← Chapters

အခန်း (၂၁၅-၂၁၆)

Vol. 21 Ch. 215-216

အခန်း (၂၁၅-၂၁၆)

Vol. 21 Ch. 215-216

Chapter 215

~

အခန်း ၂၁၅ : ယန်ကျန်းယဲ့ ထိတ်လန့်သွားခြင်း ...

~

​လမ်းရုံးသို့ ရောက်သောအခါ ယွီလီက အဝင်ဝတွင် စောင့်နေလေပြီ ။

​ယန်ကျီဝမ် ရောက်လာသည်ကို မြင်လျှင် သူမက ပြုံးကာ ရှေ့သို့ လျှောက်လာပြီး ...

​" ဒီနေ့ ဘာလို့ ပုံမှန်ထက် နည်းနည်း နောက်ကျနေရတာလဲ .."

​ယန်ကျီဝမ်က အမြဲတမ်း အချိန်ကိုက် ရောက်လာလေ့ရှိပြီး သူမ အလုပ်ဆင်းသည်နှင့် တန်းမြင်ရ၏ ။

​သို့သော် ယနေ့တွင်တော့ သူ အနည်းငယ် နောက်ကျနေသဖြင့် ထူးဆန်းပေသည် ။

​" ကိုယ် ကိစ္စလေးတစ်ခုနဲ့ ကြုံလိုက်ရလို့ပါ.. အိမ်ပြန်ကြစို့ မိန်းမ .."

​ယန်ကျီဝမ်က သူမကို စိတ်မပူစေချင်သဖြင့် လူမိုက်များ၏ နှောက်ယှက်ခံခဲ့ရသည်ကို မပြောပြခဲ့ပေ ။

​ထိုအခါ ယွီလီကလည်း ထပ်မမေးတော့ဘဲ စက်ဘီးပေါ်တက်ကာ အိမ်သို့ ပြန်လာခဲ့ကြသည် ။

​...

​နောက်တစ်နေ့တွင် ...

​ယန်ကျီဝမ် ပုံမှန်အတိုင်း အလုပ်သို့ လာခဲ့သည် ။

​ဝယ်ယူရေးဌာန ရုံးခန်းထဲသို့ ဝင်ဝင်ချင်းပင် လီရှန်းလီက သူ့ကို ပြောလိုက်သည် ။

​" ညီလေးယန်.. ဦးလေးက မင်းကို သူ့ရုံးခန်းဆီ လာခဲ့ဖို့ ပြောနေတယ် .."

​ယန်ကျီဝမ်က ခေါင်းညိတ်လိုက်ပြီး သူတို့နှစ်ဦး အတူတူ ထွက်လာခဲ့ကြသည် ။

​လီဟွိုက်တဲ၏ ရုံးခန်းသို့ ရောက်သောအခါ လီရှန်းလီက တံခါးခေါက်လိုက်သည် ။

​" ဝင်လာခဲ့ .."

​လီဟွိုက်တဲ၏ အသံက အထဲမှ ထွက်ပေါ်လာပြီး လီရှန်းလီက တံခါးကို တွန်းဖွင့်ကာ ယန်ကျီဝမ်နှင့်အတူ ဝင်သွားလိုက်သည် ။

​အထဲသို့ ရောက်သောအခါ လီဟွိုင်တဲအပြင် လုံခြုံရေးဌာနမှ ဌာနမှူးကျိုးပါ ရှိနေသည်ကို ယန်ကျီဝမ် မြင်လိုက်ရ၏ ။

​ဌာနမှူးကျိုး၏ လက်ထဲတွင် စာရွက်စာတမ်းတစ်တွဲကို ကိုင်ထားသည် ။

​ယန်ကျီဝမ်က အကြောင်းရင်းကို ချက်ချင်း ရိပ်မိလိုက်သည် ။ ယမန်နေ့က သူ တိုက်ခိုက်ခံရသည့် ကိစ္စနှင့် ပတ်သက်နေမည်မှာ သေချာလှ၏ ။

​" ထိုင်ကြ .."

​လီဟွိုင်တဲက မျက်နှာချင်းဆိုင်ရှိ ကုလားထိုင်ကို ညွှန်ပြလိုက်ပြီး ယန်ကျီဝမ် ထိုင်ပြီးနောက် ဆက်ပြောလိုက်သည် ။

​" ယန်လေး.. ဌာနမှူးကျိုးက မနေ့က ကိစ္စကို စုံစမ်းပြီးသွားပြီ.. အဓိက ကြိုးကိုင်သူက စက်ရုံမှူးယန်ရဲ့ အတွင်းရေးမှူး ယန်ကျန်းယဲ့ပဲ .."

​" ယန်ကျန်းယဲ့ ဟုတ်လား .."

​ယန်ကျီဝမ် အလေးအနက် မျက်မှောင်ကြုတ်လိုက်သည် ။

​လီဟွိုက်တဲက ထပ်၍ ရှင်းပြသည် ။

​" သြော်.. အဲ့ဒီ ယန်ကျန်းယဲ့က စက်ရုံမှူးယန်ရဲ့ တူအရင်းလည်း ဖြစ်တယ် .."

​' ဒါဆို စက်ရုံမှူးယန်နဲ့ ပတ်သက်နေတာပေါ့လေ ...'

​ယန်ကျီဝမ်၏ မျက်မှောင်က ပို၍ နစ်ဝင်သွားပြီး ...

​" သူ ဘာလို့များ ဒီလိုအလုပ်မျိုးကို လုပ်ရတာလဲ .."

​သူ အကြမ်းဖျင်း ခန့်မှန်းမိသော်လည်း အတည်ပြုချက်တော့ လိုအပ်သေးသည် ။

​လီဟွိုက်တဲက သက်ပြင်းချကာ မတတ်နိုင်ဟန်ဖြင့်...

​" မင်းလည်း ခန့်မှန်းမိလောက်မှာပါ.. အဲ့ဒီနေ့က ဧည့်ခံပွဲအတွက် ဟင်းချက်ပေးဖို့ မင်း ငြင်းလိုက်လို့ပဲ.. ယန်ကျန်းယဲ့က မင်း သူ့ကို မလေးမစားလုပ်တယ်လို့ ခံစားရပြီး အငြိုးထားသွားတာ .."

​ယန်ကျီဝမ်က ကြားလျှင် လှောင်ပြုံးပြုံးကာ ...

​" ဒီလောက် သေးငယ်တဲ့ ကိစ္စလေးတစ်ခုအတွက်နဲ့ ဒီလောက်တောင် လုပ်ရလား .."

​သူ ယခင်က ပြောခဲ့သလိုပင် သူသည် စားသောက်ခန်းမမှ ဝန်ထမ်းမဟုတ်သဖြင့် ကူညီသည်ဖြစ်စေ မကူညီသည်ဖြစ်စေ သူ့ ဆုံးဖြတ်ချက် အပေါ်တွင်သာ မူတည်သည် ။

​ထို့အပြင် ထိုနေ့က ယန်ကျန်းယဲ့၏ လေသံက အလွန် ရင့်လွန်းသောကြောင့် ယန်ကျီဝမ်က ကူညီရန် ငြင်းခဲ့ခြင်း ဖြစ်သည် ။

​သို့သော် ဤကိစ္စလေးကြောင့်နှင့် သူ့ကို ရှင်းရန် လူငှားလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ ။ စိတ်သဘောထား သေးသိမ်လွန်းလှသည် ။

​သူ၏ တုံ့ပြန်မှုကို မြင်လျှင် လီဟွိုင်တဲက စမ်းသပ်လိုသည့် လေသံဖြင့် ...

​" ယန်လေး.. ဒီကိစ္စကို မင်း ဘယ်လို ဖြေရှင်းချင်လဲ .."

​ထိုအမေးကြောင့် ယန်ကျီဝမ် အနည်းငယ် အံ့အားသင့်သွားသည် ။ လီဟွိုင်တဲက သူ့ကို မေးလာလိမ့်မည်ဟု မျှော်လင့်မထားပေ ။

​သို့သော် သူ လျင်မြန်စွာပင် နားလည်သွားသည် ။

​လီဟွိုင်တဲနှင့် စက်ရုံမှူးယန်တို့က မတူညီသော အုပ်စုနှစ်ခုမှ ဖြစ်ကြသည် ။ ယခု သူက စက်ရုံမှူးယန်၏ အားနည်းချက်ကို ဖမ်းမိထားပြီဖြစ်၍ သေချာပေါက် အလွယ်တကူ လက်လွှတ်ခံမည် မဟုတ်ချေ ။

​သို့သော် ဤကိစ္စတွင် ယန်ကျီဝမ်ကိုယ်တိုင်က နစ်နာသူဖြစ်ပြီး သူနှင့် အဘိုးဝမ်တို့ သိကျွမ်းကြောင်းကိုလည်း လီဟွိုင်တဲက စက်ရုံမှူးယန်ထံမှ တစ်ဆင့် သိထားပြီး ဖြစ်သည် ။

​လီဟွိုင်တဲ စိုးရိမ်နေသည်မှာ ထိုဆက်နွယ်မှုကြောင့် ယန်ကျန်းယဲ့၏ အမှားကို သူ ဆက်လက် အရေးမယူလိုတော့မည်ကိုပင် ။

​အကယ်၍ နစ်နာသူ ကိုယ်တိုင်က အရေးမယူလိုပါက လီဟွိုင်တဲအတွက် ဤကိစ္စကို ဆက်လက် ဆုပ်ကိုင်ထားရန် ခက်ခဲသွားပေလိမ့်မည် ။

​ထို့ကြောင့် သူ့ထံမှ အတည်ပြုချက် လိုချင်နေသည် ။

​ထိုအချက်ကို တွေးမိပြီးနောက် ယန်ကျီဝမ်က တုံ့ဆိုင်းမနေဘဲ တိုက်ရိုက်ပင် ပြောလိုက်သည် ။

​" လုပ်သင့်တဲ့အတိုင်း လုပ်လိုက်ပါ.. သင့်တော်တဲ့ လုပ်ထုံးလုပ်နည်းတွေအတိုင်းပဲ လုပ်ပါ.. တကယ်လို့ လိုအပ်ရင် သူ့ကို ရဲစခန်းကိုပါ ပို့လိုက် .."

​ယန်ကျီဝမ်က ကြက်ခေါင်းဆိတ်မခံ ဖြစ်သည် ။ သူ့အား ထိခိုက်အောင် လုပ်ပါက လွယ်လွယ်နှင့် လွှတ်ပေးတက်သူ မဟုတ် ။

​ဤစကားကို ကြားသောအခါ လီဟွိုင်တဲ အလွန်ပင် ဝမ်းသာသွားသည် ။

​ယန်ကျီဝမ်က ပြင်းပြင်းထန်ထန် အရေးယူလိုကြောင်း ရှင်းလင်းစွာ ပြသလိုက်ပြီဖြစ်၍ ဤကိစ္စတွင် လုပ်ပိုင်ခွင့် အများကြီး ရှိသွားချေပြီ ။

​သို့သော် သူ့တွင် နောက်ဆုံး စိုးရိမ်စရာ တစ်ခု ကျန်နေသေးသဖြင့် အခက်အခဲ ရှိဟန်ဆောင်ကာ ...

​" ခေါင်းဆောင်ကြီးဘက်ကရော ဘယ်လိုနေမလဲ .."

​ယန်ကျီဝမ်က ပေါ့ပေါ့ပါးပါးပင် ဖြေလိုက်သည် ။

​" ခေါင်းဆောင်ကြီးက ကျွန်တော့်ကို သူ့ရဲ့ သား ဒါမှမဟုတ် မြေးတစ်ယောက်လို ဆက်ဆံတာပါ.. တကယ်လို့ တစ်ယောက်ယောက်က ကျွန်တော့်ကို ဒုက္ခပေးဖို့ ကြိုးစားနေတာကို သူ သိသွားရင် သူလည်း ခွင့်လွှတ်ပေးမှာ မဟုတ်ဘူးလို့ ထင်ပါတယ် .."

​ဤသည်က အမှန်တရားပင် ။

​အဘိုးဝမ်က သူ့အတွက် မရပ်တည်ပေးလျှင်ပင် အဘွားလင်းက ခွင့်ပြုမည် မဟုတ်ချေ ။

​သူမက သူ့ကို မြေးအရင်းတစ်ယောက်လို တကယ် သဘောထားခြင်း ဖြစ်သည် ။

​ဤစကားကို ကြားသောအခါ လီဟွိုင်တဲ စိတ်အေးသွားပြီး ကတိပေးလိုက်သည် ။

​" ယန်လေး.. မင်း စိတ်မပူနဲ့.. .ဒါက ရာဇဝတ်မှုပဲ. ငါတို့ ဒါကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်သွားမယ်.. လုံးဝ သက်ညှာပေးမှာ မဟုတ်ဘူး .."

​" ကျေးဇူးတင်ပါတယ် ဌာနမှူးလီ .."

​ယန်ကျီဝမ်က သူ့ကို ကျေးဇူးတင်စကား ပြောလိုက်ပြီးနောက် ဌာနမှူးကျိုးကို ကြည့်ကာ ...

​" ပြီးတော့ ဌာနမှူးကျိုး ...အခုလို အပင်ပန်းခံပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ် .."

​ဌာနမှူးကျိုးက လက်ဝှေ့ယမ်းပြလိုက်ပြီး ...

​" ဒါက ငါ့တာဝန်ပါပဲ.. အားနာစရာ မလိုပါဘူး .."

​" ဒါဆို ဌာနမှူးလီ.. ကျွန်တော် အလုပ်ပြန်သွားလုပ်လိုက်ပါဦးမယ် .."

​လီဟွိုင်တဲ ခေါင်းညိတ်ပြပြီးနောက် သူနှင့် လီရှန်းလီတို့ လီဟွိုင်တဲ၏ ရုံးခန်းမှ ထွက်လာခဲ့ကြသည် ။

​လမ်းတွင် ...

​လီရှန်းလီက ဒေါသတကြီးဖြင့် ...

​" အဲ့ဒီ ယန်ကျန်းယဲ့က အရမ်း ယုတ်မာလွန်းတယ်.. ယန်လေး...သူက မင်းကို ရှင်းဖို့ လူငှားရဲတယ်ပေါ့ .."

​ယန်ကျီဝမ်က ပြုံးလိုက်ပြီး ..

​" ရပါတယ်.. သူ အပြစ်ပေးခံရမှာပါ.. သူ့ကို အလုပ်ထုတ်ပစ်ဖို့ ရာခိုင်နှုန်း တော်တော်များနေပြီ .."

​လီရှန်းလီက ခေါင်းညိတ်လိုက်သည် ။

​" ဒါမှန်တယ်.. စက်ရုံမှူးယန်က သူ့ကို ကာကွယ်ပေးရင်တောင် ငါ့ဦးလေးကတော့ သူ့ကို သေချာပေါက် လွှတ်ပေးမှာ မဟုတ်ဘူး .."

​" မင်း ဘာမှမဖြစ်တာ တော်သေးတာပေါ့.. မဟုတ်ရင် ငါ အဲ့ကောင်ကိုသတ်ဖို့ လူငှားပြီးနေပြီ .."

​ယန်ကျီဝမ်က ပြုံးလိုက်သည် ။ လီရှန်းလီက အပြောသာ ဖြစ်ကြောင်း သူ သိထား၏ ။

​သို့သော်လည်း သူ ကျေးဇူးတင်မိပေသည် ။ သူတို့၏ ဆက်ဆံရေးက အတော်လေး ကောင်းမွန်နေပြီဟု ပြော၍ရသည် ။

​...

​တစ်ချိန်တည်းမှာပင် ယန်ကျန်းယဲ့လည်း သတင်းရသွားသည် ။ သူက စက်ရုံမှူးယန်၏ ရုံးခန်းထဲသို့ တံခါးပင်မခေါက်ဘဲ အပြေးအလွှား ဝင်လာ၏ ။

​စက်ရုံမှူးယန်က သူ့ကို မဆူပူရသေးမီ သူက ကမန်းကတန်း ပြောလိုက်သည် ။

​" ဦးလေး.. ဒီတစ်ခါတော့ ကျွန်တော့်ကို ကယ်မှဖြစ်မယ် .."

​စက်ရုံမှူးယန်က မျက်မှောင်ကြုတ်လိုက်ပြီး ...

​" မင်း ဘာတွေ လုပ်ထားပြန်ပြီလဲ .."

​ယန်ကျန်းယဲ့က ပြဿနာရှာတတ်သူ ဖြစ်ပြီး ယခင်ကလည်း သူ ရှာထားသော ပြဿနာများကို ဖြေရှင်းပေးခဲ့ရသည်မှာ အကြိမ်ကြိမ်ပင် ရှိနေလေပြီ ။

​ကွယ်လွန်သွားပြီဖြစ်သော သူ၏အစ်ကိုကြီးနှင့် မုဆိုးမဖြစ်နေသော မရီးဖြစ်သူတို့၏ တောင်းဆိုမှုများသာ မရှိခဲ့ပါက ယန်ကျန်းယဲ့ကို သူ့အနီးတွင် ထားမည် မဟုတ်ပေ ။

​သူ့ကို မျက်စိအောက်တွင် ထားထားခြင်းက သူ့ကို စောင့်ကြည့်ရန်နှင့် ပြဿနာများ မရှာနိုင်စေရန် တားဆီးရန်အတွက်ပင် ။

​သူ ဤမျှလောက်အထိ ဆိုးလိမ့် မည်ဟု မျှော်လင့်မထားခဲ့ပေ ။ စက်ရုံမှူးယန်က တွေးရင်း မကျေမနပ် ဖြစ်လာသည် ။

​" ဟို ယန်ကျီဝမ်ဆိုတဲ့ ကောင်ကိစ္စပါ.. ကျွန်တော်... ကျွန်တော် မနေ့က စိတ်မကြည်တာနဲ့ သူ့ကို နည်းနည်းပါးပါး ပညာပေးဖို့... လူတစ်ယောက်ကို... ငှားလိုက်မိတယ် .."

​ယန်ကျန်းယဲ့က စကားထစ်ငေါ့စွာ ပြောလိုက်သည် ။

​ယန်ကျီဝမ်၏ ခြေထောက်များကို ချိုးရန် လူငှားခဲ့သည်ဟု တိုက်ရိုက် မပြောရဲ ။ မဟုတ်ပါက စက်ရုံမှူးယန် သေချာပေါက် ဒေါသထွက်ပေလိမ့်မည် ။

​" ဘာပြောတယ် .."

​စက်ရုံမှူးယန် လန့်သွားပြီး ချက်ချင်း မတ်တတ်ရပ်ကာ ထိတ်လန့်တကြား မေးလိုက်သည် ။

​" မင်းပြောတာက ရဲဘော်ယန်လေးကို ပညာပေးဖို့ မင်းက လူငှားလိုက်တယ် ဟုတ်လား .."

​ယန်ကျန်းယဲ့က အပြစ်ရှိသလို ခေါင်းညိတ်လိုက်သည် ။

​" အဓိပ္ပာယ်မရှိတာ .."

​စက်ရုံမှူးယန် ဒေါသထွက်သွားပြီး မျက်စိပျက်မျက်နှာပျက်ဖြင့်...

​" သူက ဘယ်သူလဲဆိုတာ မင်း သိလို့လား.. မင်းက သူ့ကို ရှင်းဖို့ လူငှားရဲတယ်ပေါ့ .."

​ယန်ကျန်းယဲ့က ဂရုမစိုက်ဟန်ဖြင့် ...

​" သူက အဝယ်တော်လေး တစ်ယောက်ပဲလေ .... သူ့ကို ရှင်းဖို့ လူမငှားခင် ကျွန်တော် စုံစမ်းပြီးသားပါ.. သူ့မှာ ဘာနောက်ခံမှ မရှိပါဘူး .."

​" နောက်ခံ မရှိတာနဲ့ပဲ မင်း ဒီလို လုပ်လို့ရရောလား .."

​စက်ရုံမှူးယန်၏ မျက်နှာက ဒေါသကြောင့် နီရဲသွား၏ ။ ဤကောင်လေးက ပြင်၍မရနိုင်လောက်အောင် ဆိုးသွမ်းနေလေပြီ ။ သူ့အနီးတွင် အချိန်အတန်ကြာ နေခဲ့ပြီးဖြစ်သော်လည်း ဤအကျင့်ဆိုးများကို ဖျောက်ဖျက်နိုင်ခြင်း မရှိသေးချေ ။

​ယန်ကျန်းယဲ့က ခေါင်းငုံ့ကာ စိုးရိမ်တကြီး ပြောလိုက်သည် ။

​" ဦးလေး.. လောလောဆယ် ယန်ကျီဝမ်အတွက် စိတ်မပူပါနဲ့ဦး.. အခု သူ လုံခြုံရေးဌာနကို တိုင်ထားလို့ လုံခြုံရေးဌာနက ကျွန်တော့်ကို လာဖမ်းတော့မယ် .."

​" ဟမ့်.. အခုမှ မင်းက စိုးရိမ်ရကောင်းမှန်း သိတယ်ပေါ့ .."

​စက်ရုံမှူးယန်က နှာခေါင်းရှုံ့လိုက်ပြီး ..

​" ယန်ကျီဝမ်က ခေါင်းဆောင်ကြီးနဲ့ သိတယ်ဆိုတာ မင်း သိလား.. လုံခြုံရေးဌာနက မင်းကို အရေးမယူရင်တောင် ခေါင်းဆောင်ကြီးက မင်းကို လွှတ်ပေးမှာ မဟုတ်ဘူး .."

​ယန်ကျန်းယဲ့၏ မျက်နှာက သွေးဆုတ်သွားတော့သည် ။

​စက်ရုံမှူးယန် ပြောသော ခေါင်းဆောင်ကြီးဆိုသူကို သူသိသည် ။

​ထိုသူက ဝန်ကြီးဝမ်၏ အဖေဖြစ်ပြီး ဝန်ကြီးဝမ်က သူ့ဦးလေး၏ အထက်လူကြီးပင် ။

​ယန်ကျီဝမ်က ခေါင်းဆောင်ကြီးနှင့် တကယ် သိကျွမ်းလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ ။

​ယခုတော့ သူ တကယ်ကို ထိတ်လန့်သွားလေပြီ ။

​တစ်ချိန်တည်းမှာပင် သူ ယန်ကျီဝမ်ကို ပို၍ပင် မုန်းတီးသွားတော့သည် ။

​' မင်းက ဒီလောက်ကြီးတဲ့ ခေါင်းဆောင်ကြီးကို သိနေမှတော့ သံမဏိစက်ရုံထဲ ဝင်ဖို့က စကားတစ်ခွန်းတည်းနဲ့ ရနေတာ မဟုတ်ဘူးလား ...'

​' ဘာလို့ မင်းကိုယ်တိုင် ပင်ပင်ပန်းပန်း အလုပ်လုပ်နေရသေးတာလဲ ...'

​ဤကိစ္စကြောင့် သူ မှားယွင်းစွာ ဆုံးဖြတ်မိခဲ့သည် ။

​ယန်ကျန်းယဲ့ဆိုသူသည် အလိုလိုက်ခံထားရသော ကလေးတစ်ယောက်မျှသာ ဖြစ်ပေသည် ။ သူ၏ အမှားဖြစ်နေသည်မှာ ရှင်းလင်းနေသော်လည်း သူက တခြားသူများကိုသာ အပြစ်တင်နေဆဲပင် ။ တကယ်ကို ရွံရှာဖွယ် ကောင်းလှသည် ။

Chapter 216

~

အခန်း ၂၁၆ : ရည်ရွယ်ချက်အမျိုးမျိုး...

~

​" အခု ကျွန်တော်တို့ ဘာလုပ်သင့်လဲ .. "

​ယန်ကျန်းယဲ့ ထိတ်လန့်နေလေ၏ ။ စက်ရုံမှူးယန်သည် သူ၏ တစ်ခုတည်းသော အားကိုးရာ ဖြစ်နေသဖြင့် သူ့လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားကာ တောင်းပန်နေသည် ။

​" ဦးလေး.. ကျွန်တော့်ကို ပစ်မထားပါနဲ့.. ကျွန်တော့်အဖေက အစောကြီး ဆုံးသွားခဲ့တာ.. ကျွန်တော်က ဒီမိသားစုရဲ့ တစ်ဦးတည်းသော အမွေဆက်ခံသူပါ.. ကျွန်တော် တစ်ခုခု ဖြစ်သွားရင် ကျွန်တော့်အမေ သေလိမ့်မယ်ဗျ.."

​

​စက်ရုံမှူးယန် အလွန် ဒေါသထွက်နေသော်လည်း ထိုစကားကို ကြားလိုက်ရသောအခါ ဒေါသများ ချက်ချင်းပင် ပြေပျောက်သွားသည် ။

​သူသည် ဤတူဖြစ်သူကို ဘယ်တုန်းကမှ အထင်ကြီးခဲ့ ။ အရည်အချင်း မရှိသော်လည်း ပြဿနာ ရှာရာတွင်တော့ ထိပ်တန်းပင် ။

​သူ၏ ကွယ်လွန်သွားသော အစ်ကိုကြီးနှင့် မုဆိုးမဖြစ်နေသော မရီးဖြစ်သူတို့သာ မရှိခဲ့ပါက သူ့အနားတွင် ထားရှိမည် မဟုတ်ပေ ။

​အစ်ကိုကြီးက ငယ်ငယ်ရွယ်ရွယ်နှင့် ဆုံးသွားခဲ့သဖြင့် ယန်ကျန်းယဲ့သည် မိသားစု၏ တစ်ဦးတည်းသော အမွေဆက်ခံသူ ဖြစ်နေပြီး မရီးဖြစ်သူကလည်း အလွန် အလိုလိုက်ထားသည် ။

​ယန်ကျန်းယဲ့၏ လက်ရှိ အကျင့်စရိုက် ဖြစ်ပေါ်လာရခြင်းမှာလည်း ဤအချက်ကြောင့်ပင် ။

​သို့သော် ယန်ကျန်းယဲ့ ပြောသည်ကလည်း မမှား ။ အကယ်၍ ယန်ကျန်းယဲ့ တစ်ခုခု ဖြစ်သွားပါက သူ့အမေ ခံနိုင်ရည် ရှိလိမ့်မည် မဟုတ်ချေ ။

​ထို့ကြောင့် စက်ရုံမှူးယန်သည် သူ့ကို ကယ်တင်ရမည်မှာ သေချာလှ၏ ။

​" ခဏလောက် အသံမထွက်နဲ့.. ငါ စဥ်းစားပါစေဦး .. "

​စက်ရုံမှူးယန်က သူ့ကို ဆူလိုက်ပြီး ခဏတာ အချိန်ယူ စဥ်းစားပြီးနောက် ...

​" အခု တစ်ခုတည်းသော နည်းလမ်းက ယန်ကျီဝမ်ဆီ သွားပြီး တောင်းပန်ဖို့ပဲ.. သူ့ဆီက နားလည်မှု ရအောင် ယူကြည့်.. သူသာ ဒီကိစ္စကို ဆက်မလုပ်တော့ဘူးဆိုရင် အကုန်လုံး အဆင်ပြေသွားလိမ့်မယ် .. "

​" ဒါပေမဲ့ သူ ကျွန်တော့်ကို ခွင့်လွှတ်ပါ့မလား .. "

​ယန်ကျန်းယဲ့ သံသယ ဝင်နေ၏ ။

​" ဘာပဲဖြစ်ဖြစ် မင်း သွားတောင်းပန်ရမယ်.. အခုလောလောဆယ် ဒါပဲ တခြားနည်းလမ်း မရှိဘူး .. "

​စက်ရုံမှူးယန် ပြောပြီးသောအခါ ယန်ကျန်းယဲ့၏ ပခုံးကို လေးလေးနက်နက် ပုတ်လိုက်ပြီး...

​" ကျန်းယဲ့.. မင်း ဒီနှစ် အသက် ၂၀ ရှိပြီ.. အသိဉာဏ် ရှိဖို့ အချိန်တန်ပြီ.. ဒီတစ်ခါတော့ မင်းအမေမျက်နှာကို ထောက်ပြီး ငါ ကိုယ်တိုင် ဝင်ဖြေရှင်းပေးမယ်.. ဒါပေမဲ့ မင်းတစ်သက်လုံးတော့ ငါ တာဝန်ယူပေးနိုင်မှာ မဟုတ်ဘူး.. နားလည်လား .. "

​" ကျွန်တော် နားလည်ပါတယ် .. "

​ယန်ကျန်းယဲ့က စိတ်ထဲတွင် မကျေမနပ် ဖြစ်နေသော်လည်း ခေါင်းညိတ်ရုံသာ တက်နိုင်တော့သည် ။

​ချက်ချင်းပင် စက်ရုံမှူးယန်က ယန်ကျန်းယဲ့ကို ခေါ်ကာ ဝယ်ယူရေးဌာနသို့ ထွက်လာခဲ့ကြသည် ။

​ယန်ကျီဝမ် ရှိသော ရုံးခန်းသို့ ရောက်သောအခါ စက်ရုံမှူးယန်က ယန်ကျန်းယဲ့ကို ရှေ့သို့ တိုးပြီး တံခါးခေါက်ရန် အချက်ပြလိုက်၏ ။

​" စက်ရုံမှူးယန် .. "

​လီရှန်းလီက တံခါးကို ဖွင့်ပေးလိုက်သည် ။ သူက ဦးစွာ နှုတ်ဆက်လိုက်ပြီး ဘေးသို့ ဖယ်ပေးလိုက်၏ ။

​တစ်ဖက်လူက ယန်ကျီဝမ်ကို ရှာနေကြောင်း သူ ရိပ်မိပြီးသား ဖြစ်သည် ။

​ယန်ကျီဝမ်သည် စက်ရုံမှူးယန် ယန်ကျန်းယဲ့ကို ခေါ်လာသည်ကို မြင်သောအခါ သူတို့၏ ရည်ရွယ်ချက်ကို ရိပ်မိလိုက်သည် ။

​" မင်္ဂလာပါ စက်ရုံမှူးယန် .. "

​ယန်ကျီဝမ်က နှုတ်ဆက်လိုက်ပြီး လေးစားမှု အပြည့်ဖြင့် ဦးညွှတ်လိုက်သည် ။

​စက်ရုံမှူးယန်က ခေါင်းအသာ ညိတ်လိုက်ပြီး...

​" ရဲဘော်ယန်လေး.. ငါတို့ စကားနည်းနည်း ပြောလို့ရမလား .. "

​ဤသို့ ပြောလိုက်သည်နှင့် လီရှန်းလီနှင့် ဝယ်ယူရေးဌာနမှ နောက်ထပ် ရဲဘော်တစ်ဦးက အလိုက်တသိဖြင့် ဆေးလိပ်သောက်ရန် အပြင်သို့ ထွက်သွားကြသည် ။

​သာမန်အားဖြင့် ဝယ်ယူရေးဌာနမှ လူများသည် စက်ရုံတွင် အမြဲ မရှိတတ်ကြပေ ။ ဖိနပ်ပါးအောင် အမြဲပြေးလွှားနေကြရ၏ ။ လီရှန်းလီနှင့် ယန်ကျီဝမ်တို့သာ အမြဲ ရှိနေတတ်ကြသည် ။

​စက်ရုံမှူးယန် ထိုင်ပြီးနောက် ယန်ကျီဝမ်က ယန်ကျန်းယဲ့ကို တစ်ချက် ကြည့်လိုက်ပြီး...

​" စက်ရုံမှူးယန် ဘာပြောချင်လို့လဲ .. "

​စက်ရုံမှူးယန်က ယန်ကျန်းယဲ့ကို စိုက်ကြည့်ကာ...

​" မင်း ဘာလို့ အဲ့ဒီမှာ ရပ်နေတာလဲ .. "

​ယန်ကျန်းယဲ့ နားလည်သွားပြီး မလိုလားဟန်ဖြင့် ရှေ့သို့ တိုးလာကာ ယန်ကျီဝမ်ကို ပြောလိုက်သည် ။

​" ရဲဘော်ယန်ကျီဝမ်.. ငါ တောင်းပန်ပါတယ်.. ငါ့ကို ခွင့်လွှတ်ပေးပါ .. "

​ထိုစကားကို ကြားသောအခါ ယန်ကျီဝမ် ပြုံးလိုက်သည် ။

​တောင်းပန်သည့် လေသံက အလွန်ပင် မာကျောနေလေ၏ ။

​အမိန့်ပေးနေသည်နှင့်ပင် တူနေသေးသည် ။

​ဘေးတွင် ရပ်နေသော စက်ရုံမှူးယန်က ဝင်ပြောလိုက်သည် ။

​" ရဲဘော်ယန်လေး.. ကျန်းယဲ့က ငါ့ တူပါ.. သူ ဒီလိုလုပ်တာက ငါ သူ့ကို ကောင်းကောင်း မသွန်သင်နိုင်ခဲ့လို့ပဲ.. သူကိုယ်စား ငါ တောင်းပန်ပါတယ်.. သူ့ကို နောက်တစ်ခါ အခွင့်အရေး ပေးပါဦး .. "

​စကားဆုံးသည်နှင့် စက်ရုံမှူးယန်က မတ်တတ်ရပ်ကာ ယန်ကျီဝမ်ကို ဦးညွှတ်လိုက်သည် ။

​" ဟုတ်ကဲ့ပါ... စက်ရုံမှူးရဲ့ စေတနာကို ကျွန်တော် လက်ခံပါတယ် .. "

​ယန်ကျီဝမ်က ခပ်အေးအေး ပြောလိုက်သည် ။ စက်ရုံမှူးယန်နှင့် ယန်ကျန်းယဲ့တို့က သူ လျော့ပေးလိမ့်မည်ဟု ထင်ကာ သက်ပြင်းချလိုက်စဥ် ယန်ကျီဝမ်က ရုတ်တရက် ထပ်ပြောလိုက်သည် ။

​" ဒါပေမဲ့ စက်ရုံမှူးယန် တစ်ခါလောက် စဥ်းစားဖူးလား .. "

​" ဘာကိုလဲ .. "

​ယန်ကျီဝမ်က ဖြည်းဖြည်းချင်း ပြောလိုက်သည် ။

​" ကျွန်တော့် မိသားစုမှာ ကျွန်တော်နဲ့ ကျွန်တော့်အဖေပဲ အလုပ်သမားတွေ ရှိတာပါ.. ကျွန်တော့်အဖေက ဆရာတစ်ယောက်ဖြစ်ပြီး အခု ကျောင်းပိတ်ထားတော့ ကျွန်တော့်အဖေမှာ လစာ မရှိတော့ဘူး.. တစ်မိသားစုလုံးက ကျွန်တော့်လစာကိုပဲ မှီခိုပြီး အသက်ရှင်နေရတာ .. "

​" ကျွန်တော့် လစာက တစ်လကို ယွမ် ၂၀ လောက်ပဲ ရှိတယ်.. အကယ်၍ ကျွန်တော့် တစ်ခုခု ဖြစ်သွားခဲ့ရင် အဝယ်တော် ဆက်လုပ်နိုင်ပါအုံးမလား ... အဲ့ဒီအခါကျရင် ကျွန်တော့် မိဘတွေ...ကျွန်တော့်မိန်းမနဲ့ ကျွန်တော့် မောင်နှမတွေကို ဘယ်လို ထောက်ပံ့ပေးရမလဲ .. "

​စက်ရုံမှူးယန်က နားထောင်ရင်း စိတ်ထဲတွင် အကူအညီမဲ့စွာ သက်ပြင်းချလိုက်သည် ။ ဤကိစ္စက လွယ်ကူလိမ့်မည် မဟုတ်ကြောင်း သူ သိထားပြီးသား ဖြစ်သည် ။

​သို့သော် တစ်ဖက်လူ ပြောသည်ကလည်း အမှန်တရားပင် ။ အရာအားလုံးက ယန်ကျန်းယဲ့၏ သဘောထား သေးသိမ်မှုကြောင့်သာ ဖြစ်ပြီး ကိစ္စအသေးအဖွဲလေးအတွက်နှင့် ဤမျှအထိ လုပ်ဆောင်ခဲ့သည် ။

​" ဒါပေမဲ့ မင်း ဘာမှ မ​ဖြစ်ခဲ့ဘူးလေ.. "

​ယန်ကျန်းယဲ့က သည်းမခံနိုင်ဘဲ ပြန်ပြောလိုက်သည် ။

​သူသည် ယန်ကျီဝမ်က ကိစ္စအသေးအဖွဲလေးကို ပုံကြီးချဲ့နေသည်ဟု ခံစားရ၏ ။ သူကိုယ်တိုင် တောင်းပန်နေသည်ကို မည်သို့ကြောင့် မကျေနပ် နိုင်ရသနည်း ။

​" ကျန်းယဲ့ .. "

​စက်ရုံမှူးယန်က ထိုစကားကို ကြားလျှင် အမြန် ငေါက်လိုက်သည် ။

​သူ့စိတ်ထဲတွင် ပို၍ပင် ပင်ပန်းလာသလို ခံစားရသည် ။

​ကိစ္စက ဖြေရှင်း၍ မပြီးသေးသော်လည်း ပို၍ခက်ခဲအောင် လုပ်နေလေသည် ။

​သူတို့နှစ်ယောက်က အသက်အရွယ် အတူတူပင်ဖြစ်သော်ညား မည်သို့ကြောင့် ကွာဟချက်က ဤမျှကြီးမားနေရသနည်း ။

​ယန်ကျီဝမ်က...

​" ငါ ဘာမှ မဖြစ်ခဲ့တာ မှန်တယ်.. ဘာလို့လဲဆိုတော့ ငါက ကိုယ်ခံပညာ နည်းနည်းပါးပါး တတ်ထားလို့လေ.. .. ဒါပေမဲ့ တစ်ခုခု ဖြစ်ခဲ့ရင်ရော ဘယ်လိုလုပ်မလဲ .. "

​ယန်ကျန်းယဲ့ကို စကားဆက်ခွင့် မပေးဘဲ ယန်ကျီဝမ်က ဆက်ပြောလိုက်သည် ။

​" ဒါကြောင့်မို့လို့ ငါ မင်းကို လွယ်လွယ်နဲ ခွင့်လွှတ်ပေးရမှာလား .. "

​" လူတိုင်းက အရွယ်ရောက်ပြီးသား လူကြီးတွေပါ.. အမှားလုပ်မိရင် အကျိုးဆက်ကို ခံယူရမှာပဲ .. "

​ယန်ကျီဝမ်က စက်ရုံမှူးယန်ကို ကြည့်ကာ...

​" စက်ရုံမှူးယန်.. ဆရာက ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး အရွယ်ရောက်ပြီးသူ တစ်ယောက်လည်း ဖြစ်တယ်.. ဆရာ ဘယ်လို ထင်လဲ .. "

​စက်ရုံမှူးယန်သည် ယန်ကျီဝမ်၏ ဆိုလိုရင်းကို နားလည်သွားသော်လည်း အရှုံးမပေးလိုသေးဘဲ ...

​" ရဲဘော်ယန်လေး.. ကျန်းယဲ့ကို အဘိုးဝမ်ရဲ့ မျက်နှာကို ထောက်ပြီး ဒီတစ်ခါတော့ ခွင့်လွှတ်ပေးလို့ မရဘူးလား.. သူ့ကို ပြင်းပြင်းထန်ထန် အပြစ်ပေးမယ်လို့ ငါ ကတိပေးပါတယ် .. "

​ယန်ကျီဝမ်က မျက်နှာပြင်တွင် တည်ငြိမ်နေသော်လည်း စိတ်ထဲတွင်တော့ အနည်းငယ် မကျေမနပ် ဖြစ်မိသည် ။

​ညှိနှိုင်း၍ အဆင်မပြေတော့သည်ကို စိတ်ခံစားမှုအရ အကျပ်ကိုင်ရန် ကြိုးစားနေပေ၏ ။

​သူ ဤသို့သော လုပ်ရပ်မျိုးကို အမုန်းဆုံးပင် ။

​တစ်ဖက်လူ၏ တောင်းပန်မှုက ရိုးသားပြီး လျော်ကြေး တစ်စုံတစ်ရာ ပေးခဲ့မည်ဆိုလျှင် ယန်ကျီဝမ်က လျော့ပေးကောင်း လျော့ပေးမိပေလိမ့်မည် ။

​သို့သော် ဤသည်က စေ့စပ်ညှိနှိုင်းမှုမျှသာ ဖြစ်ပြီး လိုအပ်သော အပြစ်ပေးမှုကိုတော့ ရှောင်လွှဲ၍ မရနိုင်ပေ ။

​အခုတော့ တစ်ဖက်လူ၏ တောင်းပန်မှုက မောက်မာနေပြီး နောက်ဆုံးတွင် အဘိုးဝမ်အကြောင်းကိုပင် ဆွဲထည့်လာသဖြင့် သူ အမှန်တကယ်ပင် အနည်းငယ် ဒေါသထွက်လာမိသည် ။

​သူက ခပ်ပြုံးပြုံးဖြင့် ...

​" အဘိုးဝမ်ကို ဆွဲထည့်ချင်တာလား.. ကောင်းလိုက်တာ.. ကျွန်တော်လည်း ဒီကိစ္စကို သူ့ဆီ ပြောပြသင့် မသင့် စဥ်းစားနေတာ.. သူ့စိတ်ကို ခင်ဗျား သိမှာပါ.. ကျွန်တော် ဒီလို အခြေအနေမျိုးနဲ့ ကြုံခဲ့ရတာ သိသွားရင် သူ သေချာပေါက် အရမ်း ဒေါသထွက်လိမ့်မယ် .. "

​စက်ရုံမှူးယန်၏ မျက်နှာက တောင့်တင်းသွားပြီး အဘိုးဝမ်၏ စိတ်သဘောထားကို တွေးကြည့်လိုက်သောအခါ ဖြစ်နိုင်သည်ဟု ခံစားမိလိုက်သည် ။

​ယန်ကျီဝမ်နှင့် အဘိုးဝမ်တို့ကြားက ဆက်ဆံရေး အခြေအနေကို သူ မသိသဖြင့် အလောင်းအစား လုပ်ရန် မဝံ့ရဲပေ ။

​အကူအညီမဲ့စွာဖြင့် သူ ယန်ကျန်းယဲ့ကိုသာ ပြောနိုင်တော့သည် ။

​" ကျန်းယဲ့.. သွားရအောင် .. "

​ကိစ္စမပြတ်သေးသဖြင့် ယန်ကျန်းယဲ့က မထွက်ခွာလိုပေ ။

​သူသည် ယန်ကျီဝမ်ကို စိုက်ကြည့်ကာ မေးလိုက်သည် ။

​" ဒါက ကိစ္စအသေးအဖွဲလေးပါ.. မင်းလည်း ဘာမှ ထိခိုက်ခဲ့တာ မဟုတ်ဘူး.. တကယ်ပဲ ဒီလောက်ထိ ရက်စက်ရမှာလား .. "

​ယန်ကျီဝမ်က ဘာမှ ပြန်မပြောတော့ပေ ။

​သူ စကားပြောရန်ပင် ပျင်းရိနေချေပြီ ။ ဤကောင်နှင့် စကားပြောရသည်က နွားပလာတာ ကျွေးသည်နှင့်ပင် တူနေ၏ ။ အမှားကို မှားမှန်း မသိသူက အမှန်ကို မည်သို့ မြင်နိုင်ပါမည်နည်း ။

​" ဘုန်း.."

​ယန်ကျန်းယဲ့က ဆက်ပြီး မေးခွန်းထုတ်ချင်နေသော်လည်း ဤအချိန်တွင် တံခါးကို ကန်ဖွင့်လိုက်သံ ထွက်ပေါ်လာ၏ ။

​ဌာနမှူးကျိုးက လုံခြုံရေးဌာနမှ တပ်ဖွဲ့ဝင်နှစ်ဦးကို ခေါ်ဆောင်ကာ ဖမ်းဆီးရန် ရောက်လာသည် ။

​ဌာနမှူးကျိုးက စက်ရုံမှူးယန်ကို မမြင်ချင်ယောင် ဆောင်ကာ လက်ကို ဝှေ့ယမ်းပြီး အမိန့်ပေးလိုက်သည် ။

​" သူ့ကို ဖမ်း .. "

​လုံခြုံရေး တပ်ဖွဲ့ဝင်နှစ်ဦးက ချက်ချင်း ရှေ့တိုးလာပြီး ယန်ကျန်းယဲ့ကို ငွေရောင် လက်ထိတ်ဖြင့် ခတ်လိုက်သည် ။

​ယန်ကျန်းယဲ့၏ မျက်နှာက ဖြူဖက်ဖြူရော် ဖြစ်သွားပြီး စက်ရုံမှူးယန်ကို စိုးရိတ်တကြီး ကြည့်ကာ...

​" ဦးလေး.. ကျွန်တော့်ကို ကယ်ပါ .. "

All Chapters