← Chapters

အခန်း ၃၈၂

Vol. 26 Ch. 382

အခန်း ၃၈၂

Vol. 26 Ch. 382

အခန်း(၃၈၂)

“ ရှောင်ပိုင်… နင်နားမလည်သေးတဲ့ ကိစ္စတချို့ ရှိတယ် ”

စိတ်ရှုပ်ထွေးသော အမူအရာက ချန်းရှီ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ သူက ရှောင်ပိုင်၏ ဦးခေါင်းကို ညင်ညင်သာသာ ပွတ်သပ်လိုက်ပြီး သက်ပြင်းချလိုက်သည်။

“ အစီအရင်နဲ့ဆိုရင်တောင် ငါတို့တွေ တစ်ခဏပဲ ဘေးကင်းလုံခြုံလိမ့်မယ်… အဲ့ဒီကျင့်ကြံသူတွေကို ငါတို့မောင်းထုတ်ချင်တယ်ဆိုရင် နာမည်ကျော်ကြားတဲ့ မဟာမိစ္ဆာဘုရင်ရှစ်ပါးထဲက နှစ်ပါးသုံးပါးက ငါတို့ကို ကူညီပေးမှပဲ ရလိမ့်မယ်… မဟုတ်ရင် ခက်ခဲလိမ့်မယ်… ”

သီရှီထျန်က သန်မာသော်လည်း အချိန်တိုလေးအတွင်းမှာ မဟာမိစ္ဆာဘုရင်တစ်ပါးကဲ့သို့ အစွမ်းထက်လာလိမ့်မည်ဟု သူမတွေးပေ။ မည်သို့ဖြစ်ပါစေ နှောင်းပိုင်းအဆင့်များတွင် ကျင့်ကြံခြင်းအဆင့်တတ်လှမ်းရန် အလွန်ခက်ခဲသည်။ ထိုအတွက် အချိန်အများကြီး ပေးဆပ်ရလိမ့်မည်။ ယင်းက နေ့ချင်းညချင်း ရရှိနိုင်သောအရာ မဟုတ်ပေ။ တစ်စုံတစ်ယောက်သည် အမြူတေဓာတ်လုံးမဖွဲ့စည်းမီ ဖြတ်လမ်းနည်းများ အသုံးပြုနိုင်သည်။ သို့သော် အမြူတေဓာတ်လုံးဖွဲ့စည်းပြီးသွားလျှင် နောက်တစ်ဆင့်သို့ တတ်လှမ်းရန် နှစ်ပေါင်းရာချီ သို့မဟုတ် နှစ်ပေါင်းထောင်ချီ အချိန်ပေးရမည်။ လေးငါးနှစ်ဖြင့် အဆင့်တတ်လှမ်းရန် မည်သို့မှ မဖြစ်နိုင်ပေ။

ထို့ကြောင့် သီရှီထျန်ပြန်ရောက်လာလျှင်ပင် သူက မျှော်လင့်ချက်ကြီးကြီးမားမား မထားပေ။

“ ရှောင်ပိုင်… အမ တံခါးပိတ်ကျင့်ကြံတော့မယ်… နင့်မှာ တံခါးပိတ်ကျင့်ကြံလို့ရမယ့် လှိုဏ်ဂူရှိလား ”

“ အင်း ”

ရှောင်ပိုင်က တုံ့ဆိုင်းမနေဘဲ ခေါင်းညိတ်လိုက်သည်။

ချန်းရှီသည် ခေါင်းမော့လိုက်ပြီး ဟင်းလင်းပြင်ကို ကြည့်လိုက်သည်။ သူက ကိုယ့်ဘာသာ တီးတိုးရေရွတ်လိုက်သည်။

“ ကြည့်ရတာ တောင်ပိုင်းမြေရိုင်းဒေသရဲ့ ကပ်ဘေးကို ငါကျော်လွှားချင်တယ်ဆိုရင် ပန်းမျိုးတစ်ရာရတနာကြေးမုံထဲက လျှို့ဝှက်ပညာရပ်တချို့ကို ငါကျင့်ကြံဖို့ လိုအပ်လိမ့်မယ်… ငါ့ခန္ဓာကိုယ်ထဲမှာ ကျန်ရှိတဲ့ စွမ်းအင်အနှစ်သာရ တစ်ဝက်နဲ့ဆိုရင် ငါ့ရဲ့ စွမ်းအားက အချိန်တိုလေးအတွင်း နောက်တစ်ဆင့််ကို မြင့်တတ်သွားလိမ့်မယ်… ဟွန့်… သူသာ ငါ့ရဲ့ စွမ်းအင်အနှစ်သာရတစ်ဝက်ကို မလုယူသွားခဲ့ရင် ရတနာကြေးမုံထဲက အသန်မာဆုံး ကျင့်စဉ်ကို ငါကျင့်ကြံနိုင်လိမ့်မယ် ”

သူ့မျက်နှာက ကြော့ရှင်းလှပသည်။

… … …

“ ဝုန်း ”

ဟွမ်ချွမ်းမြစ်ပေါ်မှာ တည်ရှိနေသော ရှေးဟောင်းတံတားက ကျယ်လောင်သော မြည်သံကို ထုတ်ဖော်လိုက်သည်။ တံတားပေါ်မှ နတ်ဘုရားအလင်းက ထူးခြားဆန်းကြယ်စွာ ပျောက်ကွယ်သွားသည်။ အံ့ဖွယ်ကောင်းသော နိမိတ်ပုံရိပ်များသည်လည်း ပျောက်ကွယ်သွားသည်။ နောက်ဆုံးမှာ အဖြူရောင်တိမ်တိုက်တံတားတစ်ခုတည်း ကျန်နေခဲ့သည်။ တံတားပေါ်မှ သဏ္ဍာန်မဲ့အတားအဆီးသည်လည်း လုံးဝ ပျောက်ကွယ်သွားသည်။

ယင်ယန်ကောင်းကင်တံတားသည် ကျင့်ကြံသူများနှင့် မိစ္ဆာများ၏ မျက်လုံးအရှေ့မှာ ထွက်ပေါ်လာသည်။

“ ဟား ဟား… ယင်ယန်ကောင်းကင်တံတားရဲ့ အတားအဆီးတွေ ပျောက်ကွယ်သွားပြီ… သွားကြစို့… ထိပ်ဆုံးဆယ်နေရာက ငါ့အတွက်ပဲ ”

“ မင်းက ဘာကို စောင့်နေတာလဲ… သွားကြမယ်… တံတားကို ဖြတ်ပြီး ကောင်းကင်မိစ္ဆာရဲ့ ရတနာတွေကို အရယူကြမယ်… ကောင်းကင်မိစ္ဆာရဲ့ ရတနာတွေနဲ့ဆိုရင် အမတတစ်ပါးဖြစ်လာဖို့က အိမ်မက်ပဲ မဟုတ်တော့ဘူး ”

“ တပည့်တွေ မကြောက်ကြနဲ့… တစ်ယောက်နဲ့တစ်ယောက် အတူတူ ပူးပေါင်းပြီး တံတားပေါ် တတ်ကြ… စည်းလုံးညီညာ အောင်ကြောင်းဖြာတဲ့ဟေ့… ”

“ ရှေးဟောင်းတံတားပေါ် ရောက်တဲ့အခါ မင်းရဲ့ ကျင့်ကြံခြင်းက ချိပ်ပိတ်ခံရလိမ့်မယ်… ဒါကြောင့် တံတားပေါ် မတတ်ခင် ဓမ္မရတနာတွေ၊ လက်နက်တွေနဲ့ မှော်အဆောင်တွေကို အရင်ထုတ်ထားကြ… တံတားပေါ်မှာ မှော်အဆောင်တွေက အရမ်းအသုံးဝင်တယ်… အဲ့ဒါတွေကို သိုလှောင်အိတ်ထဲမှာ မသိမ်းဆည်းထားကြနဲ့… ဝိညာဉ်စွမ်းအားမရှိရင် အဲ့ဒါတွေကို အပြင်ထုတ်နိုင်မှာ မဟုတ်ဘူး… အရေးကြီးတာတွေကို မင်းတို့နဲ့အတူ သယ်ဆောင်သွားကြ ”

“ သက်စောင့်ဓမ္မလက်နက်တွေ… ရှေးဟောင်းတံတားပေါ်မှာ သက်စောင့်ဓမ္မလက်နက်တွေကပဲ စွမ်းအားအပြည့်အဝကို ထုတ်လွှတ်နိုင်လိမ့်မယ်… တခြားဓမ္မလက်နက်တွေက အများကြီး အသုံးမဝင်ဘူး… မင်းတို့ရဲ့ သက်စောင့်ဓမ္မလက်နက်တွေကို အပြင်ထုတ်ထားကြ… ယင်ယန်ကောင်းကင်တံတားက ဝိညာဉ်စွမ်းအားကို ချုပ်ထိန်းနိုင်ပေမဲ့ သွေးချင်းဆက်သွယ်မှုကိုတော့ မတားဆီးနိုင်ဘူး… သက်စောင့်ဓမ္မလက်နက်တွေကို အသုံးပြုပြီး မိစ္ဆာတွေကို တိုက်ခိုက်ကြပါ… သူတို့တွေကို မကြောက်ကြနဲ့ ”

ရှေးဟောင်းတံတားပေါ်မှ သဏ္ဍာန်မဲ့အတားအဆီးများက လုံးဝ ပျောက်ကွယ်သွားသည်။ အတားအဆီး ပျောက်ကွယ်သွားသည့်အခါ မည်သူမှ တုံ့ဆိုင်းမနေကြတော့ပေ။ တစ်ယောက်ပြီးတစ်ယောက်က ရှေးဟောင်းတံတားပေါ်သို့ ပြေးတတ်သွားကြသည်။ သူတို့၏ ရည်ရွယ်ချက်က တံတားကို ဖြတ်ကူးပြီး အခြားတစ်ဖက်ကမ်းဆီသို့ သွားရန် ဖြစ်သည်။ သူတို့က ထိပ်ဆုံးဆယ်နေရာကို သိမ်းပိုက်ရန် ကြံရွယ်ထားကြသည်။ တံတားနှင့် အနီးဆုံးမှာရှိသော ကျင့်ကြံသူများက ရှေးဟောင်းတံတားဆီသို့ စိတ်လှုပ်ရှားစွာ ပြေးသွားကြသည်။ သို့သော်လည်း တံတားပေါ်သို့ ခြေချလိုက်သည့်အခိုက် သူတို့၏ ခန္ဓာကိုယ်ထဲမှ ဝိညာဉ်စွမ်းအားက ချိပ်ပိတ်ခံလိုက်ရကြောင်း သူတို့ခံစားမိသွားကြသည်။ သူတို့သည် ဝိညာဉ်စွမ်းအားကို နည်းနည်းမှ အာရုံမခံနိုင်တော့ပေ။ သူတို့၏ ခန္ဓာကိုယ်က ဟောင်းလောင်းဖြစ်သွားဟန် ရ၏။ နှစ်ပေါင်းများစွာကြာအောင် သူတို့ကျင့်ကြံလာခဲ့သော စွမ်းအားက ရုတ်တရက် ပျောက်ကွယ်သွားသည်။ ယင်းက ကျင့်ကြံသူအများအပြားကို အံ့ဩထိတ်လန့်သွားစေသည်။

အစတွင် ကျင့်ကြံသူတချို့သည် ကံစမ်းကြည့်၍ တံတားပေါ်မှ ပျံသန်းသွားရန် ရည်ရွယ်ထားကြသည်။ အကယ်၍ သူတို့က မပျံသန်းနိုင်လျှင်ပင် တံတားပေါ်မှာ မြန်ဆန်စွာ ပြေးသွားနိုင်လိမ့်မည်။

သို့သော်လည်း စိတ်မကောင်းစရာမှာ ယင်ယန်ကောင်းကင်တံတားပေါ်သို့ သူတို့ခြေချလိုက်သည့်အခိုက် သူတို့၏ အတွေးများက မည်မျှရယ်စရာကောင်းကြောင်း သိသွားကြသည်။ တံတားပေါ်သို့ ခြေချလိုက်သည်နှင့်ချက်ချင်း ကြီးမားသော အလေးချိန်နှင့် ဖိအားက သူတို့အပေါ် ကျရောက်လာသည်။

ကျင့်ကြံသူအများစုသည် သူတို့၏ မိတ်ဆွေများကို ခေါ်၍ ရှေးဟောင်းတံတားပေါ်သို့ အတူတကွ တတ်လှမ်းသွားကြသည်။ သူတို့သည် အစကတည်းက ရတနာများကို ကြိုထုတ်ထားကြသည်။ ယင်းတို့ထဲတွင် သက်စောင့်ဓမ္မလက်နက်များက ဖိနှိပ်မခံရပေ။

ထို့ပြင် လက်နက်အမျိုးမျိုးကို ကိုင်ဆောင်ထားသော ပုဂ္ဂိုလ်များလည်း ရှိကြသည်။ ဝိညာဉ်စွမ်းအားမရှိလျှင် သူတို့၏ ခန္ဓာကိုယ်က အလွန်အားနည်းလိမ့်မည်။ သို့သော်လည်း သေမျိုးလောကမှ သိုင်းပညာရှင်များထက်စာလျှင် သူတို့၏ ခန္ဓာကိုယ်က အများကြီး ပိုသန်မာကြသည်။ သူတို့က သိုင်းပညာရပ်တချို့ကိုလည်း သင်ယူထားကြသည်။ ယင်းတို့ကို သူတို့အသုံးပြုသည့်အခါ သေမျိုးလောကမှ သိုင်းပညာရှင်များထက် အများကြီး ပိုအစွမ်းထက်လိမ့်မည်။

“ ဟား ဟား… ညီအကိုတို့… ရှေးဟောင်းတံတား ဖွင့်လှစ်သွားပြီ… တံတားပေါ် ရောက်တဲ့အခါ ဘာကိုမှ ငါတို့ရှိန်နေဖို့ မလိုဘူး… သတ် သတ်… အဲ့ဒီကျင့်ကြံသူတွေကို သတ်ပစ် ”

ငွေဆံရှည်က ကျယ်လောင်စွာ ရယ်လိုက်သည်။ သူ၏ ငွေရောင်ဝတ်စုံက လေထဲမှာ တဖျပ်ဖျပ်လွင့်သွားသည်။ သူက ပေါ့ပေါ့ပါးပါး ပြောသည်။ ဤတိုက်ပွဲက သူ့ကို ကြီးကြီးမားမား အခက်တွေ့စေနိုင်မည့်ပုံ မပေါ်ချေ။ သူက သူ့ဘေးမှ ယုအာကို ကြည့်လိုက်ပြီး ညင်သာစွာ ပြောသည်။

“ ယုအာ… ရှေးခေတ်ကတည်းက ငါတို့မိစ္ဆာတွေဟာ မိုးနဲ့မြေကို ဆန့်ကျင်တိုက်ခိုက်ခဲ့ကြတယ်… ခက်ခဲကြမ်းတမ်းတဲ့ ပတ်ဝန်းကျင်ဒေသမှာ ငါတို့က ရှင်သန်ကြီးပြင်းလာခဲ့ကြတယ်… အသက်ရှင်သန်ဖို့အတွက် ရုန်းကန်ခဲ့ရတယ်… ဒါမှပဲ ငါတို့က ကြီးမားတဲ့ အောင်မြင်မှုတွေကို ရရှိနိုင်လိမ့်မယ်… မင်း အောင်မြင်ချင်တယ်ဆိုရင် အပြင်လောကရဲ့ လေဒဏ်မိုးဒဏ်ကို ကိုယ်တိုင်တွေ့ကြုံဖူးရမယ… ဒီတစ်ကြိမ်တော့ ဦးလေး မင်းကို ဂရုစိုက်ပေးမှာ မဟုတ်ဘူး… သွားပါ… ရှေးဟောင်းတံတားပေါ်မှာ မင်းရဲ့ ကိုယ်ပိုင်အရည်အချင်းနဲ့ အသက်ရှင်နိုင်အောင် ကြိုးစားပါ ”

ငွေဆံရှည်သည် စကားဆုံးသည်နှင့် နောက်လှည့်မကြည့်တော့ဘဲ အရှေ့သို့ လျှောက်သွားသည်။ သူက တခြားမိစ္ဆာများ၏ အနောက်သို့ လိုက်၍ ရှေးဟောင်းတံတားပေါ်သို့ ပြေးသွားသည်။

ဆုံးဖြတ်ချက်ပြတ်သားသော အမူအရာက ယုအာ၏ သေးငယ်သော မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ သူက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး တိုးညင်းစွာ ပြောသည်။

“ ဦးလေး ဘာမှစိတ်မပူပါနဲ့… ယုအာ ဦးလေးကို စိတ်မပျက်စေရပါဘူး ”

“ ဟား ဟား… ဒီလို မြင်ကွင်းမျိုး ငါမြင်ရဖို့ နှစ်တစ်ထောင်တောင် စောင့်ခဲ့ရတယ်… ဒီနေ့ ငါသွေးနဂါးဘုရင်က သတ်ဖြတ်ပွဲတော်ကြီးကို စတင်တော့မယ် ”

သွေးနဂါးဘုရင်က ချောက်ချားဖွယ်ကောင်းစွာ ရယ်လိုက်သည်။ သူက ဆူးတင်းပုတ်ကို ပခုံးပေါ်မှာ ထမ်း၍ ခြေလှမ်းကျဲကြီးများဖြင့် ယင်ယန်ကောင်းကင်တံတားဆီသို့ လျှောက်သွားသည်။

တခြားမိစ္ဆာဘုရင်များသည်လည်း တုံ့ဆိုင်းမနေဘဲ ရှေးဟောင်းတံတားဆီသို့ ပြေးသွားကြသည်။

ရှေးဟောင်းတံတားပေါ်တွင် ကျင့်ကြံသူများက တစ်ဖက်မှာရှိပြီး မိစ္ဆာများက အခြားတစ်ဖက်မှာရှိသည်။ သူတို့အုပ်စုနှစ်ခု ထိပ်တိုက်တွေ့ဆုံသွားသည့်အခါ မီးနှင့်ရေ တွေ့ဆုံသွားသကဲ့သို့ ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာသည်။ ထိတ်လန့်ဖွယ်ကောင်းသော သတ်ဖြတ်ပွဲက ချက်ချင်း စတင်လာသည်။

မိစ္ဆာအများအပြားသည် လက်နက်အသုံးမပြုကြချေ။ သူတို့က ခန္ဓာကိုယ်ကို လှုပ်လိုက်ပြီး ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ကြသည်။ နောက်အခိုက်အတန့်မှာ သူတို့၏ အစစ်အမှန်ခန္ဓာကိုယ်က ထွက်ပေါ်လာသည်။ သူတို့၏ ခန္ဓာကိုယ်က ပေပေါင်းဒါဇင်ခန့် ကြီးမားသွားသည်။ သူတို့၏ မိစ္ဆာခန္ဓာကိုယ်က အလွန်သန်မာလေရာ သာမန်ဓမ္မလက်နက်များက သူတို့၏ အရေပြားကို မထိုးဖောက်နိုင်ပေ။ အားနည်းသော ဓမ္မလက်နက်များက သူတို့၏ ခန္ဓာကိုယ်ကို ထိခိုက်ဒဏ်ရာမဖြစ်စေနိုင်ပေ။

ဆန့်ကျင်ဘက်အနေနှင့် မိစ္ဆာများက သူတို့၏ လက်သည်းများကို ဝှေ့ယမ်းလိုက်သည့်အခါ ကျင့်ကြံသူများ၏ ခန္ဓာကိုယ်က ထိုလက်သည်းရိုက်ချက်အောက်မှာ အပိုင်းပိုင်းအစစ ပြတ်ထွက်သွားသည်။ အသွေးအသားအစိတ်အပိုင်းများက တံတားပေါ်မှာ ပြန့်ကျဲသွားသည်။

သွေးက ဖြူဖွေးသော တံတားပေါ်မှာ ညစ်ထေးသွားသည်။

ပြင်းထန်သော သွေးညှီနံ့က ကောင်းကင်ပေါ်ထိ ပျံတတ်သွားသည်။

“ ယောင်္ကျားဆိုတာ သတ်ရဲဖြတ်ရဲရတယ်… ငါသီရှီထျန်က ဒီလိုသတ်ဖြတ်ပွဲမှာ ဘယ်လိုလုပ် မပါဝင်ဘဲနေမှာလဲ ”

သီရှီထျန်သည် ကျွန်းစုနှစ်ခုပေါ်မှ အခြေအနေကို ကြည့်လိုက်သည်။ လူသားကျင့်ကြံသူများနှင့် မိစ္ဆာများက ရှေးဟောင်းတံတားပေါ်သို့ အလျှင်အမြန် ပြေးသွားနေကြောင်း သူမြင်လိုက်သည်။ တံတားပေါ်မှာ တိုက်ပွဲများနှင့် သတ်ဖြတ်မှုများ ဆက်တိုက် ဖြစ်ပွားနေသည်။ ယင်းကို မြင်လိုက်ရသည့်အခါ သူ၏ သွေးက ပွက်ပွက်ဆူလာသည်။

“ ဟား ဟား… ထိပ်ဆုံးဆယ်နေရာထဲက တစ်နေရာက ငါ့အတွက်ပဲ ”

သူက ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ သူက အရှေ့သို့ တစ်လှမ်းချင်း လျှောက်သွားသည်။ သူ၏ အရှိန်အဝါက ပိုပြီးအားကောင်းလာပြီး ကြီးကျယ်မြင့်မြတ်လာသည်။ သူ၏ အရှိန်အဝါက ကောင်းကင်အထိ မြင့်တတ်သွားသည်။ သူက လွှမ်းမိုးဗိုလ်ကျသော အရှိန်အဝါကို မဖုံးကွယ်ထားပေ။

အရေအတွက်များပြားသော လူသားကျင့်ကြံသူများနှင့် မိစ္ဆာများက အရှေ့သို့ ရွေ့လျားသွားကြသည်။ မသေမျိုးကျင့်ကြံသူများက အရေအတွက် နှစ်သိန်းသုံးသိန်းခန့်ရှိစဉ် မိစ္ဆာမျိုးနွယ်စုမှာ ငါးသောင်းခြောက်သောင်းခန့်သာ ရှိ၏။ ထို့ကြောင့် အဖြူရောင်တိမ်တိုက်တံတားပေါ်တွင် မသေမျိုးကျင့်ကြံသူများက နေရာတိုင်းမှာ ရှိသည်။ သို့သော်လည်း မိစ္ဆာများက ပိုပြီးအံ့ဩဖွယ်ကောင်းသည်။ အဘယ့်ကြောင့်ဆိုသော် သူတို့က အစစ်အမှန်ခန္ဓာကိုယ်ကို ထုတ်ဖော်လိုက်သောကြောင့်ပင်။ သူတို့၏ မူလခန္ဓာကိုယ်က လူသားများထက် အဆပေါင်းများစွာ ပိုကြီးမားသည်။ ထို့ကြောင့် လူသားများနှင့် နှိုင်းယှဉ်လျှင် သူတို့က ဧရာမသားရဲများ ဖြစ်ကြသည်။

တိမ်တိုက်တံတားပေါ်တွင် သူတို့၏ ခန္ဓာကိုယ်က အလွန်ထင်သာမြင်သာသည်။

သူတို့သည် ပါးစပ်တစ်ခါဟလိုက်လျှင် ကျင့်ကြံသူတစ်ရာကျော်ကို တစ်လုပ်တည်း ဝါးမျိုနိုင်ကြသည်။ သူတို့ လက်သည်းဝှေ့ယမ်းလိုက်သည့်အခါ အားနည်းသော ကျင့်ကြံသူများ၏ ခန္ဓာကိုယ်က အပိုင်းပိုင်းအစစ ပြတ်တောက်သွားသည်။

အခြေခံမှော်အဆောင်များသည်တော့ မီးဘောလုံးများ၊ ရေခဲဓားသွားများ၊ လျှပ်စီးတန်းများနှင့် မြေအဆူးချွန်များ ဖြစ်ကြသည်။ အားကောင်းသော မှော်အဆောင်များသည် မီးနဂါးကိုးကောင်၊ မိုးကြိုးသွားငါးစင်း၊ မိစ္ဆာသုတ်သင်လျှပ်စီးနှင့် ပေတစ်သောင်းအေးခဲရေခဲနယ်မြေ အစရှိသည်တို့ ဖြစ်ကြသည်။ ထိုသို့အဆင့်မြင့်သော မှော်အဆောင်များကို မသေမျိုးကျင့်ကြံခြင်းလောကတွင် မြင်တွေ့ရခဲသည်။ သို့သော်လည်း ဤတစ်ကြိမ်တွင် မသေမျိုးကျင့်ကြံသူများသည် ယင်းတို့ကို နှမြောမနေပေ။ သူတို့က ရှိရှိသမျှ မှော်အဆောင်အားလုံးကို ထုတ်သုံးလိုက်ကြသည်။

သူတို့က ခုခံကာကွယ်ရေး မှော်အဆောင်များကိုလည်း သူတို့၏ ခန္ဓာကိုယ်ပေါ်မှာ ကပ်တွယ်ထားကြသည်။ ထို့ပြင် သူတို့က တစ်ခါသုံး တိုက်ခိုက်ရေးလက်နက်များဖြစ်သော ကောင်းကင်မိုးကြိုးပုတီးစေ့၊ ယင်ရေမိုးကြိုးနှင့် ရီသစ်သားမိုးကြိုး အစရှိသည်တို့ကို လက်ထဲမှာ အသင့်ကိုင်ထားကြသည်။

မိစ္ဆာများက သူတို့၏ အစစ်အမှန်ခန္ဓာကိုယ်ကို ထုတ်ဖော်၍ မသေမျိုးကျင့်ကြံသူများကို အကြမ်းပတမ်း တိုက်ခိုက်နေစဉ် မိစ္ဆာအများအပြားသည်လည်း မသေမျိုးကျင့်ကြံသူများ၏ မှော်အဆောင်များကြောင့် သေကြေပျက်စီးသွားကြသည်။ သူတို့၏ မိစ္ဆာခန္ဓာကိုယ်က အလွန်သန်မာသည့်တိုင် မှော်အဆောင်များ၏ အဖျက်စွမ်းအားက အလွန်ကြောက်စရာကောင်းသည်။

စက္ကန့်ပိုင်းလေးအတွင်းမှာပင် ကျင့်ကြံသူများ၏ သွေးနှင့် မိစ္ဆာများ၏ သွေးက တံတားပေါ်မှာ စွန်းထင်သွားသည်။ မူလက ဖြူဖွေးနေသော တံတားက ဤအခိုက်အတန့်မှာ အနီရောင်ပြောင်းသွားသည်။ ထူးဆန်းဖွယ်ကောင်းသည်မှာ သွေးက တံတားပေါ်မှာ အဆက်မပြတ် ပေါ်လျှိုးနေသော်လည်း သွေးတစ်စက်မှ အပြင်သို့ မပျံ့သွားပေ။ ယင်းက အလွန်အံ့ဖွယ်ကောင်းသည်။ သေဆုံးသွားသည့်အခါ နတ်ဝိညာဉ်သည်ပင် ထိန်းသိမ်းမခံရပေ။ ယင်းက ဟွမ်ချွမ်းမြစ်၏ ကြောက်မက်ဖွယ်ကောင်းသောအချက် ဖြစ်သည်။ နတ်ဝိညာဉ်ထွက်ပေါ်လာသည်နှင့်ချက်ချင်း ယင်းက ဟွမ်ချွမ်းမြစ်ထဲသို့ ချက်ချင်း ဆွဲချခံရလိမ့်မည်။ ထို့ကြောင့် သူတို့သည် ပြန်လည်မွေးဖွားခြင်းစက်ဝန်းထဲသို့ မဝင်ရောက်နိုင်ကြချေ။

All Chapters