အခန်း ၁၃
Vol. 2 Ch. 13
အခန်း (၁၃) ထမင်းတစ်နပ်ချက်တာက မင်းရဲ့ခံနိုင်ရည်တွေကို ကျိုးပျက်သွားစေတာလား
ဤကဲ့သို့ ရှားပါးလှသော ခေတ်ကာလတွင်
လူအများစုမှာ အသားစားရခဲလှပြီး မိသားစုတစ်စုအတွက် ကြက်ဥတစ်လုံးဆိုသည်ကပင် ဇိမ်ခံပစ္စည်းတစ်ခုအဖြစ် သတ်မှတ်ခံရပေသည်။
သို့သော်လည်း
ချက်ပြုတ်ကြော်လှော်နေသော ဝက်ဆီနံ့သင်းသင်းက ခြံဝင်းတစ်ခုလုံးဆီသို့ လွှမ်းခြုံပျံ့လွင့်လာသည်။
ထိုမွှေးပျံ့သော ရနံ့ကို ရှူရှိုက်မိကြချိန်၌
ခြံဝင်းအတွင်းရှိ လူတိုင်းက မနာလိုစိတ်များ စတင်ဖြစ်ပေါ်လာကြတော့သည်။
ထိုအထဲတွင် ချန်ကောဟွားနှင့် မလှမ်းမကမ်း၌ နေထိုင်သော ရီကျုံးဟိုင်က မနာလိုဝန်တိုမှုဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားလိုက်ရသည်။
"ဟွန့် အခု ငွေလေး နည်းနည်းပါးပါး ရှိလာတော့ သူတို့က နေ့လယ်ခင်းကြီး ဝက်သားကို ငွေကုန်ကြေးကျခံပြီး စားသောက်နေလိုက်ကြတာလေ၊ သူတို့ အိုမင်းလာတဲ့အခါကျရင် ဘာဆက်လုပ်ကြမလဲ"
အနီးတွင် ထိုင်နေသော ဒုတိယအဒေါ်ကလည်း မကျေမနပ်ဖြစ်နေသည့် အမူအရာ ရှိနေသည်။
ဦးလေးကြီးရီ ပြောစကားကို ကြားလိုက်ရပြီး သူမလက်ထဲရှိ ပေါက်စီဖြူဖြူကို ကြည့်ကာ ရုတ်တရက် အစားအသောက်ပျက်သွားတော့သည်။
"ဟုတ်ပါရဲ့၊ ချန်ကောဟွားတို့ ဇနီးမောင်နှံမှာ မျိုးဆက်ဆိုလို့လည်း တစ်ယောက်မှ မရှိဘဲနဲ့၊ သူတို့ အိုမင်းလာတဲ့အခါ ဘာဆက်လုပ်ကြမလဲ"
အိမ်တွင် ထိုင်နေသော ဦးလေးကြီးမှာ ဒေါသတကြီးဖြင့် ခုန်ထလိုက်တော့သည်။
"အဲ့ဒီ တိရစ္ဆာန်က အကောင်းစားတွေ စားနေလိုက်တာ၊ သူ ဘာလို့ သေမသွားရတာလဲ"
သူ၏ ကလေးများမှာ လေထဲတွင် ပျံ့လွင့်နေသော အသားရနံ့ကြောင့် သွားရည်ကျနေကြသော်လည်း
မည်သည့် အသားကိုမျှ စားခွင့်မရကြပေ။ သူတို့သည် လျိုဟိုင်ကျုံး၏ ပန်းကန်ထဲမှ ကြက်ဥများကိုသာ စားချင်သော်လည်း မဝံ့မရဲဖြစ်နေသည့်ဟန်ဖြင့် စိုက်ကြည့်နေနိုင်ကြရုံသာ ရှိသည်။
ရွှီတမောင်းသည် အနီးအနားတွင် နေထိုင်သူဖြစ်ရာ
အသားရနံ့က သူ့ကို အပြင်းထန်ဆုံး ရိုက်ခတ်သွားတော့သည်။
သူ မျက်စိမှိတ်ပြီး ပြင်းရှသောအသားရနံ့ကို ရှူရှိုက်လိုက်သောအခါ ဝက်သားစားပွဲတော် ကမ္ဘာထဲတွင် လုံးလုံးလျားလျား ယစ်မူးသွားတော့သည်။
သို့သော်လည်း သူ၏ စားပွဲပေါ်ရှိ ခေါက်ဆွဲကြမ်းများကို မသိစိတ်ဖြင့် ကောက်ကိုင်ကာ စတင်စားသောက်လိုက်သောအခါ လုံးဝ မျိုချ၍မရကြောင်း သူ တွေ့လိုက်ရသည်။
ဤအချိန်တွင် သူသည် သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။
"ဘာလို့လဲ၊ ချန်ကောဟွားတို့ မိသားစုက ဘာလို့ လမုန့်တွေရော ဝက်သားတွေရော ရှိနေရတာလဲ၊ သူတို့က မြေရှင်တွေထက်တောင် ပိုကောင်းအောင် နေနေကြတာပဲ"
တတိယဦးလေး ယန်ပုကွေ့၏ အိမ်မှာ ချန်ကောဟွား၏ အိမ်နှင့် အတော်လေး ဝေးကွာလှသည်။
ထို့ကြောင့် အသားရနံ့ ပျံ့လွင့်လာသောအခါ သူလည်း စိတ်ထဲတွင် စတင်အကြံထုတ်လာတော့သည်။
"ဒီ ချန် ကောင်လေးက သိပ်ကို ဇိမ်ကျကျ နေနေတာပဲ၊ မဖြစ်သေးဘူး၊ နောက်ဆို ငါ သူ့ဆီကနေ အကျိုးအမြတ်တစ်ခုခုတော့ ရအောင် ယူရမယ်"
ကျားကျန်းရှီတို့ မိသားစုအနေဖြင့်မူ သူတို့အိမ်သည် ချန်ကောဟွား၏အိမ်နှင့် မျက်နှာချင်းဆိုင်တွင် တည်ရှိသည်။
ထို့ကြောင့် အသားရနံ့များ လေထဲတွင် ပျံ့လွင့်လာသောအခါ အပြင်းထန်ဆုံး ရနံ့ရသည့်နေရာမှာ သူတို့အိမ်ပင် ဖြစ်တော့သည်။
ချန်ကောဟွားသည် မနေ့ညက လမုန့်စားခဲ့ပြီး ယနေ့ နေ့လယ်တွင်လည်း အားလပ်ရက် မဟုတ်ပါဘဲလျက် ဝက်သားကိုပင် စားသောက်နေကြောင်း ကျားကျန်းရှီ သိလိုက်ရသောအခါ သူမ ချက်ချင်းပင် မကျေမချမ်းဖြစ်သွားကာ သူမ အကြိုက်ဆုံးဖြစ်သော ကျိန်ဆဲခြင်းပုံစံကို စတင်လိုက်တော့သည်။
"အဲ့ဒီ တိရစ္ဆာန်က ပွဲတော်ရက်ထက်တောင် ပိုကောင်းအောင် စားနေတယ်၊ သူ အစားလွန်သွားမှာကို မကြောက်ဘူးလား"
"ဘုရားသခင်၊ မင်း မျက်လံုးကန်းနေတာလား"
"ငါ့ ကျား မိသားစုက ဒီလောက် သနားစရာကောင်းတဲ့ ဘဝမှာ နေနေရတာ၊ ပြောင်းဖူးပေါင်မုန့်ကိုတောင် မနည်း ဝယ်စားနေရပြီး အများကြီး ဒုက္ခရောက်နေရတာကို မင်းက ချန်ကောဟွားကိုကျတော့ ဝက်သား စားခွင့်ပေးထားတယ်ပေါ့၊ ဒါက တကယ့်ကို မတရားတာပဲ"
ညည်းညူပြောဆိုပြီးနောက်
ကျားကျန်းရှီသည် ဒေါသထွက်နေဆဲဖြစ်ကာ ချန်ကောဟွား၏ အိမ်ကို စိုက်ကြည့်ရင်း သွားကြိတ်ကာ ကျိန်ဆဲလိုက်သည်။
"အဲ့ဒီ ခွေးကောင်၊ သူ့မှာ ဒီလောက်ကောင်းတဲ့ ပစ္စည်းတွေ ရှိနေတာတောင် ငါတို့ကို နည်းနည်းလေးတောင် မကူညီဘူး၊ သူက တိရစ္ဆာန်ပဲ"
သူမ၏ ကျိန်ဆဲမှုများအောက်တွင်
ကုတင်ပေါ်တွင် အကြောသေနေသော ကျားတုန်းရွှီကလည်း ချန်ကောဟွား၏ အိမ်ဘက်ဆီသို့ ရက်ရက်စက်စက် စိုက်ကြည့်နေခဲ့သည်။
ထို့နောက် သူက နံရံကို လက်သီးဖြင့် ထုလိုက်ပြီး ဟိန်းဟောက်လိုက်သည်။
"ငါသာ မတ်တပ်ရပ်နိုင်ရင် ငါ့မိသားစုလည်း နေ့တိုင်း အသားစားနေရမှာပဲ၊ အဲ့ဒီ ချန် မိသားစုရဲ့ ဒေါသတွေကို ငါတို့ သည်းခံနေစရာမလိုဘူး"
သူတို့နှစ်ယောက်၏ အခြေအနေကို မြင်လိုက်ရချိန်တွင်...ချင်ဟွိုင်ယွီ၏ ခေါင်းပေါ်တွင် လေးလံသော ဝန်ထုပ်ဝန်ပိုးကြီးတစ်ခု ဖိချလိုက်သကဲ့သို့ ခံစားလိုက်ရသည်။
ဒီနှစ်ယောက်က တကယ့်ကို သားအမိတွေပါပဲလား。。。
တစ်ယောက်ထက် တစ်ယောက် ပိုပြီး ဆွံ့အစရာ ကောင်းနေကြသည်။
သူတို့က ဟင်းချက်ရုံလေး ချက်နေကြတာကို ဒီလူတွေက ကြီးကြီးကျယ်ကျယ် ပြဿနာလုပ်နေကြတယ်။
သူတို့က ဘယ်လောက်တောင် ရိုင်းစိုင်းနေရတာလဲ။
တိတ်တဆိတ် ညည်းညူပြီးနောက်。。。
ဆွဲဆောင်မှုရှိသော အသားရနံ့က လေထဲတွင် ပြည့်နှံ့နေသဖြင့် ချင်ဟွိုင်ယွီမှာ နောင်တမရဘဲ မနေနိုင်ဖြစ်လာသည်။
အကယ်၍ ထိုစဉ်က သူမသာ အိမ်တစ်လုံး မတောင်းဆိုခဲ့လျှင် အခုချိန်၌ ချန်ကောဟွား၏ ဘေးတွင် ထိုင်ကာ လမုန့်များနှင့် ပြုတ်ထားသော ဝက်သားများကို စားသောက်နေရမည် မဟုတ်ပါလား။
ယခုတော့ ထိုသို့မဟုတ်ဘဲ ကျား မိသားစု၏ အိမ်တွင် ရှိနေကာ ပြောင်းဖူးပေါင်မုန့်လေး တစ်လုံးကိုပင် ချွေတာစားသုံးနေရသည်။
သူမ အမှားများ လုပ်ခဲ့မိပြီလား။
သူမ တကယ်ပဲ လူရွေးမှားခဲ့တာလား။
ဤသို့တွေးမိကာ ချင်ဟွိုင်ယွီသည် သက်ပြင်းရှည်ကြီးကို မချဘဲ မနေနိုင်တော့ပေ။
ချင်ဟွိုင်ယွီ သက်ပြင်းချလိုက်ပြီးနောက် သူမအနီးရှိ ပန့်ကန့်က သတိပြုမိသွားပြီး သူ၏မိခင်လည်း ဝက်သားစားချင်နေသည်ဟု အထင်မှားသွားခဲ့သည်။
ထို့ကြောင့် သူက ချက်ချင်းပင် စတင်ရစ်တော့သည်။
"ဝါး—"
"ငါ ဝက်သားစားချင်တယ်"
"ငါ ပြောင်းဖူးပေါင်မုန့် မစားချင်ဘူး"
"မေမေ၊ ငါ ဝက်သားစားချင်တယ်"
ချင်ဟွိုင်ယွီသည် သူမ၏ ကလေးကို ကူကယ်ရာမဲ့စွာဖြင့် ကြည့်လိုက်သည်။
သူမလည်း ဝက်သား စားချင်ပါသည်။
သို့သော် သူမတို့ မိသားစု၏ အခြေအနေက ဘာလဲ၊ သူတို့က ပြောင်းဖူးပေါင်မုန့် စားရတာကိုပင် ကံကောင်းနေပြီဖြစ်ရာ ဝက်သားဆိုသည်မှာ အိပ်မက်ထဲတွင်သာ ဖြစ်လာနိုင်သည့် အရာတစ်ခု ဖြစ်ပေလိမ့်မည်။
ချင်ဟွိုင်ယွီက ပန့်ကန့်ကို တစ်စုံတစ်ရာ ပြောရန် ပြင်လိုက်ချိန်တွင်ပင် ကျားကျန်းရှီက အရင် ဝင်ပြောလိုက်သည်။
သေချာသည်မှာ သူမသည် ကလေးကို နှစ်သိမ့်ခြင်း သို့မဟုတ် ဆူပူခြင်း မပြုခဲ့ပေ။သူမက ကလေးကို တိုက်ရိုက်ပင် အလိုလိုက် ချော့မော့လိုက်သည်။
"မြေးလိမ္မာလေး၊ မငိုနဲ့နော်၊ အဖွား မင်းကို ဝက်သား အသေအချာ ကျွေးပါ့မယ်"
သူမက တူများကို ချထားလိုက်ပြီး ပန့်ကန့်၏ မျက်ရည်များကို သုတ်ပေးလိုက်သည်။ထို့နောက် ကျားကျန်းရှီသည် ချန်ကောဟွားကို အရှင်လတ်လတ် မျိုချတော့မည့်အလား စိုက်ကြည့်ကာ ကျိန်ဆဲလိုက်သည်။
"ကျိန်စာသင့်မယ့် ချန်ကောဟွား၊ ကျိန်စာသင့်မယ့် အဲ့ဒီ တိရစ္ဆာန်က ဘာလို့ ဝက်သား ချက်ရတာလဲ"
"ချက်တာတောင်မှ ငါတို့ကို နည်းနည်းလေးမှ လာမပေးဘူး"
"အဲ့ဒီ တိရစ္ဆာန်က ကိုယ်ချင်းစာတရားဆိုတာ နည်းနည်းလေးမှ မရှိဘူး"
သူမ၏ ဒေါသများကို ဖွင့်ထုတ်ပြီးနောက် ကျားကျန်းရှီက ချင်ဟွိုင်ယွီအား အလွန်အရှက်မဲ့သော စကားတစ်ခွန်းကို ပြောလိုက်သည်။
"ချင်ဟွိုင်ယွီ၊ မြန်မြန်သွားပြီး ချန် မိသားစုဆီကနေ ဝက်သား သွားတောင်းချေ"
ယင်းကို ကြားလိုက်ရသောအခါ ချင်ဟွိုင်ယွီမှာ လုံးဝကို ဆွံ့အသွားတော့သည်။
ဒါက ဘာကြီးလဲ。。。
သူမ ကျား မိသားစုထဲ ဝင်လာခဲ့ချိန်တုန်းက ချန် မိသားစုနဲ့ သူမကို အဆက်အသွယ် လုံးဝ မလုပ်စေချင်ဘူးလို့ ပြောခဲ့တဲ့သူက နင်ပဲလေ။ ပြီးတော့ ကျားကျန်းရှီဟာ ခြံဝင်းထဲမှာ ချန် မိသားစုနဲ့ပတ်သက်ပြီး ကောလာဟလတွေ အမြဲ ဖြန့်တယ်၊ သူတို့အကြောင်း အတင်းအဖျင်းတွေ ပြောပြီး ခြံဝင်းထဲက လူတိုင်း သူတို့ကို ဖယ်ကြဉ်ထားဖို့ ဦးဆောင်နေတယ်လေ။
တိရစ္ဆာန်တွေတောင် မလုပ်မယ့် အလုပ်မျိုးတွေ အများကြီး လုပ်ခဲ့ပြီးတဲ့နောက် အခုကျမှ ချန်ကောဟွားရဲ့ အိမ်ကို သွားပြီး ဝက်သား သွားတောင်းခိုင်းနေတာလား။
နင်မှာ အရှက်ဆိုတာ နည်းနည်းလေးတောင် မရှိတော့ဘူးလား။
"နင် ဘာကြည့်နေတာလဲ၊ ဘာလဲ၊ နင်ရဲ့သားက ဝက်သား စားချင်နေတာကို အမေဖြစ်တဲ့ နင်က သူ့ကို မစားစေချင်ဘူးလား"
" ယောက္ခမဖြစ်တဲ့ ငါက နင်ကို အခက်တွေ့အောင် လုပ်နေတာ မဟုတ်ပါဘူး၊ ဒါပေမဲ့ နင်နဲ့ ချင်ကျင်းယွီက ညီအစ်မဝမ်းကွဲတွေလေ၊ အခု ပန့်ကန့်က ဝက်သား စားချင်နေပြီဆိုတော့ သူ့ကို အဲ့ဒီကို ချက်ချင်း ခေါ်သွားလိုက်ပါလား"
ကျားကျန်းရှီက သူမအား မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်နေသော ချင်ဟွိုင်ယွီကို သတိပြုမိသွားပြီး လည်ချောင်းသံဖြင့် ထပ်မံပြောလိုက်သည်။ယင်းစကားကို ကြားလိုက်ရသောအခါ ချင်ဟွိုင်ယွီမှာ ပျို့အန်ချင်စိတ်ပင် ပေါက်လာသည်။
ဒါက ရှင်းပါတယ်။
သူမ၏ စကားများက တကယ့်ကို ပိုင်နိုင်လွန်းလှသည်။
သူမက ပန့်ကန့်အတွက် အစားအစာ သွားယူပေးမည်ဟု ပြောသော်လည်း သူမ၏ စကားများက ချင်ကျင်းယွီနှင့် ဆက်ဆံရေးကို အကြောင်းပြချက်တစ်ခုအဖြစ် အသုံးပြုကာ ကိုယ်တိုင် လုပ်ဆောင်မည်ဟု သွယ်ဝိုက်ညွှန်းဆိုနေသည်။
ဒါက တကယ့်ကို ရယ်စရာကောင်းလွန်းသည်၊ သူမက တာဝန်ကို လုံးဝ ရှောင်လွှဲနေပြီး သူမ၏ ကိုယ်ပိုင်တာဝန်များကိုသာ ထပ်ပေါင်းထည့်နေခြင်း ဖြစ်သည်။
အကယ်၍ သူမသာ မသွားခဲ့လျှင် အရာအားလုံးက သူမ၏ အမှားသာ ဖြစ်သွားပေလိမ့်မည်။
"မေမေ၊ ငါ ဝက်သား စားချင်တယ်၊ အတူတူ သွားယူရအောင်လေ"
ပန့်ကန့်၏ ဂျီကျနေမှုကို မြင်လိုက်ရသောအခါ ချင်ဟွိုင်ယွီမှာ သူမ ပြောရန် ပြင်ထားသော စကားများကို ပြန်မျိုချလိုက်ရသည်။
သူမ ဘာမှ မတတ်နိုင်ခဲ့ပေ၊ သူမ၏ သားသည်သာ အရာအားလုံး ဖြစ်နေသည်။
သူမ၏သားက စားချင်နေလျှင် မိခင်တစ်ယောက်အနေဖြင့် ကြိုးစားပေးရမည်သာ ဖြစ်သည်။
ထို့ကြောင့် ချင်ဟွိုင်ယွီသည် သူမ၏ တူများကို ချထားလိုက်ပြီး ပန့်ကန့်ကို ခေါ်ကာ ချန်ကောဟွား၏ အိမ်သို့ ဦးတည်သွားလိုက်တော့သည်။
…