← Chapters

အခန်း ၁၅

Vol. 2 Ch. 15

အခန်း ၁၅

Vol. 2 Ch. 15

အခန်း ၁၅ ခွေးကို ကျွေးရင်ကျွေးမယ်၊ မင်းတို့ ကျားမိသားစုကိုတော့ လုံးဝ မချေးဘူး

မြေကြီးပေါ်သို့ ဝက်သားပန်းကန် ပြုတ်ကျသွားသည်နှင့်တစ်ပြိုင်နက်

ချင်ဟွိုင်ယွီသည် သူမ၏ မျက်စိရှေ့မှ မြင်ကွင်းကို မျက်လုံးအပြူးသားဖြင့် ကြည့်နေမိသည်။

သူမ၏ မျက်စိရှေ့မှ မြင်ကွင်းကြောင့် သူမသည် လုံးဝကို စကားမပြောနိုင်လောက်အောင် အံ့အားသင့်သွားခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ဦးနှောက်ထဲသို့ ရေမဝင်ထားသရွေ့ ချန်ကောဟွားက သေချာပေါက် တမင်တကာ လုပ်လိုက်ခြင်း ဖြစ်ကြောင်းကို မြင်တွေ့နိုင်သောကြောင့် ဖြစ်သည်။

လက်ချော်ပြီး မတော်တဆ ပြုတ်ကျသွားသည်ဆိုသည်မှာ လုံးဝ မဟုတ်ပေ။

ဤသည်မှာ မိမိအား စော်ကားလိုက်ခြင်း ဖြစ်ကြောင်း သိသာထင်ရှားလှသည်။

ချက်ချင်းပင် ချင်ဟွိုင်ယွီ၏ အကြည့်များမှာ အေးစက်သွားပြီး ချန်ကောဟွားကို စိုက်ကြည့်ကာ "ချန်ကောဟွား နင် မချေးချင်ဘူးဆိုရင် ပွင့်ပွင့်လင်းလင်း ပြောလေ၊ လူကို ဒီလိုမျိုး စော်ကားဖို့ မလိုဘူး" ဟု ဒေါသတကြီး အော်ဟစ်လိုက်သည်။

ချင်ဟွိုင်ယွီ၏ ဒေါသတကြီး ဖြစ်နေသော အသွင်အပြင်ကို မြင်တွေ့လိုက်ရသောအခါ

ချန်ကောဟွား၏ ရင်ထဲတွင် မအောင့်အည်းနိုင်ဘဲ လှောင်ပြုံး ပြုံးလိုက်မိသည်။

တချို့လူတွေက ဒီလိုပါပဲ။

သူ့အပေါ် ကောင်းရင်၊ မင်း သူ့ကို ကူညီတဲ့ အချိန်လေးမှာပဲ ကျေးဇူးတင်မှာ၊ ဒါပေမဲ့ နည်းနည်းလေး သူမရဲ့ စိတ်တိုင်းမကျဖြစ်တာနဲ့ ဒီလူမျိုးက မင်းကို ချက်ချင်း မျက်နှာပျက်ပြရဲတယ်။

မင်းကို ပါးရိုက်ပစ်ချင်လောက်အောင်ကို ဖြစ်သွားတာ။

မျက်စိရှေ့က ချင်ဟွိုင်ယွီက ဒီလိုလူမျိုး မဟုတ်ဘူးလား။

ဟယ်ယွီကျူးက သူမကို ကူညီခဲ့တာတောင် ဟယ်ယွီကျူးရဲ့ ကောင်းကွက်ကို သူမ မှတ်မိခဲ့ဖူးလို့လား။ ရင်ထဲမှာ တွက်ချက်နေတာ အကုန်လုံး ရှင်းရှင်းလင်းလင်းပါပဲ။

ဟယ်ယွီကျူးက သူမကို အရူးအမူး ကြိုက်နေတာကြောင့်မို့လို့ သူမကိုယ်တိုင်က အစောကြီးကတည်းက အကျင့်ပါနေပြီ၊ ရင်ထဲမှာ မကျေနပ်တာနဲ့ သူများတွေကို မျက်နှာပျက်ပြဖို့ ဝန်မလေးတော့ဘူး။

သေချာတာပေါ့။

အဲဒါက ဟယ်ယွီကျူးမို့လို့ အဆုံးအစမရှိ သည်းခံနိုင်တာ။

ဒါပေမဲ့ ချန်ကောဟွားက ဟယ်ယွီကျူးမှ မဟုတ်တာ။

သူမရဲ့ မကောင်းတဲ့ အကျင့်စရိုက်ကို သူက လုံးဝ ကြည့်မရဘူး။

"ငါ မင်းကို ပြောလိုက်မယ် ချင်ဟွိုင်ယွီ"

"ဒီဝက်သားက ငါ့အိမ်ကဟာ၊ ငါ ခွေးကို ကျွေးရင်တောင် မငတို့ ကျားမိသားစုကို တစ်တုံးမှ မပေးဘူး"

ချန်ကောဟွားက မြေကြီးပေါ်မှ ဝက်သားကို ညာလက်ဖြင့် ထိုးပြပြီး ဆက်ပြောလိုက်သည်

"ပြီးတော့၊ မင်းသား ပန့်ကန့်က ဝက်သားစားချင်ရင် မြေကြီးပေါ်မှာ တိုက်ရိုက် ဝပ်ပြီး စားလေ၊ ဒီနေရာမှာ ဘာလာဟန်ဆောင်နေတာလဲ"

ဒီစကားတစ်ခွန်းက လူကို သတ်ရုံမက နှလုံးသားကိုပါ ခွဲပစ်လိုက်တာပဲ။

ချင်ဟွိုင်ယွီလို အပေါ်ယံ အကျိုးစီးပွားကိုပဲ ကြည့်တဲ့ မိန်းမကို စော်ကားရုံတင်မကဘူး၊ ပန့်ကန့်ကို ခွေးတစ်ကောင်လို့ သွယ်ဝိုက်ပြီး ပြောလိုက်တာပါပဲ။

ချင်ဟွိုင်ယွီက ဒေါသပေါက်ကွဲသွားတော့သည်။

သူမကို ဆဲရင် သည်းခံနိုင်သေးတယ်၊ ဒါပေမဲ့ သူမရဲ့ သားကို ဆဲရဲတယ်။

အဲဒါကို ချင်ဟွိုင်ယွီက လုံးဝကို လက်မခံနိုင်ဘူး။

သို့ရာတွင် သူမ ဒေါသထွက်ပြီး လက်ပါတော့မည့် အချိန်တွင် ဘေးနားက ပန့်ကန့်က မြေကြီးပေါ်ကျနေသော ဝက်သားကို အမှန်တကယ် ကုန်းကောက်ရန် လုပ်နေလေသည်။

ချန်ကောဟွားက အဲဒါကို မြင်သောအခါ မြေကြီးပေါ်က ဝက်သားတုံးကို ခြေထောက်နှင့် တက်နင်းလိုက်လေသည်။

"ချန်ကောဟွား"

"နင်က လူကြီးဖြစ်ပြီး ငါ့သားကို အနိုင်ကျင့်တယ်"

"တကယ်ကို မျက်နှာပြောင်တိုက်တာပဲ"

ရိုက်လို့လည်း မနိုင်၊ ကိုယ့်ဘက်ကလည်း အကြောင်းပြချက်မ‌ေကာင်းတော့ ချင်ဟွိုင်ယွီက အစွမ်းအစမရှိဘဲ ဒေါသထွက်ရုံပဲ တတ်နိုင်တယ်။

သို့ရာတွင် ထိုအချိန်တွင် ဟယ်ယွီကျူးက ခြံဝန်းတံခါးကနေ ဝင်လာလေသည်။

ချင်ဟွိုင်ယွီ၏ ဒေါသတကြီး အသံကို ကြားလိုက်ရ‌ေသာအခါ သူက ဘာမှထပ်မပြောဘဲ အပြေးအလွှား ရောက်လာ၏။

"ဟွိုင်ယွီ၊ ဘာဖြစ်လို့လဲ"

"ဘာဖြစ်တာလဲ"

"ငါ့ကို ပြောစမ်း၊ ဘယ်သူ မင်းကို အနိုင်ကျင့်တာလဲ"

သူ့ရဲ့ စကားက ဘာဖြစ်တာလဲလို့ မေးနေသလိုပါပဲ။

ဒါပေမဲ့ တကယ်တမ်းတော့ သူ့ရဲ့ ရန်လိုတဲ့ အကြည့်က ချန်ကောဟွားဆီကို ရောက်နေပြီ။

ဒီလုပ်ရပ်က သူ ဟယ်ယွီကျူးက ဘက်လိုက်ပြီး ကူညီမယ်ဆိုတာကို သူများကို ရှင်းရှင်းလင်းလင်း ပြောပြနေတာပဲ။

ချင်ဟွိုင်ယွီက သူမကို ကူညီမယ့်သူ ရောက်လာတာကို မြင်တော့ မျက်ရည်တွေ ချက်ချင်း ကျလာပြီး၊ လူဆိုးက လူကောင်းကို အရင် စွပ်စွဲတော့တာပါပဲ။

"ရှားကျူး၊ နင် လာတာ အတော်ပဲ၊ ငါတို့အတွက် တရားမျှတအောင် ဆုံးဖြတ်ပေးပါဦး၊ ငါက ချန်ကောဟွားဆီကနေ ဝက်သားတစ်တုံး လာချေးတာကို သူက ဝက်သားကို မြေကြီးပေါ် တမင်တကာ ပစ်ချပြီး တမင်တကာ ခြေထောက်နဲ့ နင်းရုံမကဘူး၊ စကားပြောတာတွေကလည်း ငါ့သားကို ခွေးလို့ ပြောနေတာ"

ငိုယိုပြီး တိုင်ကြားသည့် အသံက ရှားကျူးရဲ့ ရင်ထဲဝယ် နျူကလီးယားဗုံး ပေါက်ကွဲသလို ဖြစ်သွားသည်။

ဘာပဲဖြစ်ဖြစ် ရှားကျူးက ချင်ဟွိုင်ယွီရဲ့ အကြီးမားဆုံး အချစ်ရူးကြီး မဟုတ်ပါလား။

ရင်ထဲက နတ်သမီးလေး မျက်ရည်ကျနေတာကို မြင်ရတော့ သူ ဘယ်လိုလုပ် လက်ခံနိုင်မှာလဲ။

ဒါပေမဲ့ ရှားကျူး နောက်ထပ် ဘာလုပ်ရမလဲ မစဉ်းစားရသေးခင်မှာပဲ ချင်ကျင်းယွီက တိုက်ရိုက်ကို ဒေါသတကြီး အော်ဟစ်လိုက်တယ်။

"ကျေးဇူးကန်းတဲ့ ကောင်မ၊ ဘာတွေ လျှောက်ပြောနေတာလဲ"

"ငါ့ယောကျာ်း ယူလာတဲ့ ဝက်သားက သေချာပေါက် ခွေးကျွေးဖို့ ယူလာတာကို၊ နင်က ဘာလို့ ဒီမှာ လာပြီး ကိုယ့်ဘာသာကိုယ် အထင်ကြီးနေရတာလဲ"

"နင့်သားက ငါတို့ ချန်မိသားစုအတွက် အသားစားရတဲ့ ခွေး လာလုပ်ချင်လို့လား"

ချင်ဟွိုင်ယွီက ကြားလေလေ ဒေါသထွက်လေလေဖြစ်လာသည်။

သို့ရာတွင် သူမက ချန်ကောဟွားကို ဒေါသတကြီး ဆဲဆိုရဲကတည်းက၊ ချင်ကျင်းယွီက သူမကို အလွယ်တကူ လွှတ်ပေးဖို့ မစဉ်းစားထားချေ။

ထိုကြောင့် သူမက အော်ဟစ်ပြီး ဆက်လက်ဆဲဆိုလိုက်သည်။

"ငါ နင့်ကို ပြောလိုက်မယ်၊ ပန့်ကန့်ဆိုတဲ့ ဒီကောင်က ငါတို့ ချန်မိသားစုမှာ ခွေးလာလုပ်ချင်ရင်တောင် လုံးဝကို အခွင့်အရေး မရှိဘူး"

ချင်ကျင်းယွီ၏အသံက တိုးတိုးလေး မဟုတ်ချေ။

ထိုကဲ့သို့သော ဆဲဆိုသံများက ဝန်းထဲက လူတွေကို ချက်ချင်း သတိထားမိသွားစေသည်။

ချင်ကျင်းယွီနဲ့ ချင်ဟွိုင်ယွီတို့ နှစ်ယောက် ပြဿနာတက်နေတာကို သိလိုက်ရသောအခါ လူတိုင်းက ရင်ထဲတွင် အလွန် သိချင်သွားကြသည်။

ပုံမှန်အချိန်တွေမှာ ဒီညီအစ်မနှစ်ယောက်က တွေ့ရင်တောင် နှုတ်ဆက်လေ့ မရှိဘူးလေ။

ဒီနေ့ကျမှ ဘာလို့ ယမ်းမှုန့်တွေ စားထားသလို ဖြစ်နေကြတာလဲ။

ချက်ချင်းပင် အကုန်လုံး အိမ်ထဲက ထွက်လာပြီး အနီးနားတွင် ဝိုင်းအုံပြီး ပွဲကြည့်ကြသည်။

ချင်ကျင်းယွီရဲ့ အော်ဟစ်သံကို ကြားသောအခါ ရှားကျူးလည်း အဖြစ်အပျက်ကို အကြမ်းဖျင်း နားလည်သွားလေသည်။

ချင်ဟွိုင်ယွီက အိမ်မှာ အသားလာတောင်းတာကို ချန်ကောဟွားတို့ မိသားစုက မပေးတဲ့အပြင် ချင်ဟွိုင်ယွီကို သွယ်ဝိုက်ပြီး စော်ကားလိုက်တာပဲ။

ရှားကျူးက နတ်သမီးလေး၏ ရှေ့တွင် အစွမ်းပြပြီး ချန်ကောဟွားကို ပညာပေးချင်ပေမယ့်လည်း

လူတွေ အများကြီး ရောက်နေတာရယ်၊ ဝက်သားကလည်း ချန်ကောဟွားရဲ့ ဟာ ဖြစ်နေတာရယ်ကြောင့်…

ဒီကိစ္စကို ဘယ်လိုပဲ ပြဿနာရှာရှာ၊ သူတို့က ရှာစရာအကြောင်းပြချက် မရှိဘူး။

ထိုကြောင့် သူက ချင်ဟွိုင်ယွီကို ဆွဲပြီး ချန်မိသားစု အိမ်ရှေ့ကနေ ထွက်ခွာသွားလိုက်သည်။

ရှားကျူးက "ထားလိုက်ပါတော့၊ နောက်မှ ငါ့အခန်းထဲ လာပြီး အသားလာယူ၊ ဒီကိစ္စကို ဒီလောက်နဲ့ပဲ ထားလိုက်ရအောင်၊ ကိစ္စတွေ ကြီးသွားရင် ကလေးတွေပဲ နစ်နာမှာ"

ဟု နှစ်သိမ့်ပေးလိုက်သည်။

ချင်ဟွိုင်ယွီက ကြားသောအခါ စိတ်ထဲတွင် သေချာပေါက် မကျေနပ်ချေ။

သို့သော် ဆက်ပြီး ပြဿနာရှာနေလျင်လည်း ဘာအဓိပ္ပာယ်မှ မရှိနိုင်ကြောင်းနားလည်နေသည်။

ထိုကြောင့် ရှားကျူးနှင့်အတူ ထွက်သွားရုံသာ တတ်နိုင်၏

သူမ၏ စိတ်ထဲတွင် … ရှားကျူးဆိုသော ဒီအသုံးမကျသည့် ကောင်ကို အထင်သေးသွားသည်။

လူတစ်ယောက်ကို ဆဲဖို့တောင် ပြဿနာကြီးသွားမှာ ကြောက်နေရတာ၊ ဒါက ဘယ်လို အစွမ်းအစရှိတဲ့ ယောကျာ်းလဲ။

"ဟွန့်" ဟု အသံပြုပြီးနောက်၊ မြေကြီးပေါ်မှ ဝက်သားကို နှမြောတသဖြင့် စိုက်ကြည့်နေသော ပန့်ကန့်ကို ဆွဲခေါ်ကာ ထွက်သွားတော့သည်။

ခြံဝန်းကြီးအတွင်းရှိ လူများမှာမူ ပွဲကြည့်ချင်သော်လည်း မည်သည့်ပွဲမှ မကြည့်ရသဖြင့် အိမ်သို့သာ ပြန်သွားကြတော့သည်။

လူတို့ ထွက်ခွာသွားပြီးနောက်

ချင်ကျင်းယွီသည် ချန်ကောဟွားအား အားကိုးတကြီး ကြည့်လျက်

"ယောက်ျား၊ ခုနက ငါ တကယ်ကို စိတ်ပူသေတော့မလို့ပဲ"

ဟု ပြောဆိုလိုက်သည်။

"စိတ်ပူတာလား... ငါက ဒီတိရစ္ဆာန်တွေကို မယှဉ်နိုင်မှာ စိုးရိမ်လို့လား" ဟု ချန်ကောဟွားက အံ့အားသင့်သွားသည်။

"မဟုတ်ပါဘူး၊ ယောက်ျားက ချင်ဟွိုင်ယွီကို သဘောကျသွားပြီး၊ ငါ့ကို ဂရုမစိုက်တော့မှာကို စိုးရိမ်တာပါ" ဟု ချင်ကျင်းယွီက အားနည်းသော လေသံဖြင့် ပြောလိုက်သည်။

"ဒါက လွယ်ပါတယ်လေ"

ချန်ကောဟွားက မသိမသာ ပြုံးလိုက်ပြီး

"ဒါဆို မင်း ဝက်သား ပိုစားပြီး ခန္ဓာကိုယ်ကို အားဖြည့်ထားရမယ်၊ ခဏနေရင် ငါတို့ လေ့ကျင့်ခန်း ဆက်လုပ်ကြမယ်လေ" ဟု ပြောလိုက်သည်။

မနေ့ညက ရူးသွပ်ခဲ့မှုများကို သတိရသွားသောအခါ၊ ချင်ကျင်းယွီ၏ ပါးပြင်ပေါ်တွင် ချက်ချင်းပင် ဆွဲဆောင်မှုရှိသော နီမြန်းမှုတစ်ခု ပေါ်လာပြီး၊ ရှက်ကိုးရှက်ကန်းဖြင့်

"မုန်းစရာကြီး" ဟု အော်လိုက်သည်။

သူမ ယခု လမ်းလျှောက်သည်ပင် အနည်းငယ် မငြိမ်မသက် ဖြစ်နေသေးသည်။

သို့သော် ယောကျာ်းဖြစ်သူက ဤမျှလောက် မတည်မငြိမ် ဖြစ်လိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ပေ၊ မိမိ အိပ်ရာမှ နိုးကာစ ထမင်းပင် မစားရသေးဘဲနှင့်ပင် မိမိကို မကောင်းတာ လုပ်ချင်နေပြီ ဖြစ်သည်။

သို့သော် မိန်းကလေးများ အနှစ်သက်ဆုံး အရာမှာ ပါးစပ်က မကြိုက်ဘူးပြောပြီး စိတ်ထဲက ကြိုက်နေခြင်းပင် ဖြစ်သည်။

ကြည့်‌ေလ၊ ချင်ကျင်းယွီက ပါးစပ်မှ မုန်းစရာကြီးဟု ပြောသော်လည်း၊ ခန္ဓာကိုယ်ကမူ အလွန် ရိုးသားစွာပင် ချန်ကောဟွားနှင့်အတူ အိမ်ထဲသို့ ဝင်သွားတော့သည်။

All Chapters