← Chapters

အခန်း ၁၁

Vol. 2 Ch. 11

အခန်း ၁၁

Vol. 2 Ch. 11

အခန်း ၁၁ တိရစ္ဆာန်ထက်ပင် ဆိုးရွားသောလူ

"ဟယ်ယွီကျူးကလည်း လူဆိုးပဲလား"

ချင်ကျင်းယွီမှာ အံ့အားသင့်သွားသည်။

ကုန်လွန်ခဲ့သော နှစ်တွေအတွင်းမှာ ဟယ်ယွီကျူးက ခြံဝန်းကြီးထဲမှာ ရိုင်းရိုင်းစိုင်းစိုင်း ပြုမူဖူးပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် တခြားသူတွေကိုတော့ ဒုက္ခမပေးပါဘူး။

ပြီးတော့ တခြားသူတွေလို သူမတို့ မိသားစုကိုလည်း ဖယ်ကြဉ်တာမျိုး မရှိဘူး၊ အလွန်ဆုံးပြောရရင် ကူညီထောက်ပံ့တာမျိုး မရှိရုံလေးပါပဲ။

ဒါပေမဲ့ ယောကျာ်းဖြစ်သူရဲ့ အသံနေအသံထားက တစ်ဖက်လူကို ပိုတောင် အထင်သေးနေသလိုပဲလား။

သူမ သတိမဝင်လာသေးခင် ချန်ကောဟွား၏ စကားသံများ ဆက်တိုက် ထွက်ပေါ်လာသည်။

"ဇနီ‌းလေး... မင်း ဒီလူရဲ့ အပေါ်ယံ ရိုးသားတဲ့ပုံစံကြောင့် အလိမ်မခံရစေနဲ့နော်"

"မင်းကိုယ်တိုင် စဉ်းစားကြည့်၊ ဟယ်ယွီကျူး ဒီရက်ပိုင်း ဘာတွေလုပ်လဲ"

"သူက သံမဏိစက်ရုံမှာ လူမိုက်ဆိုပြီး နာမည်ထွက်နေတာနော်"

"ပြဿနာတစ်ခုခုတွေ့ရင် ချက်ချင်း လက်ပါတော့တာပဲ၊ မင်းနဲ့ ဘာအကြောင်းပြချက်မှ မပြောဘူး၊ ရွှီတမောင်းနဲ့ ပြဿနာတက်တုန်းကဆိုရင် တစ်ဖက်လူကို လက်စားချေဖို့ ပြန်ပေးဆွဲတဲ့နည်းလမ်းကိုတောင် တိုက်ရိုက်ရွေးချယ်တာ"

"ဒါက ရိုးသားတဲ့သူ လုပ်နိုင်တဲ့ လုပ်ရပ်မျိုးလား"

...

ခဏအကြာတွင် ချန်ကောဟွားသည် ဟယ်ယွီကျူးအကြောင်းကိုလည်း ဝေဖန်သုံးသပ်ပြလိုက်သည်။

တကယ်တမ်းတွင် ချန်ကောဟွား ပြောသည်မှာ အနည်းငယ် ပေါ့ပါးနေသေးသည်။

ရုပ်သံဇာတ်လမ်းတွဲ၏ ဇာတ်လမ်းသွားအရ

ဟယ်ယွီကျူး၏ လုပ်ရပ်များမှာ ကြည့်ရသည်မှာ သူတစ်ပါးကို ကူညီတတ်ပုံရသည်။

သို့သော်လည်း…

တကယ်တမ်းကျတော့ သူက ချင်ဟွိုင်ယွီ တစ်ယောက်တည်းကိုပဲ ကူညီနေတာ မဟုတ်ဘူးလား。。。

ယောကျာ်းတစ်ယောက်က တခြားသူတွေကို သိသိသာသာ ခွဲခြားဆက်ဆံပြီး၊ ဒီလို သူတော်ကောင်းယောင်ဆောင်တဲ့ အပြုအမူမျိုးက တစ်ခုခုကို ရည်ရွယ်နေတာ မဟုတ်ဘူးလား。。。

ဟယ်ယွီကျူးလို အသက်အရွယ်ရနေတဲ့ လူပျိုကြီးတစ်ယောက်က ကျားတုန်းရွှီ လေဖြတ်နေတဲ့ အချိန်အတွင်းမှာ ချင်ဟွိုင်ယွီကို အမြဲတမ်း ကောင်းကောင်းမွန်မွန် ဆက်ဆံတယ်။

သူ့ရဲ့ အပြုအမူက အရမ်းကို သိသာနေတယ်။

သဘာဝကျကျပဲ သူက မိန်းမရဲ့ ခန္ဓာကိုယ်ကို လိုချင်နေတာပေါ့。。。。

ဒီလိုလုပ်ရပ်ကို ဘယ်လိုခေါ်လဲ。。。

ယုတ်မာတယ်လို့ ခေါ်တယ်

အကယ်၍ ကျားတုန်းရွှီ သေသွားပြီဆိုရင်တော့ ဟယ်ယွီကျူး သွားကူညီတာကို နားလည်ပေးလို့ ရတယ်。。。

ဘာလို့လဲဆိုတော့ ဒီခေတ်ကာလက ထိန်းထိန်းသိမ်းသိမ်းရှိ‌ေသးပေမဲ့ မုဆိုးမတွေ နောက်အိမ်ထောင်ပြုတာကိုတော့ တားမြစ်ထားတာမျိုး မရှိလို့ပါပဲ။

ဒါပေမဲ့ လူတစ်ယောက်ရဲ့ ယောကျာ်းက ရှိနေသေးတယ်လေ၊ မင်းက ယောကျာ်းတစ်ယောက်အနေနဲ့ ရှောင်ကြဉ်ရမယ့်အစား ဘာလုပ်လဲကြည့်。。。

တကယ်ပဲ ကူညီချင်တယ်ဆိုရင် ကျားကျန်းရှီကို သွားရှာသင့်တာပေါ့。。。

ဘာလို့ ထမင်းဘူးပို့တာလောက်လေးကိုတောင် ချင်ဟွိုင်ယွီနဲ့ သီးသန့် တွေ့ဆုံဖို့ အခွင့်အရေးကို ခိုးကြောင်ခိုးဝှက် ဖန်တီးနေရတာလဲ。。。

ဒီလို အပြုအမူမျိုးက တကယ်ပဲ သူမအတွက် ကောင်းစေချင်လို့လား。。。

သိသာပါတယ်၊ မဟုတ်ဘူးပေါ့。。。

သူ တွေးနေတာက သူကိုယ်တိုင်ရဲ့ ခံစားချက်ကိုပဲ။

စကားလုံးလှလှနဲ့ ပြောရရင် ဒါက ကိုယ်ကျိုးရှာတာ။

ဒါပေမဲ့ ရိုင်းရိုင်းစိုင်းစိုင်း ပြောရရင် ဒါက မကောင်းတဲ့ ရည်ရွယ်ချက် ရှိနေတာပဲ။

အထူးသဖြင့် ဟယ်ယွီကျူးဆိုတဲ့ ဒီလူက ကြည့်ရတာ ရိုးသားဖြောင့်မတ်ပုံ ပေါက်ပေမဲ့၊ ပိုပြီး ရွံစရာကောင်းတာကတော့

ဟယ်ယွီကျူးက လူအိုရုံတည်ထောင်ပြီး လူတိုင်းကို လုပ်ကျွေးပြုစုဖို့ စီစဉ်ပေမဲ့၊ ဖခင်ဖြစ်သူ ဟယ်တာ့ချင့်ကိုတော့ လုပ်ကျွေးဖို့ လုံးဝ မစဉ်းစားဘူး。。。

ဟယ်တာ့ချင့် ကိုယ်တိုင် လာရောက်မှသာ သူက မလိုလားဘဲ သဘောတူတာ။

ပြီးတော့ သူ့ရဲ့ အရင်းခေါက်ခေါက် ဖခင်ကို လုပ်ကျွေးပြုစုဖို့ မလိုလားတဲ့ အကြောင်းပြချက်က ပိုပြီးတောင် ရယ်စရာကောင်းသေးတယ်။

ဘာလို့လဲဆိုတော့ ဟယ်တာ့ချင့်က မုဆိုးမတစ်ယောက်နဲ့ ထွက်ပြေးသွားလို့တဲ့၊ ဒါကြောင့် သူက သူ့ကို လုပ်ကျွေးပြုစုဖို့ မလိုလားတာတဲ့。。。

ဒါပေမဲ့ မမေ့နဲ့၊ ဟယ်ယွီကျူးက ဗိုက်ဝဝစား၊ ရေဝဝသောက်ပြီး ဒီအရွယ်အထိ ကြီးပြင်းလာနိုင်တာက ဟယ်တာ့ချင့် လစဉ် ပို့ပေးတဲ့ နေထိုင်စရိတ်တွေကြောင့် မဟုတ်ဘူးလား။

သူ့ကို ဒုက္ခပေးပြီး သူ့ဆီကနေ အကျိုးအမြတ်တွေကို ထုတ်ယူသွားတဲ့ ရီကျုံးဟိုင်တို့လို လူတွေနဲ့ ယှဉ်ရင်တော့

ဟယ်တာ့ချင့်က သေချာပေါက် တာဝန်သိတတ်တဲ့ လူတစ်ယောက်လို့ ခေါ်ဆိုနိုင်တယ်。。。

ဒါပေမဲ့ ဟယ်ယွီကျူးက သူ့ကို ဒုက္ခပေးဖို့ ရည်ရွယ်ထားတဲ့ လူတွေကိုတောင် လုပ်ကျွေးပြုစုဖို့ လိုလားပေမဲ့၊ သူ့ကို မွေးဖွားကျွေးမွေးတဲ့ အရင်းခေါက်ခေါက် ဖခင်ကိုကျတော့ လုပ်ကျွေးပြုစုဖို့ မလိုလားတဲ့အပြင်၊ ရိုင်းရိုင်းစိုင်းစိုင်းတောင် ဆက်ဆံသေးတယ်။

ဒါကြောင့်မို့လို့ ဒီအချက်တွေကို ကြည့်ရင် ဟယ်ယွီကျူးက သေချာပေါက် လူဆိုးလူမိုက်တစ်ယောက်ပဲ။

...

ဟယ်ယွီကျူးအကြောင်း ပြောပြီးနောက်

တတိယဦးလေး ယန်ပုကွေ့သာ ကျန်ရစ်တော့သည်။

ယန်ပုကွေ့နှင့် ပတ်သက်ပြီး ချန်ကောဟွားက ရွံရှာမုန်းတီးသည်ဟု မဆိုနိုင်ပေမဲ့ အမြင်ကောင်းတော့ မရှိပါ‌ေချ။

ဒါက အရမ်းရိုးရှင်းတယ်。。。。

ဘာလို့လဲဆိုတော့ ယန်ပုကွေ့က တရုတ်စာဆရာတစ်ယောက် ဖြစ်ပေမဲ့ သူက တွက်ကပ်တာကို အကြိုက်ဆုံးပဲ၊ သူ့ရဲ့ တွက်ချက်မှုတွေက သူ့မိသားစုဝင်တွေ အပေါ်ကိုတောင် ရောက်နေသေးတယ်。。。

ဒီလို လူမျိုးနဲ့ ပတ်သက်ပြီး ချန်ကောဟွားက လုံးဝ မယုံကြည်ဘူး၊ မိသားစုဝင်တွေကိုတောင် တွက်ကပ်တဲ့ လူတစ်ယောက်က ဘယ်လိုလုပ် စိတ်ထားကောင်းတဲ့ လူတစ်ယောက် ဖြစ်နိုင်မှာလဲ。。。

ထိုနည်းတူပဲ ဒီလို လူမျိုးနဲ့ ပတ်သက်ပြီး ချန်ကောဟွား ပြောချင်တာကတော့ တစ်ဖက်လူက သူ့အပေါ်မှာ တွက်ကပ်ဖို့ မကြိုးစားစေနဲ့。。。

အကယ်၍ သူက ချန်ကောဟွားအပေါ်မှာ တွက်ကပ်ဖို့ လုပ်မယ်ဆိုရင်တော့ ယန်ပုကွေ့ကို သေချာပေါက် ပညာပေးလိုက်မှာပဲ。。。

ပြီးတော့ တချို့လူတွေဆီကနေ အကျိုးအမြတ် လိုချင်လို့ မရဘူးဆိုတာကို သူ့ကို သိအောင် လုပ်ပြမှာပဲ။

...

တစ်နာရီကျော်လောက်ကြာအောင် ပြောပြီးနောက်。。。。

အဆက်မပြတ် ဝေဖန်သုံးသပ်ပြပြီးနောက်。。。。

ရိုးသားတဲ့ ချင်ကျင်းယွီမှာ မျက်လုံးပြူးကျယ်နေပြီ ဖြစ်သည်။

ဒီဝန်းထဲမှာရှိတဲ့ လူတွေအားလုံးက လူဆိုးတွေချည်းပဲ ဖြစ်နေလိမ့်မယ်လို့ သူမ လုံးဝ ထင်မထားမိဘူး。。。。

လူယုတ်မာအစစ် မဟုတ်ရင်တောင် လူဆိုးလူမိုက် ဒါမှမဟုတ် အယုတ်တမာ သူတော်ကောင်းတွေချည်းပဲ。。。

ထို့ကြောင့် သူမ မေးမကြည့်ဘဲ မနေနိုင်တော့ချေ။

"ယောက်ျား... ဒါဆိုရင် တို့ဝန်းထဲမှာ လူဆိုးမဟုတ်တဲ့သူ ရှိသေးရဲ့လား"

သူမ မေးပြီးနောက် ချန်ကောဟွားက ခေါင်းညိတ်ပြလိုက်သည်။

ထို့နောက် ဆက်လက်ပြောပြလိုက်သည်။

"မပြောနဲ့ဦး၊ တကယ်ကို တစ်ယောက်ရှိသေးတယ်"

"ဘယ်သူလဲ"

ချင်ကျင်းယွီက အလျင်အမြန် မေးလိုက်သည်။

သို့သော် နောက်တစ်စက္ကန့်တွင် ချန်ကောဟွား ပြောလိုက်သော နာမည်ကြောင့် သူမ လုံးဝ အံ့အားသင့်သွားသည်။

"ချင်ဟွိုင်ယွီ"

"ဘာ... ငါ့အစ်မဝမ်းကွဲက လူကောင်းလား"

ချင်ကျင်းယွီ လုံးဝ အံ့အားသင့်သွားသည်။

ချန်ကောဟွားက ခေါင်းခါပြပြီး ပြောလိုက်သည်။

"မဟုတ်ဘူး"

ချင်ကျင်းယွီ ကြားပြီးနောက် သူမခေါင်းပေါ်တွင် မေးခွန်းသင်္ကေတများ ပြည့်နှက်လာသည်။

ချန်ကောဟွားကလည်း ဆက်လက်၍ ဝှက်မထားတော့ဘဲ တစ်လုံးချင်းစီ တိတိကျကျ ပြောချလိုက်သည်။

"ချင်ဟွိုင်ယွီက လူဆိုးမဟုတ်ဘူး၊ ဘာလို့လဲဆိုတော့ သူမကို လူလို့တောင် ခေါ်လို့မရဘူး၊ တိရစ္ဆာန်တစ်ကောင်ပဲ"

ယောကျာ်းဖြစ်သူက ချင်ဟွိုင်ယွီကို တိရစ္ဆာန်တစ်ကောင်ဟု ပြောလိုက်သည်ကို ကြားသော်လည်း ချင်ကျင်းယွီက ဒေါသမထွက်ဘဲ သူမရင်ထဲတွင် အလွန် သိချင်စိတ် ပြင်းပြလာသည်။

ဘာလို့လဲဆိုတော့ ယောကျာ်းပြောတာ မှားတယ်လို့ သူမ မခံစားရလို့ပါပဲ。。。。

သူမ အခုထိ မှတ်မိနေသေးတယ်၊ သူမ လက်ထပ်လာတုန်းက အဲဒီချင်ဟွိုင်ယွီက အရမ်းကို အထက်စီးဆန်နေတာ。。。

တခြားသူတွေရှေ့မှာ သူမကို မကြာခဏ နှိမ့်ချပြောဆိုတတ်တယ်。。。。

ဒီလို လူမျိုးကို သူမက ဆွေမျိုးတစ်ယောက်အနေနဲ့ မသတ်မှတ်တာ ကြာပြီ。。。

ဒါပေမဲ့ သူမရဲ့ ယောကျာ်းက ဟယ်ယွီကျူးတို့ထက်တောင် ပိုဆိုးတဲ့ တိရစ္ဆာန်လို့ ဝေဖန်တာကို သိလိုက်ရတော့ သူမရင်ထဲမှာ အလွန် သိချင်စိတ် ပြင်းပြသွားတယ်။

ဘယ်လို အကြောင်းပြချက်တွေကြောင့် ယောကျာ်းက သူမအပေါ် ဒီလောက်တောင် အမြင်ဆိုးနေရတာလဲ。。。

ထိုသို့သော သိချင်စိတ်များကြောင့် ချင်ကျင်းယွီက အလျင်အမြန် မေးလိုက်သည်

"ယောက်ျား... ဘာကြောင့်လဲ"

ချန်ကောဟွားက ချင်ကျင်းယွီသည် ချင်ဟွိုင်ယွီအပေါ် မျှော်လင့်ချက် ရှိနေသေးသည်ဟု အထင်လွဲသွားသဖြင့် သူမကို လုံးဝ လက်လျှော့သွားစေရန်အတွက် စတင် ရှင်းပြလိုက်သည်။

အိမ်တောင်းတဲ့ ကိစ္စတွေကို မပြောပါနဲ့တော့。。。

ရုပ်သံဇာတ်လမ်းတွဲမှာ ဖြစ်ပျက်တာတွေကိုပဲ ယူပြောရအောင်။

ဒီချင်ဟွိုင်ယွီက ချန်ကောဟွား အမြင်မှာတော့ တကယ်ကို တိရစ္ဆာန်တစ်ကောင်လို့ ပြောလို့ရတယ်။

ဇာတ်လမ်းသွားအရ ချင်ဟွိုင်ယွီ လက်ထပ်ဝင်လာပြီးနောက် ကျားတုန်းရွှီက နောက်ဆုံးမှာ သေဆုံးသွားတယ်။

ဒီအခြေအနေမှာ သူမ တစ်ယောက်တည်း ကလေးသုံးယောက်ကို ပြုစုပျိုးထောင်ဖို့ဆိုတာ မလွယ်ကူဘူး။

ဒါပေမဲ့ ဘယ်လောက်ပဲ မလွယ်ကူပါစေ တခြားသူတွေရဲ့ ကောင်းမွန်မှုကို အသုံးချပြီး တစ်ချိန်လုံး သူတစ်ပါးကို ဒုက္ခပေးနေလို့ မရဘူးလေ။

ဟယ်ယွီကျူးကိုပဲ ဥပမာပေးရအောင်။

သူမက သူ့ကို လုံးဝ အရူးတစ်ယောက်လို သဘောထားပြီး လှည့်စားတာ။

မကြာခဏ ထမင်းဘူး ယူလာခိုင်းတာကလွဲပြီး

ပုံမှန်အချိန်တွေမှာ အိမ်မှာ ကိစ္စတစ်ခုခုဖြစ်ရင် ဟယ်ယွီကျူးဆီကနေပဲ ငွေချေးတော့တာပဲ။

ငွေအပြင် တခြား လိုအပ်တဲ့ ပစ္စည်းတွေလည်း ပါသေးတယ်။

ဂျုံဖြူမုန့်တွေ၊ ဝက်သားသုံးထပ်သားတွေ ဘာညာဆိုရင်လည်း သွယ်ဝိုက်ပြီး တောင်းဆိုတတ်တယ်။

ဒီစီမံကိန်းစီးပွားရေး ခေတ်ကာလမှာ ပစ္စည်းတွေက ရှားပါးနေပြီးသား၊ လက်မှတ်ရဖို့ဆိုတာ ပိုတောင် ခက်ခဲသေးတယ်။

ဒါပေမဲ့ ချင်ဟွိုင်ယွီက ကိုယ်ကျိုးအတွက် ဟယ်ယွီကျူးရဲ့ အကျိုးစီးပွားကို ထိခိုက်စေတာကလွဲပြီး၊ သူ့ရဲ့ အလုပ်တာဝန်ကို အသုံးချပြီး အများပြည်သူ အကျိုးစီးပွားကို ထိခိုက်စေတဲ့ အလုပ်တွေကိုပါ အဆက်မပြတ် လုပ်ခိုင်းသေးတယ်။

ဒါက လူကို ဒုက္ခပေးရုံမကဘူး၊ အများပြည်သူကိုပါ ဒုက္ခပေးတာ မဟုတ်ဘူးလား။

ဟယ်ယွီကျူးက သူမကို ကူညီလို့ ဘာအကျိုးဆက် ရလဲ။

ဇနီးတစ်ယောက် ရှာချင်လို့ ခဲရာခဲဆစ်နဲ့ ကျောင်းက ဆရာမတစ်ယောက်ကို သဘောကျသွားတယ်။

သူတို့နှစ်ယောက်လုံးက အခြေခံအားဖြင့် သဘောတူညီလုနီးပါး ဖြစ်နေပြီ။

ဒါပေမဲ့ ရလဒ်ကရော。。。

ချင်ဟွိုင်ယွီက ဟယ်ယွီကျူး အိမ်ထောင်ကျသွားရင် သူ့ဆီကနေ အကျိုးအမြတ် မရတော့မှာကို စိုးရိမ်ပြီး ကလေးသုံးယောက်ကို ကျွေးမွေးဖို့ ပစ္စည်းတွေ မရတော့မှာကို စိုးရိမ်လို့ သူတို့နှစ်ယောက်ရဲ့ တွေ့ဆုံပွဲကို တိတ်တဆိတ် ဖျက်ဆီးပစ်တယ်။

အကယ်၍ ဒါက ငွေနဲ့ စားနပ်ရိက္ခာ ရှားပါးလို့၊ ကလေးတွေကို မကျွေးမွေးနိုင်မှာ စိုးရိမ်လို့ ဒီလိုလုပ်ရတာပါလို့ ပြောမယ်ဆိုရင်

ဒါပေမဲ့ မမေ့နဲ့၊ ချင်ဟွိုင်ယွီနဲ့ ဟယ်ယွီကျူးတို့ သဘောတူသွားချိန်မှာ ပန့်ကန့်တို့ သုံးယောက်ကလည်း အတော်လေး ကြီးပြင်းနေပြီ။

ဒါပေမဲ့ သူမရဲ့ ကလေးသုံးယောက် အိမ်ရဖို့အတွက် ချင်ဟွိုင်ယွီက တိတ်တဆိတ် သားဆက်ခြား သံကွင်း (IUD) ထည့်တယ်။

ရည်ရွယ်ချက်ကတော့ သူ့ကို မျိုးဆက်မကျန်စေချင်လို့ပါပဲ။

သူ့ကို မျိုးဆက်ပြတ်သွားစေတဲ့ အကြောင်းအရင်းကတော့ ဟယ်ယွီကျူးမှာ ကိုယ်ပိုင်ကလေး ရှိလာရင် ကိုယ့်ကလေးကိုပဲ ဘက်လိုက်ပြီး ပန့်ကန့်တို့ သုံးယောက် မျက်နှာငယ်ရမှာကို စိုးရိမ်လို့ပဲ။

သေချာတာပေါ့၊ အဆိုးဆုံးကတော့ သူမက ဟယ်ယွီကျူးကို တောင်းဆိုတဲ့ အချက်ပါပဲ။

ဟယ်ယွီကျူးကို ပန့်ကန့်တို့ သုံးယောက်ကို သူ့ရဲ့ ကိုယ်ပိုင်ကလေးတွေလို ပြုစုပျိုးထောင်ပေးဖို့ မျှော်လင့်တာတဲ့။

ကြိုတင်ပြီး သားဆက်ခြား သံကွင်းတောင် ထည့်ထားပြီးပြီ၊ ဒါက တောင်းဆိုတာလို့ ခေါ်သေးလား။

အရင်းနဲ့ မွေးစားတာ ဘာကွာလဲဆိုတာကို အရင်မပြောနဲ့ဦး။

ဒါပေမဲ့ ချင်ဟွိုင်ယွီလိုမျိုး ကလေးတွေအတွက်နဲ့ လိမ်လည်လှည့်ဖြားတာ၊ ဖုံးကွယ်တာ၊ သူမကို ကူညီဖူးတဲ့သူကို အသုံးချတာ။

ဒီလုပ်ရပ်တွေကြောင့် သူမကို တိရစ္ဆာန်တစ်ကောင်လို့ ခေါ်တာ မလွန်ဘူး မဟုတ်လား။

ဒါကြောင့်မို့လို့ ချန်ကောဟွား အမြင်မှာတော့

ချင်ဟွိုင်ယွီက လုံးဝ လူမဟုတ်ဘူး၊ တိရစ္ဆာန်တစ်ကောင်ပဲ။

မဟုတ်ဘူး

သူမကို တိရစ္ဆာန်လို့ ခေါ်တာတောင် တိရစ္ဆာန်ဆိုတဲ့ စကားလုံးကို စော်ကားရာကျသေးတယ်။

All Chapters