အခန်း ၇
Vol. 1 Ch. 7
အပိုင်း(၇)ဒုတိယဦးလေး မျက်နှာပျက်ရတယ်
လျိုဟိုင်ကျုံးက ခြံ၀န်းထဲမှထွက်သွားသည်နှင့် ကျန်သောလူများထဲတွင် သူ့နောက်ကလိုက်ကာ လုံခြုံရေးဌာနသို့သွားသောသူကသွား၊ ချန်ကောဟွား၏အိမ်အပြင်ဘက်တွင် ရပ်စောင့်၍ အတင်းအဖျင်းစကားများကို နားထောင်လိုသူက နားထောင်နှင့် ကျန်ရစ်သည်။ ထိုအချိန်တွင် ချန်ကောဟွားနှင့်ဇနီးတို့ကမူ အိမ်ထဲပြန်ရောက်သွားသည်။
အိမ်အတွင်းသို့ရောက်သည်နှင့် ချင်ကျင်းယွီက ပါးစပ်လှုပ်သွားသည်။ သူမက စိုးရိမ်နေသည့်ပုံပင် ပေါ်သည်။ သူမက မနေနိုင်ဘဲမေးလိုက်သည်။
"ကောဟွား ငါ ခုနကပြောလိုက်တာ နင့်ကို ဒုက္ခဖြစ်သွားစေလောက်လား"
"ဟမ် ဘာဒုက္ခလဲ"
ချန်ကောဟွားသည် ချင်ကျင်းယွီ၏ စကားကြောင့် ရုတ်တရက်စိတ်ရှုပ်သွားသည်။
"ငါခြံထဲကလူတွေကို ပြောဆိုလိုက်တာလေ။ ဒါနင့်အပေါ်မကောင်းတဲ့ သက်ရောက်မှု ဖြစ်နိုင်လား"
ချင်ကျင်းယွီက အားနည်းစွာရှင်းပြရှာသည်။ အမှားလုပ်ထားသော ကလေးငယ်လေးနှင့်ပင် တူ၏။
"ဘာဒုက္ခဖြစ်ရမှာလဲ။ သူတို့က ပြဿနာလာရှာရင် သူတို့နောင်တရအောင်ငါလုပ်မှာ။ နောက်ပြီး မင်းပြောတာ အမှန်ပဲလေ။ ဘာကမှ မမှားဘူး"
ချင်ကျင်းယွီက စိုးရိမ်နေပုံရသဖြင့် ချန်ကောဟွားက ခပ်အေးအေးရှင်းပြသည်။
ခင်ပွန်းဖြစ်သူက ထိုသို့ ပြောမှသာ သူမကစိတ်အေးနိုင်သည်။
သူမ၏အပြုအမူကသာ ခင်ပွန်းဖြစ်သူ၏ အလုပ်အပေါ်မကောင်းသော သက်ရောက်မှု ရှိသွားခဲ့မည်ဆိုလျှင် သူမသည် တစ်ဘ၀လုံး နောင်တရလောက်သည်။ ကံကောင်းစွာနှင့် ထိုသို့မဖြစ်ခဲ့ချေ။
ထိုအခါသူမသည် စိတ်အေးသွားသည်။ ချင်ကျင်းယွီသည် အနုပညာရှင်များကို သဘောကျသော ပရိတ်သတ် ကောင်မလေးတစ်ယောက်၏ အမူအရာမျိုးပင်ဖြစ်သွားသေးသည်။ မည်သို့ပင်ဆိုစေ ချန်ကောဟွားသည် အကြွင်းမဲ့ယုံကြည်မှုရှိနေသည်ဟု ထင်ရသည်။ မည်သည့်ပြဿနာကမှ သူ့ကိုအနှောင့်အယှက် မဖြစ်နိုင်ဟုပင် ထင်ရ၏။ ထိုတည်ငြိမ်သော အပြုအမူပုံမျိုးက မည်သည့်အမျိုးသမီးကိုမဆို စိတ်အေးစေနိုင်သည်။
လမုန့်လက်မှတ်ကိစ္စအတွက်ကမူ သူမဟာ အထူးတလည်မစဉ်းစားနေတော့ချေ။ သူမသည် ခင်ပွန်းဖြစ်သူ၏ အကျင့်စရိုက်ကို အကြွင်းမဲ့ယုံကြည်သည်။
မြင်လား
ချန်ကောဟွားကို လက်ထပ်လိုက်တဲ့အချိန်မှာ ပိုက်ဆံက နည်းနည်းလေးပဲရှိတာ။ သူမတို့လတိုင်းလိုလို အဲ့ဒီပြောင်းပေါင်မုန့်ကြမ်းကိုပဲ စားခဲ့ရတယ်။ ဒီလိုဆင်းရဲမွဲတေနေတဲ့အချိန်မှာတောင် ချန်ကောဟွားက ဈေး၀ယ်ထွက်နေတဲ့အချိန်မှာ ချန်ကောဟွားက ပိုက်ဆံအိတ်တစ်လုံး ကောက်ရတော့ ရဲလက်ကို သွားအပ်တယ်လေ။
သူက မရိုးသားတဲ့နည်းလမ်းနဲ့ရလာတဲ့ပိုက်ဆံကို လက်သင့်မခံဘူး။ အခုလိုမျိုး စုဆောင်းထားမိတာ အနည်းငယ်ရှိလာတဲ့ အချိန်မျိုးမှာဆိုရင် ပိုဆိုးတာပေါ့။
ထို့ကြောင့် သူမသည်လည်း ခြံ၀န်းထဲမှသားရဲများကို ထိပ်တိုက်ရင်ဆိုင်ရဲခြင်းဖြစ်သည်။ အကြောင်းမူကား သူမသည်သူမ၏ လူအကဲခတ်နိုင်စွမ်းရည်ကိုယုံကြည်သည်။ သူမ ရွေးချယ်ထားသော အမျိုးသားကလည်း အကြွင်းမဲ့ယုံကြည်ရသည်။
တစ်ဖက်မှ လျိုဟိုင်ကျုံးတို့သည် လုံခြုံရေးရုံးသို့ ရောက်သွားသောအခါ ထိုအကြောင်းအား ၀န်ထမ်းကို တိုက်ရိုက်တိုင်တန်းလိုက်သည်။
နယ်မြေခံအာဏပိုင်များကို တိုင်တန်းပြီးနောက်၀န်ထမ်း၏အမူအရာဟာ ချက်ခြင်းလေးနက်သွားသည်။ သာမန်၀န်ထမ်းတစ်ယောက်အနေနှင့် မည်သည့်အဆင့်တန်း မြင့်မားသော လခမှမရှိလျှင် အဖိုးတန်လွန်းသော လမုန့်လက်မှတ်ကို ပိုင်ဆိုင်စရာအကြောင်းမရှိပေ။
ထိုသတင်းကိုကြားသော မည်သူကမဆို သံသယ၀င်လောက်သည်။ ထို့ကြောင့် အထူးတလည် မစဉ်းစားနေတော့လေဘဲ လျိုဟိုင်ကျုံး၏ နောက်မှလိုက်ကာ ခြံ၀န်းထဲ၀င်သည်။
သူ၏နောက်မှရဲအရာရှိတစ်ယောက်က လိုက်လာသောအခါ ရည်မှန်းချက်ကြီးသောအရာရှိတစ် ယောက်ကဲ့သို့ ခံစားလိုက်ရသည်။ လျိုဟိုင်ကျုံးသည် အပျော်လွန်သွားသည်။ သူဟာ လက်ယားလက်ယားနှင့် ရှေ့မှလျှောက်လာ၏။
ထို့နောက်ထိုအဖွဲ့သည် လျိုဟိုင်ကျုံး၏ အိမ်ရှေ့ရောက်သည်။
ဒေါက် ဒေါက် ဒေါက်
တံခါးခေါက်သံ ခပ်ပြင်းပြင်းထွက်လာသည်။ ချန်ကောဟွားက တံခါးဖွင့်ပေး၏။
သူသည် တံခါး၀တွင် ဘ၀င်လေဟပ်သလို ရပ်နေ သောလျိုဟိုင်ကျုံးကို မြင်ရသည်။ အခြေအနေကို ထွက်ကြည့်သော အိမ်နီးနားချင်းများလည်း ရှိသည်။ လုံခြုံရေး၀န်ထမ်းအချို့ကိုလည်း မြင်ရ၏။
ချန်ကောဟွားသည် သူတို့၏အတွေးကို သဘာ၀ကျကျပင်သိသည်။ ထို့ကြောင့်သူတို့ကို စကားပြောရန် အခွင့်အရေးမပေးတော့လေဘဲ အိတ်ကပ်ထဲမှ ဘောင်ချာကို တိုက်ရိုက်ထုတ်ပြလိုက်သည်။ ထိုဘောင်ချာက စာရင်းသွင်းသောစနစ်နှင့်အတူ တွဲပါလာခြင်းဖြစ်သည်။
စနစ်၏ ပြောစကားအရ စာရင်းသွင်းစနစ် မှရရှိလာသည့် မည်သည့်အရာကမဆို သာမန်တရား၀င် နည်းလမ်းမျိုးဖြင့် ရရှိထားခြင်းဖြစ်သည်။ ထို့ကြောင့် ထိုဘောင်ချာသည် ချန်ကောဟွား၏ သားရဲများကို ရင်ဆိုင်သည့်အခါ ရလာသော ယုံကြည်မှုအရင်းအမြစ်ဖြစ်သွားသည်။
သူဟာ ဘောင်ချာကိုထုတ်ပေးလိုက်သည်နှင့် လူတိုင်းဟာ လှမ်းကြည့်သည်။ အပေါ်တွင် စာတစ်ကြောင်းပါသည်။ အနီရောင်တံဆိပ်တုံးလည်း ပါ၏။
"စက်တင်ဘာပထမနေ့ ရဲဘော်ချန်ကောဟွားဆိုတဲ့ ဟုန်ရှင်းသံမဏိစက်ရုံက ၀န်ထမ်းက ဒီနေ့ရဲ့ပြင်းထန်တဲ့ မိုးကြောင့်ဖြစ်တဲ့ ပျက်စီးသွားရတဲ့ စက်ရုံအဆောက်အဦးများစွာကို ကူညီဖြေရှင်းပေးခဲ့တယ်။ ရဲဘော်ချန်ကောဟွားကို လမုန့်ဘောင်ချာတစ်ခုဆုချတယ်....လီကျန်းကော်"
ထိုစာသားကိုမြင်လိုက်သည်နှင့် လုံခြုံရေး၀န်ထမ်း၏မျက်လုံးက ပြူးကျယ်သွားပြီး ပင့်သက်ရှိုက်သည်။
အကြောင်းပြချက်ကလား
ဘာလို့လဲဆိုတော့ ဒီစာကို ရေးထားတဲ့သူက ပေကျင်းရဲ့ယခင်စက်ရုံဒါရိုက်တာ လီကျန်းကော် ဖြစ်နေလို့ပဲ။
လီကျန်းကော်ဆိုတာ ဘယ်သူလဲ။ သူက ပေကျင်းရဲ့စက်မှုလုပ်ငန်း အသိုင်းအဝိုင်းကြီးတစ်ခုလုံးကို ဦးဆောင်တဲ့ အင်အားကြီးမားလွန်းတဲ့ပုဂ္ဂိုလ်။
ထို့ကြောင့်အစောပိုင်း သူ့ကိုစွပ်စွဲချင်သော လုံခြုံရေး၀န်ထမ်းကလည်း ချက်ချင်း သဘောထားကြီးသွားသည်။
"တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်၊ အရမ်း အားနာလိုက်တာ။ အရမ်းကိုအားနာရပါတယ်။ ဟုတ်သားပဲ ရဲဘော်ချန် ငါတို့က ဒီတစ်ခေါက်မင်းရဲ့ ဂုဏ်ယူစရာလုပ်ရပ်ကို မသိကျိုးကျွံပြုပြီး မတရားစွပ်စွဲမိမတတ် ဖြစ်သွားလောက်အောင် ကန်းသွားခဲ့တယ်။ ငါတို့မင်းကို အနှောင့်အယှက်ပေးမိတာ တကယ်ကို စိတ်မကောင်းဖြစ်ရပါတယ်"
ထိုစကားကိုကြားသည့်အခါ ချန်ကောဟွားရဲ့အမူအရာက တည်ကြည်သွားသည်။ ထို့နောက် သူသည် တံခါးကိုပြန်ပိတ်လိုက်သည်။ သူသည် ထိုလူများအပေါ် အချိန်မဖြုန်းချင်တော့ပေ။
တစ်စက္ကန့်ဖြုန်းတိုင်းလိုလို အဖိုးတန်သောညနေခင်းတွင် တစ်စက္ကန့်တိုင်းက ဆက်တိုက်ကုန်ေနသည်။ ဒီညဟာ ဆောင်းဦးအလယ်ပွဲတော် ဖြစ်သည်။ အရေးကြီးဆုံးကာလကို ဇနီးဖြစ်သူနှင့်အတူသာ နေသင့်သည်။
သူဟာ တံခါးပိတ်လိုက်ပြီးနောက် လျိုဟိုင်ကျုံးသည် ၀န်ထမ်း၏ မျက်နှာအမူအရာအပြောင်းအလဲကို ကြည့်ပြီး လုံး၀မှင်သက်နေသည်။
ထို့နောက် ၀န်ထမ်းက ထွက်သွားရန်ပြင်နေချိန်တွင် သူဟာမနေနိုင်ဘဲ ချန်ကောဟွား၏တံခါးကိုလည်း လက်ညှိုးထိုးပြီး လှမ်းပြောသေးသည်။
"ရဲဘော်တို့ ဘာဖြစ်သွားတာလဲ။ ဘာလို့ စာရွက်ကို သေချာတောင်မစစ်ဆေးကြည့်တာလဲ။ မင်းတို့အလုပ်လုပ်ပုံက မဟုတ်သေးပါဘူး"
"စာရွက်ဟုတ်လား"
"အဲ့ဒီစာရွက်ကို ဘယ်သူရေးထားလဲသိလား"
"ဟုတ်တယ်၊မင်းလို နိမ့်ကျတဲ့သာမန်လူတစ်ယောက်က ဘာသိမှာလဲ"
၀န်ထမ်းက သူ့ကိုတိုက်ရိုက်လှောင်သည်။
"ဘာ"
လျိုဟိုင်ကျုံးက နားမလည်သေးပေ။
"ဘာလဲဟုတ်လား။ ဒီစာရွက်ကို ရေးထားတာက ငါတို့စက်ရုံဟောင်းရဲ့ဒါရိုက်တာကိုယ်တိုင်ပဲရေးထားတာ။ နောက်ပြီးအဲ့ဒါက ဘောင်ချာလို့ခေါ်တယ်။ အဖြူအမဲနဲ့ရှင်းရှင်းလင်းလင်း ရေးထားပြီးသား။ အဲ့ဒီမှာ သူ့ရဲ့ကိုယ်ပိုင် စည်းတံဆိပ်တောင်ပါသေးတယ်။ ချန်ကောဟွားက စက်ရုံကို အများကြီးအကျိုးပြုထားလို့ လမုန့်ဘောင်ချာကို ဆုချထားတယ်ဆိုတဲ့သက်သေပဲ"
ထိုသို့ပြောပြီးချိန်တွင် သူသည် လျိုဟိုင်ကျုံး၏အပြုအမူကိုဂရုမစိုက်တော့ဘဲ သုန်မှုန်စွာနဲ့ ဒေါသတကြီး ပြန်သွားသည်။
၀န်ထမ်းများပြန်သွားသောအခါ လျိုဟိုင်ကျုံးသည် နေရာတွင် ကြောင်အစွာရပ် နေလျက်သားကျန်ရစ်သည်။
ပြောစရာမလိုလောက်အောင် သူသည် လူတိုင်း၏အမြင်တွင် ဟာသဖြစ်သွားသည်။ အနီးနားမှလူများ၏ လှောင်ချင်သလိုအကြည့်များကို ရင်ဆိုင်ရသည့်အခါ သူသည်ရှက်သွားသည်။ ဦးခေါင်းခွံကပင် ကျိန်းသွား၏။ ရှက်စိတ်ကြီးလာသည့် လျိုဟိုင်ကျုံးသည် အိမ်သို့တချိုးတည်းပြေးသည်။
သို့သော် သူဟာ မထွက်သွားသေးခင် ချန်ကောဟွား အိမ်ကိုခက်ထန်စွာကြည့်သွားသည်။
သူဟာ ဆုံးဖြတ်ချက်ချလိုက်သည်။ သူဟာ ဒီ နေ့ချန်မိသားစုနှင့် ရန်ငြိုးရှိသွားသည်။ အနာဂတ်တွင် မည်သည့်ကိစ္စများဖြစ်ပျက်လာ စေကာမူ အခွင့်အရေးကိုအရယူပြီး ချန်ကောဟွားကို ကလဲ့စားချေရပေမည်။