← Chapters

အခန်း ၁၀၉

Vol. 11 Ch. 109

အခန်း ၁၀၉

Vol. 11 Ch. 109

အခန်း (၁၀၉) ပြည်နှင်ဒဏ်ပေးခြင်း ၊ နေရာလွတ်၏ အပြောင်းအလဲများ

​ချန်ကျီသည် ခုနက စဉ်းစားထားသော အစီအစဉ်ကို ကျောက်လင်းအာနှင့် အတူတူ တိုင်ပင်ဆွေးနွေးလိုက်ပြီး လိုအပ်သည်များကို ဖြည့်စွက်ပြင်ဆင်ခိုင်းလိုက်သည်။

​အစီအစဉ်တွင် ပြဿနာမရှိကြောင်း အခြေခံအားဖြင့် အတည်ပြုပြီးနောက် ချန်ကျီက ကျောက်လင်းအာကို အိမ်တွင် ဆက်လက် စောင့်ခိုင်းထားခဲ့သည်။

​သူကိုယ်တိုင်ကမူ အတွေး ကို လှုပ်ရှားလိုက်ပြီး သံနက်ရိုင်း မိုင်းတွင်းထဲရှိ 'ယဲ့ကျန်းဖျင်' ၏ ခန္ဓာကိုယ်ထဲသို့ အသိစိတ် သက်ဆင်းစေလိုက်သည်။

​ချန်ကျီ၏ အသိစိတ် သက်ဆင်းလာသည်နှင့်အမျှ သံနက်ရိုင်း မိုင်းတွင်းထဲရှိ ကိုယ်ပွားများ အားလုံးက စိတ်ထဲမှ ခံစားမိသွားကြပြီး လက်ထဲရှိ အလုပ်များကို ချကာ ချန်ကျီကို လာရောက် အရိုအသေပေး ကြသည်။

​ချန်ကျီက ဝမ်းမြောက်ဝမ်းသာ လက်ခံလိုက်ပြီး သူတို့ကို လုပ်စရာရှိသည်များကို ဆက်လက် လုပ်ဆောင်ခိုင်းလိုက်သည်။

​ယဲ့မိသားစု၏ အုတ်မြစ်ချခြင်းအဆင့် ကျင့်ကြံသူ သုံးဦးနေရာတွင် အစားထိုးမည့် ကိုယ်ပွား သုံးခုကိုသာ ချန်ထားခဲ့သည်၊ ဤကိုယ်ပွား သုံးခု၏ လက်ရှိ အမည်များမှာ 'ယဲ့ချင်ကန်း'၊ 'ယဲ့ဟွိုင်ရန်' နှင့် 'ယဲ့ဖန်ရှန်း' တို့ ဖြစ်ကြသည်။

​ထို့နောက် ကိုယ်ပွားများက ချန်ကျီကို ယဲ့မိသားစုမှ အသစ်ရောက်ရှိလာသော အုတ်မြစ်ချခြင်းအဆင့် ကျင့်ကြံသူ သုံးဦးထံ ခေါ်ဆောင်သွားခဲ့သည်၊ ယခုအခါ ထိုသုံးဦးမှာ မြေပြင်ပေါ်တွင် လဲလျောင်းနေကြပြီး သတိမေ့မြောနေကာ ခန္ဓာကိုယ်ပေါ်တွင်လည်း ဒဏ်ရာဒဏ်ချက်များစွာ ရှိနေခဲ့သည်။

​ချန်ကျီက ယဲ့ကျန်းဖျင်နှင့် တိုက်ရိုက် စိတ်ချင်း ဆက်သွယ်လိုက်သည်။ "ဒီသုံးယောက်က ဘယ်လိုအခြေအနေလဲ"

​"သခင်... ဒီသုံးယောက် ရောက်လာပြီးတာနဲ့ မိုင်းတွင်းထဲကို ဝင်ပြီး လူလဲဖို့ တောင်းဆိုပါတယ်၊ မူလကတော့ ကျွန်တော်တို့က အချိန်ဆွဲဖို့ တွေးထားပေမဲ့ ဒီသုံးယောက်က တစ်ခုခုကို ရိပ်မိသွားပုံရပြီး လှည့်ထွက်ပြေးဖို့ လုပ်တာကြောင့် သူတို့ကို အရင်ဆုံး ဖမ်းဆီးလိုက်ရတာပါ"

​"ကောင်းပြီ... မင်းတို့ လုပ်တာ တော်တယ်"

​ထို့နောက် ချန်ကျီက ကျန်ရှိနေခဲ့သော ကိုယ်ပွား သုံးခုကို ကြည့်ကာ ဆက်ပြောလိုက်သည်။ "မင်းတို့ သုံးယောက်က အရင်က ယဲ့မိသားစုရဲ့ အုတ်မြစ်ချခြင်းအဆင့် သုံးယောက်ကို ဝိညာဉ်ရှာဖွေခြင်း နဲ့ စမ်းသပ်ထားပြီးပြီမလို့ သူတို့ရဲ့ မှတ်ဉာဏ်တွေကို ကောင်းကောင်း သိထားကြမှာပဲ"

​"အခု ယဲ့မိသားစုက ဒီနေရာကို စောင့်ကြပ်ဖို့ လူလဲချင်နေမှတော့ မင်းတို့ သုံးယောက်ကပဲ ယဲ့မိသားစုဆီ အပ်ရမယ့် သံနက်ရိုင်းတွေကို သယ်ပြီး ပြန်သွားပြီး သတင်းပို့လိုက်ကြ၊ အဆင်ပြေတာက ငါ မင်းတို့ကို ယဲ့မိသားစုထဲမှာ သူလျှိုအဖြစ် ထားဖို့ အစီအစဉ် ရှိနေတာပဲ"

​"တစ်ပါတည်းမှာပဲ မင်းတို့က တစ်ခါတရံမှာ ကျင့်ကြံခြင်းအဆင့်ကို အနည်းငယ် ထုတ်ပြပြီး ယဲ့မိသားစုထဲကနေ ကျင့်ကြံခြင်း အရင်းအမြစ်တွေ ပိုရအောင် ကြိုးစားလို့ ရသလို မမျှော်လင့်ထားတဲ့ ရလဒ်တွေလည်း ရနိုင်တယ်"

​ယဲ့ချင်ကန်း၊ ယဲ့ဟွိုင်ရန်နှင့် ယဲ့ဖန်ရှန်း သုံးဦးစလုံးက တစ်ပြိုင်နက် ပြောလိုက်သည်။ "ဟုတ်ကဲ့ပါ သခင်"

​"အင်း... ဒီနေရာကို မင်းတို့ ဂရုစိုက်နေစရာ မလိုတော့ဘူး၊ ကောင်းကင်ဝိညာဉ်ပေါက်တူး တွေကို အနန္တနေရာလွတ်ထဲ ပြန်ထည့်ပြီးရင် ထွက်သွားလို့ ရပြီ"

​"ဟုတ်ကဲ့ပါ သခင်"

​ယဲ့ချင်ကန်း၊ ယဲ့ဟွိုင်ရန်နှင့် ယဲ့ဖန်ရှန်း သုံးဦးစလုံး ပြောပြီးနောက် ချန်ကျီကို လက်သီးဆုပ် နှုတ်ဆက်ကာ သံနက်ရိုင်း မိုင်းတွင်းမှ ထွက်ခွာ၍ ဝမ်နန်မြို့ဘက်သို့ ဦးတည် သွားကြတော့သည်။

​ကိစ္စများကို စီစဉ်ပြီးနောက် ချန်ကျီက ချက်ချင်း ထွက်သွားရန် မလောဘဲ ယဲ့ကျန်းဖျင်၏ ခန္ဓာကိုယ်ကို ထိန်းချုပ်ကာ သံနက်ရိုင်း မိုင်းတွင်းထဲတွင် လှည့်လည် ကြည့်နေခဲ့သည်။

​ဤတစ်ခေါက် သံနက်ရိုင်း မိုင်းတွင်းသို့ ထပ်မံ ရောက်ရှိလာချိန်တွင် ချန်ကျီက သံနက်ရိုင်း မိုင်းတွင်း၏ ဂူလမ်းကြောင်းက ပိုမို နက်ရှိုင်းလာကြောင်း သိသာစွာ ခံစားလိုက်ရသည်။

​ဤအရာများအားလုံးက ကိုယ်ပွားများ နေ့ညမပြတ် မနားတမ်း ကြိုးစား အားထုတ်ခဲ့ကြခြင်းကြောင့် ဖြစ်သည်။

​"ကြည့်ရတာ ဒီသံနက်ရိုင်း မိုင်းတွင်းက သိပ်မကြာခင်မှာပဲ တူးလို့ ကုန်တော့မှာပဲ" ချန်ကျီက သက်ပြင်းချရင်း တူးစရာ မိုင်းတွင်း မရှိတော့မည့်အရေးကို နှမြောတသ ဖြစ်မိသွားသည်။

​မိုင်းတွင်း အောက်ခြေဘက်သို့ နောက်ထပ် အကွာအဝေးတစ်ခုအထိ ဆက်လျှောက်သွားရာ ချန်ကျီက ကိုယ်ပွားတစ်ခုက ယဲ့မိသားစုဝင်များ မိုင်းတူးနေသည်ကို စောင့်ကြည့်နေသည်ကို မြင်တွေ့လိုက်ရသည်။

​ယဲ့မိသားစုဝင်များကို စောင့်ကြည့်နေသော ကိုယ်ပွားက ချန်ကျီ ရောက်လာသည်ကို မြင်သောအခါ ချက်ချင်း အနားသို့ လာကာ အရိုအသေပေး သည်။ "သခင်..."

​"မင်းက နံပါတ် ၂၂ မဟုတ်လား"

​"ဟုတ်ပါတယ် သခင်... ကျွန်တော်က နံပါတ် ၂၂ ပါ"

​"ဒီယဲ့မိသားစုဝင်တွေက တစ်ရက်ကို သံနက်ရိုင်း ဘယ်လောက်တောင် တူးနိုင်ကြလဲ"

​နံပါတ် ၂၂ ကိုယ်ပွား၏ မျက်နှာအမူအရာက အနည်းငယ် ညိုညင်သွားခဲ့သည်၊ သူင ဤယဲ့မိသားစုဝင်များကို ကြည့်ရသည်မှာ ကြာပြီဖြစ်၍ စိတ်မရှည်တော့ပေ။ "ဒီယဲ့မိသားစုဝင်တွေ အားလုံး ပေါင်းမှ တစ်ရက်ကို သံနက်ရိုင်း ကီလိုဂရမ် ၁၅၀၀ ပဲ တူးနိုင်ကြတာပါ၊ ကျွန်တော်တို့က သူတို့ကို စောင့်ကြည့်ဖို့ နေ့တိုင်း လူတစ်ယောက် သီးသန့် အချိန်ပေးနေရသေးတယ်"

​"သခင်... သူတို့ကို အကုန် သတ်ပစ်လိုက်ရင် မကောင်းဘူးလား၊ ကျွန်တော် တစ်ယောက်တည်း တစ်ရက် တူးတာတင် သူတို့အားလုံး ပေါင်းတာထက် အဆပေါင်းများစွာ ပိုများသေး တယ်"

​ချန်ကျီသည်လည်း ကိုယ်ပွား ပြောသည်က အကျိုးအကြောင်း ရှိသည်ဟု ခံစားလိုက်ရသည်၊ ယခုအခါ ဤယဲ့မိသားစုဝင်များကို ကျွေးမွေးထားရရုံသာမက စောင့်ကြည့်ရန် ကိုယ်ပွားတစ်ခုကိုပါ အလဟဿ အချိန်ဖြုန်းခိုင်းထားရသဖြင့် တကယ်ကို တွက်ခြေမကိုက်ပေ။

​ချန်ကျီက ခပ်ဖွဖွ ရယ်မောလိုက်သည်။ "ဘာလို့ ဒီလောက်တောင် စိတ်တိုနေရတာလဲ၊ သူတို့ကို သတ်ပစ်လိုက်တာက သူတို့အတွက် သက်သာလွန်းရာ ကျလိမ့်မယ်၊ သူတို့ရဲ့ ကျင့်ကြံခြင်းအဆင့်တွေကို အကုန် ဖျက်ဆီးပစ်ပြီး ကျောက်ယွမ်ဆီ အကုန် လွှဲပေးလိုက်၊ ကျောက်ယွမ်ကို သူတို့ကို နယ်စပ်ဒေသဆီ ပြည်နှင်ဒဏ်ပေး ခိုင်းလိုက်"

​ချန်ကျီ ဤသို့ ပြောသည်ကို ကြားသောအခါ နံပါတ် ၂၂ ကိုယ်ပွား၏ ညိုညင်နေသော မျက်နှာအမူအရာက ချက်ချင်း စိတ်လှုပ်ရှား တက်ကြွမှုအဖြစ် ပြောင်းလဲသွားခဲ့သည်။ "ကောင်းပါပြီ သခင်... ကျွန်တော် အခုပဲ သွားလုပ်လိုက်ပါ့မယ်"

​"ခဏနေဦး" ချန်ကျီက စိတ်လှုပ်ရှားနေသော နံပါတ် ၂၂ ကိုယ်ပွားကို လှမ်းတားလိုက်သည်။ "ဘာလို့ လောနေတာလဲ၊ ငါ ထွက်သွားပြီးမှ သွားလုပ်၊ တစ်ပါတည်းမှာပဲ ခုနက ရောက်လာတဲ့ ယဲ့မိသားစုရဲ့ အုတ်မြစ်ချခြင်းအဆင့် သုံးယောက်ကိုပါ အတူတူ ပို့လိုက်"

​"ဟုတ်ကဲ့ပါ သခင်" နံပါတ် ၂၂ ကိုယ်ပွားက ယခုအခါ ပို၍ပင် စိတ်လှုပ်ရှားသွားခဲ့သည်၊ နောက်ဆုံးတော့ သူ စွမ်းရည်ပြသရမည့် နေရာ ရှိလာခဲ့ပြီ ဖြစ်သည့်အပြင် ဤယဲ့မိသားစုဝင်များကို ဆက်လက် စောင့်ကြည့်နေစရာ မလိုတော့ပေ။

​သူက အလုပ်လုပ်လျှင် ခိုချင်စိတ် ရှိပြီး သူ့လိုမျိုး အလုပ်အပေါ် စိတ်ရောကိုယ်ပါ မနှစ်မြှုပ်ကြသော ဤယဲ့မိသားစုဝင်များကို စိတ်ကုန်နေခဲ့သည်မှာ ကြာပြီ ဖြစ်သည်။

​ချန်ကျီက သံနက်ရိုင်း မိုင်းတွင်းထဲတွင် နောက်ထပ် တစ်ပတ် လှည့်ပတ်ကြည့်လိုက်ပြီး "ယဲ့ကျန်းဖျင်... သံနက်ရိုင်း မိုင်းတွင်းဘက်ကို မင်းတို့ဆီပဲ အပ်ခဲ့မယ်၊ အမြန်ဆုံး နှုန်း နဲ့ ဒီနေရာကို အကုန် တူးပစ်လိုက်ကြ"

​"ဟုတ်ကဲ့ပါ သခင်"

​ဒီတစ်ခေါက် ယဲ့မိသားစုက ရုတ်တရက် သံနက်ရိုင်း မိုင်းတွင်းသို့ လူလဲရန် စေလွှတ်လိုက်ခြင်း ဖြစ်ရာ နောက်တစ်ကြိမ်တွင် ယဲ့မိသားစုက မည်သည့် ပြဿနာများ ထပ်ရှာဦးမည်ကို မသိနိုင်ပေ။

​တကယ်ကို အလုပ်ရှုပ်လှသဖြင့် သံနက်ရိုင်း မိုင်းတွင်းကို စောစောစီးစီး အကုန် တူးပစ်လိုက်ခြင်းက အကောင်းဆုံး ဖြစ်ပေသည်။

​ချန်ကျီ၏ အသိစိတ်က ယဲ့ကျန်းဖျင်၏ ခန္ဓာကိုယ်ထဲမှ ထွက်ခွာသွားခဲ့သည်။

​သံနက်ရိုင်း မိုင်းတွင်းထဲရှိ ကိုယ်ပွားများက ချန်ကျီ ပေးအပ်ခဲ့သော တာဝန်ကို ပြီးမြောက်အောင်မြင်ရန်အတွက် လက်ထဲရှိ အလုပ်များကို ချလိုက်ကြသည်။

​ချက်ချင်းပင် သံနက်ရိုင်း မိုင်းတွင်းထဲတွင် အော်ဟစ်သံများနှင့် အသနားခံသံများ အဆက်မပြတ် ထွက်ပေါ်လာခဲ့သည်။

​ဤအော်ဟစ်သံများကို မကြားလိုသဖြင့် ကိုယ်ပွားများက ယဲ့မိသားစုဝင်များ၏ ကျင့်ကြံခြင်းအဆင့်ကို ဖျက်ဆီးကာ နာကျင်မှုကို ခံစားစေပြီးနောက် သူတို့ကို ချက်ချင်းပင် သတိမေ့မြောအောင် ရိုက်နှက်လိုက်ကြသည်။

​သံနက်ရိုင်း မိုင်းတွင်းထဲတွင် မကြာခင်မှာပင် ပြန်လည် တိတ်ဆိတ်သွားခဲ့ပြီး သတိမေ့မြောနေသော ယဲ့မိသားစုဝင် ၃၂ ဦးကို တစ်နေရာတည်းတွင် စုစည်းထားလိုက်ကာ ကျောက်ယွမ်နှင့် ဆက်သွယ်မိသည်နှင့် သူတို့အားလုံးကို ပို့ဆောင်ရန် စောင့်ဆိုင်းနေကြသည်။

​ဤအရာများကို လုပ်ဆောင်ပြီးနောက် ကိုယ်ပွားများ၏ မျက်နှာပေါ်တွင် မည်သည့် ဝမ်းသာပီတိဖြစ်မှုမျှ မရှိဘဲ သူတို့၏ တာဝန်ဖြစ်သော ဤနေရာကို အကုန်တူးရန် ကိစ္စကို ဆက်လက် လုပ်ဆောင်နေကြသည်။

....

​ချန်ကျီ၏ အသိစိတ်က သူ့ ခန္ဓာကိုယ်ထဲသို့ ပြန်လည် ရောက်ရှိလာချိန်တွင် စနစ်၏ သတိပေးချက် က ထွက်ပေါ်လာခဲ့သည်။

​သတိပေးချက် : 'ကြိုးကြာပျံ ခြေလှမ်း' ကျင့်စဉ်သည် ဒဏ္ဍာရီအဆင့် သို့ တက်လှမ်းသွားပြီ ဖြစ်၍ အခြား သိုင်းပညာ ပြောင်းလဲ လေ့ ကျင့်နိုင်ပါပြီ။

​သတိပေးချက်ကို ဖတ်ရှုပြီးနောက် ချန်ကျီက စိတ်ထဲ၌ တွေးလိုက်သည်။ "'ကြိုးကြာပျံ ခြေလှမ်း' ရဲ့ ကျွမ်းကျင်မှုကလည်း ဒဏ္ဍာရီအဆင့်ကို ရောက်သွားပြီဆိုတော့ အခု ဝိညာဉ်ရှာဖွေခြင်း နဲ့ နှလုံးဖောက် တိုက်ခိုက်မှု ပဲ ဒဏ္ဍာရီအဆင့် ရောက်ဖို့ ကျန်တော့တာပဲ"

​"အခု အနန္တစတိုးဆိုင်ထဲမှာ မြေကြီး အဆင့် အဆင့်မြင့် မန္တန် တွေ လဲလှယ်လို့ ရနေပြီဆိုတော့ အရင်ဆုံး မြေကြီး အဆင့် အဆင့်မြင့် မန္တန် စာအုပ်အချို့ သွားရွေးပြီး ပြင်ဆင်ထားရမယ်"

​စိတ်ထဲမှ တွေးရင်း ချန်ကျီက သူ့ခန္ဓာကိုယ်ထဲသို့ ပြန်ရောက်ခါစ အသိစိတ်ကို အနန္တနေရာလွတ်ထဲသို့ ချက်ချင်း ပြန်လည် ဝင်ရောက်စေလိုက်သည်။

​ချန်ကျီက အလိုအလျောက် ကျင့်ကြံခန်း သို့ သွားကာ ဝိညာဉ်ရှာဖွေခြင်း ကို အစားထိုး ထည့်သွင်းလိုက်ပြီးနောက် အသိစိတ်က သူ့ ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်လာခဲ့သည်။

​"နေ့တိုင်း တကယ် အလုပ်ရှုပ်တာပဲ၊ ဘာလို့ ကိစ္စတွေ ဒီလောက်တောင် များနေရတာလဲ၊ လင်းအာ သီချင်းဆိုတာ နားထောင်ဖို့တောင် အချိန်မရှိဘူး"

​ချန်ကျီက ကျောက်လင်းအာကို ခေါ်ပြီး သီချင်းနှစ်ပုဒ်လောက် ဆိုခိုင်းရန် တွေးလိုက်မိသော်လည်း ရုတ်တရက် တစ်ခုခုကို သတိရသွားခဲ့သည်။ "မဖြစ်ဘူး... ဒီလိုမျိုး ပျက်စီးလို့ မဖြစ်သေးဘူး၊ စာအုပ်တွေ အများကြီး ဖတ်ဖို့ ကျန်သေးတယ်၊ ချန်ကျီ... မင်းက တကယ်ကို ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်ဘူးပဲ၊ နောက်ထပ် တစ်နာရီလောက် စာ ဆက်ဖတ်ဦး"

​စိတ်ထဲ၌ သူ့ကိုယ်သူ သတိပေးစကား ပြောပြီးနောက် ချန်ကျီက သူ ချထားခဲ့သော ကျင့်ကြံခြင်း အထွေထွေမှတ်တမ်း စာအုပ်ကို ပြန်လည် ကောက်ကိုင်လိုက်သည်။

​အချိန်များက အလွန် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပြီး ချန်ကျီက သတိမထားမိဘဲ စာအုပ်ထဲတွင် နစ်မျောနေခဲ့ရာ သုံးနာရီနီးပါးပင် ရှိသွားခဲ့ပြီ ဖြစ်သည်။

​မှန်ပေသည်၊ စာဖတ်ခြင်းက လူကို ပျော်ရွှင်စေပြီး ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ခြင်းက လူကို တိုးတက်စေသည်။

......

​အနန္တနေရာလွတ်အတွင်း

​ကျောက်ယွမ်က အချိန်လုကာ တစ်ယောက်တည်း ထွက်လာပြီး အနန္တနေရာလွတ်ထဲသို့ ဝင်ရောက်ရန် အခွင့်အရေး ရရှိခဲ့သည်။

​သို့သော်လည်း သူ အနန္တနေရာလွတ်ထဲရှိ အပြောင်းအလဲများကို မြင်တွေ့လိုက်ရချိန်တွင် သူ့အနေနှင့် အရာများစွာကို လွတ်သွားခဲ့ပြီဟု ခံစားလိုက်ရသည်။

​ကျောက်ယွမ် စိတ်ထဲ၌ သံသယ ဖြစ်နေစဉ်မှာပင် အနန္တနေရာလွတ်ထဲ၌ ရေရှည် စောင့်ကြပ်ရန် စီစဉ်ထားခြင်း ခံရသော ရှောင်ဖျင်နှင့် ရှောင်အန်းတို့က အနားသို့ လျှောက်လာခဲ့ကြသည်။

​"မင်းက ဘယ်သူလဲ"

​"ငါ့အမည်က ကျောက်ယွမ် လို့ ခေါ်ပါတယ်၊ မင်းတို့က သခင်က နောင်ကျရင် အနန္တနေရာလွတ်ထဲမှာ ရေရှည် စောင့်ကြပ်ဖို့ စီစဉ်ထားတဲ့ ကိုယ်ပွားတွေလား"

​"ဟုတ်ပါတယ်... ကျွန်တော့်နာမည်က ရှောင်ဖျင် ပါ"

​"ကျွန်တော့်နာမည်က ရှောင်အန်း ပါ"

​"မင်းက အရင်းအမြစ်တွေ လာလဲတာ မဟုတ်လား"

​ကျောက်ယွမ်က ခေါင်းညိတ်ပြလိုက်သည်။ "အင်း..."

​"ကောင်းပါပြီ... သခင်က ကျွန်တော်တို့ကို ပြောပြထားပြီးသားပါ၊ မင်း ဘာပစ္စည်း လဲချင်လဲဆိုတာ ကိုယ့်ဘာသာ ယူသွားလို့ ရပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့က စာရင်းတော့ မှတ်ထားဖို့ လိုအပ်ပါတယ်"

​ရှောင်ဖျင်က စကားပြောနေစဉ်မှာပင် ရှောင်အန်းက စာရင်းစာအုပ်တစ်အုပ်ကို ထုတ်ယူလိုက်ပြီ ဖြစ်သည်။

​ကျောက်ယွမ်က သိုလှောင်လက်စွပ် တစ်ကွင်းကို ထုတ်ပေးလိုက်သည်။ "မင်းတို့ ကြည့်ပါ၊ ဒီပစ္စည်းတွေနဲ့ဆိုရင် ပထမအဆင့် ဆေးလုံး ဘယ်လောက် လဲလို့ရမလဲ"

​ရှောင်ဖျင်က သိုလှောင်လက်စွပ်ကို အုပ်ကိုင်ကာ စာရင်းစစ်ဆေးလိုက်ပြီး ရှောင်အန်းက စာရင်းမှတ်တမ်း တင်နေခဲ့သည်။

​မကြာခင်မှာပင် သိုလှောင်လက်စွပ်ထဲရှိ ပစ္စည်းများကို စစ်ဆေးပြီးစီးသွားခဲ့သည်။

​"စစ်ဆေးပြီးပြီ၊ မင်း ဘာဆေးလုံးတွေ လဲချင်လဲ" ရှောင်ဖျင်က မေးလိုက်သည်။

​ကျောက်ယွမ်က အသုံးအများဆုံး ဖြစ်သည့် ပထမအဆင့် ဆေးလုံးအမည်အချို့ကို ပြောပြလိုက်သည်။

​"ကောင်းပါပြီ"

​မကြာခင်မှာပင် ရှောင်ဖျင်နှင့် ရှောင်အန်းတို့က ကျောက်ယွမ် လိုချင်သည့် ဆေးလုံးများကို စာရင်းတွက်ချက် ထုတ်ပေးလိုက်သည်။

​"မင်း လိုချင်တဲ့ ဆေးလုံးတွေ အားလုံးကို သိုလှောင်လက်စွပ်ထဲ ထည့်ပေးထားပြီးပါပြီ"

​"ကောင်းပါပြီ... ကျေးဇူးတင်ပါတယ်"

​

All Chapters