အပိုင်း(၉၇၄)
Vol. 020 Ch. 974
အရှင်မီးတောက်က ထိုအဖြူရောင်မီးတောက်လုံးကို ပစ်လွှတ်ခြင်းမရှိဘဲ ချေမွပစ်သည်။ ထိုမီးတောက်သည် ပျက်စီးသွားသည့်အခါ မရေမတွက်နိုင်သော ဖီးနစ်များအဖြစ်သို့ ပြောင်းလဲသွား၏။၎င်းဖီးနစ်များမှာ အော်သံပေး၍ ဂျီရှန်းထျန်ရှိရာသို့ တန်းတန်းမတ်မတ် တိုးဝင်သွားကြသည်။
ဂျီရှန်းထျန်က သူ့လက်နှစ်ဖက်ကို ဖြန့်ကားကာ ခပ်စူးစူး ရယ်မောလိုက်၏။ သူ့နောက်ရှိ မရေမတွက်နိုင်သော ရေခဲချပ်များသည် စတင်တုန်ဟီးကာ ရှေ့သို့ ရွှေ့လျားသွားသည်။
သူတို့နှစ်ယောက်သည် အမျိုးမျိုးသော မန္တာန်များကို ထုတ်ဖော်ကြ၏။ မူလစွမ်းအင်သည် တဝုန်းဝုန်း ဖြစ်နေကာ မြန်ဆန်စွာ ပျံ့လွင့်သည်။
မြောက်ပိုင်းနယ်မြေတစ်ခုလုံးသည် ကဗြောင်းကဗျန် တိုက်ပွဲအဖြစ်သို့ ရောက်ရှိ ဝင်ရောက်သွားသည်။
အရှင်မီးတောက်၏ မျက်လုံးမှာ တလက်လက် ဖြစ်နေသည်။သူက သူ့ညာလက်ကို ဝှေ့ယမ်း၏။ ကောင်းကင်ဘုံနယ်မြေအပိုင်းအစများစွာ ပေါ်လာပြီး သူက အော်ပြော၏။ “ကောင်းကင်ဘုံ ဘီး…”
ထိုစကားနှင့်အတူ သူ့ပတ်လည်ရှိ ကောင်းကင်ဘုံအစိတ်အပိုင်းများသည် တုန်ဟီးကာ သူ့အား လှည့်ပတ်၏။ ထိုအဖြစ်ကနေ မုန်တိုင်းတစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။
ထိုမုန်ုတိုင်း ရိုက်ခတ်လာသည့်အခါ သက်ရောက်ခံရသည့် ကျင့်ကြံသူအားလုံး နောက်ဆုတ်ရသည်။
ဂျီရှန်းထျန်အသွင်က သုန်မှုန်လာ၏။ သူက သူ့လက်ကိုပင့်ကာ အော်ပြောသည်။ “ရေခဲဥပဒေသ…”
ချက်ခြင်းပင် မရေမတွက်နိုင်သော အအေးစွမ်းအင်များသည် သူ့လက်ထဲကနေ အရူးအမူး ပျံ့နှံ့လာ၏။ တုန်ဟီးသံများအောက်၌ မရေမတွက်နိုင်သော ရေခဲချပ်များသည် ထိုးထွက်ကာ အရှင်မီးတောက်ရှိရာသို့ မြန်ဆန်စွာ တိုးဝင်လာသည်။
သည်အခိုက်၌ အရှင်မီးတောက်၏ ပတ်လည်၌ ပြင်းထန်လှသော အေးစိမ့်မှုတစ်ခု ပေါ်လာ၏။ ထိုအေးစိမ့်မှုထဲ၌ ဥပဒေသ ပါဝင်သည်။မျက်စိတစ်မှိတ်အတွင်း ၎င်းက ရေခဲလွှာများ ဖြစ်ပေါ်ကာ အရှင်မီးတောက်ကို အထဲ၌ ပိတ်လှောင်ပစ်သည်။
ထိုအခိုက်၌ လမြွေနဂါးကြီး၏ ဟိန်းသံသည် ကြယ်များကြားတွင် ပျံ့နှံ့ပဲ့တင်ထပ်လာသည်။
ထိုမြင်ကွင်းက မဟာမိတ်ဘက်ခြမ်းမှ ကျင့်ကြံသူများ၏ အသွင်ကို ပြောင်းလဲသွားစေသည်။
သွေးနတ်ဘုရားနှင့်သူ့အပေါင်းအပါများကို တိုက်ခိုက်နေကြသော မိစ္ဆာနက်သူတော်စင် နှင့်တိမ်နဂါးနတ်ဆိုးသူတော်စင်တို့သည် သုန်မှုန်လာကာ နောက်သို့ အလျင်အမြန် ဆုတ်သည်။
ဂျီရှန်းထျန်က အေးစက်စက် နှာခေါင်းရှုံ့၏။ သူက နောက်ဆုတ်ရမည့်အစား ရေခဲနှင့် ပိတ်မိနေသော အရှင်မီးတောက်ထံသို့ တန်းတန်းမတ်မတ် ဝင်ရောက်လာသည်။သူက အနားသို့ ရောက်လာသည်နှင့် သူ့လက်နှစ်ဖက်ကို ရေခဲလွှာပေါ်သို့ ချက်ခြင်း ဖိနှိပ်ချသည်။
ထိုအခိုက်၌ ရေခဲလွှာထဲသို့ ဖျက်စီးမှုအားတစ်ခု တိုးဝင်လာ၏။၎င်းအားက အရှင်မီးတောက်ရှိရာသို့ ဦးတည်၏။
ရေခဲလွှာထဲ၌ အရှင်မီးတောက်၏ မျက်လုံးသည် ဖျပ်ခနဲ အေးစက်သွားရင်း သူက ပြုံး၏။သူဖုံးကွယ်ထားသည့် ကျင့်ကြံမှုအဆင့်သည် အရူးအမူး ပေါက်ကွဲထွက်လာသည်။ သူက နိဗ္ဗာနကြိုမြင်ခြင်းနောက်ဆုံးအဆင့်ကနေ အံ့မခန်းအဆင့်တစ်ခုသို့ တိုးတက်သွားသည်။
“မင်း…မင်း အဆင့်ချိုးဖျက်နိုင်ခဲ့ပြီ…” ဂျီရှန်းထျန်၏အသွင်က ကြီးစွာပြောင်း၏။သူက နောက်သို့ ချက်ခြင်း ဆုတ်သည်။
အရှင်မီးတောက်ကို ချုပ်နှောင်ထားသည့် ရေခဲလွှာများပေါ်၌ အက်ကြောင်းများ ပေါ်လာ၏။ သည့်နောက် မျက်စိတစ်မှိတ်အတွင်း ရေခဲလွှာများသည် တစစီဖြစ်သွားကာ မရေမတွက်နိုင်သော အပိုင်းအစများမှာ အရပ်မျက်နှာအစုံ့သို့ ထိုးထွက်သွားကြသည်။
အရှင်မီးတောက်က ရယ်မော၏။သူက ခြေတစ်လှမ်းလှမ်းကာ လောကနှင့် တသားတည်းပေါင်းသည်။သူက လောကနှင့်တသားတည်းပေါင်းစပ်လိုက်သည့်အခိုက် သူ့မူလစွမ်းအင်သည် အရူးအမူး ပျံ့နှံ့လာသည်။
ဤအခိုက်၌ လောကရှိ မူလစွမ်းအင်သည် အပြင်းအထန် တုန်ယင်ကာ လေဟာနယ်ကွေးညွတ်ခြင်းကို တိုက်ခိုက် ဟန့်တား၏။ တချိန်တည်းမှာ အရှင်မီးတောက် သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေသည်။အနီရောင်မီးတောက်တစ်ခုသည် နဂါးတစ်ကောင်အလား ပျံ့လွင့်လာသည်။
သိပ်မကြာခင်တွင် အရှင်မီးတောက်က သူ့မူလစွမ်းအင်အဆီအနှစ်ကို ထွေးထုတ်သည်။ထိုစွမ်းအင်က လှည့်ပတ်နေသော ကောင်းကင်ဘုံအစိတ်အပိုင်းများပေါ်သို့ ကျရောက်ပြီး ဂျီရှန်းထျန်၏ ဆုတ်လမ်းကို ပိတ်ဆို့လေသည်။
ကောင်းကင်ဘုံအစိတ်အပိုင်းများသည် တုန်ခါကာ အရင်ထက် ဆယ်စ ပိုမြန်စွာ လှည့်ပတ်လာသည်။ ၎င်းအစိတ်အပိုင်းများသည် ထိုးထွက်ကာ ဂျီရှန်းထျန်ကို အတွင်းထဲ၌ ပိတ်မိစေသည်။
အစိတ်အပိုင်းများ လှည့်ပတ်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် မုန်တိုင်းက မြည်ဟိန်းလာ၏။ဂျီရှန်းထျန်၏အသွင်က သုန်မှုန်နေသည်။ သူ့လက်ကို အထက်သို့ တွန်းထုတ်ရာ မူလစွမ်းအင်များစွာ စုဝေးလာ၏။သူက ချိုးဖျက်ရန် ပြင်သည်။ ထိုအချိန်၌ အရှင်မီးတောက်က ခြေလှမ်းထွက်သည်။သူ့ခန္ဓာကိုယ်ကနေ မီးတောက်မြောက်များစွာ ထိုးထွက်နေ၏။ သူက သူ့လက်ကို ညွှန်ရာ မီးတောက်များ တရကြမ်းတိုးဝင်သည်။အချို့မီးတောက်များမှာ မုန်တိုင်းနှင့်ပေါင်းစပ်သွား၏။
ဤအခိုက်မှာပင် အကွာအဝေးတစ်ခုကနေ လမြွေနဂါးသည် ရောက်ရှိလာ၏။ ၎င်းက အလွန်ကြမ်းမည့်ပုံ ပေါ်နေသည်။
မာန်သွင်းဟိန်းအော်သံများ ပဲ့တင်ထပ် မြည်ဟီးသည်။ခဏအကြာတွင် နှစ်ဖက်လုံးမှ ကျင့်ကြံသူများသည် တိုက်ခိုက်နေခြင်းကို ရပ်တန့်ကာ နောက်သို့ ဆုတ်ရင်း သူတို့ရှေ့ရှိ မြင်ကွင်းကို မင်သက်ကြောင်ရီစွာ စူးစိုက်ကြည့်နေမိကြသည်။
မိစ္ဆာနက်သူတော်စင်က လမြွေနဂါးကို တချက်ကြည့်၏။ သူ့ဦးရေပြားပင် ကျိန်းစပ်သွားသည်ဟု ခံစားလိုက်ရသည်။သူက မချင့်ပြုံးပြုံးကာ နောက်သို့ အမြန် ဆုတ်သည်။ တိမ်နဂါးနတ်ဆိုးသူတော်စင်က မယုံကြည်နိုင်ဟန် ဖြစ်နေ၏။
ဂျီရှန်းထျန်က မင်သက်သွးသည်။သူ့မူလစွမ်းအင်သည် အရူးအမူး မြင့်တက်နေပြီး သူက မီးတောက်မုန်တိုင်း လှောင့်ချိုင့်ထဲကနေ တရကြမ်း ထွက်လိုနေ၏။သို့သော် အရှင်မီးတောက်က သူ့အား မည်သည့် ခွင့်ပြုပါမည့်နည်း။အရှင်မီးတောက် သူ့လက်နှစ်ဖက်ကို ဖြန့်ကားလိုက်ရာ ဂျီရှန်တန်ကို ပိတ်လှောင်ထားသည် မီးတောက်များထဲသို့ မူလစွမ်းအင်ကို ထိုးသွင်းသည်။
အကွာအဝေးတစ်ခုရှိ ကြယ်များ၌ လမြွေနဂါးနောက်ကနေ ကပ်ပါလာသည်မှာ သစ်သားပိုင်းကြီး ဖြစ်သည်။၎င်းက ကြီးမားလှ၏။ ၎င်းက ရုတ်တရက် ဦးတည်ချက် ပြောင်း၍ အရှင်မီးတောက်ရှိရာသို့ ရွှေ့လျားလာရင်း ဂျီရှန်းထျန်ထံသို့ တန်းတန်းမတ်မတ် တိုးဝင်လာသည်။
ဂျီရှန်းထျန်၏ မျက်လုံးသူငယ်အိမ်ပင် ကျုံ့သွားသည်။သူ့တွင် အလျင်အမြန် လွတ်မြောက်နိုင်ဖို့ နည်းလမ်း မရှိတော့ပေ။ သည်လို သေရေးရှင်ရေး အခိုက်၌ သူ့လက်နှစ်ဖက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေသည်။ သူက သူ့ခန္ဓာကိုယ်ထံသို့ လက်ညွှန်၏။ သူကလက်ညွှန်လိုက်ချိန်တိုင်း အပြာရောင်ဝဲကတော့တစ်ခု ပေါ်လာ၏။ ချက်ခြင်းပင် အပြာရောင်ဝဲကတော့တစ်ခုသည် သူ့ပတ်လည်၌ ပေါ်လာခဲ့သည်။
ထိုဝဲကတော့များ ပေါ်လာသည့်နောက် ၎င်းတို့သည် ချက်ခြင်း တိုးချဲ့ကာ ဂျီရှန်းထျန်၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သည်။ ပထမဆုံး အပြာရောင်ဝဲကတော့ သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွာချိန်၌ အပြာရောင်အလင်းလိုက်ကာစ တစ်ခုသည် ဂျီရှန်းထျန်ပတ်လည်၌ ပေါ်လာသည်။
ဝဲကတော့ဆယ့်သုံးခုလုံး သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည့်နောက် သူ့ခန္ဓာကိုယ်သည် စူးရှသော အပြာရောင်အလင်းတစ်ခုကို ထုတ်လွှတ်ပေးလာသည်။ ထိုအပြာရောင်အလင်းထဲ၌ စုစုပေါင်း အလွှာဆယ့်သုံးခု ရှိိ၏။ထိုအရာက ဂျီရှန်းထျန်၏ ဥပဒေသစွမ်းအား ဖြစ်ချေသည်။
ရေခဲလွှာ၏ အစစ်အမှန်အကန့်အသတ် အရောင်မှာ အပြာရောင် ဖြစ်နေ၏။ ဂျီရှန်ထျန်း၏ ဘဝတွင် သူက ထိုအပြာရောင်အလင်း ဆယ့်သုံးလွှာကိုသာ သိပ်သည်းနိုင်စွမ်း ရှိခဲ့သည်။သူက သူသာ ထိုဆယ့်သုံးလွှာကို တစ်ခုတည်းအဖြစ်သို့ သိပ်သည်းနိုင်ပါက သူ့ကျင့်ကြံမှုအဆင့်သည် ချိုးဖျက်ကောင်း ချိုးဖျက်နိုင်မည်ဟု အမြဲတွေးမိ၏။
ဂျီရှန်းထျန်၏ အပြာရောင်အလင်းလွှာ(၁၃)ခု ပေါ်လာသည့်အခိုက်မှာပင် သစ်သားပိုင်းကြီး ရောက်ရှိလာတော့သည်။
သစ်သားပိုင်းကြီး ရောက်ရှိလာမှုကြောင့် ဖြစ်ပေါ်လာသည့် တုန်ခါလှိုင်းများသည် ဖော်ပြ၍ပင် မစွမ်းပေ။ သည်အခိုက်၌ သစ်သားပိုင်းကြီး၏ ၎င်းလမ်းကြောင်းရှေ့ အရာအားလုံးကို ရှင်းပစ်မည့် အံ့မခန်း အရှိန်ဟုန်သာ ရှိတော့သည့်အလား။
ထိုသစ်သားပိုင်းကြီးသည် ရှေးဟောင်းမိုးကြိုးကောင်းကင်ဘုံနယ်မြေကို ရောက်ရှိဖို့အထိ ထောက်ပံ့နိုင်စွမ်း ရှိခဲ့သည် မဟုတ်လား။
သစ်သားပိုင်းကြီးသည် အံ့မခန်း ဖိသိပ်မှုအားနှင့်အတူ ရောက်ရှိလာကာ ဟင်းလင်းပြင်ကိုပင် အပေါက်ကြီးတစ်ပေါက် ဖြစ်စေတော့မလား အောက်မေ့ရသည်။၎င်းက ချက်ခြင်းပင် အရှင်မီးတောက် ဂျီရှန်းထျန်ကို ပိတ်လှောင်ဖို့ အသုံးပြုထားသည့် မီးတောက်မုန်တိုင်းနှင့် ချက်ခြင်း နီးကပ်သွားသည်။
ဤအရာက မည်သည့်မန္တာန်၊မည်သည့်နည်းစနစ်ကိုမျှ အသုံးပြုခြင်းမဟုတ်၊ရိုးစင်းစွာ တိုက်ရိုက် ဝင်ဆောင့်ခြင်းသာ ဖြစ်သည်။၎င်းသစ်သားပိုင်းကြီးသည် လှည့်ပတ်နေသော ကောင်းကင်ဘုံအစိတ်အပိုင်းများပေါ်သို့ တိုက်ရိုက် ကျဆင်းတိုးဝင်လာသည်။
ဘန်း…။
အစိတ်အပိုင်းများထဲမှ တစ်ခုသည် ပျက်စီးသွား၏။ သစ်သားပိုင်းကြီး၌ ထိခိုက်မိသည့် နေရာရှိ အစိတ်အပိုင်းအနည်းငယ်သည်လည်း ပျက်စီးသွားရသည်။
ထိုအစိတ်အပိုင်းများ ပျက်စီးပြိုပျက်မှက ဂြိုဟ်တစ်ခုပျက်စီးမှုထက် အားနည်းခြင်း မရှိပေ။ပျက်စီးမှုမှ ထွက်ပေါ်လာသည့်အားသည် အတွင်းထဲရှိ ဂျီရှန်ထျန်းပေါ်သို့ ကျရောက်လေ၏။
အဆုံးမဲ့ ဖိသိပ်မှုသည် ပြင်းထုန်သောအားအဟုန်မုန်တိုင်းအဖြစ်ပြောင်း၍ အရပ်မျက်နှာအနှံ့ကနေ ရိုက်ခတ်သည်။
ဂျီရှန်ထျန်း ပတ်လည်ရှိ အပြာရောင်မီးတောက်သည် ပြင်းပြင်းထန်ထန် လင်းလက်နေသည်။သည့်နောက် ထိုဧရာမသစ်သားပိုင်းကြီးသည် ဂျီရှန်းထျန်နှင့် ထိပ်တိုက် ဝင်ဆောင့်တော့၏။
ဘန်း…။
ဂျီရှန်ထျန်း၏ခန္ဓာကိုယ်မှာ တုန်ခါသွား၏။ သူ့ပတ်လည်ရှိ အပြာရောင်အလင်းလွှာတစ်ခုသည် ချက်ခြင်း ပျက်စီးသွားသည်။
ထိုမျှသည် အဆုံးသပ် မဟုတ်သေးပါ။ သစ်သားပိုင်းကြီးနှင့် ထိပ်တိုက်တွေ့သည့်အခိုက်၌ အဆုံးမဲ့ဖိသိပ်မှုအားသည် အရူးအမူး တိုးဝင်သွားသည်။ ပြင်းထန်လှသော ဖိသိပ်မှုအားလှိုင်းများက ဂျီရှန်းထျန်ထံသို့ တိုးဝင်နေကြသည်။
ဘန်း…ဘန်း…ဘန်း…ဘန်း…။
ဂျီရှန်းထျန်ပတ်လည်ရှိ အပြာရောင်အလင်းလွှာများ တစ်ခုပြီးတစ်ခု ပျက်စီး၏။ အလင်းလွှာခြောက်ခုသည် ချက်ခြင်းလိုလို ပျောက်ကွယ်သွားသည်။ သူ့ခန္ဓာကိုယ်တခုလုံးသည်လည်း ထိန်းချုပ်မှု လွတ်ကင်းကာ နောက်သို့ မြန်ဆန်စွာ ဆုတ်သွား၏။ထိုသို့ နောက်သို့ မြန်ဆန်စွာ လွင့်ထွက်သွားရခြင်းသည် သစ်သားပိုင်းကြီး၏ ဝင်ဆောင့်မှုကြောင့် ဖြစ်လေ၏။
သစ်သားပိုင်းကြီး ဂျီရှန်းထျန်နှင့် တွေ့ဆုံသွားသည့်အချိန် သတ်ဖြတ်ခြင်းစိတ်ဆန္ဒတစ်ခုသည် အရှင်မီးတောက်၏မျက်လုံးထဲ၌ ပေါ်လာ၏။ သည့်နောက် သူ့ပတ်လည်ရှိ မီးတောက်များသည် မြင့်တက်လာကာ သူက ဂျီရှန်းထျန်ပေါ်သို့ ကြမ်းကြုတ်စွာ ဖိနှိပ်ချ၏။
မီးတောက်များ ဂျီရှန်းထျန်နှင့် နီးကပ်သွားချိန်၌ သူ့ပတ်လည်ရှိ အပြာရောင်အလင်းလွှာ သုံးခုကျော်သည် ပျက်စီးသွားပြန်သည်။
ဂျီရှန်းထျန်၏မျက်လုံးထဲ၌ ထိတ်လန့်အံ့အားသင့်မှုတို့ ပြည့်နေ၏။ သူ့ရှေ့မှ အဖြစ်အပျက်များသည် မြန်ဆန်လွန်းလှ၏။ အပြာရောင်အလင်းလွှာ ကိုးခုမှာ ချက်ခြင်းနီးပါးလိုလို ပျောက်ကွယ်သွားကြသည်။ ထိုသို့ သေရေးရှင်ရေးအခိုက်၌ ဂျီရှန်းထျန်က ထွက်သွားလို၏။ သို့သော် လီယွမ်ဇီနှင့်ရှန်ကုန်းမိသားစုဘိုးဘေးတို့သည် လှမ်းထွက်လာကြသည်။
သူတို့၏မန္တာန်များက အဆုံးမဲ့အားများ အဖြစ်သို့ ပြောင်း၍ ဂျီရှန်းထျန်၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည်။
ဂျီရှန်းထျန်မှာ သစ်သားပိုင်းကြီး၊အရှင်မီးတောက်၊လီယွမ်ဇီနှင့် ရှန်ကုန်းမိသားစုဘိုးဘေးတို့၏ တိုက်ချက်များကို ထိမှန်ခံခဲ့ရသည်။ သူတို့အားလုံး၏ မန္တာန်များက အလွန်အစွမ်းထက်ကြသည်။ ထိုတိုက်ခိုက်မှုများ၏ ရှေ့၌ ဂျီရှန်းထျန်သည် သူ့စဉ်းစားဉာဏ်ပင် ဆုံးရှုံးလုနီး ဖြစ်စေသည်။
သို့သော် တကယ်တော့ သူသည် နှစ်သောင်းနှင့်ချီ၍ နေထိုင်ခဲ့သည့် ကျော်ကြားလှသော မွန်းစတားအိုကြီး မဟုတ်လား။ သည်အရာက သေရေးရှင်ရေး ဖြစ်သော်လည်း သူသည် အလွယ်တကူ သေဆုံးရလိမ့်မည် မဟုတ်ပေ။
သည်လို သေရေးရှင်ရေး အခိုက်အတန့်ကို ရင်ဆိုင်ရင်း ဂျီရှန်းထျန်က ရယ်မော၍ သူ့ပတ်လည်ရှိ ကျန်သည့် အပြာရောင်အလွှာလေးခုကို ပြတ်သားစွာ ပေါက်ကွဲစေလိုက်သည်။
မိုးကြိုးဟိန်းမြည်သံ ကျယ်လောင်စွ မြည်ဟိန်းသွားသည်။ ထိုအလင်းလွှာလေးခု ပျေက်ကွဲသွားချိန်၌ လီယွမ်ဇီနှင့် ရှန်ကုန်းမိသားစုဘိုးဘေးတို့သည် ဖိသိပ်မှုအားကြောင့် လွင့်စင်သွားရသည်။
အရှင်မီးတောက်ပင် တုံ့ဆိုင်းသွားသည်။သူက သက်ပြင်းချပြီးနောက် နောက်သို့ ဆုတ်၏။ သူသည် ဂျီရှန်ထျန်းကို မသတ်နိုင်ခဲ့သော်လည်း သည်တိုက်ခိုက်မှုဖြစ်စဉ်အတွင်း ဂျီရှန်ထျန်းမှာ ဒဏ်ရာ ရရှိသွားမည်သာ ဖြစ်၏။ ထိုအဖြစ်ကပင် မဟာမိတ်ကြယ်အဖွဲ့အစည်းကို ဆိုးကျိုးများစွာ ဖြစ်စေပေမည်။
အားကောင်းလှသော ကျင့်ကြံသူသုံးယောက်ကို နောက်ဆုတ်သွားစေပြီးနောက် သူ့မျက်နှာမှာ ဖြူရောနေတော့၏။ သူက သွေးများစွာ အန်ထုတ်ရသည်။ သူက နောက်ဆုတ်နိုင်ရန်အတွက် အပြာရောင်စိတ်ဆန္ဒပေါက်ကွဲမှုကို ဖော်ထုတ်ခဲ့ရသည်။ သူက အော်ပြောလိုက်၏။ “အရှင်မီးတောက်…ဒီအဘိုးအိုက ပြန်ပြီး လက်စားမချေနိုင်ရင် လူ မဟုတ်တော့ဘူး…”
သူ့နောက်၌ လမြွေနဂါး ရှိနေ၏။ သူက လေဟာနယ်ထဲသို့ ဆန့်ထုတ်လိုက်ရာ အက်ကြောင်းများ ပေါ်လာသည်။ သူက ထိုအက်ကြောင်းများထဲသို့ ဝင်ရောက်ရန် ခြေလှမ်းပြင်၏။
ထိုအခိုက်တွင် ဝမ်လင်းက သစ်သားပိုင်းကြီးပေါ်၌ မတ်တပ်ရပ်နေ၏။ သူက အနည်းငယ် ဝေးသော နေရာတွင် ရှိနေ၏။သို့သော် သူသည်လည်း ဖိသိပ်မှုအားကို သက်ရောက်ခံရပေသည်။ထိုအားက သူ့ခန္ဓာကိုယ်ထဲရှိ မူလစွမ်းအင်တို့ကို မတည်မငြိမ် ဖြစ်စေသည်။သူက မြန်ဆန်စွာ ဆုတ်ခွာနေသည့် ဂျီရှန်းထျန်ကို ကြည့်၏။ထို့နောက် အရှင်မီးတောက်ထံသို့ လှမ်းကြည့်သည်။ သည့်နောက်တွင် ဝမ်လင်းက အံတင်းတင်းကြိတ်ကာ သူ့လက်ကို ရှေ့သို့ ညွှန်၍ အော်ပြောလိုက်တော့သည်။ “ရပ်တန့်ခြင်း…”
***