← Chapters

အခန်း ၁၆၃

Vol. 17 Ch. 163

အခန်း ၁၆၃

Vol. 17 Ch. 163

အခန်း (၁၆၃) သူဌေးကြီးက အငှားယာဉ်စီးလာခြင်း

ပြည်နယ်မြို့တော်…

ကမ္ဘာ့ကုန်သွယ်ရေးစင်တာ…

၎င်းသည် ပြည်နယ်မြို့တော်ရှိ အမြင့်ဆုံး အဆောက်အအုံဖြစ်ပြီး အမြင့် မီတာ ၃၀၀ နီးပါးရှိကာ စုစုပေါင်း ဆောက်လုပ်ရေးဧရိယာ စတုရန်းမီတာ ၁၅၀,၀၀၀ ရှိပေသည်။

ထိုစဉ်က ယွမ် ဘီလီယံ ၁၄ ရင်းနှီးမြှုပ်နှံခဲ့သည်ဟု ဆိုကြ၏။

ထို့အပြင် ၎င်း၏ ပထဝီဝင်အနေအထားမှာ အလွန်ကောင်းမွန်ပြီး ဗဟိုဧရိယာတွင် တည်ရှိပေသည်။

မြို့တော်မှာပင်လျှင် ဤကဲ့သို့သော အဆောက်အအုံမျိုးသည် လူသိများသော နေရာတစ်ခုအဖြစ် သတ်မှတ်ခံရပြီး ပြည်နယ်မြို့တော်၏ အထင်ကရ နေရာတစ်ခုလည်း ဖြစ်ပေ၏။

ယခုအချိန်၌ ကမ္ဘာ့ကုန်သွယ်ရေးစင်တာ၏ အပေါက်ဝတွင် လူတစ်စုသည် ရိုသေလေးစားစွာ ရပ်နေကြသည်။

ရှေ့ဆုံးတွင် ရပ်နေသူမှာ အဆောက်အအုံ၏ အထွေထွေမန်နေဂျာ မစ္စတာရွှီ ဖြစ်ပြီး သူ၏အနောက်တွင် ယူနီဖောင်းဝတ်ဆင်ထားသော ကမ္ဘာ့ကုန်သွယ်ရေးစင်တာမှ ဝန်ထမ်းတစ်ရာကျော် ပါဝင်ကာ တစ်ယောက်ချင်းစီက ရှေ့သို့ စိုးရိမ်တကြီး စောင့်ကြည့်နေကြပေ၏။ သူတို့ကြည့်ရတာ အလွန်အရေးကြီးသော တစ်စုံတစ်ယောက်ကို စောင့်ဆိုင်းနေပုံရသည်။

"ဘာတွေ ဖြစ်နေတာလဲ..."

"အရေးကြီးပုဂ္ဂိုလ် တစ်ယောက်ယောက်များ လာမှာမို့လို့လား... ဥက္ကဋ္ဌရွှီ ကိုယ်တိုင်တောင် ဆင်းပြီး လာကြိုနေရတယ်ဆိုတော့..."

"ဒါပေါ့... ကမ္ဘာ့ကုန်သွယ်ရေးစင်တာ မှာ ပိုင်ရှင်အသစ် ရောက်နေပြီလို့ ကြားတယ်... ဒီနေ့ သူက စစ်ဆေးဖို့ လာတာတဲ့..."

"ဒါကြောင့်ကိုး... ကမ္ဘာ့ကုန်သွယ်ရေးစင်တာ က အနည်းဆုံး ယွမ် ဘီလီယံဆယ်ဂဏန်းလောက် တန်တာလေ... ဒီအဆောက်အအုံကို ဝယ်နိုင်တဲ့သူဆိုတာ ပြည်နယ်မြို့တော်က သူဌေးတွေလောက်ပဲ ရှိမှာပေါ့..."

"ဒါပေမဲ့ မကြာသေးခင်က ဘယ်သူဌေးကများ ကမ္ဘာ့ကုန်သွယ်ရေးစင်တာ ကို ဝယ်လိုက်တယ်ဆိုတာ မကြားမိပါဘူး..."

"မကြာခင် ငါတို့ သိရတော့မှာပါ... ဥက္ကဋ္ဌရွှီ ကိုယ်တိုင် လာကြိုနိုင်တဲ့သူက အရေးပါတဲ့လူတစ်ယောက် ဖြစ်ရမယ်... ပြီးတော့ ဒီအဆောက်အအုံက အဲဒီတုန်းက ယွမ် ဘီလီယံ ၁၄ ရင်းနှီးမြှုပ်နှံထားတာလေ... အခု လက်ရှိတန်ဖိုးက အနည်းဆုံး ယွမ် ၁၇ ဘီလီယံလောက်တော့ ရှိမှာပဲ..."

"စဉ်းစားကြည့်စမ်းပါ... ပြည်နယ်မြို့တော် တစ်ခုလုံးမှာ ယွမ် ၁၇ ဘီလီယံကို တစ်ချက်တည်းနဲ့ ထုတ်ပေးနိုင်တဲ့သူဆိုတာ ငါးယောက်ထက် နည်းတယ်..."

လူတိုင်းက သဘောတူစွာ ခေါင်းညိတ်လိုက်ကြ၏။

ကမ္ဘာ့ကုန်သွယ်ရေးစင်တာရှိ ကုမ္ပဏီပိုင်ရှင်အချို့နှင့် ဝန်ထမ်းအချို့က အဆောက်အအုံ၏ ပိုင်ရှင် ရောက်လာတော့မည်ဖြစ်သဖြင့် ၎င်းတို့၏ အာရုံစိုက်မှုကို အပေါက်ဝသို့ စုစိုက်ထားကြပေသည်။ အနာဂတ်မှာ တစ်ယောက်နဲ့တစ်ယောက် ဆက်ဆံရဦးမှာလေ။

ထိုအချိန်၌ ဖာရာရီ တစ်စီးသည် ဘေးဘက်မှ မောင်းနှင်လာခဲ့၏။

လူတိုင်း၏ မျက်လုံးများ ချက်ချင်း တောက်ပသွားကြသည်။

"သူတို့ ရောက်လာပြီ..."

ဥက္ကဋ္ဌရွှီ ချက်ချင်းပင် စိတ်လှုပ်ရှားသွားပြီး လက်ကိုပွတ်သပ်ကာ သွားရောက်ကြိုဆိုရန် ပြင်ဆင်လိုက်ပေသည်။

"ဟင်... နေဦး... ဘာလို့ ဒီကားက ပင်မအပေါက်ဝကနေ ဝင်မလာရတာလဲ..."

"ပြီးတော့ ဒီကားနံပါတ်ကို ငါ မြင်ဖူးသလိုပဲ... သူက ငါတို့အဆောက်အအုံကို မကြာခဏ ဝင်ထွက်နေကျလေ... ပိုင်ရှင်အသစ်တော့ သေချာပေါက် မဟုတ်ဘူး..."

"မင်း အဲဒီလိုပြောမှ ငါ မှတ်မိပြီ... အဲဒါ ဟို အေဂျင်စီက သူဌေးထင်တယ်..."

"ဟုတ်တယ်... ဟုတ်တယ်... အဲဒါ ပုရှန်း မီဒီယာကုမ္ပဏီ က စီအီးအိုဖန် ရဲ့ ကားပဲ... သူ့ကုမ္ပဏီက ဆယ့်ရှစ်ထပ်မှာ ရှိပြီး အတော်လေး အဆင်ပြေနေတယ်လို့ ကြားတယ်... သူ့လက်အောက်မှာ ဒုတိယအဆင့် မင်းသမီး တချို့တောင် ရှိသေးတယ်..."

"သူ့ကိုး... သူဌေးအသစ်လို့ ငါ ထင်လိုက်တာ..."

လူတိုင်း ချက်ချင်းပင် စိတ်ဝင်စားမှု လျော့ကျသွားကြလေ၏။

ကားထဲမှ ယခုလေးတင် ထွက်လာသော ဖန်ပုရှန်းသည် တံခါးဝရှိ မြင်ကွင်းကြောင့် လန့်ဖြတ်သွားရပေသည်။ စောစောက လေဆိပ်တွင် ပြည်နယ်မြို့တော်သို့ ပြန်ရန်အတွက် လက်မှတ်ပြောင်းခဲ့ရ၏။

ထိုသို့မဟုတ်ပါက နောက်ထပ် တစ်နာရီခန့် ကြာဦးမည် ဖြစ်သည်။

မန်နေဂျာ ရွှီခယ်ဝေ့ သည် သူ့ဆီသို့ လျှောက်လာနေသည်ကို မြင်သောအခါ ဖန်ပုရှန်းသည် အနည်းငယ် ဂုဏ်ယူသွားသလို ခံစားလိုက်ရပေ၏။

သူက အလျင်အမြန် ပြုံးကာ ပြောဆိုလိုက်သည်။ "ဥက္ကဋ္ဌရွှီ... ဘာလို့ ကျွန်တော့်ကို ကိုယ်တိုင် ဆင်းလာကြိုရတာလဲဗျာ... ခင်ဗျား အရမ်းကို ယဉ်ကျေးလွန်းနေပါပြီ..."

မန်နေဂျာ ရွှီခယ်ဝေ့ မျက်မှောင်ကုတ်လိုက်၏။

သူက ပတ်ပတ်လည်ကို ကြည့်လိုက်သော်လည်း ချန်ဖုန်းကို မတွေ့ရသဖြင့် သူ၏ အကြည့်များကို ဖန်ပုရှန်းထံသို့ လှည့်ကာ တည်ငြိမ်စွာ ပြောဆိုလိုက်သည်။ "စီအီးအိုဖန်... ခင်ဗျား နားလည်မှုလွဲနေပြီ... ကျွန်တော်က ကမ္ဘာ့ကုန်သွယ်ရေးစင်တာ ရဲ့ သူဌေးအသစ်ကို လာကြိုတာပါ..."

"သူဌေးအသစ် ဟုတ်လား..."

ဖန်ပုရှန်း မှင်တက်သွား၏။

ကမ္ဘာ့ကုန်သွယ်ရေးစင်တာ က ဘယ်အချိန်က ပိုင်ရှင်ပြောင်းသွားတာလဲ...

‘ချီးပဲ...

ပိုင်ဆိုင်မှု ယွမ် ဘီလီယံဆယ်ဂဏန်းကျော်တောင်လေ…’

တစ်ဖက်လူသည် သူဌေးကြီးတစ်ဦး ဖြစ်ရမည်ဟု ဖန်ပုရှန်းက စိတ်ထဲမှ တွေးတောလိုက်သည်။ နောက်မှ သူဌေးအသစ်နှင့် သိကျွမ်းခွင့်ရရန် အခွင့်အရေး ရှာရမည် ဖြစ်၏။

သူ့မှာ ကိုယ်ပိုင် အေဂျင်စီ ရှိပေမဲ့လည်းပေါ့။ နောက်ပြီး

သူ့လက်အောက်မှာ ချန်ရှောင်ရှောင် လို ထူးချွန်တဲ့ အနုပညာရှင် တချို့လည်း ရှိပါတယ်။ နောက်ထပ် ဥပမာအနေနဲ့ ရွှီချင်းချန် တို့လိုပေါ့…

အခြေခံအားဖြင့် သူတို့က ဒုတိယအဆင့် မင်းသမီးတွေလေ။

သို့သော် ဖန်ပုရှန်းက အလွန် ကောင်းစွာ နားလည်ထားပေသည်။

ချန်ရှောင်ရှောင် ကဲ့သို့သော ဒုတိယအဆင့် မင်းသမီးများသည် ဝင်ငွေ ကောင်းကောင်းရနိုင်သော်လည်း ၎င်းတို့၏ ကုန်ကျစရိတ်များက မြင့်မားလှ၏။

အရင်းအမြစ် များစွာကို ငွေကြေးဖြင့် ရင်းနှီးမြှုပ်နှံရပေသည်။

တစ်ခါတစ်ရံတွင် ဇာတ်ညွှန်းများအကြောင်း ပြောဆိုရန်အတွက် ဒါရိုက်တာကို ညနက်ပိုင်းအထိ အဖော်ပြုပေးရခြင်း သို့မဟုတ် ရုရှားကစားဝိုင်းများကဲ့သို့ ကျွမ်းကျင်မှုအသစ်များကို လေ့လာရန် ပါတီပွဲကြီးများပင် ကျင်းပပေးရတတ်သည်။

ဒီနည်းနဲ့ဆိုရင် ကုန်ကျစရိတ်တွေ အကုန် နှုတ်ပြီးသွားပြီ။ သူက တစ်နှစ်ကို ယွမ် သန်း ၁၀၀ လောက်ပဲ မြတ်တာလေ...

မူလက ရွှီချင်းချန် သည် သူ့ကို ငွေရှာပေးနိုင်သော်လည်း ထိုမိန်းမက ကျေးဇူးကန်းလွန်းလှပေ၏။

ဒီလိုပွဲတွေမှာ ပါဝင်ဖို့ ဆန္ဒမရှိဘူးလေ။

သူမက သူ့မျက်နှာဖုံးကိုတောင် ခွာချခဲ့သေးပြီး နောက်ဆုံးတွင် သူက ရွှီချင်းချန်ကို ဘလက်လစ်ထဲ ထည့်လိုက်ရုံမှတစ်ပါး အခြား ရွေးချယ်စရာ မရှိတော့ချေ။

သူမရဲ့ အရင်းအမြစ်တွေ အကုန်လုံးကို ဖြတ်တောက်ပစ်လိုက်တယ်။

ဖန်ပုရှန်းက သူ၏ အတွေးများကို ဘေးဖယ်ထားလိုက်၏။

ကားပါကင်နေရာ ရှာတွေ့ပြီး ကားရပ်ပြီးနောက် သူသည် လူတိုင်းနှင့်အတူ သူဌေးအသစ် ရောက်လာမည့်အချိန်ကို စောင့်ဆိုင်းနေလိုက်သည်။

ငါးမိနစ်…

ဆယ်မိနစ်…

…

နောက်ဆုံးတွင် မိနစ်နှစ်ဆယ် စောင့်ဆိုင်းပြီးနောက်…

အငှားယာဉ်တစ်စီးက သူတို့ဘက်ကို ဖြည်းညင်းစွာ မောင်းနှင်လာခဲ့သည်။

ထိုအချိန်၌ ပတ်ဝန်းကျင်ရှိ လူတိုင်း ဆွံ့အသွားကြလေ၏။

အငှားယာဉ်လား…

ဘာတွေ ဖြစ်နေတာလဲ…

သူဌေးအသစ်များ ဖြစ်နေမလား…

လူတိုင်း၏ အမူအရာများ ချက်ချင်း ထူးဆန်းသွားကြပေသည်။

"နောက်နေတာလား... အလုပ်လာဆင်းတဲ့ ဝန်ထမ်းတစ်ယောက်ယောက် ဖြစ်ရမယ်... ကမ္ဘာ့ကုန်သွယ်ရေးစင်တာ ပိုင်ရှင်က ဘယ်လိုလုပ် အငှားယာဉ်နဲ့ လာနိုင်မှာလဲ... မင်းတို့ အရမ်း တွေးလွန်နေပြီ ထင်တယ်..."

"ဟုတ်တယ်... ဟုတ်တယ်... ပြီးတော့ တစ်ယောက်ယောက်က ဒီအဆောက်အအုံကို ဝယ်ဖို့ ယွမ် ဘီလီယံဆယ်ဂဏန်းကျော် သုံးထားတာကို ကားမဝယ်နိုင်တော့ဘူးလို့ မင်း ဘယ်တုန်းကမှ မတွေးဖူးဘူးလား..."

"အဲဒီပိုင်ရှင်ရဲ့ ကားက အနည်းဆုံး ယွမ် သန်းဆယ်ဂဏန်းလောက်ကနေ စမယ်လို့ ငါထင်တယ်... ပါဂါနီ ဒါမှမဟုတ် လမ်ဘော်ဂီနီ လိုမျိုး ကားတွေကမှ သူ့ရဲ့ အဆင့်အတန်းနဲ့ ကိုက်ညီတာ..."

"မဆိုးဘူး... ဒီလောက်ချမ်းသာတဲ့သူက ကိုယ်ပိုင်လေယာဉ်တောင် ဝယ်နိုင်တယ်လေ..."

"ဝန်ခံရမယ်ဆိုရင် ဒီနေ့ မြို့တော် ပြည်နယ်လေဆိပ်မှာ ကိုယ်ပိုင်လေယာဉ် တစ်စင်း တကယ်ရှိနေခဲ့တာ..."

"တကယ်လား..."

"အဲဒါဟုတ်တယ် မဟုတ်လား... တစ်ယောက်ယောက်က သူတို့မျက်စိနဲ့ တပ်အပ်မြင်ခဲ့တာလေ... အဲဒီကိုယ်ပိုင်လေယာဉ်ပေါ်မှာ လေယာဉ်မယ် ငါးယောက် ခြောက်ယောက်လောက် ရှိတယ်..."

"တစ်ယောက်ချင်းစီက အလှပိုင်ရှင်တွေချည်းပဲ... အနက်ရောင် ခြေအိတ်ရှည်တွေနဲ့ လေယာဉ်မယ် ဝတ်စုံတွေ ဝတ်ထားတာ... မနာလိုတဲ့သူတွေတောင် တပ်မက်မှုတွေနဲ့ ဖြူရော်သွားရတဲ့အထိပဲ..."

လူတိုင်းက ပေါ့ပေါ့ပါးပါး စကားပြောဆိုနေကြလေ၏။

ငှားရမ်းလာသောကားကို သူတို့ လုံးဝ အလေးမထားခဲ့ချေ။

သို့သော် ထိုအချိန်၌…

အငှားယာဉ်တံခါး ပွင့်လာပြီး အမျိုးသားတစ်ဦး ထွက်လာခဲ့သည်။ မန်နေဂျာ ရွှီခယ်ဝေ့ ၏ မျက်နှာပေါ်တွင် ချက်ချင်းပင် အပြုံးတစ်ခု ပေါ်လာခဲ့ပြီး

စိတ်လှုပ်ရှားစွာဖြင့် ပြေးသွားလေသည်။

"သူဌေး... နောက်ဆုံးတော့ ရောက်လာပြီပေါ့..."

သူဌေး ဟုတ်လား...

လူတိုင်း၏ မျက်လုံးများ ပြူးကျယ်သွားကြပေသည်။

အငှားယာဉ်ပေါ်မှ ဆင်းလာသော ချန်ဖုန်းအား တွေဝေစွာ စိုက်ကြည့်နေမိကြ၏။

ဒါက ကမ္ဘာ့ကုန်သွယ်ရေးစင်တာ ရဲ့ ပိုင်ရှင်အသစ်လား...

ဒီလောက် ငယ်ငယ်လေးလား...

ဒီလောက် ထူးခြားတဲ့ ပေါ်ထွက်လာမှုမျိုးလား...

အငှားယာဉ် စီးလာတာတောင်လား...

ချီးပဲ...သူတို့ကို ပိုပြီး အံ့အားသင့်စေတာက…တစ်ဖက်လူ

ပြောလိုက်သော စကားကြောင့်ပင်။

ဤအချိန်တွင် ချန်ဖုန်းက မန်နေဂျာ ရွှီခယ်ဝေ့ အား အနေရခက်စွာ ကြည့်လိုက်ပြီး "မင်းဆီမှာ ငွေသား ပါလား... ငါ့ကို ယွမ် နှစ်ဆယ်လောက် ချေးပါဦး..."

"ဟင်..."

မန်နေဂျာ ရွှီခယ်ဝေ့ ချက်ချင်းပင် ဆွံ့အသွားရလေ၏။

ဘာတွေ ဖြစ်နေတာလဲ...

ဂုဏ်သတင်းကြီးမားလှတဲ့ ကမ္ဘာ့ကုန်သွယ်ရေးစင်တာ ပိုင်ရှင်က သူ့ဆီကနေ ပိုက်ဆံချေးနေတယ်တဲ့လား...

ပြီးတော့ ယွမ် နှစ်ဆယ်လောက်လား…

"ဟယ်... ဒါက အတုလား..."

"အဲဒီ ဥက္ကဋ္ဌရွှီ က သူ့ကို တခြားတစ်ယောက်နဲ့များ မှားနေတာ မဟုတ်ပါဘူးနော်... ဘယ်သူဌေးကြီးမှ ပိုက်ဆံ မပြတ်လပ်နိုင်ပါဘူး... သူ ပိုက်ဆံချေးရင်တောင် အနည်းဆုံး ယွမ် တစ်သိန်းလောက်တော့ ဖြစ်သင့်တယ် မဟုတ်ဘူးလား... ယွမ် နှစ်ဆယ်လောက် ချေးတာက ဘာအဓိပ္ပာယ်ရှိလို့လဲ..."

မန်နေဂျာ ရွှီခယ်ဝေ့ ၏ အနောက်တွင် ရပ်နေသော ဝန်ထမ်းများနှင့် အဆင့်မြင့် စီမံခန့်ခွဲသူများမှာလည်း တူညီစွာပင် ဇဝေဇဝါ ဖြစ်နေကြပေ၏။

အဆင့်မြင့် အရာရှိတစ်ဦးက မန်နေဂျာ ရွှီခယ်ဝေ့ ၏ အင်္ကျီကို လျှို့ဝှက်စွာ ဆွဲကာ တီးတိုးပြောလိုက်သည်။ "ဥက္ကဋ္ဌရွှီ... သူက သူဌေးဆိုတာ သေချာရဲ့လား... ခင်ဗျားရဲ့ တူများ ဖြစ်နေမလား..."

"အရူး..."

မန်နေဂျာ ရွှီခယ်ဝေ့ က သူ့ကို ဒေါသတကြီး စိုက်ကြည့်လိုက်၏။

သူဌေးက သူ့ဆီ စောစောက ဓာတ်ပုံတစ်ပုံ ပို့ထားခဲ့တာလေ... သူက ဘယ်လိုလုပ် လူမှားနိုင်မှာလဲ…

ယခုအချိန်၌ နောက်ထပ် တွေးတောနေရန် အချိန်မရှိတော့ချေ။

ခန္ဓာကိုယ်ပေါ်တွင် ငွေသားကို အလျင်အမြန် ရှာဖွေလိုက်သည်။

ယနေ့ခေတ်တွင် လူများက ဖုန်းဖြင့်သာ ငွေပေးချေလေ့ရှိသောကြောင့် ငွေသား သိပ်မသယ်ဆောင်ကြတော့ချေ။

နောက်ဆုံးတွင် ယွမ် တစ်ရာကို ရှာတွေ့ပြီးနောက် သူက ကမ်းပေးလိုက်၏။ "သူဌေး... ယွမ် တစ်ရာဆို ရမလား..."

"ရတယ်..."

ချန်ဖုန်းက ခေါင်းညိတ်လိုက်သည်။

သူက အငှားယာဉ်မောင်းအား ယွမ် ၁၀၀ ကို ပေးလိုက်၏။ "ဦးလေး... ဒီမှာ ကားခ... ပိုတာပြန်ပေးနေစရာ မလိုပါဘူး... နောက်တစ်ခါဆိုရင် QR ကုဒ်လေး ယူလာဖို့ မမေ့နဲ့နော်...အခုက တော်ယုံ ဘယ်သူမှ ငွေသား မသယ်ကြတော့ဘူးလေ..."

"ဟီးဟီး... ကျေးဇူးတင်ပါတယ် လူငယ်လေး..."

ယာဉ်မောင်းက အနေရခက်စွာ ပြုံးပြလိုက်သည်။

သူက အသက်တော်တော်ကြီးနေပြီဖြစ်ကာ WeChat သို့မဟုတ် အွန်လိုင်းငွေပေးစနစ် ကို မည်သို့သုံးရမည်ကို မသိချေ။

ပုံမှန်အားဖြင့် ခရီးသည်ခေါ်ရာတွင် ငွေသားဖြင့်သာ ပေးချေကြလေ၏။

အနာဂတ်မှာတော့ သူ သင်ယူရတော့မယ်ထင်တယ်…

All Chapters