← Chapters

အခန်း ၅

Vol. 1 Ch. 5

အခန်း ၅

Vol. 1 Ch. 5

အပိုင်း ၅ အာဏာပြတတ်လွန်းသော အဘိုးကြီးလျို

နောင်တအပြည့်နှင့် ချင်ဟွိုင်ယွီသည် ခံစားချက်များကို ဖိနှိပ်ရုံမှလွဲပြီးတပါးမရှိချေ။ သူမဟာ နောက်ပြန်မလှည့်နိူင်တော့ပါ

ချေ။ သူမ ယခုလုပ်နိုင်သမျှက ဝမ်းကွဲဖြစ်သူသည် အများရှေ့တွင်အားကျခံနေရသော မြင်ကွင်းကို ကြည့်နေရုံကလွဲပြီး အခြားမရှိနိူင်တော့ပေ။

ချင်ကျင်းယွီကိုယ်တိုင်အတွက်ကမူ ကုန်လွန်

ခဲ့သော နှစ်များတွင် ကျားကျန်းရှီ၏အတင်း

အဖျင်းကြောင့် လူတိုင်းက သူမနှင့်ခင်ပွန်း

အကြောင်း မကောင်းပြောကြသည်။ ပြောကြ

လွန်းသဖြင့် ခြံဝန်းထဲမှလူတိုင်းနီးပါးကပင်

သူတို့အကြောင်းပြောကြသည်ဟုပင်ပြောနိူင်

သည်။ ချန်ကောဟွားက အခြေအနေကောင်း

သေးသည်။ သူဟာအများအားဖြင့် စက်ရုံ

တွင်သာ နေတတ်သည်။ သူမဟာ ထိုခြံဝန်း

ထဲတွင်နေရ၏။ ထို့ကြောင့်သူမသည်

အမျိူးမျိုးသော ကြမ်းတမ်းသည့် စကားလုံး

ပေါင်းများစွာကို ကြားဖူးပြီးသားဖြစ်သည်။

ဥပမာအနေနဲ့ သူမရဲ့ခင်ပွန်းကအမှိုက်ကောင်၊

လူရမ်းကား၊ သူမကတော့ ပိုက်ဆံမက်တဲ့

လူ၊ အသုံးမကျတဲ့မိန်းမတဲ့…..

ထိုကဲ့သို့သောစကားလုံးများသည် သူမ၏

နှလုံးသားကို အပ်နှင့်ထိုးနေသည်နှင့်တူ

သည်။ ပို၍ဆိုးသည်မှာ တစ်ခါတစ်ရံတွင် ရေ

ပျက်သွားသောအခါ သူမသည်အိမ်နီးနားချင်း

ထံမှ ရေချေးရသည်။ ထိုအခါတွင် လှောင်ပြောင်

ရယ်မောခံရသည်။

ဒီနေ့ခေတ်ကာလမှာ နေထိုင်မှုဘဝပုံစံကမြင့်

မားပေမယ့်လည်း ရေတစ်ပန်းကန်လောက်က

ဘယ်လောက်ကုန်မှာမို့လို့လဲ။

လူတိုင်း၏ စွပ်စွဲမှုများလှောင်ပြောင်မှုများ

ကိုရင်ဆိုင်ရသည့်အချိန်တွင် ချင်ကျင်းယွီ

ဟာ ဒေါသမထွက်ချေ။ ထို့အစားပိုက်ဆံကို

သာပေးပြီး ဝယ်လိုက်သည်။ သို့ရာတွင်

တစ်ဖက်လူက ရောင်းချရန်ငြင်းဆန်၏။

ဘာတဲ့၊သူတို့က ပြောသေးတယ်။ စျေးကွက်စျေး ထက် ဆယ်ဆပေးရမယ်တဲ့။

"နင်တို့ချင်မိသားစုက အသိစိတ်မှမရှိတာ၊

ငါတို့အသိစိတ်အကြောင်း ပြောနေစရာမလိုဘူး" လို့တောင်ပြောသေးတယ်။

ထိုအပြုအမှုက သူတို့လင်မယားနှစ်ယောက်

လုံး အနိုင်ကျင့်ခံနေရသည့်လက္ခဏာဖြစ်

သည်။ သို့သော် ထိုကိစ္စများအားလုံးကို ကြုံတွေ့ ပြီးနောက် သူတို့စုံတွဲက တစ်စုံတစ်ရာ

ကိုနားလည်လိုက်သည်။ သည်ခြံဝန်းထဲမှာ မည်သူ

ကမှ သူတို့ကို အစစ်အမှန်ကူညီလိုစိတ် မရှိကြပေ။

သူတို့က အမြင့် ရောက်နေချိန်တွင် ကန်ချချင်

သောသူများ၊ လှောင်ရယ်ချင်သူများသာ ရှိ

ကြသည်။ ထိုကြောင့် လမုန့်များကို မြင်သော

အခါ အစောပိုင်းအံအားသင့်မှု ပြီးသွားသည်

နှင့် ဖျင်းခနဲရင်နာသွားသည်။ ရင်နာစိတ်က

ကုန်ကျစရိတ်ထံမှလာသည်။ လမုန့်၁၀ဗူး

ဆိုလျှင် ယွမ်၁၀၀ ကျော်သည်။

ခင်ပွန်းဖြစ်သူက အဆင့်၃ဖစ်တာစာမေးပွဲ

ကိုအောင်မြင်သွားခဲ့ပြီး အဝယ်တော်တစ်

ယောက်၏ လခကိုပါ ထပ်ပေါင်းရရှိသေးသည့်

တိုင်အောင် ယွမ်၃၀ပင်မပြည့်ချေ။

ထိုလမုန့်များကတင် နှစ်ဝက်နီးပါးခန့်အလုပ်

လုပ်ပြီးမှ ရရှိမည့်လစာနှင့်ညီမျှနေသည်။

ဒီလောက်များတဲ့ ပမာဏကုန်သွားတာ ရင်မနာ

ပဲ ဘယ်လိုလုပ်နေမှာလဲ။

သို့သော် ရင်နာသည့်တိုင်အောင် အများအားဖြင့် ပျော်ရွှင်မှုကိုခံစားလိုက်ရသည်။ အနည်းဆုံး

တော့ဖြင့် ထိုအခြေအနေအရ သူမဟာ သူမကိုသာ အမြဲတွေးပေးတတ်သောသူ၊ လင်ယောကျ်ားကို ရရှိခဲ့ကြောင်းသိလိုက်ရလေသည်။

"အချစ် လမုန့်တွေက အရမ်းစျေးကြီးတယ်၊

ပြန်အပ်လိုက်ရအောင်၊ ငါတို့ပွဲတော်မှာ ဒီ

လောက် ကောင်းကောင်းကြီး စားဖို့မလိုပါဘူး"

ချင်ကျင်းယွီ၏ စကားကိုကြားသည်နှင့်

ချန်ကောဟွားက ချက်ချင်းခေါင်းခါသည်။

"ပြန်ပေးလို့မရတော့ဘူး။ ဗူးကိုဖွင့်လိုက်ပြီလေ။ ပြန်ပေးလို့မရဘူး"

"ပြန်ပေးလို့မရတော့ဘူးလား"

ချင်ကျင်းယွီက အံသြသွားသည်။

ထို့နောက်မျက်နှာက တင်းမာသွားသည်။

သူမသည်လည်း ခင်ပွန်းဖြစ်သူက လူအများ

ရှေ့တွင် ကြွားချင်ရုံသက်သက်ဟုသာ ထင်

ထားသည်။ မည်သို့ပြန်ပေးရမည်ကို စဥ်းစား

နေခြင်းဖြစ်သည်။

"ဟုတ်တယ်"

ချန်ကောဟွားက တုန်ဆိုင်းမနေဘဲ ဖြေသည်။

အမှန်တကယ်အားဖြင့် ဗူးအဖုံးကိုဖွင့်ပြီး

နောက်တွင် ပြန်ပိတ်နိုင်လေသည်။ သို့သော်သူက

မပေးချင်ပေ။ မပေးစေချင်ပါပေ။

"ဒါပေမဲ့ဒါတွေက အရမ်းစျေးကြီးတာလေ၊

ယွမ်ရာကျော်ကုန်တယ်မလား"

ချင်ကျင်းယွီက ထိုသို့ပြောပြီး ရင်နာလာသည်။ ချန်ကောဟွားကလည်း ပိုက်ဆံကိုမစိုးရိမ်ပေ။ ထိုသို့သာပြောသည်။

"စျေးကြီးတယ်ဆိုတာ ဘာကိုပြောတာလဲ၊

ငါ့ရဲ့ နှလုံးသားထဲမှာ ငါ့ရဲ့ဇနီးလေးက လောကမှာ အဖိုးတန်ဆုံးလူပဲ၊ နောက်ပြီးလမုန့်တစ်ဗူးက အဲ့လောက် စျေးမကြီးပါဘူး။

ယွမ်၁၄၀ထဲပဲ။ ငါတို့လက်ထက်တဲ့ အချိန်တုန်းက

ငါမင်းကို ကောင်းမွန်တဲ့ဘဝမှာ နေထိုင်

ခိုင်းမယ်လို့ကတိပေးထားတယ်လေ။

ဒီနေ့က ဆောင်းဦးအလယ်ပွဲတော်နေ့ဆိုတော့

ငါနည်းနည်း ထူးထူးခြားခြားလေး လုပ်ချင်

လို့"

ထိုရိုးရှင်းသောကတိသည် ချင်ကျင်းယွီကို

မျက်နှာပူလာစေသည်။ ၁၉၆၀ခုနှစ်တွင် တန်ဖိုးများက အလွန်နိမ့်သေးသည်။ ထို့အပြင်

လူတိုင်းဟာ ထိန်းသိမ်းလွန်းစွာ နေထိုင်ကြ

သည်။ ခင်ပွန်းနှင့် ဇနီးအကြားတွင်ပင်

လေစားမှုမျိုးကရှိသင့်သည်။ ထို့ကြောင့်

ချန်ကောဟွားကပြောသောအခါ ချင်ကျင်း

ယွီက ရှက်သွားသည်။

"ကျေးဇူးတင်ပါတယ် ယောကျ်ား"

အစောပိုင်း ရှက်ရွံမှုပြီးသည်နှင့် ချင်ကျင်းယွီသည် ပျော်ရွှင်မှုကိုသာ ခံစားရသည်။

လူတိုင်း၏ အကြည့်ကိုသာ လျစ်လျူရှု့

ပြီး ပေါ်တင်ပြန်ကြွားဝါလိုက်သည်။

ထိုမြင်ကွင်းက လူတိုင်းကို ရွံရှာလာစေသည်။

ဒါပေါ့လူအုပ်ထဲက လူတစ်ယောက်ကတော့

မရွံရှာပါဘူး။ လူတစ်ယောက်ကတော့ နာကြည်းနေတာ။

ထိုလူသည် ကျားကျန်းရှီ

ဖြစ်သည်။ သူမကအတန်ငယ် ခပ်ဝေးဝေး

တွင် ရပ်နေသော်လည်း ချင်ကျင်းယွီ၏

လက်ထဲမှ လမုန့်ဗူးကို မြင်နိုင်သေးသည်။

ဒီလောက်ကောင်းတဲ့ပစ္စည်း….

သူမကချက်ချင်းဆိုသလို ဗျစ်တောက်ဗျစ်

တောက်ပြောသည်။

"ဒီသောက်ကျိူးနဲ ချန်မိသားစုကတော့"

"ဒီလောက်ကောင်းတဲ့ မုန့်ကိုဝယ်ဖို့

တော့ပိုက်ဆံရှိတယ်၊ ငါတို့ကိုကျ ကူရကောင်း

မှန်းမသိဘူး"

"နတ်ဘုရားက ကန်းလိုက်တာ။ ဒီလိုမျိူးမစစ်

နှစ်ကောင်ကိုတော့ ကောင်းကောင်းနေထိုင်

ခိုင်းထားတယ်။ မိုးကြိုးပစ်ပြီး သေသွားပါစေ"

ချင်ဟွိုင်ယွီသည် ကျားကျန်းရှီနှင့် နီးကပ်လွန်း

စွာရပ်နေသောကြောင့် သူမ၏ကျိန်ဆဲသံစကား

လုံးများကို ကြားလိုက်သည်။ သူမကိုယ်တိုင်

ကလည်း ယောက္ခမ၏စကားများဟာ မှားယွင်း

နေသည်ဟု ခံစားမိနေသည့်တိုင်အောင် ယောက္ခမ ကိုယ်တိုင်ကမူ မှားနေသည်ဟုမထင်ပေ။

အမှန်ပဲ ယွမ်ရာကျော်သုံးပြီး လမုန့်ဗူး နည်းနည်းလောက် ဝယ်လိုက်တာနဲ့ ကိုယ့်ကိုကိုယ်

အဟုတ်ဖြစ်သွားပြီ ထင်နေကြတာ။ ဆွေမျိူး

အရင်းတွေကို ကျတော့မကူညီဘူး။

အထူးသဖြင့် သူမ၏ကလေး၃ယောက်သည် ပြောင်းမုန်နှင့် ပေါင်မုန့်ကြမ်းကိုသာစားနေရပြီး ပိန်လီချို့တဲ့နေကြောင်းခံစားရသည့်အခါ ခံစားချက်က ပို၍ဆိုးသွားသည်။

သို့သော်ချန်ကောဟွားသည် ထိုသားရဲများ၏

အတွေးကို ဂရုစိုက်မနေချေ။ ထို့အစားချင်ကျင်းယွီ၏ လက်ကိုင်ဆွဲပြီးပြော

သည်။

"မိန်းမ ဆောင်းဦးအလယ်ပွဲတော်မှာ လမုန့်အပြင် လကို ကြည့်ဖို့လည်း လိုအပ်သေးတယ်။

နောက်ပြီး ငါတို့အေးအေးဆေးဆေး စားဖို့အတွက် ကျွဲကောသီးတစ်လုံးပါ ဝယ်လာတယ်။ ငါတို့ခဏနေ လကိုကြည့်ရှု့ရင်းနဲ့ အတူတူ စားကြတာပေါ့"

ချန်ကောဟွားက ပြောပြီးသွားသည်နှင့်လူ

တိုင်းကပို၍သာ မနာလိုဖြစ်သွားကြသည်။

ဒီခေတ်ကာလမှာ စားစရာကတောင်ရှားနေတာ

ဘယ်သူက သစ်သီးကိုစားနိုင်မှာလဲ။ ကျွဲကော

သီးတဲ့၊ အဆင့်မြင့်တန်းစားစရာလိုပဲ သူတို့

ဘယ်လိုများ မနာလိုမဖြစ်ပဲ နေမှာလဲ။

ထိုအချိန်တွင် ဦးလေးလျိုဟိုင်ကျုံး၏အသံ

ကထွက်လာသည်။

"နေအုံး ချန်ကောဟွား၊ ငါတို့ကြုံရာကျပန်း

လူတွေကို ခြံထဲအဝင်ခံလို့မရဘူး။ ဒီနေ့ဒီ

လမုန့်တွေရဲ့ ဇစ်မြစ်ကို မင်းရှင်းပြရမယ်"

"ငါသိထားတဲ့ အတိုင်းဆိုရင်လမုန့်ဆိုတာက

ပိုက်ဆံရှိရုံနဲ့ ဝယ်လို့မရဘူး။ အထူးလမုန့်

လက်မှတ်တွေလိုတယ် "

"ဟုန်ရှင်းသံမဏိစက်ရုံရဲ့ဒါရိုက်တာတောင်မှ လမုန့်လက်မှတ်တွေ တော်ရုံတန်ရုံရတာ မဟုတ်ဘူး။ မင်းလိုအဝယ်တော် တစ်ယောက်

ကဘယ်လိုရတာလဲ"

လျိုဟိုင်ကျုံး၏အသံကထွက်လာသည်နှင့်

တခဏခန့် မှင်သက်အံသြသွားကြသည်။ ထို့နောက် ချန်ကောဟွားကို သံသယအကြည့်ဖြင့် ကြည့်ကြသည်။ မျက်လုံးထဲမှအကြည့်၏

အဓိပ္ပါယ်က သိသာသည်။ သူတို့သည်လည်း

ချန်ကောဟွား၏ နေထိုင်မှုဘဝပုံစံသည်

မေးခွန်းထုတ်စရာ ဖြစ်နေသည်ဟု ခံစားရ

သည်။ အချို့လူများကဆိုလျှင် သူတို့လူ

အချင်းချင်းပင် တီးတိုးပြောနေကြပြီဖြစ်သည်။

All Chapters