အခန်း ၁၆၂
Vol. 17 Ch. 162
အခန်း (၁၆၂) ပြည်နယ်မြို့တော်သို့ ရောက်ရှိခြင်း
VIP နားနေခန်းတစ်ခုအတွင်း…
လုတုန်းသည် လက်ဖက်ရည်တစ်ခွက် ဖျော်ကာ ချန်ဖုန်းအား ကမ်းပေးလိုက်ပြီး ရိုသေလေးစားစွာ ပြောဆိုလိုက်၏။ "ဥက္ကဋ္ဌချန်... ကျွန်တော်တို့ရဲ့ ဥက္ကဋ္ဌပေါင် က လူကြီးမင်းကို သေချာ ဧည့်ခံဖို့ ကိုယ်တိုင် ညွှန်ကြားထားတာပါ..."
"အော်..."
ချန်ဖုန်း အနည်းငယ် အံ့အားသင့်သွားသည်။
တစ်ဖက်လူကလည်း သူ၏ လှုပ်ရှားမှုများကို အလွန် စိတ်ဝင်စားနေပုံရပေ၏။
ခနစဥ်းစားပြီးနောက် ချန်ဖုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။ "မင်းရဲ့ ဥက္ကဋ္ဌပေါင် ကို စိတ်အေးအေးထားဖို့ ပြောလိုက်ပါ... ငါက တုန်းယောင် လေကြောင်းလိုင်း ရဲ့ ရှယ်ယာတွေကို အပျော်သဘော ဝယ်ထားတာပါ... ကုမ္ပဏီရဲ့ စီးပွားရေးကိစ္စတွေမှာ ဝင်ပါမှာ မဟုတ်ပါဘူး..."
"နားလည်ပါပြီ... နားလည်ပါပြီ..."
လုတုန်း အလျင်အမြန် ခေါင်းညိတ်လိုက်၏။
ဥက္ကဋ္ဌက သူ့ကို ရှယ်ယာရှင်အား ဧည့်ခံရန် အပေါ်ယံ စေလွှတ်လိုက်ခြင်း ဖြစ်သော်လည်း တစ်ဖက်လူ၏ ရည်ရွယ်ချက်ကို သိရှိရန်လည်း ပါဝင်ပေသည်။ ယခုအခါ သူ၏တာဝန်မှာ အခြေခံအားဖြင့် ပြီးဆုံးသွားလေပြီ။
"ဥက္ကဋ္ဌချန်... လူကြီးမင်းက ပြည်နယ်မြို့တော်ကို သွားမှာလား... လူကြီးမင်းအတွက် လေယာဉ်တစ်စင်း ပြောင်းပေးထားပါတယ်... အတူတူ သွားကြမလား..."
"ကောင်းပြီလေ..."
ချန်ဖုန်းက ခေါင်းညိတ်လိုက်သည်။
အရင်လေယာဉ်မှာ ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်နေရသဖြင့် ထွက်ခွာနိုင်မည် မဟုတ်ချေ။
လုတုန်း၏ ဦးဆောင်မှုအောက်တွင်
လူစုသည် လေဆိပ်၏ အစွန်ဆုံးနေရာသို့ ရောက်ရှိသွားကြရာ ထိုနေရာတွင် ယခင် ခရီးသည်တင် လေယာဉ်ထက် များစွာသေးငယ်သော လေယာဉ်တစ်စင်း ရှိနေပေ၏။
"ဥက္ကဋ္ဌချန်... ကြွပါ..."
လုတုန်းက ဖျော့တော့စွာ ပြုံးလိုက်သည်။
ချန်ဖုန်းသည် လူသွားလမ်းမှတစ်ဆင့် အတွင်းသို့ ဝင်ရောက်သွားသည်နှင့် တစ်ပြိုင်နက် အတွင်းပိုင်းရှိ မြင်ကွင်းကြောင့် မှင်တက်သွားရလေ၏။
‘သောက်…လခွမ်း’
ဒါက တကယ်ကြီး ကိုယ်ပိုင်လေယာဉ်ပဲ...
အတွင်းပိုင်း အလှဆင်ထားမှုမှာ ဟိုတယ်အခန်းကျယ်ကြီး တစ်ခုကဲ့သို့ဖြစ်ပြီး ဧည့်ခန်း၊ ထမင်းစားခန်းနှင့် အနားယူရန်နေရာများ ပါဝင်ပေသည်။ လေယာဉ်တစ်ခုလုံး၏ အတွင်းပိုင်းမှာလည်း အလွန် ဇိမ်ခံဆန်လှ၏။
လုတုန်းက ပြုံးလျက် ပြောဆိုလိုက်သည်။ "ဥက္ကဋ္ဌချန်... ဒီကိုယ်ပိုင်လေယာဉ်ကို အစတုန်းက ဥက္ကဋ္ဌပေါင် က သူ့ကိုယ်ပိုင် အသုံးပြုဖို့ ဝယ်ထားတာပါ... အတွင်းပိုင်း ပြင်ဆင်မှုတွေ အပါအဝင် စုစုပေါင်း ယွမ် သန်း ၃၀၀ ကျော် ကုန်ကျထားပါတယ်..."
"ကျွန်တော် မလာခင်ကတည်းက ဥက္ကဋ္ဌပေါင် က 'တကယ်လို့ ဥက္ကဋ္ဌချန် သဘောကျရင် ယူသွားပါစေ' လို့ ပြောလိုက်ပါတယ်..."
ဘာ...တစ်ဖက်လူက ကိုယ်ပိုင်လေယာဉ်တစ်စင်းကို လက်ဆောင်ပေးလိမ့်မည်ဟု ချန်ဖုန်း မထင်မှတ်ထားခဲ့ချေ။
‘ချီးပဲ’...သူနေတဲ့ စံအိမ်ကလည်း သူများက ပေးထားတာဆိုတာကို သူ ရုတ်တရက် ခံစားလိုက်ရသည်။
ယုံဟယ်စံအိမ် ကိုလည်း တစ်ယောက်ယောက်က ပေးထားတာပဲလေ...
ဒီခေတ်မှာ ကိုယ်ပိုင်လေယာဉ်တွေကိုတောင် သူများကို လိုက်ပေးနေကြပြီလား...
‘ကောင်းပြီလေ...
ငါက လေယာဉ်တောင် ဘယ်လိုမောင်းရမလဲ မသိဘူးလေ…’
"အဲဒါက... ဒီလောက်ထိ အားနာနေစရာ မလိုပါဘူး... ယွမ် သန်း ၃၀၀ ကျော်ဆိုတော့ ကျွန်တော် တတ်နိုင်ပါသေးတယ်..."
"ဥက္ကဋ္ဌချန်... ကျေးဇူးပြုပြီး မငြင်းပါနဲ့..."
လုတုန်းက အတွင်းဘက်သို့ လက်ယပ်ခေါ်လိုက်သည်။
အနက်ရောင် ခြေအိတ်ရှည်နှင့် လေယာဉ်မယ် ဝတ်စုံများကို ဝတ်ဆင်ထားသော ငယ်ရွယ်သည့် အမျိုးသမီး ငါးဦး သို့မဟုတ် ခြောက်ဦးခန့် လျှောက်လာကြပေ၏။
သူတို့တွင် သွယ်လျသော ခန္ဓာကိုယ်နှင့် သိမ်မွေ့သော မျက်နှာပေါက်များ ရှိကြသည်။
တစ်ယောက်ချင်းစီက အလှပိုင်ရှင်တွေချည်းပဲ…
"မစ္စတာချန်... ဒီလေယာဉ်မယ်တွေက ကိုယ်ပိုင်လေယာဉ်အတွက် အထူး စီစဉ်ပေးထားတာပါ... လေယာဉ်မှူးတွေနဲ့ ဝန်တောင်မှု စီမံခန့်ခွဲသူ ကိုလည်း စီစဉ်ပြီးသားပါ..."
"လျှောက်ထားရမယ့် လေကြောင်းလိုင်း တချို့အတွက်ဆိုရင် ကျွန်တော်တို့ဆီက လုပ်ငန်းစဉ်က အရမ်းကို အဆင်ပြေပါတယ်..."
သူ့စကား၏ အဓိပ္ပာယ်မှာ ရှင်းလင်းနေပေ၏။
တခြားစကားနဲ့ ပြောရရင် သူက လေယာဉ်ကို မောင်းဖို့ပဲ လိုတယ်... လေယာဉ် ပြုပြင်ထိန်းသိမ်းရေး အပါအဝင် ဝန်ထမ်း အစီအစဉ်တွေ အကုန်လုံးကို စီစဉ်ပြီးသားပဲ…
"ကောင်းပြီ... လေယာဉ်ကို ငါ လက်ခံလိုက်မယ်... ဒါပေမဲ့ ကုန်ကျစရိတ်တွေ အကုန်လုံးကို ငါ့ဘာသာပဲ ရှင်းမယ်..."
ချန်ဖုန်းသည် အစကတည်းက လေယာဉ်တစ်စင်း ဝယ်ရန် စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။
ထိုသို့ဆိုလျှင် ပြည်နယ်မြို့တော်သို့ သွားသည်ဖြစ်စေ၊ မြို့တော်သို့ သွားသည်ဖြစ်စေ များစွာ ပိုမို အဆင်ပြေသွားမည် ဖြစ်ပေ၏။
လေယာဉ်ကို သူ လက်ခံနိုင်ပါသည်။
သို့သော် ဝန်ထမ်းများ၏ လစာနှင့် အမျိုးမျိုးသော ပြုပြင်ထိန်းသိမ်းစရိတ်များကိုမူ သူကိုယ်တိုင် ပေးချင်နေသေး၏။
ဘာပဲဖြစ်ဖြစ် ဒါက ကိုယ့်ဟာဖြစ်သွားပီပဲလေ...
တခြားတစ်ယောက်ကို အကုန်လုံး ပေးခိုင်းတာက သူများလေယာဉ်ကို စီးနေရသလို ခံစားရတယ်…
ထို့အပြင် တခြားသူများအပေါ် အခွင့်အရေးယူမိလျှင် ကိုယ့်ဘက်က အားနည်းသွားပြီး စကားပြောရာတွင်လည်း အခွင့်အရေးယူခံရတတ်ပေသည်။
သူ့အနေနဲ့ ဘယ်သူ့ကိုမှ အကြွေးမတင်ချင်ဘူး…
"ကောင်းပါပြီလေ..."
တစ်ဖက်လူက လက်ဆောင်ကို လက်ခံလိုက်သည်ကို မြင်သောအခါ လုတုန်းမှာ အလွန် ဝမ်းသာသွားပေ၏။ "ဥက္ကဋ္ဌချန်... ကျွန်တော် ပြန်တော့မယ်... ခရီးစဉ် သာယာပါစေ..."
လေယာဉ်ပေါ်တွင် လေယာဉ်မှူး နှစ်ဦး ရှိပေသည်။ သူတို့အားလုံးသည် ပျံသန်းမှုအတွေ့အကြုံ ခြောက်နှစ် သို့မဟုတ် ခုနစ်နှစ်ခန့် ရှိကြသည်။ ဥက္ကဋ္ဌပေါင် ဘက်မှ ၎င်းတို့ကို ငှားရမ်းရန် ဈေးကြီးကြီး ပေးထားခဲ့သဖြင့် ဘေးကင်းရေးနှင့် အဆင်ပြေမှုမှာ ကောင်းစွာ သေချာနေပေ၏။
ချန်ဖုန်းက လိုရာခရီးကို ပြောပြပြီးနောက် လေယာဉ်သည် တိုက်ရိုက် ပျံတက်သွားလေသည်။
"သူဌေး... ရေဆာနေပြီလား... ကျွန်မ သောက်စရာ တစ်ခုခု ငှဲ့ပေးရမလား..."
"သူဌေး... ခြေထောက်တွေ ညောင်းနေပြီ မဟုတ်လား... ကျွန်မ ခြေညှပ်ဖိနပ်တစ်ရန် လဲပေးပါ့မယ်..."
"သူဌေး... ဇက်ညောင်းနေပြီလား... ကျွန်မ နှိပ်နယ်ပေးပါ့မယ်..."
"..."
ချန်ဖုန်း ထိုင်ခုံတွင် ထိုင်နေသည်ကို မြင်သောအခါ လေယာဉ်မယ် အချို့ လျှောက်လာကြပြီး အချို့က သူ့အနောက်မှနေ၍ နှိပ်နယ်ပေးကြသည်။
အချို့က သူ့ကို ဖိနပ်ချွတ်ပေးကာ သက်တောင့်သက်သာရှိသော ခြေညှပ်ဖိနပ်များကို ဝတ်ဆင်ပေးကြ၏။
အလှပိုင်ရှင် တစ်စု၏ ဝန်းရံခြင်းကို ခံရကာ အပျိုစင်လေးများ၏ ရနံ့ကို ရှူရှိုက်နေရပြီး အထူးသဖြင့် ထိုအနက်ရောင် ခြေအိတ်ရှည်နှင့် ခြေတံရှည်များကို မြင်တွေ့နေရသဖြင့်...
ချန်ဖုန်းသည် ဤမြင်ကွင်းကို ကြည့်ရင်း ထိန်းချုပ်မှု လွတ်လုနီးပါး ဖြစ်သွားရပေ၏။
သူက အလျင်အမြန် ပြောလိုက်သည်။ "ကောင်းပြီ... ငါ့ကို လာဂရုစိုက်မနေနဲ့တော့... မင်းတို့ကိစ္စ မင်းတို့ သွားလုပ်ကြ..."
ထိုအချိန်၌ လေယာဉ်မယ် ဝတ်စုံကို ဝတ်ဆင်ထားသော စီမံခန့်ခွဲသူ လီရွှယ်အာ က နောက်ပြောင်လျက် ပြောဆိုလိုက်၏။ "သူဌေး... သူတို့အလုပ်က သူဌေးကို ဝန်ဆောင်မှုပေးဖို့လေ... တကယ်လို့ သူဌေးက သူတို့ကို ဝန်ဆောင်မှု ပေးခွင့်မပြုဘူးဆိုရင် သူတို့ အလုပ်ပြုတ်သွားမှာပေါ့..."
"ကောင်းပြီလေ..."
ချန်ဖုန်းမှာလည်း အနည်းငယ် စကားပြောစရာမဲ့ ဖြစ်သွားရသည်။ "မင်းတို့ ငါ့ကို နှိပ်နယ်ပေးရုံပဲ လိုတယ်... ကျန်တဲ့သူတွေကတော့ ကိုယ့်ဘာသာ လုပ်စရာရှိတာ သွားလုပ်ကြ..."
ထို့နောက် သူက လီရွှယ်အာ ကို ကြည့်လိုက်၏။ သူမသည် အရပ်ရှည်ရှည်နှင့် အသက်နှစ်ဆယ်ကျော်အရွယ်သာ ရှိသေးပေသည်။
လေယာဥ်မယ် စီမံခန့်ခွဲသူ တစ်ဦး ဖြစ်လာရန်အတွက် သူမတွင် အရည်အချင်းအချို့ ရှိရမည် ဖြစ်၏။
တစ်ခဏမျှ တွေးတောပြီးနောက် သူက မေးမြန်းလိုက်သည်။ "ရွှယ်အာ... ငါတို့လေယာဉ်က တစ်နှစ်ကို ပြုပြင်ထိန်းသိမ်းစရိတ် ဘယ်လောက်လောက် ကုန်လဲ..."
လီရွှယ်အာ က အလျင်အမြန် ဖြေကြားလိုက်၏။ "ကုန်ကျစရိတ်တွေကတော့ တော်တော်လေး မြင့်မားပါတယ်... ရပ်နားခတွေ၊ လည်ပတ်မှုစရိတ်တွေ၊ စက်ပစ္စည်း ပြုပြင်ထိန်းသိမ်းခတွေနဲ့ ဝန်ထမ်းလစာတွေ အပါအဝင်ပေါ့..."
"ကျွန်မတို့ လေယာဉ်က နည်းနည်း သေးတဲ့အတွက် တစ်နှစ်ကို ယွမ် သန်း ၃၀ လောက် ကုန်ကျပါတယ်..."
ချန်ဖုန်းက ခေါင်းညိတ်လိုက်သည်။
လူအများစုအတွက်တော့ ယွမ် သန်း ၃၀ ကျော်ဆိုတာ သေချာပေါက် ကြီးမားတဲ့ ပမာဏတစ်ခုပဲ။ လေယာဉ်တွေအတွက် နှစ်စဉ် ငွေဒီလောက်အများကြီး သုံးရတာဆိုတော့ တကယ်ချမ်းသာတဲ့သူ အနည်းစုကလွဲရင် အဲဒီငွေကို တကယ်သုံးချင်တဲ့သူ ရှားပါတယ်…
သို့သော်လည်း ယခု ချန်ဖုန်းအတွက်မူ
ယွမ်သန်းဆယ်ဂဏန်းလောက်က ပင်လယ်ထဲက ရေတစ်စက်လောက်ပါပဲ…
တစ်ခဏမျှ တွေးတောပြီးနောက် သူက ပြောလိုက်၏။ "မင်းရဲ့ ကတ်နံပါတ်ကို ပေး... ဒီနှစ်အတွက် ပြုပြင်ထိန်းသိမ်းစရိတ်အနေနဲ့ ယွမ် သန်း ၁၀၀ ကို အရင်လွှဲပေးထားမယ်... ဒီလေယာဉ်ကို မင်းဆီ အပ်ထားခဲ့မယ်..."
"တကယ်လို့ ပိုက်ဆံ မလောက်ရင် ငါ့ကိုသာ ပြောလိုက်..."
"ရှင်..."
လီရွှယ်အာ သည် သူမ၏ လက်သေးသေးလေးဖြင့် ပါးစပ်ကို အုပ်လိုက်လေ၏။ ဒီသူဌေးက လှုပ်ရှားလိုက်တာနဲ့ ယွမ် သန်း ၁၀၀ ကို တစ်ချက်တည်းနဲ့ ထုတ်ပေးလိမ့်မယ်လို့ သူမ မထင်မှတ်ထားခဲ့ချေ။
‘အို ဘုရားရေ...
တကယ်ကြီး အဲဒီလောက် ချမ်းသာနေတာလား…’
ချန်ဖုန်းကမူ "ဘာလဲ... နည်းနေလို့လား..."
"မဟုတ်ဘူး... မဟုတ်ပါဘူး... အဲဒါ လုံလောက်ပါတယ်... လုံလောက်ပါတယ်..."
လီရွှယ်အာ က အလျင်အမြန် လက်ဝှေ့ယမ်းလိုက်သည်။
သူမ၏ ကတ်နံပါတ်ကို ချန်ဖုန်းထံ ပြောပြလိုက်ချိန်တွင် ဘဏ်ကတ်ထဲသို့ ရန်ပုံငွေ ယွမ် သန်းတစ်ရာ အမှန်တကယ် ဝင်ရောက်လာခဲ့ပေ၏။
သူမ မျက်လုံးများ ပြူးကျယ်သွားပြီး ထပ်ခါတလဲလဲ ရေတွက်ကြည့်နေမိသည်။
‘တကယ်ကြီး သန်းတစ်ရာပဲ…’
အချိန်အတော်ကြာပြီးနောက် သူမသည် ချန်ဖုန်းအား ထူးဆန်းသော အမူအရာဖြင့် ကြည့်ကာ ပြောဆိုလိုက်၏။ "သူဌေး... ကျွန်မက ပိုက်ဆံတွေယူပြီး ထွက်ပြေးသွားမှာကို မကြောက်ဘူးလား..."
"မင်း လုပ်ရဲလို့လား..."
"ဟီးဟီး..."
လီရွှယ်အာ က ရယ်မောလိုက်သည်။
သူမက သာမန်လူတစ်ယောက်ပါ... ဘယ်လိုလုပ် ထွက်ပြေးရဲမှာလဲ...
အဲဒီအချိန်ကျရင် ဒီသူဌေးတွေက သူမကို ကိုင်တွယ်ဖို့ ဘယ်လိုနည်းလမ်းတွေ သုံးမလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ...
ကြာပွတ်လေးတွေ၊လက်ထိတ်တွေ
ဖယောင်းစက်ချတာတွေ၊ ရုရှားကစားဝိုင်းတွေ...
လှည့်ကွက်တွေက အများကြီးပဲလေ…
မွန်းလွဲ နှစ်နာရီအချိန်တွင်
လေယာဉ်သည် ပြည်နယ်မြို့တော် လေဆိပ်သို့ ရောက်ရှိလာခဲ့သည်။
လီရွှယ်အာ အား ကိစ္စများကို ရှင်းပြပြီးနောက် ချန်ဖုန်းသည် လေယာဉ်ပေါ်မှ တိုက်ရိုက် ဆင်းလာခဲ့၏။
လေဆိပ်၌ သူ၏ ပေါ်ထွက်လာမှုကလည်း ရုတ်ရုတ်သဲသဲ ဖြစ်သွားစေခဲ့ပေသည်။
ဘာပဲဖြစ်ဖြစ် ပြည်နယ်မြို့တော်မှာတောင် ကိုယ်ပိုင်လေယာဉ် တတ်နိုင်တဲ့သူက သိပ်များများစားစား မရှိဘူးလေ...
လူတိုင်းက ချန်ဖုန်း၏ သရုပ်မှန်ကို ခန့်မှန်းနေကြသည်။
ချန်ဖုန်းမှာမူ ဤကဲ့သို့သော မြင်ကွင်းများကို ယဉ်ပါးနေပြီ ဖြစ်၏။ သူသည် အငှားယာဉ်တစ်စီးကို တားကာ ကမ္ဘာ့ကုန်သွယ်ရေးစင်တာ သို့ တိုက်ရိုက် ထွက်ခွာသွားလေသည်။
"ချီးပဲ... ဒါက ဘယ်လို လှည့်ကွက်ကြီးလဲ..."
"ဘယ်သူ သိမှာလဲ... သူချမ်းသာတယ်လို့ ပြောရအောင်ကလည်း အငှားယာဉ်နဲ့ ထွက်သွားတယ်... ပိုက်ဆံမရှိဘူးလို့ ပြောရအောင်ကလည်း ကိုယ်ပိုင်လေယာဉ်ကို စီးလာတယ်လေ..."
"လစ်မယ်... လစ်မယ်... ဘယ်သူသိမှာလဲ... ဆင်းရဲချင်ယောင် ဆောင်နေတဲ့ သူဌေးသား နောက်တစ်ယောက်များ ဖြစ်နေမလား..."
လူတစ်စုသည် တက်ကြွစွာ ဆွေးနွေးနေကြပေသည်။