေခဲ့သော မိန်းမငယ်လေးသာဖြစ်

သည်။ သူမ၏ပြုမူပုံက မကောင်းမွန်သေးချေ။

အချစ်၏ အားဖြည့်ပေးမှုအောက်တွင် သူမ၏

အပြုအမှုတိုင်းကလည်း လုံးဝပင် ပြောင်းလဲ

သွားသည်။ သူမသည် ယခုအခါ သာလွန်ထူး

ခြားသော သန့်စင်သည့်လေထုမျိုးကိုပင် ပိုင်

ဆိုင်နေပြီဖြစ်သည်။

စုံတွဲ၏ ချစ်ခင်ကြင်နာမှုကိုပြသမှုဟာ ရှိသမျှ

သောလူတိုင်းကို ခွေးစာအပြည့်အဝစား

သောက်လိုက်ရစေသည်။ သို့သော်ထိုခွေးစာ

(အများရှေ့တွင် ချစ်ကြောင်းပြခြင်း)

မျိုးနှင့် နှိုင်းယှဥ်ကြည့်သော် လူတိုင်း၏အာရုံက ချင်ကျင်းယွီ၏ လမုန့်ထံ၌ရှိနေသည်။

ထိုအချိန်တွင် လူအုပ်၏အရှေ့ဆုံးတွင်ရပ်

ကာကြည့်နေသော ချင်ဟွိုင်ယွီကလည်း

ချင်ကျင်းယွီ၏ လက်ထဲမှလမုန့်ဗူးကို သတိ

ထားမိသည်။ သူမ၏မျက်လုံးက မနာလိုစိတ်

များနှင့် ပြည့်နှက်နေသည်။

အရင်တုန်းက သူမက မြို့သားလေးကိုလက်ထပ်ပြီး ကောင်းမွန်တဲ့ဘဝမှာနေချင်လို့

မဟုတ်ဘူးလား။ ဒါပေမဲ့အမှန်တကယ်လည်း

လက်ထက်ပြီးလိုက်တဲ့ နောက်မှာကျားမိသားစု

က ဆင်းရဲပေမဲ့ ကြောက်စရာကောင်းလောက်အောင် ဆင်းရဲမယ်လို့ ဘယ်သူကထင်ထားမှာလဲ။ သူမရဲ့နာမည်ကိုလည်း ဂရမ်စာချုပ်ထဲ

မှာ ထည့်ပေးပေမယ့် ဒီနေရာမှာနေရတာက လွဲပြီး ဘာအကျိုးအမြတ်ရှိလို့လဲ။ကျားကျန်းရှီကလည်း သူမကို ပုံမှန်အသုံးစရိတ်ကလွဲပြီး တစ်ပြားတောင် ပိုပေးဖူးတာမဟုတ်ဘူး။

နှစ်သစ်ကူးလိုနေ့မျိူးတွေမှာ ပိုက်ဆံတွေ

နည်းနည်းပိုရတယ်။ ဒါကလည်းအခြားပစ္စည်း

တွေဝယ်ဖို့ပဲ။ ဒါပေမဲ့လည်း ကြာရှည်မခံပါဘူး။

ကျားတုန်းရွှီက ဒုက္ခိတဖြစ်သွားတော့

ကံဆိုးမှုက ဆက်ရောက်လာရော။ သူမက စက်ရုံကိုသွားပြီး မိန်းမတန်မဲ့နဲ့ အလုပ်လုပ်နေရတဲ့

အပြင် ကျားကျန်းရှီနဲ့ သားဖြစ်သူကိုလည်း

ကြည့်ပေးနေရသေးတယ်။ အလုပ်ရဲ့ဖိအား

ကလည်း တော်တော်လေးကိုများတယ်။

ဘဝကိုပျော်မွှေ့ဖို့ မပြောနဲ့။ မိသားစုကို ကျွေးမွေးဖို့တောင် ပြဿနာဖြစ်နေပြီ။ သူမကမိသားစုရဲ့ စားစရိတ်သောက်စရိတ်အတွက် တန်ကြေး ကြီးကြီးပေးဆပ်နေရတာ။

ဒီအချိန်အတောအတွင်းမှာ သူမအနေနဲ့ထမင်း

တစ်ပန်းကန်တောင် မစားရသေးဘူး။

လမုန့်လိုမျိုး တန်ဖိုးကြီးလွန်းတဲ့ စားစရာ

ဆိုပိုဆိုးတာပေါ့။ ဒါပေမဲ့အခု သူမရဲ့ဝမ်းကွဲ

က အိမ်တစ်လုံးစာနီးပါး တန်ကြေးရှိတဲ့ လမုန့်

ဆယ်ဗူးတောင် ပိုင်လိုက်တယ်တဲ့။ ဆန့်ကျင်

ဘက်အခြေအနေက ကြောက်စရာကောင်း

တယ်။

ထိုအချိန်တွင် နောင်တ လှိုင်းလုံးကြီးဟာလည်း

သူမကို လွှမ်းခြုံလာသည်။ ချန်ကောဟွား၏

ချင်ကျင်းယွီကို ကြည့်နေသော အလိုလိုက်သော

အကြည့်အောက်တွင် ချင်ဟွိုင်ယွီ၏ စိတ်

အတွင်း အတွေးတစ်ခုကပေါ်လာသည်။

"ငါကသာ ကျားမိသားစုရဲ့အိမ်ကိုမက်ပြီး

သူတို့ကို မရွေးချယ်ဘဲနဲ့ ချန်ကောဟွားကို

သာရွေးချယ်လိုက်ရင် ဒီလိုဘဝက ငါ့ဘဝ

ဖြစ်နေမှာ"

All Chapters