အခန်း ၂၀
Vol. 2 Ch. 20
အခန်း ၂၀။ ကိုယ်ကျင့်တရားဖြင့် အကျပ်ကိုင်တတ်သော ရီကျုံးဟိုင်
"ကိစ္စက ဒီလိုပါ"
"ဒီနှစ်ယောက် ငါ့ကြိတ်ခွဲရုံကို ရောက်လာတာက စပါးလာကြိတ်တာ မဟုတ်ဘူး၊ အခန်းထဲက ဆန်ကွဲဆန်ဖတ်တွေကို လှဲကျင်းပေးမယ်လို့ ပြောလာတာပါ"
"ရင်ထဲရှိတဲ့အတိုင်း ပြောရရင် ဆန်ကွဲဆန်ဖတ် လာသိမ်းတဲ့သူရှိရင် ဒီဆန်ကွဲဆန်ဖတ်တွေကို သူများဆီ ရောင်းပေးလိုက်လို့ရသလို သူတို့ကလည်း လှဲကျင်းပေးချင်ကြပါတယ်"
"သူတို့နှစ်ယောက် ဒီလိုလုပ်တာက တကယ်တော့ ဆန်ကွဲဆန်ဖတ်ထဲမှာပါတဲ့ ဆန်စပါးတွေကို မျက်စိကျနေလို့ပါ"
"အိမ်မှာ ကလေးသုံးယောက် ရှိတယ်၊ အိမ်မှာ ရိက္ခာတွေလည်း ပြတ်တော့မယ်၊ ငါက သူတို့မိသားစုကို ကူညီနိုင်ဖို့ မျှော်လင့်တယ်လို့ ပြောကြတယ်"
"ငါ့ကြိတ်ခွဲရုံက ကုန်စည်ဖြန့်ချိရေးအသင်းအတွက် လုပ်ပေးရတာပါ၊ ဒီလိုစပါးကြိတ်လို့ စုဆောင်းမိတဲ့ ဆန်စပါးတွေကို ထမင်းမစားနိုင်တဲ့ ဆင်းရဲဒုက္ခရောက်နေတဲ့ ကလေးအချို့ကို ထောက်ပံ့ပေးမှာပါ"
"သူမတို့ မိသားစုက သနားစရာကောင်းတာကို မြင်လို့ ငါလည်း သဘောတူလိုက်ပါတယ်"
"ရလဒ်ကတော့ စောစောက ဧည့်သည်တစ်ယောက်က အဆင့်မြင့်ဆန် ဆယ်ပိဿာ ယူလာပြီး ဒီမှာ လာကြိတ်တယ်"
"ကြိတ်ပြီးတဲ့အခါ အကြွင်းအကျန် အနည်းငယ် ရှိနေတယ်၊ သုံးကျပ်သားလောက် ရှိမှာပါ"
"ဒါက ထိပ်တန်းဆန်တွေလေ၊ အကယ်၍ အညံ့ဆုံးဆန်နဲ့ လဲလှယ်မယ်ဆိုရင် သေချာပေါက် ပိဿာအများကြီး ပိုလဲလို့ရပြီး ကလေးတွေအများကြီးကို ပိုကူညီပေးနိုင်မှာပါ"
"ဒါပေမဲ့ ဒီအဘွားကြီးကတော့ ဘာလဲ၊ လှဲလည်းမကျင်းပေးဘဲနဲ့ အစကတည်းက ဝင်ပြီး လုတော့တာပဲ"
"ငါက သူမကို သေသေချာချာ မကောက်ခိုင်းချင်ဘူးလို့ ပြောခဲ့တယ်၊ ဒါပေမဲ့ ရလဒ်ကတော့ သူမက မြေပြင်ပေါ် လှဲချလိုက်ပြီး တိုက်ရိုက်ပဲ လူမိုက်လုပ်တော့တာပဲ"
"မင်းတို့ ပြောစမ်းပါဦး၊ ဒါက ဘယ်လိုကိစ္စမျိုးလဲ"
ဆန်ကြိတ်သော အမျိုးသမီးက ပြောပြီးနောက် ချင်ဟွိုင်ယွီသည် အကြည့်များကို ဝှေ့ယမ်းလိုက်ပြီး လူအများ၏ အကြည့်များကို တည့်တည့်မကြည့်ရဲတော့ချေ။
ကျားကျန်းရှီကမူ အရင်အတိုင်းပင် မျက်နှာသေဖြင့် ရှိနေဆဲဖြစ်ပြီး မျက်နှာသေဖြစ်နေသည့်အပြင် ရိုင်းစိုင်းရမ်းကားမှုများပါ ပါဝင်နေပေသည်။
ထင်ရှားသည်မှာ ဆန်ကြိတ်သော အမျိုးသမီး၏ စကားများသည် သူမအပေါ် မည်သည့်သက်ရောက်မှုမျှ မရှိစေခဲ့ချေ။ ထို့နောက် ကျားကျန်းရှီသည် ဆန်ကြိတ်သော အမျိုးသမီးကို ပို၍ပင် လက်ညှိုးထိုးကာ ဆဲရေးတိုင်းထွာလိုက်လေတော့သည်။
"နင်က ဒီမှာ ဘာတွေ လာအော်နေတာလဲ"
"ငါက လူမိုက်လုပ်တယ်ဆိုတာ ဘာစကားလဲ"
"နင်ကိုယ်တိုင်က လူမိုက်လုပ်နေတာ အထင်အရှားပဲ"
"ငါ့ကို အခန်းလှဲခိုင်းဖို့ သဘောတူထားပြီးပြီ၊ တုံ့ပြန်မှုအနေနဲ့ အခန်းထဲက ဆန်ကွဲဆန်ဖတ်တွေကို ငါကပဲ ယူရမှာလေ"
"ဒါပေမဲ့ အခုတော့ လူတစ်ယောက်က ဆန်ကောင်းတွေ ယူလာပြီး ကြိတ်တာကို မြင်တော့ နင်က ချက်ချင်း စကားပြင်ပြောတာလား"
"ငါက သတ်မှတ်ချက်အတိုင်းပဲ လုပ်တာ၊ ဒါပေမဲ့ နင်က ကိုယ်ပြောတဲ့စကားကိုတောင် ကိုယ်မတည်ဘဲနဲ့ အခုတော့ ငါ့ကို ပြန်ကိုက်နေတယ်၊ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် တရားတယ်လို့ ထင်နေသေးတာလား"
ကျားကျန်းရှီနှင့် ဆန်ကြိတ်သော အမျိုးသမီးတို့အကြား ဖြစ်ပွားနေသော စကားများရန်ဖြစ်မှုကို မြင်လိုက်ရချိန်တွင် လူအများသည်လည်း ကိစ္စရပ်၏ အကြောင်းရင်းကို အကြမ်းဖျင်း ခန့်မှန်းမိသွားကြလေသည်။
ဤတစ်ကြိမ်တွင် လူတိုင်း၏ မျက်နှာအမူအရာများက ထူးဆန်းသွားကြလေသည်။ အကယ်၍ သေသေချာချာ စောင့်ကြည့်မည်ဆိုပါက ထူးဆန်းမှုများအကြားတွင် ပို၍များပြားနေသည်မှာ သိက္ခာမရှိမှုကြောင့် ဖြစ်ပေါ်လာခြင်းကို တွေ့ရှိနိုင်ပေသည်။
မည်သို့ပင်ဆိုစေကာမူ ကြိတ်ခွဲရုံသည် ထိုဆန်ကြိတ်သော အမျိုးသမီး၏ အပိုင်ဖြစ်ပြီး ဆန်ကွဲဆန်ဖတ်များသည်လည်း သဘာဝကျစွာပင် သူမ၏အပိုင် ဖြစ်ပေသည်။ အလုပ်သမားအဖြစ် လဲလှယ်ရန် သဘောတူညီခဲ့သည်ဆိုဦးတော့ ယင်းမှာ ဆန်ကြိတ်သော အမျိုးသမီး၏ စေတနာဖြင့် ပေးကမ်းခြင်း မဟုတ်ပါလော။
ပြောရလျှင် ဆန်ကြိတ်သော အမျိုးသမီးသည် ကျားကျန်းရှီအပေါ် မည်သည့်မတရားမှုကိုမျှ မလုပ်ဆောင်ခဲ့ချေ။
သို့သော် ကျားကျန်းရှီသည် ယခုတိုင် ဤနေရာတွင် မလျှော့တမ်း ရန်လုပ်နေပြီး အခြားသူအား အတင်းအဓမ္မ ပေးကမ်းခိုင်းနေပေသည်။ သူမတွင် ဘယ်လိုမျက်နှာအသားမျိုးရှိလို့ အခြားသူကို ဤသို့ပြောဆိုရဲသည်ကို တကယ်ပင် မသိတော့ချေ။
ယန်ပုကွေ့သည် ဤနေရာအထိ မြင်လိုက်ရသောအခါ စိတ်ထဲမှ တုန်လှုပ်သွားခဲ့လေသည်။
ဘုရားရေ….
ကျားကျန်းရှီဆီကနေ အကျိုးအမြတ်အချို့ ရယူဖို့ပဲ စဉ်းစားထားတာ၊ ရလဒ်ကတော့ ဒီအဘွားကြီးက ကုန်စည်ဖြန့်ချိရေးအသင်းအပေါ် စိတ်ကူးယဉ်နေတာပဲ….
ဒီတွက်ချက်မှုက ငါ့ထက်တောင် ပိုပြီး ပါးနပ်သေးတယ်…
မဖြစ်ဘူး…
နောက်ဆိုရင် ကျားကျန်းရှီနဲ့ သေသေချာချာ ဝေးဝေးနေရမယ်….
ကုန်စည်ဖြန့်ချိရေးအသင်းဆီကနေ အကျိုးအမြတ်ယူဖို့အထိ သတ္တိရှိနေတာ သူမ တစ်နေ့နေ့မှာ ထောင်ထဲရောက်သွားလိမ့်မယ်။
အဲဒီအချိန်ကျရင် ငါ့ကိုပါ မကူးစက်ပါစေနဲ့။
လူအုပ်ထဲမှ လျှိုဟိုင်ကျုံးသည် ဤသည်ကို မြင်လိုက်ရသောအခါ ချက်ချင်းပင် ဒေါသအကြီးအကျယ် ထွက်သွားခဲ့လေသည်။
သူသည် ရာထူးမက်မောသူတစ်ဦးဖြစ်ပြီး ဦးလေးကြီးသုံးယောက်ထဲတွင် သိက္ခာကို အလေးအနက်ဆုံး ထားသူဖြစ်သည်။ လက်ရှိတွင် ကျားကျန်းရှီသည် ခြံဝင်းတစ်ခုလုံး၏ သိက္ခာကို ချနေသည်ဟု သူက ယူဆလိုက်လေသည်။ထို့ကြောင့် သူသည် တိုက်ရိုက်ပင် စတင်အပြစ်တင်လိုက်လေသည်။
"ငါ ပြောမယ် ကျားကျန်းရှီ၊ ဆန်ကြိတ်တဲ့ အမျိုးသမီးက မင်းကို ဒီလောက်တောင် အကူအညီတွေ ပေးထားတာကို မင်းက သူမရဲ့ ပစ္စည်းတွေကို လုယူဖို့ မျက်နှာရှိသေးတယ်၊ မင်း တကယ်ပဲ မျက်နှာအသား ထူနိုင်လွန်းတယ်"
"ကိုယ့်မျက်နှာကို ဂရုမစိုက်ဘူးဆိုရင်တောင် ငါတို့ခြံဝင်းကြီးရဲ့ ဂုဏ်သိက္ခာကိုတော့ ငဲ့ကွက်သင့်တာပေါ့"
လျှိုဟိုင်ကျုံး ဤသို့အပြစ်တင်ရဲခြင်းသည် စိတ်ထင်တိုင်း လုပ်ဆောင်ခြင်း မဟုတ်ပေ။ အကြောင်းမူကား မိမိတို့မိသားစုသည် ကျားကျန်းရှီတို့ မိသားစုကို ထောက်ပံ့ကူညီပေးဖူးသောကြောင့်ဖြစ်ရာ ဤသို့ပြောဆိုခြင်းသည် သူမဆင်းရန် လှေကားတစ်စင်းကို သွယ်ဝိုက်၍ ဖန်တီးပေးခြင်းလည်း ဖြစ်ပေသည်။
သဘောထား နည်းနည်းလေး ကောင်းမွန်ပါက ဤကိစ္စသည် အခြေခံအားဖြင့် ပြီးဆုံးသွားမည် ဖြစ်သည်။ သို့သော် လုံးဝမထင်မှတ်ထားခဲ့သည်မှာ ကျားကျန်းရှီက တိုက်ရိုက်ပင် ပြန်လည်ပက်လိုက်လေသည်။
"ငါ ပြောမယ် လျှိုမျိုးရိုးေကာင်၊ နင်နဲ့ ဘာသောက်ကိစ္စ ဆိုင်လို့လဲ"
"နင့် အိမ်မှာ နင့်သားသမီးတွေရဲ့ ပစ္စည်းတွေကို လုစားတုန်းကတော့ အရှက်မရှိဘူးလား"
"အခု ငါ့ဆီကျမှ လာပြီး စကားတွေများနေတယ်၊ ပြီးတော့ ငါ့ကိစ္စကို ဝင်စွက်ဖက်ဖို့ မျက်နှာရှိသေးတယ်၊ နင့်မှာ ငါ့ကို စီမံဖို့ ဘာအရည်အချင်း ရှိလို့လဲ"
လျှိုဟိုင်ကျုံးသည် ကျားကျန်းရှီ၏ ဤသို့ ပြန်လည်ပက်ကာေပြာခြင်းကို ခံလိုက်ရသဖြင့် ချက်ချင်းပင် ဒေါသထွက်ကာ စကားပင် မဆိုနိုင်တော့ချေ။
တစ်ချိန်တည်းမှာပင် မိမိကိုယ်ကိုယ် နွားနားတရားဟောနေမိသည်ဟု ခံစားလိုက်ရသဖြင့် တိုက်ရိုက်ပင် ခေါင်းကိုလှည့်လိုက်ပြီး သူမကို ဂရုမစိုက်တော့ချေ။
ဤအချိန်တွင်ပင် ရီကျုံးဟိုင်သည်လည်း စကားပြောရန် ရှေ့သို့ ထွက်လာခဲ့လေသည်။
မည်သို့ပင်ဆိုစေကာမူ ကျားကျန်းရှီ လိုလားနေသည်မှာ ရီကျုံးဟိုင်က သူမအတွက် အဆုံးအဖြတ်ပေးရန် ဖြစ်ပေသည်။ထို့ကြောင့် သူ ရှေ့သို့ ထွက်လာပြီးနောက်တွင် လူအများက ငြိမ်သက်သွားကြလေသည်။
ဆန်ကြိတ်သော အမျိုးသမီးသည် ဤအချက်ကို သတိပြုမိသွားပြီးနောက် ဤလူပြောသော စကားများသည် အလေးအနက် ရှိလိမ့်မည်ဟု ခန့်မှန်းလိုက်လေသည်။
ထို့ကြောင့် သူမသည်လည်း သနားစရာကောင်းသော မျက်ဝန်းများဖြင့် သူ့ကို ကြည့်နေခဲ့ပြီး ရီကျုံးဟိုင်သည် အကြောင်းပြချက်ရှိသောသူ ဖြစ်ပါစေဟု မျှော်လင့်နေခဲ့သည်။
သို့သော် သူမ လုံးဝမထင်မှတ်ထားခဲ့သည်မှာ ရီကျုံးဟိုင်သည် ဘာမျှစဉ်းစားမနေဘဲ သူအကျွမ်းကျင်ဆုံးဖြစ်သော ကိုယ်ကျင့်တရားဖြင့် အကျပ်ကိုင်ခြင်းကို စတင်လိုက်လေတော့သည်။
"ဒီကိစ္စကို ငါလည်း အစအဆုံး သေသေချာချာ စဉ်းစားပြီးပြီ၊ တကယ်တော့ ဖြေရှင်းရတာ အရမ်းလွယ်ပါတယ်"
"ကိစ္စရပ်ရဲ့ အစအဦးကို ကြည့်မယ်ဆိုရင် အဓိကကတော့ ဆန်ကြိတ်တဲ့ အမျိုးသမီး မင်းက ဒီကျားကျန်းရှီတို့ နှစ်ယောက်ကို ဆန်ကွဲဆန်ဖတ်တွေ လှဲကျင်းခိုင်းလို့ ဖြစ်လာတာ၊ ဒါမှမဟုတ်ရင် နောက်ပိုင်းကိစ္စတွေ ရှိလာမှာ မဟုတ်ဘူး"
"ပြီးတော့ ဆန်ကြိတ်တဲ့ အမျိုးသမီးရဲ့ ရည်ရွယ်ချက်ကလည်း မူလကတည်းက သူမတို့ကို ဆန်စပါးအချို့ ကောက်စေချင်တာ၊ ကျားကျန်းရှီတို့ နှစ်ယောက်ကလည်း သက်ဆိုင်တဲ့ လုပ်အားကို ပေးဆပ်ခဲ့ကြတယ်၊ ဒါကြောင့် သူမတို့မှာ ရသင့်ရထိုက်တဲ့ လုပ်အားခကို ရပိုင်ခွင့် ရှိတယ်"
"အဲဒါအပြင် မင်းကိုယ်တိုင်လည်း အစတုန်းက ကတိပေးခဲ့တာပဲ၊ အဲဒါဆိုရင် နောက်ပိုင်းမှာ အဆင့်မြင့်ဆန်တွေ ရှိလာလို့ဆိုပြီး ကိုယ်ပြောတဲ့စကားကို မတည်ဘဲ လုပ်လို့မရဘူး"
"သေချာတာပေါ့ မင်းရဲ့ အခုလက်ရှိ ခံစားချက်ကိုလည်း ငါနားလည်ပါတယ်၊ ဘယ်လိုပဲပြောပြော ဒီလိုကောင်းတဲ့ ပစ္စည်းတွေကို တွေ့ရခဲတာကိုး၊ ဒါပေမဲ့ ဒီပစ္စည်းတွေကိုလည်း မင်းပြောခဲ့တာပဲ၊ ထမင်းမစားနိုင်တဲ့ ကလေးတွေအတွက်လို့လေ"
"ကျားကျန်းရှီတို့ မိသားစုကလည်း မူလကတည်းက ရိက္ခာပြတ်လပ်နေတာ၊ အဲဒါအပြင် မင်းက စိတ်လှုပ်ရှားပြီးတော့ စောစောက သူမကို ကိုယ်ထိလက်ရောက် ရိုက်နှက်ခဲ့သေးတယ်"
"ဒီကိစ္စကို အစောင့်အကြပ်အဖွဲ့က သိသွားရင် မင်းရဲ့ ကြိတ်ခွဲရုံကို ဆက်ဖွင့်ခွင့်ရမရဆိုတာ အသာထား၊ မင်းနဲ့ ကုန်စည်ဖြန့်ချိရေးအသင်းတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကိုတော့ သေချာပေါက် ထိခိုက်စေမှာပဲ"
"ဒါကြောင့် ဒီကိစ္စကို ငါကြည့်ရသလောက်တော့ တကယ်တော့ ဖြေရှင်းရတာ အရမ်းလွယ်ပါတယ်"
"ဒီလိုပဲ လုပ်ကြတာပေါ့၊ မင်းလည်း စိတ်ထဲမှာ မထားပါနဲ့တော့၊ ငါကပဲ တရားမျှတအောင် ပြောပေးမယ်"
"ဒီဆန်အိတ်ငယ်လေးကိုတော့ ကျားမိသားစုအတွက် ချန်ထားပေးရမှာပေါ့၊ လူတွေရဲ့ လုပ်အားနဲ့ လဲလှယ်ထားတာပဲ၊ မင်း ကိုယ်ထိလက်ရောက် ရိုက်နှက်တဲ့ ကိစ္စကလည်း ဖြေရှင်းရလွယ်ပါတယ်၊ ကျားကျန်းရှီကို ရိုးရိုးရှင်းရှင်းပဲ တောင်းပန်လိုက်ပါ၊ ငါတို့ ခြံဝင်းထဲက လူတွေကလည်း သက်သေအဖြစ် လုပ်ပေးနိုင်ပါတယ်"
"ဒါတွေအားလုံးက အေးအေးဆေးဆေး ပြီးဆုံးသွားမှာပါ"
"ဒါက လူတိုင်းအတွက် အကောင်းဆုံးပဲ"
......