← Chapters

အခန်း ၆

Vol. 1 Ch. 6

အခန်း ၆

Vol. 1 Ch. 6

အပိုင်း (၆)

‌လျိုဟိုင်ကျုံးက ပြောလိုက်သည်နှင့် ရွှီတမောင်းက ချက်ချင်း၀င်ပါသည်။

"ဟုတ်တယ်။ ဦးလေးလျို ပြောတာမှန်တယ်"

တစ်ချိန်ထဲတွင်ပင် ဒုတိယဒေါ်လေးကလည်း ခင်ပွန်းဖြစ်သူ၏‌ပြောစကားဟာ မှန်ကန်သည်ဟု ထင်ပြီး မိသားစု၀င်အချင်းချင်း ထောက်ခံပေးသည်။

"ငါပြောမယ် ချန်ကောဟွားရဲ့မိဘတွေက အစောကြီးသေသွားတာ။ သူကငယ်ငယ်ကထဲက လျစ်လျူရှုခံရတယ်။ မကြာခဏဆိုသလို မကောင်းတာတွေကိုလည်း လုပ်တတ်တာဆိုတော့ ဒီလက်မှတ်က....."

သူမသည် စကားကိုဆုံးအောင်မပြောသွားပေ။ အဓိပ္ပာယ်ကရှင်းလင်းသည် ချန်ကောဟွားသည် လမုန့်လက်မှတ်ကို ခိုးလာခြင်းဖြစ်ရပေမည်။

သေချာစွာပင် ဒုတိယဒေါ်လေးက ပြောပြီးသည်နှင့် အခြားသောလူများအားလုံးကလည်း သံသယများကို ၀င်ပြောကြသည်။

ဟယ်ယွီရွှိန်ကပင် မေးစေ့ကိုပွတ်ပြီး ရေရွတ်သည်။

"ဟုတ်တယ် ငါ့အကိုတောင်မှ ဒီလိုလက်မှတ်တွေကို ရနိုင်တာမဟုတ်ဘူး။ ချန်ကောဟွားက အဆင့်နှစ်ဖစ်တာပဲလေ။ သူကတရား၀င်အ၀ယ်တော်ဆိုတဲ့ရာထူးရှိပေမယ့်လည်း လမုန့်လက်မှတ်တော့မရနိုင်ဘူး"

ဟယ်ယွီရွှိန်ကပြောပြီးနောက် ရှားကျူးကပါ လှောင်သံဖြင့်၀င်ပါသည်။

"ဟုတ်တယ်။ ငါလိုအဆင့်ရှစ် စားဖိုမှူးကတောင်မှ ဒါကိုရဖို့အရည်အချင်းမမှီတာ။ မျိုးရိုးနာမည်ချန်ဆိုတဲ့ အကောင်က အလကားလာကြွားနေတယ်။ အဆုံးသတ်မှာတော့ အမြှီးကိုပြပြီးဖမ်းမိပြီ"

လူတိုင်းကထင်မြင်ချက်များ ဖော်ပြနေကြောင်းမြင်ရသည့်အခါ ကျားကျန်းရှီကပို၍ပင် ဒဲ့တိုးဆန်ကာ ပြတ်သားသည်။ သူမသည်လည်း သားဖြစ်သူ၏ဘလိုင်းဒိတ်ကိုအ‌နှောင့်အယှက်ပေးခဲ့ကတည်းက ချန်ကောဟွားကို အငြိုးထားပြီးသားဖြစ်သည်။ မည်သို့ပင်ဆိုစေ သူမ၏အိမ်တစ်ခြမ်းကိုဆုံးရှုံး‌စေခဲ့‌လေသည်။

ထို့အပြင် သားဖြစ်သူကယခုအခါ ဒုက္ခိတဖြစ်သွားသည်။ သူမဟာ ဆင်းရဲ‌‌မွဲတေလာသည်။ ချန်ကောဟွားကလွဲပြီး ခြံ၀င်းထဲမှလူတိုင်းက အနည်းနဲ့အများဆိုသလို ကူညီခဲ့ဖူးကြသည်။ ထို့ကြောင့် သူမသည်လည်း ချန်ကောဟွားကို ဆွဲချနိုင်မည့်အခွင့်အရေးကို လက်လွှတ်မခံပေ။ထို့ကြောင့်သူမသည် မြေပြင်ပေါ်သို့ တံတွေးကိုထွီခနဲ ထွေးချလိုက်ပြီး ချက်ချင်းစဆဲသည်။

"ဒီသောက်ကျိုးနည်း မျိုးမစစ်ကောင် မိဘတွေက အစောကြီးသေသွားတယ်။ ဘယ်သူကမှ ဘာမှမသင်ကြားပေးထားဘူး။ လမုန့်လက်မှတ်တွေကိုသူ ခိုးလာတာပဲဖြစ်မှာ၊ ငါတို့ရဲ့ခြံ၀န်းထဲမှာ ဒီလိုအသုံးမကျတဲ့ သူခိုးမျိုးရှိနေမယ်မထင်ထားဘူး။ အခုချက်ချင်းပဲလုံခြုံရေးဌာနကို အကြောင်းကြားရ‌အောင် သူ့ကိုဖမ်းခိုင်းမယ်။ တစ်ဘ၀လုံးထောင်ထဲထည့်ထားမယ်။ သူထောင်ထဲမှာပဲသေပါစေ။ ထွက်လာပြီး အခြားသူတွေကို ဒုက္ခမပေးရင်ရတယ်"

ချန်ကောဟွားက သူမကိုမကူညီတဲ့အတွက်ကြောင့်နဲ့ ကျားကျန်းရှီရဲ့အမူအရာက အရမ်းကိုခက်ထန်လာတယ်။

သူမ၏မျက်နှာသည် မယုံကြည်နိုင်စရာကောင်းလောက်အောင်ပင် တင်းမာနေသည်။ သူမဟာ မိန်းမအိုကြီး တစ်ယောက်ဖြစ်ကြောင်း နားလည်ရခက်ခဲ၏။

ဆိုရိုးစကားဟောင်းတစ်ခုတောင်ရှိတယ်။ အသက်ကြီးတဲ့သူတွေက ကြင်နာတတ်တယ်တဲ့။ ဒါပေမယ့် ကျားကျန်းရှီနဲ့တော့ မဆိုင်ဘူး။

အရာအားလုံးကိုစတင်ခဲ့‌ေသာ လျိုဟိုင်ကျုံးကပြုံးသည်။ အမြဲတစေအရာရှိတစ်ယောက်ဖြစ်ရန် ရူးသွပ်နေခဲ့သောသူတစ်ယောက်အနေဖြင့် လူအုပ်ကို ကြိုးကိုင်နိုင်စွမ်းရည်ရှိလာသောအခါ‌ ပျော်မွေ့သည်။

သို့သော် သူ၏‌ ပျော်မွေ့မှုဟာ ကြာရှည်မခံ‌ဘဲ အံ့အားသင့်မှုကအစားထိုးသွားသည်။ သာမန်လူတစ်ယောက် အနေဖြင့် ယခုလို မြောက်များလှသောမေးခွန်းထုတ်သံများကိုရင်ဆိုင်ရသည့်အခါ ရှင်းပြချက်ပင် ပေးပေလိမ့်မည်။ သို့သော် ချန်ကောဟွားသည် လူတိုင်း၏စကားကိုကြား‌သော်လည်း တခဏတာရပ်သွားသည်။ ထို့နောက် သူ့အိမ်ရှိရာသို့ ဆက်လက်လျှောက်သွားသည်။ ကောလဟာလများကသူ့အတွက် အဓိပ္ပာယ်မဲ့ သကဲ့သို့ပင်ထင်ရ၏။

လျိုဟိုင်ကျုံးတို့အားလုံးက တွေးတောနေချိန်တွင် ချန်ကောဟွားက ချင်ကျင်းယွီကို ပြောသည်။

"မိန်းမ အခုတလော အပြင်ဘက်မှာ ၀က်တုပ်ကွေးများဖြစ်နေတာလား။ ဘယ်လိုဖြစ်ပြီး ခြံ၀န်းထဲက ၀က်တွေကသောင်းကျန်းနေတာလဲ"

ချင်ကျင်းယွီက ကြောင်သွားသည်။ သူမဟာရိုးရှင်း သောရွာသူလေးသာဖြစ်သည်။ ထိုကဲ့သို့ အာဏာရုန်းကန်မှုများ၊ စကားနိုင်လုခြင်းများ၊ စကားလုံးပရိယာယ်များကို သေချာနားမလည်ပါပေ။

သို့သော် သူမဟာဒီခြံ၀န်းထဲတွင် ချန်ကောဟွားနှင့်အတူနေလာသည်မှာ နှစ်အနည်းငယ်ကြာလာပြီဖြစ်သည်။ ထို့ကြောင့် ဒီနေရာရောက်မှဘ၀ကို အများကြီးနားလည်လာသည်။ ထို့အတွက်ကြောင့် တခဏတာ အံ့ဩသွားသည်။ သူမ၏မျက်၀န်းက ဟိုဟိုဒီဒီ ရွေ့သွားပြီး စတင်ကာ လိုက်ပါကစားသည်။

"တကယ်ပဲ ၀က်တုပ်ကွေးပျံ့နေတာလား"

"အင်း အခုနောက်ပိုင်း ငါတို့ရဲ့ ခြံထဲမှာ၀က်တွေ အော်သံမကြားဘူးလား"

"ဘယ်၀က်အော်နေလဲ ငါကြည့်လိုက်ဦးမယ်"

ထိုသို့ဖြင့် ချင်ကျင်းယွီက တမင်တကာ နောက်လှည့်ပြီး အံ့အားသင့်နေသောလျိုဟိုင်ကျုံးတို့ကို ကြည့်ကာ ရုတ်တရက် နားလည်သလိုပြောသည်။

"အာ ဆိုတော့ အရှက်မရှိတဲ့၀က်တစ်ကောင်က စပြီး ၀က်တစ်အုပ်ကို ဦးဆောင်သွားတာပဲ"

သူမ၏အရှက်ခွဲ‌သောစကားက သိသာလွန်းပြီး ခြံ၀န်းထဲမှ လူတိုင်းအားလုံးကိုဒဲ့ထိသည်။

လူတိုင်းကလည်း ဒေါသထွက်နေကြသည်။ အထူးသဖြင့် ခေါင်းဆောင်ဖြစ်ချင်သူ ဒုတိယဦး လေးလျိုဟိုင်ကျုံးဖြစ်သည်။ သူဟာ ဒေါသထွက်လွန်းသဖြင့် နှာခေါင်းကပင် တွန့်ချင်လာသည်။

အမြဲတစေအရာရှိဖြစ်ရန်၊ သာလွန်သောလူတစ်ယောက်ဖြစ်ရန် စိတ်ကူးယဉ်ပြီး ရူးသွပ်နေခဲ့သောထိုလူအနေနှင့် သူ့ကိုယ်သူ အလွန်ပင်အထင်ကြီးသည်။ သို့တိုင်အောင် ချန်ကောဟွားတို့ဇနီးမောင်နှံက သူ့အား အများရှေ့တွင် ၀က်ဟုခေါ်လိုက်သည်။ သူ ဒါကို ဘယ်လိုသည်းညည်းခံနိုင်မှာလဲ။

သူကသာ ကလဲ့စားမချေရဘူးဆိုရင် သူဒီခြံ၀န်းထဲမှာ နေစရာမျက်နှာရှိပါဦးမလား။

ထို့နောက် ဦးလေးလျိုဟိုင်ကျုံးက ချန်ကောဟွားတို့အရှေ့သို့ အပြေးအလွှားသွားပြီး လက်ကိုဆန့်ထုတ်၍ လမ်းကို‌‌ပိတ်ပြီး ဒေါသတကြီး အော်ပြောသည်။

"မင်းတို့နှစ်ကောင် ရပ်စမ်း"

"ကိုယ့်ကိုကိုယ် ကောင်းကောင်းရှင်းပြရင်ရှင်းပြ။ မင်းက ဘယ်သူ့ကို ၀က်လို့ခေါ်လိုက်တာလဲ"

"မင်းသာမရှင်းပြနိုင်ရင် ငါ့ကို မယဉ်ကျေးဘူးဆိုပြီးအပြစ်မတင်နဲ့"

သူဟာ အင်္ကျီလက်များကို ပင့်လိပ်တင်လိုက်ပြီး ချန်ကောဟွားက အနည်းငယ်ရန်စလာသည်နှင့်ထိုးနှက်ပစ်ရန် အသင့်ပြင်သော အမူအရာမျိုးနဲ့ ကြည့်သည်။

ချန်ကောဟွားက မျက်မှောင်ကျုံံ့သည်။ သူ၏‌ ဒေါသကလည်း ထိုးတက်လာသည်။ဒီနှစ်ပေါင်းများစွာအတွင်းတွင် ထိုလူများသည် သူ့ကို တောက်လျှောက် လှောင်ပြောင်ပြောဆိုကြသည်။ သူသည် ချင်ကျင်းယွီအတွက်ကြောင့်နှင့် အားလုံးကိုသည်းညည်းခံခဲ့သည်။

ယခုအခါ စနစ်ကလည်းရောက်လာသည်။ သူသည်ဇနီးဖြစ်သူကို လမုန့်လေး၀ယ်ပေးခဲ့ရုံနှင့် ထိုလူများဟာ အခွင့်ကောင်းယူချင်လာ၏။

သူ့ကိုဘာကောင်လို့ ထင်နေတာလဲ။

သူကအားလုံးကို ပြန်ပေးဆပ်ခိုင်းမည့်အချိန်တွင် ချင်ကျင်းယွီက သူ့ထက်ပိုမြန်သွားသည်။

"နင့်ကို ဘယ်သူက စကားပြောပြော အဲ့ဒီပြောတဲ့သူကို သွားပြော"

ချင်ကျင်းယွီက တစ်ဖက်သူ၏နှာ‌ခေါင်းကို တိုက်ရိုက်လက်ညှိုးထိုးကာ ကျိန်ဆဲသည်။

"လျိုမျိုးရိုးဆိုတဲ့အကောင် ငါနင့်ကိုပြောပြမယ်။ နင်က ဘာခေါင်းဆောင်မှဟုတ်မနေသလို ရပ်ကွက်ရုံးက အရာရှိဝောာင်မဟုတ်ဘူး။ ၀န်ထမ်းလည်းဟုတ်မနေဘူး။ နင့်ကိုနင် ပြောရေးဆိုခွင့်ရှိတဲ့လူလိုမျိုး လုပ်နေရအောင် နင့်ကိုဘယ်သူက အခွင့်အရေးပေးလိုက်လို့လဲ"

"နောက်ပြီး နင်ဒီမှာ လက်ယားလက်ယားနဲ့ အားအားယားယားလာပြောနေတယ်။ ဘာကို လာဟန်ဆောင်ချင်နေတာလဲ"

"နင်တစ်ခုခုလုပ်ချင်ရင် ခြံ၀န်းထဲကလူတွေက ငါနဲ့ ကောဟွားကို ငါတို့ရဲ့နောက်ကွယ်မှာအတင်းဖျင်း ပြောနေတဲ့အချိန်က နင်ဘာလို့ထွက်ပြီး မရပ်တည်ပေးတာလဲ"

"နောက်ပြီးဒီလမုန့်တွေက ငါ့ယောက်ျား ဝယ်လာပေးတာ။ ဘယ်ကရလာရလာ နင်နဲ့ဘာဆိုင်လဲ။ နင်က ဘာကြောင့် ၀င်ပါရတာလဲ။ နင့်မှာ ဘာအခွင့်အရေးရှိလဲ။ ငါ့ယောက်ျားက နင့်ကိုရှင်းပြရအောင် နင်ကဘာကောင်လဲ"

"နင် တကယ်လို့ပြဿနာရှိတယ်ထင်ရင် လုံခြုံရေးဌာနကို သွားပြော၊သွားတိုင်"

ချင်ကျင်းယွီ၏‌ဒေါသက တိုက်ဆိုင်မှုမဟုတ်ချေ။ ခြံ၀န်းထဲတွင် နေထိုင်သည့် ကာလအတောအတွင်းတွင် သူမသည် မရေမတွက်နိုင်သောဖိနှိပ်မှုပေါင်းများစွာကို ကြုံတွေ့ရသည်။ သို့တိုင်အောင် မည်သူကမှ သူမကို ကူညီပေးလိုစိတ်မရှိခဲ့ပေ။ သူမ၏၀မ်းကွဲကပင် အခြားသောလူများက သူမကို အနိုင်ကျင့်နေကြောင်း မြင်သောအခါ ဘာကိုမျှမတုန့်ပြန်ခဲ့ပါပေ။ အခြားသောလူများကိုပင်ကူညီပြီး သူမကိုဝိုင်းကာ ပြောဆိုနေသေးသည်။

ထိုကဲ့သို့သောပတ်၀န်းကျင်မျိုးတွင် သူမက မကောင်းသောခံစားချက်များကို ဗိုက်အထိ မျိုချပြီးသား ဖြစ်လာသည်။ ထိုအတွက်ကြောင့်လည်း ချင်ကျင်းယွီဟာ အရာအားလုံးကို နားလည်သွား၏။ ယခုခြံ၀န်းထဲတွင် မည်သူကမှ သူမ‌‌အပေါ် စိတ်ရင်းဖြင့် ကူညီလိမ့်မည်မဟုတ်ချေ။

ဒီနေ့ဆောင်းဦးအလယ်ပွဲတော်က ဥပမာဖြစ်သည်။ ဒါဟာမိသားစုစုံစည်းပြီး ပျော်ရွှင်ရသောပွဲတော် ဖြစ်သည်။ ခင်ပွန်းဖြစ်သူက ထိုမျှအထိ ပိုက်ဆံသုံးကာ သူမအတွက် လမုန့်ကို ဝယ်လာပေးသည်။ သူမဘ၀၏ ပထမဦးဆုံး အကြိမ်အဖြစ် ထိုမျှတန်ကြေးကြီးသောမုန့်ကို ရဖူးခြင်းဖြစ်သည်။ ဒါဟာ၀မ်းသာစရာကိစ္စ ဖြစ်သည်။ သို့တိုင်အောင် ထိုသို့အဖိုးတန်သော အခိုက်အတန့်မျိုးတွင် မနာလိုဖြစ်ကြပြီး ဝိုင်း၀န်းကာစွပ်စွဲချင်ကြ၏။ မေးခွန်း ထုတ်ချင်ကြ၏။ ဒါဟာသူမ၏အဖိုးတန်အချစ်ကို သိက္ခာလာချသည်နှင့်တူသည်။

ထိုကဲ့သို့သော အခြေနေမျိုးအောက်တွင် ချင်ကျင်းယွီက ရုတ်ရက်ပေါက်ကွဲသည်။

ဒုတိယ‌‌ဦးလေးလျိုဟိုင်ကျုံးကလည်း သူမ၏စကား‌‌ ကြောင့် မှင်သက်သွားသည်။ စကားတစ်ခွန်း သော်မျှ ပြန်မပြောနိုင်ချေ။

သူမ၏စကားအဓိပ္ပာယ် ရှင်းလင်းသည်။ ပထမဦးဆုံးအနေဖြင့် သူသည် အမှန်ပင် မည်သည့်ခေါင်းဆောင်၊ မည်သည့်အရာရှိမှ ဟုတ်မနေခဲ့ချေ။ အခြားလူများ၏ဘ၀ကို ၀င်ပါခွင့်မရှိပါ‌‌ပေ။ ဒုတိယအချက်အနေဖြင့် အကယ်၍ သံသယရှိလျှင်ပင် ထိုသံသယကို လုံခြုံရေးဌာနက တာ၀န်ယူပြီး ဖြေရှင်းပေလိမ့်မည်။

အလားတူစွာပင် လျိုဟိုင်ကျုံးသည်လည်း အားနည်းသူကိုသာ ပစ်မှတ်ထားတတ်သော၊ အနိုင်ကျင့်တတ်သောသူ ဖြစ်သည်။ သူသည် အနိုင်ကျင့်ရလွယ်သောလူများကို ကြိုးကိုင်ခြင်း၊ ခြိမ်း‌ခြောက်ခြင်းများလုပ်တတ်၏။ တစ်စုံတစ်ယောက်က ထိုချဉ်းကပ်ပုံကို လက်မခံသည်နှင့် အထူးသဖြင့် အမျိုးသမီးတစ်ယောက်ဖြစ်သည့်အတွက် ကိုယ်ထိလက်ရောက်လုပ်၍မရသည်နှင့် အခြေနေဟာပြောင်းသွားသည်။ သူကိုယ်တိုင်ကလဲ ကူကယ်ရာမဲ့ရ၏။

သားတစ်ယောက် ပိုင်ထားပြီး အသုံးမကျသလိုပေါ့။ မိန်းမတစ်ယောက်က ပြဿနာရှာတဲ့အချိန်မှာ ယောက်ျားတွေက ပြောရေးဆိုခွင့်မရှိတော့ဘူး။

ဘာလဲ အကြမ်းဖက်ရမှာလား။ မှန်မှန်မှားမှား ယောက်ျားတစ်ယောက်က မိန်းမတစ်ယောက်ကိုရိုက်ရင် ထောင်ထဲ၀င်ပဲ။

ငြင်းရမယ်။ ဒီလောကမှာ ဘယ်လိုယောက်ျားမျိုးက မိန်းမတစ်ယောက်နဲ့ငြင်းပြီး နိုင်တာကို ဂုဏ်ယူနိုင်လို့လဲ။

ထို့အတွက်ကြောင့် ထိုကဲ့သို့သော အခြေနေမျိုးအောက်တွင် လျိုဟိုင်ကျုံးသည် ချက်ချင်း နောက်တွန့်သွားသည်။ အာဏာကိုဆာလောင်သော အမျိုးသားအနေဖြင့် ပုံရိပ်ကိုဂရုစိုက်သည်။ သူကိုယ်တိုင်က သူမကို မထိန်းနိုင်သောအခါ ရှည်ရှည်ဝေးဝေး ပြော‌‌မနေတော့ဘဲ ခြိမ်းခြောက်သော စကားတစ်ခွန်းသာ ပြောခဲ့လိုက်သည်။

"ကောင်းပြီ။ မင်းကိုယ်တိုင်ပြောတာနော်။ ငါတို့အိမ်နီးနားချင်းတွေအားလုံးကလည်း မဖြစ်သင့်တာတွေ မဖြစ်ရအောင်လို့ ငါတို့ရဲ့ခြံ၀န်းအတွင်းမှာပဲ ကိစ္စကို ဖြေရှင်းချင်ခဲ့တာ။ မင်းကိုယ်တိုင်က လုံခြုံရေးဌာနကို တာ၀န်ယူခိုင်းမယ်ဆိုရင် ငါ အခုချက်ချင်း သွားရှာမယ်။ ကိစ္စတွေက လက်လွှတ်ဂွက်ကျွတ်ဖြစ်သွားတဲ့အခါ ငါ့ကို လာတောင်းပန်မလား ငါကြည့်ရ‌အောင်"

ထိုသို့ဖြင့် လျိုဟိုင်ကျုံးက ဝုန်းဒိုင်းကြဲပြီးခြံထဲမှ ထွက်သွားသည်။

တစ်ဖက်မှချန်ကောဟွားသည် ချင်ကျင်းယွီ၏‌ သေးသိမ်‌သော ခါး‌လေးကိုဖက်ပြီး အိမ်ထဲသို့ ၀င်သွားလိုက်သည်။

All Chapters