← Chapters

အခန်း ၂၉၄

Vol. 30 Ch. 294

အခန်း ၂၉၄

Vol. 30 Ch. 294

အပိုင်း ၂၉၄

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

English name – World Destroying Demonic Emperor

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Shue

True Immortal Team

သမီးဖြစ်သူ၏အခြေအနေကိုမြင်လျှင် ယန်ယန်၏ နှလုံးသားများ အလွန်အမင်း နာကျင်လာ၏။ ထို့ကြောင့် စကားပင်မပြောနိုင်တော့ဘဲ သူမ၏ လက်ကိုသာ တင်းကြပ်စွာ ဆုပ်ကိုင်ထားလိုကခမိသည်။

“အဖေ အသက်ရှင်နေတာပဲ...”

“သမီး... ငွေရောင်ဝံပုလွေ စစ်တပ်ကို အဖေ့လက်ထဲ နောက်ဆုံးတော့ ပြန်အပ်နိုင်ပြီ...”

“အဖေ မရှိတဲ့ အချိန်တုန်းက သမီး တကယ်ကို ဆက်ပြီး မတောင့်ခံနိုင်တော့ဘူး... သမီး ဆက်မသွားနိုင်တော့ဘူး”

နိုင်အာ တိုးညှင်းစွာ ငိုကြွေးလိုက်ရင်း ဆိုလာသည်။

“မဟုတ်ဘူး..သမီးက အဖေ တွေးထားတာထက် အများကြီး ပိုသန်မာပြီး ပိုထူးချွန်ပါတယ်... “

“သမီးက အဖေ့ရဲ့ အကြီးမားဆုံး ဂုဏ်ယူစရာပဲ... အဖေ့ကို ဘယ်တုန်းကမှ စိတ်ပျက်အောင် မလုပ်ခဲ့ဘူး”

ယန်ယန် ညင်သာစွာ ပြောလိုက်သည်။

သူ၏စကားများကြောင့် နိုင်အာတစ်ယောက် ရှိုက်ကြီးတငင် ငိုကြွေးလေတော့သည်။

“ဒါပေမဲ့ အဲဒီတုန်းက သမီး အဖေ့ရဲ့ နှလုံးသားကို ခွဲခဲ့မိတယ်လေ... သမီးသာ အဲဒီလောက် မမိုက်မဲခဲ့ရင်..ရင့်ကျက်ခဲ့ရင် အဖေ အန္တရာယ်ထဲ ရောက်မှာ မဟုတ်သလို...တစ်နှစ်ကျော်လောက် သတိလစ်နေခဲ့မှာလည်း မဟုတ်ဘူး...”

“သမီးတို့ တစ်ယောက်ကိုတစ်ယောက် ထာဝရ လက်လွတ်ရလုနီးပါး ဖြစ်ခဲ့ရတယ်လေ”

သူမ ရည်ညွှန်းနေသည့် ဖြစ်ရပ်မှာ ဆိုလွန်နှင့် ပတ်သက်သည့် ကိစ္စပင်။

ယန်ယန် မေးလိုက်၏။

“အဖေ ဘယ်လို အသက်ပြန်ရှင်လာလဲ ဆိုတာ သမီး မသိချင်ဘူးလား”

နိုင်အာ ခေါင်းရမ်းလိုက်သည်။

“ဘယ်လို ဖြစ်လာတာလဲ ဆိုတာ သမီး ဂရုမစိုက်ဘူး... ပေးဆပ်ရတဲ့ တန်ဖိုးကိုလည်း ဂရုမစိုက်ဘူး... အဖေ အသက်ရှင်နေတာကိုပဲ သမီး ပျော်တယ်”

“ဆိုလွန် လုပ်ခဲ့တာပဲ... သူ လူရိုင်းနယ်မြေထဲ ခရီးသွားပြီး အဖေ့ကို အသက်ပြန်ရှင်အောင် လုပ်ပေးနိုင်မယ့် နည်းလမ်းကို ရှာခဲ့တယ်”

“အဖေ့ကို ကယ်ခဲ့တာ... သူပဲ”

ယန်ယန် ပြောပြလိုက်၏။

ယန်ယန်၏စကားများကြောင့် နိုင်အာ မှင်သက်သွားရသည်။ ထို့နောက်တွင်မှ သူမ၏ မျက်ရည်များ ထိန်းမရသိမ်းမရ စီးကျလာတော့၏။

ဆိုလွန်၏ နာမည်ကို ကြားရတိုင်း သူမ၏ နှလုံးသားမှာ ချိုမြိန်ပြီး ခါးသီးသည့် ခံစားချက်များဖြင့် ကမောက်ကမ ဖြစ်သွားရသည်။ လွန်ခဲ့သည့် တစ်လကတင် သူမ သူ့ကို နှင်ထုတ်ခဲ့၏။

သူမ အသည်းမာလွန်း၍ လုပ်ခဲ့ခြင်း မဟုတ်သလို အတိတ်နှင့် အဆက်အသွယ် ဖြတ်ချင်ရုံ သက်သက်လည်း မဟုတ်ချေ။

ထိုအချိန်က ခဏတာမျှ အရာအားလုံးကို စွန့်လွှတ်ရန် တကယ်ကို စဉ်းစားခဲ့ဖူးသည်။ ငွေရောင်ဝံပုလွေ စစ်တပ်ကို ခေါ်ဆောင်ပြီး ဆိုလွန်ကို ကူညီရန် ထျန်းရွှေမြို့သို့ လိုက်သွားချင်ခဲ့၏။ သို့သော် မလုပ်နိုင်ကြောင်း သူမ သိသည်။

ထိုစစ်တပ်မှာဖခင်ဖြစ်သူ၏ အရာဖြစ်ပြီး ယင်းကို ယူဆောင်သွားရန် သူမ၌ အာဏာ မရှိချေ။ စစ်တပ် မပါဘဲ ထျန်းရွှေမြို့သို့ သွားခြင်းသည် ရန်သူ့မဟာမိတ်များကို တစ်ယောက်တည်း ရင်ဆိုင်ရမည်ဖြစ်ရာ သေချာပေါက် သေရမည့်ကိစ္စဖြစ်၏။

အကယ်၍ လန်လင်းသာ ဖြစ်ခဲ့လျှင် နိုင်အာ နှစ်ခါပြန်မတွေးဘဲ သူ့ကို မသွားရန်တားမိပေလိမ့်မည်။ သို့သော် ထိုသူမှာ ဆိုလွန် ဖြစ်ပြီး သူ့တွင် ပြီးမြောက်ရမည့် ကိုယ်ပိုင် တာဝန် ရှိနေသည်။ သူမနှင့်အတူ ဆွဲထားရန်မတတ်နိုင်ပါချေ။

ထို့အပြင် သူမ သူ့ကို မျက်နှာချင်း မဆိုင်နိုင်ခဲ့ခြင်းကြောင့်ပင်။ အကြောင်းပြချက်မှာ ဖခင်ဖြစ်သူ သေဆုံးမှုအတွက် ဆိုလွန်ကို အပြစ်မတင်သင့်သော်လည်း သူ့ကို မြင်ရတိုင်း သူမ၏ ဆုံးရှုံးမှုကို ပြန်လည်သတိရစေသည်။

မည်သို့ပင်ဆိုစေ ဖခင်ဖြစ်သူ၏ အဖြစ်ဆိုးမှာ ဆိုလွန်နှင့် တိုက်ရိုက် သက်ဆိုင်နေသည်မဟုတ်ပါလော။

ယခုမူ သူမ၏ ဖခင် အသက်ပြန်ရှင်လာလေပြီ။ သူ့ကို ကယ်တင်ခဲ့သူမှာလည်း ဆိုလွန်ဖြစ်၏။

ရှုပ်ထွေးသော ခံစားချက်များ လွှမ်းမိုးလာသဖြင့် နိုင်အာ လုံးဝ စကားမပြောနိုင်တော့ချေ။ ကျေးဇူးတင်ခြင်းလော။ မဟုတ်ပေ။ ကျေးဇူးတင်ခြင်းထက် များစွာ သာလွန်၏။

ဖခင်ဖြစ်သူကို ကယ်တင်ခြင်းသည် သူမ၏ ကမ္ဘာကြီး တစ်ခုလုံးကို ကယ်တင်လိုက်ခြင်းပင်။ ရိုးရှင်းသည့် ကျေးဇူးတင် စကားတစ်ခွန်းတည်းဖြင့် သူမ၏ ခံစားချက်ကို ဖော်ပြရန် လုံလောက်မည်မဟုတ်ပေ။

အရာအားလုံးထက် သူမ အလွန်အမင်း အံ့ဩတုန်လှုပ်နေမိသည့်အရာမှာ ယခင်က ဆိုလွန်တစ်ယောက် မည်မျှ အရည်အချင်း ကင်းမဲ့ပြီး မိုက်မဲခဲ့ကြောင်း မှတ်မိနေသောကြောင့်ပင်။ ယခုအရာကို သူ မည်သို့ စွမ်းဆောင်နိုင်ခဲ့ပါသနည်း။

ဖခင်ဖြစ်သူကို ကယ်တင်ရန် နိုင်အာ ကိုယ်တိုင် အရာအားလုံး ကြိုးစားခဲ့ဖူးသည်။ သူမ လူတိုင်းကို တောင်းပန်ခဲ့ပြီး မြင့်မြတ်နတ်နဂါးကျောင်းတော်ထံမှပင် အကူအညီ တောင်းခံခဲ့သော်လည်း ဖန်ချင်းရှူက မဖြစ်နိုင်ကြောင်း ဆိုခဲ့သည်။

သို့သော် ဆိုလွန်က တစ်နည်းနည်းဖြင့် စွမ်းဆောင်နိုင်ခဲ့လေပြီ။

ဤမျှလောက် ပြောင်းလဲသွားရန် သူ ဘာတွေ ဖြတ်သန်းခဲ့ရပါသနည်း။ ပို၍ အရေးကြီးသည်မှာ လူရိုင်းနယ်မြေ အနက်ပိုင်းသို့ ခရီးသွားရာ၌ ဆိုလွန်တစ်ယောက် အသက်အန္တရာယ်ရှိသော ခြိမ်းခြောက်မှု မည်မျှကို ရင်ဆိုင်ခဲ့ရသနည်း။ သူမအတွက် သေဘေးနှင့် ဘယ်နှစ်ကြိမ်တောင် တွေ့ကြုံခဲ့ရသနည်း။

ပြေးလွှားနေသော အတွေးများက နိုင်အာ့ကို လွှမ်းမိုးသွားပြီး တိတ်ဆိတ်စွာ ငိုကြွေးနေစေတော့သည်။

“သူ ဘယ်မှာလဲ”

နိုင်အာ အားနည်းစွာ မေးလိုက်၏။

ယန်ယန်၏ မျက်လုံးများ လှုပ်ရှားသွားကာ ရင်ထဲ၌ ဝမ်းနည်းမှုတစ်ခု ဖြတ်ပြေးသွားသော်လည်း ညင်သာစွာ ပြောလိုက်သည်။

“သူ အပြင်မှာ စောင့်နေတယ်... အဖေ သူ့ကို ဝင်လာခိုင်းလိုက်မယ်”

ယန်ယန် မတ်တတ်ရပ်ကာ အခန်းထဲမှ ထွက်သွားလိုက်သည်။ သူ ဆိုလွန်ကို စကားတစ်ခွန်းမျှ မပြောသလို အထဲသို့ ဝင်ရန်လည်း မပြောဘဲ တည့်တည့် ကျော်ဖြတ်သွား၏။

သို့သော် ဆိုလွန်မှာလည်း သူ၏ခွင့်ပြုချက်ရရန် မလိုအပ်ချေ။ ယန်ယန်ထွက်လာသည်ကိုမြင်သည်နှင့် အခန်းထဲသို့ တိုက်ရိုက် ဝင်သွားတော့သည်။

…

တံခါးပေါက်မှ ဝင်လာသည့် အခိုက်အတန့် နိုင်အာ၏ မျက်လုံးများက သူ့ထံတွင်သာ စူးစိုက်လာ ကြောင်း ဆိုလွန်ခံစားမိလိုက်သည်။ မေ့ပျောက်၍မရနိုင်သော ရင်သပ်ရှုမောဖွယ်ကောင်းသည့် ထိုမျက်နှာကို နောက်တစ်ကြိမ် မြင်တွေ့ခွင့် ရလေပြီ။

သူတို့ ယခင်က ခဏတာမျှ ဆုံတွေ့ခဲ့ဖူးသော်လည်း တစ်ယောက်၏ အစစ်အမှန် မျက်နှာကို အခြားတစ်ယောက်က မမြင်ခဲ့ရချေ။ တစ်နှစ်ကျော် ကာလအတွင်း ဤမျက်နှာသည် နိုင်အာ၏ မှတ်ဉာဏ်များထဲ၌သာ တည်ရှိခဲ့ပြီး အိပ်မက်များထဲ၌ မရေမတွက်နိုင်အောင် ပေါ်လာခဲ့သည်။

ယခုမူ သူက သူမ၏ မျက်စိရှေ့တည့်တည့်၌ အမှန်တကယ် ရပ်နေလေပြီ။

ထိုအခိုက်အတန့်၌ သူမ ခံစားရသည်မှာ ပျော်ရွှင်မှု သို့မဟုတ် စိတ်သက်သာရာရမှု သက်သက် မဟုတ်ချေ။ ကောင်းကင်ဘုံအပေါ် နက်ရှိုင်းစွာ ကျေးဇူးတင်မိခြင်းပင်။

ကောင်းကင်ဘုံက သူမ အချစ်ရဆုံး လူကို ဖခင်ဖြစ်သူအား ကယ်တင်စေပြီး အတိတ်ကအမှားများကို ပြန်လည်ပေးဆပ်ခွင့်ပြုသည့် ပြီးပြည့်စုံသော စီစဉ်မှုတစ်ခုကို ပြုလုပ်ပေးခဲ့သည်။ ယခု သေရမည်ဆိုလျှင်ပင် သူမ ချစ်ရသော အမျိုးသား၏ ရင်ခွင်ထဲ၌ နောက်ဆုံးအချိန်များကို ဖြတ်သန်းသွားနိုင်ပြီဖြစ်၏။

ဆိုလွန် လျှောက်သွားကာ ကုတင်စွန်း၌ ထိုင်လိုက်သည်။ နိုင်အာလည်း သူမ၏ နောက်ဆုံးကျန်ရှိနေသော ခွန်အားအားလုံးကို အသုံးပြု၍ သူ၏ ရင်ခွင်ထဲသို့ အတင်း တိုးဝင်သွားကာ မျက်လုံးများကို မှိတ်ထားလိုက်တော့သည်။

“ဆိုလွန်... ငါ သေရတော့မယ် ဆိုတာ သိတယ်... ဒါပေမဲ့ ငါ အခု အရမ်း ပျော်နေတယ်”

“ငါ အရမ်းလည်း နောင်တရမိတယ်”

နိုင်အာ ရုတ်တရက် တီးတိုးပြောလာသည်။

ဆိုလွန် သူမ၏ မျက်နှာကို ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။ ထို့နောက် နူးညံ့နေသော်လည်း အလွန်အမင်း ပြတ်သားနေသောလေသံဖြင့်ဆိုလာ၏။

“မင်း သေမှာ မဟုတ်သလို...သေခွင့်လည်း မပြုနိုင်ဘူး”

“မင်း ငါ့ကို ကယ်နိုင်လို့လား”

နိုင်အာ တိုးညှင်းစွာ မေးလိုက်သည်။

“ကယ်နိုင်တယ်”

ဆိုလွန် ကတိပေးလိုက်သည်။

“ဒါပေမဲ့ မင်းအတွက် ဘာဆိုးကျိုးတွေ ရှိမှာလဲ... ငါ့အတွက်နဲ့ မင်းကို နောက်ထပ် အန္တရာယ် မယူစေချင်တော့ဘူး”

နိုင်အာ စိုးရိမ်တကြီး မေးလိုက်သည်။

“နောက်ဆက်တွဲ ဆိုးကျိုးက ငါ့အပေါ် မကျရောက်ဘူး... မင်းအပေါ်ပဲ ကျရောက်မှာ”

ဆိုလွန် ရှင်းပြလိုက်သည်။

“ဒါဆို ငါ ဂရုမစိုက်ဘူး”

“ရက်အနည်းငယ်ပဲ အသက်ဆက်ရှင်ရမယ် ဆိုရင်တောင် ဘာမဆို လက်ခံဖို့ ငါ ဆန္ဒရှိတယ်”

နိုင်အာ တွန့်ဆုတ်မှုမရှိဘဲ ပြန်ဖြေလိုက်သည်။

‘ဒါပေမဲ့ ငါ ဂရုစိုက်တယ်‌လေ’

ဆိုလွန် စိတ်ထဲမှ တွေးလိုက်၏။ တခြား ရွေးချယ်စရာ လုံးဝ မရှိတော့သည့် အခြေအနေမှလွဲ၍ အမှောင်စွမ်းအားကို အသုံးပြု၍ သူမကိုကယ်တင်ရမည့်အရေးကို သူ လုံးဝ ရှောင်ရှားချင်သည်။ ပေးဆပ်ရမည့် တန်ဖိုးက ကြီးမားလွန်းလှသည် မဟုတ်ပါလော။

…

တစ်ချိန်တည်းမှာပင် ကျိန်စာသင့်နေသည့် ဟွမ်ချွမ် ရှေးဟောင်းမြို့တော် အပြင်ဘက်၌ လူရိပ်နှစ်ခု ပေါ်လာ၏။

ယင်းမှာ ထူလင်းတိဖြစ်ပြီး သူမနောက်၌ အနက်ရောင်ဝတ်ရုံနှင့် လူတစ်ယောက် ကပ်လျက် ပါလာသည်။ ဖန်မို၏ သေစေနိုင်လောက်သော မြှားများဖြင့် ချိန်ရွယ်ခံထားရသည်ကို စိုက်ကြည့်ရင်း ထူလင်းတိ အေးစက်စွာ ပြောလိုက်သည်။

“မင်းတို့ရဲ့ သခင်မလေး ယန်ရွှမ်း သေလုမျောပါး ဖြစ်နေပြီ... သူ့မှာ အသက်ရှင်ဖို့ တစ်ရက်တောင် မကျန်တော့ဘူး...”

“ငါ မှန်းတာ မမှားဘူးဆိုရင် သူ အခု နိုးနေလိမ့်မယ်.. အဲ့ဒါက သူ့ရဲ့ နောက်ဆုံး သတိရှိ နေသေးတဲ့အချိန်ပဲ”

ထူလင်းတိ၏စကားကြောင့် ဖန်မို၏ မျက်နှာ ဒေါသဖြင့် ရှုံ့မဲ့သွားသော်လည်း လေးကို ဖြည်းညှင်းစွာ နှိမ့်ချလိုက်သည်။

“သူ ဟေးပင်းစံအိမ်ရဲ့ သေစေနိုင်တဲ့ အဆိပ် မိထားတာ..ဒီလောကမှာ ငါကလွဲရင် ဘယ်သူမှ ဖြေပေးနိုင်မှာ မဟုတ်ဘူး”

ထူလင်းတိ မောက်မာစွာ ကြေညာလိုက်သည်။

“ဒီနေ့ ငါ ဖြေဆေး ယူလာတယ်... သူ့အသက်ကို ကယ်ဖို့က အရမ်း ရိုးရှင်းပါတယ်... မင်းတို့ အချက်တစ်ချက်ကိုပဲ သဘောတူဖို့လိုတယ်... “

“ယန်ရွှမ်းက ငါ့အစ်ကို ဝန်ကြီး လျူနဲ့ လက်ထပ်ပြီး ဆိုလွန်ကို ငါတို့ဆီ အပ်ရမယ်”

ထိုအချိန်တွင် ဟွမ်ချွမ် ရှေးဟောင်းမြို့တော် တစ်ခုလုံး အပ်ကျသံပင်ကြားရလုနီးပါး တိတ်ဆိတ်သွားတော့သည်။

ထူလင်းတိ၏ တောင်းဆိုချက်များကြောင့် ဟွမ်ချွမ် ရှေးဟောင်းမြို့တော်အတွင်း၌ ရုတ်ရုတ်သဲသဲ ဖြစ်လာလေပြီ။

ထိုသူများမှာ ငွေရောင်ဝံပုလွေ စစ်တပ်၏ လက်ရွေးစင်နှင့် သစ္စာရှိ စစ်သည်တော်များ ဖြစ်ကြ၏။ ယခင်က သူတို့ နိုင်အာ နောက်လိုက်ခဲ့ခြင်းမှာ သူမ၏ မည်သူမည်ဝါဖြစ်တည်မှုကြောင့်သာ။

သူမသည် ငွေရောင်ဝံပုလွေဘုရင် ယန်ယန်၏ တစ်ဦးတည်းသော သမီးဖြစ်ပြီး အလွန်မြင့်မားသော သိုင်းပညာစွမ်းရည်များကို ပိုင်ဆိုင်ထားသည်။

သို့သော် လွန်ခဲ့သည့် တစ်လအတွင်း ထိုယုံကြည်မှုသည် အစွဲအလမ်းနှင့် ကိုးကွယ်မှုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီဖြစ်၏။ ယန်ရွှမ်းမှာ ရက်စက်ပြတ်သားပြီး ယန်ယန်ထက် မနိမ့်ကျသော ကြီးမားသည့် ဉာဏ်ပညာကို ပိုင်ဆိုင်ထားကာ ဝံပုလွေဘုရင်အသစ် ဖြစ်လာရန် လိုအပ်သောအရာအားလုံး ရှိနေသည်။

ယွမ်ကျဲ့၏ သစ္စာဖောက်မှုနှင့် အဆိပ်ဖြင့် ခြုံခိုတိုက်ခိုက်မှုသာ မရှိခဲ့လျှင် ငွေရောင်ဝံပုလွေ စစ်တပ်သည် စစ်ပွဲ၌ အောင်နိုင်ပြီးပင်ဖြစ်လိမ့်မည်။

ငွေရောင်ဝံပုလွေ စစ်သည် မည်သူမှ နိုင်အာကို မသေစေချင်ကြချေ။ သူမ သေဆုံးသည်ကို မြင်ရမည့်အစား သူတို့ကိုယ်တိုင် အသေခံရန် ဆန္ဒရှိကြ၏။ သူမသည် ဝံပုလွေဘုရင်အသစ် ဖြစ်ရုံသာမက ရင်နာစရာကောင်းလောက်အောင် လှပလွန်းသည့် မိန်းကလေးငယ်တစ်ဦး ဖြစ်နေသည်မဟုတ်ပါလော။

ထူလင်းတိ တောင်းဆိုသည့် အခြေအနေများမှာ အလွန် ရိုးရှင်းလှသည်။ နိုင်အာသည် ဝန်ကြီး လျူနှင့် လက်ထပ်ရမည်ဖြစ်ပြီး ဆိုလွန်ကို အပ်ရမည်ဟူ၍ပင်။

စစ်သည်အများအပြား ဇဝေဇဝါဖြစ်သွားကာ ဝန်ကြီး လျူနှင့် ဆိုလွန်၏အကြောင်းကို အထက် အရာရှိများထံ မေးမြန်းကြတော့သည်။ နိုင်အာ၏ အချစ်ရေးရာဇဝင်မှာ လျှို့ဝှက်ချက်မဟုတ်သဖြင့် နုလန်တော်ဝင်မြို့တော်၌ တစ်ချိန်က အလွန်နာမည်ကြီးခဲ့ဖူး၏။ ထို့ကြောင့် ထိုသတင်းစကားသည် တစ်ယောက်မှ ဆယ်ယောက် ၊ တစ်ရာစသည်ဖြင့် လျင်မြန်စွာ ပျံ့နှံ့သွားသည်။

ဝန်ကြီး လျူသည် သခင်မလေး ယန်ရွှမ်းကို နက်နက်ရှိုင်းရှိုင်း ချစ်မြတ်နိုးသဖြင့် သူမအတွက်နှင့် အိမ်ထောင်မပြုဘဲ နေခဲ့သည်ဟု ဆိုကြ၏။ တစ်ဖက်တွင်မူ ဆိုလွန်မှာ သခင်မလေးကို ဖြားယောင်းသွေးဆောင်ပြီးနောက် စွန့်ပစ်သွားခဲ့သည့် အသိဉာဏ်ကင်းမဲ့သော အသုံးမကျသည့် လူရှုပ်လူပွေတစ်ဦးပင်။

ထိုအကြောင်းကို ကြားရသောအခါ ငွေရောင်ဝံပုလွေစစ်သည်များ၏ ချိန်ခွင်လျှာမှာ ဝန်ကြီး လျူဘက်သို့ ချက်ချင်း ယိမ်းယိုင်သွားတော့သည်။ စစ်သည်များအတွက် ဆိုလွန်မှာ တစ်စစီ ဆွဲဖြဲပစ်ရန် ထိုက်တန်သော လူယုတ်မာတစ်ကောင်ပင်။

သူတို့သည် မိန်းမများကို လှည့်စားတတ်သည့် ရုပ်ရည်ချောမောသော ကောင်လေးများကို အလွန် မုန်းတီးကြ၏။ သို့သော် ဝန်ကြီး လျူမှာ ထူးချွန်ထက်မြက်ပြီး မြင့်မြတ်သောအနွယ်မှ မွေးဖွားလာကာ အချစ်၌ သစ္စာရှိသူ ဖြစ်သည်။ သူသည် ယန်ရွှမ်းအတွက် အကောင်းဆုံး အမျိုးသားဖြစ်ပြီး သခင်မလေးနှင့် အလွန် လိုက်ဖက်ပုံရပေသည်။

စိုးရိမ်ပူပန်မှုများနှင့်အတူ စစ်သည်အများအပြား ယန်ရွှမ်းကိုယ်စား ဆုံးဖြတ်ချက် ချပေးချင်စိတ်များ ပေါက်လာကြသည်။ သူမသည် စစ်ရေး၌ အလွန် ထူးချွန်သလို နတ်သမီးတစ်မျှ လှပသောရုပ်ရည်ရှိသူလည်းဖြစ်သည်။ သူတို့အတွက် နတ်ဘုရားတစ်ပါးအလားဖြစ်နေသည့်သူမမှာ ဤနေရာ၌ မသေသင့်ပါချေ။

အပိုင်း ၂၉၄ ပြီး။

All Chapters